အခန်း(၁၂၃)မိုးပြာပျံသန်းဂိုဏ်းနောင်တ

3.1K 567 96
                                    

ဝူဆောင်းနှလုံးသားဟာလည်း တစ်ဖန်ပျော့
ပြောင်းသွားပြန်တယ်။ မုမေ့ယန်ဟာ ဘာပဲ
ဖြစ်ဖြစ် သူ့ချစ်သူမလား။သူ ချစ်တဲ့
အမျိုးသမီးကို သူ ကာကွယ်ရမယ်လေ။
ဒါကြောင့် မေ့ယန်ပြောတာကိုသာ ယုံကြည်
ဖို့ ဆုံးဖြတ်လိုက်တယ်။ မေ့ယန် ခန္ဓာကိုယ်ကို
တစ်ခြားသူထံ ပေးပြီးသားဆိုတာကို
မေ့ထားပေးလိူက်တယ်။ အမှန်တရားကို
ရှောင်လွှဲချင်သူလိုပဲ  ဒီကိစ္စကို တွေးကို
မတွေးတော့ဘူး။

ဒါကြောင့် သူလည်း ဂိုဏ်းဂိတ်တံခါးကို
ပိတ်လို့ တောင်ဘက်ကြယ်မင်းဂိူဏ်းနဲ့
တွေ့ဆုံဖို့ငြင်းဆန်လိုက်တယ်။ သူတို့ ဂိုဏ်းမှာ
လောကနံပါတ်တစ် တောင်အကာရံ ရှိနေတာမလို့
နတ်ဝိဇ္ဇာ တစ်ယောက်လာတိုက်ရင်တောင်
စိတ်ပူစရာမလိုဘူး။ ဒါ့အပြင် သူတို့ဂိုဏ်းရဲ့
ဧည့်သည့် နတ်ဝိဇ္ဇာ ချန်းနင်း တစ်ယောက်
လုံးလည်း ရှိနေသေးတယ်။

သူနဲ့အတူ ကြီးပြင်းခဲ့သော မုန်လာဉ ညီအစ်ကို တွေ ယခုအခါ နတ်ဝိဉာဉ်အကြီးကဲတွေက
ဒီကိစ္စနဲ့ပက်သက်လို့ အပြစ်တင်ကြပေမဲ့
သူလည်း လျစ်လျူရှုထားလိုက်တယ်။
မိုးပြာပျံသန်းဂိုဏ်းကို အန္တာရယ်မဖြစ်အောင်
စောင့်ရှောက်ပါမယ်လို့ အကြိမ်ကြ်ိမ် ကတိပေးရင်း အာမခံထားလိုက်တယ်။

နတ်ဝိဇ္ဇာ ကျူးယောင် ပြန်ရောက်လာပြီဆို
တဲ့ သတင်းကို တစ်ခြား အကြီးကဲ မုန်လာဉ
ရှစ်ဆယ်နှင့် ဆွေးနွေးပြီးနောက်မှာတော့
အားလုံးက ဒီကိစ္စကို ယာယီ နောက်ဆုတ်ထား
ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျူးယောင်က
ဂိုဏ်းချုပ်အစစ်လို့ ပြောလို့ရပေမဲ့
ပျောက်သွားခဲ့တာ နှစ်တွေကြာခဲ့ပြီကိုး။
ဒီနှစ်တွေမှာ ကိစ္စ ကြီးငယ်မှန်သမျှကို ဝူဆောင်းကပဲ ကိုင်တွယ်ဖြေရှင်းခဲ့တာ။ ဂိုဏ်း
ကို ကျင့်ကြံခြင်း လောကထဲ နာမည်တစ်လူံး
ရအောင် ဆောင်ရွက်နိုင်ခဲ့တာ ဝူဆောင်း
ကြောင့်သာ ဖြစ်တယ်။ ဝူဆောင်းကတော့
သူတို့ရင်ထဲ ကျေကျေနပ်နပ် လက်ခံထား
သော ဂိူဏ်းချုပ်ဖြစ်ပြီး ကျူးယောင်ကတော့
တစ်ချိန်က သူတို့ကို ကယ်တင်ခဲ့ပေးသော
အသက်သခင်ကျေးဇူးရှင် သက်သက်သာ
ဖြစ်တယ်။ ယခုအခါ ဝူဆောင်းလူပ်ပူံကိုင်
ပုံအချို့က သူ့အကျိုးအတွက် သူ လုပ်သလို
ဦးတည်နေပေမဲ့လည်း ကျူးယောင်ရောက်
လာပြီး သူ့တပည့်အတွက် လက်စားချေပေးပြီး သူ့ကို ဂိုဏ်းချုပ်နေရာက မောင်းထုတ်မှာကိုလည်း သူ မကြောက်ဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now