အခန်း(၆၇)ဂုဏ်ပြုပွဲအခမ်းနား
ပုံမှန်အားဖြင့်တော့ ဇီမိုလည်း ဒီလို သူ ဘယ်က
လာတယ် ဘာလဲဆိုတဲ့ အသေးစိတ်တွေ သိပ်
စိတ်မဝင်စားပါဘူး။ခြေသလုံးအိမ်တိုင် ကျင့်ကြံ
သူတွေ ဂိုဏ်းထဲဝင်ချင်တယ်ဆိုတာက ဖြစ်နေ
ကြပဲ။ သို့ပေမဲ့ ခြေသလုံးအိမ်တိုင် နတ်ဝိညာဉ်
အဆင့်ကျ ထိန်းဖို့ ခက်တယ်။ပုံမှန်ဆိုရင်
ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေဖို့ ဘဝဟာ
ခက်ခဲလွန်းတယ်။နတ်ဝိညာဉ်အဆင့် ဆိုတာလည်း အတော်ပင် နည်းပါးပြီး သူတို့ဘာသာ နေထိုင်ဖို့ ပဲ စိတ်ဝင်စားတော့တယ်။ ဂိုဏ်းထဲကို မဝင်လိုတော့ဘူး။
ဒါကြောင့် နတ်ဝိညာဉ်အဆင့်တစ်ယောက်က
ဂိုဏ်းထဲဝင်ချင်တယ်ပြောရင် ငတုံးဂိုဏ်းကပဲ
သဘောမတူမှာ။ပြီးတော့ ရှေးဟောင်းတောင်
ဂိုဏ်းမှာက တောင်သခင် နတ်ဝိညာဉ် တွေ အပြင် တခြား နတ်ဝိညာဉ်အဆင့် အကြီးအကဲက
အနည်းငယ်သာ.ရှိတယ်။ တစ်ယောက်ပိုတိုး
လာလေ ကောင်းလေပဲ။
''လေးစားရတဲ့ တာအိုသခင်က ကျွနု်ပ်တို့ ဂိုဏ်းထဲ ဝင်မယ်ဆိုတော့ တစ်ကယ့်ကို ဂုဏ်ယူ
စရာပါပဲ....ဘယ်တောင်ကို များ တာအိုသခင်
ဝင်ချင်များလည်း မသိဘူး...''
''ကျနော်လည်း ဒီကိစ္စကို ခုထိမတွေးရသေးဘူး.''
ကျူ းယောင်လည်း ရိုးသားစွာ ဖြေတယ်။
''ဒါဆို တာအိုသခင် ကျွမ်းကျင်တဲ့ နယ်ပယ်
များ ရှိလားမသိဘူး...လက်နက်ပြုလုပ်တာ..
ဆေးလုံးဖော်တာ...အဆောင်လက်ဖွဲ့ ဖန်တီးတာမျိူ းပေါ့...''
''ဆေးလုံးဖော်...တာ...လက်နက်ပြုလုပ်တာ..
လက်ဖွဲ့ စီရင်တာ...ကျနော်..''
ကျူ းယောင်လည်း ခေါင်းငုံသွားပြီး ခဏမျှ
စဉ်းစားတယ် ပြီးမှ အတည်ပေါက်မျက်နှာနဲ့
ဖြေတယ်။
''အဲ့တာတွေ တစ်ခုမှ ကို မသိတာ..''
ဇီမို ခြေထောက်တွေ ပျော့ပြီး လဲချင်သလိုလို
ဖြစ်သွားတယ်။ ကိုယ်ဘာမှ မလုပ်တတ်ကြောင်း
ခပ်မာမာ ပြောတဲ့ သူတွေက ရှိသေးတယ်လား။
ဇီမိုလည်း လုပ်ပြုံးလေးပြုံးရင်း မျက်နှာကြီးတော့
မည်းသွားတယ်။ဘယ် နတ်ဝိညာဉ်အဆင့်ပဲ
ဖြစ်ဖြစ် ဘယ်လောက်ပဲ ကြိုးစားပါစေ ဒီအဆင့်
ရောက်ဖို့ နှစ် ၁၀၀ လောက် ကြာတယ်။
အနည်းဆုံးတော့ သူပြောတာတွေထဲက တစ်ခုမဟုတ် တစ်ခုတော့ တတ်ကျွမ်းကြတာချည်းပဲ။
ကဲ ဒီလူကြီးမင်းက ဘာမှ မသိဘူးတဲ့။ခု ချိန်ထိ
ဘယ်လို ရှင်သန်နေပါလိမ့်။
''ဒါဆို....ဘယ်တောင်မှာများ လေးစားရတဲ့
တာအိုသခင်က နေထိုင်လိုလဲ မသိဘူး..''
ကျောက်စိမ်းသစ်တောတောင် လို့ ပြောလို့ရလားဟင်။
ဘာပဲဖြစ်ဖြစ် အဲ့မှာနေခဲ့တာ ကြာပြီဆိုတော့
သံယောဇဉ်တွေဘာတွေလည်း ဖြစ်နေပြီလေ။
သို့ပေမဲ့..
ဇီမို ပုံစံကြည့်ရတာ သူသာ အဲ့တောင်မှာနေချင်
ကြောင်း ပြောလိုက်ရင် သေအောင် ရိုက်မသတ်
ရင်တောင် ကံကောင်းထင်တယ်။
''ကျနော်က မှော်သတ္တဝါ တွေ မွေးမြူ တာနဲ့
ပက်သက်ပြီး နည်းနည်း ဝါသနာပါတယ်..
တိုက်တိုက်ဆိုင်ဆိုင်ပဲ ခုတင် နဝဆင့် တစ်ကောင်ရပြီးပြီ.....ကျတော်....မှော်သတ္တဝါ မွေးမြူ ရေး
တောင် သွားရင်ကောင်းမလားပဲ..
ဂိုဏ်းချုပိရော ဘယ်လို ထင်လဲ..''
''သိပ်ကောင်းတဲ့ အကြံပဲ...''
ဇီမိုလည်း ဒီလိုပဲ စဉ်းစားထားတယ်။ ချက်ချင်းပဲ
မှော်သတ္တဝါ မွေးမြူ ရေးတောင်ကို တပည့်တစ်ယောက် လွှတ်ပြီး အသိပေးခိုင်းတယ်။ အကြီးကဲ
တစ်ယောက်(နတ်ဝိညာဉ်အဆင့်) တိုးလာတော့
မှာ မလို့ နေစရာ တစ်ခုလုပ်ပေးထားဖို့။ပြီးတော့
တစ်ခြားတောင်တွေဆီလည်း သူသွားရင်း
ဒီ အကြောင်းကို ဇီမိုက ဖြန့်ချီ တယ်။
တစ်ဆက်တည်းမှာပဲ ရှောင်ရီဟာ နတ်ဝိညာဉ်အဆင့်ဖြစ်ပေါ်ပြီးသွားပြီ ဖြစ်လို့ မကြာခင်မှာ ဂုဏ်ပြုပွဲ အခမ်းနား လုပ်မှာဖြစ်ကြောင်း.ဂိုဏ်းအသီးအသကကို သတင်းပို့စေတယ်။
ရှေးဟောင်းတောင်ဂိုဏ်း ခဏတွင်းချင်း
နတ်ဝိညာဉ်အဆင့် နှစ်ယောက်ရလိုက်တာမလို့
ဒီညတော့ သူကောင်းကောင်းအိပ်နိုင်ပြီလို့. ဇီမို
တွေးမိတယ်။ အယ်...သူတို့ နဝမဆင့် အကောင်
တစ်ကောင်လည်း ရလိုက်သေးတယ်။
ကျူ းယောင့်ကတော့ နေစရာ နေရာအသစ်နဲ့ပက်သက်ပြီး သိပ်ကို သဘောခွေ့တော်မူတယ်။
ကျောက်စိမ်းသစ်တောတောင်က ဝါးအိမ်နဲ့
ယှဉ်ရင် ဒီနေရာက တစ်ကယ့် ပြည့်ရှင် နန်းတော်ပဲ။ရှေ့မှာ ခြံဝန်းကျယ် နဲ့ နောက်မှာ စိုက်ခင်း
ကရှိပြီး အလယ်မှာက ခပ်သေးသေး အဆောင်သုံးလုံး ဖြစ်တယ်။ဘေးမှာလည်း ပန်းဥယျာဉ်
ခပ်ကြီးကြီး ရယ် ရေကန်သေးတစ်ခုနဲ့ တံတား
လေးတောင် ပါသေး။လုံးဝကို ကျဉ်းတယ်လို့
ကို သူ မခံစားရဘူး။
သူ့အခန်းက ပန်းဥယျာဉ်ထဲက အိမ်မှာ ဖြစ်
တယ်။ ရှေ့မှာရှိတဲ့ အိမ်နှစ်လုံးကတော့ နောင်ကျသူ တပည့် လက်ခံရင် နေရာချပေးထားဖို့
ဖြစ်တယ်။သူ့ရဲ့ သေမလို သေလုနီးပါး ဖြစ်တာ
က သုံးရက်ရယ်၊ ငါးရက်အတွင်း တစ်ကြိမ်သေ
တတ်တာရယ် ပေါင်းရင် သူတော့ တပည့်တွေ
အစား အလောင်းတွေပဲ လက်ခံတာ ကောင်းမယ်ထင်တယ်။ထိုအဆောင်နှစ်ခုက အမြဲ လွတ်နေတော့မယ်ထင်တယ်။
ရှေးဟောင်းတောင်ဂိုဏ်းရဲ့ နတ်ဝိညာဉ် အကြီး
တွေကို ဆက်ဆံတာ အတော်ကောင်းတယ် ပြောရတယ်။ တောင်တိုင်းမှာ နတိဝိညာဉ်အဆင့်
တစ်ယောက် နှစ်ယောက် ရှိပြီး သူတို့က ဂိုဏ်း
နဲ့ ပက်သက်တဲ့ ကိစ္စတွေဆို စိတ်ပူစရာမလိုပေ။
တောင်တိုင်းမှာ တောင်သခင်တွေ ရှိပြီး
လိူအပ်တဲ့ကိစ္စကို ကိုင်တွယ်ကြတယ်။ပြီးတော့
ဂိုဏ်း
ူက နတ်ဝိညာဉ် အဆင့် တွေအတွက်လည်း လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးတယ်။
သို့သော်
ဂိုဏ်းမှာ အရေးခင်းတစ်စုံတစ်ရာ ဖြစ်လာပြီဆို
ရင်တော့ ထို အကြီးကဲ နတိဝိညာဉ်မှန်သမျှ
စုဝေးဖို့ လိုတယ်။ ထိုအခါမ လာရင်တော့
ဂိုဏ်းက မျက်နှာသာပေးမှာ မဟုတ်ဘူး။
တစ်ကယ်တော့ ဘာလို့ ကျူ းယောင် ဒီ မှော်
သတ္တဝါ မွေးမြူ ရေးတောင်ကိုရွေးလည်းဆိုတာ
အကြောင်းရှိတယ်။ ဒီတောင်က အနောက်တောင်ဘက်မှာတည်ရှိပြီး တောင်သခင်က ဒီတောင်ရဲ့စွမ်းအားအမြင့်ဆုံး ပုဂ္ဂိုလ် မဟုတ်ဘူး။တောင်ထိပ်မှာနေတဲ့ နတ်ဝိဇ္ဇာသခင်မ ဖန်းရီသာ ဖြစ်တယ်။သူမက ရှောင်ရီရဲ့ ဆရာဖြစ်သလို ရှောင်ရီ အရေးပါဆုံး မောင်းမဆောင်ထဲက တစ်ယောက်လည်း ဟုတ်တယ်။
အစက သူ မြင်မက်ထားတဲ့ ရှေ့ဖြစ် အိပ်မက်ထဲ
ကအတိုင်းဆိုရင် လျှို့ှဝှက်နယ်မြေက ထွက်သွား
ပြီး နှစ်ငါးဆယ်ကြာမှသာ ရှောင်ရီက နတ်ဝိညာဉ်ုဖြစ်ပေါ်ခဲ့တယ်။နတ်ဝိညာဉ် အတွက် စမ်းသပ်
မိုးကြိုးကို ခံယူစဉ်မှာလည်း စိတ်တွင်း ဒွိဟ
သံသတွေကြောင့် သေမလို ဖြစ်ခဲ့တယ်။မိုးကြိုး
စမ်းသပ်မှု ပြီးချိန်မှာ ဒဏ်ရာပြင်းထန်လွန်းလို့
သူ့ ရဲ့ ကျင့်ကြံထားသမျှ သထဲရေသွန်ဖြစ်သွား
လို့ စလုံးရေကနေ ပြန်စရတော့မယ့်အချိန်မှာ
သူ့ဆရာ ဖန်းရီက ရေဝိညာဉ်ကို သုံးပြီး
ကယ်တင်ခဲ့တယ်။
ဝိညာဉ် ပစ္စည်းငါးခုစုမိလျှင် မိုးနဂါးကို ခေါ်ယူနိင်
သော ပစ္စည်းထဲက တစ်ခု .....အဲလေ...မှုတ်ဖူး
လောကကြီးကို ဖျက်ဆီးနိုင်သော ပစ္စည်းငါးခု
ထဲ တစ်ခုဖြစ်တဲ့ ရေ ဝိညာဉ်။.ဘာကိစ္စ ရေဝိညာဉ်က ဖန်းရီ လက်ထဲ ရောက်နေတာလည်းရယ်၊
သူ့တပည့် သေခါနီး အလိုမှ ထုတ်ပြီး
ကယ်လဲဆိုတာဘဲရယ် သူ နားမလည်ဘူး။
ထို ရှေ့ဖြစ်အိပ်မက်ထဲက အဓိကအချက်ကတော့.....
သူ့တပည့် ဒဏ်ရာတွေကို ကုသဖို့ ဖန်းရီဟာ
အဝတ်စားမဲ့ ဖြစ်နေရမယ်။ထိုသို့ ဖြစ်လာတာနဲ့
သွေးအေး ခံစားချက်မဲ့ တောင်ထိပ်က ပန်းကလေးဖန်းရီဟာ ရှောင်ရီရဲ့ ခူးဆွတ်ခြင်းကို ခံလိုက်
ရပါတော့တယ်။ဒါကြောင့် ကုသစဉ်အတွင်း
ဖြစ်ပေါ်လာတဲ့
ကျန်းမာရေး နဲ့ မကိုက်ညီသော ၊ စည်းချက်
မမှန်သော အကြောင်းရာတွေက ချရေးပြဖို့
တောင်မဖြစ်နိုင်ဘူး။
(TN:ဆင်ဆာဖြတ်)
ဟုတ်တယ် ဒါတွေအကုန်လုံးက ဖြစ်ရမယ့် ရှေ့ဖြစ် အိပ်မက်ထဲက နဂိုဇာတ်လမ်း။ သို့ပေမဲ့ ခုတော့ရှောင်ရီက နတ်ဝိညာဉ်အဆင့်ကိုနှစ်ငါးဆယ်စောပြီး ဖြစ်ပြီးသွားပြီ။ သူ သေမလို ဖြစ်စေမယ့် မိုးကြိုး စမ်းသပ်မှုက လည်း ကျူ းယောင်
ဖင်က သွေးစိမ်းရှင်ရှင်
ထွက်လောက်အောင်ကို
အစား ဝင် အပစ်ခံပြီးပြီ။
ရှောင်ရီက သူခံစားရမယ့် အတွင်းစိတ် သံသယနဲ့ ဒွိဟကို မခံစားရရုံမက ခုတော့ ဘာနာကျင်ခံစားရမှုမှ မရှိဘဲ နတ်ဝိညာဉ် ဖြစ်ပေါ်စေဖို့ ကျူ းယောင်ခွင့်ပြုလိုက်မိပြီ။
အရင်က သူ ဘာလုပ်ခဲ့လဲ
အကြောင်းတွေ ပြန်စဉ်းစားကြည့်တော့မှ
သူတို့ကို ကယ်ဖို့ မြေခွေးမိစ္ဆာကို သူ သတ်တယ်။သူသေတယ်။ ရှောင်ရီ အမြူ တေဆင့် တက်သွားတယ်။
ဒုတိယ တစ်ခါလည်း သူတို့ကို ကယ်ဖို့ ကျူ းယောင် သတ္ထု ချီ ပရမ်းပတာကို တားခဲ့တယ်။ သူသေတယ်။ရှောင်ရီ နတ်ဝိညာဉ် အဆင့် တက်သွားတယ်။
လခွမ်း!! သူ က.တစ်ကယ်တမ်းကျ ရှောင်ရီ့
လာဘ်ကောင်ကြီး ဖြစ်နေခဲ့တာပါလား။
သတ္တု ဝိညာဉ်ဆိုတာ ကျူ းယောင် နဲ့ ဘယ်
ယှဥိနိူင်မှာလဲ။ အကွာကြီးပဲ။
ဒါကိုလည်း နားလည် သွားရော ကျူ းယောင်
မျက်ရည်တွေ ဖြေမဆည်နိုင် ဖြစ်လာတယ်။
ကျူ.းယောင်လည်း အိမ်လေးကို ခပ်သွက်သွက်
ပြန်ကာ ဂျုံအစပ်မုန့်တစ်ချို့ စားရင်း စိတ်ဖြေနေ
လိုက်တယ်။
အရာရာ ထိုးထွင်းသိမြင်တဲ့ သူ့
ဆရာကြီးသာ သိရင် ဘယ်လို လုပ်ပေးမလဲ
မသိဘူး။
နောက်နေ့မနက်စောစောမှာတော့ ကျူ းယောင်
လည်း ကျီတန် ကြောင့် နိုးလာရတယ်။ကျီ တန်က မှော်သတ္တဝါ မွေးမြူ ရေးတောင် သခင် ဖြစ်တယ်။သူရဲ့ အကြီးဆုံးဝါသနာက မှော်အကောင်တွေမွေးမြူ ဖို့ ဖြစ်လို့ မလိုအပ်ရင် တောင်ကနေ ဘယ်မှ မသွားတတ်ဘူး။ ဒါကြောင့် ယခင်တုန်းကသူ နဲ့ ကျူ းယောင် သိပ်မသိ ခဲ့တာ။
ကျီ တန် စီးလာတာကတော့ တစ်ကယ့်ကို ရင်
သပ်ရှုမော အံသြဘနန်း ခန့်ညားထည်ဝါ
လှတဲ့ ဝက်တစ်ကောင် ပဲ ဖြစ်ပါတယ်။ဟုတ်ပါ
တယ် သင်တို့ နားကြားမလွဲပါ။ လေးစားဖွယ်
ရာ တောင်သခင်ကြီး ကျီတန်စီးလာကတော့
တောဝက်တစ်ကောင်ပါပဲ။ကျီတန်က ဒီမှော်
သတ္တဝါ တောဝက်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာ
တစ်ပါးလို ယုုယတယ်။နေ့စဉ် နေ့တိုင်း ထိုဝက်
နဲ့ အိပ်တယ်။စားတယ်။အမယ်...သူကိုယ်ကြီး
တောင် ထိုတောဝက်လို ဖြစ်နေပြီ။
ဟုတ်ပါ့။ မှော်သတ္တဝါမွေးမြူ ရေးတောင် သခင်
ကြီးဆိုတာ ဖက်တီးပေါ့။ အလေးချိန် ကီလို
သုံးရာ နီးပါးရှိတဲ့ တက်ကြွရွှင်မြူ းတဲ့ ဝက်ပျော်
ကြီးပေါ့။
ထိုဖက်တီးဝက်က စီးတော်ဝက်ပေါ်က ဆင်းလာပြီး သူ့ဆီ ပြေးလာတဲ့အခါမှာတော့ ကျူ းယောင်လည်း တောင်တစ်လုံး လှုပ်ခတ်နေသလားလို့ အောက်မေ့မိတယ်။
''ညီ...လေး...''
ထိုဝက်ကျီတန်က ပွင့်ဖူးစ ပန်းဂန္ဓာမာ ပြဲကြီးလို
ဖြဲ ပြုံး ရင်း သူ့ဆီပြေးလာတယ်။ ခြေထောက်မြှောက်ပြီး တံခါးဝ ဖြတ်ကာ သူ့ကိုယ်ကြီးက အိမ်ထဲအဝင်။
ညပ်!!
ထိုတံခါးဝမှာ ဝက်ကြီး ညပ်!!
''ညီ...ညီ...လေး...''
ကျီတန်ရဲ့ ပွင့်အာနေသော ဂန္ဓာမာပန်း ပြုံးကြီး
က ပျောက်သွားပြီး တောင့်သွားတယ်။ အကူညီ
တောင်းတဲ့ အသံနဲ့ လက်ကလှမ်းတယ်။
''မင့် ကိုကြီးကို ကူညီပါဦး..''
ကျူ းယောင်လည်း သက်ပြင်းချရင်း ထိုဝက်တီး
လက်ကို ဆွဲကာ မုန်လာဥ နှုတ်သလို ခပ်ကြမ်း
ကြမ်းဆွဲထုတ်လိုက်တယ်။ ထိုဖက်တီးကို
တံခါးဝကနေ ဆွဲထုတ်နိုင်လိုက်ပြီ။
သူ့အ်ိမ်သူ့ယာ ရောက်နေတဲ့ အတိုင်းပဲ ကျီတန်
က ရေတစ်ခွက်ငှဲ့ကာ ဂလုခနဲ သောက်ချလိုက်
တယ်။
''ပြောဦးမယ်.ညီလေး..ငါမင်းကို ဒီတံခါး ပေါက်လေး ချဲ့ထားပါလို့ ပြောထားတာလည်း...ကြာပြီး..ိသု့ိပေမဲ့ မင်းက နားမထောင်ဘူး..''
နင့်ဟာနင် တံခါးမှာ ညပ်နေတာ။ ငါ့ ဘာကိစ္စ
လာအပြစ်တင်နေရတာတုံး။
ကျူ းယောင် နှုတ်ခမ်းတွေလည်း ရွဲ့ချင်ချင်။
''အစ်ကိုကြီး...ကျီတန်...ဘာကိစ္စ ညီလေးကို
ရှာနေတာလဲ မသိဘူး...''
''အိုး...ဟုတ်ပကွာ...ငါမေ့တော့မလို့...''
ပြောရင်း သူ့လက်ဝါးပြားကြီး နဲ့ ပေါင်လုံးကြီး
ဖျတိခနဲ ရိုက်လိုက်တာ သူ့ပေါင်က အဆီများ
သည် တဖျတ်ဖျတ် တုန်ကာ လူးလွန့်နေတယ်။
''ဂုဏ်ပြု ပွဲ အခမ်းနား အတူတူ သွားရအောင်
လို့ လာခေါ်တာ...မင်းက အသစ်ဆိုတော့.ညီလေးမင်းတစ်ယောက်တည်း သွားရင် တစ်မျိူ းကြီး
ဖြစ်နေလိမ့်မယ်...အကိုကြီးနဲ့ အတူ သွား
တူ အကောင်းဆုံးပဲ..''
ရှောင်ရီ ရဲ့ ဂုဏ်ပြုပွဲက ဒီနေ့ကိုး။ သူ နည်းန
ည်း စိတ်လှုပ်ရှားလာမိတယ်။
''သွား ရအောင်...သွားရအောင်...ဂိုဏ်း
အသီးသီးက ရောက်နေလောက်ပြီ...ငါတို့
က အိမ်ရှင်ပဲ...နောက်ကျ နေရင် မကောင်း
ဘူး...''
ပြောရင်း သူ့ကို တွန်းတယ်။
''ဒီလိုဆိုမှတော့..ကျေးဇူးပဲ အကိုကြီး.သွားကြစို့လေ...အကိုကြီး''
ကျူ းယောင်လည်း ရေဝိညာဉ် အကြောင်းတွေး
မိရင်း မြန်မြန် လှမ်းထွက်လာတယ်။ နည်းနည်း
လှမ်း ပြီးမှ ကျီတန် အသံကြားရတယ်။
''ညီလေး...''
ကျီတန်က နောက်ထပ်တစ်ခါ လက်လေးဆန့်
တန်းရင်း ခပ်တိုးတိုး ပြောတယ်။
''မင့် အကို ကြီး.ကို...နောက်တစ်ခါ
နောက်တစ်ခါလေး...ကူ ပါဦး..''
ဖက်တီး ညပ်ပြန်ပြီ။
ကျူ းယောင်..>> ''#*$.....''
နတ်ဝိညာဉ် အဆင့်ရောက်တယ်ဆိုတာ ကျင့်
ကြံခြင်း လမ်းစဉ်မှာ အတော်ကို အရေးပါတယ်။
နတ်ဘုရားဖြစ်ဖို့ သွားရာလမ်းက တစ်ကယ့်
ကို ခက်ခဲ တဲ့ ခယောင်းလမ်းပါ။ကျင့်ကြံခြင်း
လမ်းစဉ်ကို စဖို့ အတွက် လက်မှတ်က လူ
တစ်ယောက်ရဲ့ ဝိညာဉ်ကြော ရှိခြင်းပါ။ မင်း
မှာ ဝိညာဉ်ကြော ပါနေသမျှ မင်းသည် ချီ
ကို ကိုယ်ထဲ ယူဆောင်ရင်း ပြည့်ဝသော
ချီ အဆင့် ကို ရောက်နိုင်မယ်။
သို့ပေမဲ့ ချီ အဆင့် ၁၀ဝ မှာ တစ်ယောက်သာ
လောက်သာ အခြေတည်ဆင့်ကို ရောက်ကြ
တယ်။ထို အခြေတည်အဆင့် တစ်ထောင်
ထဲကလည်း တစ်ယောက် နှစ်ယောက်သာ
အမြူ တေအဆင့်ကို ရောက်ကြပြန်တယ်။
အမြူ တေကနေ နတ်ဝိညာဉ် အဆင့် တက်ဖို့
ကျပြန်တော့လည်း နတ်အမြူ တေ
တစ်သောင်းမှာ တစ်
ယောက်တောင် အဆင့်တက်ဖို့ မသေချာပြန်
ဘူး။ ဒါကြောင့် ဘယ်လောက် နတ်ဝိညာဉ်
ုုဖြစ်ပေါ်ဖို့ ခက်ခဲတယ်ဆိုတာ သိသာတယ်။
ခု ရှေးဟောင်းတောင်ဂိုဏ်းမှာတော့ ယုယန်
ရဲ့ ခြေရာကို လိုက်နင်းလာပြီး နှစ်ပေါင်း
၁၀၀ အတွင်း နတ်ဝိညာဉ် ဖြစ်ပေါ်လာနိုင်တဲ့
လူတစ်ယောက်ပေါ်လာပြီ။ဒီသတင်းကို ကြား
တဲ့အခါမှာတော့ ဂိုဏ်းအသီးသီး အမုန်းဒီဂရီ
အမြင့်ဆုံးမှာပဲ။ ဒါပေမဲ့ သူတို့ ဘာတတ်နိုင်
မှာလဲ။ သူတို့ မုန်းနေတာကြီးက တစ်လောက
လုံးရဲ ပထမ မှော်ဂိုဏ်းကြီး မဟုတ်လား။
ဘယ်လောက်ပဲ အံတွေ တတြိတ်တြိတ်ဖြစ်
ပြီး ကိုက်ချင်ပါစေ ထို အမုန်းစိတ်လေးတွေကို
မြို ချရင်း ဒီဂုဏ်ပြုပွဲ အခမ်းနားကို လာပြီး
မျက်နှာပြရတာပဲ။ အမှန်တော့ ဒီပွဲကြီးက
ဟန်ပွဲကြီး။
ကျင်းပမယ့် ခန်းမဆောင်ရောက်တော့တော်
တော်များများက ရောက်နှင့်နေပြီ။အပြင်ဘက်မှာတော့ လှလှပပ ပြင်ဆင်ပြီး မီးတွေ ထွန်းညှိထားသလို အတွင်းမှာကတော့ တောင်သခင်တွေနဲ့ နတ်ဝိညာဉ် အဆင့် အကြီးကဲတွေကို တွေ့ရတယ်။တွေ့ရခဲတဲ့ နတ်ဝိဇ္ဇာ သုံးပါးကလည်းရှိနေပြီး ဖန်းရီကတော့ အလယ်မှာ ထိုင်နေတယ်။
ဖန်းရီက ရုတ်တရက်ပေါ်လာတဲ့ သူ့ကို အကြည့်
တစ်ချက်တောင် မခတ်ဘဲ ဂုဏ်မောက်တဲ့ တောင်ပေါ်က ပန်းလေးပုံစံ ဝင့်ထည်နေတုန်းပဲ။သူမ
နောက်မှာတော့ ရှောင်ရီက ရပ်နေပြီး...အင်း..
သူ့ နဖူးက ' အဖျက်ကောင်' စကားလုံးက
လည်း ရှင်းလင်းနေတုန်း။
ဇီမိုကတော့ တက်တက်ကြွကြွနဲ့ လျှောက်လာ
တယ်။ တခြား လာလေ့မရှိတဲ့ အကြီးကဲတွေကို
နဝမဆင့် မှော်သတ္တဝါ ပိုင်ဆိုင်သော အကြီး
ကဲ အသစ်နဲ့ မိတ်ဆက်ပေးတယ်။ဒီ အကြောင်း
လည်း ကြားရော စောစောက အေးတိအေးစ
က် ထို အကြီးကဲတွေ အားလုံး အနည်းငယ်
စိတ်ပါလာတယ်။
သူ့ ဂုဏ်သိက္ခာက နှမ်းလေးလောက်တောင် မ
မမြင့်မားပါလားလို့ ကျူ းယောင်တွေးမိတယ်။
သို့ပေမဲ့ လေးစားရတဲ့ တောင်သခင်မ ဟွန်ချူ း
က သူ့ကို တစ်ချက်သာ ကြည့်ပြီး လှည့်သွား
တယ်။ ရွံရှာသလို တစ်ချက်ဟန့်တယ်။သူမ
မျက်နှာကလည်း မတူမတန်ဆိုတဲ့ ပုံစံနဲ့။
အချစ်စစ် နဲ့ ချစ်ခဲ့တာပါဆိုတာက ဘယ်ရောက်
သွားရတာလဲ။ ကျူ းယောင် ပေါက်စီလေး
ဘဝတုန်းက ဆို ကြယ်တွေ လတွေ ကြည့်ဖို့
တောင် ခေါ်သွားပြီး ကျူ းယောင်ကို အချစ်ကလေးခေါ်ခဲ့တာနော်။ခုတော့ ကိုယ် ပုံပြောင်းသွားတော့ရွံ့သွားပြီပေါ့။
ကလေး မုန့်ကြွေးကြိုက်တဲ့ ဟာမကြီး!!
''အော်...အစ်ကို ဆွိုင်ဆိုတာလား...ကျတော်
က ရှောင်ရီ..ပါ''
ရှောင်ရီက အနားလျှောက်လာပြီး အရိုသေပေး
တယ်။ကျင့်ကြံခြင်း လောကမှာ ခွန်အားရှိ
ခြင်းက အရာရာပဲ။ နှစ်ယောက်လုံးက နတ်ဝိညာဉ်ကနဦးဆင့်မလို အဆင့်က အတူတူ ပြောလို့ရတယ်။ သို့ပေမဲ့ ရှောင်ရီ့ ဆရာက နတ်ဝိဇ္ဇာ
ဖြစ်တယ်။သို့ပေမဲ့ ခုလို သူ့ကို အကိုကြီး ခေါ်ခြင်းက မျက်နှာသာပေးခြင်း ဖြစ်ကြောင်း နားလည်လိုက်တယ်။ဇီမိုတောင် ကျေနပ်စွာနဲ့ ခေါင်းညိတ်ရင်း ရှောင်ရီကို တော်တယ်လို့ မှတ်ချက်ပြုနေတယ်။
သို့်ပေမဲ့ ဖန်းရီ မျက်လုံးထဲ မကျေနပ်ခြင်း အရိပ်
ယောင် တစ်ချို့ ဖြတ်သန်းသွားတယ်။ ခဏကြာ
တော့ ချက်ချင်း နဂို ခံစားချက်မဲ့ မျက်နှာပြန်
ဖြစ်သွားတယ်။
ဘာပဲဖြစ်ဖြစ် လူသစ်တွေကို မျက်နှာသာပေး
ရတာ ထုံးစံပဲလေ။
''ညီလေး...ရှောင်ရီ..''
သူတောင် ယဉ်ကျေး နေမှတော့ ကျူ းယောင်
လည်း ဘာကိစ္စ လျစ်လျူ ရှုရမှာလဲ။
''ဒါဆို...ညီလေး ရှောင်ရီပေါ့..မကြာသေးခင်
ကမှ ....နတ်ဝိညာဉ် အဆင့် ဖြစ်ပေါ်ခဲ့ပြီဆို
ဂုဏ်ယူပါတယ်...ညီလေး...''
စကားလုံးနည်းနည်းနဲ့တင် ကျူ းယောင်က
ရှောငိရီ အကိုကြီးဖြစ်သွားတယ်။
ရှောင်ရီ နှုတ်ခမ်းက မလိုတမာ သလို တွန့်ကွေး
သွားပေမဲ့ အမြန်ပဲ သူ ဖုံးကွယ်လိုက်နိုင်တယ်။
နောက်ထပ် အလ္လာပသလာပ အနည်းငယ်
ပြောပြီးနောက် ဖန်းရီနောက်မှာ နာခံတတ်တဲ့
တပည့်ကောင်းလေးလို ရပ်နေတယ်။
သို့ပေမဲ့ ကျူ းယောင်ကတော့ သူ့ကို သေသေ
ချာချာ စောင့်ကြည့်နေမိတယ်။ ဘယ်လိုပဲ
ကြည့်ကြည့် တစ်ခုခု လွဲမှားနေတယ်လို့ သူ
ခံစားနေရတယ်။
သစ်သား ဝိညာဉ် သူနဲ့ အတူ ရှိနေပြီးကတည်းကသစ်သား ချီကို သူ့အာရုံခံစွမ်းက အတော်ကို
မြင့်နေပြီ။ခုလောလောဆယ်မှာတော့ သူ
ရှောင်ရီ့ကိုယ်ပေါ်က သစ်သား ချီ တစ်စ
တောင် အာရုံမရဘူး ဖြစ်နေတယ်။
ရှောင်ရီ ဝိညာဉ်ကြောက သစ်သားနဲ့ သတ္ထု
ဝိညာဉ်ကြောနှစ်ခု ပိုင်ရှင် မဟုတ်ဘူးလား။
ရုတ်တရက် ကောင်းကင် စည်းချက် ကြာပွင့်
ကို သူမ သတိရလိုက်တယ်။ ကောင်းကင်
စည်းချက် ကြာပွင့် ကိုသုံးပြီး သူ့သွေးကြော
တွေကို အသစ်ပြန်ဆောက်ကာ သစ်သား
ဝိညာဉ်ကြောကို ဖယ်ထုတ်တာများလား။
ပြီးတော့ သတ္ထု ဝိညာဉ်ကြော တစ်ခုတည်း
ပိုင်ရှင် ဖြစ်လာတာများလား။
(ဝိညာဉ်ကြော နည်းလေး ပိုကောင်းလေပဲ
တစ်ခုတည်းကိုပဲ အားစိုက်ယူရတာ ပိုကောင်းတယ်
ဝိညာဉ်ကြောများရင် သစ်သား ချီ သတ္ထု ချီ
ရေ ချီ နဲ့ ခွဲ ပြီး တစ်ခုချင်းစီ ယူဆောင်ရလို့
အချိန်ကြာပြီး ကျင့်ကြံဆင့် နှောင့်နှေးပါတယ်...)
အခန်း...၆၇ ပြီး၏။