အခန်း(၁၁)ဆရာ့ ရဲစွမ်းရည်သစ်

8K 1.1K 88
                                    

၁၁

ဖက်တီးလေးရဲ့အကြံကအားလုံး ရှေ့မှာ ပေါ်သွားပေမဲ့လို့ ဖက်တီးလေးက ပိုတောင် အတင့်ရဲလာသေးတယ်။

''ငါက ချီ စွမ်းအင် ပထမဆင့်ကို ရောက်နေပြီ
ဟွန့် မင်းတို့တွေကဖြင့် စတောင် မ စရသေးတဲ့ ငချွတ်တွေ ဘာပဲဖြစ်ဖြစ် ငါက အရှေ့ဆုံးမှာ
နေသင့်တာပေါ့''

အားလုံးလည်း ရှင်းလင်းသွားရော သူမ ရှေ့ထွက်ပြီး ပြောမလို့ရှိသေး တစ်ယောက်ယောက်က သူမအကျီင်္စကို လှမ်းဆွဲတယ်။ကလေးတွေကို ဦးဆောင် ခေါ်လာတဲ့ အကိုကြီးချင် ဆိုတဲ့သူ။

''ဒီက ညီမလေး ဒီလို ကိစ္စတွေထဲ ဝင်မပါတာ
ပိုကောင်းတယ်''

သူမကို တစ်ချက်ကြည့်ပြီး ဖက်တီးလေးဘက်ကို မေးဆတ်ပြတယ်။ပြီးတော့ အသံတိုးတိုးလေးနဲ့ ပြောတယ်။

''သူ့အဖေက မှော်လက်နက်တောင်သခင် ရဲ့ တပည့်အကြီးဆုံးပဲ ဒီကလေးက ရေနဲ့သစ်သား ဝိညဉ်ကြော နှစ်ခု ပိုင်ရှင် သေချာပေါက် အတွင်းဆောင်တပည့်ဖြစ်မှာ အဲတော့ ဒုက္ခမရောက်အောင်.ဘေးဖယ်နေတာ ကောင်းတယ်''

အော် လက်စသတ်တော့ ရာထူးကြီးတဲ့သူတွေက ဖိနှိပ်တဲ့အကြောင်းကို။ ဟက်။ဒါကြောင့် ဘယ်သူမှ ဝင်မပြောရဲတာကိုး။ဘာပဲဖြစ်ဖြစ် သူများကို အနိုင်ကျင့်ထားတဲ့ ဒီဖက်တီး နာနာလေးရိုက်ပြီး သင်သင့်တယ်ထင်တာပဲ။ခုမှ စောင်ကလေးရှိသေးတာကို။

သူမတွေးနေတုန်းပဲ ကောင်စုတ်လေးဝမ်က
ကိစ္စကိုဖြေရှင်းနေပြီ။အရပ်အလိုက် တန်းစီခိုင်းတယ်။အပုဆုံးကို ရှေ့ပို့ပြီး ရှည်တဲ့လူတွေ နောက်မှာသွားခိုင်းတယ်။ကြည့်ရတာ ဒီကလေးတွေ အားလုံးက ကောင်စုတ်လေးကို သူတို့ ခေါင်းဆောင်လို တင်ထားပုံပဲ။

နောက်ဆုံးတော့လည်း ဖက်တီးလေးက အတန်းရဲ့ ဒုတိယနောက်ဆုံးကို ရောက်သွားတယ်။ကောင်စုတ်လေးက အရှည်ဆုံးဆိုတော့ နောက်ဆုံးမှာ။ဖက်တီးလေး မျက်နှာက မကျေမနပ်နဲ့ သို့သော် ထုတ်မပြောဘူး။

''ဟေး ဇနီးလောင်း ဒီမှာ လာစီလှည့်''

ကောင်စုတ်လေးက သူ့နောက်မှာ လာရပ်ဖို့ ညွှန်ပြရင်း သူမကို လှမ်းလက်ယပ် ခေါ်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now