အခန်း(၁၀၅)လှည့်စားတတ်တဲ့အဖျက်ကောင်

5.7K 1K 177
                                    

ဒီအဖျက်ကောင် ဝင်စီးတာကိုကာကွယ်နိုင်အောင် လို့လည်း ကျူ းယောင်တစ်ယောက် သူ့တပည့်
ကို ရေအာကသဝိဉာဉ်ကြောပေမဲ့ မည ံ့ဘူးဆိုတာ
ငယ်ငယ်ထဲက သင်ပြခဲ့ရတာ။ သန်မာလာအောင် လေ့ကျင့်ပေးခဲ့တာ။ သူ့ကိုယ်သူ ယုံကြည်မှု
ရှိလာအောင်တောင် ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်စေခဲ့တာ။

သို့ပေမဲ့ ဒီအချိန်ကိုရွေးစီးလိမ့်မယ်လို့ သူမ
မထင်ထားမိခဲ့ဘူး။ မုန်လာဥလေးက ခုတင်
နှစ်ယောကိတစ်ယောက် ဖိုက်ထားရတာ။
ချီ စွမ်းလည်း နည်း၊ စိတ်ပင်ပန်းမှုလည်း
အများဆုံးခံလိုက်ရတဲ့အချိန်။ သူမ ရှေ့ဖြစ်
အိပ်မက်ထဲ ပြောတုန်းကတော့ နောက်နေ့
ည မှပါ။ ဒီ ရှေ့ဖြစ်အိပ်မက်ပေးတဲ့ ကောင်က
ယုံချင်စရာကို မရှိဘူး။

'' တူလေး...ဇီမို...မင်းက သူ့အဖေပဲလေ
သူ့နှလုံးသားထဲ မင်းက အနည်းနဲ့အများတော့
နေရာယူထားမှာပဲ...ခေါ်ကြည့်ပါအုံး..
မင်းအသံကြားရင် ယုလော် အားရှိပြီး ပြန်ကောင်း
လာနိုင်မလားပဲ''

လောလောဆယ်တော့ သေခါနီးမြင်းကို ရှင်သလို
ပဲ အောက်မေ့ပြီး ကုသရတော့မှာပဲ။ မျှော်လင့်ချက်
နည်းနည်းလေးရှိရင်တောင် စွန့်လွှတ်လို့မရဘူး။
ခေတ်သစ်မှာဆိုရင် တစ်ချို့သော လူနာတွေက
နှစ်ရှည်လများ မေ့မြောနေကြတာ( ကိုမာ)။
သို့ပေမဲ့ သူတို့ချစ်ခင်တဲ့ ဆွေမျိုးသားချင်းတွေ
ခေါ်တာကို ကြားကြောင်း ပြန်ပြတဲ့သူတွေ
ရှိသလို တစ်ချို့ဆို သတိရပြီး တဖြည်းဖြည်းပြန်
ကောင်းလာကြတာ။ ကျင့်ကြံခြင်းလောကမှာလည်း သညိနည်းကအသုံးဝင်နိုင်တယ်။

ဇီမိုလည်း ဒါကိုကြားရော ယုလော်နာမည်ကို
စခေါ်ပြီး အားပေးစကားတွေတတွတ်တွတ်
ပြောတော့တာပဲ။ သည်လိုနဲ့ တောင်စွယ်မှာ
နေကွယ်စပြုလာပြီ။

ကျူ းယောင်လည်း သူ့တပည့်ကို စိုးရိမ်တကြီး
စောင့်ကြည့်နေပေမဲ့လည်း ပြန်မကောင်းလာ
သေးဘဲ ယုလော် နဖူးက 'အဖျက်ကောင်'စာ
လုံးက ပိုထင်ရှားလာလိုက်တာ ရှောင်ရီ့တုန်း
ကလိုပဲ။ သည်နှုန်းအတိုင်းသာဆိုရင်
နောက်ရက်နေမထွက်ခင် မှာ ယုလော်ဝိဉာဉ်တော့
ပျောက်ကွယ်သွားတော့မယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now