နောက်တကြိမ် သေသွားပြန်တဲ့ တပည...

Von JohnTargreyan

998K 126K 12.1K

ကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည... Mehr

အခန်း(၁)လယ်ကွင်းဘေးက တောသူမလေး
အခန်း(၂)ကျင့်ကြံသူတို့ရဲ့ တပည့် ရွေးပွဲ
အခန်း(၃)စပ်စုတတ်ရင်ဒုက္ခရောက်တတ်တယ်
အခန်း(၄)ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း
အခန်း(၅)တစ်ဆိတ်လောက်လူကြီး ရှင်ကဘယ်သူလဲ!
အခန်း(၆)ကျောက်စိမ်းသစ်တောတောင်သို့
အခန်း(၇)ဒုက္ခရှာဖို့ဝါသနာပါသူ
အခန်း(၈)ကျောက်စိမ်းသစ်တောတောင် ထိပ်ဝယ်
အခန်း(၉)သစ်ခုတ်သမားပုံပြင်လို ကျင့်ကြံမိသူ
အခန်း(၁၀)ကောင်စုတ်လေးနဲ့ ပြန်တွေ့ခြင်း
အခန်း(၁၁)ဆရာ့ ရဲစွမ်းရည်သစ်
အခန်း(၁၂)​နောက်ကျနေတဲ့အန်တီ
အခန်း(၁၃)စွယ်စုံထူးချွန်
အခန်း(၁၄)ဂိုဏ်းချုပ် ခေါင်းကိုက်ရခြင်း
အခန်း(၁၅)ကောင်စုတ်လေးနဲ့ ပြန်ဆုံခြင်း
အခန်း(၁၆)အရေးပေါ်
အခန်း(၁၇)ပြုတ်ကျလာတဲ့ဖက်တီးလေး
အခန်း(၁၈)သုံးဖက်မြင်
အခန်း(၁၉)သူငယ်ချင်းကောင်းလး
အခန်း(၂၀)ဆရာက ညစာစားဖို့ပြန်လာခဲ့ပါတဲ့
Sry to Next up!
အခန်း(၂၁)ငှက်နဲ့ ဝင်တိုက်မိတဲ့သူ
အခန်း(၂၂)​တောင်ပေါ် ကမုန်တိုင်း
အခန်း(၂၃)ဝမ်းနှုတ်ဆေး
!!😑😓
အခန်း(၂၄)မပျံနိုင်တဲ့ ကျင့်ကြံသူ
အခန်း(၂၅)အနိုင်မကျင့်တတ်ဘူးထင်နေလား
အခန်း(၂၆)​ကောင်စုတ်လေးတတိယအစ်ကို
အခန်း(၂၇)လူတစ်ယောက်ရဲ့အပြောင်းလဲ
အခန်း(၂၈)ဝမ်ရှုဟိုင်နဲ့ ရှောင်ရီ
အခန်း(၂၉)ဒေါ် လာတစ်ရာမပေးချင်တဲ့ဆရာ
Noti plz!😁
အခန်း(၃၀)သန်သန်မာမာမှ ယောကျာ်း
အခန်း(၃၁)အန်ချင်စရာဆင်ဆာအခန်း
အခန်း(၃၂)​ကောင်းတာတွေကအတွဲလိုက်လာတယ်
အခန်း(၃၃)အနုပညာကျောင်းဆင်း
အခန်း(၃၄)စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၃၅)ကလေးပြန်ပေးသမား
အခန်း(၃၆)ကလေးတစ်ယောက်ရဲ့အစားစာ
အခန်း(၃၇)ပွတ်ပေတ်ိုက်ပေးတပည့်လေး
အခန်း(၃၈)တပည့်ကို ပျိုးထောင်ပေးတာနဲ့ ပက်သက်၍..၁
အခန်​pး(၃၈)....အပိုင်း..၂..
အခန်း(၃၉)ဆရာတပည့်ကြား ယုံကြည်မှု ၁
အခန်း (၃၉)..အပိုင်း..၂...
အခန်း(၄၀)သမိုင်းဦးမတိုင်​ခင်​​ခေတ်​က ဘီလူး​​လေး
အခန်း(၄၁)တပည်နဲ့မကစားပေးရင်သေတတယ် ၁
ကြော်​ငြာ😁
အခန်း(၄၁)...၂
အခန်း(၄၂) လံကြုတ်ဇာတ်လမ်း
အခန်း(၄၃)နှလုံးသားအစိုင်ခဲကိုခြေဖျက်ခြင်း
အခန်း(၄၄)ဇာတ်ဆောင်အရှိန်ဝါကမင်းက်ိုညာနေတယ်
အခန်း(၄၅)သူ့ရဲ့မမြင်ရတဲ့အခွင့်ရေး
အခန်း(၄၆)ရသင့်တဲ့ဇာတ်ဆောင်အခွင့်ရေး
လာၿပီ...😁😁
အခန်း(၄၇)လုံးဝန်းသော အမြူ တေ
အခန်း(၄၈)ဝင်ခွင့်စာမေးပွဲတော့လ်ိုတယ်
အခန်း(၄၉)တာရို့လူသို့ ထွက်ခွာခြင်း
အခန်း(၅၀)ဘေးလူအနေနဲ့ ပွဲကြည့်
အခန်း(၅၁)ဒါက ဘာပင်လဲ
အခန်း(၅၂)ဆေးပင်စောင့်မှော်သတ္တဝါ
အခန်း(၅၃)ဒုတိယမ္မိ စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၅၄)ပွင့်လန်းလာတဲ့ ပန်းဂန္ဓာမာ(သေပန်းပွင့်)
အခန်း(၅၅)သယ်ရလွယ်ကျစ်လစ်သေသပ်တယ်
အခန်း(၅၆)အိမ်ကထွက်လာရင် ဆရာ့ကိုတပါတည်းခေါ်ဖို့ မမေ့နဲ့
အခန်း(၅၇)ပထမဆုံးလက်ထပ်ခွင့်
အခန်း(၅၈)ဖွင့်လော့နှမ်း
အခန်း(၅၉)အရှက်မရှိတဲ့ နတ်ဘုရား
အခန်း(၆၀) ဆရာ မင်းကို ကျောက်စိမ်းသစ်တောတောင်မှာ စောင့်နေမယ်
အခန်း(၆၁)ကျူ.းယောင်ဗားရှင်း ၃.ဝ
အခန်း(၆၂)တပည့်ဖြစ်ကြောင်းအထောက်ထား
အခန်း(၆၃)မှော်သတ္တဝါကောင်ကိုအရူးလုပ်ခြင်း
အခန်း(၆၄)ဇော်ကန့်လန့်
အခန်း(၆၅)နတ်ဝိညာဉ် အဆင့်သို့
ရှေးဟောင်းတောင်ဂိုဏ်းသို့ နောက်တစ်ကြိမ်
အခန်း(၆၇)ဂုဏ်ပြုပွဲအခမ်းနား
အခန်း(၆၈)အလုပ်မရှိကြောင်ရေချိုး
အခန်း(၆၉)ကယ်ဆယ်ရေးအဖွဲ့လေး
အခန်း(၇၀)အုပ်ချူပ်သူဘုရင်မ
အခန်း(၇၁)ဖော်ပြခြင်းငှါမစွမ်းသာသော
အခန်း(၇၂)​ခေါင်းလေးလုံးကပ်ိုသာတယ်
အခန်း(၇၃)ဟီ ဟီ ရှေးဟောင်းအစီရင်တဲ့
အခန်း(၇၄)ငါ.မင်းကို အရူးလုပ်မိပြီ
အခန်း(၇၅)လွှဲပြောင်းနိုင်သော ကျင့်ကြံဆင့်
အခန်း(၇၆)ဘာမှမသိ ဘေးကပွဲကြည့်သူ
အခန်း(၇၇)စိတ်မပူနဲ့ ငါ့ တာဝန်ထား
အခန်း(၇၈)ငါပြန်လာပြီ
အခန်း(၇၉)ဇီမို့ အတွေးများ
အခန်း(၈၀)အစ်မကြီးရယ် ကြောက်အောင် မခြောက်ပါနဲ့
အခန်း(၈၁)ငါကယောကျာ်းတွေပဲကြိုက်တာ
အခန်း(၈၂)တပည့်လေး လာ စမ်းသပ်စရာရှိတယ်
အခန်း(၈၃)အဖျက်ကောင်အသစ်
အခန်း (၈၄) ရှောင်ရီ့သောက်ကျိုးနည်းယူဆချက်
အခန်း (၈၅) ပြိုကွဲသွားသော ကမ္ဘာငယ်
အခန်း(၈၆)ဦးဆုံးသေတဲ့ဇတ်ရံကောင်
အခန်း(၈၇)ဟဲလို ကျူ းယောင်ဗားရှင်း ၄.ဝ
အခန်း(၈၈)ဒီ ဆရာတူညီမလေးကဘယ်သူလဲ
အခန်း(၈၉)အတင်းအဓမ္မ
အခန်း(၉၀)ဆရာသွားနှင့်တော့မယ်
အခန်း(၉၁)ကြုံသလိုမသေပါနဲ့တော့
အခန်း(၉၂)သန့်စင် ယင် ခန္ဓာကိုယ်
အခန်း(၉၃)နာမည်ပေးခြင်းအစဉ်လာ
အခန်း(၉၅)မျှော်လင့်တာနဲ့တခြားစီ
အခန်း(၉၆)ပြိုင်ဘက်ကင်း ရေဝိဉာဉ်ကြော
အခန်း(၉၇)အရံသရုပ်ဆောင်
အခန်း(၉၈)​စောင်ကလေးယုတ်မာမှု
notice
အခန်း(၉၉)အပြန်ခရီး
အခန်း(၁၀၀)ပျက်သုဉ်သွားသောဂိုဏ်း
အခန်း(၁၀၁)လောကနံပါတ်တစ်ဂိုဏ်းဆိုတာ
အခန်း(၁၀၂)ပူး​တွဲလေ့ကျင့်ကျင့်ကြံဆင့်
အခန္​း (၁၀၃)နှစ်ယောက်နဲ့ယှဉ်၍
အခန်း(၁၀၄)မုန်လာဉလေးပြောင်းလဲပြီ
အခန်း(၁၀၅)လှည့်စားတတ်တဲ့အဖျက်ကောင်
အခန်း(၁၀၆)မျက်နှာကြည့်ဖို့လိုတဲ့သည်လောက
အခန်း(၁၀၇)အရိပ်မည်း
noti
အခန်း(၁၀၈)ရေခဲထဲက အမြွှာ
အခန်း(၁၀၉)ထူးဆန်းသောမုန်လာဉလေး
အခန်း(၁၁၀)တစ်ခါခေါ် ​မှော်သတ္တဝါ
အခန်း(၁၁၁)သခင်မရယ် တိုက်ဆိုင်ချက်များဆိုတော့
အခန်း(၁၁၂)ပိုက်ဆံရှာတော်တဲ့ချန်းနင်း
အခန်း(၁၁၃)တစ်ခုတည်းသော မှတ်တမ်း
အခန်း (၁၁၄)နေရာအပြောင်းလဲနဲ့အကောင်ဆန်းများ
အခန်း(၁၁၅)လွတ်မြောက်ရာ လမ်းစ
အခန်း(၁၁၆)ဆရာ!
အခန်း(၁၁၇)နှုတ်ဆက်ပါတယ် ဆရာ
အခန်း(၁၁၈)​ရှောင်လွှဲမရသောရှေ့ဖြစ်များ
အခန်း(၁၁၉)ဘာလို့ငါ့ကျိန်ဆဲတာလဲ
အခန်း(၁၂၀)စေ့စပ်ပွဲဖျက်သိမ်းသောဝူဆောင်း
အခန်း(၁၂၁)မရှိခဲ့သောစေ့စပ်ပွဲ
အခန်း(၁၂၂)တံခါးပိတ်ကျင့်ကြံမယ်
အခန်း(၁၂၃)မိုးပြာပျံသန်းဂိုဏ်းနောင်တ
အခန်း (၁၂၄) ကျောက်စိမ်းသစ်တောတောင်က ပန်းပဲဆရာတွေသာ အတော်ဆုံး
အခန်း (၁၂၅) သော့ချက်ကို သိရတာ တကယ်ကောင်းတယ်
အခန်း(၁၂၆)ဂိုဏ်းပေါင်းစုံကအနိုင်လာကျင့်တယ်
အခန်း(၁၂၇)မုမေ့ယန်၏စိန်ခေါ်မှု
အခန်း(၁၂၈)အဖျက်ကောင်လို့‌ခေါ်ရင် မင်းပြန်ထူးမှာလား
အခန်း(၁၂၉ ) အစွမ်းအထက်ဆုံးလက်နက်
အခန်း(၁၃၀ )မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်
အခန်း (၁၃၁)နတ်သက်ကြွေ၏ နတ်ဘုံနန်း
အခန်း(၁၃၂)ပြားကိုးဆယ်မပြည့်သော နောက်ဆုံးတိုက်ပွဲ
အခန်း(၁၃၃)နတ်ဘုရားဆိုသော ထိုပုဂ္ဂိုလ်များ
အခန်း(၁၃၄ )နင့်အစ်မကို မိစ္ဆာနေ!!

အခန်း(၉၄)နောက်ကျနေတဲ့ ရှေ့ဖြစ်အိပ်မက်

7.5K 1K 96
Von JohnTargreyan


ဇီမိုကလည်း ကျူ းယောင်ထင်သလို တစ်ကယ်ပဲ
ကျင့်သားရနေပါပြီ။ သို့ပေမဲ့ သူ အရင်ကလို
တည်တည်ငြိမ်ြငိမ် မရှိဘူး။ သူ့သမီးက ရေအာက
သဝိဉာဉ်ကြော ပိုင်ဆိုင်တာမလို့ အစကတည်းကမှ
လူတွေ စိတ်ဝင်စားနေတာ ခုလို လျင်လျင်မြန်မြန်
ကြီး.ကျင့်ကြံဆင့်တွေ မြှင့်လာတော့ လူတွေ
ပိုပြီး စိတ်ဝင်စားမလားဘူးလား။.ပိုမျက်စိကျ
လောဘ မတက်စေဘူးလား။

''ဆရာ....တပည့်ပြန်လာပါပြီ´´

သူတို့ပြောနေတုန်းမှာပဲ သူမ ရင်ဘတ်လောက်ထိ
ကိုကြီးလာပြီဖြစ်တဲ့ မုန်လာဥလေးဟာ ခုန်ပေါက်
ရင်း ပြန်ရောက်လာတယ်။ ချစ်စရာကောင်း
အရင်က ပုံစံထက်စာရင် မုန်လာဥလေး ခု
ပူံစံက ပြောင်းလဲသွားပြီ။ ပိုသွက်လက်ပြီး
ရဲတင်းတဲ့ ပုံစံ ဖြစ်လာတယ်။ အနည်းငယ်တောင်
မောက်မာသယောင်ထင်ရတယ်။

ယုလော်က သူမကို စိတ်လှုပ်ရှားစွာ.ပြန်ပြောပြ
တယ်။

'' ဆရာ..တပည့်လေ...ဒီနေ့...လက်နက်တောင်
ကို.သွားတော့လေသိလား....ချီယွမ်..ကိုတွေ့
တယ်...တပည့်သူကို မုန့်လုံးလို လုံးတဲ့အထိ..
ထုရိုက်ပြီး
ကန်ခဲ့တယ်...´´


ဘယ်လို!! ဇီမို စိတ်ထဲ.တုန်လှုပ်သွားတယ်။
ချီယွမ် ဟုတ်စ!! အဲ့ကလေးက လက်နက်တောင်
သခင် ကျီယွမ် ရဲ့ ချစ်လှစွာသော တူလေး
မဟုတ်ဘူးလား။ ကျီယွမ် မှာ ကလေးမှာမရှိပေမဲ့
သူ့ညီမှာ ရှိတယ်။ လောလောဆယ် ထိုတူလေး
က ၆ နှစ်ဖြစ်ပြီး ကျီယွမ်တို့အတွက်တော့
တစ်ကယ့် ချစ်လှစွာလေးပဲလေ။

ဘာကိစ္စ ထိုတူလေးက ဘာအကြောင်းပြချက်မှ
မရှိဘဲ သူ့သမီးလေးနဲ့.ရန်ဖြစ်တာပါလိမ့်။သူ့ဒေါ်လေးကို လှမ်းကြည့်ရင်း
ဇီမိုကတော့ တိတ်တိတ်ကလေး တြိတ်ငိုချင်လာ တယ်။ဒေါ်လေးရေ ..ဒေါ်လေးရဲ့..ကိုယ့်တပည့်ကို သေချာ သွန်သင်ပါဦး!!

ဇီမို့ရဲ့ ဟန်ပါပါအကြည့်ကို.ကျူ းယောင်သတိ
ုပြုမိပေမဲ့လည်း ယုလော်ဘက်ကို လှည့်ပြီး
ပြောလိုက်တယ်။

''.မင်း...နိုင်ခဲ့တယ်မလား´´

''သေချာပေါက်ပေါ့..´´

ယုလော်က သူ့လက်သီးသေးသေးလေးတွေ
ဝေ့ရမ်းပြရင်း ပြောတယ်။

''ဒါဆို...ကောင်းတယ်..´´

ကျူ းယောင်လည်း ယခင်လို မာနကြီးပြီး အေးစက်သောရေခဲရုပ်ပုံ ဖမ်းထားလိုက်ပြန်တယ်။

တစ်ဖက်က ဇီမိုကတော့.ကြောင်တက်တက်
ဖြစ်သွားရရှာတယ်။ ဒါဆို ကောင်းတယ်ဟုတ်
လား။ ငါ့ လခွမ်းကို.ကောင်း!! တပည့်က်ို ဒီလို
သွန်သင်တဲ့.ဒေါ်လေးလို လူရှိသေးလားဟင်!!

''ယုလော်..!..´´

ဇီမိုလည်း စိုးရိမ်တကြီးနဲ့ အော်လိုက်တယ်။

ယုလော်လည်း ဘေးမှာ သူ့အဖေရပ်နေတာတွေ့သွားလို့ အံ့သြသင့်သွားတယ်။

''အာ....ပါးပါး!....
.ပါးလည်း...ဒီရောက်နေတာ
လား´´

သူ့သမီးစကားကြောင့်
ဇီမို စိတ်ထဲ သွေးတစ်ပွက်လောက် အန်ထွက်
ပြီးသွားပြီ။ ပါးလည်း ဒီမှာ ရောက်နေတာလားဆိူ
တာက ဘာလဲ။ သူဒီမှာ တစ်ချိန်လုံးရပ်နေတာ
ဖြင့် ကြာလှပြီကို !!မမြင်ဖူးပေါ့!!




''ပါး....သမီး...ပါးနဲ့ အကြာကြီး လေပေါပြီး
အချိန်ကုန်နေလို့ မဖြစ်ဘူး...ဆရာကပြောတယ်
၂ နှစ်အတွင်း သမီး...ချီ အဆင့် နဝမဆင့်ကို
ရောက်ရမယ်တဲ့...အချိန်ရှိတုန်း ပြန်ပြီး ဂါထာတွေ
သွားကျင့်လိုက်ဦးမယ်...´´

ပြောပြီးနောက်တော့ တာ့တာ့ပြရင်း သူ့ တဲအိမ်
လေးထဲကို ခုန်ပေါက်ဝင်ရောက်သွားတယ်။

ီဇီမိူ>>>..''#*$....´´

ဒါ သူရဲ့ ငယ်ငယ်တုန်းက.စကားနားထောင် လိမ္မာ
တဲ့သမီးကလေးပေါင်ပေါင်မှ.ဟုတ်သေးရဲ့လား
ဟင်!!!

'' တစ်ခြား ကိစ္စရှိနေသေးသလား´´

ကျူ းယောင်လည်း ဇီမို့ကို တိတ်တဆိတ်
အကြည့်တစ်ချက် ပို့လွှတ်လိုက်တယ်။

ဒေါ်လေးက သူ့ကို မောင်းထုတ်တာလား။
ဇီမိုလည်း ဘာမှ မတတ်နိုင်ဘဲ အံတြိတ်ပြီး
တော့သာ တောင်ပေါ်က ပြန်ဆင်းခဲ့ရတယ်။

သူ့ မိန်းမနဲ့ စကားပြောဖို့တော့ လိုနေပြီ။ သူ့
တို့ ဒေါ်လေး ဘယ်လိုများ တပည့်ကို ပျိူ းထောင်
ပေးနေလဲမသိဘူး။သူ့သမီးလေးက မိန်းကလေး
တွေရှိရမယ့် နူးညံ့သိမ်မွေ့မှုတွေမရှိရုံမကဘဲ
နေ့တိုင်းလိုလို ပြသနာအိုးလေးလုပ်နေတယ်။
သူများတွေကို လိုက်ရန်ရှာနေတယ်။ ငယ်တုန်းက
တော့.သူမ လုပ်တာတွေက စတာနောက်တာပဲ
ကလေးပဲဆိုပြီး လူတွေက လက်ခံကြသေးတယ်။
သို့ပေမ ဲ့ ခုကျတော့.သူ့သမီးက ဆယ်နှစ်ရှိပြီ။
ကျင့်ကြံဆင့်ကလည်းရှိနေပြီဆိုတော့ သူမ လုပ်
တဲ့ ပြသနာတွေက စရုံသက်သက်မဟုတ်တော့
ဘူး။ တခြားရွယ်တူတွေနဲ့ကို ထိပ်တိုက် တိုက်ခိုက်
တာမျိုးတွေ လုပ်နေပြီ။ များသောအားဖြင့်.သူမ
ထက် ကျင့်ကြံဆင့်နိမ့်တဲ့ သူတွေကို ရိုက်နှိက်ပြီး
ငိုအာင် လုပ်ခဲ့လေ့ရှိတယ်။.ကြီးကြီးကျယ်ကျယ် ဘာမှမဖြစ်သေးပေမဲ့လည်း နောင်ခါကျရင် ပို စိုးရိမ်ဖို့
ကောင်းတယ်။


အထူးသဖြင့် စောစောက.ချီယွမ်လို နောက်ခံ
ကောင်းကောင်းရှိတဲ့သူတွေဆိုရင် မိဘတွေက
ကျောက်စိမ်းသစ်တောတောင်က ကျူ းယောင်
ကိုတော့ ဘယ်ပြောရဲမလဲ။ ဒီ်အစား သူ့ပဲ
လာရှာပြီး တိုင်တောကြတာပေါ့။

ဟား..ဟား...ထင်တဲ့အတိုင်းပဲ ကလေးတွေဆိုတာ
အတိတ်ဘဝက ဝဋ်ကြွေးတွေဆိုတာ သိပ်မှန်
တာပဲ။ ကြည့်ရတာ သူ အရင်ဘဝကများ
မိသားစုပေါ် ဆိုးသွမ်းခဲ့လိုများလား။



ကျူ းယောင်ကတော့ သူ့တပည့်အတွက် လုံးဝ
စိတ်မပူဘူး။သူ့တပည့်က ငယ်ပေမဲ့ ဉာဏ်ပြေး
တယ်။ သူ့တပည့် က စိတ်ထားကောင်းတယ်
လို့တောင်ပြောလို့ရတယ်။ တော်ရုံဆို သူများ
နဲ့ရန်ဖြစ်လို့ မရှိဘူး။ ဖြစ်ပြီဆိုတာလည်း
တစ်ဖက်ကလူက သူ့ရဲ့ ဝိဉာဉ်ကြောနဲ့ပက်သက်
ပြီးပုတ်ခတ်ပြောဆိုလို့ ပြန်လက်တုံ့ပြန်တာမျိူ းပဲ။
ပြီးတော့ .ဖြစ်ပြီဆိုရင်လည်း ထိုလူတွေကို
မှတ်လောက်ရုံပဲ ပညာပေးတာဖြစ်ပြီး တစ်ကယ်
ထိခိုက်သွားအောင်တော့ လုပ်လေ့မရှိဘူး။


ကျူ းယောင်က အစထဲက သူ့တပည့်ကို.တင်း
တင်းကျပ်ကျပ်ကို ဆုံးမထားတာရှိတယ်။ ဘယ်တော့မှ လူအသတ်ကို မသတ်ဖို့။ ဘယ်သူဟာ
ဘယ်လောက်ပဲ မကောင်းဘူးဆိုပါစေ အသက်
ဖြစ်တည်ခြင်းအကြောင်းတရားဟာ တန်ဖိုးအရှိ
ဆုံး ဖြစ်တည်မှုတစ်ခုဖြစ်တယ်။ လူတိုင်းဟာ
ဒီဘဝမှာ အသက်တစ်ခုသာရှိတယ်။ ထိုသက်
ရှိဖြစ်တည်မှုကို ဘယ်သူကမှ ကွယ်ပျောက်အောင်
လုပ်ပိုင်ခွင့် ဆုံးဖြတ်ခွင့် မရှိဘူး။


ရှောင်ရီဟာ ဘာကြောင့် သုံးဖက်မြင် မကောင်းရသ
လဲဆိုတော့ သူ့ ဘဝစတင်ရာက နင်းပြားဘဝ
က ဖြစ်နေလို့ပဲ။ တစ်ခြားသူတွေက သူ့လို
နင်းပြားအသက်ကို ပုရွက်ဆိတ်လောက်သာသာ
သတ်မှတ်တာကြောင့် သူ့အစွမ်းရှိသမျှ ရုန်းကန်
ပြီး အထက်ရောက်အောင် တက်လှမ်းခဲ့တာ။
သူကိုယ်တိုင်လည်း ထိပ်ဖျားရောက်ရော သူ
မုန်းလှပါတယ်ဆိုတဲ့ လူ့အသက်တန်ဖိုးမထား
သူတွေ လိုပဲ သူကိုယ်တိုင်လည်း ဖြစ်သွားရှာ
တယ်။လူ့အသက်ကို တန်ဖိူးမထားတတ်တော့ဘူး။
သူကိုယ်တိုင်လုပ်ရပ်တွေကတော့ မှန်တယ်လို့
တောင် ထင်နေခဲ့တယ်။


ယုလော်ကို ရှောင်ရီလိုလူလည်း ဖြစ်မလာစေ
ချင်ဘူး။ ကိုယ့်ကိုကိုယ် အားငယ် ပြီး သိမ်ငယ်
သလို ခံစားရတာကြောင့် လောကပေါ်မကောင်း
ုမြင်တတ်တဲ့သူမျိုး လည်း မဖြစ်သွားစေချင်သလို
သွေးနထင်ရောက်ပြီး ငါလုပ်တာမှ အမှန်ပဲ
ဆိုတဲ့ ငါ့ဘို့ သမားလည်း.မဖြစ်သွားစေချင်
ဘူး။ဒါကြောင့် မုန်လာဥလေးအတွက် ဘယ်တော့မှ
မဖြတ်ရမယ့်စည်းတစ်ခုကို ကျူ းယောင် ဖန်တီး
ပေးခဲ့တယ်။သွန်သင်ပေးခဲ့တယ်။ဒါကတော့
လူ့အသက်ကို တန်ဖိုးထားခြင်းဖြစ်တယ်။
မသတ်ခြင်း ဖြစ်တယ်။

သို့ပေမဲ့ ကျင့်ကြံခြင်းလောကမှာ လူ့အသက်ဆိုတာ မြက်တစ်ဆုပ်လိုပဲ။ တန်ဖိုးမဲ့လွန်းတယ်။ဒီလို လောကကြီးမှာ
မုနိလာဥလေးကို လူ့အသက်ဆိုတာ အရေးကြီး
ဆုံးပါ၊ တန်ဖိုးထားဖို့ သွန်သင်ရတာဟာ လွယ်
တော့မလွယ်လှဘူး။

ယုလော် နဖူးထက်က အဖျက်ကောင်စကား
လုံးက သူမ သေချာမကြည့်ရင် မတွေ့ရလောက်တဲ့
အထိ မှိန်နေပေမဲ့လည်း လုံးဝမရှိတာတော့လည်း
မဟုတ်ဘူး။ ကျူ းယောင်ကိ်ုယ်တိုင်လည်း
သူ မုန်လာဥလေးကို ဒီလိုမျိုး သင်ပေးနေတာတွေက
အထောက်ကူပြုရဲ့လား ဆိုတာ ဝေဝါးနေသလို
တစ်ဖက်ကလည်း မုန်လာဥလေး တစ်အား
အားနည်းပြီး ကိုယ့်ဘာသာတောင် မကာကွယ်
နိုင်မှာလည်း စိုးရိမ်နေမိတယ်။တစ်ဖက်ကလည်း
အသန်မာလွန်ပြီး အစွန်းရောက်သွားမှာကို
စိတ်ပူနေရပြန်တယ်။


ကျူ းယောင်လည်း အနည်းငယ်စိုးရိမ်စိတ်
လွှမ်းနေတယ်။ ဒီတစ်ခါ...အဖျက်ကောင်ရယ်...နင်ဟာဘယ်လို အဖျက်ကောင်.မျိူ းပါလိမ့်။


ယုလော်ဟာ ဆယ့်၁၂ နှစ်ရှိတော့ ချီ အဆင့်
နဝမဆင့်ကို.ရောကိတယ်။ ၁၄ နှစ်မှာတော့
သူမဟာ ချီ အဆင့် ပြည့်စုံအဆင့်ကို ရောက်ပြီ။
အာကာသ.ဝိဉာဉ်ကြောပိုင်ရှင်ဆိုရင်တောင်
သူမ နှုန်းက ကြောက်စရာကောင်းအောင်
မြန်တယ်လို့ ပြောလို့ရတယ်။ ဟိုးအရင်က
အမြန်ဆုံးဆိုတဲ့ သေဆုံးပြီးဖြစ်သော ဓားတောင်
ဆက်ခံသူတောင်မှ အသက် ၁၅ နှစ် ရောက်မှ
ချီ အဆင့်ပြည့်စုံဆင့်ကို ရောက်တာလို့ သူမ
ကြားဖူးတယ်။

ထို ဓားတောင်ဆက်ခံသူနာမည်က ဘာပါလိမ့်။
သူမ မှတ်ကို မမှတ်မိဘူး။

ယုလော်ကတော့.ထိုသူထက် တစ်နှစ်တောင်
စောနေခဲ့တယ်။ ပြည့်စုံအဆင့်မှာ ယုလော်ကို
တစ်နှစ်လောက်နေခိုင်းပြီးမှသာ အခြေတည်
အဆင့်ကို တက်လှမ်းစေမယ်လို့ ကျူ းယောင်
လည်း ဆုံးဖြတ်လိုက်တယ်။

သို့ပေမဲ့ ယုလော် အခြေတည်အဆင့်မတက်ခင်
ညမှာပဲ ထုံးစံအတိုင်း ကျူ းယောင်ရဲ့ နောက်
ကျနေတဲ့ ရှေ့ဖြစ်အိပ်မက် ရောက်လာပါတော့
တယ်။

ဒီတစ်ကြိမ်က အရင်လိုပါပဲ ။.ကျူ းယောင်မြင်
ရတဲ့ အိပ်မက်က တစ်ခြားလူတစ်ယောက်ရဲ့
ဘဝ ဖြစ်စဉ်ပဲ ပါပဲ။သို့ပေမဲ့မတူတာက သူမ
မြင်မက်နေရတာက ယုလော်မ
ဟုတ်ဘဲ မုမေ့ယန် အမည်ရတဲ့ မိန်းကလေး
အကြောင်းပါပဲ။ သူမ ဘဝ ဟာ သနားစရာ
အပြည့်နဲ့ပါပဲ။

(TN: ဂိုဏ်းနာမည်များကို ထင်သလိုပြန်ထားသည်
....LoL...😂...)

မုမေ့ယန်က ရှေးဟောင်းတောင် ဂိုဏ်းက မဟုတ်
ပါဘူး။.မိုးပြာဖျော့ရောင်.ဂိုဏ်းဆိုတဲ့ အလယ်
လတ် ဆင့် ရှိသော ကျငိ့ကြံဂိုဏ်းတစ်ခုက
ုဖြစ်တယ်။ ဂိုဏ်းချုပ်သမီးအနေနဲ့ သူမ ရဲ့ ဂုဏ်
သတင်းဟာ အတိုင်းအဆမဲ့ပါပဲ။ တစ်နေ့မှာတော့
ဒိဌိကျင့်ကြံသူတွေဟာ သူတို့ဂိုဏ်းတိုက်ခိုက်
ပြီး သုတ်သင်ပစ်ခဲ့တယ်။


သူ့ဖခင် မသေခင်မှာကြားခဲ့တဲ့စကားအတိုင်းပဲ
မုမေ့ယန်ဟာ တောင်ဘက်ကြယ်မင်းဂိုဏ်း
မှာ.သွားရောက် ခိုလှုံခံတယ်။ ဂိုဏ်းက နတ်ဝိဇ္ဇာ
ရှီဟန်က သူမကို တပည့်အဖြစ် လက်ခံခဲ့တယ်။
အစကတော့ အထက်ကိုရောက်ဖို့ ၊.ကြိုးစား
ဖို့နဲ့.ပြည့်နှက်နေတဲ့အတွက် မုမေ့ယန်ဘဝဟာ
ပျော်စရာကောင်းနေသေးတယ်။သူ့ဆရာဖြစ်
သူကလည်း ဘေးရန်အသွယ်သွယ်ကနေ
သူမကို ကာကွယ်ပေးခဲ့တယ်။

ဆရာတူညီမလေး ယွဲ့ဟန်ရှင်း ရောက်လာတဲ့
အခါထိပေါ့။ သူမကိုလည်း ရှီဟန်က တပည့်
အဖြစ် လက်ခံလိုက်ပြန်တယ်။ ထိုနောက်မှာ
တော့ မုမေ့ယန်ဟာ အမေ့လျော့ခံဖြစ်လာခဲ့တယ်။
ဆရာတူ ညီမလေးကို ယှဉ်နိုင်ဖို့အတွက် မုမေ့ယန်
ဟာ နည်းမျိုးစုံ သုံးပြီး ချောက်တွန်းခဲ့တယ်။ကြံစည်
ခဲ့တယ်။

ကံမကောင်းစွာနဲ့ သူမရဲ့ ဆရာတူည်ီမလေးဟာ
ခေသူမဟုတ်ဘဲ သူမ အကြံစည်မှန်သမျှ ကျော်
လွှားနိုင်ခဲ့တယ်။ အဓိကဇာတ်ဆောင်အနေနဲ့
ယွဲ့ဟန်ရှင်းဟာ ဇတ်ဆောင်အရှိန်ဝါ အပြည့်ရှိနေခဲ့ပြီး သူမ ကို သဘောကျသူ ဖန် ယောကျာ်း
အတော်များများပါ ရ
ရှိလာခဲ့တယ်။ ခံစားချက်မဲ့ ဓား သိုင်း လေ့ကျင့်သူ
သူ့ဆရာ ရှီဟန် တောင် အပါဝင်ပေါ့။ သူမရဲ့(mary sue)ဘာလုပ်လုပ်အောင်မြင် ၍ ပြစ်မျိုးမှဲ့မထင် ဇာတ်ကောင် အရှိန်ဝါကတော့ လုံးဝကို အံ့ဖွယ်ပဲ
ဖြစ်တယ်။

(Mary sue=a women who is loved by everyone, can
Do everything and has no flaws to blame)



အဆုံးမှာတော့ မုမေ့ယန်ရဲ့ အကြံစည်တစ်ချို့
ကြောင့် သူ့ဆရာတူညီမလေး ယွဲ့ဟန်ရှင်း
အတိတ်ဇာတ်ကြောင်းဟာ ပေါ်ပေါက်လာခဲ့
ရတယ်။ ယွဲ့ဟန်ရှင်းဟာ သာမန် ကျင့်ကြံသူ
တစ်ယောက်မဟုတ်ဘဲ အထက်ဘုံက ကျောက်
စိမ်းနတ်သမီး တစ်ပါးဖြစ်ပြီး လွန်ခဲ့သော နှစ်
ဆယ်သန်းခန့်က
နတ်ဆိုးကို အနိုင်ယူဖို့.ကိုယ့်အသက်ကို ကိုယ် စတေးခဲ့သူ ဖြစ်တယ်။ သူမရဲ့ ဝိဉာဉ်အပိုင်းစလေးဟာ နှစ်ပေါင်းဆယ်သန်းလုံး လွင့်မျောနေခဲ့ပြီး အဆုံးမှာတော့ ကလေးမလေးတစ်ယောက်ထဲ ဝင်စားနိုင်ကာ ကျင့်ကြံခြင်းလမ်းပေါ် ပြန်ရောက်လာခဲ့ပြန်တယ်။

မုမေ့ယန်ကတော့ သေရမယ့် အရန်ဇတ်ရံပီပီ
သူ့ဆရာတူညီမလေးအတွက် ဖန်တွေ စု
ဆောင်းပေးမိရုံသာမက သူ့မရဲ့ အတိတ်ဇတ်
ကြောင်းတွေလည်း.ပေါ်ကုန်ပြီး လူအများက
သူမကို မုနိးတီးလာကြတယ်။ အတော်ဆုံး
ဒိဌိ ကျင့်ကြံသူတွေ၊ နတ်ဝိဇ္ဇာ တွေ ၊ ဂိုဏ်း
သခင်တွေသာမက သူ့ဆရာ ရှီဟန်က ပါ
သူမကို မုန်းလာခဲ့တယ်။

ကျူ းယောင်လည်း မုမေ့ယန် ကံကောင်းမှု
အတွက် လက်မ ထောင်ပေးမိတယ်။

ဂိုဏ်းထဲက ထုတ်ပယ်ခံရရုံသာမက မုမေ့ယန်ဟာ
ဒိဌိ ကျင့်ကြံသူတစ်ယောက်ဖမ်းတာကိုပါ ခံ
လိုက်ရတယ်။ သူမ ဟာ ရေနဲ့ သစ်သား ဝိဉာဉ်
ကြော ပိုင်ရှင်မလို့ ထိုဒိဌိ ကျင့်ကြံသူက သူမကို
မီးပြင်းဖိုလိုမျိူ းအသုံးချခဲ့တယ်။နောက်ပိုင်း
ပြကွက်တွေကတော့ မုမေ့ယန်ဟာ တစ်ချိန်လုံး
ယောကျာ်းတွေရဲ့ ဟိုဒင်းဟိုဟာပြု
ခြင်းကို ခံနေရတဲ့
ပြကွက်တွေပါပဲ။ ထိုသို့အသုံးချ ခံရမှုကြောင့်
သူမရဲ့ ကျင့်ကြံဆင့်က နတ်ဝိဉာဉ်ဆင့်ကနေ
ချီ အဆင့်ထိရောက်အောင်ကို ကျဆင်းပြီးတော့
သေ ဆုံးသွားခဲ့တယ်။ သူမ မသေခင်မှာ ကြား
လိုက်ရတာကတော့
ချစ်လှစွာသော ဆရာတူညီမလေးဟာ သူ့ချစ်သူ
ပေါင်းမြောက်မြားစွာထဲက ဘယ်သူ့ကိုမှ မရွေး
ဘဲ တစိကိုယ်တည်း အထက်ဘုံတက်လှမ်း
သွားတယ်ဆိုတာပါပဲ။ ဆရာဖြစ်သူကလည်း
မ စိတ်မွှန်လို့ အထက်ဘုံတက်လှမ်းသွားတဲ့
တပည့်ဖြစ်သူနောက် လိုက်ဖို့ ကြိုးပမ်းရင်း
နတ်ဘုရား အဖြစ် စမ်းသပ်ခံ မိုးကြိုးတွေအောက်
မှာ မီးသွေးတုံးဖြစ်တဲ့အထိ အပစ်ခံရကာ
သေဆုံးသွားတယ်ဆိုတာပဲ ဖြစ်တယ်။


ကျူ းယောင်လည်း ထို ကံမကောင်းရှာတဲ့
ဇာတ်ရံ ကို သနားမိပေမဲ့လည်း မုန်းစရာ
ကောင်းတဲ့အချက်တွေလည်း ရှိနေသေးပြန်
တယ်။ သူမဟာ တစ်ချိန်လုံး အရင် ထောင်ချောက်
လိုက်ဆင်နေခဲ့သူဖြစ်တယ်။ ဇတ်ဆောင်မင်းသမီး
ဟာ ဘယ်လောက်ပဲ ခွင့်လွှတ်ပေးနေပါစေ
ထိုမုမေ့ယန်ရဲ့ကိုယ့်သေတွင်း ကိုယ်တူးနေတာ
တွေကို ဘယ်လိုမှ မတတ်နိုင်ဘူး။


ကျူ းယောင်လည်း အိပ်မက်က ဒီနေရာတင်
ပြီးဆုံးပြီလို့ ထင်နေခဲ့တယ်။ ဒီအိပ်မက်နဲ့
မုန်လာဥလေးနဲ့ ဘာမှ မသက်ဆိုင်ပါဘူးလို့
ပြောမလို့ရှိသေး မိုးကြိုး ပစ်သံတစ်ခုနဲ့ အတူ
ဆက်စပ်မှုက ပေါ်ပေါက်လာခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ဇတ်ရံ သမ မုမေ့ယန်ဟာ
လူပြန်ဝင်စား ခဲ့လိုပဲ ဖြစ်တယ်။

အမှန်ပဲ။သူမ ပြန်ဝင်စားခဲ့တဲ့ အချိန်ကတော့
အတိတ်မှာ.ပြန်ဝင်စားခဲ့တာဖြစ်တယ်။ သူမ
ဝင်စားခဲ့တာလည်း သူ့ကိုယ်ထဲ မဟုတ်ဘဲ
ကျူ းယောင်ရဲ့ တပည့်ကျော် မုန်လာဥလေးရဲ့
ကိုယ်ထဲမှာ ဖြစ်တယ်။

သူမ အိပ်မက်ထဲတွေ့ရတဲ့ မုန်လာဥလေးဟာ
သူမ ပျိုးထောင်ထားတဲ့ မုန်လာဥလေးနဲ့ အတော်
ကို ကွဲပြားနေခဲ့တယ်။ အိပ်မက်ထဲက.မုန်လာဥ
လေးဟာ အားနည်းပြီး သတ္တမရှိသူ ဖြစ်သလို
ကိုယ့်ကိုကိုယ် အမြဲ အားငယ် သိမ်ငယ်နေသူ
လည်း ဖြစ်တယ်။သူမရဲ့ ရေအာကာသ ဝိဉာ
ဉ်ကြောကြောင့် ဘယ်နားသွားသွား လူတွေ
လက်ညိုးှထားတာ ခံခဲ့ရတယ်။ သူ့မြင်တာနဲ့
လူတွေ ကြောက်လန့်ရတဲ့ ယခု မုန်လာဥလေး
နဲ့ မတူ ကွဲပြားလှတယ်။

ထို အိပ်မက်ထဲမှာ သူ့သမီး မီးပြင်းဖိုလို အသုံး
ချ ခံရတာကနေ ကာကွယ်ပြီး ဖြစ်အောင်
ဇီမိုဟာ သူ့သမီးကို ဘာဂါထာမှ မသင်ပေးခဲ့
ဘူး။ ကျင့်ကြံဆင့်လည်း မကျင့်စေခဲ့ဘူး။
ဒါကြောင့် မုန်လာဥလေးဟာ သူ့ကိုယ်သူ ကာ
ကွယ်ဖို့ အစွမ်းမရှိခဲ့သလို ဓားတောင်က အိမ်
လေးထဲမှာပဲ အမြဲ ပုန်းနေခဲ့ပြီး အပြင်ကိုတစ်ခါမှ
မထွက်ခဲ့ဘူး။ သူမ အသက် ၂၀ ပြည့်တဲ့နှစ်မှာ
ဂိုဏ်းပေါင်းစုံ သိုင်းပြိုင်ပွဲ ကျင်းပခဲ့တယ်။ ထို
ပြိုင်ပွဲကာလအတွင်း တစ်ခြားဂိုဏ်းက ဂိုဏ်းသား
တစ်ယောက်ဟာ သူမ နေရာကို မတော်တဆ
ရောက်လာခဲ့တယ်။
မုန်လာဥလေးအလှကို ကြိုက်သွားပြီး ကာမ ရမ္မက်တွေ ထကြွလာခဲ့တယ်။


ရမ္မက်ထန်တဲ့ ဝံပုလွေဟာ ခွန်အားမဲ့ သိုးငယ်လေး
ကို ရယူဝါးမြိုခဲ့တယ်။ မုန်လာဥလေးဟာ အရှက်
ကိုအသက်နဲ့လဲလို့ ကာကွယ်ခဲ့တယ်။သူ့ကိုယ်
လျှာကိုက်ကာ သတ်သေခဲ့တယ်။

ထို့နောက်မှာတော့.....ဒန်.တန်...တန်......တန်.....
(တန်ကို အသံရှည်ဆွဲဖတ်ရန်).....
ဇာတ်ရံမမ မုမေ့ယန်ဟာ ပြန်လည် ဝင်စား
ရှင်သန်လာပါတော့တယ်။ မုန်လာဥလေးဟာ
အစထဲက သေချင်နေသူမလို့ သူမရဲ့ ဝိဉာဉ်
ဟာ မုမေ့ယန် ကျူ းကျော်လာတဲ့အချိန်မှာ
လုံးဝ မခုခံဘဲ ခန္ဓာကိုယ်အပိုင်စီးတာကို လက်ခံ
ခဲ့တယ်။ သည်လိုနဲ့ ဇတ်ရံမမ မုမေ့ယန်ဟာ
မုန်လာဥလေး ကိုယ်ကို အပိုင်စီးလိုက်ပါတော့
တယ်။



ထိုသို့ မုမေ့ယန် ခန္ဓာကိုယ်ကို အပိုင်စီးပြီးနောက်
ဖြစ်လာတဲ့ အရူးနှမ်းဆုံး မဖြစ်နိုင်စရာ ကိစ္စက
တော့ မုန်လာဥလေးဟာ ရေအာကသ ကနေ
ရေခဲအာကာသ ဝိဉာဉ်ကြော အဖြစ် ဝိဉာဉ်
ကြော ပြောင်းလဲသွားတာပဲ ဖြစ်တယ်။
(TN:
Level up!! စွမ်းသွားပြီ)

ထို့နောက်မှတော့ မိစ္ဆာ မျိူ းစုံနဲ့တိုက်ခိုက်ပြီး
မုမေ့ယန်ဟာ အစွမ်းတွေ မြင့်တက်လာတယ်။
နောက်ဆုံးမှာ ဇတ်ဆောင် ယွဲ့ဟန်ရှင်းနဲ့.စာရင်း
ရှင်းနိုင်ခဲ့တယ်။ ယွဲ့ဟန်ရှင်း ရဲ့ ဖန် ယောကျာ်း
တွေကိုလည်း သူမ လူတွေဖြစ်အောင် လုပ်
ယူနိူင်ခဲ့တယ်။ သူ့လူ ဖြစ်အောင် စုဆောင်း
နိုင်ခဲ့တဲ့ သူတွေဟာလည်း တစ်ကယ့်ကို
ဒိတ်ဒိတ်ကျဲ ကျင့်ကြံသူတွေချည်းပဲ။.သူမရဲ့
လုပ်ဆောင်ချက်ကတော့.ခပ်ကြမ်းကြမ်း ဆန်
တယ်ပြောရမယ်။ တစ်ချိန်လုံး ထိုယောကျာ်းတွေ
နဲ့ ဟိုဒင်းဟိုဟာတွေ ပြုနေခဲ့ပြီး အချစ်စစ်တွေ
မေတ္တာတွေကို
ကို မေ့လျော့ထားခဲ့ကြတယ်။ သူမရဲ့ ဆန္ဒအဖြည့်
ခံ ယောကျာ်းတွေထဲ သူ့အရင်ဆရာ ရှီဟန်တောင်
ပါတယ်။

သူမရဲ့ ညီမလေး ယွဲ့ဟန်ရှင်းကလည်း ပေါ့
သေးသေးမဟုတ်ခဲ့ဘူး။ သူမဟာ လူပြန်ဝင်
စားတဲ့ နတ်သမီးလည်းဖြစ် ဟိုတစ်ချိန်က
နတ်ဆိုးကိုတောင် အနိုင်ယူခဲ့ဲတဲ့သူဖြစ်တယ်။


မုမေ့ယန်ဆီကနေ ပြင်းပြင်းထန်ထန် ထိူးနှက်
ချက်တွေ.ရင်ဆိုင်ရပြီးနောက်မှာတော့ သူမ
ရဲ့ ယခင်ဘဝက အစွမ်းစတွေ နိုးထလာခဲ့ပြီး
စွမ်းပကားထွန်းလင်း ယွဲ့ဟန်ရှင်း ဖြစ်လာပြန်
တယ်။ မု့မေ့ယန်နဲ့ ကမ္ဘာမကြေ စာရင်းရှင်းဖို့
လည်း ကျိန်ဆိုခဲ့တယ်။ဒါကြောင့် ထို ရန်ဖက်
၂ ယောက်ဟာ နှစ်ပေါင်း ၂ သောင်း တိုင်
တိုင် ရောက်ရာအရပ်မှာ စာရင်းရှင်းခဲ့ကြတယ်။
တစ်လောကလုံးဟာ စစ်တလင်းဖြစ်သွားခဲ့
တယ်။

တစ်ဖက်က ဇတ်ဆောင်ဖြစ်တယ်။ ယခင်ဘဝက
အစွမ်းစတွေပြန်ရပြီး စွမ်းပကား ထွန်းလင်း ယွဲ့ဟန်ရှင်း!! တစ်ဖက်ကတော့  မုမေ့ယန်နဲ့ သူမ၏ ယောကျာ်းများ စစ်တပ်!!
နှစ်ဖက်လုံးက အင်အားညီမျှ နေခဲ့ကြတယ်။
အဆုံးမှာတော့ မုမေ့ယန် ဟာ နိုင်သွားခဲ့တယ်။
သို့ပေမဲ့ ပြင်းထန်သော ဒဏ်ရာတွေကြောင့် သူလည်း သေဆုံးသွားခဲ့တယ်။ထို အချိန်မှာတော့
ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးဟာ.သူတို့
၂ ဦး တိုက်ပွဲကြောင့် အပျက်စီးပုံကြီးဖြစ်နေပြီး သုံးစားမရတဲ့တော့ နျူ လက်နက်သင့် ကမ္ဘာဖြစ်နေခဲ့ပြီ။

ကျူ းယောင်လည်း ထို မြင်ကွင်းကို ကြည့်ရင်း
ဒေါသထွက်လာတယ်။ ဇတ်ရံ ကောင်က
ှှှဇာတ်ဆောင်ကို ပြန်လက်စားချေတဲ့ ဝတ္ထု တွေ
အများကြီးကို သူမ မြင်ဖူးပေမဲ့လည်း မုမေ့ယန်လောက် စေ့စပ်သေချာတဲ့သူကို သူမ မမြင်ဖူး
သေးဘူး။ ရှိသမျှ လူဟောင်းတွေနဲ့ စာရင်းရှင်း
ရုံသာမက မုန်လာဥလေးရဲ့ အဖေ ဇီမိုတို့
ဇနီးမောင်နှံကို ပါ အလွတ်မပေးခဲ့ဘူး။
သူမ ပြောတာကတော့ အရင် ခန္ဓာကိုယ်ပိုင်ရှင်
အစား တရားမျှတမှုဆောင်ကြဉ်းပေးတာ ဖြစ်တယ်တဲ့။


နင့် အစ်မကို တရားမျှ တမှု ဆောင်ကြဉ်းပေး!!
မုန်လာဥလေးကို သူ့အဖေရင်း အမေရင်း.ပြန်
သတ်ဖို့ ကူညီပေးတာက တရားမျှတမှုဆောင်
ကြဉ်းပေးတာလားဟ။ ဒီ မုမေ့ယန် ဘယ်လိုများ
ဒီလို အကြံဉာဏ်တွေ ရလာလဲဆိုတာ.သူမ
မသိတော့ဘူး။ ကျူ းယောင်လည်း ထိုမုမေ့ယန်
နဲ့ ဘဝအကြောင်းဆွေးနွေးချင်လာတယ်။


အခန်း ၉၄ ပြီး၏။

နောက်အပိုင်း>>တွေ့ရတာနဲ့ ဖြစ်ချင်တာက ကွာတယ်

(Hello...နောက်ပိုင်း...up အနည်းငယ်
ကြာပါမယ်နော်.......😜
Haply reading !!
)

Weiterlesen

Das wird dir gefallen

132K 23.1K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
998K 126K 144
ကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ...
393K 33.6K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
385K 63.2K 105
ဝတ္ထုပေါင်း ဇာတ်​လမ်းပေါင်း မြောက်​များစွာကနေ ဖြစ်​ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်​လို့ စိတ်​ကူးကြည့်​ပါလား။ သင်​သာဆိုရင်​ ဘယ်​ဇာတ်​ရုပ...