87
သူမ နိူးလာတော့ ခေါင်းလည်းမူးနေပြီး
တစ်လောကလုံးဟာ ချားရဟတ်လို လည်
နေသလို လည်နေတယ်လို့ ခံစားရတယ်။
ခဏကြာမှ မူးတာက သက်သာလာတယ်။
စိတ်ထဲလည်း ခဏမျှ ဗလာကျင်းနေတယ်။
ဒီတစ်ကြိမ်သေရပုံကို ပြန်စဉ်းစားမိတော့
သူမကိုယ်ကို သနားမိတယ်။ ဒီတစ်ခေါက်က
ယွဲ့ယူတို့ နှိပ်စက်ခံရပြီးမှ သေခဲ့ရတာ။
သူမ ဒီလောကထဲ ဝင်စားပြီးကတည်းက
ပြီးတော့ ဒီလို ထပ်ခါထပ်ခါ အသက်ရှင်နိုင်တဲ့
အခွင့်ရေးထူးရပြီးထဲက ကြောက်စရာဆိုတာ
မရှိခဲ့ဘူး။ သေတာကိုတောင် ကြောက်စရာ
မလိုတော့တာ တစ်ခြားဘာကို ကြောက်ရ
ဦးမှာလဲ။
ဒါပေမဲ့ သူမမေ့နေတာတစ်ခုက ကျင့်ကြံခြင်း
လောကမှာ သေဖို့ဆိုတာ လွယ်ကူလှပြီး
နှိပ်စက်ကလူပြုခံရပြီး သေဖို့ဆိုတာ က
ပိုတောင်လွယ်ကူတယ်ဆိုတာပဲ။ ဒီကမ္ဘာမှာ
လူ့ဝိဉာဉ်ကို ချူပ်ထားနိုင်တဲ့ အတတ်ပညာမျိူ း
ရှိတယ်ဆိုတာ သူမ မျှော်လင့်မထားမိဘူး။
သူမ သေပြီးတာတောင် ခန္ဓာကိုယ်ကနေ
ခွာလို့မရဘဲ ဆက်အနှိပ်စက်ခံနေခဲ့ရတယ်။
ထိုနှိပ်စက်ခံရတဲ့ ရက်တွေဟာ ငရဲမှာနေရတဲ့ရက်
တမျှပဲ။ အတွေးတွေက မှုန်မှုန်ဝါးဝါး ဖြစ်နေပေမဲ့
ထိုအကြောင်းပြန်တွေးမိရင်ကို ကြက်သီးထ
လာတယ်။သူမရဲ့ ခိုင်ခံ့လွန်းတဲ့ သုံးဖက်မြင်
(လောကပေါ်အကောင်းမြင်)တာ မပျက်စီး
သွားတာပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင်
လောကကို အရွဲ့တိုက်ချင်စိတ်တွေပေါ်လာ
ပြီး ဖျက်ဆီးပစ်ခဲ့မိမလားမသိ။
သူ့ဆရာကသာ သူမ ကိုယ်ပေါ်မှာ ကျိန်စာချ
ထားခံရတဲ့ ဝိဉာဉ်ချူပ် ဂါထာကို မဖယ်ရှားပေး
ခဲ့ဘူးဆိုရင် သူမ ခုချိန်ထိကို.သူ့ကိုယ်သူ
သေမှန်းကို သိမှာမဟုတ်လောက်ဘူး။
ကြည့်ရတာ သူမ ရူးသွားတဲ့ထိကို ယွဲ့ယူနဲ့
ရှောင်ရီရဲ့ အနှိပ်စက်ကို ခံရမယ်ထင်တယ်။
ဒီတစ်ခေါက်ကြုံတွေ့ရတာတွေက သိပ်ကို
ကြောက်စရာကောင်းလွန်းလို့လားမသိ
သူမ အချိန်အတန်ကြာ မူးနောက်နေခဲ့တယ်။
သူမခပ်ရေးရေးမှတ်မိတာကတော့ သူ့ဆရာ
ပြီးနောက် ဖန်းရီလည်း ပေါ်လာတယ်ဆိုတာပဲ။
ဖန်းရီက ရှောင်ရီ့ကိုယ်ထဲက သတ္ထု ဝိဉာဉ်
ကို ဆွဲထုတ်ပစ်ရုံသာမက ရှောင်ရီ့ ကျင့်ကြံဆင့်
ကိုပါ ဆုံးခန်းတိုင် ဖျက်ဆီးပစ်စေတယ်။
ဒီလိုဆိုတော့ အဖျက်ကောင် ရှောင်ရီဟာ
နိဂံးုချူပ် သွားပြီလို့ ဆိုရမယ်။
ထိုအချိန်မှာတော့ အခက်ခဲတစ်ခုကို ကျော်လွှား
နိုင်ခဲ့လို့ အသီးပွင့်ကို ခံစားနေရသလိုမျိူ း
ကျူ းယောင်ခံစားလိုက်ရပြီး ပျော်ရွှင်သလိူလိူ
ဖြစ်လာတယ်။
ကျူ းယောင်လည်း ခေါင်းရမ်းရင်း ပတ်ဝန်းကျင်
ကို စူးစမ်းလိုက်တယ်။ သူမရောက်နေတဲ့
နေရာက မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်
ပုံရတယ်။ မြက်ပင်တွေဟာ မြေဆီအာဟာရ
ကြွယ်ဝလို့ ထင်ပါရဲ့ သူမထက် မြင့်မားနေတာ
ချည်းပဲ။
ရှေ့ဘက်က မြစ်ဆီကတောင် ရေစီးသံသဲ့သဲ့
ကို ကြားနေရတယ်။ သူ့ကိုယ်သူ ရေထဲမှာ
ဘယ်လို ပုံရိပ်ရှိလဲဆိုတာ ကြည့်ချင်တာကြောင့်
ကျူ းယောင်လည်း ရှေ့ကို တစ်ချက်ခုန်လိူက်
တယ်။
နေကြပါဦး! သူ ဘာကိစ္စ ခုန်ရမှာတူံး။
ရုတ်တရက် မကောင်းတဲ့ နိမိတ်တွေ ခံစား
လာရတယ်။ ကျူ းယောင်ခေါင်းကို ဖြည်းဖြည်း
လေး နောက်လှည့်ကြည့်မိတယ်။
မျက်လုံးထဲ ဝင်လာတာက မယုံနိင်စရာပဲ။
မဟုတ်သေးဘူး။ မဟုတ်သေးဘူး။
မဟုတ်သေးဘူး။ သူမ ခေါင်းလှည့်လိုက်တာ
မှားနေတာများလား။
ဟိုဘက်ကနေ လှည့်ကြည့်ဦးမှ။
တစ်ဖက်ကို ထပ်လှည့်ကာဖြင့် နောက်ကို
ကြည့်တယ်။
ပြီးတော့ သုံးကြိမ်မြောက်..
လေးကြိမ်မြောက်....အခါမှာတော့...
နင့်မေငုံးဥ!! တစ်ယောက်ယောက်.ရှင်းပြကြ
ပါဦး!! နောက်က ရှည်ရှည်လျားလျား အမြီး
ကြီးက ဘာလဲ။ ပြီးတော့ အကြေးခွံတွေကြီး
အုပ်ထားတာကရော။ ပြီးတော့ အကြေးခွံတွေ
က အလင်းတောင်ပြန်နေသေး။ ရွှေရောင်
တွေတောင် တောက်လို့။
အာ....း............!!!!
သူမကို ဖန်တီးနေတဲ့ ထိုထိုသော အထက်ပုဂ္ဂိုလ်
ကို အတော်ကိုမေးချင်လာတယ်။ ကိုယ့်သာ
ဂိမ်းဌာနမှာ အလုပ်လုပ်နေတဲ့ လှလှပပ
အဖူးငုံပွင့်စ မိန်းကလေးတစ်ယောက်ကို
ဒီလို ရှုပ်ထွေးနေတဲ့ ကမ္ဘာထဲ ခေါ်တယ်။နည်း
မျိုး စုံနဲ့လည်း သေခိုင်းတယ်။ပထမတစ်ခါ
လူပြန်ဝင်စားတုန်းက ကလေးပေါက်စိ ဖြစ်
ခဲ့ရတယ်။ ဒါလည်း သူမ သည်းခံနိုင်သေး
တယ်။မိန်းကလေးဖြစ်နေဆဲမလို့လေ။
ဒုတိယတစ်ခါလည်း လူဝင်စားရရော
မိန်းကလေးမဟုတ်တော့ဘူး။ နေ့စဉ်နဲ့အမျှ
Yaoi နဲ့ yuri လိုင်းကြား ဗျာများနေရတယ်။
ခုတစ်ခါလည်း လူဝင်စားရော လူကို မဟုတ်
တော့ဘူး။ တိရစ္ဆာန် အနေနဲ့ ဝင်စားပြီး ကလေးမွေး
ရမယ့် အခါသမယများလား။
ကောင်းကင်ဘုံရယ် ရှင်ဟာ့ရှင် တိရစ္ဆာန် တွေ
မိတ်လိုက်တာ ကြည့်ချင်တယ် စိတ်ဝင်စား
တယ်ဆိုရင်တောင် ကျမကိုတော့ ရှင့်လိုအင်
ဖျော်ဖြေဖို့ တိရစ္ဆာန် မပြောင်းသင့်ဘူးမလား။
သတ္တိရှိရင် ပွဲပြီး တွေ့ကြတာပေါ့...သောက်
ကောင်..!!
စိတ်ထဲကနေ အကြိမ် ရှစ်ရာလောက် ကျိန်ဆဲ
ပြီးနောက်မှာတော့ သူမက လူမဟုတ်တော့
ဘူးဆိုတဲ့ ဇာတ်ညွှန်းအပြောင်းလဲကို ကျူ း
ယောင်ခမျာ လက်ခံလိုက်ရတယ်။
နောက်က အကြေးခွံအပြည့်နဲ့ အမြီးရှည်ကြီး
ကို ငေးရင်းပေါ့။ပြီးတော့ သိမ်းငှက်လက်သည်း
လို ရှည်လျားတဲ့ လက်သည်းချွန်လေးခုပါတယ်။
သေချာစဉ်းစားကြည့်တော့ သူမက သာမန်
တိရစ္ဆာန်အကောင်ဖြစ်ပုံမရဘူး။ မှော်သတ္တဝါ
အကောင်တစ်ကောင် ဖြစ်ပုံရတယ်။
ဒီကမ္ဘာမှာတော့ မှော်သတ္တဝါ ဆိုတာ
အာထရားမန်း လူသား စာရင်းဝင်
အကာင်ဆိုးတွေပဲ(x -menလည်း
ရတာပဲ)။
သူတို့က လူတွေသတ်ဖြတ်ခြင်းခံရတဲ့ အဓိက
ပစ်မှတ်တွေပဲ။ သူမလည်း ကံမကောင်းအကြောင်း
မလှရင် တစ်ယောက်ယောက်က ဖမ်းသွား
ပြီး ကျေးကျွန် မှော်သတ္တဝါလေးအဖြစ်
မွေးထားတာခံရနိုင်တယ်။ပိုဆိုးရင် တစ်ဘဝ
လုံး သေတာထက်ဆိုးအောင် ကျွန်ပြု ခံရမှာ။
တွေးကြည့်ရုံနဲ့တင့် သူမရဲ့ အနာဂတ်က
ကြောက်စရာအတိပါ။ နှမ်းလေးလို အရိုက်ခံ
ချင်တဲ့ အကောင်ပဲ သူများ ကျေးကျွန်အကောင်
ဖြစ်ဖို့ စိတ်ဝင်စားမှာ။
နှမ်းလေးဆိုမှ သူမ မသေခင် မှာ သူ့ဆရာက
နှမ်းလေးကို သူ့ စိတ်အာရုံနယ်မြေထဲ ပြန်ဝင်ခိုင်းလိုက်တာသတိရလာတယ်။ သူမလည်း မတတ်နိူင်
ဘဲ နှမ်းလေးကို ခေါ်ထုတ်လိုက်တယ်။
''နှမ်းလေးရေ....''
သူမ လည်း အော်လိုက်ရော သူမ စိတ်အာရုံ
နယ်မြေထဲကနေ တစ်ခုခုက တိုးထွက်သွား
တယ်။ပြိးတော့ ဘနိးခနဲ မြည်ကာ တောင်ပူစာ
တစ်လုံးမျှ ကြီးမားတဲ့ မှော်သတ္တဝါ ကောင်ကြီးက
ရှေ့မှာ ရပ်နေတယ်။
''ညောင်...''
တောင်ပူစာတစ်လုံးမျှ ကြီးမားတဲ့ နှမ်းလေးဟာ
အသံညောင်နာနာနဲ့ ထွက်ပေါ်လာတယ်။
သူ့မျက်လုံးနှစ်လုံးက သူမကို ကြည့်ရင်းနဲ့
နောက်ကို သတိတရ နှစ်လှမ်းလောက် ဆုတ်
လိူက်သေးတယ်။အရင်ကလို မောက်မာတဲ့
ပုံစံမရှိတော့ဘဲ သူမကို တလေးတစားတောင်
ကြည့်တဲ့ အရိပ်ယောင်တောင်ရှိနေသေးတယ်။
ဒီအကောင် ရူးသွားပြန်ပြီလား။ အရင်လို
ဝေါင်း ခနဲ မိုးမြေသိမ့်တုန်အောင် အော်သံကြီး
က ဘယ်ရောက်သွားတာလဲ။
ကျူ းယောင်လည်း ပုံမှန်နဲ့မတူ တစ်မူထူးခြားနေတဲ့
နှမ်းလေးကို မော်ကြည့်ရင်းနဲ့ လည်ပင်းနည်းနည်း
ညောင်းလာတာမလို့ ပြောလိုက်တယ်။
''ဘာကိစ္စ မင်း တအားကြီးနေတာလဲ''
နှမ်းလေးကိုယ်လုံးက တစ်ချက်တုန်တက်သွား
ပြီး ညောင်ခနဲ အော်မြည်ပြန်တယ်။ ပြီးတော့
အဆပေါင်းမြောက်မြားစွာ သေးလိုက်တာ
သူမနဲ့ အရွယ်စားတူ ဖြစ်လာမှပဲ ရပ်သွား
တော့တယ်။သူမကို မရဲတရဲ ကြည့်နေတဲ့
နှမ်းလေး မျက်လုံး နက်နက်တောက်တောက်
တွေက စိတ်လှုပ်ရှားနေတယ်ဆိုတာ အသိ
သာကြီး။
ကျူ းယောင်လည်း သူ့ကို သေချာကြည့်ပြီး
တုန်လှုပ်စွာ ပြောတယ်။
'' မင်း ဘယ်လိုလုပ် နဝမဆင့် ဖြစ်သွား
ရတာလဲ..''
ထပ်ပြီး သူ့ရဲ့ ကျင့်ကြံဆင့်ကို နှမ်းလေး နိမ့်
ထားတာလား။
မေးသံကြားတော့ နှမ်းလေးရဲ့ တက်ကြွနေတဲ့
ပုံစံက ပျောက်သွားပြီး နည်းနည်းတောင်
ဝမ်းနည်းသံပေါက်နေတယ်။
'' ကျနော်လည်း မသိဘူး....ကျတော်
သခင်မ.....စိတ်အာရုံနယ်မြေထဲ နိုးလာတော့
ကျတော် နဝမဆင့် ဖြစ်နေတယ်ဆိုတာ တွေ့
ရတာပဲ''
ဒါက ဘယ်လိုဖြစ်ရတာလဲ။ အရင်တစ်ခေါက်
သူမ နဲ့ အတူ လူပြန်ဝင်စားတုန်းက နှမ်းလေး
ခုလို ကျင့်ကြံဆင့် ပြုတ်ကျ မဖြစ်ခဲ့ပါဘူး။
''ဒါဆို ငါကရော...''
ကျူ းယောင်လည်း သူ့လက်သည်းတွေကို
မြှောက်ရင်း ကျင့်ကြံဆင့်ကို အာရုံခံကြည့်နေ
တယ်။
''သခင်မက...နတ်ဝိဇ္ဇာ.. .သခင်မက
နတ်ဝိဇ္ဇာ အဆင့်မှာ...''
သူမ ကိုယ့်ဘာသာ မသိခင်မှာပဲ နှမ်းလေးက
ဝင်ဖြေတယ်။သူ့ကြည့်ရတာ စိတ်လှုပ်ရှား
လွန်းနေတယ်။
ဒီအရိုက်ခံချင်တဲ့ ကောင် ဘာဖြစ်နေပြန်တာလဲ။
သူမ လူပြန်ဝင်စားတာကို သူမထက်တောင်ပို
ပျော်နေသလိုပဲ။ သူ့ကျင့်ကြံဆင့် ကျသွားတာ
ကိုတောင် ဂရုမစိုက်တော့သလိုပဲ။
ဒါပေမဲ့ သူ ဘာလို့ ဒီတစ်ခါ ခုလို ကျင့်ကြံဆင့်
ရုတ်တရက် မြင့်သွားရတာလဲ။ ဟိုတစ်ခေါက်
တုန်းက သူမ ရှောင်ရီ့ သတ္ထု ဝိဉာဉ်ကို တား
လိုက်တာမလို့ နတ်ဝိဉာဉ်အဆင့်ကို ရောက်
သွားခဲ့ရတာ။
ကြည့်ရတာ သူမ တစ်ခါသေတိုင်း ကျင့်ကြံဆင့်
က တစ်ခုစာ မြင့်သွားတာများလား။
နောက်တစ်ခါသေရင် တစ်ခါထဲ နတ်ဘုရား
ဖြစ်ပြီး
အထက်ကောင်း
ကင်ဘုံ တက်နိုင်မှာတော့ မဟုတ်လောက်
ပါဘူးနော်။
''သခင်မ ဆာနေလားဟင်....ရေများ
သောက်ချင်သေးလား....အသားဟင်းရော
စားချင်လားဟင်....ဟော့ဒီ နှမ်းလေးလေ..
သခင်မ စားဖို့ အတွက် အကောင်ပေါက်စနလေးေ
တွ သွားဖမ်းပေးပါ့မယ်...ရတယ်မလားဟင်..''
ပြောရင်းနဲ့ နှမ်းလေး မျက်လုံးတွေက ဘလင်း
ဘလင်းထနေတယ်။
တစ်ခုခုတော့ မှားနေပြီ။ အရင်ကလို မဟုတ်
တဲ့ နှမ်းလေးကိုက တစ်ခုခု မှားနေပြီ။ အရင်
တူန်းက သူမခိုင်းတဲ့တောက်တိုမယ်ရ
တွေ လုပ်ပေးပေမဲ့ ဒီလောက် စိတ်အားထက်
သန်တာမျိုး မရှိဘူး။(သခင် မလို့ မတတ်သာ
လို့ လုပ်ပေးရတာမျိုး)
သူမ ခု တစ်ခါဝင်စားတဲ့ မှော်သတ္တဝါ ရဲ့
ခန္ဓာကိုယ်က တစ်ခုခုများ မှားနေလို့်လား။
ကျူ းယောင်လည်း.ပြန်မဖြေဘူး။ အခြေနေကို
ကိုယ့်ဘာသာ ကွဲကွဲပြားပြားသိအောင်
လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။လက်ရှိ ခန္ဓာကိ်ုယ်
နဲ့က အသားမကျသေးတာမလို့ နောက်ခြေ
ထောက်နှစ်ချောင်းကို အားပြု ရပ်ရင်း
နှမ်းလေးကို ကွေ့ပတ်ကာ မြက်တောထဲက
ထွက်ခဲ့တယ်။
ထင်တဲ့ အတိုင်းပဲ ရှေ့နားမှာ မြစ်တစ်စင်းရှိ
နေတယ်။ အသက်ပြန်ရှင်တိုင်း ချီ ပျောက်ဆူံး
တတ်တာမလို့ ဒီတစ်ခါလည်း သူမ ကိ်ုယ်ထဲ
ချီက နတ္ထိ။
သူမ ဘာအကောင်ဖြစ်နေတာလဲသိချင်ရင်တော့
ရေထဲ ထင်တဲ့ ပုံရိပ်ကိုကြည့်မှ ရမယ်။
ရေထဲက ပုံရိပ်ကို ကြည့်ပြီးနောက် သူမ
လန့်သွားခဲ့တယ်။
သူမခေါင်းက အကြီးကြီး။ ခေါင်းပေါ်မှာ.ချိုနှစ်
ချောင်း ရှိတယ်။ပြီးတော့ မြင်းလို မျက်နှာနဲ့။
ပြီးတော့ ဘေးနှစ်ဖက်မှာ နှုတ်ခမ်းမွှေးအရှည်
နှစ်ချောင်းတောင် ပါသေးတယ်။
ဒီလိုမျိူ းနဲ့ တူတဲ့အကောင်က...
နဂါး..! သူမက နဂါးပဲ...!!
တရုတိလူမျိုးလည်းဖြစ် ဘိုးဘွားတွေဆိုတာ
နဂါးမျိူ းဆက်တွေလို့.သက်ဝင်ယုံကြည့်တဲ့
လူမျိုး ဖြစ်တာမလို့ တစိချက်အကြည့်နဲ့တင်
ရေထဲက ပုံရိပ်က ဘာဆိုတာ သိလိုက်တယ်။
သိလိုက်ရတဲ့ အဖြေက နညိးနည်းလန့်စရာ
ကောင်းလွန်းတယ်။ကျူ းယောင်လည်း ခဏ
မျှ ကြောင်သွားခဲ့တယ်။ ခုထိကို အသိပြန်မဝင်
နိူင်သေးဘူး။
''သခင်ကြီး....''
နှမ်းလေးက စိတ်ပူပန်စွာနဲ့ သူမဘေးနား
ခုန်ကာရောက်လာတယ်။
'' သခင်ကြီး...ဘာဖြစ်လို့လဲ...''
''ငါ ခဏလောက် တိတ်တိတ်ဆိတ်ဆိတ်
နေချင်တယ်...''
နဂါးတစ်ကောင်ဖြစ်လာတယ်ဆိုတာ ကြားရတာ
ကောင်းတဲ့ကိစ္စ လို့ ထင်ရပေမဲ့လည်း နဂါးက
လည်း တိရစ္ဆာန် ဖြစ်နေတုန်းပဲလေ။
'' မင်း ဘာလို့ ငါ့ကို သခင်ကြီး ပြောင်းခေါ်
နေတာလဲ''
သူမကို ပြောင်းလဲခေါ်ဝေါ်နေတဲ့ နှမ်းလေး
အသံကို ကျူ းယောင်လည်း သတိထားမိ
သွားတယ်။
နှမ်းလေး မျက်လုံးတွေက တဖိတ်ဖိတ်တောက်
သွားတဲ့ ကျောက်မျက်လေးလိုပဲ။
'' သခင်မက လောလောဆယ်...နဂါးမျိူ းနွယ်
ဝင်ပဲ..နဂါးဆိုတာ...မှော်သတ္တဝါ အားလူံးရဲ့
အရှင်သခင်မလို့....သခင်မက...ခုကျတော့်
ရဲ့...အရှင်သခင်...ဘုရင်ပဲ...''
နဂါးဖြစ်ရတာ ခုလို ကောင်းကျိူ းရှိသေးတယ်
လား။
'' ဘယ်မှော်သတ္တဝါ မဆို အတူတူပဲလား''
နှမ်းလေးက ခေါင်းညိတ်တယ်။ ဒီလိုမျိူ းနာခံ
တယ်ဆိုတာက သူတို့ ပင်ကိုအသိဉာဏ်
နဲ့ သွေးထဲမှာထဲက နာခံရမယ် ဆိုတာ ပါနေ
ခြင်းပင် ဖြစ်တယ်။နဂါး မျိးနွယ်စုဟာ နတ်ဘုရား
စစ် မျိး နွယ်စုမှာ ပါဝင်တယ်။ သူတို့ရဲ့ နဂါး
ဆိုတဲ့ ဖြစ်တည်မှုကတောင် မှော်သတ္တဝါ
ထောင်သောင်းကို ခြေရင်းမှာ ဝပ်စင်းခစား
စေတယ်။(ခင်္သြေ့ကို တောဘုရင်ဆိုပြီး
ကြောက်ကြသလိုမျိုး ....မြန်မာပုံပြင်တွေထဲ
ပါတယ်လေ)
သို့ပေမဲ့ နှမ်းလေးဆိုတာက အသက်ရှင်
လာတာ နှစ်ထောင်သောင်းမကတော့ဘူး။
ဒီ လူ့လောကမပြောနဲ့ သူဆင်းလာခဲ့တဲ့
အထက်ဘုံမှာတောင် ဒီလို ဒဏ္ဌာရီ နဂါး
တစ်ကောင်မှ မရှိဘူးရယ်။
ခုတော့ သူ့ရှေ့မှာ နဂါး အစစ်တစ်ကောင် ရှိ
နေပြီ။ ပြီးတော့.အသက်ရှင်နေလျက်ကို တွေ
့ရတာ။
ကျူ းယောင်က နဂါးပေါက်စဖြစ်နေပြီး
ကျငိ့ကြံဆင့်ကလည်း နတ်ဝိဇ္ဇာ အဆင့်သာ
ရှိတယ်ဆိုပေမဲ့လည်း သူမရဲ့ နဂါးသွေးတည်
ရှိမှုကတင် နှမ်းလေးကို ခြေရင်းမှာဝပ်စင်း
ခစားစေချင်လာစေတယ်။ နှမ်းလေးကတော့
သူ့သခင်ကြီး ခြေထောက်အောက်ပြေးဝပ်ရင်း
အဇမ်းကို လိမ္မာရိုကျိူ းတဲ့ ခွေးပေါက်လေးလို
လုပ်ပြချင်နေပါပြီ။
သခင်မ ပေါင်ကိုလေ...ပြေးဖက်ချင်လိုက်တာ
ပြေးဖက်ချင်တာ....ပြေးဖက်ချင်တာ...
ဘယ်လိုလုပ်ရမလဲဟင်...!!
နှမ်းလေး.ရှင်းပြတာတောင် ကျူ းယောင်က
စိတ်ရှုပ်ထွေးဆဲ။ သူမစိတ်ထဲတော့.နဂါးနေနေ
တစ်ခြား မှော်အကောင်နေနေ အားလူံးက
အကောင်တွေပဲမလို့ လူတွေ အမဲလိူက်ခံရမယ့်
သတ္တဝါ.စာရင်းဝင်ချည်းပဲ။
ပြီးတော့.သူမ လက်ရှိအခြေနေ နဲ့ ရှေးဟောင်း
တောင်ကို ဘယ်လိုပြန်ရမလဲ။
ကျူ းယောင်လည်း ဒီပြန်ရေး.ကိစ္စကို ဒုက္ခတွေ့
နေစဉ်မှာပဲ ခပ်ဝေးဝေးကနေ ပျံ သန်းလာတဲ့
အဖြူ ရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
သိုပေမဲ့ တစ်ခဏအတွင်းမှာ လေပွေတစ်ချက်
သူမကို လွင့်ထွက်မတတ် တိုက်ရင်း ထိုလူက
အနီးနားကို ရောက်လာတယ်။
ဆရာက အကြီးကြီးပဲ...!!!
မြေပြင်ကို လှမ်းကြည့်မိတဲ့ ယုယန်လည်း
ကြောင်သွားတယ်။ မြေပြင်မှာ ရပ်နေတဲ့
သေးရှည်ရှည်အကောင်လေးဆီက ရနေတဲ့
ဆက်ခံသူအမှတ်သား ရယ် ဘေးနား ရပ်နေ
တဲ့ နှမ်းလေးရယ်သာမရှိရင် သူတပည့်မဟုတ်
ဘူးလို့ကို ငြင်းမိမှာ။
''ယု.....''
''နင့်အစ်မကိုခေါ်...''
သူ့ဆရာပေးထားတဲ့ ထိုနာမည်ခပ်တုံးတုံးကို
မခေါ်နိုင်ခင်မှာ ကျူ းယောင်လည်း ဖြတ်အော်
လိူက်တယ်။
''ထင်တဲ့အတိုင်း မင်းပဲ...'
ယုယန်က က မျက်မှောင်ကြုတ်ရင်း.သက်
ပြင်းချတယ်။
ဘာကို ထင်တဲ့အတိုင်းလဲ။ဘာပြောချင်တာ
လဲ။ တပည့်ကို မှန်းခွဲခြားသိဖို့ တစ်ခြားနည်းနဲ့
မခွဲတော့ဘူးလား။ ဒီတူံးအအ နာမည်ကြီးပဲ
ထုတ်ခေါ်နေတော့မှာလား။
သူ့ရဲ့ ကံကြမ္မာ ကိုလက်ခံလိုက်တဲ့ ပုံစံနဲ့
ယုယန်ဟာ မြေပေါ်ထိုင်ချရင်း လက်ဖြန့်လိုက်
ကာ သူမကို လက်ပေါ်တက်လာဖို့.အချက်ပေး
တယ်။
ကျူ းယောင်လည်း ရှေ့လက်သည်းတွေ.ပြန်
သိမ်းရင်း မတ်မတ်ရပ်ဖို့ ကြိုးစားလိုက်တယ်။
နောက်ခြေထောက်ပဲ သုံးရင်း.သူ့ဆရာ
လက်ပေါ် တစ်လှမ်းချင်း
တက်သွားတယ်။ မတ်မတ်တောင့်
တောင့်ကြီး ရပ်နေတဲ့ သူမပုံစံအနေထားက
ယုယန်ကိုတောင် အံ့အားသင့်သွားစေတယ်။
သူ့ဆရာလက်ပေါ်တက်သွားပြီးမှ သူ့ကိုယ်လူံး
လေးက သူ့ဆရာ လက်ဖဝါးထက်တောင်
သေးနေတယ်ဆိုတာ သိလိုက်ရတယ်။
ဒါဆို စပေါ်လာစတုန်းက နှမ်းလေးက အကြီး
ကြီး ဖြစ်နေတာမဟုတ်ဘဲ သူမ နဂါးကိုယ်က
ပိစိလေးဖြစ်နေခဲ့တာပေါ့။
ရုတ်တရက် ရှောင်ရီ နတ်အမြူ တေဖြစ်ပေါ်တုန်း
က တွေ့ရတဲ့ လျှပ်စီးချီက.တစ်ဆင့် ဖြစ်ပေါ်
လာတဲ့ နဂါးပုံရိပ်ကို သွားသတိရတယ်။
ပုံရိပ်သာသာ ဖြစ်ပေမဲ့ ထိုနဂါးရဲ့ အရှိန်ဝါနဲ့
လွှမ်းမိူးနိုင်စွမ်းက အဆုံးမဲ့ စွမ်းအားရှင်သခင်
လိူပဲ။ဒါပေမဲ့ ဘာလို့ သူမ ကျမှ တီကောင်သာ
သာ.ပိစိလေးဖြစ်နေရတာလဲ။
ိ
ယုယန်က အချိန်မဆွဲဘဲ သူမကို ကျောက်စိမ်း
သစ်တောတောင် ပြန်ခေါ်လာပြန်တယ်။
ကျူ းယောင်ကို ခြံထဲက ကျောက်တုံးစားပွဲလေး
ပေါ်တင်ထားလိုက်ရင်း.ခြေဆုံးခေါင်းဆုံး
စစ်ကြည့်တယ်။ ရုတ်တရက် မြင့်လာတဲ့
သူ့တပည့် ကျင့်ကြံဆင့်ကို စိတ်မဝင်စားဘဲ
မေးတယ်။
''မင်း လူပုံ အသွင်ယူနိုင်ပြီလား''
ကျူ းယောင်လည်း ခေါင်းရမ်းတယ်။ လောလော
ဆယ် သူမက နတ်ဝိဇ္ဇာ အဆင့် ဖြစ်ပြီး
ဒသမဆင့် မှော်သတ္တဝါ ဆိုပေမဲ့ သူမကိုယ်ထဲ
ချီ ကို မရှိဘူး။ လူပုံ အသွင်ယူဖို့ မပြောနဲ့
သူ့ကိုယ်သူ အကြီးကြီးဖြစ်အောင်တောင်
လုပ်လို့မရဘူး။ နောက်ကျရင် လူတွေနင်းမိ
လို့ သေ သွားတဲ့ နဂါးတော့ မဖြစ်လောက်ပါ
ဘူးနော်။
ယုယန်လည်း.အချိန်အတော်ကြာ သူ့က်ု်ိ စစ်ပေး
ပေမဲ့ ဘာလူပ်ရမယ်မှန်းကို မသိဘူး။
သူ့တပည့် ဒီတစ်ခေါက် လူပြန်ဝင်စားကာ
ပြနိလာခြင်းအတွက် သူ အကုန်.ကြိုတင်ပြင်
ဆင်မျှော်လင့်ထားတယ်။ သူ့တပည့် ဘယ်လို
လူပုံ ပြောင်းပြောင်း.သူလက်ခံမယ်ပေါ့။
သူတပည့်က လူမဟုတ်တော့တာကို သူ
ဘယ်လိုသိမှာလဲ။
ယုယန်လည်း အတော်လေး ဝမ်းနည်းသွား
တယ်။ မျိုးနွယ်ချင်းက မတူတော့ သူ့တပည့်
ကိုယ်ထဲ ဘာဖြစ်လဲဆိုတာ သူ မသိနိုင်တော့
ဘူးလေ။အရင်တစ်ခေါက်ကလို သူ့တပည့်က
နတ်အမြူ တေနဲ့ နတ်ဝိဉာဉ် ဖြစ်ပေါ်ခြင်း
အဆင့်ကြား ညပ်နေတာမျိုးဆို ဘယ်လောက်
ကောင်းမလဲ။
သူ့တပည့် ကိုယ်ကို ဘယ်လိုစစ်ဆေးလို့
ရနိုင်မလဲ စဉ်းစားနေတုန်းမှာပဲ ဓားတောင်
ဆီက မှော်သတ္တဝါ တစ်ကောင်ရဲ့ ကြေ ကွဲ
ဆို့နင့် ဝမ်းနည်းဖွယ်အော်သံကြီးကို ကြား
လိုက်ရတယ်။
ကျူ းယောင်လည်း ထိုအသံကို ကြားရပြီး
ထပ်တူ ဝမ်းနည်းလာတယ်။ပြီးတော့ ရင်ထဲ
လေးလံသွားတယ်။
''ဘာအသံလဲ...ဓားတောင်မှာ ဘာဖြစ်သွား
လိူ့လဲ...''
ယုယန်လည်း မျက်နှာပျကိသွားတယ်။
အတွေးနက်သွားပြီး တစ်ခုခုကို ပြောရမှာ
တုံ့ဆိုင်းနေတဲ့ ပုံနဲ့ သူ့တပည့်ကို လှည့်ကြည့်
တယ်။
ခဏကြာမှ သူက ပြောတယ်။
'' အဲ့ဒီ သတ္တဝါက ဇီမို မွေးထားတဲ့ စီးတော်
အကောင်....ခု ဝမ်းနည်းခြင်း အထိမ်းမှတ်နဲ့
မြည်ကြွေးနေတာ.....သူ့ ဆက်ခံသူတပည့်
ဆုံးရှူံးထားရတာမလို့ ...လောလောဆယ်
ဇီမို ဝမ်းနည်းနေတယ်...''
ကျူ းယောင်လည်း အံ့အားသင့်သွားတယ်။
ပြီးတော့ မေးတယ်။
''ဟင်..... ဇီမိုက ဘယ်တုန်းက ဆက်ခံသူတပည့်
ရွေးလိုက်တာလဲ....တပည့် ဘာလို့မသိရတာလဲ
သူ့နာမည်က ဘာတဲ့လဲ...''
ယုယန်>>> ..''#*$.....''
(အရင်အပိုင်းက ပါတဲ့ အရေးပေါ် အခြေနေ
အတွက် လုပ်ဆောင်မှုစတင်ပြီ က ဘာလဲ
ဆိုတာ သိ သွားလောက်ပါပြီနော့..ဒီ
အပိုင်းမှာတော့ မရှင်းရင်.ထပ်ဖတ်လိုက်ပါ..
ကျူ းယောင် တိရစ္ဆာန် ဖြစ်တာကတော့
ကြုံရင် ကြုံသလို ဖြစ်နေမှာပါလို့ သတင်း
ကောင်းပါးရင်း...😁)
အခန်း ၈၇ ပြီး၏
နောက်အပိုင်း>> ဒီဆရာတူညီမလေးက
ဘယ်ကပေါ်လာတလဲ!!