နောက်တကြိမ် သေသွားပြန်တဲ့ တပည...

By JohnTargreyan

1M 127K 12.1K

ကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည... More

အခန်း(၁)လယ်ကွင်းဘေးက တောသူမလေး
အခန်း(၂)ကျင့်ကြံသူတို့ရဲ့ တပည့် ရွေးပွဲ
အခန်း(၃)စပ်စုတတ်ရင်ဒုက္ခရောက်တတ်တယ်
အခန်း(၄)ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း
အခန်း(၅)တစ်ဆိတ်လောက်လူကြီး ရှင်ကဘယ်သူလဲ!
အခန်း(၆)ကျောက်စိမ်းသစ်တောတောင်သို့
အခန်း(၇)ဒုက္ခရှာဖို့ဝါသနာပါသူ
အခန်း(၈)ကျောက်စိမ်းသစ်တောတောင် ထိပ်ဝယ်
အခန်း(၉)သစ်ခုတ်သမားပုံပြင်လို ကျင့်ကြံမိသူ
အခန်း(၁၀)ကောင်စုတ်လေးနဲ့ ပြန်တွေ့ခြင်း
အခန်း(၁၁)ဆရာ့ ရဲစွမ်းရည်သစ်
အခန်း(၁၂)​နောက်ကျနေတဲ့အန်တီ
အခန်း(၁၃)စွယ်စုံထူးချွန်
အခန်း(၁၅)ကောင်စုတ်လေးနဲ့ ပြန်ဆုံခြင်း
အခန်း(၁၆)အရေးပေါ်
အခန်း(၁၇)ပြုတ်ကျလာတဲ့ဖက်တီးလေး
အခန်း(၁၈)သုံးဖက်မြင်
အခန်း(၁၉)သူငယ်ချင်းကောင်းလး
အခန်း(၂၀)ဆရာက ညစာစားဖို့ပြန်လာခဲ့ပါတဲ့
Sry to Next up!
အခန်း(၂၁)ငှက်နဲ့ ဝင်တိုက်မိတဲ့သူ
အခန်း(၂၂)​တောင်ပေါ် ကမုန်တိုင်း
အခန်း(၂၃)ဝမ်းနှုတ်ဆေး
!!😑😓
အခန်း(၂၄)မပျံနိုင်တဲ့ ကျင့်ကြံသူ
အခန်း(၂၅)အနိုင်မကျင့်တတ်ဘူးထင်နေလား
အခန်း(၂၆)​ကောင်စုတ်လေးတတိယအစ်ကို
အခန်း(၂၇)လူတစ်ယောက်ရဲ့အပြောင်းလဲ
အခန်း(၂၈)ဝမ်ရှုဟိုင်နဲ့ ရှောင်ရီ
အခန်း(၂၉)ဒေါ် လာတစ်ရာမပေးချင်တဲ့ဆရာ
Noti plz!😁
အခန်း(၃၀)သန်သန်မာမာမှ ယောကျာ်း
အခန်း(၃၁)အန်ချင်စရာဆင်ဆာအခန်း
အခန်း(၃၂)​ကောင်းတာတွေကအတွဲလိုက်လာတယ်
အခန်း(၃၃)အနုပညာကျောင်းဆင်း
အခန်း(၃၄)စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၃၅)ကလေးပြန်ပေးသမား
အခန်း(၃၆)ကလေးတစ်ယောက်ရဲ့အစားစာ
အခန်း(၃၇)ပွတ်ပေတ်ိုက်ပေးတပည့်လေး
အခန်း(၃၈)တပည့်ကို ပျိုးထောင်ပေးတာနဲ့ ပက်သက်၍..၁
အခန်​pး(၃၈)....အပိုင်း..၂..
အခန်း(၃၉)ဆရာတပည့်ကြား ယုံကြည်မှု ၁
အခန်း (၃၉)..အပိုင်း..၂...
အခန်း(၄၀)သမိုင်းဦးမတိုင်​ခင်​​ခေတ်​က ဘီလူး​​လေး
အခန်း(၄၁)တပည်နဲ့မကစားပေးရင်သေတတယ် ၁
ကြော်​ငြာ😁
အခန်း(၄၁)...၂
အခန်း(၄၂) လံကြုတ်ဇာတ်လမ်း
အခန်း(၄၃)နှလုံးသားအစိုင်ခဲကိုခြေဖျက်ခြင်း
အခန်း(၄၄)ဇာတ်ဆောင်အရှိန်ဝါကမင်းက်ိုညာနေတယ်
အခန်း(၄၅)သူ့ရဲ့မမြင်ရတဲ့အခွင့်ရေး
အခန်း(၄၆)ရသင့်တဲ့ဇာတ်ဆောင်အခွင့်ရေး
လာၿပီ...😁😁
အခန်း(၄၇)လုံးဝန်းသော အမြူ တေ
အခန်း(၄၈)ဝင်ခွင့်စာမေးပွဲတော့လ်ိုတယ်
အခန်း(၄၉)တာရို့လူသို့ ထွက်ခွာခြင်း
အခန်း(၅၀)ဘေးလူအနေနဲ့ ပွဲကြည့်
အခန်း(၅၁)ဒါက ဘာပင်လဲ
အခန်း(၅၂)ဆေးပင်စောင့်မှော်သတ္တဝါ
အခန်း(၅၃)ဒုတိယမ္မိ စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၅၄)ပွင့်လန်းလာတဲ့ ပန်းဂန္ဓာမာ(သေပန်းပွင့်)
အခန်း(၅၅)သယ်ရလွယ်ကျစ်လစ်သေသပ်တယ်
အခန်း(၅၆)အိမ်ကထွက်လာရင် ဆရာ့ကိုတပါတည်းခေါ်ဖို့ မမေ့နဲ့
အခန်း(၅၇)ပထမဆုံးလက်ထပ်ခွင့်
အခန်း(၅၈)ဖွင့်လော့နှမ်း
အခန်း(၅၉)အရှက်မရှိတဲ့ နတ်ဘုရား
အခန်း(၆၀) ဆရာ မင်းကို ကျောက်စိမ်းသစ်တောတောင်မှာ စောင့်နေမယ်
အခန်း(၆၁)ကျူ.းယောင်ဗားရှင်း ၃.ဝ
အခန်း(၆၂)တပည့်ဖြစ်ကြောင်းအထောက်ထား
အခန်း(၆၃)မှော်သတ္တဝါကောင်ကိုအရူးလုပ်ခြင်း
အခန်း(၆၄)ဇော်ကန့်လန့်
အခန်း(၆၅)နတ်ဝိညာဉ် အဆင့်သို့
ရှေးဟောင်းတောင်ဂိုဏ်းသို့ နောက်တစ်ကြိမ်
အခန်း(၆၇)ဂုဏ်ပြုပွဲအခမ်းနား
အခန်း(၆၈)အလုပ်မရှိကြောင်ရေချိုး
အခန်း(၆၉)ကယ်ဆယ်ရေးအဖွဲ့လေး
အခန်း(၇၀)အုပ်ချူပ်သူဘုရင်မ
အခန်း(၇၁)ဖော်ပြခြင်းငှါမစွမ်းသာသော
အခန်း(၇၂)​ခေါင်းလေးလုံးကပ်ိုသာတယ်
အခန်း(၇၃)ဟီ ဟီ ရှေးဟောင်းအစီရင်တဲ့
အခန်း(၇၄)ငါ.မင်းကို အရူးလုပ်မိပြီ
အခန်း(၇၅)လွှဲပြောင်းနိုင်သော ကျင့်ကြံဆင့်
အခန်း(၇၆)ဘာမှမသိ ဘေးကပွဲကြည့်သူ
အခန်း(၇၇)စိတ်မပူနဲ့ ငါ့ တာဝန်ထား
အခန်း(၇၈)ငါပြန်လာပြီ
အခန်း(၇၉)ဇီမို့ အတွေးများ
အခန်း(၈၀)အစ်မကြီးရယ် ကြောက်အောင် မခြောက်ပါနဲ့
အခန်း(၈၁)ငါကယောကျာ်းတွေပဲကြိုက်တာ
အခန်း(၈၂)တပည့်လေး လာ စမ်းသပ်စရာရှိတယ်
အခန်း(၈၃)အဖျက်ကောင်အသစ်
အခန်း (၈၄) ရှောင်ရီ့သောက်ကျိုးနည်းယူဆချက်
အခန်း (၈၅) ပြိုကွဲသွားသော ကမ္ဘာငယ်
အခန်း(၈၆)ဦးဆုံးသေတဲ့ဇတ်ရံကောင်
အခန်း(၈၇)ဟဲလို ကျူ းယောင်ဗားရှင်း ၄.ဝ
အခန်း(၈၈)ဒီ ဆရာတူညီမလေးကဘယ်သူလဲ
အခန်း(၈၉)အတင်းအဓမ္မ
အခန်း(၉၀)ဆရာသွားနှင့်တော့မယ်
အခန်း(၉၁)ကြုံသလိုမသေပါနဲ့တော့
အခန်း(၉၂)သန့်စင် ယင် ခန္ဓာကိုယ်
အခန်း(၉၃)နာမည်ပေးခြင်းအစဉ်လာ
အခန်း(၉၄)နောက်ကျနေတဲ့ ရှေ့ဖြစ်အိပ်မက်
အခန်း(၉၅)မျှော်လင့်တာနဲ့တခြားစီ
အခန်း(၉၆)ပြိုင်ဘက်ကင်း ရေဝိဉာဉ်ကြော
အခန်း(၉၇)အရံသရုပ်ဆောင်
အခန်း(၉၈)​စောင်ကလေးယုတ်မာမှု
notice
အခန်း(၉၉)အပြန်ခရီး
အခန်း(၁၀၀)ပျက်သုဉ်သွားသောဂိုဏ်း
အခန်း(၁၀၁)လောကနံပါတ်တစ်ဂိုဏ်းဆိုတာ
အခန်း(၁၀၂)ပူး​တွဲလေ့ကျင့်ကျင့်ကြံဆင့်
အခန္​း (၁၀၃)နှစ်ယောက်နဲ့ယှဉ်၍
အခန်း(၁၀၄)မုန်လာဉလေးပြောင်းလဲပြီ
အခန်း(၁၀၅)လှည့်စားတတ်တဲ့အဖျက်ကောင်
အခန်း(၁၀၆)မျက်နှာကြည့်ဖို့လိုတဲ့သည်လောက
အခန်း(၁၀၇)အရိပ်မည်း
noti
အခန်း(၁၀၈)ရေခဲထဲက အမြွှာ
အခန်း(၁၀၉)ထူးဆန်းသောမုန်လာဉလေး
အခန်း(၁၁၀)တစ်ခါခေါ် ​မှော်သတ္တဝါ
အခန်း(၁၁၁)သခင်မရယ် တိုက်ဆိုင်ချက်များဆိုတော့
အခန်း(၁၁၂)ပိုက်ဆံရှာတော်တဲ့ချန်းနင်း
အခန်း(၁၁၃)တစ်ခုတည်းသော မှတ်တမ်း
အခန်း (၁၁၄)နေရာအပြောင်းလဲနဲ့အကောင်ဆန်းများ
အခန်း(၁၁၅)လွတ်မြောက်ရာ လမ်းစ
အခန်း(၁၁၆)ဆရာ!
အခန်း(၁၁၇)နှုတ်ဆက်ပါတယ် ဆရာ
အခန်း(၁၁၈)​ရှောင်လွှဲမရသောရှေ့ဖြစ်များ
အခန်း(၁၁၉)ဘာလို့ငါ့ကျိန်ဆဲတာလဲ
အခန်း(၁၂၀)စေ့စပ်ပွဲဖျက်သိမ်းသောဝူဆောင်း
အခန်း(၁၂၁)မရှိခဲ့သောစေ့စပ်ပွဲ
အခန်း(၁၂၂)တံခါးပိတ်ကျင့်ကြံမယ်
အခန်း(၁၂၃)မိုးပြာပျံသန်းဂိုဏ်းနောင်တ
အခန်း (၁၂၄) ကျောက်စိမ်းသစ်တောတောင်က ပန်းပဲဆရာတွေသာ အတော်ဆုံး
အခန်း (၁၂၅) သော့ချက်ကို သိရတာ တကယ်ကောင်းတယ်
အခန်း(၁၂၆)ဂိုဏ်းပေါင်းစုံကအနိုင်လာကျင့်တယ်
အခန်း(၁၂၇)မုမေ့ယန်၏စိန်ခေါ်မှု
အခန်း(၁၂၈)အဖျက်ကောင်လို့‌ခေါ်ရင် မင်းပြန်ထူးမှာလား
အခန်း(၁၂၉ ) အစွမ်းအထက်ဆုံးလက်နက်
အခန်း(၁၃၀ )မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်
အခန်း (၁၃၁)နတ်သက်ကြွေ၏ နတ်ဘုံနန်း
အခန်း(၁၃၂)ပြားကိုးဆယ်မပြည့်သော နောက်ဆုံးတိုက်ပွဲ
အခန်း(၁၃၃)နတ်ဘုရားဆိုသော ထိုပုဂ္ဂိုလ်များ
အခန်း(၁၃၄ )နင့်အစ်မကို မိစ္ဆာနေ!!

အခန်း(၁၄)ဂိုဏ်းချုပ် ခေါင်းကိုက်ရခြင်း

8K 1K 104
By JohnTargreyan

၁၄
''ဆရာဦးလေး ပြောတာက စိတ်တန်ခိုး ပညာရပ် တစ်ခုပဲလား´´

''အစားသောက်ပဲ´´

''အစားအစာ!အရမ်း အဖိုးတန်တဲ့ မြင့်မြတ်တဲ့ ပစ္စည်းများလား´´

''မဟုတ်ဘူး´´
ယုယန်လည်း မျက်မှောင်ကြုတ်သွားတယ်။
တစ်ကယ်တော့ သူလည်း မကြားဖူးဘူးလေ။
''သွေးထွက်တာ များတဲ့ လူတွေကို တိုက်ရတဲ့
အရည် တမျိုးပဲ´´

ဂိုဏ်းချုပ်ဇီမို လည်း နှုတ်ခမ်းတွန့်သွားပြီး
''ဆရာဥိးီလေး ပြောတာက ရေနွေးထဲကို သကြားညို ထည့်ကြိုတာ ပြောတာလား မသိဘူး´´

ယုယန် က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။
ကြည့်ရတာ ရေနွေးကြိုပြီးရင် သကြားညို ထည့်လိုက်ရုံပဲကို!
''မင်းမှာ သကြားညို ရှိလား´´

မရှိပါဘူး´´
ဂိုဏ်းချုပ်ဇီမို လည်း ချောင်းအနည်းငယ် ဟန်ပြုဆိုးပြီးမှ အသိဝင်လာတယ်။ဘာကိစ္စ ဒီဟာလေးအတွက် ညနက်ကြီးမှ သူ့ဆရာဦးလေးက လာရှာနေတာလဲ မသိဘူး!

''ဒါပေမဲ့ ဆရာဦးလေး အမြန်လိုနေတယ်ဆို
ရင်တော့ ကျတော် အမိန့်ထုတ်ပြီး နောက်နေ့ကျတော့ လာပို့ ခိုင်းလိုက်ပါ့မယ်´´

''အင်း..´´
ယုယန်က အေးစက်စက်နဲ့ဲပဲ သူပြောတာကို
ခေါင်းညိတ်သဘောတူတယ်။ပြီးတော့ လှည့်ထွက်သွားဖို့ ခြေလှမ်းအနည်းငယ်လှမ်းတယ်။ခဏရပ်သွားပြီး ပြန်လှည့်လာတယ်။အလေးနက်လေသံနဲ့မေးတယ်။

''ပြောကြည့်ဦး အမျိုးသမီးတစ်ယောက်ရဲ့
အန်တီလာတဲ့ ကာလမှာ သကြားညိုရည် သောက်ရတာ အပြင် တခြား ဂရုစိုက်စရာ ရှိသေးလား´´

''အာ...´´

ဂိုဏ်းချုပ်ကြီး ဇီမို လည်း ခြေထောက်တွေ ပျော့ခွေပြီး မြေပေါ်လဲကျတော့မလို ဖြစ်သွားတယ်။အမျိုးသမီး တစ်ယောက်ရဲ့ အန်တီကာလ။
သူနားကြား လွဲတာတော့ မဟုတ်ပါဘူးနော်!!

''ဦး..ဦးလေး...ဆရာသခင်..ဘာ...ဘာလို့ မေးတာ လဲ မသိဘူး....´´

''မင်း မသိ ဘူး ပေါ့´´

ယုယန်မျက်လုံးလေးတွေ ကျဉ်းသွားပြီး ဖီမိုကို
စိုက်ကြည့်နေတယ်။သူ့ပုံစံက ပိုတောင် အေးစက်လာသေးတယ်။တပည့်တွေ ဒီလောက်များတာ မသိရကောင်းလားဆိုတဲ့ အပြစ်တင်ကြည့်နဲ့ ကြည့်နေတာ။ဂိုဏ်းချုပ်ခမျာ ချွေးစေးတွေတောင် ပြန်လာတယ်။မတတ်နိုင်ဘဲ ဆက်ပြောရတယ်။

''ကျတော်..တော်...သေချာ မသိပေမဲ့လို့
ကြားဖူးသလောက်တော့ ဒီအချိန်ဆို အမျိုးသမီးတွေက သွေးတွေ အများကြီး ထွက်ထားလို့ သူတို့ ကိုယ်ကို အပင်ပန်းခံလို့ မရပါဘူး
ပြီးတော့ အေးတဲ့ အရာတွေ နဲ့ ထိတွေ့လို့
မဖြစ်ပါဘူး´´

ယုယန်က ခေါင်းညိတ်ပြီး တိတ်တိတ်ကလေး မှတ်ထားလိုက်တယ်။ခဏကြာတော့ အမှုစစ်သလို လေသံနဲ့ ဆက်မေးတယ်။
''ဒါဆို လစဉ်သုံး အထုပ် လုပ်ဖို့ အကောင်းဆုံး
ပိုးချည်က ဘာလဲ´´

ဘာလို့လဲဆိုတော့ သူ့တပည့်ကို တောင်ပင်လယ် ငါးမန်းပိုးချည်မျှင်နဲ့ လုပ်ထားတာပေးတဲ့ တပည့်ကဲ့ အမူရာ က ထူးဆန်းနေတယ်။မကြိုက်လို့လို့ပဲ သူ ကောက်ချက်ဆွဲလိုက်တယ်။

''#*$...´´

သူ့ဦးလေးဆရာသခင် လူစားထိုးခံလိုက်ရတာလား!!ဘာလို့ သူလို ယောကျာ်းရင့်မာကြီးကို အမျိး သမီးအတွင်းရေ ကိစ္စနတွေ မေးနေရတာတူန်း!!

''ကျတော်ထင်တာ ကတော့ ရေစုပ်အားကောင်းတဲ့ အရာမျိုး..အဲ ..ကုလားအုတ်ချည်မျှင်တို့လိုမျိူးး ပေါ့´´

''ကုလားအုတ်ချည်မျှင်´´

ဒီချည်မျှင်က အဆင့်နိမ့် မှော်ပိုးကောင်က ထုတ်တဲ့ ပစ္စည်းဖြစ်ပုံပဲ။သူ့မှာ အဲ့လို အဆင့်နိမ့်တာက မရှိဘူး။ဒါကြောင့် ချွေးပြန်နေတာကို သုတ်နေတဲ့ သူ့တူဂိုဏ်းချုပ်ကို ပဲ ကြည့်လိုက်တယ်။

အကြည့်တွေကြောင့် ဂိုဏ်းချုပ်ခမျာ တုန်သွားရှာတယ်။မနေနိုင်တော့ဘဲ သူ့ ပစ္စည်းသိမ်းတဲ့ အိတ်ကလေးကိုထဲက အဖြူရောင် ပိုးချည်လေးတွေထုတ်ပြီး

''ကျတော့်မှာ အများကြီးတော့ မရှိပါဘူး
ဒါပေမဲ့ ဦးလေးဆရာ စိတ်မရှိဘူးဆိုရင်
ရွေးလို့ ရ...ရ´´

''အင်...´´
ယုယန် က သူပြောပြီးတောင် မစောင့်ဘဲ ရှိသမျှကို သူ့ အိတ်ထဲပြောင်းထည့်ပစ်လိုက်တယ်။တစ်ခုတောင် မချန်ထားဘူး။အိတ်ကလေး ကိုင်ထားတဲ့ ဂိုဏ်းချုပ်ကြီးခမျာ ဘာပြောရမှန်းတောင်မသိတော့ဘူး!!

အကုန်လုံး ပေးမယ်လို့ မပြောမိပါဘူး။နည်းနည်းတော့ များသွားပြီ။သူရဲ့ နာကျင်သွားတဲ့ နှလုံးသားကို လက်နဲ့ ပွတ်သပ်ရင်း စဉ်းစားမိတယ်။တကယ်တမ်းကကျတော့ ပြန်မတောင်းရဲပါဘူး။

''ဂိုဏ်းတူဆရာဦးလေး ဒီကိစ္စတွေ ကို ဘာလို့
မေးတာလဲ မသိဘူး´´

တစ်ယောက်ယောက်ကများ နှစ်တစ်သောင်းကျင့်ထားတဲ့ ယုယန်တစ်ယောက် မိန်းမတွေ ကိစ္စကို စိတ်ဝင်စားလာတယ်ပြောရင် သူ
သေအောင် ရိုက်ပြောတောင် မယုံဘူး။

''ငါ့တပည့်က အန်တီလာနေတယ် ဒါကြောင့်
သူ့ကို ဂရုစိုက်ပေးနေတာ´´

အော် လက်စသတ်တော့ သူရဲ့ တပည့်သစ်ကိစ္စကိုး။
နေကြပါဦး!!ဆရာဦးလေးက ဘာကိစ္စ ဒီလိုမျိုးတေဠထိပါ လိုက်ဂရုစိုက်နေရတာလဲ!!လိုလို့လား!

''ဆရာ..ဆရာ ..ဦးလေး...ဒေါ်လေးအငယ်က
မိန်းကလေးလေ´´

ယုယန် က သူ့ကို ကြောက်စရာကောင်းတဲ့အကြည့်နဲ့ ပြန်စိုက်ကြည့်တယ်။

ဘာလဲ သူမသိဘူးထင်နေလို့လား!!

ဂိုဏ်းချုပ် နှလုံးခုန်တောင် မမှန်ချင်ဖြစ်သွားတယ်။ သူ့ဆရာဦးလေးကို ယောကျာ်းနဲ့မိန်းမကြား မတူဘူးဆိုတာ ဘယ်လို ရှင်းပြရမလဲကို မသိတော့ဘူး။

''..ကျတော်...ကျတော်...ပြောချင်တာက
ဆရာဦးလေး က စိုးရိမ်နေလို့...
ဒေါ်လေးငယ် နေလို့ မှ ကောင်းရဲ့ လား လို့ မေးတာပါ..´´

ယုယန် မျက်မှောင်ပြန်ကြုတ်သွားတယ်။

''သတိလစ်သွားတာ´´

''စိတ်ပူစရာတော့ မလိုပါဘူး သွေးဆုံးရှုံ့း ရုံပါ´´
သူ့တပည့်ကို သွေးအားဖြည့်ဆေးရည်လည်း တိုက်ထားပြီ။အနာသက်သာအောင် ဂါထာလည်း သုံးထားသေးတယ်။သူ့ရဲ့ ဂါထာအစွမ်းကိုလည်း သူယုံတယ်လေ။

''#*¿$..´´
သူပြောချင်တာ အဲ့တာမဟုတ်ဘူးလေ။

''ဆရာဦးလေး...ဟိုလေ..အဟမ်း..အမျိုးသမီးတွေရဲ့ ရာသီလာတယ်ဆိုတာ ရော သိရဲ့လား´´

သူလက်ဝတ်ရုံကို တစ်ချက်ခါရင်း သူလိုချင်တာတာလည်း ရပြီမလို့ ပြန်ဖို့ အချိန်ပဲလို့ ယုယန်တွေးမိတယ်။

ဂိုဏ်းချုပ်က ဆက်ပြောတယ်။
''အဟမ်း...လူသာမန်မိန်းကလေးတွေမှာ..အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် ရောက်တဲ့အခါ..သူတို့မှာ..အဲ့တာ...အဟမ်း...ဖြစ်ကြတယ်..ဆိုလိုတာက..အဟမ်း...သူတို့ အရွယ်ရောက်ပြီလို့....သူတို့ လက်..လက်..´´

သူပြောပြီးအောင်ကို ယုယန်က မစောင့်ဖူးရယ်။
''နားတော့...´´
တစ်ခွန်းပြောပြီး ဖျတ်ခနဲ ပျောက်သွားတယ်။

ဂိုဏ်းချုပ်ဇီမိုခမျာ လိုရင်းကို ပြောမလို့ ရှိသေး တန်းလန်းကျန်ခဲ့ရှာတယ်။ဘာမှ မရှိတော့တဲ့ သူ့ရဲ့ ပစ္စည်းသိမ်းအိတ်ကလေးကို ကြည့်ရင်း သူ့နှလုံးသားရင့်ရင့်က ပိုနာလာသလိုပဲ။ဟင့်။

သူ့ ဦးလေး ညကြီးအချိန်မတော် သူ့ကို လာရှာတာက သူ့ဆီက ကုလားအုတ်ပိုးချည်မျှင်ကို လာဓားပြတိုက်မလို့ပေါ့။အရမ်းတန်ဖိုး မကြီးပေမဲ့ သာမန်လူတွေ ဝတ်ဆင်နိုင်တာမျိုးမဟုတ်ဘူး။သူရဲ့ ရေစုပ်အား ကောင်းတာကြောင့်ရယ် ကာကွယ်နိုင်စွမ်းရှိတာကြောင့်မို့ ဒီချည်မျှင်ကို ရေလက်နက် ပုံစံမျိုး ဖန်တီးပစ်လေ့ရှိတယ်။ဒီလို ချည်မျှင်ကောင်းကိုလစဉ်သုံး ပစ္စည်းလုပ်ပစ်မယ်ဆိုတာ တကယ့်ကို မတွေးရဲ စရာပဲ။တကယ့်အဖိုးတန်ကို!!ပိုဆိုးတာက သူ့ဦးလေးက သူ့အတွက် တစ်ခုတောင် မချန်ဘဲ အကုန် မ သွားတာပဲ။
ဂိုဏ်းချုပ်ခမျာ သက်ပြင်း ချရုံပဲတတ်နိုင်တယ်။
သူက ဘာလုပ်နိုင်မှာလဲ ဟိုသူက သူ့ဆရာဦးလေးလေ။ဘာမှ မတတ်နိုင်ဘူး ဒီတိုင်းပေးရမှာပဲ။
စိတ်မကောင်း ဖြစ်နေတုန်းရှိသေး
သူ့အိပ်ရာ ပေါ်မှာ လရောင်လင်းနေသလို ဖျော့တော့တဲ့ အလင်းရောင် ထွက်နေတဲ့ ပိုးချည်မျှင်ကို တွေ့လိုက်ရတယ်။သူ ထိုပိုးချည်မျှင်ကို ကောက်ကိုင်ရင်း အံသြလွန်းလို့ လက်တွေတောင် တုန်လာတယ်။

ဒါဟာ...ဒါဟာ..ပိုးချည်ကြမ်းမလား!!တောင်ပင်လယ် ငါးမန်းလူသားတွေဆီကသာ ရနိုင်တဲ့ ပိုးချည်ကြမ်းပဲ။အရမ်းရှားပါးပြီး တော်တော်များများက လက်နက်အကာကွယ်အဖြစ် အသုံးပြုကြတာ များပြီး အတော်ကို တန်ဖိုးကြီးတယ်။သူ့ရဲ့ တန်ဖိုးကြီးရတာလည်း ငါးမန်းလူသားတွေရဲ့ ဒေါသကြောင့်ပဲ။ဘာလို့လည်းဆိုတော့ သူတို့တွေက အဋ္ဌမအဆင့်ရှိတဲ့ မှော်သတ္တဝါ တွေပဲ ပြီးတော့လည်း သူတို့တွေက အုပ်စုလိုက်နေကြတာ။သူတို့ရဲ့ အဌမအဆင့်က ကျင့်ကြံသူတွေရဲ့ နတ်ဝိညဉ် အဆင့်နဲ့ညီတယ်။
ဒါကြောင့် တော်တော်များများက သူ့တို့နဲ့ မဆုံရဲဘူးရယ်။ပြီးတော့ ပိုးချည်ကြမ်းက သူတို့တစ်ဘဝလုံးမှ တစ်ခုပဲ ထုတ်တာမလို့ တကယ့်ကို သူတို့အသက်လိုပဲ။ဒါကိုရဖို့ ဆိုရင် အရင်ဆုံး အဌမဆင့်မှော်သတ္တဝါတစ်ကောင်ကို သတ်ရမယ်လို့ ဆိုလိုတာပဲ။ပြီးတော့ အုပ်စုလိုက်ကြီး။ဘယ်သူမှ မလုပ်ရဲဘူးရယ်။

ခုတော့ သူရဲ့အဖိုးတန်လေးကို ထိကြည့်ရင်း
ဂိုဏ်းချုပ်ခမျာ ရယ်နိုင်ပြီလေ။စောစောက ချည်မျှင်တွေ ဆုံးရှုံးသွားလို့ စိတ်ညစ်တာတွေ အကုန်ပျောက်ပြီး ရင်ထဲမှာ ကျေနပ်နှစ်သက်ခြင်းတွေပဲ ရှိတော့တယ်။သူ့ဦးလေးဆီကို နောက်ထပ် ချည်မျှင် အခုတစ်ရာလောက်တောင် ထပ်ပို့ပေးချင်လာပြီ။

အဲ့အချိန်မှာပဲ သူ့ဦးလေးက ဒီချည်မျှင်ကိုအရင်ကဘာလုပ်ဖို့ သုံးလဲဆိုတာ သတိရသွားပြီး
ချက်ချင်း အီလည်လည်ဖြစ်သွားတယ်။

သူ့ဦးလေးက ဒီချည်မျှင်ကြမ်းကို ထားခဲ့တယ်ဆိုတာက သူ့ရဲ့ ကုလားအုတ်ပိုးချည်နဲ့လဲချင်လို့ တစ်နည်းအားဖြင့်ဆိုရင် သူ့မှာ မရှိလို့။ငါးမန်း ပိုးချည်ကြမ်းပဲရှိလို့။ပြီးတော့ ဒါတွေနဲ့ လစဉ်သုံး ပစ္စည်းလုပ်ပစ်တာ!!!
ရုတ်တရက်ကြီး ဆိုသလို ဂိုဏ်းချုပ်ခမျာ
တစ်ကိုယ်လုံး မသက်မသာဖြစ်နေသလို ခံစားရတယ်။
ဂိုဏ်းချုပ်တစ်ယောက် နှမြောလွန်းလို့ စိတ်မသက်မသာ ဖြစ်နေချိန်မှာပဲ ယုယန်ကတော့ သူ့တောင်ကိုလာပြီး သူ့တပည့်အတွက် လစဉ်သုံးပစ္စည်းတွေ စချုပ်ပေးတော့မလို့ပဲ။သူ့တပည့် အိမ်လေးဘက်ကို ကြည့်တော့ မှောင်နေပြီ။ကြည့်ရတာ အိပ်ပျော်နေပြီ။ခဏတော့ တုံ့ဆိုင်းသွားတယ်။ပြီးတော့မှ စိတ်ပူလာပြန်ပြီး တံခါးဖွင့်ပြီး ဝင်သွားတယ်။

သူ့တပည့်ကိုကြည့်ရင်း သူ့တပည့်ဟာ တစ်ကယ်အားနည်းတာပဲ ပြီးပိုဆိုးတာက တုံးကလည်း တုံးသေးတယ်။အဲ့နေ့က ဒီလောက်နာနေတာတောင် သူ့ကို မပြောပြဘူး။အားနည်းရုံမကပဲ အတော်လည်းတုံးတဲ့ တပည့်ပဲ။သူသာ ကြပ်ကြပ်မတ်မတ် စောင့်မကြည့်ဘူးဆိုရင် တစ်နေ့ကျရင် သူ့တပည့်က အတုံးလွန်လွန်းလို့ သေသွားမလားပဲ။

သူ့တပည့်က အိပ်ပျော်ဆဲ။သူ့လက်ဆန့်ထုတ်လိုက်ပြီး သူမ သွေးခုန်နှုန်းကို စမ်းလိုက်တယ်။သွေးခုန်နှုန်းက ပိုမှန်ပြီး အားကောင်းနေတယ်
။ကြည့်ရတာ မနက်ကလောက် မဆိုးတော့တဲ့ ပုံပဲ။စိတ်သက်သာရာ ရသွားပြီး စောင်ထဲမှာလှိမ့့်နေတဲ့ ခပ်တုံးတုံးတပည့်ကို ကြည့်မိသွားတယ်။
သူ့တူ စကားတွေကို ပြန်ကြားယောင်လာတယ်။
ဒီအချိန်ဆို အမျိုး သမီးတွေက အအေးမိခံလို့ မဖြစ်ဘူး။ချက်ချင်းပဲ သူ့အိတ်ထဲကနေ စောင်တထည် ထုတ်ပြီး သူ့တပည့်ပေါ်ကို ခြုံပေးလိုက်တယ်။

သာမန်သေမျိုးဆိုတော့ အအေးမိဖို့ လွယ်မှာပဲ
အင်း ဟုတ်တယ်!!

သူ့တပည့်ကို ပြန်ကြည့်ရင်း စိတ်ပူလာပြန်တယ်
ကြည့်ရတာ စောင်တထည်ထဲက မလောက်ဘူးထင်တယ်။နောက်ထပ် တစ်ထည်
ထုတ်လိုက်ပြီးခြုံပေးလိုက်ပြန်တယ်။

ထပ်ကြည့်မိရင်း စိတ်ပူလာပြန်တယ်။နောက်ထပ်တစ်ထည် ထုတ်လိုက်တယ်။
ခြုံပေးလိုက်တယ်။
သူက ကပ်စေးနဲတဲ့သူမဟုတ်ဘူးရယ်။သူ့မှာ
စောင်တွေ အများကြီးရှိတယ်။

သူ့တပည့်ကို ပြန်ကြည့်ရင်း စိတိပူလာပြန်တယ်။
နောက်ထပ်တစ်ထည် ထုတ်လိုက်တယ်.......
......

..
တပည့်ဖြစ်တာ ခြောက်ရက်မြောက်တဲ့နေ့မှာပဲ
ကျူ းယောင်တစ်ယောက် ပူအိုက်လွန်းလို့ နိုးလာတော့တယ်။
..
..

Continue Reading

You'll Also Like

139K 23.7K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
929K 76.3K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
162K 7.5K 199
အမြွှာအစ်ကိုဖြစ်သူ Lu Yining ပျောက်နေတဲ့ကိစ္စကိုကူရှာပေးဖို့ ပြင်သစ်ကနေ တရုတ်ကို ပြန်ရောက်လာတဲ့ Lu NingNing က ယောက်ျားလေးဝတ်စုံဝတ်ထားတာ တွေ့လိုက်ရတဲ့...