အခန်း(၇၉)ဇီမို့ အတွေးများ

6.4K 923 83
                                    

သူရဲ့ လုံ့လဝီရိယထုတ်ပြီး ဆရာဦးလေးရဲ့
အပြုမှုတွေပေါ် စုံစမ်းစစ်ဆေး
မှု အပြီးနောက်မှာတော့ ဇီမိုလည်း ကောက်ချက်တစ်ခု
ကို ဆွဲနိုင်လိုက်တယ်။ သူလုပ်တာတွေကို
မလုံလောက်သေးဘူးလို့များ ဆရာဦးလေးက
မီးနီပြတာလား။ အကြီးကဲလေး ဆွိုင်ရဲ့
ဂုဏ်သိက္ခာက ဆရာဦးလေး လိုချင်
တဲ့ အဆင့်ထိ
မရောက်သေးလို့များလား။ဟုတ်တာပေါ့။
ဆရာဦးလေးရဲ့ လောကနံပါတ်တစ် နတ်ဝိဇ္ဇာ
ကြီးဆိုတဲ့ ဂုဏ်နဲ့ ယှဉ်ရင် အကြီးကဲလေး ဆွိုင်
ရဲ့ လက်ရှိ ဂုဏ်သိက္ခာအနေထားက ယုယန်
ဆိုတဲ့လူ ရဲ့အာရုံထားအလေးပေးမှု ပေးဖို့
မထိုက်သေးသလို ဖြစ်နေသေးတယ်။


ဇီမိုလည်း.ပိုတွေးမိလေ ဒါဟာ အဖြစ်နိုင်ဆုံးပဲ
ဆိုတာ သိလာတယ်။ဒါကြောင့် ရှိသမျှ အခွင့်ရေး
တွေ အကုန်လုံးကို  ညီလေး ဆွိုင် အတွက်
ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အခွင့်ရေးတွေ
ပေးဖို့ မရှိရင်တောင် အို...ကွာ...ဖန်တီးစီစဉ်
ပေးပြီး ညီလေး ဆွိုင်ရဲ့ ဂိုဏ်းအတွင်း ဂုဏ်သိ
က္ခာကို ဆရာဦးလေး နီးပါး မြှင့်ပေးရမယ်လေ။

ဒီလိုတွေးလိုက်တဲ့ ဇီမိုကြောင့် မကြာခင်ကမှ
သေလုမျောပါး ဒဏ်ရာများရလာပြီး ဆရာ့ရဲ့
အညှာတာမဲ့တဲ့ ဆုံးမမှုကိုပါခံလိုက်ရသော
ကျူ းယောင်လေးတစ်ယောက် သူနေထိုင်ရာ
အိမ်လေးကို ပြန်လာချိန်မှာတော့ မသောက်ဘဲ
နဲ့ ချာချာလည် အောင် မူးသွားရတယ်။
ဝမ်ရှုဟိုင် သယ်လာတဲ့ ဂိုဏ်းနဲ့ ပက်သက်တဲ့
စီမံခန့်ခွဲရေး စာရွက်တစ်ထပ်ကြီးကြောင့်ပါပဲ။

လခွမ်း! တောင်ပေါ်က အိမ်လေးမှာ အေးဆေး
နှပ်ပြီး ဇိမ်ယူရမယ်ဆိုတဲ့ အကြီးကဲ ဘဝ
ဆိုတာ ဘယ်ရောက်သွားပြီလဲ။

ဆေးတောင်မှာ သေသွားတဲ့ ဆေးပင်အရေတွက်
နဲ့ ဖြုန်းတီးလိုက်တဲ့ ဆေးပရအမယ် အမျိုးစားများ၊
လက်ဖွဲ့တောင်က ပိုတဲ့ အကြွင်းကျန် ပစ္စည်းများ
အရေတွက် စာရင်း၊ မှော်သတ္တဝါ မွေးမြူ ရေး
တောင်မှ အသစ်မွေး မှော်သတ္တဝါကလေးများ
စာရင်း။ သူက ဘာကိစ္စ ဒီ ဂိုဏ်းတွင်း ကိစ္စ
တွေကို စီမံ ခန့်ခွဲရမှာလဲ။ မှော်သတ္တဝါလေးတွေ
မွေးပေးနိုင်မယ့် ဝမ်းဆွဲသည် လို့ ထင်နေတာ
တော့ မဟုတ်ပါဘူးနော်!!


နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now