အခန်း(၃၄)စောက်သုံးမကျတဲ့ အဖွဲ့ဝင်

7.5K 987 129
                                    

၃၄

သူတို့တွေလည်း စုံရော ကျူ းယောင်လည်း ရှင်းပြပြီး ပြန်ကြဖို့ အားလုံးကို လောဆော်တယ်။ဝမ်ရှုဟိုင်လည်း ဘာမှ ကန့်ကွက်တာမရှိဘူး။သစ်ရွက်ပျံကို ထုတ်လိုက်ပြီး ပျံသန်းဖို့ လုပ်ဆောင်တယ်။တခြား သုံးယောက်ကလည်း နည်းနည်းတော့ မယုံချင်ကြသေးပေမဲ့ သဘောတူပြီး သစ်ရွက်ပျံပေါ်တက်လာ
တယ်။

အထူးဆန်းဆုံးကို ပြောရရင်တော့ ရှောင်ရီနောက်ကနေ လင်းလောင်နဲ့စုဇီက တစ်ယောက်လက်
တစ်ယောက်ကိုင်ရင်း တက်လာတဲ့မြင်ကွင်းပဲ။
ဒီလို ချစ်ခင်ကြတဲ့ လင်ညီအစ်မ မြင်ကွင်းက
ကျူ းယောင်မျက်လုံးတွေတောင် ဝေဝါးစေတယ်။
ဘာဖြစ်သွားတာလဲ!ဒီလောက်မြန်မြန်ကြီး ဘယ်လို နားလည်မှုရသွားကြတာလဲ!အသေကြေကွဲကြ
ပြတ်ကြမယ့် ဇာတ်ဝင်ခန်းက ဘယ်ရောက်သွား
တာလဲ!

ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုတော့ ရှောင်ရီက
မောင်းမဆောင်တစ်ဆောင် ထောင်ဖို့ ကြိုးပမ်း
နေတာပဲ!ထင်တဲ့အတိုင်းပဲ သူမတော့ ဒ်ီ
ကျင့်ကြံခြင်း လောကတွေကို နားကိုမလည်ဘူး!

(TN:😁ဟုတ်ကဲ့ ဒီလောက ဝတ္ထုတွေမှာ မင်းသားက အဲ့လိုမျိုး မိန်းမတွေ အများကြီးရှိတတ်ပါတယ်
ဥပမာအားဖြင့် ကျနော် ဖတ်နေတဲ့ Against the Gods ပါ..😂😁ခုတောင် ၈ ယောက်လောက်ရှိပြီ)

ကျူ းယောင်လည်း သစ်ရွက်ပျံကို ပျံသန်းဖို့ လုပ်နေတဲ့ ဝမ်ရှုဟိုင်ကို ပူပန်စွာကြည့်မိတယ်။သူမမျက်နှာက ရှုဟိုင်အတွက် စိတ်ပူနေတာ အထင်းသား။

''မမကျူ းယောင် သိပ်စိတ်မပူပါနဲ့ သစ်ရွက်ပျံ
ထိန်းထားက ချီ အများကြီးသုံးရတာ မှ မဟုတ်တာ''
ဝမ်ရှုဟိုင်လည်း သူကြိုးကြိုးစားစားလုပ်နေတာကို
စိတ်ပူသွားတာ ထင်ပြီး ရှင်းပြတယ်။
''မမကျူ းယောင်က ခုထိ ချီ ကောင်းကောင်း
ပြန်မပြည့်သေးဘူး အနားကောင်းကောင်းယူနေပါ''

ငါ ဘာလို့ အဲ့တာကို စိတ်ပူရမှာလဲ!မင်း မိုက်ရူးရဲ
ဆန်တာတွေ လုပ်မိမှာ စိုးနေတာ!ကျူ းယောင်လည်း အကြည့်လွှဲကာ မျက်လုံးမှိတ်ပြီး တရားစထိုင်လိုက်တော့တယ်။

သူတို့ စပျံပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်က
လင်းချင်းလာပြီး နေမင်းကြီးက စတင် ထွက်ပေါ်လာတယ်။အဲ့အခါမှပဲ ကျူ းယောင်လည်း
စိတ်အေးတော့တယ်။သူတို့ အမြန်ပြန်ရောက်ကောင်းပါရဲ့။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now