အခန်း (၈၅) ပြိုကွဲသွားသော ကမ္ဘာငယ်

6.4K 960 75
                                    

   ကြည့်ရတာ သစ်သားဝိဉာဉ် တည်ရှိတာကို သိကတည်းက ရှောင်ရီသည် သစ်သားဝိဉာဉ်ကို အမြဲပိုင်ဆိုင်လိုခဲ့ပုံ ပေါ်တယ်။ သူရဲ့ သစ်သားဝိဉာဉ်ကြောကို ဖယ်ရှားလိုက်ပေမဲ့ သစ်သားဝိဉာဉ်ကို ပိုင်ဆိုင်ချင်တုန်းပဲ။
ကျူ းယောင်ဟာ သူ့အတွက် လင်းလောင်နဲ့ စုံတွဲဖက်ပေးတော့ မငြင်းတာက အစောကတည်းက သူမဘယ်သူလဲ ဆိုတာ သူသိနေခဲ့လိုပဲ ဖြစ်ရမယ် ။

    ပြီးတော့ ယွဲ့ယူနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တာဖြစ်ရမယ်။ မဟုတ်ဘူး။ ကြည့်ရတာ ဂိုဏ်းကိုပြန်လာကတည်းက အားလုံးကို စီစဉ်ပြီးပုံရတယ်။ ရေဝိဉာဉ်ကို ရယူလိုရင်းကနေ သူမလက်ထဲမှာ သစ်သားဝိဉာဉ် ရှိနေတာကို မမျှော်လင့်ပဲ သိသွားပုံရတယ်။ ဒါကြောင့် သူမကိုဖမ်းပြီး နှစ်ခုလုံးကို လိုချင်နေတာ ။

    သို့ပေမဲ့ သူမက ရေဝိဉာဉ်ကို လွှတ်ပေးနှင့်ပြီ။ ဖန်းရီ ကိုယ်တိုင်လည်း မြင်ခဲ့တယ်။ ရှောင်ရီပုံစံ ကြည့်ရတာတော့ သူမလက်ထဲ ရှိနေသေးတယ်လို့ ထင်နေသေးပုံ ပေါ်တယ်။ ဖန်းရီက ရှောင်ရီကို ဒီကိစ္စ မပြောပြဘူး ထင်တယ် ။

         “ပြီးတော့ မင်းကို လာကယ်ကြလိမ့်မယ် လို့ မင်း မျှော်လင့်မနေနဲ့”

     သူ ဘာဆိုလိုတာလဲ။

ရှောင်ရီက အေးစက်စွာ ပြုံးလိုက်တယ် ။

          “မင်း ပျောက်သွားတဲ့နေ့က ဒိဠိကျင့်ကြံသူ အတော်များများက ဂိုဏ်းထဲ ကျူ းကျော်ဝင်ရောက်လာကြတယ် . . . .အားလုံးကို ဖမ်းဆီးလိုက်နိူင်ပေမယ့်လို့ ထူးဆန်းတာရှိတယ် မှော်သတ္တဝါ
မွေးမြူ ရေးတောင်က နတ်ဝိဉာဉ်သခင် ဆွိုင်ဆော့ ပါ ပျောက်ဆုံးသွားတာပဲ . . . . လူတိုင်း ဒါကို ဘယ်လိုတွေးမယ်လို့ မင်းထင်လဲ "

       ကျူ းယောင်လည်း မျက်လုံးပြူ းသွားမိတယ်။ ဒီ  မြေခွေးယုတ်လေး !
သူမနဲ့ ဒိဠိကျင့်ကြံသူတွေ ပူးပေါင်းနေတယ် ဆိုပြီး ချောက်ချချင်တာပဲ ။

           “ဒါကြောင့် မင်းကို ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး . . . . လာတယ်ဆိုရင်တောင် ဒိဠိကျင့်ကြံသူနဲ့ ပေါင်းပြီး ကိုယ့်ဂိုဏ်းကို ဖျက်ဆီးတဲ့ သစ္စာဖောက်ကို လာသုတ်သင်တာပဲ ဖြစ်မယ် . . .”

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now