ကျူးယောင်လည်း စပ်စုချင်စိတ်နဲ့ အပြာရောင်သမ်းတဲ့ စာအုပ်ဟောင်းတစ်ခုကို
အမြန်ကောက်ယူလိုက်တယ်။စာအုပ်ပေါ်ရှိ
နာမည်ကတော့ စာလုံးကြီးကြီးနဲ့ရေးထားတယ်။ တစ်ခုတည်းသော မှတ်တမ်းတဲ့။
ကျူးယောင်လည်း ဝမ်းသာပြီး ဖတ်ခနဲ
အမြန်လှန်ကြည့်လိုက်တယ်။
ပေါ် လာတာကတော့ ထင်ထင်ရှားရှား
ရှိလွန်းတဲ့ပုံတွေပါပဲ။ကျူးယောင်လည်း
ချက်ချင်း မျက်နှာကြီးမည်းသွားတယ်။
'' သည်ဟာတွေက သေချာရဲ့လား''
''သေချာတာပေါ့ ''
ချန်းနင်းက ပျော်ပျောိကြီးတောင် စာအုပ်
တွေကို လိုက်ကိုင်ကြည့်နေသေးတယ်။
''သည်မှတ်တမ်းတွေက
ရတနာ့တကာ ရတနာတွေချည်းပဲ''
''သည်တစ်အုပ်ရောပဲလား''
နင့်မေငုံးဉ!စာအုပ်အဖုံးမှာ နာမည်ပြောင်း
ထားတာနဲ့ပဲ သည်ဟာက အပြာစာအုပ်ဆိုတာ
ငါ က မသိတော့ဘူးထင်နေလား။
ချန်းနင်လည်း အံ့သြသင့်သွားတယ်။ပြီးတော့
သု့မျက်နှာကြီးက ခရမ်းချဉ်သီးမှည့်လိုပဲ
ရဲတွတ်သွားတယ်။
'' သည်စာအုပ်ကို ငါ သည်နားမထားမိပါဘူး''
ချန်းနင်းလည်း ချက်ချင်းပဲ ကျူးယောင်
လက်ထဲက တစ်အုပ်ကို သူ့လက်ထဲက
တစ်အုပ်နဲ့လဲလိုက်တယ်။ဖွက်ဖို့လည်း
ကြိုးစားလိုကိသေးတယ်။
''သည်နေရာမှာ သည်လိုစာအုပ်ကို ဘယ်သူ
ထားထားတာလဲ ထားတဲ့လူက တကယ်ကို အကျင့်စာရိတ္တ ချို့ယွင်းနေတာပဲ
သည်လို ရှက်ဖွယ်လိလိ စာတွေကို
သိပ်ကို အတင့်ရဲကြတာပဲ''
ဘာကို ဘယ်လို အတင့်ရဲတာလဲ ဟုတ်လား။
အာ့လိုဆို ဘယ်နှယ့် သည်စာအုပ်ကြီးကို
တင်းတင်းကျပ်ကျပ်ဖယ်တွယ်နေတာတုံး။
ကျူးယောင်လည်း မျက်စောင်းထိုးရင်း
တခြားစာအုပ်တွေလိုက်ကြည့်နေမိတယ်။
အနက်ရောင်ရှိတဲ့ မှတ်တမ်းစာလိပ်
တစ်ခုကို တွေ့လိုက်ရတယ်။အဖုံးမှာ ရေးထားတဲ့ စာသားက ခပ်ရေးရေးဖြစ်နေပေမဲ့
သမိုင်းကြောင်းဆိုတဲ့ စကားလုံးက်ိုတော့
ပုံဖော်မြင်လို့ရနေသေးတယ်။
'' သည်တစ်အုပ်က ဘာလဲ''
ကျူးယောင်လည်း စပ်စပ်စုစုနဲ့ကောက်ယူ
လိုက်တယ်။
သည်က စာအုပ်တွေက အပြာရောင်သို့မဟုတ်
ဝါကျင့်ကျင့်။သည်တစ်ခုပဲ အနက်ရောင်
စာလိပ်ဖြစ်နေတယ်။
ချန်းနင်းလည်း တစ်ခုတည်းသော မှတ်တမ်း
စာအုပ်ကို သူ့ရင်ဘတ်ကြားထဲ ထိုးထည့်လိုက်ပြီး နေရာတကျ သိမ်းပြီးပြီဆိုတာသေချာမှ
သူ့လက်ထဲက အနက်ရောင်စာလိပ်ကို
လှမ်းကြည့်တယ်။
'' ရှေးဟောင်းမျိုးနွယ်တွေ ရေးထားတဲ့
သမိုင်းမှတ်တမ်းပါ ဘာမှတော့
ထူးထူးခြားခြားအသုံးမဝင်ပါဘူး
ပဝေသဏီကာလတုန်းက အဖြစ်ပျက်တေွ
ကို မှတ်တမ်းတင်ထားတာပါ
စာလိပ်ပေါ် က အသံမြည်ကျောက်စိမ်း
ကြောင့်ပဲ အဖိုးတန်တာပါ''
ကျူးယောင်လည်း စာလိပ်ကို ဖွင့်လိုက်တယ်။
ထိုအခါမှ အထဲမှာရေးထားတာ စာတွေ
မဟုတ်ဘဲ အမျိုးမျိုးသော ရုပ်ပုံတွေဆိုတာ
သိလိုက်ရတယ်။သေချာကြည့်လိုက်မှ
တစ်ချို့သောအပိုင်းမှာ ခမ်းနားလှတဲ့တောင်တွေနဲ့
နတ်ဘုရားတွေ နေထိုင်ခွင့်ပေးထားတဲ့
ကောင်းချီးပေးသော နယ်မြေတွေ ကို
အမျိုးမျိုး သရုပ်ဖော်ထားတယ်။သူ
တစ်ခါမှ မမြင်ဖူးသေးသော မှော်သတ္တဝါ
တွေလည်းရှိတယ်။ တစ်ချို့က တောင်
တစ်လုံးထက်ကြီးမားပြီး တစ်ချို့က
တီကောင်လောက်သာ ရှိတဲ့ အရွယ်စားထိ
အမျိုးမျိုးပဲ။အတော်များများက ထူးဆန်းပြီး မတူညီတဲ့ ပုံစံတွေရှိကြတယ်။ နောက်ပိုင်း
နားပိုရောက်လေ ထိုအကောင်တွေက
ပိုကြည့်ရဆိုးလာလေပဲ။ နောက်ဆုံးတစ်ကောင်ဟာ ဘယ်လောက်တောင်အရုပ်ဆိုးဆုံး
ဖြစ်နိုင်မလဲဆိုပြီး ကျူးယောင်လည်း
ကြည့်လာလိုက်တာ နောက်ဆူံးတစ်ခုက
မင်ရည်အနက်စက်ကြီးတစ်ကွက်သာ
ရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။
လခွမ်း၊ အဆူံးသတ်ကို မြင်ရခါနီးမှ
ဆက်မဆွဲတဲ့ ပန်းချီဆရာပဲ။ အတော်မုန်းဖို့
ကောင်းတယ်။
ထိုအချိန်မှာ ကျူးယောင်လည်း သည်စာလိပ်
ကို ဆွဲတောငိဖြဲချင်လာတယ်၊သို့ပေမဲ့
သည်စာလိပ်က မထင်ထားလောက်အောင်
မာပြီး တခြားသောအကာကွယ်စည်းတွေ
လည်း ပါပုံရတယ်။ဖြဲလို့မရနိုင်ဘူး၊၊
ကျူးယောင်စိတ်ထဲလည်း မတင်မကျလေး
ဖြစ်သွားတယ်။ထိုအချိန်မှာမှ သူ့ဝတ်ရုံစ
ကို တစ်ယောက်ယောက်ကဆွဲလိုက်တယ်။
သူ့နောက်မှာ လိမ်လိမ်မာမာနဲ့တစ်ချိန်လုံး
လိုက်နေခဲ့တဲ့ ယွဲ့ယင်းလေးဟာ ပင်ပန်းနေ
ပုံရတယ် ခေါင်းငြိမ့်လိုက် မော့လိုက်နဲ့။
ကျူးယောင်လည်း ထိုင်ချလိုက်ပြီး
လက်ကိုဆန့်တန်းပေးလိုက်တယ်။
ယွဲ့ယင်းက ခဏ ရပ်သွားတယ်။ခံစားချက်
မရှိတဲ့ မျကိနှာသေးသေးက မြန်တယ်။
ချက်ချင်းပဲ သူ့လည်ပင်းကို သိုင်းဖက်ကာ
သူ့လက်ကြားထဲ ဝင်လာတယ်။
ကျူးယောင်လည်း ယွဲ့ယင်းလေးကို ဖက်ပေး
ထားရင်း ခေါင်းအသာယာပုတ်လိုက်တယ်။
'' အိပ်တော့''
ထ်ိုအခါမှပဲ ယွဲ့ယင်းလေးက စိတ်လွတ်လက်လွတ်နဲ့ လုံးဝအိပ်ပျော်သွားတယ်။
ကျူးယောင်လည်း သက်ပြင်းချမိတယ်။
သည် ယွဲ့ယင်းလေးက မထင်မှတ်ထား
လောက်အောင်ကို လိမ္မာတယ်။ စကားလည်း
မပေါ ဆူလည်းမဆူညံ။ တိတ်လွန်းလို့
သူရှိမှန်းတောင် မေ့သွားတဲ့ထိပဲ။
'' သခင် သည်ဟာတွေကော ကြည့်ပါဦး
လား''
ချန်းနင်းက ရုတ်တရက် အနားရောက်လာပြီး
လက်ထဲက တစ်ပွေ့တစ်ပိုက် စာအုပ်တွေနဲ့
မျက်နှာလိုမျက်နှာရ လုပ်တယ်။
'' ဒါတွေက ကျတော်စုထားတဲ့ ရတနာ
တွေချည်းပဲ''
ကျူးယောင်လည်း သူပွေ့ထားတဲ့
အထပ်ကိုကြည့်မိတယ်။ သူစုထားတဲ့
အဖိုးတန်လေးတွေနဲ့ပက်သက်ပြီးတော့
သူ တစ်ကယ်ပဲ စိတ်မဝင်စားတော့ဘူး။
'' မလိုတော့ဘူး ငါသွားရတော့မယ်''
ချန်းနင်း အမူရာက ချက်ချင်းပျက်သွားတယ်။
သူမကို စိတ်ပျက်သွားပုံနဲ့ကြည့်တယ်။
'' သခင် တစ်ခုလောက်တောင် မယူတော့
ဘူးလား''
ကျူးယောင်လည်း မဲ့ချင်ချင်ဖြစ်သွားတယ်။
သူ့ စေတနာကို လက်ခံတဲ့အနေနဲ့
ထိုအနက်ရောင် စာလိပ်ကိုပဲ ကောက်ယူ
လိုက်တယ်။
'' ဒါဆို ငါ သည်တစ်ခု ယူလိုက်မယ်''
ချန်းနင်းလည်း မျက်လုံးတွေ ဘလင်းဘလင်း
ဖြစ်သွားပြီး ခေါင်းညိတ်တယ်။
'' လုပ်စရာကိစ္စတွေရှိသေးတာမလိူ့
သွားနှင့်တော့မယ်''
မှော်သတ္တဝါတစ်ကောင်က သည်လို
သဘောကောင်း စိတ်အားထက်သန်နေတာ
လည်း မဟုတ်သေးပါဘူး။ကျူးယောင်လည်း
ယွဲ့ယင်းကို ဖက်ထားရင်း ဓားပျံစီးကာ
ချီဝူအိမ်တော်က ထွက်လာပြီး မိုးပြာပျံသန်း
ဂိုဏ်းဆီ ဦးတည်လိုက်တယ်။
ခဏအကြာမှာတော့
'' ဘာကိစ္စ ငါ့နောက်လိုက်နေတာတုံး''
သူ့နောက်က ပါလာတဲ့သူကိုကြည့်ရင်း
ကျူးယောင်ခေါင်း ကိုက်လာတယ်။
ချန်းနင်းက နောက်မဆုတ်တော့မယ့်
လေသံနဲ့ ပြန်ဖြေတယ်။
'' ဟောသည်က အကောင်လေးက
သေသည်ထိ သခင့်ဆီမှာ ခစားချင်ပါတယ်''
နင့် အစ်မပဲ ခစား! သည်က အစ်မကြီးက
အိမ်ဖော်မလိုပါဘူးဆို။ တစ်ကယ်တော့
နင်ကပဲ ငါ့နောက်ခြေရာခံမိနေပြီး
ရအောင်လိုက်တော့မှာပဲမဟုတ်လား။
ကျူးယောင်လည်း သူ့ရဲ့ နဂါးမျိုးနွယ်
အရှိန်ဝါက ဘယ်လောက်ထိတောင် သည်အကောင်တွေအပေါ် မှာ
သက်ရောက်မှုရှိလဲဆိုတာ မသိဘူး။
တစ်ခါလောက် သူ့အရှိန်ဝါလွှတ်လိုက်မိတာနဲ့ သည်မှော်သတ္တဝါတွေအကုန်လူံးက
တစ်တန်းလန်းလန်းနဲ့ မဆုံးနိုင်တော့ဘူး
လိုက်နေကြတော့တာ။ရိုက်လည်းမသွား
ငေါက်လည်းမသွား။
သူ ဘယိလောက်ပဲ စကားလုံးဆိုးဆိုးတွေ
နဲ့ မောင်းထုတ်လည်း ချန်းနင်းကတော့
အပြုံးလေးနဲ့ပဲ ပြန်ဖြေတယ်။
'' သခင့်ဆန္ဒအတိုင်းပါပဲ''
ဒါဆိုလည်း မြေကြီးပေါ် လိမ့်နေလိုက်တော့။
ချန်းနင်းက တစ်ကယ်ကြီးပဲ မြေကြီးပေါ်
လှိမ့်နေတယ်။ပြီးတော့ သု့နောက်
ဆက်လိုက်လာတယ်။
ကျူးယောင်လည်း အကြံကုန်ပြီမလို့
သူ့နောက်လိုက်လာတာသာ ခွင့်ပြုလိုက်ရတော့တယ်။
မိုးပြာပျံသန်းဂိုဏ်းက နှစ်အနည်းငယ်
အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲ
သွားခဲ့ပြီ။ ဟိုအရင်တုန်းက ဒိဌိကျင့်ကြံသူ
တွေ ဝင်ရောက်ဖျက်ဆီးသွားခဲ့တဲ့
ဂိုဏ်းနဲ့ ဘာမှ မတူတော့ဘူး။ အချို့နေရာ
တွေက ပြင်ဆင်ဆဲဆိုပေမဲ့ နေရာတစ်ခုလုံးဟာ လှုပ်ရှားတက်ကြွလသက်ဝင်မှုအပြည့်နဲ့။
သူရောက်လာတာကို နှမ်းလေးက အာရုံခံ
မိလို့လားမသိ မုန်လာဉလေးတွေအပါဝင်
နှမ်းလေးရော တပည့်ကျော် ယုလော်ရောက
သူ့ကို ဂိုဏ်းရင်ပြင်မှာ စုံညီစွာ စောင့်ကြို
နေကြတယ်။
'' ဂိူဏ်းချုပ်ကို နှုတ်ဆက်ခွန်းဆက်ပါတယ်''
မုန်လာဉလေးတွေဆီက တစ်ညီတစ်ညာ
တည်း ဟိန်းသံထွက်လာပြီး သူ့ကို ဦီး
ညွတ်ဂါရဝပြုကြတယ်။
'' လိမ္မာလိုက်တဲ့ ကလေးတွေ''
ကျူးယောင်လည်း အားလုံးက်ို လက်ဝေ့ယမ်း
ပြတယ်။
ကျူးယောင်လည်း မုန်လာဉလေးတွေအားလုံးကို စေ့ငုကြည့်မိတယ်။ခုဆို အကုန်လုံးက
မုန်လာဉလေးတွေလို့ ခေါ် လို့မရတော့ဘူး။
ခေါ့င်းတစ်လုံးစာလောက်စိီ ပိုရှည်လာကြပြီး
အငယ်ဆူံးလေးကတောင် ဆယ်နှစ်သား
ရှိနေပြီ။
'' ဆရာ ''
သူ့ဆရာကို လာတာကို မေးစရာမလိုဘဲ
အပျော်ဆူံးကတော့ ယုလော်ပါပဲ။
ယုလော်တောင် ကျူးယောင်ဆီမရောက်
နိုင်ခင်ပဲ လမ်းခုလတ်မှာ ဖြတ်ခနဲ အဖြူရောင်
အလင်တန်းတစ်ခုက ဖြတ်ဝင်လာပြီး
ကျူးယောင်ဆီ ပြေးလာတယ်။
'' သခင်မ.... ညောင်''
ကျူးယောင်လည်း ဘေးကို အသာယာ
ရှောင်ပေးလိုက်တယ်။
ဘမ်းခနဲပဲ ပြေးဝင်လာတဲ့ အကောင်လေး
ဟာ မြေပြင်နဲ့ မျက်နှာနဲ့ မိတ်ဆက်သွား
တယ်။
နှမ်းလေးဟာ အရေးမလုပ်နိုင်ဘဲ ချက်ချင်း
ထလာကာ ကျူးယောင်ခြေသလုံးကို
ဖက်လိုက်တယ်။
'' သခင်မ ကို အကောင်လေးက လွမ်း
နေခဲ့တာ''
'' သွားစမ်း''
ကျူးယောင်လည်း ဘယ်လောက်ပဲ ခြေထောက်
နားက အကောင်ကို ခါချပါစေ ပြုတ်မကျ
သွားဘူး။ လခွမ်းပဲ နှမ်းလေး!
ငါ့ကိုမြင်တိုင်း နင် အရှက်မရှိ ပြေးတက်
လာရမှ ဖြစ်မှာလား။
ကျူးယောင်လည်း ခပ်ပြင်းပြင်းလေး
ဆော်မယ်ကြံကာမှ သူ့ ရင်ခွင်ထဲက
ယွဲ့ယင်းလေးဟာ မျက်လုံးပွတ်သပ်ရင်းနဲ့
နိုးလာတယ်။
အောက်ကိုဆင်းချင်တဲ့ပုံစံနဲ့ သူ့ခြေထောက်
လေးတွေက လှုပ်လာတယ်။ ကျူးယောင်
လည်းဖက်ထားရာက မသိမသာလွှတ်ပေး
လိုက်တယ်။
ဒါကြောင့်ပဲ သူ့ခြေထောက်သေးသေး
လေးနှစ်ခုက အောက်ကို ရောက်လာပြီး
ကျူးယောင်ခြေထောက်ကို ဖက်ထားသော
နှမ်းလေး မျက်နှာပေါ် တည့်တည့် နင်းချလိုက်တယ်။
နှမ်းလေးလည်း ဖက်တွယ်ထားသော
ခြေထောက်ကို ချက်ချင်း လွှတ်လိုက်ပြီး
ထောင့်နားလေးမှာ တဝူးဝူးငိုနေတော့တယ်။
သူ့မျက်နှာပေါ် မှာလည်း ယွဲ့ယင်းခြေရာ
နှစ်ဖက် အမှတ်နဲ့။
လုပ်တာကောင်းတယ်! ကျူးယောင်လည်း
ယွဲ့ယင်းကို လက်မထောင်ပြလိုက်တယ်။
သိုပေမဲ့ ယွဲ့ယင်းလေးကတော့ ဘာခံစား
ချက်မှမရှိတဲ့မျက်လုံးနက်ကြီးနဲ့ပဲကြည့်ရင်း
သူ့ ဝတ်ရုံစကိုဆွဲထားပြန်တယ်။
'' ဆရာ သူတို့ကဘယ်သူတွေလဲ''
ယုလော်လည်း ပါလာသူနှစ်ယောက်ကို
ကြည့်ရင်း မေးတယ်။ နှမ်းလေးရဲ့ ဝမ်းပမ်း
တနည်း ငိုရှိုက်နေမှုကိုတော့ လျစ်လျူရှု
ထားတယ်။နှမ်းလေး အရှက်မရှိတဲ့အကွက်တွေကို သူလည်း ရိုးနေပြီ။
'' နောက်မှပဲ ပြောပြမယ်''
ကျူးယောင်လည်း မုန်လာဉလေးတွေ
အကုန်လုံးကို နှုတ်ဆက်ပြီး တစ်ခါထဲ
သူတို့ တတ်မြောက်ထားတာတွေကို
ကြည့်ပေးရင်း ညွန်ပြပေးတယ်။
ကျူးယောင်ကိုယ်တိုင်ရှိနေလို့လားမသိ
မုန်လာဉလေးတွေ အားလုံးက ကြိုးကြိုးစားစား ယှဉ်ပြိုင်ပြကြတယ်။ ကျူးယောင်ရဲ့
သည်တစ်ခေါက် တောင်ဘက်ကြယ်မင်း
ဂိုဏ်းဆီ သွားတာက ဆယ်ရက်တောင်
မကြာဘူး။
ဝူဆောင်းအပါဝင် ငါးယောက်က အခြေတည်
အဆင့်ရောက်နေပြီ။ ဆယ်ယောက်လောက်
ကလည်း ချီအဆင့် ဒသမအဆင့်ထိ ရောက်
နေကြပြီ။(အခြေတည်မရောက်ခင် တစ်ဆင့်
အလို)မကြာခင် နှစ်နှစ်လောက်အတွင်းမှာ
တစ်ဝက်လောက်က အခြေတည်ဆင့်ကို
တက်လှမ်းနိုင်မယ့်ပုံ ပေါ် တယ်။
ကြည့်ရတာ သူ ကြံဆလိုက်တဲ့ ပူးတွဲလေ့ကျင့်
ကျင့်ကြံနည်းက တစ်ကယ်ကို အသူံးဝင်
တယ်။ အုပ်စုလိုက် တိုက်ခိုက်ရည်စွမ်း
ကိုလည်းမြှင့်တင်ပေးပြီး တစ်ဦးချင်းစီရဲ့
ကျင့်ကြံဆငိ့ကိုလည်း မြန်လာစေတယ်။
တစ်ယောက်နဲ့တစ်ယောက် တိုးတက်နှုန်း
မတူပေမဲ့လည်း အကွာကြီး မဟုတ်လှဘူး။
သူတို့ ယှဉ်ပြိုင်တာ ကြည့်ပေးပြီးနောက်တော့ ဖြည့်စွက်ဖို့ လိုတဲ့နေရာတွေကို ကျူးယောင်
လည်း ပြသပေးတယ်။ ပြီးချိန်မှာ
မှောင်ရီပျိုးနေပြီ။ အားလူံးကို နားဖို့ ခွင့်
ပေးလိုက်ပြီး ဝူဆောင်းနဲ့ယုလော်ကိုတော့
သူနဲ့အတူ ခန်းမထဲ ခေါ်ခဲ့လိုက်တယ်။
ယွဲ့ယင်းနဲ့ ချန်းနင်းအကြောင်းက ခပ်တိုတို
သာရှင်းပြလိုက်တယ်။ ချန်းနင်းက မှော်သ
တ္တဝါ ဆိုတာလည်း မပြောဘဲ ကုန်သည်
တစ်ယောက်ပူံစံသာ ပြောပြလိုက်တယ်။
သညိကိစ္စကို နှမ်းလေးဆီကတော့ ဖုံး
ကွယ်လို့မရဘူး။ နှမ်းလေးကိုယ်တိုင်က
မှော်သတ္တဝါမလို့ အကောင်းချင်းချင်း
ခြေမြင်ပြီးသားပဲ။ ဒသမအဆင့် မှော်သ
တ္တဝါမလို့ နှမ်းလေးကိုယ်တိုင်က ချန်းနင်း
ကို ရောက်စကတည်းက မျက်စိဆံပင်မွှေး
စူးနေသလိုပဲ။
စတွေ့စဉ် ရင်ပြင်ကတည်းက သူတို့
ချင်းစိုက်ကြည့်နေတာ အတော်ကြာပြီ။
သူတ်ို့ချင်း အကြည့်ကြားက မီးပွား
တွေ တချက်တစ်ချက် ထပွင့်နေတာတောင်
သူ မြင်နိုင်သလိုပဲ။ ယောကျာ်းချင်း
ကြိုက်ချင်လို့ စိုက်ကြည့်နေတာမျိုး
မဟုတ်ဘူးဆိုတာတော့ သေချာနေသလောက်ပဲ။(မသိဘူး ခုခေတ်က ယောကျာ်းချင်း
စိုက်ကြည့်ရင်က #$.%.)
ကျူးယောင်လည်း သက်ပြင်းချမိတယ်။
တစ်ဖက်က ဝူဆောင်းနဲ့ယုလော်တို့အတွဲ
ကလည်း ခံစားချက်တွေ အရှည်အကြာကြီး
ရှိခဲ့သူတွေလိုပဲ။ တစ်ယောက်က
ချစ်မြတ်နိုးစိတ်အပြည်နဲ့ မျကိလုံးရွဲကြီတွေ
နဲ့ကြည့်နေချိန် တစ်ယောက်ကလည်း
ရှက်သွေးဖြာပြီး ငုံ့လို့နေတယ်။
ဘေးနားမှာ ရှိနေတဲ့ တစ်ကိုယ်တည်း
သမား ဆရာ့မျက်စိတောင် ကျိန်းမတက်
ပဲ။
တစ်ကိုယ်တည်းသမား မျက်စိကျိန်းနေသူ
ကျူးယောင်လည်း တိတ်တဆိတ်နဲ့
ခေါင်းငုံ့ကာ ရင်ခွင်ထဲက ယွဲ့ယင်းကို
ကြည့်မိတယ်။ ကလေးက အတော်ကို
နှစ်ခြိုက်စွာ အိပ်စက်နေပြီ။ ဟုတ်ပါပြီ
ငါတို့
လည်း အတွဲလို့ ပြောလို့ရပြီ။
ဆရာ့ကို လွမ်းလိုက်တာ။
''မင်းတို့လည်း ပင်ပန်းလောက်ရောက်ပေါ့
သွားနားတော့လေ''
တစ်ကိုယ်တည်းသမားလေး ဆရာ အားကျအောင် သည်နားမှာ တစ်တီတူးချစ်ကြည်နူး
မလုပ်ကြပါနဲ့
တော့။
''ယုလော် ပစ္စည်းတွေသိမ်းထားတော့
ဆရာတို့ နက်ဖြန် ရှေးဟောင်းတောင်
ဂိုဏ်းဆီ ပြန်ကြမယ်''
ယုလော်လည်း အံ့သြသွားပြီး စောစောက
ရှက်ရွံပြီးရဲနေတဲ့မျကိနှာက ချက်ချင်း
ဖြူရော်သွားတယ်။
ဝူဆောင်းနဲ့ အကြည့်ချင်းတွေ အမြန်
ဖလှယ်နေကြတယ်။ပြီးတော့ ဝူဆောင်း
က ဝင်ပြောတယ်။
'' ဂိုးဏ်းချုပ်.....တစ်ကယ်တော့
ကျနော့်မှာ ကျင့်ကြံရတာနဲ့ပက်သက်ပြီး
သေချာမရှင်းသေးတဲ့နေရာတွေရှိနေ
ပါတယ် ဒါ့ကြောင့် ဆရာတူအစ်မရဲ့
ညွန်ပြပေးမှုလေးတွေလိုနေသေးလို့ပါ
ဖြစ်နိုင်မယ်ဆိုရင်....''
'' ဖြစ်နိုင်မယ်ဆိုရင် ''
ကျူးယောင်လည်း ရယ်မောလိုက်တယ်။
'' ဖြစ်နိုင်မယ်ဆိုရင် ဘာလဲ''
ဝူဆောင်းလည်း သူ့မျက်နှာကို ကြည့်ရမှာ
ကြောက်ရွံ့နေပုံရတယ်။ပြီးတော့မှ
တုန်တုန်ရီရီ တစ်ဝက်တစ်ပျက်ပြတ်တောင်သံနဲ့ ဆကိပြောတယ်။
'' ဖြစ်နိုင်မယ်ဆိုရင် ...
ဆရာတူအစ်မကို သည်မှာ ရက်နည်းနည်း
...ရက်နည်းနည်းလောက် ....နေခွင့်ပေးဖို့ပါ
တပည့်လိုအပ်တဲ့ ....
မဟုတ်ပါဘူး သည်က ဂီုဏ်းသားတွေ
လိုအပ်တာတွေ ညွနိပြပေးဖို့ပါ''
ကျူးယောင်လည်း သူ့ကို ကြည့်လိုက်တယ်။
ငါ့ဆီကနေ ငါ့တပည့်ကို လုချင်နေတယ်
ပေါ့။ သည်လောက် ဘယ်လွယ်မလဲ။
'' မိုးပြာပျံသန်းဂိုဏ်းက တည်ထောင်တာ
မကြာသေးတော့ လုပ်စရာတွေက
ပုံနေတာပဲ ငါ့မှာ သည်တပည့်လေးတစ်ယောက်
တည်းရှိတာကို ဘယ်လိုလုပ် ဒုက္ခ
ခံခိုင်းရက်မလဲ''
'' ဆရာ တပည့်လေ ဒုက္ခခံရမှာ
လုံးဝ မကြောက်ပါဘူး''
ယုလော်က သူ့ဆန္ဒကို အမြန်ပြောတယ်။
'' ကျတော်ကလည်း ဆရာတူအစ်မကို
ကောင်းကောင်းစောင့်ရှောက်ပါ့မယ်''
ဝူဆောင်းက ချက်ချင်းပဲ ထပ်လောင်း
ပြောကြားတယ်။
'' မင်းက သူ့ကို ဘယ်လိုကောင်းကောင်ဂရုစိုက်မှာလဲ ပြီးတော့ ဘယ်လောက်
ကြာကြာလဲ''
ကျူးယောင်လည်း ဆက်မေးတယ်။
'' ဆရာတူအစ်မ သည်မှာနေလိုသမျှ
ကာလတစိလျှောက်လုံး ဂရုစိုက်ပါ့မယ်''
'' သစ္စာလုံးဝ မဖောက်ဘူးပေါ့''
'' လုံးဝ မဖောက်ပါဘူး''
'' ကောင်းပြီလေ''
ကျူးယောင်လည်း သူ့ပုခုံးကို ပုတ်လိုက်တယ်။
'' ဒါဆို ငါ့တပည့်ကို မင်းဆီထားခဲ့ပြီ
ငါ မင်းကို စောင့်ကြည့်နေမှာနော်
အော် ဒါနဲ့ မင်း ..တောင်းရမ်းဖို့...ခန်းဝင်ပစ္စည်းကောင်းကောင်းရှာထား
ဖို့တော့ လိုမယ်နော်''
ဝူဆောင်းလည်း အံ့သြသွားပြီးမှ
သူဘာဆိုလိုတာလဲလည်း သဘောပေါက်ရော
ချက်ချင်း မျက်နှာရဲသွားတယ်။
ပြီးတော့ ယုလော်မျက်နှာက သူ့ထက်တောင်
ရဲတွတိနေတာလည်း တွေ့ရော သူ့မျက်နှာ
ကြောင်နန အပြုံးလေးက တွဲလွဲခိုလို့။
'' ဆရာ ....''
ယုလော်လည်း စိတ်ဆိုးတဲ့ပုံနဲ့
ကျုးယောင်ကို အော်တယ်။
ယုလော် ကောင်မလေး သည်လို အချိန်မှာ
တောင် နင်က ရှက်နေသေးတယ်။နေ
နိုင်ရင်နေပြီး မရယ်မိစေနဲ့။
'' ဆရာက အမှန်ကိုပြောနေတာပဲ
ဝူဆောင်း မင်းလက်ထပ်ချင်တာက ရှေးဟောင်း
တောင်ဂိုဏ်းချုပ်သမီးနော်
အဲ့တော့ မင်းကလည်း စိတ်ရင်းနဲ့ပါဆိုတာ
ပြသဖို့မလိုဘူးလား''
'' ဆရာ နော် ''
ယုလော်က မနေနိုင်ဘဲ ထပ်အော်ပြန်တယ်။
'' ဟုတ်ပါပြီ သည်ကိစ္စကို နောက်မှ
ထပ်ပြောကြတာပေါ့''
ကျူးယောင်လည်း နှုတ်ခမ်း သပ်ကာ
ပြုံးလိုက်တယ်။ ဝူဆောင်းကို ခန်းဝင်ပစ္စည်းဖိုးအတွက် ပိုက်ဆံစု
ဖို့ အချိန်တော့ ပေးရအုံးမယ်မဟုတ်လား။
သည်သတင်းကိုသာ သိမယ်ဆိုရင်
ဇီမိုတစိယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာ
သူ သိချင်လှပြီ။
တွေးရင်းနဲ့ကို ထိုနေ့ရောက်စေချင်မိပြီ။
ထို့နောက်တော့ လာမယ့်ရက်တွေမှာ
ကိုင်တွယ်ရမယ့် ဂိုဏ်းအရေးခင်းတွေ
ကို ညွန်ကြးပေးပြီးနောက် ချန်းနင်း
အတွက်လည်း နေစရာစီစဉ်ပေးဖို့
ပြောလိုက်တယ်။ ပြီးတော့ သုတို့ကို
ပြန်စေလိုက်တယ်။
'' နှမ်းလေး မင်း နေခဲ့ဉီး''
အခန်း ၁၁၃ ပြီး၏။
နောက်အပိုင်း>>>>>နေရာအအပြောင်းလဲနဲ့
အကောင်ဆန်းများ