(ပြန်ရတာ..မျက်လုံးညောင်းလာလို့
နားဦးမယ်..😝😂😂😰😓..
နောက်ရက် မ up ,ရင် sry..ပါ..
👀)
၁၆
''အနီးကပ် တပည့်''
စောစောကလည်း သူမ အဲ့အသုံးနှုန်းကို လိုက်ပို့တဲ့သူဆီကလည်း ကြားလိုက်တယ်။ဘာဆိုလို တာလည်းဆိုတာတော့ သေချာမသိဘူး။
သူမနားမလည်တာကိုလည်း တွေ့ရော ကောင်စုတ်လေးက စပြီး အလေးနက်ရှင်းပြတယ်။
''ကျတော့်အကိုကြီးတွေ ဆီက ကြားတာတော့
အနီးကပ်တပည့်တွေပဲ ဆရာ့ဆီကနေ တိုက်ရိုက် ပညာသင်ခွင့်ရတာ တခြား အတွင်းဆောင် တပည့်တွေဆိုရင် အကိုကြီးတွေကပဲ သင်ပေးတာ''
အော် သူတို့စနစ်က ဒီလိုကိုး။ဒါပေမဲ့နားလည်ပေးလို့ရပါတယ်။တကယ်တော့ အပြင်ဆောင်တပည့်တွေရော အတွင်းဆောင်တပည့်တွေရော အများကြီးပဲ ထောင်ချီရှိတယ်။အတွင်းဆောင် တပည့်တောင် ထောင်ချီရှိတယ်။တစ်ခါလေ တစ်သောင်းနီးပါးထိတောင်ရှိတယ်။လူတစ်သောင်းကျော်ကို
တောင်သခင် တစ်ယောက်ထဲက သင်ရမယ်ဆို
ပင်ပန်းသေရချည်ရဲ့။ဒီလိုစနစ်လုပ်ထားလိုက်တော့ အဆင်ပြေတယ်။ပြီး အနီးကပ်တပည့်ရဲ့ ဂုဏ်
ရှိန်က တကယ့်ကို ကြီးမားသွားတာပေါ့။
''မဆိုးဘူး မင်း တော်တယ်''
ကောင်စုတ်လေးခေါင်းကို လှမ်းပွတ်ရင်း ချီးမွမ်းလိုက်တယ်။
ကောင်စုတ်လေးက ပြောခံရတော့ ပိုတောင်ဆိုးသွားတယ်။တကယ့်ကိုပဲ ငါမင်းကို ကာကွယ်ပေးမယ် ပုံစံနဲ့ သူမရှေ့မှာ ခေါင်းကို အသေချာကိုမော့ပြီး မျက်နှာက ဝါကြွားကြွားနဲ့။ ကောင်စုတ်လေးကို လှမ်းခေါက်လိုက်တော့ သူက ရှောင်တယ်။ထပ်ပြီး
ကြွားလုံးထုတ်တယ်။
''ကျတော်ပြောမယ် ခု ကျတော် ချီ စွမ်းအင်
တတိယအဆင့် ရောက်နေပြီ..အကိုကြီးတောင်
ကျနော့်လောက်မမြန်ခဲ့ဖူးဘူး ပြောကြည့် ကျတော်
အရမ်းတော်တယ် မလား''
''ဟုတ်ပ ဟုတ်ပ..တော်တာ မင်းက ကမ္ဘာ့ အတော်ဆုံး ကလေးပဲ''
ဘာပဲဖြစ်ဖြစ်သူက ခုမှ ကလေးရှိသေးတာကို။
ကလေးတစ်ယောက်ရဲ့ ဂရုစိုက်ခံချင်တဲ့ မျက်လုံးနဲ့ ချီးကျူးးခံလိုတဲ့ အကြည့်တွေကို သူ ဘယ်လိုလုပ်မသိယောင်ဆောင်နေနိုင်ရမှာလဲ!!ပြီးတေ့ာ သူ့ကို ခေါ်လာခဲ့တာ သူမပဲရှိတာမလား။ရုတ်တရက် သူမမှာ စောင့်ရှောက်ပျိုးထောင်စရာ သားတစ်ယောက် ရှိလာသလို ခံစားရတယ်။
ဝမ်ရှုဟိုင်လေးက သူမ ချီးမွမ်းတာကြောင့် ချက်ချင်းပဲ ရှက်သွားပြီး သူ့ခေါင်းလေးကို အရှက်ပြေကုတ်ရင်း ပြောတယ်။
''ဒါဆို ခင်ဗျားရော ဘယ်အဆင့်ရောက်နေပြီလဲ''
ကောင်စုတ်လေး အမေးကြားတော့ သူ့နှုတ်ခမ်းတွေ အလိုလိုကို ရွဲ့ချင်ချင်။အဆင့်တွေတက်ဖို့ မပြောနဲ့
ချီ စွမ်းအင်ဆိုတာ ဘာမှန်းကို သူမ မခံစားမိသေးဘူး။တောင်ပေါ်မှာ တစ်လတောင်ကုန်သွားပြီ
သူမဆရာသင်ပေးထားတဲ့ ချီစွမ်းအင် စုဆောင်းနည်းကို သူမ အသုံးမပြုနိုင်သေးဘူး။
ကြည့်ရတာ သူမက အတော်အရွယ်လွန်သွားပုံပဲ
ကလေးတွေလောက်တောင် သုံးမရတော့ဘူး!!
ဘာမှ မတတ်နိုင်သလို ခံစားရရင်း သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။
ကောင်စုတ်လေးက သူမပုံစံကို သတိထားမိသွားပြီး ချက်ချင်းပဲ စိုးရိမ်သွားတယ်။
သူမလက်ကို လှုပ်ရမ်းရင်း တုံ့ဆိုင်းဆိုင်းနဲ့ပြောတယ်။
''ခင်ဗျား စိတ်ဓာတ်မကျ ပါနဲ့ တကယ်တော့ အဲ့ဒါက အရေးအရမ်းမကြီးပါဘူး ကျတော်တို့နဲ့ အတူလာတဲ့ တစ်ယောက်တောင် မကြာခင်ကမှ ချီ
စွမ်းအင်ကို ခံစားမိတာ''
ဂါး....သူမကို ကလေးတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး နှစ်သိမ့်ဖို့ ကြိုးစားနေတာလား ကောင်စုတ်လေး။
သူမစိတ်အခြေနေက ပိုတောင် ဆိုး သွားသလိုပဲ။
သူမပုံစံ မပြောင်းလဲတာကို ကြည့်ရင်း ကောင်စုတ်လေးက မနေတတ်စွာနဲ့ ခေါင်းကုတ်တယ်။ဘေးနားမှာ ဝိုင်းကြီးပတ်ပတ် လျှောက်ပြီး ပြောတယ်။
''ဘယ်လို ပဲ..ပဲ..ဖြစ်..ဖြစ်...ခင်ဗျား မကြာခင် အရမ်း တော်လာမယ်လို့ ကျတော် ထင်တယ်
တကယ်လို့ ခင်ဗျား ချီစွမ်းအင်ကို မခံစားမိလည်း..ကိစ္စမရှိဘူး...ကျတော်...ကျတော်..က ခင်ဗျားကို အားပေးနေမှာပါ..''
အာ...!!ကောင်စုတ်လေးတစ်ယောက်က သူ့ကို
အားပေးနေမယ်လို့ ပြောခံရတာ သူမဘဝထဲမှာ ပထမဆုံးအကြိမ်ပဲ။ကောင်စုတ်လေးရဲ့ တင်ပါးတွေကို ရိုက်မိလိုက်လို့ သူ့ကို ယူပါမယ်လို့ အမြဲပြောပြီး သူ့ကို ဇနီးလောင်းလို့ ခေါ်နေပေမဲ့ သူမ စိတ်ထဲ သိပ်မထားဘူးရယ်။စောစောက သူမတစ်ကယ် စိတ်ဓာတ် ကျတာမဟုတ်ဘဲ သူ့ကို စချင်လို့ ဟန်ဆောင်လိုက်တာရယ်။မထင်ထားမိဘူးရယ် ကောင်စုတ်လေးက အတည်ပေါက်ကြီး သူမကို အားပေးမယ်လို့။သူရဲ့ အတည်ပေါက်ပြောနေတဲ့ မျက်နှာလေးကို ကြည့်ရင်း ရယ်မိတော့တယ်။
''မရယ်နဲ့..ကျတော် တကယ်ပြောနေတာ
မယုံဘူးလား'' သူမ ပိုကျယ်ကျယ်လောင်လောင်ရယ်နေတာကိုကြည့်ရင်း သူ့ခြေထောက်လေးကို ဆောင့်နေတယ်။
ကျူ းယောင်လည်း ထိုင်ချလိုက်ရင်း ကောင်စုတ်လေးကို ဆွဲဖက်ရင်း ဆံပင်လေးတွေကို ပွတ်သပ်ပေးမိတယ်။တကယ်ပဲ ဒီကောင်စုတ်လေးက သူမကို ရယ်အောင်လုပ်နိုင်သလို ခံစားရအောင်လည်း လုပ်နိုင်တယ်။ကောင်စုတ်လေး စကားတွေကို ပြန်တုံ့ပြန်လိုက်တယ်။
''ယုံပါတယ် တကယ့်ကို အသေချာ ယုံတယ်
မင်းမြန်မြန်ကြီးလာပြီး ငါ့ကို ကူညီမှာကို စောင့်နေပါ့မယ်''
ကောင်စုတ်လေးရဲ့ အသက်ရှူသံတွေ မြန်လာပြီး ခဏနေတော့မှ ပုံမှန်ဖြစ်သွားပြီး သူမကို ဖက်ခွင့်ပေးတယ်။
''ဂိုဏ်းတူ ညီလေး''
လှမ်းခေါ်ရင်း လျှောက်လာတဲ့ သူက အသက်
ဆယ့်ငါး ဆယ့်ခြောက်လောက်ရှိနေပြီ မျက်နှာကလည်း ပြုံးပြီး ရင်းနှီး ဖော်ရွေပုံရတယ်။ထိုသူ က ခြံထဲက သူမကို လှမ်းကြည့်ရင်း ဘယ်သူလဲဆိုတာ
သိသလိုပဲ။ဒါပေမဲ့ ဘယ်သူမှန်း မခွဲနိုင်ဘူးဖြစ်တယ်။
''အကိုကြီး တု'' ကောင်စုတ်လေးက သူမ ဆီက ရုန်းထွက်သွားပြီး ဝင်လာတဲ့သူကို အံြ့သ သွားတဲ့ပုံနဲ့ ကြည့်တယ်။ကြည့်ရတာ ဒီလူကလည်း
အနီးကပ်တပည့်ထဲက တစ်ယောက်ဖြစ်ပုံပဲ။
'ညီလေး ..ဒီ အစ်မ..က''
အကိုတုက ကျ ူးယောင်ကို တစ်ချက်ကြည့်ရင်းေ ကာင်စုတ်လေးကို မေးတယ်။
''ဒါ ကျတော့်ရဲ့ ဇ..ဇ.''
ဒီကောင်စုတ်လေးထပ်ပြီး မဟုတ်မဟတ်တွေ ပြောတော့မှာ သိလို့ အမြန်ပဲ သူ့လက်နဲ့ ကောင်စုတ်လေးပါးစပ်ကို ပိတ်လိုက်ရတယ်။တော်ကြာ သူမကို မမ နဲ့မောင်လေး ဇာတ်လမ်းတွေရှိတယ်ဆိုပြီး တစ်ဂိုဏ်းလုံး သိသွားမှဖြင့်။
''ဟိုး ဟိုး..ကျမက သူ့အစ်မပါ သွေးနီးတဲ့ တစ်ယောက်''
''အော် အစ်မကိုး..''
အကိုတုက ယဉ်ကျေးစွာပြန်ပြောတယ်။သူမကို တစ်ချက်ကြည့်ပြီး သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ဘူးဆိုတာ သိလိုက်တယ်။ဒီလို မမြင်နိုင်တာ နှစ်မျိုးပဲ ရှိတယ်။ဘာမှ မကျင့်ကြံရသေးလို့ရယ် သူ့ထက်ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရောက်နေလို့ရယ်။သူမအသက်က နည်းနည်းကြီးနေတော့ ကြည့်ရတာ ဂိုဏ်းထဲ ဝင်တာ ကြာပြီး အဆင့်မြင့်မြင့်ကို ရောက်နေပုံရတယ်။ဒါကြောင့် သူ့ထက်ပို အဆင့်မြင့်တဲ့ အခြေနေပဲ လို့ တွေးလိုက်မိတယ်။
(TN:😂😝 သေစမ်း ကျူးးယောင်မ..အသက်ကြီးတော့ အထင် စွတ်ကြီး ခံရ)
''ကျတော်က တုရန်ချမ်ပါ ဂိုဏ်းသခင် ဇီမိုလက်အောက်ကပါ ဒီအစ်မကရော ဘယ် တောင် သခင်
အောက်ကလဲ မသိဘူး''
''ကျူ းယောင် လို့ ခေါ်ပါတယ်..လက်ဖွဲ့တောင်
တောင် ကပါ''
သူမကို တစ်ယောက်ယောက်က ဒေါ်လေးငယ်ခေါ်နေမှာ ကာကွယ်ဖို့ သေးသေးလေး လိမ်လိုက်တယ်။
တုယန်ချန်က ခေါင်းညိတ်ရင်း ဆက်မမေးတော့ဘဲ ဝမ်ရှုဟိုင်ဘက် လှည့်ကာ ပြောတယ်။
''ညီလေး အချိန်ကျပြီ ဆရာ့ဆီ သွားကြစို့''
ဝမ်ရှုဟိုင်နည်းနည်းတော့ ဝေခွဲမရဖြစ်သွားတယ်။သူ့ဆရာကိုသွားရှာရတော့မယ် ။ကျူးယောင်နဲ့က မတွေ့ရတာ ကြာပြီ။သူမကို တုံ့နှေးနှေးနဲ့ တစ်ချက်ကြည့်နေတယ်။
''သွားတော့လေ ငါလည်း ပြန်တော့မယ်
အတူတူ သွားရအောင်''
အဲ့ကျမှ ကောင်စုတ်လေးက တုယန်ချန်နောက် လိုက်လာတော့တယ်။နောက်ဘက်ကိုလည်းလှည့်လှညိ့ပြီး သူမကို ပျောက်သွားတော့မှာစိုးတဲ့အလား ခိုးခိုးကြည့်တယ်။လမ်းမှာ သူတို့ နှစ်ယောက် စကားတွေ ထွေရာလေးပါး ပြောသွားကြတယ်။တခါလေ
အကိုတုက ဝင်ပြောတယ်။
သူတို့ နဲ့ပြောရင်း သိရတာက တောင်သခင်တွေက အနီးကပ်တပည့်နည်းနည်းပဲ လက်ခံလေ့ရှိတယ်ဆိုတာပဲ။တစ်ကယ့်ကို အရည်ချင်းကောင်းတဲ့သူကိုပဲ ရွေးချယ်တယ်။ဥပမာ ဆရာ ဇီမိုဆိုရင် တပည့် ငါးယောက်ရှိတယ်။တုယန်ချန်းက လေးယောက်မြောက်ဖြစိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လက်ခံ
ခံရတာ။သူကအခု ချီစွမ်းအင် နောက်ဆုံးဆင့်
ပြည့်စုံသူ အဆင့်ကို ရောက်နေပြီ။ပြီးတော့ သူ့ညီလေး ဝမ်ရှုဟိုင်ကိုလည်း အတော်ချစ်ပုံရတယ်။
ဒါလိုမျိုး အကိုတစ်ယောက် ကောင်စုတ်လေးကို
ဂရုစိုက်တာ တွေ့ရတော့ သူမ တစ်ကယ် စိတ်သက်သာရာ ရသွားတယ်။
လမ်းတစ်လျှောက်မှာ ဓားတောင်တပည့်တွေ အများကြီးက သူတို့နှစ်ယောက်ကို အရိုသေပေးကြတယ်။ကြည့်ရတာ အနီးကပ်တပည့်တစ်ယောက်ရဲ့ အရှိန်ဝါက မသေးဘူး။သူတို့ နှစ်ယောက်လုံးက ကျင့်သားရနေလို့ ပုံမှန်ပဲ လျှောက်သွားကြတယ်။
ကောင်စုတ်လေးက ကလေးဆိုတော့ အတော်ကို
သူ့ဆရာ အတွက် ဂုဏ်ဆာရှာတယ်။လမ်းတစ်လျှောက်လုံး သူ့ဆရာ တအားတော်ကြောင်း
နံပါတ်တစ် ဖြစိကြောင်း ပြောပြလာတယ်။
ကျူ းယောင်ကတော့ ပြုံးစိစိဖြစ်နေတယ်။ကောင်စုတ်လေးရဲ့စံပြပုဂ္ဂိုလ်ပုံရိပ်
မဖျက်ဆီးပစ်ချင်ဘူးရယ်။သူ့ဆရာသာ သူမကို
ဒေါ်လေးငယ်လို့ ခေါ်ရတာ သိရင် ကောင်စုတ်လေး မျက်နှာ ဘယ်လို ဖြစ်သွားမလဲ သိချငိလာတယ်။
''ကျတော်ပြောမယ်.. ကျတော်ထင်တာတော့
မမ ဆရာက အတော်ဆိုးပုံပဲ ဒါကြောင့်မှ
ကျတော့် လောက် မမ က မတော်လာသေးတာ''
သူ့ကြည့်ရတာ တကယ့်ကို အကြောင်းပြချက်ကောင်းကို တွေ့သွား သလို ပွင့်ပွင့်လင်းလင်း ပြောတယ်
''ဘာလို့ ကျတော့်ဆရာ ဆီမှာ တပည့်လာမခံတာလဲ ဆရာက ကျတော့်ကို အတော်ချစ်တာ သေချာပေါက် သူ မမကိုလည်း လက်ခံမှာပါ''
ကောင်စုတ်လေးက ပြောရင်းနဲ့သူ့ စကားတွေကို ပိုအကျိုးကြောင်း ဆီလျော်လာတယ်လို့ ထင်ပြီး
သူ့လက်လေးတွေနဲ့ သူမကို သူ့ဆရာ ဂူဘက်ကို
ဆွဲခေါ်သွားတယ်။
ကောင်စုတ်လေးကို တားမလို့ပဲ ရှိသေးတယ်
ဘန်းခနဲ အသံကျယ်ကြီးနဲ့ အနက်ရောင် အရိပ်တစ်ခု သူတို့ရှေ့က ဖြတ်သွားပြီး ပြုတ်ကျလာတယ်။ပြီးတော့ မြေပြင်မှာသွေးတွေ အိုင်သွားတယ်။
ပြုတ်ကျလာတဲ့ အလောင်းတစ်လောင်း!!!ဘာတွေ ဖြစ်ကုန်တာလဲ!!
(TN:ရေး ....တစ်ဝက်ရောက်ပြီ...😂
တစ်ဝက်ဆိုတာ နောက်ကျတော့ သိပါလိမ့်မယ်..တကယ်တော့..အခန်း..၄၀၀ ရှိပါတယ်
Eng trasnlationက ၃၁၆ ရောက်နေပါပြီ..
A long way to go.ပါ..😅😰..
ဒီနှစ်လအတွင်း အပိုုင်း ရာကျော်ပြန်ဖြစ်ချင်တာ..😂😂..ဟုတ်ကဲ့ နောက်ရက် မ Up ဖူးနော်..ဒီနေ့ သုံးပိုင်းတောင် upထားတာ
စိတ်ပါတိုင်း ရေးပါတယ်..😛
.ဖတ်ပြီးရယ်ကြပါ...Good Nya to all readers!)🌒🌓
Btw...BL တစ်ပုဒ် လည်း ပြန်ကြည့်ချင်တာ
ဖတ်ကြမလား မသိဘူး..😁😁..cmtကြပါဦး ရေးသင့်မရေးသင့်..Yan dai xie jie no.10ပါ
အရမ်း သဘောကျလို့ပါ...)