43Dd
(အပေါ်ကပုံက ကောင်စုတ်လေးပေါ့..😁😁)
''မင်း ညာနေတာ''
ဝမ်ရှုဟိုင်ရဲ့ မျက်ခုံးက အနည်းငယ်မြင့်တက်သွားတယ်။
''မင်းပြောသလိုဆို မင်း ဘယ်လိုလုပ် အဲ့ဂါထာနဲ့ ထိခဲ့တာလဲ...... ပြီးတော့လုပ်တဲ့သူကရော ဘယ်သူလဲ........မင်း ရဲ့ ကျင့်ကြံဆင့်ကလည်း .............အခြေတည်နောက်ဆုံးဆင့် ပြည့်စုံဆင့်မှာပဲ.............မင်းက အရင်ကတည်းက..ကျင့်ကြံသူဆိုတာ သိသာတယ်..
ဒီ ဂါထာ အထိမခံရခင်က မင်း ဘယ်ဂိုဏ်းမှာ
လေ့ကျင့်ခဲ့တာလဲ''
အာ...ဘာလို့ ကောင်စုတ်လေးက ရုတ်တရက်
အမြင်တွေ စူးရှနေရတာလဲ။
''မင်းကို ပြောပြလို့မရဘူး''
''ဘာလို့လဲ''
''ဘာလို့လဲဆိုတော့..''
လံကြုတ်မှတော့ အဆုံးထိ လံကြုတ်မှ ဖြစ်တော့မယ်။ ပုံပြင်ကို အမှန်တစ်ဝက်ပြောရတာက
နောက်တစ်ဝက်က အမှားကြီးမလို့ပဲ။
ကျူ းယောင်လည်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မတတ်သာတဲ့ စိုးရိမ်ကြီးတဲ့ ပုံဖမ်းလိုက်တယ်။
''မင်းကို ဒီကိစ္စထဲ ဆွဲမသွင်းချင်ဘူး..မင်းသာ
အကုန်သိသွားရင်..မင်းပါ ရော ဒုက္ခရောက်မှာကို ငါ မလိုလားဘူး..''
''#*$...''
ထင်တဲ့ အတိုင်းပဲ ဝမ်ရှုဟိုင် အံသြသွားပြီး
သူမျက်လုံးက စောစောကထက် နူးညံ့သွားတယ်။သူတစ်ခုခုကို တွေးမိတဲ့ ပုံစံနဲ့ သူလက်ကို ဆန့်ထုတ်ပြီး သူမ ခေါင်းကို ပုတ်လိုက်တယ်။
''တွေးမိတဲ့ အတိုင်းပဲ မင်းတို့ နှစ်ယောက်က အတော်ကြီး တူတယ်''
''တူတယ်...ဘယ်သူနဲ့လဲ...
မင်း ပြောပြောနေတဲ့ ဂိုဏ်းတူအစ်မ ဆိုတဲ့ တစ်ယောက်နဲ့လား''
ကျူ းယောင်လည်း ဆက်သရုပ်ဆောင်ရတယ်။
ဝမ်ရှုဟိုင်လည်း ဒီကိစ္စကို ထပ်မကျော့ချင်တော့တဲ့ပုံနဲ့ သက်ပြင်းဖွဖွ တစ်ချက်ချတယ်။
''ကောင်းပါပြီ...မင်း ကိုယ်ပေါ်က ဂါထာက ပြေသွားပြီဆိုရင်တောင်.. လျှောက်သွားမနေသင့်ဘူး.. အထူးသဖြင့် ဟို ရှောင်ရီဆိုတဲ့ လူနဲ့
အဆက်စပ် မလုပ်နဲ့ ...ကြားလား..''
''ဘာလို့လဲ''
''ပြန်မမေးနဲ့..''
ဝမ်ရှုဟိုင်က မရှင်းပြဘဲ သူမလက်ကို ဆွဲပြီး
အပြင်ဘက်ထွက်လာတယ်။
''မင်းကို ကျောက်စိမ်းသစ်တောတောင် ပြန်ပို့ပေးမယ်...နောက်ဆို တောင်ပေါ်ကနေ အလွယ်တကူ ဆင်း ဆင်းမလာနဲ့..''
ကျူ းယောင်လည်း သူ့ကို မျက်စောင်းထိုးလိုက်တယ်။ငါ လာရတဲ့ အကြောင်းရင်းက
မင်းကြောင့် သောက်ကောင်စုတ်လေး။ခု သူ ဘာမှ မဖြစ်တာ တွေ့ရတော့ သူမ စိတ်မပူတော့ဘူး။သူ အခုဘာမှ မဖြစ်သေးရင်တောင် နောင်ကျရင်လည်း ဘာမှ မဖြစ်ပါဘူးလို့
မပြောနိုင်ဘူး။
ကျောက်စိမ်းတောင်ကိုလည်း ပြန်ရောက်ရော
လှည့်ထွက်ပြန်တော့မယ့် ဝမ်ရှုဟိုင်ကို
သူမလည်း ဆွဲထားလိုက်တယ်။
''စောစောက မင်း ရှောင်ရီနဲ့ လေ့ကျင့်ကွင်းမှာ
တိုက်ကြသေးလား''
ဝမ်ရှုဟိုင် ခဏ တိတ်သွားပြီးမှ
ခေါင်းညိတ်ပြတယ်။
ကျူ းယောင်လည်း မတတ်နိုင်ဘဲ လေပူတစ်ချက်မှုတ်ထုတ်မိတယ်။
''မင်း ကျင့်ကြံဆင့်လေးနဲ့ သူ့ကို နိုင်မယ် ထင်လို့လား..''
ဝမ်ရှုဟိုင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အံတြိတ်ရင်းက ဖြေတယ်။
''မနိုင်ဘူး..''
''ဒါဆို မင်း သူနဲ့ သွားယှဉ်တာက သွားပြီး
မင်း သေဖို့ တောင်းဆိုနေတာနဲ့
မတူဘူးလား''
ဒီကောင်လေး အတော်သေပန်းပွင့်ချင့်နေတယ်။
''မင်း ဘာသိလို့လဲ''
သူ့မျက်နှာက ချက်ချင်းဖြူ ရော်လာပြီး အနာပေါ်တုတ်ကျ ဆားဖြူ းခံလိုက်ရသလိုပဲ ခံစားချက်တွေ အကုန် အန်ထွက်လာတယ်။
''မင်း အတွက် အရေးအပါဆုံး လူတစ်ယောက် မင်းမျက်စိ... ရှေ့မှာတင် သေသွားတာ မြင်ရတဲ့ ခံစားချက်ကို သိလို့လား..
..အဲ့တုန်းက..အဲ့ရှောင်ရီသာ..မတုံ့ဆိုင်းခဲ့ရင်...သူသာ...မနှေးခဲ့ရင်..''
''ဒါဆို မင်းကရော''
ကျူ းယောင်လည်း သူ့ကိုယ်သူ စိတ်မပျော့ဖို့ သတိပေးနေရတယ်။သူ ဒီထက် နာကျင်မယ့် စကားတွေ ပြောမှ ဖြစ်မယ်။သူပြန်လာလို့ ဝမ်ရှုဟိုင်ကို စတွေ့တော့ သူမ သေရခြင်းက ရှုဟိုင် နှလုံးသားထဲမှာ အကြီးမားဆုံး အစိုင်အခဲ ဖြစ်လာခဲ့တယ်။ဒါကြောင့်မလို့ပဲ
ရှုဟိုင် အခြေတည်နောက်ဆုံးဆင့် ပြည်စုံအဆင့်မှာ တစ်နေတာ။
ကြာလာလို့ သူ ဒီ အစိုင်အခဲပေါ်မှာ ထပ်တလဲလဲ တွေဝေမိန်းမောနေမယ်ဆိုရင်
နောက်ဆုံး ဒီအစိုင်ခဲက သူ့ နှလုံးသားအတွက်
နတ်ဆိုး ဖြစ်လာပြီး သူရဲ့ နတ်ဘုရားဖြစ်ရေး
ကျင့်ကြံဆင့်တွေ အကုန် ပျက်စီးစေလိမ့်မယ်။
ဒီအစိုင်ခဲကို ဆက်မကြီးအောင် လုပ်ဖို့ကတော့
အရင်ဆုံး ချေပစ်ဖို့ပဲ။
''မင်း ပြောတယ်..ရှောင်ရီ နှောင့်နှေးခဲ့လို့
မင့် အတွက် အရေးပါဆုံး လူကို ဆုံးရှုံ့းရတယ်ဆို.. မင်းအတွက် အရေးပါဆုံးလူလည်းဆိုသေးတယ်....ဘာလို့ မင်း သူ့ကို ကယ်ဖို့ တခြားသူပေါ် မှီခိုနေရတာလဲ..အဲ့တုန်းက မင်းက ဘာလုပ်နေခဲ့လဲ''
''ကျတော်...ကျနော်....အဲ့တုန်းက ဓားဝင်္ကပါ
ထိန်းနေခဲ့တာ..''
သူ့ အသက်ရှုသံတွေ မြန်လာပြီး မျက်လုံးက ဝေ
ဝါးလာတယ်။
''မင်းပြောချင်တာက မင်း မှာ သူ့ကို ကယ်ဖို့
အားတောင် မကျန်တော့ဘူးဆိုလိုတယ်ပေါ့''
''ကျတော်.......''
''မင်းတောင် သူမကို မကယ်နိုင်ခဲ့တာ...ဘာကိစ္စ သူမကို ကယ်ရမယ့် တာဝန်ကြီးကို
ရှောင်ရီ့ဆီ တွန်းပို့နေရတာလဲ... ဒါမှ မဟုတ်..မင်းအစတည်းက သူမကို
မကယ်ချင်ခဲ့တာလား..''
''မဟုတ်ပါဘူး..
ကျတော် သူ့ကို ကယ်ချင်ခဲ့ပါတယ်..
ဒါပေမဲ့...ကျတော့်မှာ...''
''ဒါပေမဲ့ မင်းမှာ ကယ်ဖို့ အစွမ်းစ မရှိခဲ့ဘူးမလား..ဒါကြောင့် မင်း သူ့ကို
မကယ်နိုင်ခဲ့တာ.''
''ကျတော်.......''
''နောက်ဆုံးတော့ မင်း ရှောင်ရီကို နှောင့်နှေးခဲ့လို့ မုန်းတာလား ဒါမှ မဟုတ် မင်း
သူ့ကို ကယ်နိူင်စွမ်း
မဲ့ခဲ့လို့ ကိုယ့်ကိုကိုယ် မုန်းတာလား''
''.......''
ဝမ်ရှုဟိုင်က မြေပြင်မှာ ကျောက်ချသလို ရပ်ရင်း တစ်ခုခုကို နားလည်သွားတယ်။သူ့ မျက်နှာမှာ
စိတ်ပျက်ဝမ်းနည်းမှုတွေ ထင်ဟပ်လာတယ်။
သို့ပေမဲ့ သူမ မတတ်နိုင်ဘူး ဆက်ပြီး မာကျော
ပြတ်သားမှ ဖြစ်မယ်။
''မင်းကိုယ့်ကို ကိုယ်ပဲ အမြဲ မုန်းနေခဲ့တာမလား ဟုတ်တယ်မလား...''
ဝမ်ရှုဟိုင်လုံးဝ အသက်ကင်းမဲ့သွားသလိုပဲ။သူ့နှုတ်ခမ်းက လှုပ်ရုံလှုပ်လာပြီး ဖော်ပြလို့မရတဲ့ အမူရာကို ဆောင်ကျဉ်းနေတယ်။
''ကျတော် တခြား ဘာတတ်နိုင်မှာလဲ
...နောင်တရရုံကလွဲလို့ ကျတော်
ဘာတတ်နိုင်မှာလဲ..''
''မင်း ဒီလိုပဲ တစ်သက်လုံး နောင်တရပြီး
နေတော့မှာလား''
''မင်း ကိုယ်မင်း ဆက်ပြီး အနိမ့်ကျ ခံနေတော့မှာလား..ငါကတော့ မင်း ဘာဖြစ်မလဲ ဂရုမစိုက်ပေမဲ့.....မင်း အတွက် သေသွားရတဲ့ သူက ဘယ်လို..ခံစားရမလဲ...မင်း ဒီလို ကျ ရှုံးနေတာကို သူက တွေ့ချင်မယ်ထင်လား...''
ဝမ်ရှုဟိုင် သူ့ခေါင်းကို ခပ်ပြင်းပြင်း ခါရမ်းတယ်။
ကျူ းယောင်လည်း သူ့ပုခုံးကို ပုတ်ပေးတယ်။
''မင်းရဲ့ အစွမ်းစက နိမ့်လို့ သူ့ကို မကယ်နိုင်ခဲ့တာဆိုရင်...လူတွေကို ကယ်နိုင်လောက်တဲ့ အစွမ်းရှိတဲ့ အထိ ကျင့်ကြံလေ.
..ကောင်စုတ်ရဲ့..''
''#*$..''
ဝမ်ရှုဟိုင်က ဘာမှ ပြန်မပြောဘူး။
သူ့မျက်လုံးတွေက ရီဝေနေသေးပေမဲ့ သူ့ကိုယ်သူ ပြန် မြင်နိုင်ပြီ။ နောက်ဆုံးတော့ ခြေလှမ်းလေးလေးတွေနဲ့ သူပြန်သွားခဲ့တယ်။
ကျူ းယောင်လည်း သက်ပြင်းချ မိတယ်။
သူမ ပြောသင့်တာတော့ ပြောပြီးပြီ။ဝမ်ရှုဟိုင် သူ့ကိုယ်သူ ပြန်တွေးပြီး စဉ်းစားဖို့ အချိန်ပဲ လိုတော့တယ်။အနည်းဆုံးတော့သူ ဒီလို စဉ်းစားနေတဲ့အချိန်မှာ နောက်ထပ် ရှောင်ရီသွားစိန်ခေါ်ပြီး ကိုယ့်ဘာသာ သေကြောင်းကြံဖို့ကိုတော့
သူမ စိုးရိမ်မစရာ မလိုတော့ဘူးလေ။
ရှောင်ရီဆီမှာ ဖြစ်နေတာတွေက ပိုပိုထူးဆန်းလာတယ်။ဘာလို့ ဖြစ်နေတာလည်း သူမကိုယ်တိုင် မသိဘူး။
သူ့နဖူးပေါ်က အဖျက်ကောင် စကားလုံး
ခေါင်းပေါ်က အာမေဋိတ် အမှတ်သားတွေကို တခြားသူတွေ မမြင်ရဘူး။သူမပဲမြင်ရတာ
ဆိုတော့ တစ်ခုခုကများ သူမကို အရိပ်မြွက်ပြနေတာလား။
သူမ ဒီကမ္ဘာကို ကူးပြောင်းလာတာက ထင်သလောင် မရိုးရှင်းဘူး။ရှောင်ရီနဲ့ သေချာပေါက် ဆက်စပ်နေရမယ်။
ကျူ းယောင် အိပ်မက်တစ်ခု မက်တယ်။သို့ပေမဲ့ သူမ အိပ်မက်လို့ မခံစားရဘူး။ဘာလို့လည်း ဆိုတော့ သူမက တစ်ခြားလူတစ်ယောက်ရဲ့ ဘဝကို မြင်နေရလို့ပဲ။ မြင်ရတဲ့ လူက
လည်း.သူမကို လတ်တလော ခေါင်းကိုက်စေနေတဲ့ ရှောင်ရီ။
ငယ်ငယ်ကတည်းက ရှောင်ရီဟာ မိဘမဲ့ဖြစ်တယ်။ရှုပ်ထွေးတဲ့ နောက်ခံမရှိဘဲ ငတ်မွတ်မှုကြောင့် သူ့ မိသားစုက စွန့်ပစ်လိုက်တဲ့ ကလေးတစ်ယောက်။
တခြား သူတောင်းစား လေးတွေလိုပဲ အသက်ရှင်နိူင်ဖို့ နည်းမျိုးစုံ သုံးခဲ့ရတယ်။ကလိမ်ကကျစ် ကျခဲ့ရတယ်။သို့ပေမဲ့လည်း အကြိမ်ကြိမ် ကျဉ်ခံရမှုတွေနဲ့ရက်စက်တဲ့ အကြည့်တွေကိုလည်း
ကြုံခဲ့ရတယ်။
ထမင်းတစ်စေ့အတွက်တောင် ခွေးတစ်ကောင်နဲ့ ပြိုင်ကိုက်ခဲ့ရတယ်။ ဒီလို ဖြစ်ခဲ့တာ သူ ၁၀ နှစ်သားထိပဲ။နောက်ဆုံးတော့ ရှေးဟောင်းတောင် ဂိုဏ်းရဲ့ တပည့်အဖြစ် ရွေးခံရပြီး ဂိုဏ်းကို ရောက်လာခဲ့တယ်။
သူက ဂိုဏ်းချုပ်ရဲ့ တပည့်အဖြစ် သတ်မှတ်ခံရတော့မလို့ပေမဲ့ အတွင်းဆောင် တပည့် ဖက်တီးလေးကျူ းကို တိုက်ခိုက်မိလို့ သူ့ ကျင့်ကြံဆင့်တွေ ဖျက်ဆီးခံခဲ့ရတယ်။သို့ပေမဲ့ ဒီအခြေနေက.သူ့ကို ကယ်တင်ခဲ့တယ်။သူအပြင်ဆောင်မှာ လည်း အရင်ကသုံးတဲ့ မြောက်ခန်းမဆောင်ကို စောင့်ကြည့်ဖို့ အပြစ်ပေးခံရတယ်။
မြောက်ခန်းမဆောင်ထဲ ထားတာတွေက လက်နက်တောင်က လက်နက် ပြုလုပ်ပြီးလို့ ပိုလာတဲ့
အပိုင်းစတွေ။မထင်မှတ်ဘဲ ကံဆုံတာကြောင့်
သူထူးဆန်းတဲ့ သတ္တုအပိုင်းစ တစ်ခုကို ရခဲ့တယ်။သူလည်း ပျော်ရွှင်စွာ ထို သတ္ထုအပိုင်းကို လည်ပင်းမှာ ဝတ်ထားခဲ့တယ်။မထင်မှတ်ဘဲ ရထားတဲ့ ဒဏ်ရာကနေ သွေးတစ်စက်က သတ္တုပေါ်ကျသွားမှပဲ ဒီ သတ္တုကတစ်ကယ်တော့ 'သတ္တုဝိညဉ်'ဆိုတာ နားလည်လိုက်တယ်။
ကောင်းကင်နဲ့မြေကြီး စတင် ဖြစ်တည်ကတည်းက သတ္တု ဝိညဉ်ဟာ သတ္တုတွေ အားလုံးကနေ
ဖြစ်ပေါ်လာတဲ့ အသန့်ရှင်းဆုံး
သတ္တု ချီ စွမ်းအင် ဖြစ်တယ်။ သတ္ထု ဝိညဉ်က
မွေးဖွားစ အာရုံခံနိုင်စွမ်းအဆင့်ပဲ ရှိသေးတာမလို့ သူ့ကို သခင်အဖြစ် ချက်ချင်း အသိမှတ်ပြုခဲ့တယ်။
တိုက်ဆိုင်စွာပဲ သူကလည်း သတ္ထု ဝိညဉ်ကြော
ပိုင်ရှင် ဖြစ်နေခဲ့တယ်။ တစ်လောကလုံးက
သတ္ထု ချီ ကနေ သတ္ထု ဝိညဉ်အဖြစ် ပြောင်းလဲပြီး ဖြစ်လာတဲ့ ဒီသတ္တု ကို ပိုင်ဆိုင်ထားခြင်းက တစ်လောကလုံးမှာ ရှိတဲ့ သတ္ထု
ချီ တွေကို ပိုင်ဆိုင်ထားခြင်းနဲ့ တူတယ်။
ပြီးတော့ သတ္ထု ဝိညဉ်ကြောဆိုတာ ဝိညဉ်ကြော
ငါးခုထဲမှာ အခိုင်မာဆုံးဖြစ်ပြီး လက်နက်ပြုလုပ်ခြင်းနဲ့ ဓားရေးမှာ ထိရောက်တဲ့အကျိုးကို ဖြစ်ပေါ်စေတယ်။
ဒီ သတ္ထု ဝိညာဉ်ကို ပိုင်ဆိုင်ထားလို့ပဲ သူရဲ့ အဓိက ဇာတ်ဆောင်မင်းသား အခွင့်ရေးတွေက အကုန် ရောက်လာတော့တယ်။သူရဲ့ ကျင့်ကြံဆင့်တွေ တအား မြန်လာခဲ့ပြီး လေးနှစ်အတွင်း အခြေတည်အဆင့်ကို ရောက်ခဲ့တယ်။ ကျင့်ကြံဆင့်ကို ဖုံးကွယ်ရင်း ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲဝင်ပြိုင်တယ်။ပထမနေရာ ရရုံသာမက နတ်ဝိဇ္ဇာသခင်မ ဖန်းရီရဲ့ ဆက်ခံသူ တပည့်
ပါဖြစ်လာခဲ့တယ်။