အခန်း(၅၁)ဒါက ဘာပင်လဲ

6.1K 881 8
                                    

51
ဒါက ဘာပင်လဲ

သူမ ကြည့်နေတာကို သူလည်း စပ်စပ်စုစု လိုက်ကြည့်တယ်။ချက်ချင်း သဘောပေါက်သွားပြီး အခြေနေကို ရှင်းပြတယ်။

''လောလောဆယ်...ဖက်တီးလေးကျူ းက
လက်နက်တောင်ရဲ့ တပည့်ကြီးပဲ..သူရဲ့ အရည်ချင်း က မဆိုးဘူး...သို့ပေမဲ့ သူက စိတ်ပူလွန်းပြီး ဆေးလုံးတွေ ခဏခဏ သုံးစွဲပြီး
ကျင့်ကြံဆင့်ကို
မြှင့်တင်ဖို့ ကြိုးစားတယ်...အမြူ တေဆင့်ရောက်လာတယ်ဆိုပေမဲ့....အမြူ တေဖြစ်တယ်ဆိုရုံပဲ..
မတည်ငြိမ်သေးဘူး...ဘာကြောင့် တောင်သခင်..ဇီယွမ်က သူ့ကို ဒီကို လာခွင့်ပေးလည်း ဆိုတာ...ကျတော်လည်း....အံသြနေမိတယ်...''

''ဒါဆို ဟို တစ်ယောက်ကရော....''

ကျူ းယောင်လည်း လုချာဆိုတဲ့ ကလေးမဘက်ကို စပ်စုချင်စွာနဲ့ လက်ညိုးှ ထိုးပြတယ်။

''အဲ့တာက လုချာ....ဆေးလုံးတောင် သခင်မရဲ့ တပည့်ကြီး...မီးနဲ့မြေ ဝိညာဉ်ကြော နှစ်ခုပိုင်ရှင်..ဖက်တီးလေးကျူ းမတိုင်ခင် အတော်ကြာကြာကတည်းက သူက အမြူ တေဖြစ်ပေါ်နေတာ..''

ဝမ်ရှုဟိုင်ရဲ့ ပြောဆိုသံက ချီးကျူ းမှုအနည်းငယ်
ပါဝင်နေတယ်။

''ကျတော်ကြားတာက ဆေးတောင်သခင်မက
လုချာကို ဖက်တီးကျူ းနဲ့ လက်ဆတ်ပေးပြီး
ယှဉ်တွဲ ကျင့်ကြံစေလိုတယ်....သို့ပေမဲ့.....
ခုထိ...တရားဝင်တော့ မကြေညာရသေးပါဘူး..
ခုပုံစံ ကြည့်ရတာတော့....''

ဝမ်ရှုဟိုင်က ဆက်မပြောပေမဲ့ ကျူ းယောင်က
အလိုလို သဘောပေါက်နေပြီ။ဒါကြောင့် ဖက်တီးလေးကျူ းက လိုက်ကပ်နေတာ မဆန်းပါဘူး။

သူတို့ ဂိုဏ်းထဲမှာ လက်ထပ်ပြီး အတူတူ ယှဉ်တွဲ ကျင့်ကြံကြတဲ့ ဇနီးမောင်နှံတွေ မနည်းဘူးရယ်။ဂိုဏ်းချုပ် ဇီမိုတောင် ဇနီးတစ်ယောက်ရှိပြီး လောလောဆယ် သူမက တံခါးပိတ်ကျင့်ကြံပြီး သူမရဲ့
နတ်ဝိညဉ်ကို ဖြစ်ပေါ်ဖို့ အထူးကြိုးစားနေတယ်လို့ ကြားရတယ်။သူမလည်း တစ်ခါမှ မတွေ့ဖူးဘူး။

သူတို့ အုပ်စုက ဆယ်ယောက်ပါပြီး သူမအပါဝင် အမျိုးသမီး ငါးယောက်။သူတို့ အုပ်စုခေါင်းဆောင်ကတော့ ဆေးလုံးတောင်က တပည့်
ဖြစ်တဲ့ အမြူ တေနောက်ဆုံးဆင့်(ပြည့်စုံဆင့်)
ချန်းရီ ပဲ ဖြစ်တယ်။ သူက တောအုပ်ထဲမဝင်ခင်
မမှားအောင် လူရေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Opowieści tętniące życiem. Odkryj je teraz