အခန်း(၇၁)ဖော်ပြခြင်းငှါမစွမ်းသာသော

6.6K 876 112
                                    

၇၁

(ရှေ့က အပိုင်း ၇၀ လည်း အဆုံးထိ
တင်ထားတယ်နော်...အဆုံးထိမတွေ့ရင်
RL ထဲ က ပြန်ထုတ်ပြီး.ပြန်ထည့်တာတို့
လုပ်ကြည့်နော်.... မသိတော့ဝူး ကွကိုယ်
လုပ်ကြည့်ကြတော့ reader တို့ရေ😁)

ကျူ.းယောင်လည်း ကျီတန်ကို တံတောင်နဲ့ တွက်
တယ်။ပွဲ့လန့်တုန်း အခွင့်ရေးယူပြီး ပြေးရအောင်
လို့ အချက်ပေးတာ။

''အရှင်မင်းကြီးကို သတင်းပို့စရာ ရှိပါတယ်
စောစောက လူ သုံးယောက်ကလည်း..
ချန်းကျီ ကို ရှာနေပါသေးတယ်...´´

မှော်ပစ္စည်း အသုံးဆောင် စီးတော်ယာဉ်တွေ
ရောင်းတဲ့ သူက သူတို့ သုံးယောက်ကို လက်ညိုး
ညွှန်ပြတယ်။

လခွမ်းပဲနော် ဘရိုရေ... ရှင် နဲ့ ကျွန်မ ရန်ငြိုး
တစ်စုံတစ်ရာများ ရှိနေလို့လား။

ထင်တဲ့အတိုင်းပဲ ခဏနေတော့ နတ်ဝိဇ္ဇာ
အရှိန်ဝါက သူတို့ သုံးယောက်ဆီကို တည့်တည့်
ကြီး ကျရောက်လာတယ်။

ကောင်းကောင်းတောင် မရပ်နိုင်တော့ဘဲ
ကျူ းယောင်လည်း မြေပြင်ကို ဒူးထောက်လျက်
ကျသွားတယ်။ကျန်နှစ်ယောက်လည်း အခြေနေ
မကောင်းရှာဘဲ ဒူးတစ်ဝက် ထောက်လျက်သား
ကျသွားပြီး  မျက်နှာမှာ ချွေးပြန်လာကြတယ်။

နတ်ဝိညာဉ်နဲ့ နတ်ဝိဇ္ဇာ က အဆင့်တစ်ခုပဲ
ခြားပေမဲ့လို့ ခုလို အကွာကြီး ကွာလိမ့်မယ်
လို့ ကျူ းယောင် မမျှော်လင့်ထားဘူး။ပြန်ခုခံ
ဖို့ မပြောနဲ့ ကောင်းကောင်းတောင် မရပ်နိုင်
ဘူး။

''မင်းတို့က ဘယ်သူတွေလဲ...ဘာကိစ္စ
ချန်းကျီ ကို ရှာနေတာလဲ...´´

မျက်စိတစ်မှိတ်အတွင်းမှာ ထို မိန်းမက သူတို့
ရှေ့ ရောက်နေပြီ။ဓားသွား သဖွယ်လက်လက်
ထနေတဲ့ သူမ မျက်လုံးတွေက သူတို့ သုံး
ယောက်ကို ဝေ့ကြည့်ရင်း ရယ်တယ်။

''အော်
....ဆိုတော့...မင်းတို့က သမာသမတ်
ဂိုဏ်းသားတွေကိုး...ငါ တစ်ကယ်ကို မထင်မိ
ဘူး...သမာသမတ် ဂိုဏ်းသားတွေ ကိုယ့်ဘာသာ
သေကြောင်းကြံပြီး ငါ့ အိမ်ကို ဆိုက်ဆိုက်ကြီး
လာ အသေခံမယ်လို့လေ..´´

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now