အခန်း(၆၁)ကျူ.းယောင်ဗားရှင်း ၃.ဝ

7.6K 1K 233
                                    


၆၁...ကျူ းယောင်ဗားရှင်း ၃.ဝ

ကျူ းယောင် ခတ္တမျှ တိတ်သွားတယ်။ပြီးတော့ လက်သီးကို ကျစ်အောင် ဆုပ်တယ်။

''ဒါဆို ဆရာကရော....တစ်ကယ်လို့ ဒီ လောကကြီး ပြိုလဲသွားရင် ဆရာကရော ဘာဖြစ်မှာလဲ´´

''သူက စိတ်ဝိညာဉ်အာရုံ အပိုင်းစတစ်ခုသာသာပဲ သူသာ.အပြင်ကို ထွက်နိုင်ခဲ့မယ်ဆိုရင် သူ့ဝိညာဉ်ကို ပြန် ဖြည့်ဖို့ နည်းလမ်း ရှိမှာပါ..´´

''တစ်ကယ်လို့ သူ ပြန် မဖြည့်နိုင်တော့ ရင်ရော´´

''အာ...အာ...ဒါဆိုရင်တော့ နတ်ဘုရား ဖြစ်ဖို့ မုမးကြိုး စမ်းသပ်မှု ခံရမယ့် အချိန်ကျ သူများထက် နည်းနည်း.ပို ခံစားရမှာပေါ့..´´

တစ်ကယ်လို့ လူတစ်ယောက်က ဝိညာဉ် အပြည့်စူံမ ရှိဘူးဆိုရင် နာကျင်မှုတွေဘာတွေ အသာထားအုံး မိုးကြိုး ဝိညာဉ်ပိုင်ရှင်ဆိုရင်တောင် မိုးကြိုးစမ်းသပ်မှုကြောင့် အလုံးစုံ ပြာဖြစ်ဖို့.အာမခံတယ်။ပြောရရင် မအောင်မြင်နိုင်ဘူး။

ကျူ းယောင်နှလုံးသား မှာ.နာကျင်ရတယ်။ထင်တဲ့ အတိုင်းပဲ ဆရာက သူ့က်ိုယ်သူ စတေးပြီး
ပြသနာကို ဖြေရှင်းဖို့ ကြိုး စားနေတာ။ဒါကြောင့်မလို့လည်း သူမကို အတင်းထွက်သွားခိုင်းနေတာ။

အသက်ပြင်းပြင်းရှုသွင်းရင်း ခုန်ထွက်တော့မတက် နှလုံးသားကို တားဆီးလိုက်တယ်။

''လူအု်ိကြီး...ဒီ သတ္ထု ချီ မုန်တိုင်းကို ရပ်သွားအောင်...တခြား ဘယ်နည်းရှိသေးလဲ´´

''ဒီ သတ္ထုချီ နဲ့ စွမ်းအားညီ မျှပြီး.သတ္တုချီ ကို ဖိနှိပ်နိုင်မယ့်....စွမ်းအားတစ်ခု မရှိဘူးဆိုရင်တော့.... ချီ မုန်တိုင်းကို တားဆီးဖို့က ဟို နတ်ဝိဇ္ဇာ ပဲ ရှိမယ်..´´

''ချ ီ မုန်တိုင်း...´´

ကျူ းယောင်လည်း ရေရွတ်လိုက်တယ်။သူမ မှာ
ရှိပုံပေါ်......

ကျူ းယောင် စိတ်ထဲကနေ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်ပြီးပြီ။ ချီ သုံးကာ နွယ်ပင်တွေကို ဆင့်ခေါ်လိုက်တယ်။ပြီးတော့ အဝေးက လုချာကို ဆွဲယူလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဒီ ဂေးဘိုးတော်က မိန်းမတွေဆို သောက်ဖက် မလုပ်ဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now