ကျူ းယောင်လည်း သစ်သားဝိညာဉ်လေးကို ထုတ်ပေးပြီးနောက် တည်ငြိမ်တဲ့ ဘဝလေးမှာ လအတော်ကြာ နေခဲ့ရပါတယ် ။
ရှောင်ရီရဲ့ အဖျက်ကောင်ဆိုတဲ့ စကားလုံးက ပိုပြီး အားနည်းသွားပြီလား ဆိုတာကတော့ ကျူ းယောင်မသိရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ရှောင်ရီက တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီလေ။ ရှောင်ရီက သူ နတ်ဝိဉာဉ်
အလယ်အလတ်အဆင့်ကို မရောက်မချင်း တံခါးပိတ် ကျင့်ကြံရာက ထွက်မလာတော့ဘူးလို့ ကျိန်ဆိုထားတယ် ။
ဂိုဏ်းချုပ်က ရှောင့်ရီ့ကို နှစ်ပေါင်း ၂၀၀ အတွင်း ရှေးဟောင်းတောင်ဂိုဏ်းကနေ ဘယ်ကိုမှ ထွက်မသွားစေချင်ရုံဘဲ ဖြစ်တယ် ။ သို့ပေမယ့်လို့ရှောင်ရီက သူ့ဘာသာသူ တံခါးပိတ် ကျင့်ကြံမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ် ။
ရှောင်ရီက နတ်ဝိညာဉ်အဆင့်ကိုရောက်တာ သိပ်မကြာသေးဘူး ။ ဒါကြောင့်မလို့ သူသာ နတ်ဝိညာဉ် အလယ်အလတ် အဆင့်ကို ရောက်အောင် ကျင့်ကြံဖို့ဆိုရင် အနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက် တံခါးပိတ် ကျင့်ကြံဖို့ လိုအပ်လိမ့်မယ်။
ရှောင်ရီရော ဖန်းရီရော ဆရာတပည့် နှစ်ယောက်လုံးဟာဆိုရင် တောင်ထိပ်မှာရှိတဲ့ သူတို့ရဲ့ အိမ်လေးတွေထဲမှာဘဲ တံခါးပိတ်ပြီး ကိုယ့်ဘာသာ ကျင့်ကြံလျှက်ရှိနေကြတယ်။
ကြည့်ရတာ ရှောင်ရီက အီစီကလီ လုပ်ဖို့ဘဲ သိတာတော့ မဟုတ်ဘူးထင်တယ်။ အခုလိုအချိန်မျိုးမှာ ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ နာနာ
ခံခံ ဝပ်နေရမယ်ဆိုတာတော့ သိသေးတယ်။
ဒီလိုမျိုး တံခါးပိတ် ကျင့်ကြံမယ်ဆိုပြီး နေလိုက်ခြင်းအားဖြင့် ရှောင်ရီရဲ့ ဂုဏ်သတင်းဟာ ဂိုဏ်းအတွင်းမှာ အနည်းငယ်တော့ ပြန်လည်ကောင်းမွန်သွားခဲ့တယ်။ ယွဲ့ ယူ့ မဆက်သွယ်ဘူး ဆိုတာနဲ့ပဲရှောင်ရီဟာ အခြား မိန်းကလေးတွေနဲ့ အဆက်အသွယ် မရှိဘူးလို့ မဆိုလိုဘူး။
နေ့စဉ်နေ့တိုင်း ရှောင်ရီနေတဲ့
တောင်ထိပ်ကို ဆေးပင်တွေ ဆေးဖက်ဝင် သစ်ဥသစ်ဖုနဲ့ ဆေးလုံးတွေ သွားသွားပို့နေတဲ့
မိန်းကလေးလှိုင်လုံးကြီးကို ကျူးယောင် မြင်နေရတယ်။
ကျူ းယောင်လည်း ခေါင်းခါရမ်းမိတယ်။ တစ်ယောက်ပြီး တစ်ယောက်လာနေတဲ့ ဒီကောင်မလေးတွေ စိတ်ထဲ ဘာတွေစဉ်းစားနေလဲဆိုတာ သူတကယ် နားမလည်နိုင်တော့ဘူး။
ကေပေါ့ပ်အိုင်ဒေါလ်ဖန် တွေတောင် ဒီလောက် ရူးမယ်မထင်ဘူး။ ဟုတ်တယ် မဟုတ်လား ။
သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ကျူးယောင်လည်း မသိပါဘူး။
သက်ပြင်းချရင်း ရှောင်ရီနေတဲ့ တောင်ထိပ်ဘက်ကို ကျူ းယောင်လည်း ကြည့်လိုက်မိတယ်။ သူမခေါင်းထဲ အကြံညဏ်ဆိုးကြီးတစ်ခု ပေါ်ပေါက်လာတယ်။
ဟီး ဟီး .... ဟီး ဟီး ။သူမအကြံသာ အကောင်ထည်ဖော်မယ်ဆိုရင်တော့ ကြည့်မယ့်သူ အတော်ပွဲစည်မယ်ဆိုတာ သူမ သိနေတယ်။
ကျူ းယောင်လည်း သူ့အကြံကို အကောင်ထည် ဖော်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ သို့ပေမယ့် သူ့ကို ကူညီမယ့်သူ တစ်ယောက် လိုအပ်နေတယ်။ ဒါကြောင့်မလို့လဲ ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင်ပြေးရင်း ကျီတန်ကို သွားရှာတော့တယ်။ ဒီကိစ္စမှာ သူ့ကို ကူညီနိုင်မယ့် အကောင်းဆုံးသောသူကတော့ ကျီတန်ဘဲ ဖြစ်တယ်။
ကျူ းယောင်က သူ့ရဲ့ အကြံညဏ်ကိုလဲ ပြောပြလိုက်ရော ကျီတန်ရဲ့ မျက်လုံးတွေက တလက်လက် ထသွားတယ်။
" ဒီအကြံက သိပ်ကောင်းတဲ့ အကြံဘဲ ... ငါတို့အကြံကို ကူညီဖို့ ဂိုဏ်းချုပ်ကို အခုဘဲ သွားရှာကြစို့ "
သူတို့နှစ်ယောက် သွားမလို့ ပြင်နေတုန်းမှာဘဲ သူတို့ကိုလာရှာတဲ့ ဂိုဏ်းချုပ် ဇီမိုနဲ့ တည့်တည့်တိုးတော့တယ်။
(ဒီထိ စာကူရိုက်ပေးသောညီမ aye tua Tun
ကို ကျေးဇူးပါ...😉)
ယခုတစ်လော ဇီမိုဟာ အတော်ကို အူမြူ းလျက်
ရှိတယ်။ ဟိုတစ်လောက ဝမ်းသာစရာ.သတင်း
ကြောင့်ထင်တယ်။ သူ နတ်ဝိညာဉ်.အဆင့်
ရောက်တာ နှစ်ထောင်ချီ ရှိပေမဲ့ ခုတော့.ရုတ်
တရက် သူ့မိန်းမ ကိုယ်ဝန်ရှိပြီး သူ့မှာ ဆက်ခံ
သူ ရတော့မယ်ဆိုတော့ သူ မပျော်ဘဲနေနိုင်
ရိုးလား။ လူတစ်ယောက်က ပျော်လွန်းတဲ့
အခါ အရူးဖြစ်သွားဖို့ လွယ်တယ်ဆိုတာအမှန်
ပဲ။ အရင်လို ဂိုဏ်းကိစ္စတွေမှာ.သိပ်ဝင်မပါ
တော့ဘဲ လုပ်ရတဲ့ အလုပ်တွေလည်း.လျော့
လိုက်တယ်။နေ့တိုငိးလိုလို အလုပ်မရှိတဲ့
အခါဆိုရင် တောင်မှန်သမျှကို လတ်လျား
လတ်လျားသွားနေပြီး လူတွေ့ပြီဆို ဒီလိုမေးခွနိး
တွေ မေးလေ့ရှိတယ်။
'' ခင်ဗျားက စုံတွဲ ကျင့်ကြံသူလား
ခင်ဗျားမှာ...စုံတွဲအဖော်ရှိပြီလား...ခင်ဗျားမှာ
ကလေးရော ရှိပြီလား....ဟား...ဟ...ကျတေ်ာ့မှာ
ရှိတယ်ဗျ...''
ဇီမို့ အပြုံးတွေက ဒေစီပန်းတို့ ရှုံးသွားမယ်။
ကျူ းယောင်လည်း မျက်နှာကြီးအိုသွားတယ်။
အဖေဖြစ်တော့မယ့်သူတွေ အားလုံးက ဒီလို
ပဲလား။
'' ဂိုဏ်းချု ပ် အစ်ကိုကြီး...''
ကျီ တန်က သက်ပြင်းချတယ်။
'' အစ်ကိုကြီး ဒီမေးခွန်းမေးတာ.ဒီဟာနဲ့ဆို
သုံးကြိမ်ရှိနေပြီ''
''အိုး...ငါ ဒီဟာကို မေးဖူးသလား''
ဇီမိုလည်း.သူ့မုတ်ဆိတ်မွေးကို သူ ပြန်ပွတ်တယ်။
''ဟဟ....ဟ...ညီလေး ရေ...သိပ်တော့
မငြိုငြင်ပါနဲ့ကွာ.... ငါက အဖေ ဖြစ်တော့မှာ
ဆိူတော့....ငါ့မှာ လုပ်စရာတွေ က အတော်
များနေတာကွ......တစ်ခု နှစ်ခုလောက်တော့
ငါ မေ့တတ်မှာပဲလေကွာ..''
ရှင့်ဟာ လုပ်စရာတွေ အဲ့သလောက်ပေါနေ
တာကို ဘာကိစ္စ လတ်လျားလတ်လျား ပတ်
သွားနေသေးတာလဲ ။ ကျူ းယောင်လည်း
စိတ်ထဲကနေ ပြန်ပြောနေမိတယ်။
ရုတ်တရက် သူမဆီကို ဇီမိုပို့လိုက်တဲ့
သောင်းပြောင်းထွေလာ စာရွက်တစ်ထပ်
ကြီးကို တွေးမိလိုက်တယ်။ နောက်ဆို ရှိသမျှ
သူ့ဆီ ပို့တော့မှာတော့ မဟုတိပါဘူးနော်။
'' ဂိုဏိးချုပ်ရေ ဂုဏ်ယူပါတယ်နော်...
အဖေဖြစ်လာလို့ ဂုဏ်ယူပါတယ်နော်''
ကျူ းယောင်လည်း နည်းနည်း ဂုဏ်ပြုပေးလိုက်
တယ်။
သို့ပေမဲ့ ဇီမိုက သူပြောတဲ့အဓိပါ္ပယ်ကို နားမလည်
ဘဲ ပြန်တောင် ရယ်ပြရင်း တောင်းပန်စကား
ဆိုလိုက်သေးတယ်။
'' ကျေးဇူးပါပဲ ညီလေးရေ...မင်းလည်း
အခွင့်ရေးရလာမှာပါ....အာ...မဟုတ်ဘူး
မင်းကတော့ အခွင့်ရေးရှိတော့မယ် မထင်
ဘူး...''
ကျူ းယောင်>>> ''#*$...''
ဟေ့ အဲ့စကားက ဘာအဓိပါ္ပယ်လဲ။
(TN: ယူနဲ့ ဆရာနဲ့ ယူရင်...ဘယ်သူက ကလေး
မွေးပေးမှာလဲပြော...😜...)
'' အာ..နေပါဦး မင်းတို့ ပုံစံတွေ ကြည့်ရတာ
အလောသုံးဆယ် ဆန်လိုက်တာ...''
ဇီမိုကမေးတယ်။
ထိုအခါမှသာ ကျီတန်လည်း လာရင်းကိစ္စကို
သတိရပြီး ဇီမိုကို သူတွေးထားတာ ပြောပြတယ်။
ဇီမိုလည်း ကြားပြီးရော ခေါင်းညိတ်တယ်။
''ဒီ အကြံဉာဏ်အားလုံးကို...တစ်ခါတည်းဖြေ
ရှင်းနိုင်တာပဲ...ဒါပေမဲ့ ကိစ္စက သေချာ
ရဲ့လား''
''အကိုကြီး စိတ်သာချပါ...''
ကျီတနိက သူ့ရင်ဘတ်က အဆီပြားကြီးကို
ရိုက်ရင်း တာဝန်ခံတယ်။
'' ဒီ နှစ်တွေအတွင်းမှာ ကျတော်က မှော်သတ္တဝါ
မွေးမြူ းရေးတောင်နဲ့ ပက်သက်သမျှကို နား
စွင့် ထောင်နေခဲ့တာပါ..''
''အင်း...''
ထိုအခါမှ ဇီမိုက ခေါင်းညိတ်တယ်။
''ဒါဆို ဒီကိစ္စကို ဆုံးဖြတ်လိုက်ပြီ....
မနက်ဖြန်ကျရင်တော့ ဒေါ်လေးနဲ့ ဒီကိစ္စကိူ
ဆွေးနွေးမှ ဖြစ်မယ်..ဒါပေမဲ့ခုတော့...ဒီ
ကိစ္စကို ညီလေးက သွားပေးမှ ဖြစ်မယ်''
ကျီတန်ကလည်း တောင်းဆိုချက်မငြင်းဘူး။
နောက်ရက်ကျတော့ ပြင်ဆင်ပြီး ဖန်းရီ
နေရာ တောင်ထိပ်ကို တက်သွားတယ်။
ခုရက်ပိုင်း ဇီမိုက ဂနာမြငိမ်ဖြစ်နေပေမဲ့လည်း
အလုပ်ကိုတော့ ကောင်းကောင်းလုပ်နိုင်ဆဲ
ဖြစ်တယ်။ ကျူ းယောင်ရောက်တော့ ခန်းမ
ထဲမှာ တောင်သခင်တွေနဲ့ အကြီးကဲတွေ
ရောက်နေကြပြီ။ လူအိုကြီး ဇီမိုကတော့
ဒေစီပန်း ရှုံးလောက်အောင် ပြုံ းဖြီးပြီးကို
ဘေးနားက ရှိသမျှလူတိုင်းကို သူ့ အဖေဖြစ်
တော့မယ့်အကြောင်း ကြွားလျက်ရှိတယ်။
လူတိုင်းပဲ နားငြီးပြီး စိတ်ညစ်စပြုလာချိန်မှာတော့ ထူးဆန်းတဲ့ အမူရာနဲ့ ကျီတန်က ပြန်ရောက်လာတယ်။
'' ဘယ်လိုနေလဲ''
ဇီမိုက ထပြီး မေးတယ်။ကျူ းယောင်ကိုယ်တိုင်
လည်း စိုးရိမ်နေမိတယ်။ သူ မငြင်းလောက်ပါ
ဘူးနော်။
''ဒေါ်လေး ဖန်းရီက သဘောတူလိုက်တယ်''
ကျီတန်က ဖြေတယ်။
ကျူ းယောင်လည်း စိတ်သက်သာရာ ရသွား
တယ်။ ဖန်းရီက သဘောတူလိုက်တာကို
ဘာကိစ္စ ဖက်တီးက
မျက်မှောင်ကြုတ်နေရတာလဲ။
''ဒီလိုဆိုမှတော့လည်း ကိစ္စက အတည်ဖြစ်
သွားပြီ''
ဇီမိုက နောက်က ဆေးတောင်သခင်မ ဟွန်ချူ း
ကို လှည့်ကြည့်တယ်။
'' ညီမငယ်...ဟွန်ချူ း...မင်းရော ဒီကိစ္စကို
ဘယ်ချိန် လုပ်သင့်တယ်ထင်လဲ''
''ဒီကိစ္စက ပျော်စရာ ကောင်းတဲ့ မင်္ဂလာသတင်း
ပဲ...ကျွန်မ လင်းလောင်ပြန်လာရင်အဆင့်သင့်
ဖြစ်နေအောင် ပြင်ဆင်ခိုင်းထားလိုက်မယ်''
ဟွန်ချူ းက ပြုံးတယ်။
''ကောင်းတယ်...ကောင်းတယ်..''
ဇီမိုလည်း သူ့မုတ်ဆိတ်တွေကို ပွတ်သပ်တယ်။
သူ့မျက်နှာက အရေးကြောင်းတွေတောင်
အပြုံးကနေ မြင်နေရတယ်။ ခေါင်းခဏ ငုံ့ရင်း
ဇီမိုက နက္ခတ်ကြည့်ပြီး တွက်ချက်မှုလုပ်တယ်။
''ငါးလကြာရင် ...ပျော်စရာကောင်းတဲ့
မင်္ဂလာ သတင်းက ရှိဦးမှာဆိုတော့...အဲ့တာ
ပြီးမှပဲ...ငါတို့ ညီလေးရှောင်ရဲ့ စုံတွဲ ကျင့်ကြံ
ခြင်း မင်္ဂလာပွဲကို လုပ်ပေးသင့်တယ် ထင်တယ်''
ဟွန်ချူ းက ခေါင်းညိတ်တယ်။
'' အစ်ကိုကြီး စီစဉ်ထားတဲ့အတိုင်း လိုက်နာ
ပါ့မယ်..''
အဟုတ်ပဲ။.ကျူ းယောင် အကြံကတော့.ရှောင်
ရီနဲ့ လင်းလောင်ကို စုံဖက်ပေးဖို့ပဲ။ တစ်နေ့
တစ်နေ့ ရှောင်ရီဆိုတာ ဘယ်လို အီစီကလီ
လုပ်ရမလဲပဲ တွေးနေတာ။ ရှောင်ရီက
လောကရဲ့မျက်နှာသာပေးခံရလို့ မောင်းမ
ဆောင်ထောင်ချင်လည်း တာဝန်တော့ယူရမယ်
လေ။ လင်းလောင်ဆိုတာ.ရှောင်ရီ ငယ်စဉ်
ထဲက ရှောင်ရီ့နောက် လိူက်လာတဲ့ ကောင်မလေး။
သူမ မက်တဲ့ ရှေ့ဖြစ်
အိပ်မက်ထဲမှာတော့ လင်းလောင်ဟာ ရှောင်ရီ
ကို အတော်ကို စွဲလမ်းနေတာ။ ရှောင်ရီဟာ
လင်းလောင်ကို ဆေးတောင်ပို့လိုက်ပြီးနောက်
ပိုင်း လင်းလောင်ကို မတွေ့တော့ဘူး။ သူ
အထက်ဘုံကို တက်ခွင့်ရတော့လည်း.လင်း
လောင်ပါမလာခဲ့ဘူး။ သူ က လင်းလောင်ကို
မေ့နေတဲ့အလားကို လင်းလောင်နဲ့ သူနဲ့ကို
တွဲတွေ့ရတာ ရှားတယ်။ လင်းလောင်က
ဝိညာဉ်ကြော သုံးခုပိုင်ရှင်မလို့ထင်တယ်
ရှောင်ရီလို အမီှီလိုက်နိုင်ခဲ့ပုံမရဘူး။
ကျူ းယောင်လည်း အကြာကြီး စဉ်းစားပြီးမှ
ကို ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်တယ်။စားပြီး
နားမလည် လုပ်လို့ရမလား။ သင်းက တာဝန်
ယူရမှာပေါ့။
စုံတွဲ တွဲဖက်ပြီး ကျင့်ကြံခြင်းဆိုတာ အတော်
ကိုထူးခြားတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ သူတို့
လောကမှာ တစ်ယောက်ယောက်ကသာ
အထက်ဘုံကို မသွားနိုင်တာ ၊ သေ
သွားတာမှ လွဲ ရင် သူတို့ နှစ်ဦးသည် ရိုးမြေ
ကျ တစ်စုံတွဲ စနစ်သာဖြစ်တယ်။အတူတွဲ
ကျင့်ကြံရတဲ့ အတွက် သူတို့နှစ်ဦးစလုံးဟာ
ကျငိ့ကြံရာမှာ ပိုလွယ်ကူလေ့ရှိကြတယ်။
အကယ်၍ ယောကျာ်းကသာ ဖောက်ပြန်ပြီး
တစ်ခြား မိန်းမနဲ့ ကျင့်ကြံမိတယ်ဆိုရင် သူ့ကို
ကျင့်ကြံခြင်းလောကတစ်ခုလုံးက စက်ဆုပ်ရွံရှာ
ရုံသာမက ပိုဆိုးရင် တစ်ခြားမိန်းမရဲ့ အမဓာတ်
ကို စုပ်ယူပြီး ကျင့်ကြံသူအဖြစ် သတ်မှတ်ကာ
ဒိဌိကျင့်ကြံသူ လို ဆက်ဆံခံရနိုင်တယ်။
ကျူ းယောင်မသိတာက ရှောင်ရီ စုံတွဲ ကျင့်ကြံ
တော့မယ်ဆိုတာ.သိရင် တစ်ခြားမိန်းကလေးတွေ
ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာပဲ။ ကြီးကြီး
ကျယ်ကျယ် စစ်ပွဲကြီးတစ်ခု(လင်လုပွဲ) ဖြစ်နိူင်
်တယိလို့ကျူ းယောင်ခံစားနေရတယ်။
အထူးသဖြင့် ယွဲ့ ယူလို နတ်ဝိဇ္ဇာ ပါ ပါနေတော့။
ဒီလို စဉ်းစားမိရုံနဲ့ကို ပွဲကြည့်ချင်စိတ်က
ကျူ းယောင် ထိန်းမရတော့ဘူး။
ပြီးတော့ ရှောင်ရီလည်း သည်ကိစ္စကို ငြင်းပယ်
လို့မရဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့
သူ့ဆရာက သဘောတူလိုက်လို့ပဲ။ ဒါ့အပြင်
သူကိုယ်တိူင်ကလည်း လင်းလောင်အပေါ်
သံယောဇဉ်အနည်းငယ်ရှိနေသေးတာမလို့
ုငြင်းဖို့ ဆင်ခြေရှာမရဘူး။
''ညီလေး ဆွိုင်...မင်း...ဒေါ်လေးဖန်းရီနဲ့များ
အဆက်သွယ်ရှိလို့လား''
ကျီ တန်က ရုတ်တရက်မေးတယ်။
''အယ်...''
ကျူ းယောင်လည်း အံ့သြ သွားတယ်။
ကျီတန်က ဆက်ပြောတယ်။
''ဒီ လက်ထပ်ဖို့ ကိစ္စ အကြောင်းစပြောတော့
ဒေါ်လေးက အစကတော့ ပျော်သွားတာပဲ
ဒါပေမဲ့ လက်ထပ်ပွဲက ရှောင်ရီဖို့လို့လည်း
ပြောရော...သူ မျက်နှာပျက်သွားတယ်.
...ပြီးတော့.သူကပြောသေးတယ်...လက်ထပ်
ပွဲကို လိုချင်တာ..
ဘာလို့ ညီလေး...မဟုတ်ရတာလဲဆိုပြီး...''
'' အဟွတ်...ဟွတ်...ဟွတ်..ဟွတ်..''
ကျူ းယောင်လည်း သောက်လက်စ လက်ဖက်
ရည်သီးပြီး ချောင်းဆိုးရလွန်းလို့ မျက်နှာက.ရဲလာ
တယ်။ လည်ချောင်းတွေလည်း ကြမ်းလာတယ်
''ညီလေး...''
''အဲ့တာက.....နတ်ဝိဇ္ဇာ ဖန်းရီက...နည်းနည်း
အထင်လွဲနေတာ ဖြစ်မှာပါ...''
သောက်ကျိုး နည်း!! ဖန်းရီပျော်သွားတာက
လက်ထပ်ဖို့ လာတောင်းတဲ့သူက သူလို့
ထင်နေတာတော့ မဟုတ်ပါဘူးနော်။ မကောင်းတော့ဘူး။ နောက်ဆို ခပ်ဝေးဝေး
.သွားပုန်းနေပြီးဖန်းရီ ရှာမရအောင်နေမှပါ။ တစ်သက်လုံး
ဖန်းရီတစ်ယောက် သူ့ကို အချစ်ကြောင့်
မုနိးသွားမှာကြီးက မကောင်းဘူး။ ခုထိ ရှောင်ရီ့
ပွဲတောင် မကြည့်ရသေးဘူး။
ရှောင်ရီက ဆေးတောင် တပည့် လင်းလောင်ကို
စုံတွဲအဖြစ် လက်ခံတော့မယ်ဆိုတဲ့ သတင်းက
အလျင်မြန်ပဲ ပျံ့နှံ့သွားတယ်။ ထငိတဲ့အတိုင်းပဲ
ရှောင်ရီက ဒီအကြံကို သဘောမတူဘူးမပြော
သလို ထောက်ခံတယ်လည်း မပြောဘူး။လက်
ထပ်ပွဲက ငါးလလောက်လိုသေးတယ်။
ပြီးတော့ ရှောင်ရီက တံခါးပိတ်ကျင့်ကြံနေတာ
ကြောင့် ကိစ္စအဝ ဝကို ဆေးတောင်ဘက်က
သာ စီစဉ်ပေးရတယ်။
သို့ပေမဲ့ နောက်ဆုံးမှာတော့ ကျူ းယောင်တစ်
ယောက် သူတို့မင်္ဂလာဆောင်ကို မတက်
လိုက်ရဘူး။ဘာလို့လဲဆိုတော့ ဇီမို့ အမျိုး သမီး
က မွေးတော့မယ်လေ။
ထိုမနက်မှာတော့ ကျူ းယောင်လည်း ဓားတောင်
ဆီကို ဝမ်ရှုဟိုင် ဆွဲခေါ်လို့ လိုက်သွားရတယ်။
လမ်းမှာလည်း.စိတ်လှုပ်ရှားစရာ ဒီသတင်း
အကြောင်းကို ရှုဟိုင်က ပြောပြလာတယ်။
သူ့ဆီကို စာရွက်စာတမ်းကိစ္စအဝ ဝကို တွန်း
ပို့လို့ ဇီမိုကို မကြည်သော်လည်း ခုလို
ဇိမို ကလေးရတော့မယ်ဆိုတော့လည်း.ကျူ.းယောင်
အနည်းငယ်ပျော်မိတယ်။ ဇီမိုက ဂိုဏ်းချူပ်လည်း
ဖြစ် လူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံရေး
ကောင်းတာမလို့ ဇီမို့ လက်တွဲဖော်က မီးဖွား
တော့မယ့်သတင်းလည်းကြားရော တောင်သခ
င်နဲ့ နတ်ဝိညာဉ်တွေဟာ ဓားတောင် တန်းစီ
ပြီး သတင်းလာမေးနေကြတယ်။
ခန်းမဘေးက အိမ်လေးနားဘေးလည်း ရောက်
ရော စောင့်နေတဲ့ လူအုပ်ကြီးကြောင့် ကျူ းယောင်
လန့်သွားရတယ်။
တစ်ချို့ က အိမ်ထဲမှာ ထိုင်နေတယ်။ တစ်ချိ့ က
ရပ်လျက်။ ဇီမိုကတော့ အိမ်ထဲမှာ ခေါက်တူံ့
ခေါက်ပြန် လမ်းလျှောက်လျက်ရှိတယ်။
သူ့ကြည့်ရတာ အတော်ကို မျက်စိနောက်ဖို့
ကောင်းတယ်။နည်းနည်းကြာတာနဲ့ ဇီမိုက
ဘေးကလူကို ဆွဲပြီး မေးတော့တာပဲ။
'' ကျတော့် ဇနီး အဆင်ပြေမှာပါနော်..
ပြောတော့...သူက ကိုယ်ဝန်ဆယ်လဆောင်
ရမှာဆို...ဘာလို့ တစ်လစောပြီး.မွေးရတာ
လဲ''
''ဘယ်လောက်ထပ်စောင့်ရအုံးမှာလဲ..
ခူပဲ သူ့ကို သွားတွေ့လို့မရဘူးလား''
''ဘာလို့ အသံတွေ မကြားရတော့တာလဲ
စောစောက ကျတော် အသံတွေကြားနေရသေး
တာကို...''
''မိနိးကလေး လား
.ယောကျာ်းလေးများလား''
'' အန္တရာယ်တွေ ဘာတွေ မရှိလောက်ပါဘူး
နော်.....ကျတော် ကူလို့ ရမလားဟင်...
တစ်ခုခု မဖြစ်ပါဘူးနော်..''
့လက်အဆွဲခံထားရသူ မျက်နှာက မည်းသွား
တယ်။
'' အစ်ကိုကြီး.... မရီးကလည်း နတ်ဝိညာဉ်
အဆင့်တစ်ယောက်ပါ...ဘာအန္တရာယ်မှ ဖြစ်
လာမှာမဟုတ်ဘူး....ပြီးတော့ ဒီထက်ပိုပြီး
အစ်ကိုကြီး ကျတော့်လက်ကို ဆုပ်ထားရင်
ကျတော့်လက်တော့ တစ်ကယ်ကို သေချာပေါက်
တစ်ခုခု ဖြစ်သွားလိမ့်မယ်''
.
ထိုအခါမှပဲ ဇီမိုလည်း လက်ကို လွှတ်ပြီး
အိမ်ထဲတောင်လျှောက်
်မြောက်လျှောက်
လျှောက်တော့တယ်။ ခဏကြာလျှောက်ပြီး
တော့လည်း ဒီမေးခွန်းတွေကိုပဲ မေးပြန်တယ်။
ဇီမိုလည်း အတော်ကို အမေးမြန်းထူ တဲ့သူ
ဖြစ်လို့ ကျူ းယောင်လည်း ပြောစရာစကားမရှိ
ဖြစ်သွားရတယ်။ ဇီမို နဲ့လွတ်လောက်မယ့်
နေရာတစ်ခုမှာ ထိုင်ဖို့ နေရာရှာလိူက်ရတယ်။
မိန်းမတွေ ကလေးမွေးရတယ်ဆိုတာ ကြောက်
ဖို့လည်းကောင်းသလို နည်းနည်းလည်း ရက်စက်
တယ်လို့ ကျူ းယောင်ခံစားရတယ်။ဘယ်လို
ပဲဖြစ်ပါစေ ဘယ်အမေမဆို ဒီ နာကျင်မှု ဒဏ်
ကြီးကို ခံလာရပြိးမှ မွေးလာရတာချည်းပဲ။
ဒါပေမဲ့ ထူးဆန်းတာက အိမ်အတွင်းအခန်းထဲ
က ဘာအသံမှ ထွက်မလာတာပဲ။
ဒါပေမဲ့ ခဏကြာစဉ်းစားပြီးနောက်တော့.ကျူ.း
ယောင်နားလည်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ဇီမို့ ဇနီးက နတ်ဝိညာဉ်အဆင့်.တစ်ယောက်
ဖြစ်ပြီး သူသာ နာလို့ သာမန်လူလို အော်နေ
ရတယ်ဆိုရင် အတော်ကို ရှက်စရာကောင်းမှာ
ပဲလေ။ကြည့်ရတာ.ကလေးကို ဘေးကင်းကင်း
မွေးဖို့ အတွက် သူ့မှာ နည်းလမ်းရှိပုံပဲ။.စုံတွဲ
ကျင့်ကြံသူတွေမှာ ကလေးမွေးရတာခက်လို့
သေ သွားရတယ်ဆိုလည်း သူမလည်း မကြား
ဖူးချေ ။
တစ်နာရီနီးပါး အိမ်ထဲထိုင်စောင့်ပြီးနောက်မှာ
တော့ ကလေးတစ်ယောက်ရဲ့ င်ိုသံက ထွက်
ပေါ်လာပါတော့တယ်။ စောင့်စားနေကြတဲ့
လူအုပ်ကြီးကြား.ကလေးငိုသံက အောင်
အောင်မြင်မြင်ကို ပေါ်ထွက်လာတာ ဖြစ်တယ်။
အားလုံးရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေ
သွားပြီး အားလုံးက ဇီမိုကို ဂုဏ်ပြု နေကြ
တယ်။
ခဏကြာတော့ အတွင်းခန်းတံခါးပွင့်သွားပြီး
ဂိုဏ်းချုပ်ဇနီးက ကလေးတစ်ဦးကို ရင်ခွင်ဝယ်
ပွေ့ပြီး ထွက်လာပါတော့တယ်။လူတိုင်းက
ဂိုဏ်းချုပ်ကတောက်ကို ဂုဏ်ပြုစကားပြောကြပြီး
ကျူ းယောင်လည်း စပ်စုစွာ ဖြင့်ကလေးမျက်နှာ
ကို လှမိးကြည့်တယ်။
ကလေးလေး နောက်ဆုံးတော့ မွေးပြီ!
အဖျက်ကောင်လေးလား ကောင်မလေးလား
သိချင်လာပြီ။
ကလေးမျက်နှာကို သေချာမြင်လိုက်ရတဲ့
ကျူ းယောင်>> ''#*$....''
လခွမ်း..! ဘယ်နှယ့် 'အဖျက်ကောင်'လဲ။
ကျူ းယောင်လည်း ပုံနှိပ်ရိုက်ထားသလို
ထင်းနေတဲ့ ' အဖျက်ကောင်' ဆိုတဲ့
ကလေးနှဖူးက
အမည်းရောင်စကားလုံးသုံးလုံးကို
ကြည့်ရင်း သူ့ကိုယ်သူ သတ်သေချင်စိတ်တွေ
ပေါ်လာတယ်။သူ မျက်နှာပေါ်က ဆောင်ထား
တဲ့ စောစောက အပြုံးကလည်း တောင့်တင်း
ပျောက်ကွယ်သွားပြီ။
ကျူ းယောင်လည်း ဒေါသထွက်လွန်းလို့
ရှိသမျှ စားပွဲ အကုန်မှောက်ပစ်ချင်လာတယ်။
ကျိန်ဆဲလို့ ရသမျှ စကားလုံးမှန်သမျှကို သုံးပြီး
သူမ ကျိန်ဆဲနေမိတယ်။
အဖျက်ကောင်က တစ်ကောင်ပဲ ရှိရမှာ မဟုတ်
ဘူးလား။ ရှောင်ရီပဲ မဟုတ်ဘူးလား။
ဘာလို့ ခုမှ မွေးကာစ လတ်လတ်ဆတ်ဆတ်
လေးက 'အဖျက်ကောင်' ဖြစ်နေရတာလဲ။
တစ်ယောက်ယောက် လာရှင်းပြကြပါဦး.!
ရှောင်ရီတစ်ယောက်ထဲက သုံးလောကကို
ပျက်စေနိူင်တာ မဟုတ်ဘဲ ဒီကလေးကလည်း
ပျက်စေနိုင်တယ်ဆိုတဲ့ သဘောလား။
ဒီလောက က ဘယ်လောက်တောင် အားနည်း
ပျော့ညံ့နေလွန်းလို့ ခုလို လွယ်လွယ်ကူကူ
ပြီးပြီးရောရောကို ပျက်စီးနေနိုင်ရတာလဲ။
အခန်း၈၃ ပြီး၏