အခန္​း (၁၀၃)နှစ်ယောက်နဲ့ယှဉ်၍

6K 1K 104
                                    


ဒါကြောင့် ကျူ းယောင်လည်း သည်ဂိုဏ်းကိစ္စတွေ
နဲ့ပက်သက်လို့ ဝူဆောင်းကို ယုံယုံကြည်ကြည်
လွှဲအပ်နိုင်တယ်။ အကာရံစည်းနဲ့ ဂါထာတွေ
နားမလည်တဲ့အခါမှာတော့ သူမကို ဆက်သွယ်
တယ်။

ခေတ်သစ်က သိပ္ပံအတွေးခေါ်နဲ့ သည်လောက
က ဂါထာတွေကို ပူးပေါင်းအသုံးချလိုက်တဲ့အခါ
တိုင်း ထွက်ပေါ်လာတဲ့ ရလာဒ်က မယုံနိုင်
လောက်စရာပဲ။ အမြဲတမ်း ကြီးကျယ်တဲ့အစွမ်း
တွေ ထွက်ပေါ်လာစေတယ်။ လောကနှစ်ခူကြား
တူညီမှု က အတော်များတယ်။ ဒီလောကမှာတော့
ဖြစ်သမျှ ကို မှော်အစွမ်းတွေ နဲ့ ရှင်းပြချိန်
သူမ လောကမှာတော့ ဖြစ်သမျှကို သိပ္ပံနည်းကျ
ရှင်းပြကြတယ်။

ငါးနှစ်တာဟာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်
ခဲ့ပြီ။ ယုလော်ဟာလည်း အခြေတည် အလယ်လတ်အဆင့်ရောက်ခဲ့ပြီ။ မျှော်လင့်နေတဲ့
ဂိုဏ်းပေါင်းစုံပြိုင်ပွဲနေ့ဟာ ဆိုက်ရောက်လာတယ်။



ကျူ းယောင်လည်း အနည်းငယ်တော့.စိတ်ပူမိတယ်။ ဘာကြောင့်လည်းဆိုတော့ မကြာခင်
ရက်အနည်းငယ်အတွင်းမှာ အဖျက်ကောင်
မုမေ့ယန်ရဲ့ ပြန်လည်ဝင်စားရတော့မယ့်အချိန်ကို
ရောက်တော့မယ်။

ကျူ းယောင်လည်း သူ့တပည်ကျော်ကို ဆွဲ
ခေါ်ရင်း ပြိုင်ပွဲကျင်းပရာနေရာကို နောက်ဆုံး
ရက်မှာ ရောက်လို့လာတယ်။ ဂိုဏ်းပေါင်းစုံ
ပြိုင်ပွဲက ယခင်နဲ့ ဘာမှသိပ်မကွာလှဘူး။
နတ်ဝိဇ္ဇာသုံးယောက်ကလည်း ယခင်အတိုင်းပဲ
တူညီစွာ ထိုင်နေကြတယ်။

တစ်ယောက်က ကျားဖြူ ပေါ်မှာ၊ တစ်ယောက်က
ကျောက်စိမ်းကြာပေါ်မှာ၊ တစ်ဦးတညိးသော
ဖန်းရီမမကတော့
သက်တန့်ငှက်ပေါ်မှာ။

ကျူ းယောင်တစ်ယောက်ပဲ ထိုနေရာကို
ဓားပျံ စီးပြီး ရောက်ရှိလာတယ်။

အယ် ... သူမရဲ့ ထက်မြက်လှပြီး အေးစက်မာနကြီးလှသော ကျောက်စိမ်းသစ်တောတောင်
နတ်ဝိဇ္ဇာ ကြီးဆိုတဲ့ ဂုဏ်သိက္ခာကို နည်းနည်းများ
ကျသွားစေသလား။ အဲ့သလိုလည်းမဟုတ်ပါဘူးလေ။ သူ့ဆရာထားခဲ့တဲ့ မှော်လက်နက်
အကောင်းစားတစ်ခုလောက်သာ ထုတ်ပြီး
စီးလာပြလိုက်ရင်....ပြောမရဘူး ထိုင်နေတဲ့
နတ်ဝိဇ္ဇာ သုံးယောက် သိမ်ငယ်သွားရလိမ့်မယ်။
သူတစ်ပါးအတွက် စဉ်းစားပြီး ရှိတဲ့ ဓားပျံ
အလတ်စားလေးပဲ စီးလာခဲ့တာပါနော်။


နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now