အခန်း(၈၀)အစ်မကြီးရယ် ကြောက်အောင် မခြောက်ပါနဲ့

6.5K 995 102
                                    

(စာကူရိုက်ပေးသော အစ်မ

Qiulan ကို ကျေးဇူးတင်ပါတယ်..❤)

ခန်းမထဲမှာ အခြားတောင်သခင်တွေနဲ့ရှောင်ရီကိုတွေ့လိုက်ရမှ ကျူးယောင်လည်း သံသယတွေရှင်းသွားတယ်။ ယွဲ့ယူက သူ့ဘေးနားရှိမနေဘူး။ ကြည့်ရတာ သုံးရက်လောက်က ယွဲ့ယူကို ချော့မြူဖို့သုံးလိုက်ရပုံပဲ။ 

"ဆရာ!"

သူတို့ဝင်လာတာလည်း မြင်ရော ရှောင်ရီက ဝမ်းပန်းတသာဆီးကြိုတယ်။
အတိအကျဆိုရင်တော့ ဖန်းရီကိုပေါ့။

"ဆရာနေကောင်း ကျန်းမာနေတာ ကောင်းလိုက်တာ"

"အင်း"

ဖန်းရီက တုံးတိတိဖြေဆိုပြီး ရှောင်ရီကိုကျော်ကာ ထိပ်ဆုံးက
ခုံအမြင့်မှာ သွားထိုင်တယ်။ ထိုအချိန်မှာ ရှောင်ရီက မျက်စိမျက်နှာပျက်နပြီ။ သူတို့ဆရာတပည့်ကြား စည်းခြားလာလေပြီ။

ကျူးယောင်လည်း သူ့နှာခေါင်းသူပွတ်ရင်း ထိုင်စရာခုံတခုရှာလိုက်တယ်။ စိတ်ထဲ ရှောင်ရီ့ကို သိပ်အစာမကျေတာမလို့
ခုလို ဆရာတပည့် ခပ်ခွါခွါဖြစ်နေတာ တွေ့ရတော့ ဝမ်းသာနေမိတယ်။

ရှောင်ရီရဲ့ကျင့်ကြံဆင့်ကို စစ်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ အနည်းငယ်တက်လာပြန်တယ်။ ဟို ဆယ်ရက်မတိုင်ခင်က သူ့ကျင့်ကြံဆင့်က နတ်ဝိညာဉ် ဒုတိယဆင့်မှာ။ ခုတော့ ဒုတိယဆင့် ပြည့်စုံဆင့်ရောက်နေပြီ။ မကြာခင် တတိယဆင့်ကို ကူးနိုင်တော့မယ့် ပုံပေါ်တယ်။ ကြည့်ရတာ ဆယ်ရက်အတွင်း ယွဲ့ယူနဲ့
အားတိုင်းကြိုးစားခဲ့ပုံရတယ်။

ဆရာဖြစ်သူက ချီမဲ့နယ်မြေထဲ ပိတ်မိနေချိန် သူကတော့ ဒီဋ္ဌိကျင့်ကြံသူနဲ့ပလူးနေတယ်။ ဖန်းရီရဲ့ယုံကြည်မှုကို သင်း ဆုံးရူံးတာ ဖြစ်သင့်တယ်။ သူ့နဖူးပေါ်က 'အဖျက်ကောင်' စာလုံးတောင် မှိန်သွားသလိုပဲ။

ကျူးယောင်လည်း အံ့သြသွားတယ်။ ပြီးတော့ ခေါင်းမော့ကြည့်မိတယ်။ လခွမ်း! တကယ်ကြီးဟ။ ရှောင်ရီ နဖူးပေါ်က အာမေဋိတ်အမှတ်အသားလဲ ပျောက်သွားပြီ။ 

သူ ရေဝိညာဉ်ကို လွှတ်ပေးလိုက်တာက ရှောင်ရီရဲ့' အဖျက်ကောင်' ကို တစိတ်တဒေသ ပြင်လိုက်သလိုဖြစ်သွားတာလား။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now