အခန်း(၁၀)ကောင်စုတ်လေးနဲ့ ပြန်တွေ့ခြင်း

8.2K 1K 32
                                    

လီလင်းလာရတော့ အကြောင်းရင်းကတော့ သူမဂိုဏ်းထဲဝင်ရတဲ့အတွက် လုပ်ရမည့်လုပ်ထုံးလုပ်နည်းလေးတွေ လုပ်ပြီး ဂိုဏ်းတံဆိပ် ကျောက်စိမ်းပြားကို လက်ခံဖို့ ဖြစ်တယ်။

ဂိုဏ်းသားသစ်တွေအားလုံးက
တစ်လလောက် နာခံခြင်းခန်းမမှာ စည်းကမ်းတွေ သင်ကြားရတယ်။ဂရိုဂရမ်တစ်ခုကို စမိတ်ဆက်တာနဲ့တူတယ်။အဲ့နောက်မှာတော့ တောင်သခင်တွေက အလားလာရှိတဲ့သူတွေကို အတွင်းဆောင် တပည့်အဖြစ်လက်ခံတယ်။

တခြားမရွေးခံရတဲ့သူတွေက
အပြင်ဆောင်မှာနေရပြီး သူတို့ရဲ့ အခြေတည်အဆင့်ကို ပြီးမြောက်မှပဲ အတွင်းတပည့်ပြန်ဖြစ်သွားတယ်။ဒါပေမဲ့ သူတို့တွေကိုတော့ တောင်သခင်က သင်ကြားပေးမှာမဟုတ်ဘူး။ဂိုဏ်းသားတွေ ဒီလိူုဖြတ်သန်းရပေမဲ့လို့ သူမရဲ့ ဝိညဉ်ကြောက ထူးခြားတယ်လေ အဲ့တာကြောင့် ချက်ချင်းပဲ ယုယန်က သူရဲ့ ဆက်ခံသူအဖြစ်ကို ရွေးချယ်ခဲ့တာ။

လီလင်းလည်း ကျူ းယေင်နဖူးက ဆက်ခံသူအမှတ်အသားကို ကြည့်ပြီး တစ်ကယ်ပဲ မနာလိုဖြစ်လာတယ်။တောင်သခင် တော်တော်များများက ဆက်ခံသူတပည့်တစ်ယောက်ကိုပဲ ရွေးလေ့ရှိတယ်။တပည်သာ  မသေဘူးဆိုရင် သေချာပေါက် ဆက်ခံရမှာပဲ လေ။သူမက မိုးကြိုးဝိညဉ်ကြော ပိုင်နေတာကိုပဲ အပြစ်တင်ရမယ်လို့ တွေးမိတယ်။

ကျူ းယောင်က ဓားပျံကိုဘယ်လို သုံးပြီး စီးရမလဲ မသိတော့ လီလင်းလည်း သစ်ရွက်ပျံပဲထုတ်ပြီး တောင်မကြီးဆီ(ဓားတောင်)သွားဖို့
ကျူ းယောင်ကို တင်ခဲ့ရတယ်။

''ဒေါ်လေးငယ် ဒီလမ်း ပါ´´

လီလင်းက ခန်းမဆီသွားရာလမ်းကို ညွှန်ပြရင်း
ရိုရိုသေသေပြောတယ်။သူအဲ့လိုဆက်ဆံရတော့ ကျူ ူးယောင်စိတ်ထဲ နည်းနည်းတောင် ရှက်လာသလိုပဲ ခံစားရတယ်။

''ရပါတယ် ကျူ းယောင်လို့ပဲ ခေါ်ပါ´´

အေးလေ အသက်တူတူချင်းကို ဒေါ်လေးငယ်လို့ ခေါ်ခံနေရတာ တစ်မျိုးကြီးပဲ။

လီလင်းက ပြုံးပြီး သူမပြောသလိုမလုပ်သလို
ငြင်းလည်းမငြင်းဘဲ ခန်းမရဲ့မန်နေဂျာသဘောမျိုး လူကို စကားအနည်းငယ်ပြောလိုက်တယ်။
ထိူလူလည်း ချက်ချင်း ခါးမတ်သွားပြီး
သူမကို လှမ်းကြည့်တယ်။သူမဆီကို ယိမ်းထိုးယိမ်းထိုးလျှောက်လာပြီး ခေါင်းငုံ့အရိုသေပေးကာ အကျယ်ကြီး အော်ခေါ်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now