အခန်း(၄၁)...၂

7.5K 765 44
                                    

(Photo credit to Invisible clover)

''ထင်​ထားတဲ့ အတိုင်းပဲ''
ယုယန်​လည်း တည်ငြိမ်​စွာနဲ့ပဲ မုန့်​လုံး​လေးက်ို
အိမ်​​လေးဆီ ပြန်​​ခေါ်လာတယ်​။

''ဆရာ''

ဘာ​တွေဖြစ်​​နေတာလဲ။သူမ လုံးဝ နားမလည်​​တော့ဘူး။

''ဘာ​ကြောင့်​ သာမန်​လူ​တွေက ဝိညဉ်​​ကြော စမ်းသပ်​ဖို့ တစ်​နှစ်​ပြည့်​​အောင်​ ​စောင့်​ရလဲသိလား''

ယုယန်​က သူမရဲ့ လက်​ဝတုတ်​လေးကို ဆွဲယူရင်း လက်​​ကောက်​ဝတ်​က​နေ တစ်​ဆင့်​ ​သွေးခုန်​နှုန်း စမ်း​နေတယ်​။

ကျူး​ယောင်​လည်း ​ခေါင်းရမ်းတယ်​။
''ဝိညဉ်​​ကြော​တွေက တစ်​နှစ်​ကြာမှ ​ပေါက်​လာလို့လား''

.
''လူတစ်​​ယောက်​မှာ ဝိညဉ်​​ကြော ရှိတယ်​ဆိုတာ ​မွေးကတည်းက ပါတာ..​နောက်​ရက်​မှ
ဖြစ်​​ပေါ်လာတာမဟုတ်​ဘူး''

သူမကို စမ်းသပ်​စစ်​​ဆေးကြည့်​တာ အားလုံး​ကောင်းတယ်​ဆိုမှပဲ ယုယန်​က လက်​ပြန်​ရုတ်​လိုက်​တယ်​။

''ဘာ​ကြောင့်​ ဝိညဉ်​​ကြောကို တစ်​နှစ်​ပြည့်​မှ စမ်းသပ်​လည်း ဆို​တော့ ​မွေးကင်းစ​လေး တစ်​​ယောက်​ရဲ့ ကိုယ်​ဟာ အ​တော်​အားနည်းလို့ ချီ ကို လက်​မခံနိုင်​ဘူး...တစ်​နှစ်​မပြည့်​ခင်​ အချိန်​မှာ အတင်း ကျင့်​ကြံမယ်​ ဆိုရင်​ သူရဲ့ အ​ကြောအရွတ်​​တွေ အကုန်​​ပေါက်​ထွက်​ပြီး ​သေဆုံးရလိမ့်​မယ်​''

သူ ကိုယ်​တိုင်​ ၃ နှစ်​သားထဲက ဂိုဏ်းထဲဝင်​ခဲ့​ပေမဲ့ ၁၀နှစ်​သားမှ အ​ခြေတည်​အဆင့်​ကို လှမ်းခဲ့လည်းဆိုတာက ဒီအ​ကြောင်းရင်း​ကြောင့်​ပဲ။သူ ၁၀ နှစ်​သား မတိုင်​ခင်​က သူ့ကိုယ်​က အ​ခြေတည်​ဆင့်​ရဲ့ ဖိအားကို မခံနိုင်​ခဲ့ဘူး။

''ဒါမဲ့ တပည့်​က ဘာမှ မဖြစ်​ပါဘူး''
သူမကိုယ်​ကို ကျန်းမာတဲ့ မုန့်​လုံး​လေးလို့
ခံယူထားတယ်​။

''အစတုန်းက ဒီအ​ကြောင်း​ကြောင့်​ စိတ်​ပူခဲ့တာ ဒါ​ပေမဲ့ ဒီ​နေ့​တော့ မင်း ကိုယ်​လုံးက ကြိုက်​သလို ​ပြောင်းလဲနိုင်​တယ်​ဆိုတာ နားလည်​ လိုက်​ပြီ...

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now