အခန်း(၉၈)​စောင်ကလေးယုတ်မာမှု

6.7K 1K 159
                                    

''မမ...''

ကောင်လေးက နောက်ဆုံးတော့ အငိုရပ်သွား
တယ်။ပြီးတော့ နီရဲနေတဲ့ မျက်လုံးတွေကို
ပွတ်တယ်။

''ကျတော်...ဗိုက်ဆာတယ်''

ကျူ းယောင်လည်း.ခေါင်းလေးကို ပုတ်လိူက်တယ်။
သူ ဆက်မငိုတော့တာပဲ တော်သေးတယ်။
ကျူ းယောင်လည်း ကောင်လေးကို ကျောပိုး
လိုက်တယ်။

''သွားစို့...မမ မင်းဖို့...စားစရာဝယ်ကျွေးမယ်''

အသက်သခင် ကျေးဇူးရှင် မှတ်တမ်းဝင်စေဖို့
အတွက် ကျူ းယောင်လည်း ကောင်လေးကို
ထိုမြို့ရဲ့အခမ်းနားဆုံး စားသောက်ဆိုင်ကြီး
ကို ခေါ်သွားလိုက်တယ်။ပြီးတော့ ဈေးအကြီး
ဆုံး ကောင်းပေ့ညွန့်ပေ့ အစားသောက်တွေ
ဝိုင်းအပြည့် မှာပေးလိုက်တယ်။
ထင်တဲ့အတိုင်းပဲ ကောင်လေး မျက်လုံးက
ဘလင်းဘလင်းတွေ ထလို့။ တစ်ချိန်တည်းမှာ
လည်း စားဖို့ မဝံ့မရဲ ဖြစ်နေရှာတယ်။

'' စားလေ..
ဒါတွေအားလူံးက မင်းဖို့ မှာပေးထားတာနော်''

သူမက စားဖို့မလိုတော့တဲ့ သူမလို့ မစားတော့
ဘူး။စားမိရင် အိမ်သာပြေးရတဲ့ ဒုက္ခကြီးက
ရှိလာမှာ။ ဒါကြောင့် ဘေးကပဲ ထိုင်ပြီး
ကောင်လေး အငမ်းမရစားတာကို ကြည့်နေမိတယ်။

ကျူ းယောငိလည်း ဒီကလေးရဲ့ ကံကို ဘယ်လို
ပြောင်းလဲပစ်ရမလဲ စဉ်းစားနေမိတယ်။
ကြိုမြင်ရသလို မိစ္ဆာ လမ်း ရောက်မသွား
အောင်ပေါ့။ပိုက်ဆံပေးပြီး အလုပ်တစ်ခုခု
ပေးလိုက်ရမလား ဒါမှမဟုတ် အဲ့သလိုဆန်ဆန်
တစ်ခြားတစ်ခုလုပ်ပေးတာမျိုးပေါ့။

ဒီလိုမျိုး သူမ ကယ်တင်လိုက်ခြင်း အားဖြင့်
နောင်တစ်ချိန် မုမေ့ယန် ပြန်ဝင်စားပြီး
ကောင်လေးကို လာကယ်အုံးမယ်ဆိုရင်
တောင် သူမလောက်တော့ ထိရောက်တော့မှာ
မဟုတ်ဘူး။ သူမ လောက်လည်း
မုမေ့ယန်ကို စိတ်ထဲ ထည့်မှာ မဟုတ်တော့ဘူး။
ဒါမှမဟုတ် ဒီလို ကယ်တင်ရေး မစ်ရှင်ကို
အသုံးချ ပြီး
ကောင်လေးစိတ်ထဲ 'လူတိုင်းကိူယ်စီဟာ ကမ္ဘာကြီး
ငြိမ်းချမ်းဖို့ အတွက် တာဝန်ရှိတယ်'ဆိုတဲ့
ဂျင်းမျိူ းထည့် ကြည့်ရမလား။
အင်း မဆိူးဘူး နိပ်သဟ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now