အခန်း(၉၂)သန့်စင် ယင် ခန္ဓာကိုယ်

6.9K 1K 99
                                    


ဇီမိုလည်း သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်တယ်။
ကြည်လဲ့နေတဲ့ ဖန်လူံးတစ်လုံးပေါ်လာတယ်။
ဝိဉာဉ်ကြောစမ်းသပ်ဖို့ သုံးသော ဖန်လုံးဖြစ်တယ်။

''ပေါင်ပေါင်....လာ...သမီးလက်ကို ဖန်လုံး
လေးပေါ်တင်ထားလိုက်...´´

ဇီမိုက.သူ့သမီးလေးကို ပြုံးပြရင်းပြောတယ်။
ကလေးတစ်ယောက်ရဲ့ ဝိဉာဉ်ကြောကတော့
အသက်တစ်နှစ်ရောက်ရင် စစမ်းလို့တော့
ရပြီ။.သို့ပေမဲ့ ချီ ပြည့်နေတဲ့ ဖန်လုံးဟာ.စမ်းသပ်
ခံသူ ကလေးကို ထိခိုက်စေနိုင်တယ်။ဒါကြောင့်
ကလေးတွေ ငါးနှစ်ရောက်တဲ့အထိ စောင့်ကြ
တယ်။ဇီမိုကိုယ်တိုင်လည်း သူ့သမီး ဘာဝိဉာ
ကြောပိုင်ဆိုင်လည်းဆိုတာ.မသိဘူး။
သို့ပေမဲ့ သူ အနေနဲ့ သူ့သမီးအပေါ် ယုံုကြည်မှု
အပြည့်အဝရှိတယ်။

ထိုအချိန်မှာ ခန်းမတစ်ခုလုံးဟာ တိတ်ဆိတ်သွား
တယ်။ ပြီးတော့ ခန်းမအလယ်က ကလေးမလေး
ဆီကို မျက်လုံးတွေက စုပြုံရောက်ရှိသွားတယ်။

ပထမဆုံးအကြိမ် လူအများကြီး စိုက်ကြည့်တာ
ခံလိုက်ရလို့ထင်တယ် ကလေးမလေးဟာ
အနည်းငယ်ကြောက်နေတယ်။ သူမ မိဘတွေ
ကို ကြည့်ရင်း နဲ့ ကျူ းယောင်ရှိရာဆီကိုပါ
လှမ်းကြည့်တယ်။ကျူ းယောင် ခေါင်းညိတ်ပြတာ
တွေ့တော့မှသာ စိတ်သက်သာရာရသွားပုံနဲ့
သူမ လက်လေးကို ဖန်လုံးပေါ် ရဲရဲတင်ထားလိုက်
တယ်။

ခန်းမတစ်ခုလုံးက လူတွေဟာ ကလေးမလေး
လက်တင်ထားတဲ့ဖန်လုံး အပြောင်းလဲကို
စောင့်မျှော်နေကြတယ်။

ကလေးမလေး လက်တင်ထားတဲ့ နေရာကနေ
စပြီး အပြာရောင်လေးဟာ တဖြည်းဖြည်း
ထွက်ပေါ်လာတယ်။ခဏတွင်းချင်းမှာပဲ ဖန်သား
ပြင်တစ်ဝက်ကို အပြာရောင်က လွှမိးသွားပြီ။

ကောင်းတယ်လို့ ဇီမိုလည်း.သူ့စိတ်ထဲမှာ တြိတ်
ချီး မွမ်းမိတယ်။ လူတစ်ယောက်ရဲ့ ဝိဉာဉ်
ကြောက ပိုသန့်စင်လေလေ ထိုအရောင်က
ဖန်သားပြင်ကို နေရာပိုယူလေပဲ။ သူ့သမီးလေးက
ဖန်သားပြင်တစ်ဝက်လောက်ကို အရောင်
လွှမ်းနိုင်တယ်ဆိုကတည်းက သူမမှာ အတော်
ကောင်းမွန်တဲ့ ဝိဉာဉ်ကြောပိုင်ဆိုင်ထားပုံပဲ။
နောက်ထပ် အရောင်တစ်မျိုး ပေါ်လာရင်
သို့မဟုတ် အရောင်သုံးမျိုးပေါ်လာလို့ ဝိဉာဉ်
ကြောသုံးခုဆိုရင်တောင် နောင်အခါ ကျင့်ကြံဆင့်
မှာ သူ့သမီးဟာ အောင်မြင်နိုင်လိမ့်မယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now