အခန်း(၁၂၈)အဖျက်ကောင်လို့‌ခေါ်ရင် မင်းပြန်ထူးမှာလား

2K 407 7
                                    

အခန်း ၁၂၈

အဖျက်ကောင်လို့ခေါ်မယ်ဆိုရင်
မင်း ပြန်ထူးမှာလား"

ဤ အပိူင်းကို typing ကူရိုက်ပေးသောAyeကို ကျေးဇူးတင်ပါသည်။

မုမေ့ယန်ရဲ့စကားတွေကအလွန်ကို ရင့်ရင့်သီးသီးဆန်လှတယ်။ ပထမဆုံး သူက ကျူးယောင်ကို တိုက်ပွဲမှာမတိုက်ချင်ဘဲ နောက်ဆုတ်ချင်တဲ့သူ ငကြောက်စာရင်း သွင်းတယ်။ ပြီးတော့ အရှုံးသမား ဆိုတဲ့ဂုဏ်ပုဒ်ကိုလည်း ထပ်ခံယူစေချင်နေပြန်သေးတယ်။

ထင်တဲ့အတိုင်းပဲ ​​ရှေးဟောင်းတောင်ဂိုဏ်းမှာရှိတဲ့လူတွေအကုန်လုံးလည်း မျက်နှာပျက်သွားကြတယ်။

စိတ်ဓာတ် အတော်တော်တော်ဆိုးရွားတဲ့
မုမေ့ယန်ပါလား။

အစကတော့ ကျူးယောင်လည်းမုမေ့ယန်ပါးကိုခုလို ခပ်စောစော မချချင်သေးဘူး။ အခုလို တစ်ဖက်က စိတ်အားသက်သန်စွာ ချခံချင်နေမှတော့လည်း လက်သံပြောင်ပြောင်တစ်ချက်လောက်တော့ ကျွေး‌ေပးရတော့မှာပေါ့။

"နတ်ဝိဇ္ဇာသခင် ရူလု မလား"

ကျူးယောင်လည်း  ခိုးခိုးခစ်ခစ်ရယ်ရင်း မေးလိုက်တယ်။

"ကျွန်မနဲ့ဒီလောက်တောင် စိန်ခေါ်ပြီးတိုက်ခိုက်ချင်နေတာလား"

မုမေ့ယန်လည်း နှာခေါင်းတချက် ပြန်ရှုံ့လိုက်တယ်။

"အပိုတွေပြောမနေပါနဲ့
ကျွန်မစိန်ခေါ်မှုကို လက်ခံမှာလား
လက်မခံဘူးလား..
ဒါမှမဟုတ် ရှင်ကြောက်လို့လား"

"ကျွန်မတို့နှစ်ယောက်တိုက်လို့နိုင်လားရှုံးလားကအရေးမကြီးပါဘူး.. ကျွန်မတို့နှစ်ယောက် တိုက်တဲ့တိုက်ပွဲတစ်ခုက အသက်ပေါင်းမြောက်များစွာ သေစေလိမ့်မယ်ဆိုတာကို ရှင်သိရဲ့လား
အဲ့ဒီကြောင့်ဖြစ်ပေါ်လာမယ့် ကံကြမ္မာအကျိုးဆက်တွေကိုကော ရှင်ခံနိုင်လို့လား
ရှင့်ကိုယ်ရှင်သိပ်ပြီး အထင်ကြီးနေတယ်လို့ကော မထင်ဘူးလား"

"ဒီလောကကြီးထဲမှာ ခွန်အားကြီးသူက အနိုင်ရစမြဲ ခွန်အားကြီးသူသာ လွှမ်းမိုးရာပဲလေ..
ဒီသေမျိုးတွေသာ အပြစ်တင်ချင်တယ်ဆိုရင်
သေဖို့ လွယ်လွန်းအောင်  ပျော့ညံ့အားနည်းလွန်းတဲ့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမှာပဲ"

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now