ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.8K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

300

162 14 0
By AyePhyoe0

အခန်း 300- ဆန်းကြယ်ယင်ခန္ဓာကိုယ်

လီချန်းထျန်မှာ ကျေးဇူးဆပ်ရန်နည်းလမ်းကို တွေးနေစဥ် သူ့သမီးမှာ အဘယ့်ကြောင့် အကြောင်းအရာကို ရုတ်တရက် ပြောင်းသွားရသနည်း။ သို့သော် သူ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဒါက... မင်းရဲ့ ဒုတိယဦးလေးက ငါ့ကို လာပြောတာပဲလေ..." လီချန်းထျန်မှာ ဘာမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပြောခဲ့လိုက်သည်။

လီချန်းဖန် မည်သို့သိသနည်းကို သူ သိပ်အများကြီး မစဉ်းစားမိပေ။ သူသည် ဒေါသတကြီးဖြင့် ထွက်လိုက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ဒုတိယ ဦးလေးက.... ဟုတ်လား..."

လီမြောင်လင်မှာ သူ့အဖေကို သူမ လိုက်ဖမ်းခံရသည့် သတင်းကို ပြောပြသူမှာ သူမ၏ ဒုတိယဦးလေး ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမကို လိုက်ဖမ်းနေကြောင်း သူမဦးလေးက မည်သို့ သိသနည်း။

ဤအရာနှင့်ပတ်သက်၍ ထူးဆန်းမှု တစ်စုံတစ်ခု ရှိနေခဲ့သည်။

ရီချန်းဂျီသည် သူမ၏ ဦးလေးအကြောင်း ကြားသောအခါတွင် ချက်ချင်းပင် အတွေးတစ်ခုရသွားခဲ့သည်။

ခဏအကြာတွင် သူသည် ထိုကိစ္စ၏ အဓိကအကျဆုံးအချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လီမြောင်လင် ပြန်လာသည်ကို မြင်သောအခါ လီချန်းဖန်၏ အံ့အားသင့်သောအမူအရာဖြစ်နေသည်မှာ အရာအားလုံး ရှင်းလင်းသွားစေခဲ့သည်။

ဤကိစ္စသည် အစကတည်းက ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်နိုင်သည်။

နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် လီချန်းဖန်တို့ ပူးပေါင်းထားသည့် အစီအစဥ်တစ်ခု ဖြစ်ပေမည်။ နေဝင်ဆည်းဆာဓားဂိုဏ်းသည် ဆမ်ဆာရာမျက်ရည်များကို ရယူနိုင်ပြီး လီချန်းထျန်အားသတ်ပြီး လီချန်းဖန်သည်လည်း လီမိသားစု၏ အကြီးအကဲရာထူးကို ရယူနိုင်လိမ့်မည်။ ကျောက်ခဲ့တစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်သည့် အကြံအစည်တစ်ခုပင် ဖြစ်ပေသည်။

ကံမကောင်းစွာပင် ဤအစီအစဥ်တွင် သူတို့အဖွဲ့က ကန့်လန့်ပါလာခဲ့သည်။

ထို့ကြောင့် အစီအစဥ်တစ်ခုလုံး ပျက်စီးသွားလေသည်။ ထို့ကြောင့် လီချန်းဖန်သည် အမှန်တရားကို ရှာဖွေရန် ယခုနက ရောက်လာခဲ့ခြင်း ဖြစ်နိုင်သည်။ အစီအစဉ်တစ်ခုလုံးသည် လီချန်းထျန် ကို ဖြုတ်ချရန် ရည်ရွယ်ထားခဲ့သည်။ လီမြောင်လင်သည် သူ့ကို လှည့်စားရန် ငါးစားတစ်ခုသာ ဖြစ်သည်။ လီချန်းထျန်ကို ထောင်ချောက်ဆင် ဖမ်းနိင်လျှင် လီမြောင်လင်နှင့် ခြိမ်းခြောက်ပြီး ဆမ်ဆရာမျက်ရည်ကို တောင်းခံနိုင်ပေည်။

နောက်ဆုံးတွင် လီချန်းထျန် နှင့် လီမြောင်လင်တို့သည် သေကြရမည်ဖြစ်သည်။ ထိုအခါ လီမိသားစုသည် ခေါင်းဆောင်မရှိတော့လျှင် ပုံမှန်အတိုင်း လီချန်းဖန်ကိုသာ ခေါင်းဆောင်တင်ကြမည်ဖြစ်သည်။

အစီအစဉ်တစ်ခုလုံး ချို့ယွင်းချက်မရှိခဲ့ပေ။ လီမိသားစုသည် ၎င်းတို့၏မိသားစုခေါင်းဆောင်ကို သေဆုံးစေသည့် အကြောင်းအရင်းမှာ နေဝင်ဆည်းဆာဓားဂိုဏ်း၏ အကြံအစည်တစ်ခုဖြစ်သည်ဟုသာ ယူဆသွားကြမည်ဖြစ်သည်။ သူတို့သည် လီချန်းထျန်၏ ညီအရင်းဖြစ်သူ လီချန်းဖန်ကို သံသယ ဝင်ကြမည် မဟုတ်ပေ။ ထိုနည်းဖြင့် နှစ်ဖက်စလုံးသည် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ကြမည်ဖြစ်သည်။

လီမြောင်လင်ထံမှ ရရှိသော အချက်အလက် အနည်းငယ်နှင့် ပေါင်းစပ်ပြီး ရီချန်းဂျီသည်အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ လီမြောင်လင်လည်း ထိုသို့ မှန်းဆနိုင်မည်ဟု သူ ယုံကြည်သည်။

မှန်သည်။ ထိုအချိန်တွင် လီမြောင်လင်၏ အမူအရာမှာ သုန်မှုန်လျှက် ရှိလေသည်။

သို့သော် ယခုချက်ချင်းတော့ ဖခင်ဖြစ်သူအား ထိုအကြောင်းကို မပြောခဲ့ပေ။ ပထမအချက်မှာ အထောက်အထားမရှိပေ။ နောက်တစ်ချက်မှာ သူမအဖေ၏ ပင်ကိုယ်စရိုက်မှာ ယုံကြည်တတ်ပြီး ရိုးသားသည်။ သူရိုးသားသလို အခြားသူများ ရိုးသားမည်ဟု ထင်တတ်သည်။ ဤအရာအားလုံးကို သူ၏ ညီရင်းဖြစ်သူကလုပ်ကြံခဲ့သည်ဟု ယုံမည်မဟုတ်ပေ။ သူ့ဦးလေးကို ဖမ်းမိချင်လျှင် အရှည်ကို ကြည့်၍တွေးရန် လိုပေသေးသည်။

ထို့နောက်တွင် လီချန်းထျန်မှာ ရီချန်းဂျီတို့အား ကျေးဇူးတင်သဖြင့် ညစာစားပွဲခင်းကျင်းရန် အမိန့်ပေးခဲ့ပြီး သူတို့အား စကားစမြည်ပြောပြီး သူ့သမီးနှင့် ဧည့်ခံထားခဲ့ခိုင်းကာ ထွက်သွားတော့သည်။ မိသားစုတစ်ခု၏ အကြီးအကဲ တစ်ယောက်အနေနှင့် သူ့တွင် လုပ်စရာများ အများအပြားရှိသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ရီချန်းဂျီသည် လီမြောင်လင်အား မေးခွန်းအချို့ကို မေးမြန်းခဲ့ပြီးနောက် လီမြောင်လင်မှာ ရီချန်းဂျီတို့အတွက် သူမတို့ ခြံဝင်းအတွင်းမှ အိမ်ငယ်လေးတွင် တည်းခိုနိုင်ရန် စီစဉ်ပေးခဲ့သည်။

သူတို့ရောက်ရှိနေသည့်နေရာကို မြောက်ပိုင်းတောရိုင်းဒေသဟု ခေါ်၏။ ၎င်းသည် ဤကမ္ဘာကြီးရှိ ကျွန်းငယ်လေးတစ်ခုမျှသာဖြစ်သည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော နေရာများ မရေမတွက်နိုင်အောင် ရှိနေသည်မှာ အရှေ့ဘက်ဒေသတစ်ခုလုံးတွင် သဲမှုန်များကဲ့သို့ပင် ဖြစ်နေပေသည်။

ထို့နောက် ပင်မခန်းမထဲမှ သူတို့ တည်းခိုရာ အိမ်ငယ်လေးဆီသို့သွားရာလမ်းတွင် ခြံဝင်းငယ်လေးတစ်ခုဘေးမှ ဖြတ်သွားရသောအခါ ရီချန်းဂျီသည် ရုတ်တရက် ရိုးတွင်းခြင်ဆီအထိ အေးခဲစေနိုင်သည့် အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။

နင်းမန်မန်းနှင့် ပိုင်အော့ရှန်တို့လည်း သတိထားမိလိုက်ကြသည်။ ရီချန်းဂျီကို လှမ်းကြည့်ပြီး မေးလိုက်သည်။

“အစ်ကိုရီ... ဒီအအေးဓာတ်က အ‌ေတာ်ထူးခြားတယ်.... ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေတောင် အေးခဲသွားတော့မလို ဖြစ်သွားတယ်....”

နင်းမန်မန်း အံ့သြသွားသည်။ သူမ၏ ကျင့်ကြံမှုသည် အင်ပါယာနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိပြီး သူမ၏ခန္ဓာကိုယ်သည် မီးနှင့်ရေကို ခံနိုင်ရည်ရှိပေသည်။ သို့သော် ဤအေးစက်မှုသည် သူမ၏ဝိညာဉ်စွမ်းအင်လည်ပတ်မှုကိုပင် နှေးကွေးစေခဲ့သည် ။ ၎င်းမှာ ထူးဆန်းလွန်းလှသည်။

ရီချန်းဂျီ ခေါင်းညိတ်ပြပြီး ခြံဝင်းထဲကို ကြည့်လိုက်မိသည်။ ထိုခြံဝင်းငယ်တစ်ခုလုံးကို အစီအရင်များဖြင့် ပိတ်ဆို့ထား၏။ ၎င်းကိုပင် အေးစက်သည့် အော်ရာများ ထွက်ပေါ်နေသေးပေသည်။

“အစ်ကိုကြီးတို့... ဒါက ကျွန်မ ညီမရဲ့အိမ်ပါ.... သူက နည်းနည်း ထူးခြားတဲ့အတွက်ကြောင့် သူ့ကို အစီအရင်တစ်ခုနဲ့ သီးခြားခွဲထားရတယ်..."

လီမြောင်လင်သည် ရီချန်းဂျီတို့၏ ပဟေဋ္ဌိမျက်လုံးများကို မြင်ပြီး ရှင်းပြ၏။

ယခင်တစ်ခါက မြင်ကွင်းများကို သူမ ပြန်လည်မြင်ယောင်မိလျှင် ကြောက်ရွံ့မှုများ သူမ မျက်လုံးထဲတွင် ပေါ်ထွက်လာလေသည်။ သူမတွင် ညီမအရင်း တစ်ဦး ရှိသေးသည်။ သူ့ညီမမှာ ငယ်စဥ်အခါက ပုံမှန် သူလိုငါလို မိန်းကလေးငယ်သာ ဖြစ်သည်။ အသက်ခုနစ်နှစ်အရွယ်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိရပဲ သူမတစ်ကိုယ်လုံး ရုတ်တရက် အေးစက်လာပြီး သူမခန္ဓာကိုယ်ထဲမှ လေအေးများ ထွက်လာခဲ့သည်။

သူမတို့ အဖေမှ ကျွမ်းကျင်သူများစွာကို ဖိတ်ခေါ်ပြီး နည်းလမ်းများစွာကို စမ်းသပ်ကြည့်သော်လည်း အကျိုးမရှိခဲ့ပေ။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ သူမ ညီမ၏ ခန္ဓာကိုယ်မှ လေအေးများသည် မကြာခဏဆိုသလို ပတ်ဝန်းကျင်အား ထိခိုက်မှုများ ဖြစ်လာကာ သူမ၏ ခန္ဓာကိုယ်မှ ထွက်လာသော အေးစက်သောလေများသည် ပို၍ ပို၍ ကြောက်စရာကောင်းလာခဲ့သည်။

အပြင်းထန်ဆုံး ထိခိုက်မှုတစ်ခုတွင် သူမတို့ လီမိသားစု အိမ်တော်ခြံဝင်းကြီးတစ်ခုလုံးကို ရေခဲများ ဖုံးလွှမ်းသွားခဲ့ပြီး အစေခံနှစ်ယောက်ကိုပင် အသက်ဆုံးရှုံးစေခဲ့သည်။

လီမိသားစုဝင်များအားလုံးသည် ဤမိန်းကလေးသည် မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း တိတ်တဆိတ် မလိုတမာ စကားများ ပြန့်လာခဲ့ကြသည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမ၏ ခြံဝင်းတစ်ခုလုံးကို အပြင်ဘက်မှ အစီအရင်နှင့် ချိတ်ပိတ်ထားရန် အစီအရင်ပညာရှင်တစ်ယောက်ကို သူမဖခင်သည် ကြီးမားသောစျေးနှုန်းဖြင့် ခေါ်ဆောင်ခဲ့ရသည်။ ထိုအခါမှသာ သူမ ညီမမှာ ပတ်ဝန်းကျင်အား ထိခိုက်စေခြင်း မရှိတော့ခြင်း ဖြစ်သည်။

ရီချန်းဂျီ ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မမေးတော့ပေ။ ထိုအစား သူနေထိုင်ရမည့် အိမ်သို့သာ ဆက်လျှောက်သွားခဲ့လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် ထိုခြံဝင်းငယ်အတွင်းရှိ ကိစ္စများကို အာရုံစိုက်တွေးတောနေခဲ့လေသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် သူ၏ ဝိညာဉ်စွမ်းအင်ကိုပင် ကွဲအက်လုနီးပါး ဖြစ်စေပုံရသည်။  ထိုအအေးဓာတ်မှာ ယင်အအေးဓာတ်ချီစွမ်းအင်များ ဖြစ်နိုင်မည်လော ဟု သူတွေးတောနေခဲ့သည်။

သို့သော် သူတော်စင်အဆင့်ပညာရှင်ပင်လျှင် အရိုးကွဲလုမတတ်အေးမြသော ချီစွမ်းအင်ကို ယခုနက ခြံဝင်းထဲမှအတိုင်းအတာအထိ ကျင့်ကြံထားနိုင်မည်မဟုတ်ဟု ဆိုထားသည်။ ထိုမျှ များပြားသည့်အအေးဓာတ်စွမ်းအင်ကို စုဆောင်ထားလျှင် နောက်ဆုံးတွင် ထိုသူသည် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားနိုင်ပေမည်။

၎င်းကို ကြည့်ခြင်းအားဖြင့် ယင်အအေးဓာတ်ချီစွမ်းအင်၏ ပြင်းထန်းမှုကို မြင်နိုင်ပေသည်။

လျှို့ဝှက်ရတနာအနည်းငယ်နှင့် ကျင့်ကြံနည်းစနစ်အချို့အပြင် ယင်အအေးဓာတ်ချီစွမ်းအင်ကိုမွေးဖွားပေးနိုင်သည့် အစွမ်းထက်ဆုံးအရာမှာ ဆန်းကြယ်ယင်ခန္ဓာကိုယ်ဖြစ်သည်။

ဤသည်မှာ လီမြောင်လင် ဖော်ပြခဲ့သည့်အတိုင်း အလွန်အားကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်သည်။ လီမြောင်လင်၏ ညီမလီမြောင်ရှန်သည် အလွန်အမင်း အားကောင်းသည့် ဆန်းကြယ်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်နိုင်မည်လား။

၎င်းကိုတွေးရင်း ရီချန်းဂျီမှာ ညဘက်တွင် တိတ်တဆိတ် သွားရောက်စစ်ဆေးသင့်သလားဟု တွေး‌‌ေနမိတော့သည်။

အကယ်၍ ၎င်းသည် အမှန်တကယ် ဆန်းကြယ်ယင်ခန္ဓာကိုယ်ဖြစ်ခဲ့လျှင် သူသည် ရတနာတစ်ခုပေါ်တွင် မှောက်လျှက် လဲမိခြင်းပင် ဖြစ်ပေမည်။

"အကိုရီ.... ဘာတွေတွေးနေတာလဲ..."

ထိုအချိန်တွင် ပိုင်အော့ရှန်သည် သူ့အတွေးများကို ရပ်တန့်လိုက်သည်။

ကျောက်စားပွဲ၏ တစ်ဖက်ခြမ်းတွင် ဝင်ထိုင်ရင်း ပိုင်အော့ရှန်မှာ သူမ၏ လှပသည့် မျက်လုံးလေးများနှင့် တစ်ယောက်တည်း အတွေးနက်နေဟန်ရှိသည့် ရီချန်းဂျီကို စိုက်ကြည့်နေလေသည်။ ရီချန်းဂျီ အသာအယာပြန်ပြုံးပြပြီး သူ့အတွေးများကို ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

"ဆန်းကြယ်ယင်ခန္ဓာကိုယ်က တကယ်ကို ကြောက်စရာကောင်းတာပဲ..."

ရီချန်းဂျီ၏ စကားကို ကြားပြီးနောက် ပိုင်အော့ရှန်၏ လှပသော မျက်လုံးလေများ အံ့ဩမှုကြောင့် ပြူးကျယ်သွားတော့သည်။

နင်းမန်မန်းသည်လည်း သိချင်နေသဖြင့် ကျောက်စားပွဲတွင် ဝင်ထိုင်ကာ သူမ၏ မေးကိုလက်နှစ်ဖက်ဖြင့်ထောက်ကာ ဂရုတစိုက် နားထောင်နေလေသည်။

“ဆန်းကြယ်ယင်ခန္ဓာကိုယ်ဟာ အထူးခြားဆုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေထဲက တစ်ခုပဲ... သူမှာ အကြီးမားဆုံးသော အဖျက်စွမ်းအားရှိတယ်.... အဲဒီလိုလူနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ဂရုမစိုက်မိရင် အင်ပါယာတစ်ပါးတောင် ရေခဲရုပ်ထုအဖြစ် အေးခဲသွားလိမ့်မယ်.... အဲဒီခန္ဓာကိုယ်ပိုင်ရှင်က သူ့ခန္ဓာကိုယ်ကိုသာ အောင်အောင်မြင်မြင် သန့်စင်ထိန်းချုပ်နိုင်သွားပြီဆိုရင် သူမခန္ဓာကိုယ်က ကျင့်ကြံခြင်း ဘယ်လောက်နိမ့်နိမ့် အင်ပါယာအဆင့် ရေခဲဒိုင်းကာတစ်ခုနဲ့ ကာကွယ်ပေးထားသလိုမျိုး မာကျောမှုကို ရရှိလိမ့်မယ်....”

ပိုင်အော့ရှန်နှင့် နင်းမန်မန်းတို့ လုံးဝကို ထိတ်လန့်သွား၏။

ခန္ဓာကိုယ်သက်သက်ကပင် အင်ပါယာလက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်းမှာ အလွန်အစွမ်းထက်လွန်းသည်။

ထို့အပြင် ဤအရာသည် ကာကွယ်ရေးသာဖြစ်သည်။ တိုက်ခိုက်ခြင်းတွင်လည်း သူမ၏ စွမ်းအင်များသည် အင်ပါယာတစ်ပါးကိုပင် ရေခဲရုပ်တုအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ဤကမ္ဘာပေါ်တွင် ဤမျှလောက် အစွမ်းထက်သော ခန္ဓာကိုယ် ရှိမည်ဟု မထင်ခဲ့ကြပေ။ ထို့နောက် နင်းမန်မန်းမှ တစ်ခုခုကို တွေးမိသွားပြီး ရီချန်းဂျီကို မေးလိုက်သည် -

"ဆရာ.... အဲဒီခန္ဓာကိုယ်မျိုးက ကျွန်မရဲ့ မီးလျှံမူလဝိညာဉ်ခန္ဓာကိုယ်ရဲ့  ခံစစ်ကို ဖြတ်ကျော်သွားနိုင်မလား...."

ရီချန်းဂျီ ခေါင်းယမ်းပြလိုက်သည်။

“အဲဒါက သူ့အားသာချက်နဲ့ သူပဲလို့ ပြောရမယ်... မင်းရဲ့ခန္ဓာကိုယ်ကလည်း သူ့ခံစစ်ကို ဖောက်နိုင်မှာမဟုတ်သလို သူ့တိုက်ခိုက်ချက်ကလည်း မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး...”

ဆန်းကြယ်ယင်ခန္ဓာကိုယ်နှင့် မီးလျှံမူလဝိညာဉ်ခန္ဓာကိုယ်တို့သည် နှစ်ခုလုံး အစွမ်းထက်ပြီး ထူးဆန်းသော ခန္ဓာကိုယ်များဖြစ်သည်။ ထိုခန္ဓာကိုယ်နှစ်ခုမှာလည်း တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက်များ ဖြစ်သဖြင့် တစ်ခုနှင့်တစ်ခု ထိခိုက်စေနိုင်မည်လည်း မဟုတ်ပေ။

တကယ်တမ်း တိုက်ခိုက်ရေးတွင် နင်းမန်မန်း၏ ခန္ဓာကိုယ်က ပိုကောင်းသည်။ နင်းမန်မန်း၏ မူလမီးလျှံသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ တာအိုစွမ်းအင်များကိုပင် မီးလောင်တိုက်သွင်းပစ်နိုင်သည်။

သို့သော်လည်း ဆန်းကြယ်ယင်ခန္ဓာကိုယ်မှ အအေးဓာတ်သည်လည်း အလွန်ကြောက်စရာကောင်းသည်။ ၎င်းတွင် မည်သည့်စွမ်းအင်မျှ ဖြိုဖျက်ခြင်းငှာမစွမ်းသာသော ရေခဲများအား ဖန်တီးပေးနိုင်ပေသည်။

လီချန်းထျန်သည် သာမာန်သာဖြစ်သော်လည်း ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့် သမီးတစ်ဦးကို မွေးဖွားနိုင်ခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

Continue Reading

You'll Also Like

259K 10.4K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
20.6K 2.2K 113
Uni & Zawgyi အပိုင်း ၁ မှ​ ၁၀၃၀.........
24.4K 1.1K 18
إن كُتِب قدر شخصين معاً فسيتقاطع طريقهما ذات يوم حتماً ليحوما حول الدنيا إذا ارادا للعثور على بعض وليختبئا للهروب من البعض وهجنا وثابتنا دكاترنا ا...
8.5K 545 52
မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသူ: Born to be ဘာသာပြန်သူ - MKAung သူ...