အခန်း(၉၀)ဆရာသွားနှင့်တော့မယ်

7.8K 1.1K 211
                                    

ထိုအချိန်မှာ ကျူ းယောင်ခံစားရတာကတော့
ရင်ထဲမှာ မီးလုံးကြီးတောက်နေပြီး သူမရဲ့
အထိန်းချုပ်တွေ ကိုယ်ကျင့်သိက္ခာတွေ၊
သုံးဖက်မြင်တွေကို အကုန်လုံးကို ပြာချပြီး
မေ့ပစ်လိုက်ပြီဆိုတာပဲ။ 'ဗြိ' ခနဲ ဆွဲဖြဲသံနဲ့
အတူ ကျူ းယောင်လည်း ခေါင်းငုံ့ကာ ယုယန်ရင်ဘတ်မှာ ကိုက်ရာပေး
လိုက်ရင်း အလောတကြီး ကြေညာတယ်။

''အရင်တုန်းက.ရှင် ကျွန်မကို ကြိုက် ကြိုက်
မကြိုက်.ကြိုက်...ခု ကျွန်မ တရားဝင်ပြော
တော့မယ်....ကျွန်မ ရှင့်ကို သဘောကျနေမိပြီ
ရှင်က နောင်ဆို ကျွန်မ အပိုင်လူပဲ...
ရှင် တခြား မိန်းကလေးတွေကို ထိခွင့်ပေးလို့
ကတော့....ရှင်က ကျွန်မဆရာဖြစ်လည်း
ကျွန်မကတော့.ရှင့်ကို.သင်းကွပ်ဖြစ်အောင်
လုပ်ပစ်မယ်...''

ကျူ းယောင်က အတည်ပေါက်လေသံနဲ့
ပြောနေလို့ ထင်ပါတယ် ယုယန် ရဲ့ မှိုင်းတိုင်းတိူင်း
မျက်လုံးက ပြန်ကြည်လင်လာတယ်။

သူ့ကိုယ်လုံးပေါ်မှာ.မလှုပ်မယှက် ရှိနေသေးတဲ့
သူ့တပည့်ကို ကြည့်ရင်း ယုယန်လည်း
တစ်ခဏကြာတော့.တစ်စုံတစ်ခုသော ဖြစ်တန်စွမ်းကို တွေးမိသွားရှာတယ်။

''မင်း...မင်း...ငါနဲ့ မောင်နှှံ နှစ်ဖော်
ယှဉ်တွဲ ကျင့်ကြံခြင်း ဖြစ်ချင်တာလား(လင်မယားအဖြစ် ပေါင်းဖက်ကာ အတူကျင့်ကြံခြင်း)''

''တစ်ခြား ဘာလိုချင်ရမှာလဲ....''

ကျူ းယောင်လည်း နောက်တစ်ခါ ယုယန် ရင်ဘတ်
ကို နမ်းလိုက်ပြန်တယ်။ရင်ဘတ်မှာ နီရဲတဲ့
အမှတ်နောက်တစ်ခု ရှိလာပြန်ပြီ။

'' လူသားမျိူ းနွယ် ပြန့်ပွားစည်ပင်ရေးအတွက်
ဆွေးနွေးရအောင်ပါ...''

''#*$......''

ယုယန် ပြန်မဖြေဘူး ။သို့ပေမဲ့ သူ မျက်နှာပူ
လာပြီး နေရထိုင်ရခက်လာတယ်။ ဖော်ပြလို့
မရတဲ့ ဗြောက်သောက် ခံစားချက်တွေက
နှလုံးသားထဲမှာ အလုယက် တိုးဝှေ့နေတယ်။
ပျော်ရွှင်တာ။ ပီတိ ဖြစ်တာ။ မြီးကောင်ပေါက်
လေးလို ရင်ခုန်စိတ်လှုပ်ရှားတာတွေ။
သူ ဘာကိုမှ ကွဲကွဲပြားပြားမသိပေမဲ့.ခု
သူတစ်ကယ်ပဲ မျက်နှာတွေ ပူလာနေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now