ငါ့တပည့်တွေရူးနေကြပြီ(Book2)

Oleh AyePhyoe0

21.5K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် Lebih Banyak

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

294

112 10 0
Oleh AyePhyoe0

အခန်း 294- ခွဲခွာချိန်

တိမ်တိုက်မီးငှက်ခန်းမတွင်...။

ကျောက်စိမ်းဖြူဖြင့်ပြုလုပ်ထားသော ကျောက်စိမ်းစားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်မျိုးစုံရှိနေ၏။

ရီချန်းဂျီသည် အခြားသူများထက် အတန်ငယ်မြင့်သော ထိုင်ခုံတွင် ထိုင်နေသည်။ သူ့ဘယ်ဘက်တွင် နင်းမန်မန်းရှိပြီး ညာဘက်တွင် ပိုင်အော့ရှန်ဖြစ်သည်။ ကျန်သူများမှာ စုယွင်နှင့် အခြားအကြီးအကဲများဖြစ်သည်။

ဤသည်မှာ မဟာအကြီးအကဲ စုယွင်၏ စီစဉ်မှုဖြစ်သည်။ အကြီးအကဲများ၏ စကားများမှတစ်ဆင့် ပိုင်အော့ရှန်နှင့် ရီချန်းဂျီတို့မှာ မရေရာသည့် ဆက်ဆံရေးရှိနေကြောင်း သူမ သိလိုက်ရသည်။

ရီချန်းဂျီကို ကောင်းကင်နှင်းနန်းတော်နှင့် ပိုမိုနီးကပ်အောင် ဆွဲဆောင်ထားနိုင်လျှင် သူမတွင် ပိုင်အော့ရှန်နှင့်ပတ်သက်၍ ကန့်ကွက်စရာ မရှိပေ။

ထိုပွဲ၌ အခြားအကြီးအကဲများသည်လည်း ရည်ရွယ်ချက်ရှိရှိပင် သူတို့နှစ်ဦးကြား စကားပြောဆိုဖြစ်စေရန် ဦးဆောင်ခဲ့သည်။ ရီချန်းဂျီကတော့ ထုံးစံအတိုင်း စိတ်ထဲထားဟန်မရှိပဲ တည်ငြိမ်သော အမူအရာနှင့်သာ ရှိနေ‌လေသည် ။ တစ်ဖက်တွင် ပိုင်အော့ရှန်မှာမူ ထိုစီနီယာများ၏ ရည်ရွယ်ရင်းကို သိသွားချိန်တွင် သူမမျက်နှာမှာ နီရဲလို့သာ‌နေတော့သည်။

“မဟာအကြီးအကဲ... ဘာတွေလုပ်နေတာလဲ...” ပိုင်အော့ရှန်မှာ ရှက်ရမ်းရမ်းကာ အကြီးအကဲများကို ကြိတ်ကာဆူပူလိုက်သည်။

ထိုသို့ပြောရင်ပင် ရီချန်းဂျီဘက်သို့ အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်သေးသည်။ ရီချန်းဂျီ မည်သည့်တုံ့ပြန်မှုမှ မပြသည်ကို မြင်လိုက်ရမှ သူမ နှလုံးသားထဲမှ တင်းမာမှုများ တဖြည်းဖြည်း လျော့ပါးသွားတော့သည်။ မည်သို့ဖြစ်သည်မသိ ရီချန်းဂျီ၏ပုံသဏ္ဍာန်သည် လွန်ခဲ့သောညက သူမစိတ်ထဲတွင် တရစ်ဝဲဝဲပေါ်နေခဲ့သည် အထူးသဖြင့် ညဘက် သူမအိပ်ချိန်တွင်ဖြစ်သည်။ ထို့ကြောင့် ယမန်‌နေ့ညက သူမ ကောင်းစွာပင် မအိပ်ခဲ့ရပေ။

“မြန်မြန်ကြည့်လိုက်စမ်း... ငါတို့နန်းတော်သခင် ရှက်နေတာ.... ဒါက ငါတို့သိတဲ့ နန်းတော်သခင် မဟုတ်ပါဘူး...”

တခြားစီနီယာများမှာ ပို၍ပင် ပြုံးလိုက်မိကြသည်။ ဤသည်မှာ ဘာကိုဆိုလိုသနည်း။ သူတို့အားလုံးမှာ အတွေ့အကြုံရင့်သူများဖြစ်ပြီး ပိုင်အော့ရှန်၏ သဘောထားမှာ အလွန်ထင်ရှားနေလေသည်။

သူတို့နန်းတော်သခင်မဘက်တွင်တော့ ဘာပြဿနာမှ မရှိပေ။ စီနီယာရီအပေါ်တွင်သာ မူတည်တော့သည်။ သို့သော် နင်းမန်မန်း၏တည်ရှိမှုနှင့်အတူ မည်သည့်ပြဿနာမျှ ကြီးကြီးမားမား မဖြစ်သင့်ပေ။

“စီနီယာရီ.... စီနီယာကို ကျွန်မတို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်... ကျွန်မတို့အပေါ်ထားတဲ့ စီနီယာရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး... ကျွန်မတို့ တကယ်ကို ဘယ်လို ကျေးဇူးတင်ရမှန်းမသိတော့ဘူး...”

စုယွင်သည် သူမ၏ ခွက်ကို မြှောက်လိုက်ပြီး ရီချန်းဂျီအား လေးလေးစားစား ပြောလိုက်သည်။

၎င်းကိုမြင်လျှင် တခြားစီနီယာများကလည်း ခွက်ကိုမြှောက်ပြီး ရီချန်းဂျီကို တလေးတစားကြည့်သည်။ မဟာအကြီးအကဲ စုယွင်၏ စကားသည် လုံးဝမှန်ပေသည်။

စီနီယာရီကြောင့်သာမဟုတ်လျှင် ကန္တာရဓားဂိုဏ်းကို အနိုင်ယူနိုင်ဖို့ နေနေသာသာ ထောက်ထျဲ့သားရဲမှာကတည်းက နန်းတော်ပြာကျခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အားလုံးလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြရမည် ဖြစ်သည်။

“ဒါက အသေးအမွှားကိစ္စလေးတွေပဲ... အဲဒါကို စိတ်ထဲထားနေဖို့ မလိုဘူး....” ရီချန်းဂျီသည် ဤအရာများကို အမှတ်မထားပေ။

ထောက်ထျဲ့ကို ဖမ်းဆီးခြင်း သို့မဟုတ် မဟာအကြီးအကဲ စုယွင်ကို အင်ပါယာဖြစ်အောင် လုပ်ပေးခြင်းတို့မှာ သူ့လက်ချောင်းများကိုသာ လှုပ်ရရုံဖြစ်ပြီး ပင်ပင်ပန်းပန်းမလုပ်ခဲ့ရပေ။

ရီချန်းဂျီအတွက် ဘာမှမဟုတ်သော်လည်း ကောင်းကင်နှင်းနန်းတော်မှလူများမှ ၎င်းတို့၏ အသက်များပင် ဖြစ်သည်။

ထိုမျှမက ရီချန်းဂျီ  သူတို့ကို ပေးခဲ့သည့် အင်ပါယာအဆင့် ဉာဏ်အလင်းနှင့် သူတို့ဂိုဏ်းမှ အင်ပါယာတစ်ပိုင်း တစ်ဒါဇင်ခန့်မှာ အချိန်တိုအတွင်းမှာ အင်ပါယအဆင့်သို့ဖြတ်ကျော်ပြီး အားအကောင်းဆုံးဂိုဏ်းဖြစ်လာအောင် ကူညီပေးနိုင်သည်။ သူတို့သည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ပင် ထိပ်သီးဂိုဏ်းအဖြစ် မြင့်တက်လာနိုင်သည်။

ထိုအချိန်တွင် စုယွင်တစ်ခုခုကို တွေးနေပုံရ၏။ သူမသည် အကြီးအကဲထျန်းရွှမ်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရီချန်းဂျီအား ပြောလိုက်သည်။

“စီနီယာရီ.... စီနီယာကို ကျေးဇူးတင်စရာတစ်ခုရှိသေးတယ်....”

“အိုး... ဘာများလဲ....” ရီချန်းဂျီ အနည်းငယ် စိတ်ရှုပ်သွားသည်။

သူလုပ်ခဲ့သည်များအတွက် သူ့ကို ကျေးဇူးအထပ်ထပ်အခါခါ တင်နေပြီးသား မဟုတ်လော။ ကောင်းကင်နှင်းနန်းတော်ကို သူဘာများလုပ်ပေးခဲ့သေးလဲ သူမသိတော့ပေ။

“အကြီးအကဲထျန်းရွှမ်ရဲ့ ပြဿနာက ကျွန်မကိုယ်တိုင် ဖြေရှင်းနေခဲ့တဲ့ ပြဿနာပါ.... လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် သူ့ခန္ဓာကိုယ်ထဲက ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး... မနေ့က အကြီးအကဲထျန်းရွှမ် ကျွန်မကို အကုန်ပြောပြပြီးပါပြီ... ဒီအတွက်လည်း ဘယ်လိုကျေးဇူးတင်ရမှန်းမသိတော့ပါဘူး စီနီယာ...”

စုယွင်၏ မျက်နှာပေါ်ရှိ အမူအရာမှာ စစ်မှန်လှသည်။ အကြီးအကဲထျန်းရွှမ်နှင့် အကြီးအကဲစုယွင်တို့သည် အခင်ဆုံးသူငယ်ချင်းများဖြစ်သည်။

ယခုအခါ ရီချန်းဂျီ ၏အကူအညီဖြင့် အကြီးအကဲထျန်းရွှမ်၏ခန္ဓာကိုယ်ရှိ ပြဿနာများကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် သူမ၏ နယ်ပယ်မှာလည်း တိုးတက်လာကာ သူမသည် ယခင်ကထက် ပိုမိုသန်မာလာခဲ့သည်။ ထို့ကြောင့် သူမ၏ သက်တမ်းသည်လည်း တိုးတက်လာတော့သည်။

ဤအချက်သည် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဖြစ်ပြီး ၎င်းသည် ကောင်းကင်နှင်းနန်းတော်နှင့် မသက်ဆိုင်ပေ။

“အကြီးအကဲတို့ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး... ကျွန်မဆရာက ဒီလိုလုပ်ထုံးလုပ်နည်းတွေကို သိပ်မကြိုက်ဘူး...” နင်းမန်မန်း အကြီးအကဲများကို ဘေးကနေ သတိပေးလိုက်သည်။ သူမဆရာ၏ ပင်ကိုယ်စရိုက်ကို သူမ ကောင်းကောင်းသိသည်။

ထိုကဲ့သို အထပ်ထပ်အခါခါ ကျေးဇူးတင်ခံနေရလျှင် သူမဆရာ စိတ်ရှုပ်လာပေတော့မည်။

စုယွင် အံ့သြသွား၏။ သူမက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး -  “ဒါက ကျွန်မ အလိုက်မသိတာပဲ... ထားလိုက်ပါတော့.... အဲဒါကို မပြောတော့ဘူး...”

ကောင်းကင်နှင်းနန်းတော်ရှိ အကြပ်အတည်းများကို ဖြေရှင်းပြီးဖြစ်သဖြင့် ယခုလိုအချိန်တွင် အကြီးအကဲများအားလုံး ပုခုံးထက်မှ ဝန်ထုပ်ဝန်ပိုးများအားလုံး လျော့ကျကာ အားလုံး အလွန်ပျော်ရွှင်နေခဲ့ကြသည်။

နေဝင်ရီတရောအချိန်မှာမှ စားပွဲအခမ်းအနားအား သိမ်းဆည်းလိုက်ကြသည်။

ရီချန်းဂျီ အနားယူရန်ပြောသည်ကြောင့်သာ မဟုတ်လျှင် ညဉ့်နက်သည်အထိ အခမ်းအနားမှာ ဆက်သွားနိုင်သည်။

အကြီးအကဲများ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ သူတို့ မထွက်ခွာမီ စုယွင်သည် ပိုင်အော့ရှန်ကို ကြည့်လိုက်ပြီးနောက် ရီချန်းဂျီကို လှမ်းကြည့်လိုက်သည်။ ထိုအကြည့်များ၏နောက်ကွယ်တွင် အဓိပ္ပါယ်မှာ ထင်ရှားလှပေသည်။ ပိုင်အော့ရှန်ကို စီနီယာရီအား လိုက်လံပို့ဆောင်စေချင်သည်။

အခြားစီနီယာအကြီးအကဲများကလည်း ရယ်မောကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

နင်းမန်မန်း.... ထိုကလေးမလေးသည်လည်း ပျောက်ကွယ်သွားသည်မှာ ကြာခဲ့လေပြီ။

တိမ်တိုက်မီးငှက်ခန်းမမှ တိမ်တိုက်နှလုံးသားနန်းဆောင်သို့ ပြန်ရာလမ်းတွင် ရီချန်းဂျီနှင့် ပိုင်အော့ရှန်သည် ဘေးချင်းကပ်လျက် လျှောက်လာခဲ့ကြသည်။ နေမင်းကြီး၏ ကျနေအလင်းရောင်သည် သူတို့နှစ်ဦး၏ မျက်နှာများ၌ တောက်ပနေ၏။ အမျိုးသားမှာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး ရုပ်ရည်မှာ ယောကျ်ားဆန်ကာ ချောမောလှသည်။ ဘေးမှအမျိုးသမီးမှာ လေတိုက်တိုင်း လွင့်ဝဲနေသည့် ဂါဝန်ရှည်ကို ၀တ်ဆင်ထားသည်။ သူမ၏ လှပသော ဆံပင်များသည် လေထဲတွင် လွင့်ဝဲကာ ကခုန်နေခဲ့သည်။ သူမသည်လည်း အလွန်အမင်း လှပနေခဲ့ပေသည်။

နှစ်ဦးသား ဘာမှ မပြောဖြစ်ကြပေ။ ဖြည်းညှင်းစွာသာ လမ်းလျှောက်လာနေကြသည်။ ခဏကြာမှ ပိုင်အော့ရှန် တိတ်ဆိတ်ခြင်းကို ချိုးဖျက်ကာ မေးလိုက်သည်။

“အစ်ကိုရီ... ရှင် ထွက်သွားတော့မှာလား...”

ထိုမေးခွန်းကို သူမမေးလိုက်ပြီးသည့်အခိုက်တွင် သူမ နောင်တရမိသည်။

သို့သော် သူမ မေးရပေမည်။ သူမတွင် ထိတ်လန့်သော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ယခုနက ခန်းမထဲမှ စားသောက်ပွဲမှာကတည်းက သူမ အရိပ်အမြွက်မျှ ခံစားခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမ စိုးရိမ်နေပြီး တည်ငြိမ်မှုကို အတင်းဟန်ဆောင်ကာ ထိန်းသိမ်းနေခဲ့ရသည်။

ဤသည်မှာပင် အချစ်ဟူသည့် ခံစားချက်ဖြစ်နိုင်သလော။ လူတစ်ယောက်အတွက် စိတ်ဓာတ်ကျနေခြင်း၊  လူတစ်ယောက်အတွက် ပူပန်နေရခြင်း.... ဤသည်ကပင် အချစ် ဖြစ်သည်လော။

ကောင်းကင်နှင်းနန်းတော်တွင် ကြီးပြင်းလာရသည့် သူမသည် ထိုသို့သော ထူးဆန်းသည့် ခံစားချက်မျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ထို့ကြောင့် သူမသည် ထိုအရာကို သိချင်နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူမသည် ရီချန်းဂျီ ကို မော့၍ကြည့်နေကာ ရီချန်းဂျီ သူမကို ပြန်ကြည့်နေသော်လည်း သူမ၏အကြည့်ကို ပြန်မရုတ်သိမ်းခဲ့ပေ။ ယခင်ကဆိုလျှင် သူမ၏ အကြည့်ကို ရီချန်းဂျီ၏ အကြည့်နှင့် မဆုံစေပဲ ချက်ချင်းလွှဲဖယ်ပစ်မည်သာ ဖြစ်သည်။

“အင်း.... သွားဖို့အချိန်ရောက်ပြီ....”

ရီချန်းဂျီ စကားများများစားစား မပြောခဲ့ပေ။ သူမကို ခိုင်လုံသော အဖြေပေးရုံသာ ပြန်ဖြေခဲ့သည်။

အမှန်တော့ သူထွက်သွားချင်နေသည်မှာကြာခဲ့ပြီဖြစ်သည်။ သို့သော် ကိစ္စတစ်ချို့ကြောင့် နောက်ကျသွားရသည်။ ယခုတော့ သူ့မှာ စိတ်ပူစရာ မရှိတော့သဖြင့် ထွက်သွားဖို့ အချိန်တန်လေပြီ။

သူ၏ ကမ္ဘာတွင် သူ့ဂိုဏ်းမှာ မည်သို့သော အခြေအနေများနှင့် တွေ့ကြုံနေခဲ့ရသည် မသိပေ။ သူ့တွင် စိုးရိမ်စရာများ ရှိနေသေးသည်။

“ဟုတ်တယ်... အားလုံး တနေ့ခွဲခွာကြရမှာပဲ.... ကောင်းမွန်တဲ့အရာတွေက မြန်မြန်ခွဲခွာရတယ်...!” ရီချန်းဂျီ၏အဖြေကိုကြားလျှင် ပိုင်အော့ရှန် ဖြည်းညှင်းစွာ ပြောလိုက်မိသည်။

ထို့အပြင် စီနီယာရီလို ကောင်းကင်ကို တိုက်ခိုက်နိုင်သည့်သူမှာ ဤနေရာနှင့် မထိုက်တန်ပေ။ ကောင်းကင်နှင်းနန်းတော်ထဲတွင် ရီချန်းဂျီ ထာဝရနေဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူမသည်လည်း နန်းတော်သခင်တစ်ယောက်အနေနှင့် ရီချန်းဂျီနှင့်အတူ ထွက်သွားဖို့ မဖြစ်နိုင်ပေ။ ကောင်းကင်နှင်းနန်းတော်မှာ မည်သို့ ကျန်ရစ်ခဲ့မည်နည်း။

ခဏလောက်တော့ ပိုင်အော့ရှန်၏ နှလုံးသားက စုတ်ပြဲသွားသလို ခံစားလိုက်ရသည်။

“ဟူး....”

အမှန်တကယ်တမ်းတွင် ရီချန်းဂျီသည် ပိုင်အော့ရှန်ကို အမြင်ကောင်းရှိခဲ့သည်။

သို့သော် ကန့်သတ်ချက်များစွာကို တွေးကြည့်လိုက်မိသောအခါတွင် သူ့ခံစားချက်များကို ချိုးနှိမ်ထားခဲ့လိုက်တော့သည်။ သူ့တွင် လုပ်စရာများစွာ စောင့်ဆိုင်းနေလျှက်ရှိသည်။ နောက်ပိုင်းတွင် သူမကို သူ ဂရုမစိုက်နိုင်မည်ကို စိုးရိမ်ခဲ့မိသည်။

နှစ်ယောက်သား စကားဆက်မပြောကြတော့။ လေထုသည်လည်း တိတ်ဆိတ်သွားလေသည်။

သတိမထားလိုက်မိစဥ်မှာပင် သူတို့နှစ်ဦးသည် တိမ်တိုက်နှလုံးသားနန်းဆောင် အဝင်ပေါက်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုအချိန်မှပင် ပိုင်အော့ရှန်သည် အချိန်များ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို သဘောပေါက်လိုက်သည်။

“ငါတို့ ရောက်ပြီပဲ...”

ရီချန်းဂျီသည် တိတ်ဆိတ်မှုကို ပထမဆုံးချိုးဖျက်ခဲ့သူ ဖြစ်သည်။

“ဟုတ်တယ်... ရောက်လာပြီ...”

ပိုင်အော့ရှန်လည်း အသိစိတ်မဲ့စွာ တုံ့ပြန်လိုက်မိသည်။ သူမ၏ မျက်လုံးများတွင် တွန့်ဆုတ်သော အရိပ်အယောင်များ ပေါ်လာ၏။ ထိုအချိန်တွင် သူမနှလုံးသားမှာ ဓားနှင့်ခုတ်သလို ခံစားနေခဲ့ရသည်။

“ကျွန်မတို့ နောက်ထပ် တွေ့နိုင်ပါဦးမလား... အကိုရီ....” တုန်ယင်လုဖြစ်နေသည့် အသံကို အတင်းချုပ်ထိန်းကာ သူမ မေးလိုက်သည်။

“ဖြစ်နိုင်ပါတယ်လေ....” ရီချန်းဂျီ ပြန်ဖြေလိုက်သည်။

Lanjutkan Membaca

Kamu Akan Menyukai Ini

1.4K 164 27
Description 💥 အသက်ဆယ့်သုံးနှစ်တွင် သူသည် အိုမီဂါအဖြစ်စာရင်းဝင်သွားပြီးသည့်နောက် ရုန်ယီသည် အသေးစားဆုလေးတစ်ခုတောင်းခဲ့သည်။ အနာဂတ်တွင်သူသည် မြင့်မားသေ...
100K 5.3K 33
Pluto thai gl novel မြန်မာဘာသာပြန်
12.7K 1.1K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
2.6K 183 29
I am a scarecrow and the demon lord of terror ( ငါက စာခြောက်ရုပ်) Original writer - laughter and joy Genres - Horror , Mystery, Supernatural, Action...