ရွှေအဆင့်နည်းပြ

By Swae_Nyoe

103K 13.2K 106

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း

Part 114

324 44 1
By Swae_Nyoe

114 01

Chapter 114: မြေပုံမှတ်ဉာဏ်

ပိုင်ဖန်းနှင့် ကျန်းရှောင်ယွီတို့သည် သူတို့၏ အထူးလေ့ကျင့်မှုမပြီးဆုံးမီ ညစာစားချိန်အထိ လေ့ကျင့်ခဲ့ကြသည်။ တစ်နေ့လယ်အတွင်း ပိုင်ဖန်းသည် Rainy Nightမြေပုံအတွက် နည်းပရိယာယ်များစွာကို အသေအချာ ကျွမ်းကျင်ခဲ့သည်။ အားလုံးသည် စားသောက်ရန် ဆိုင်သို့ရောက်သည်နှင့် ထောင့်တစ်နေရာတွင် မိုဟန်တျန်း၊ ရှီရှောင်ဘင်းနှင့် ရှားလီတို့စကားပြောနေသည်ကို တွေ့လိုက်ကြသည်။

ကျန်းရှောင်ယွီကို မြင်သောအခါ၊ ရှောင်းလီနှင့် ရှီရှောင်ဘင်းတို့သည် ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ မိုဟန်တျန်းသည် ကျန်းရှောင်ယွီကိုကျောခိုင်းထားပြီး ကျန်းရှောင်ယွီ၏ချဉ်းကပ်မှုကိုသတိမထားမိပေ။ သူသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "ဒီနေ့ အဆင့်တစ်ဆယ်အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ နတ်ဘုရားWingက အရမ်းမိုက်တယ်။ အဲဒီလက်ဖြောင့်မှုဟာ လှည့်စားတဲ့အစီအစဉ်ကို ဖွင့်ထားသလိုပဲ။ သူက ကမ္ဘာပေါ်က နိုင်ငံအားလုံးရဲ့ လက်ရွေးစင်နည်းပြတွေထဲမှာ အစွမ်းထက်ဆုံးနဲ့ အချောဆုံးနည်းပြဖြစ်တယ်။ အစ်ကိုတို့ဘယ်လိုထင်လဲ"

ရှားလီနှင့် ရှီရှောင်ဘင်းတို့က သူ့ကိုမျက်စပစ်ပြကြသော်လည်း မိုဟန်တျန်းသည် သူတို့၏ အဓိပ္ပါယ်ကို နားမလည်ဘဲ ဆက်ပြောလိုက်သည်။ "ကမ္ဘာ့စီးရီးမှာ နည်းပြ PK ပွဲရှိရင် ကျွန်တော်တို့ တရုတ်အမျိုးသားအသင်းက ချန်ပီယံဖြစ်မှာပဲ"

ပိုင်ဖန်းသည် သူ့နှာခေါင်းကို ထိလိုက်ပြီး ပြုံးမိသွားသည်။ ရှောင်းမိုသည် 'နတ်ဘုရားWing ၏ နံပါတ်တစ် ပရိသတ်' ရာထူးအတွက် သူနှင့် ယှဉ်ပြိုင်ရန် ကြိုးစားနေပါသလား။

တစ်စုံတစ်ယောက်က သူ့အားပုခုံးပုတ်လိုက်ချိန် မိုဟန်တျန်း စကားပြောနေခဲ့သည်။ မိုဟန်တျန်းသည် ခေါင်းကိုလှည့်လိုက်ပြီး ကျန်းရှောင်ယွီ၏ တည်ငြိမ်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။ လူငယ်လေး၏ နားရွက်များ ချက်ချင်းနီရဲလာပြီး "န-နည်းပြကျန်း" ဟုပြောသည်။

ကျန်းရှောင်ယွီ အနည်းငယ်ပြုံးပြီး နူးညံ့သိမ်မွေ့သော အသံဖြင့်မေးလိုက်သည်။ "ငါက နည်းပြကောင်းတစ်ယောက်လို့ မင်းထင်လား"

မိုဟန်တျန်းရှက်သွားခဲ့သည်။ "ဟ-ဟုတ်ပါတယ်"

ကျန်းရှောင်ယွီဆက်ပြောလိုက်သည်။ "ဒါဆို မင်းငါ့ဆီက သင်ယူပြီး အဆင့်တစ်ဆယ်ကို ကျော်သွားရမယ်။ မင်းကဘာလို့...လေးခုလုံးကျော်အောင်မလုပ်တာလဲ"

မိုဟန်တျန်း: "......???"

ရှားလီနှင့် ရှီရှောင်ဘင်းတို့သည် နာမည်အခေါ်ခံရမည်ကို ကြောက်သောကြောင့် ခေါင်းငုံ့လိုက်ကြသည်။ ကျန်းရှောင်ယွီလှည့်ထွက်သွားသည်နှင့်အမျှ မိုဟန်တျန်းသည် သူ့ပါးစပ်ကိုဟထားဆဲဖြစ်ပြီး မေးရိုးလည်း ပြုတ်ကျလုနီးပါးဖြစ်နေသည်။ နောက်ဆုံးတွင် သူသည် သတိပြန်ဝင်လာကာ ပြောလိုက်သည်။ "ငါစကားပြောတိုင်း ဘာလို့နတ်ဘုရားWing မိရတာလဲ"

ယခင်ကသူသည် ကိုရီးယားအဆင့်တွင် ကစားခဲ့ပြီး စမတ်ကျသော AI ဟန်ဆောင်ခဲ့သည်။ သူသည်မင်းသမီးလေးစဖွယ် သရုပ်ဆောင်ထားပြီး အခြားသူများအား အိုပါးဟု‌ခေါ်ကာ ညုတုတုနှင့် ချစ်စရာကောင်း‌နေခဲ့သည်။ နည်းပြကျန်းမှာ အချိန်တိုင်းရှိနေခဲ့သည်။ ယနေ့တွင် နည်းပြကျန်းအား သူ့နောက်ကွယ်မှ ချီးကျူးခဲ့ပြီး ကျန်းရှောင်ယွီမှ ထပ်မိခြင်းကို ခံခဲ့ရပြန်သည်။

ပရောဂျက်လေးခုစလုံး၌ အဆင့်တစ်ဆယ်အား ကျော်သွားဖို့လား။ မဖြစ်နိုင်သည့်အလုပ်တစ်ခုဟု ထင်မြင်မိသည်။

သို့သော် နည်းပြကျန်းလုပ်နိုင်ပါက သူလည်းလုပ်နိုင်သည်။ မိုဟန်တျန်းသည် အသက်ပြင်းပြင်းရှူကာ တိတ်တိတ်လေး တွေးလိုက်သည်။

ပိုင်ဖန်းသည် ပန်းကန်ပြားတစ်ခုနှင့် ပြတင်းပေါက်ဆီသို့ ရောက်လာသည်။ သူသည် သူ့သခင်ကို မျက်နှာမူကာ ထိုင်၍ပြုံးလိုက်သည်။ "ရှောင်းမိုက် ဆရာ့ကိုတွေ့တိုင်း ကြောင်တစ်ကောင်ကို မြင်နေရတဲ့ကြွက်လိုပဲ။ သူက ဆရာ့ကို ကြောက်နေတဲ့ပုံပဲ"

ကျန်းရှောင်ယွီ ပြောလိုက်သည်။ "တကယ်တမ်း ငါသူ့ကို မျက်ရည်ကျတဲ့အထိ ဆူခဲ့တယ်"

ပိုင်ဖန်းသည် သူ့မျက်လုံးထောင့်မှ မိုဟန်တျန်းကို ကြည့်လိုက်ပြီး အသံတိုးတိုးမေးလိုက်သည်။ "သူက အယ်လ်ဖာတစ်ယောက်ပဲ။ သူဘာလို့ ငိုရတာ ကြိုက်တာလဲ"

ကျန်းရှောင်ယွီ၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ "သူကအရွယ်မရောက်သေးဘဲ ဖန်နှလုံးသားရှိတယ်။ သူဝမ်းနည်းနေချိန်နဲ့ စိတ်လှုပ်ရှားတဲ့အခါ ငိုတယ်။ သူ့မျက်ရည်ပြွန်တွေက ကောင်းကောင်း ဖွံ့ဖြိုးနေတယ်" သူသည် ခေတ္တနားပြီးနောက် ဆက်ပြောလိုက်သည်။ "ဒါတောင် ငါသူ့အပေါ် အကောင်းမြင်တာ။ သူကအရည်အချင်းမြင့်မားပြီး သူ့အမှား‌တွေကို အချိန်နဲ့တပြေးညီ ဆင်ခြင်သုံးသပ်နိုင်ပြီး ပြောင်းလဲဖို့ ကြိုးစားလိုစိတ်ရှိတဲ့သူပဲ။ မင်းနဲ့ လျိုရှောင်ကျိုးတို့နဲ့ ကွာဟချက်ရှိနေသေးပေမယ့် သူကလက်ရွေးစင်အသင်းစနိုက်ပါရဲ့ ဝန်ထုပ်ဝန်ပိုးကို အချိန်မီထမ်းနိုင်မယ်လို့ ယုံကြည်တယ်"

114 02

ပိုင်ဖန်းမှာနားလည်မှုဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော်သိတယ်။ နောက်ပိုင်းပွဲတစ်ပွဲမှာ စနိုက်ပါ အတွဲ၃တွဲကို လွှတ်လိုက်ရင် ကျွန်တော်ကကွပ်ကဲမှုမှာ တာဝန်ရှိပြီး အခြေအနေကို ခြုံငုံကြည့်ရမယ်။ ကျွန်တော်ကလူတွေကိုသတ်ဖို့ ပထမဆုံးမဖြစ်နိုင်တာ သေချာတယ်။ ဘယ်နဲ့ညာတောင်ပံ‌တွေရဲ့ ထွက်ရှိမှုကို လျိုရှောင်ကျိုးနဲ့မိုဟန်တျန်းတို့ဆီ လွှဲပြောင်းပေးရမယ်။ ခေါင်းဆောင်လျိုက ကောင်းနေပေမယ့် ရှောင်းမိုကတော့ မပြိုပျက်နိုင်ဘူး။ သူပြိုလဲရင် ကျွန်တော်တို့ရဲ့ တန်းခွဲတစ်ခုလုံး မြန်မြန်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် သူ့ဆီက ဆရာပိုလိုချင်တာ သင့်တော်တယ်"

ရှောင်းပိုင်သည် သူ့သခင်၏ အတွေးများကို ချက်ချင်း နားမလည်နိုင်ဖြစ်ခဲ့သည်။ ကျန်းရှောင်ယွီသည် ပိုင်ဖန်းကို ကျေနပ်စွာ ကြည့်နေသည်။ "မှန်တယ်။ လက်ရွေးစင်အသင်းမှာ မင်းကမကြာခဏဆိုသလို လွတ်လပ်တဲ့လူဖြစ်လာပြီး လူစာရင်းအမျိုးမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် အမိန့်ပေးသူလုပ်ဖို့လိုတယ်။ မိုဟန်တျန်းက မနှစ်က အမေရိကန်အသင်းကချေမှုန်းတာခံခဲ့ရပြီး သူ့စိတ်ပိုင်းဆိုင်ရာ ပြဿနာ‌တွေရှိလာမှာကို ငါကြောက်တယ်။ သူ့ကို အမြန်ဆုံးတိုးတက်အောင် လုပ်ဖို့ ဖိအားတွေ ပေးရမယ်။ အနည်းဆုံးတော့ သူဟာလျိုရှောင်ကျိုးရဲ့ စည်းချက်အတိုင်း လိုက်နိုင်ရမယ်"

စနိုက်ပါသမား သုံးဦးရှိသည်။ ဘယ်နှင့်ညာ စနိုက်ပါသမားများ စည်းချက်မတူညီပါက ရန်သူကင်းထောက်သည် လှည့်ပတ်ပြီး စနိုက်ပါတစ်ဦးကို သတ်ရန်လွယ်ကူသည်။ တြိဂံ၏ စနိုက်ပါအမှတ်ကို ဖျက်ဆီးလိုက်သည်နှင့် တြိဂံ၏ 'တည်ငြိမ်မှု' သည် ချက်ခြင်းပြိုပျက်သွားမည်ဖြစ်သည်။

ယခုအချိန်မှစ၍ မိုဟန်တျန်း၏ စိတ်ဓာတ်နှင့် အရည်အချင်းများကို ကျင့်သုံးရန် တင်းကျပ်သောလိုအပ်ချက်များ ရှိသင့်သည်။

ပိုင်ဖန်းကအသံတိုးတိုးမေးလိုက်သည်။ "ဆရာ၊ ဒီလေ့ကျင့်ရေးကာလပြီးရင် ကျွန်တော်တို့အားလုံး အဆင့်တစ်ဆယ်ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားလား"

ကျန်းရှောင်ယွီ ခေါင်းခါလိုက်သည်။ "အဲဒါတော့ မဟုတ်ဘူး။ ဥပမာ ကျင်းရွှယ်ယောင်ရဲ့အားသာချက်မှာ အခြေအနေနဲ့ မြေပုံကျွမ်းကျင်မှုအပေါ်ရှိနေတယ်။ တုံ့ပြန်မှုအမြန်နှုန်းနဲ့ လက်စွမ်းတို့နဲ့ အဆင့်ရှစ်ကို ကျော်ဖြတ်ဖို့ လုံလောက်တယ်။ ရှားလီရဲ့ အားသာချက်က သူ့ရဲ့ချက်ခြင်းထိတွေ့မှုနဲ့ တုံ့ပြန်မှု‌တွေပဲ။ သူကလမ်းအရူးတစ်ယောက်ဖြစ်တယ်။ တစ်ချို့လူတွေက ဦးတည်ချက်ညံ့ဖျင်းပြီး မွေးလာကြတယ်။ ဒါက အချိန်တိုအတွင်း ပြောင်းလဲနိုင်တဲ့ အရာမဟုတ်ဘူး။ သူကမြေပုံကျွမ်းကျင်မှုအတွက် အဆင့်ရှစ်ကို ကျော်ဖို့ပဲလိုတယ်"

"ဟွားရန်ရဲ့လက်စွမ်းက အရမ်းကောင်းနေဖို့ မလိုဘူး။ သူကလက်နက်တွေ ပစ်ပေါက်တာမှာ ပိုကောင်းတာကြောင့် သူ့ကျွမ်းကျင်မှုနဲ့တုံ့ပြန်မှုနှုန်းက အဆင့်ရှစ်ရောက်နိုင်တယ်။ ရှောင်ဘင်းနဲ့ ရှုချန်အတွက် မြေပုံကျွမ်းကျင်မှုအဆင့်တစ်ဆယ်ကျော်ပြီး အခြားသူတွေက အဆင့်ရှစ်ကို ဖြတ်နိုင်ရင် လုံလောက်တယ်။ လောင်လင်းရဲ့လက်က tenosynovitis ရှိပြီး ပြင်းထန်တဲ့လေ့ကျင့်မှုက ရောဂါတွေဖြစ်ဖို့လွယ်တယ်။ လောင်လင်းအတွက် ငါ့လိုအပ်ချက်က အားလုံးအဆင့်ရှစ်ကို ကျော်ဖြတ်ဖို့ပဲ"

"ကစားသမားတိုင်း မတူညီသလို သူတို့အတွက် မတူညီတဲ့လိုအပ်ချက်တွေ ငါ့မှာရှိတယ်"

ပိုင်ဖန်းသည် သူ့ဆရာ၏စကားကို လေးစားနေခဲ့သည်။ သူ၏ဆရာသည် ကလပ်အသင်းများကို စစ်ဆေးပြီး စမ်းသပ်မှုများပြုလုပ်ကာ လက်ရွေးစင်အသင်းကို ရွေးချယ်ခဲ့သည်။ သူရွေးချယ်ထားသည့် ကစားသမားတိုင်းကို ကောင်းကောင်းသိသည်။ သူသည် လူတိုင်းထံမှ တူညီသော တောင်းဆိုမှုကို မတောင်းဆိုဘဲ ကွဲပြားစွာဆက်ဆံခဲ့သည်။

ဤသည်မှာ 'အရည်အချင်းအလိုက် သင်ကြားခြင်း' ဖြစ်သည်။ ကစားသမားတိုင်းသည် အခြားကဏ္ဍများတွင် သိသာထင်ရှားသော ချို့ယွင်းချက်တစ်စုံတစ်ရာမရှိနိုင်သော်လည်း ကစားသမားတိုင်းသည် သူတို့၏ အားသာချက်များကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ကြရမည်ဖြစ်သည်။

ထမင်းစားပြီးနောက် ကျန်းရှောင်ယွီပြောလိုက်သည်။ "လူတိုင်းပုံဆွဲဖို့ လေ့ကျင့်ရေးခန်းကို စာအုပ်နဲ့ဘောပင် ယူခဲ့ခိုင်းလိုက်"

ပိုင်ဖန်းသည် အဖွဲ့ထဲသို့ အကြောင်းကြားစာ ပို့လိုက်သည်: နည်းပြကျန်းက လူတိုင်းကို လေ့ကျင့်ရေးခန်းကိုသွားပြီး ပုံဆွဲဖို့ စာအုပ်နဲ့ ဘောပင် ယူလာခိုင်းတယ်။ စာအုပ်တွေ၊ ဘောပင်တွေ မင်းတို့မှာရှိလား။ ငါအဲ့ဒါတွေကို ဝယ်ဖို့ စူပါမားကတ်ကို သွားမယ်။

ချက်ချင်းဆိုသလိုပင် ကစားသမားပေါင်းများစွာ ပေါ်လာသည်။ "ကျွန်တော်က ကိုယ့်ကိုယ်ကို သုံးသပ်စာရေးဖို့ စာစီစာကုံးစာရွက်ပဲ ဝယ်ခဲ့တယ်။ ပုံဆွဲဖို့ အဆင်မပြေလောက်ဘူး"

"ကျွန်တော်ရောပဲ။ အထက်တန်းကျောင်းသားတွေအတွက် စာစီစာကုံးစာရွက် ယူလာခဲ့တယ်။ စာရွက်အလွတ်နဲ့ဆွဲရင် ပိုကောင်းမလား"

ဟွားရန်ထွက်လာသည်။ "ပုံဆွဲတာလား။ ကျွန်တော်ဒီနေရာမှာတော်တယ်။ ကျွန်တော်က ပန်းချီကျောင်းသားတစ်ယောက်ဖြစ်ပြီး ပုံဆွဲဘုတ်နဲ့ဆေးတွေ ယူလာခဲ့တယ်"

114 03

ယယ်ကျင်းမင်ရယ်မောလိုက်သည်။ "နည်းပြကျန်းရဲ့ ပုံတူကိုမင်းဆွဲဖို့က သေချာပေါက် မဟုတ်ဘူး။ ကျွမ်းကျင်ကစားသမားတွေက ဘာတွေဆွဲကြတာလဲ။ အဲဒါကိုစဉ်းစား"

ဟွားရန်ခေါင်းကုတ်လိုက်သည်။ သူသေသေချာချာတွေးပြီး သဘောပေါက်သွားခဲ့သည်။ "ပြိုင်ပွဲမြေပုံတွေလား"

ယယ်ကျင်းမင်ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ မင်းသြဒိနိတ်ဆွဲရမယ်။ မြေပုံလေ့ကျင့်ရေးမှာ အဲဒါတွေ မပါဘူးလား"

လူတိုင်းကြက်သီးထသွားကြသည်။ မြေပုံရေးဆွဲခြင်းလား။ ဘုရားရေ သူတို့သည် အထက်တန်းကျောင်းတွင် သုံးဖက်မြင်ပုံရိပ်ကိုဩဒိနိတ်စနစ်အား မသင်ယူခဲ့ရဘဲ လူအချို့မှာ မူကြိုကျောင်းသားများထက် ပိုဆိုးရွားသောပုံဆွဲစွမ်းရည်များရှိသည်။

ပိုင်ဖန်းသည် လူအရေအတွက်ကို ရေတွက်ကြည့်ကာ ပုံဆွဲစာအုပ်များနှင့် ဘောပင်များက်ုဝယ်ရန် စူပါမားကတ်သို့သွားခဲ့သည်။

အားလပ်ရက်ဖြစ်သော်လည်း သူတို့သည် ညစာစားပြီးနောက် လေ့ကျင့်ရေးခန်းသို့ ပြန်လာခဲ့ကြသည်။ လေ့ကျင့်ရေးခန်းထဲ၌ ရင်းနှီးသည့်မျက်နှာများ ပေါ်လာသည်ကို မြင်သောအခါ ဟွားရန် သက်ပြင်းချလိုက်မိသည်။ "လူတိုင်းက အရမ်းကြိုးစားကြတယ်။ အားလပ်ချိန်မှာ လေ့ကျင့်ဖို့တောင် လာခဲ့တာလား"

ရှားလီပြောလိုက်သည်။ "မင်းလည်း ဒီမှာရှိနေတာမလား"

ဟွားရန်သည်ပြုံးကာ ခေါင်းကုတ်လိုက်သည်။ "ငါ့မှာ အဆိုးဆုံးရလဒ်တွေရနေတော့ အနားယူဖို့ အရမ်းရှက်တယ်"

သူသည် ငယ်စဉ်ကတည်းက အခက်အခဲများစွာ မကြုံခဲ့ရဘဲ ကောလိပ်တက်ရန် လမ်းစသည် ချောမွေ့ခဲ့သည်။ ယခုအခါ လက်ရွေးစင်အသင်းတွင် ဟွားရန်သည် 'စုပေါင်းဂုဏ်ပြုခြင်း' ဟုခေါ်သည့်အရာကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရသည်။ လူတိုင်းက အလုပ်ကြိုးစားကြပြီး နည်းပြကျန်း၏ စီစဉ်ပေးမှုကြောင့် ယုံကြည်ခဲ့ကြသည်။ လူတိုင်း၏ခြေရာကို လိုက်လျှောက်ရမည်။ နောက်ကျသွားပါက အလွန်ရှက်စရာကြီး မဟုတ်ပါလား။

ညနေ7နာရီတွင် လူတိုင်းကွန်ပျူတာရှေ့ တစ်ယောက်ပြီးတစ်ယောက် ထိုင်နေကြသည်။ ပိုင်ဖန်းသည် လူတိုင်းဆီသို့ စာအုပ်နှင့်ဘောပင် ပို့လိုက်သည်။ သူတို့နာမည်များကို စာအုပ်ထဲ လေးလေးနက်နက်ရေးထားသည်။ ဤသည်မှာ အနာဂတ်တွင် လက်‌ရွေးစင်အသင်း၏ 'အိမ်စာစာအုပ်' ဖြစ်လာမည်ဖြစ်သည်။

7:10 တွင် ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းတွင် ပေါ်လာသည်။ လေ့ကျင့်ရေးခန်းထဲ သထိုင်နေသောလူတိုင်းကို သူမြင်ပြီး ပြုံးမိသည်။ "ဒီနေ့အနားယူရမှာ မဟုတ်ဘူးလား။ မင်းတို့က အရမ်းသတိကြီးပြီး လေ့ကျင့်နေတုန်းပဲလား"

လူများစွာသည် ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားကြသည်။ နောက်ဆုံးတွင် သူတို့၏ စာမေးပွဲရလဒ်များသည် အလွန်ဆိုးရွားပြီး အားလပ်ချိန်တွင် အနားယူရန် ရှက်ရွံ့ခဲ့ကြသည်။

ကျန်းရှောင်ယွီပြောလိုက်သည်။ "ငါ့မှာ မင်းတို့အတွက် တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကို ဂရုစိုက်ရမယ်။ နေ့စဥ်လေ့ကျင့်ချိန်က စံချိန်စံညွှန်းထက် ကျော်နေရင် ရေရှည်မှာမင်းတို့လက်တွေကို ထိခိုက်နိုင်တယ်။ E-sports ကစားသမားတွေဟာ သူတို့လက်တွေကို ကာကွယ်ဖို့လိုတယ်။ ကမ္ဘာ့စီးရီးအပြီးမှာ မင်းတို့ကို နေမကောင်းမဖြစ်စေချင်ဘူး နားလည်လား"

သူစကားပြောနေစဉ် သူ့မျက်လုံးများက လောင်လင်းကို ကြည့်နေသည်။

လင်းဟောင်ရန်သည် ချက်ချင်း မတ်တတ်ထရပ်ကာ ပြောလိုက်သည်။ "နားလည်ပါပြီ"

အခြားသူများကလည်း "နားလည်ပါပြီ။ အာရုံစိုက်ပါ့မယ်" ဟုတညီတညွတ်တည်း ပြန်ပြောကြသည်။

ကျန်းရှောင်ယွီခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ ဒီည ခဏလောက်အနားယူပါ။ ငါမင်းတို့ကို မြေပုံတစ်လျှောက် ခေါ်သွားမယ်"

သူသည်လှည့်ပြီး ပထမဆုံးကွန်ပျူတာရှေ့ ထိုင်လိုက်သည်။ "အားလုံး၊ ဆော့ဖ်ဝဲလ်ကိုရွေးလိုက်။ နားကြပ်တပ်။ စိတ်ကြိုက်ပုံစံကို ရွေးပြီး မြေပုံလေ့ကျင့်ခန်းကိုဝင်လိုက်ကြ"

အဖွဲ့မှာလည်း ဤကဲ့သို့လုပ်ခဲ့သည်။

လူတိုင်း၏ကိုယ်ပွားပုံများ လင်းလာပြီး နားကြပ်များကို စုပေါင်းတပ်လိုက်သည်နှင့် ကျန်းရှောင်ယွီသည် အဖွဲ့အသံချန်နယ်ကို ဖွင့်လိုက်ပြီး "မင်းတို့ကြားရင် 1 ရေးပေးကြ" ဟုပြောလိုက်သည်။

114 04

နားကြပ်မှထွက်လာသော အသံသည် ကြည်လင်ပြီး ကောင်းမွန်သည်။

လူတိုင်း 1ကို အမြန်ရိုက်ပြီး အဖွဲ့ချန်နယ်တွင် 111 ချက်ချင်းပြည့်သွားခဲ့သည်။

ကျန်းရှောင်ယွီပြောလိုက်သည်။ "ကြယ်ငါးပွင့်အဆင့်အခက်အခဲနဲ့ စုစုပေါင်းမြေပုံဆယ်ခုရှိတယ်။ ငါဘာလို့မင်းတို့ကိုအဲ့ဒါတွေနဲ့ လေ့ကျင့်စေချင်တာလဲသိလား"

ယယ်ကျင်းမင်ပြုံးကာ ပြန်ဖြေလိုက်သည်။ "နည်းပြ၊ ကမ္ဘာ့စီးရီးမှာ ကစားဖို့ဒီမြေပုံတွေကို သုံးစေချင်တာလား"

"မှန်တယ်။ ကြယ်ငါးပွင့်အခက်အခဲရှိတဲ့ မြေပုံတွေက ပတ်ဝန်းကျင်ကြီးမားပြီး ပရော်ဖက်ရှင်နယ်နယ်ပယ်မှာသုံးဖို့ မတည်မငြိမ်ဖြစ်နေတာကြောင့် အဲ့ဒါတွေကို အဓိကပွဲတွေအနိုင်ရဖို့ ငါတို့ရဲ့ 'အံ့အားသင့်ဖွယ်ရာ' နည်းဗျူဟာမြေပုံအဖြစ် အသုံးပြုနိုင်တယ်။ အရင်က ဒီမြေပုံတွေကို သုံးခဲတယ်ဆိုတာ သိတယ်။ ဒါပေမယ့် အခုကတော့ မတူပဘူး လူတိုင်းက ကြယ်ငါးပွင့်မြေပုံတိုင်းကို လေ့ကျင့်သင့်တယ်"

သူသည် ခေတ္တရပ်လိုက်ပြီး ဆက်ပြောခဲ့သည်။ "ဒါကြောင့် မြေပုံသင်တန်းကို မငြင်းပါနဲ့။ အလွတ်ကျက်မှတ်ရင်တောင် ငါ့အတွက် အလွတ်ကျက်ရမယ်"

ကျန်းရှောင်ယွီသည် မောက်စ်ကို နှိပ်လိုက်သည်နှင့် ကွန်ပြူတာဖန်သားပြင်ပေါ်ရှိပုံသည် တုန်ခါသွားသည်။ မြေပုံရွေးချယ်ရေးအကွက်ပေါ်လာခဲ့သည်။

ကြယ်ငါးပွင့်အခက်အခဲရှိသော မြေပုံဆယ်ခုရှိသည်။ ၎င်းတွင် ပြောင်းလဲနေသော ရာသီဥတုမြေပုံသုံးမျိုးဖြစ်သော City of Mist၊ City of Iceနှင့် Rainy Nightတို့ပါဝင်သည်။ ဇီဝဒိုင်းနမစ်မြေပုံသုံးခုဖြစ်သော Civic Center၊ Biochemical Laboratory နှင့် Xishan Prosonတို့ရှိခဲ့သည်။ ကြီးမားကျယ်ပြန့်သော ဝင်္ကပါမြေပုံ Tomb of the King of Zhouနှင့် ရေစစ်စစ်မြေပုံ Princess Cruise တို့ရှိသည်။ သင်္ဘောအဆက်မပြတ်တုန်ခါနေသည့် Pirate Base မြေပုံနှင့် အဆောက်အအုံများပြိုကျတတ်ပြီး သဲမုန်တိုင်းဒဏ်ခံရသည့် Desert Ruinsရှိသည်။

ကျန်းရှောင်ယွီသည် ပထမဆုံး မြူထူထပ်သော မြေပုံကို ဖွင့်လိုက်ပြီးပြောလိုက်သည်။ "City of Mistကို ကြည့်ရတာ အရမ်းခက်တယ်။ မြေပုံတစ်ခုလုံးရဲ့ မြူခိုးတွေက ပတ်ဝန်းကျင်ကို မြင်ဖို့ခက်ခဲစေတယ်။ ဒါပေမယ့် မြေပုံလမ်းကြောင်းကို မှတ်မိနေသမျှ ဒီမြေပုံဟာ တကယ်တော့ ကြယ်ငါးပွင့်မြေပုံတွေထဲမှာ အရိုးရှင်းဆုံးပဲ။ ဒါကမင်းရဲ့ 'အသံကို နားထောင်ပြီး တည်နေရာ‌ တွေကို ခွဲခြားသိမြင်နိုင်မှု' ကို အဓိကအားဖြင့် စမ်းသပ်တယ်။ မြေပုံတစ်ခုလုံးက မျက်စိကန်းသည့် လှုပ်ရှားမှုပဲ။ ဒါကြောင့်မင်းကမြေပုံနဲ့ အရမ်းရင်းနှီးနေရမယ်။ အောက်မှာ City of Mistရဲ့ လမ်းကြောင်းမြေပုံကိုငါပြပြီး မင်းတို့နောက်က လိုက်ဆွဲရမယ်"

လူတိုင်း၏ဖန်သားပြင်များအလယ်တွင် ပြည့်စုံသောမြေပုံလမ်းကြောင်းတစ်ခုပေါ်လာသည်။ တိုက်ပွဲတွင် နှစ်ဘက်စလုံး၏ ပြန်လည်ဆန်းသစ်သည့်အချက်များကို ကိုယ်စားပြုသည့် အနီရောင်နှင့် အပြာရောင်တြိဂံများ ပါရှိသည့် GPS ကဲ့သို့ပင်ဖြစ်သည်။ ကြမ်းခင်းအစီအစဥ်ပေါ်ရှိ လမ်းများကို ရှင်းလင်းစွာ ပိုင်းခြားထားသည်ကို တွေ့မြင်နိုင်သည်။ တတိယလူရှုထောင့်မှကြည့်လျှင် မရေမတွက်နိုင်သော ခက်ရင်းများဖြင့် လမ်းကြောင်းအားလုံးတွင် လမ်း15ခုရှိသည်။ ရှုပ်ထွေးသောမြေမျက်နှာသွင်ပြင်နှင့် ထူထပ်သောမြူများသည် ဤမြေပုံကိုကစားသည့်အခါတွင် သူတို့သည် တည်ငြိမ်နေရမည် သို့မဟုတ် သူတို့သည် ဦးခေါင်းမရှိသော ကြက်များကဲ့သို့ လှည့်ပတ်နေရမည်ဖြစ်သည်။

လူတိုင်းသည် ဤမြေပုံကို ဂရုတစိုက်ဆွဲကြသည်။ ဤသည်မှာ သူတို့ကျောင်းမှထွက်ပြီးကတည်းက သူတို့၏ ပထမဆုံး 'အနုပညာအလုပ်တာဝန်' ဖြစ်သည်။ အချို့လူများက ကောက်ကွေးကွေးဆွဲသော်လည်း သူတို့ဘာသာသူတို့ နားလည်ရန်လုံလောက်သည်။ ထပ်ဆွဲပြီးပါက သူတို့၏စိတ်ထဲ၌ မှတ်ဥာဏ်များ နက်ရှိုင်းလာလိမ့်မည်။

ကျန်းရှောင်ယွီ သူတို့အားပြောလိုက်သည်။ "မင်းတို့ဆွဲပြီးရင် ငါ့နောက်လိုက်ခဲ့ကြ"

မြူဆိုင်းနေသည့် မြေပုံပေါ်တွင် လက်ရွေးစင်အသင်းမှ ကစားသမားများသည် တန်းစီပြီး ကျန်းရှောင်ယွီနောက် ဝိုင်းလိုက်ကြသည်။ နောက်လိုက်ငယ်တစ်စုနှင့် သူဌေးကြီးတစ်ယောက် ဈေးဝယ်ထွက်သလိုပင်ဖြစ်သည်... ဤသည်မှာ လက်ရွေးစင်အသင်း၏ ခရီးသွားအဖွဲ့လား။

မြေပုံအားဖြတ်သန်းပြီးနောက် ကျန်းရှောင်ယွီပြောလိုက်သည်။ "မြေပုံအလေ့အကျင့်အတွက် ပထမအဆင့်မှာ သြဒိနိတ်တွေကို မှတ်ထားဖို့ဖြစ်ပြီး အမိန့်ပေးသူရဲ့အမိန့်အရ သတ်မှတ်ထားတဲ့နေရာကို တတ်နိုင်သမျှ မြန်မြန်ရောက်နိုင်စေဖို့ပဲ။ ဒုတိယအဆင့်မှာ ပုန်းအောင်းတဲ့နေရာမှာ အကောင်းဆုံး နည်းပြချန်ကို အမြန်ရှာဖို့လိုတယ်။ ဒါကဂိမ်းအတွင်း ရန်သူတွေကို အမြန်ရှာဖို့လိုတဲ့ပုံစံနဲ့တူတယ်။ ဒါက ရေရှည်ဖြစ်ပြီး ထပ်ခါထပ်ခါလေ့ကျင့်ဖို့လိုတယ်။ အားလုံး စိတ်ရှည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"နောက်တစ်ခုကတော့ ဒုတိယမြေပုံက Rainy Nightပဲ။ ဒီမြေပုံအခက်အခဲက မိုးသည်းသည်းရွာတာရဲ့ ဆူညံသံကြားဖြတ်တာပဲ။ နောက်ပြီး လမ်းမီးတိုင်တွေရဲ့ အလင်းဝင်တာနဲ့ အမှောင်ထုရဲ့ကြီးမားသောနေရာတွေကို လင်းမရနိုင်တဲ့အချက်တွေပဲ။ အလင်းပြောင်းလဲမှုက ကစားသမားတွေရဲ့ မြင်ကွင်းကို ထိခိုက်စေမှာပဲ။ မြေပုံကိုလမ်းလျှောက်တဲ့အခါ အလင်းကို အမြဲအာရုံစိုက်ပြီး နောက်ခံအလင်းရောင်ကို သတိထားကြပါ"

114 05

"City of Iceမှာ မြေပုံရဲ့ရေခဲမျက်နှာပြင်က ချော်လွယ်တယ်။ ဒါပေမယ့် အဲ့နည်းအားဖြင့် ရေခဲမျက်နှာပြင်ကို အရှိန်မြှင့်ဖို့ ကိရိယာတစ်ခုအဖြစ် သုံးနိုင်တယ်။ မင်းတို့ပြောက်ကျားတိုက်ပွဲတွေကို တိုက်ထုတ်ဖို့ ဒီမြေပုံကိုငါသုံးမယ်။ ဒါက ကြယ်ငါးပွင့်မြေပုံတွေထဲ အမြန်ဆုံးအရှိန်မြေပုံပဲ။ မြေပုံကိုဖြတ်ပြီးရွေ့တဲ့အခါ ရေခဲမျက်နှာပြင်အရှိန်နဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး ကျည်ဆန်‌တွေကို ပစ်တဲ့အခါ အဲ့ဒါကိုနှိမ်ထားဖို့လိုတယ်"

"Princess Cruiseမြေပုံက City of Ice‌မြေပုံနဲ့လုံးဝဆန့်ကျင်ဘက်ပဲ။ Princess Cruise မြေပုံက ရေအောက်မှာနှေးချိန် City of Iceရဲ့ ရေခဲတွေက လျှောဆင်းနေချိန် အရှိန်ရစေတယ်။ မြေပုံတစ်ခုလုံး နှေးပေမယ့် အောက်ဆီဂျင်ဆလင်ဒါကိုလည်း အာရုံစိုက်ဖို့လိုတယ်။ လူတိုင်းက ဖြည်းဖြည်းချင်း ရွေ့လျားကြပြီး စစ်ပွဲအတွက် အရမ်းသင့်လျော်တယ်"

"ဇီဝဗေဒမြေပုံသုံးမျိုးအကြောင်း တစ်ခါတည်းပြောမယ်။ Civic Centerမှာ ဖုတ်ကောင်လှိုင်း၊ Biochemical laboratoryမှာ မျိုးပြောင်းသတ္တဝါ‌တွေနဲ့ Xishan Prisonမှာအရူးအကျဉ်းသားတွေရှိတယ်။ ဒီမြေပုံထဲကNPC တွေကို ကိရိယာအဖြစ် သုံးနိုင်တယ်။ ရွှယ်ယောင်နဲ့ လောင်လင်းတို့ရဲ့ စမ်းသပ်မှုမှာ ဖုတ်ကောင်‌တွေကို အသုံးပြုခြင်းဗျူဟာက အရမ်းကောင်းတယ်။ နောက်ပိုင်း ဒီမြေပုံတွေအတွက် အထူးနည်းဗျူဟာတွေ ရှိလိမ့်မယ်..."

ကျန်းရှောင်ယွီ၏ ကြည်လင်ပြီး သာယာသော အသံသည် နားကြပ်များမှ ထွက်ပေါ်လာသည်။ လူတိုင်းသည် နားကြပ်တပ်၍ နားထောင်နေစဉ် မှတ်စုများယူကာ ဂရုတစိုက် နားထောင်ကြသည်။ နည်းပြကျန်းအား သူတို့၏ချစ်ခင်လေးစားမှုမှာ အရင်ကထက် ပိုအားကောင်းလာခဲ့သည်။ ဤကဲ့သို့လေးနက်ကာ တာဝန်သိတတ်သော နည်းပြနှင့်တွေ့ရသည်မှာ တကယ်ပင် ကံကောင်းခဲ့သည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

126K 13.3K 17
❝Move in silence. Only speak when it's time to say CHECKMATE.❞ "Zawgyi and Unicode available "
261K 41.5K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
314K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
479K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ