အခန်း(၃)စပ်စုတတ်ရင်ဒုက္ခရောက်တတ်တယ်

11.3K 1.1K 86
                                    


သူမကောင်စုတ်လေးကိုစိုက်ကြည့်နေရင်းနဲ့
ကောင်စုတ်လေးရဲ့ မျက်နှာက ရဲတွတ်လာတယ်။ပြီးတော့ အထစ်ထစ်အငေါ့ငေါ့နဲ့ပြောတယ်။

''ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ခင်ဗျားက ကျတော့ိကို ထိပြီးကိုင်ပြီးနေပြီ အဖေကဆုံးမထားတယ်
ယောကျာ်းဆိုတာ ဖြောင့်မတ်မှန်ကန်ရမယ် တာဝန်ယူတတ်ရမယ်တဲ့ လမ်းတစ်လျှောက်လုံးလည်း စဉ်းစားပြီးပြီ ကျတော်တစ်ကယ်လို့ အရွေးခံရမယ်ဆိုရင် ခင်ဗျားကို အတူတူခေါ်သွားမယ်ဆိုတာ''

သူမ ပိုပြီးတော့ အံ့သြ သင့်သွားတယ်။ဒီကောင်လေးက သူ့တင်ပါးကို ရိုက်လိုက်တာကို သူနဲ့ထိတွေ့ပြီးသွားပြီလို့ ပြောနေတာပေါ့။

အဲ့တာကြောင့် ယောကျာ်းအနေနဲ့ သူက တာဝန်ယူချင်နေတာပေါ့။ခဏလောက် သူမ ဘာပြန်ပြောမှန်းမသိအောင် ဖြစ်သွားတယ်။ဒိလောက် အသယ်ငယ်ငယ်လေးရှိသေးတယ် ဒီကောင်စုတ်လေးရဲ့ ဦးနှောက်မှာနေအတော်လွတ်နေပြီ။ သူ့မိဘတွေတစ်ကယ်ပဲ မသိကြဘူးလား။

''ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လို ဖြစ်နေပါစေ
ကျတော် ခင်ဗျားကိုတစ်ယောက်တည်း မထားခဲ့နိုင်ဘူး'

'ပြောရင်းနဲ့ ကောင်စုတ်လေးက မတ်မတ်ရပ်လိုက်တယ်။သူ့ပုံစံက ကိုးယို့ကားယားနဲ့။
ကျူယောင်တစ်ယောက် ကောင်စုတ်လေးကို စချင်လာတယ်။အဲ့တာကြောင့် မေးလိုက်တယ်။

''မင်းသာ အရွေးမခံရရင် ငါ့ကို ဘယ်လိုလုပ်မှာလဲ''

ကောင်စုတ်လေးက ခဏတော့ ကြောင်သွားတယ်။သူ့ခေါင်းကိုကုတ်ရင်းနဲ့ နှူတ်ခမ်းလေးတွေက မပျော်မရွှင်နဲ့ စူထွက်လာတယ်။သူမ အဲ့လိုပြောမှာကိုမမျှော်လင့်ထားပုံပဲ။ သို့ပေမဲ့ နှာတစ်ချက်မှုတ်ပြီးတော့

''အရွေးမခံရလည်း သေချာပေါက် တာဝန်ယူမှာပါဗျ ကျတော်ကြီးလာရင် သေချာပေါက် ခင်ဗျားကို လက်ထပ်ယူမှာပေါ့''

ကျူယောင်တစ်ယောက် ဘာမှတောင်
ပြန်မပြောနိုင်ခင်မှာပဲ ကောင်စုတ်လေး သူ့ကို ကြည့်ရင်း နောက်ထပ်တစ်ကြောင်း ထပ်ဖြည့်ပြောလိုက်တယ်။

''အငယ်အနှောင်းအနေနဲ့ ပေါ့''

(Me😂😂😝..so sad for ကျူယောင်)

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now