ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.6K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

293

118 9 0
By AyePhyoe0

အခန်း 293- ဝမ်ကျန်းဒေါင်၏ကြောက်ရွံ့မှု

"မင်းတို့ အားလုံး ဘာလုပ်နေတာလဲ… ကျင့်ကြံခြင်းလောကမှာ နိုင်ရင်နိုင် မနိုင်ရင် ရှုံးမှာပဲ.... မင်းတို့ ကိုယ့်သိက္ခာကိုယ် မချကြစမ်းနဲ့... မတ်တပ်ပြန်ရပ်ပြီး အသေခံလိုက်ကြ...." ဝမ်ကျန်းဒေါင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ ကန္တာရဓားဂိုဏ်း၏ အကြီးအကဲအဖြစ် ချင်မူသည် အညံ့ခံရာတွင် ပထမဆုံး ဦးဆောင်သူဖြစ်သည်။ ၎င်းမှာ သူတို့ဂိုဏ်းကို လုံးဝအရှက်ကွဲစေခဲ့သည်။

“ဂိုဏ်းချုပ်... ကျုပ်တို့ ချောင်မှာပိတ်ပြီး အရိုက်ခံနေရပါပြီ.... ကန္တာရဓားဂိုဏ်းလည်း အဆုံးသတ်သွားပါပြီ.... အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်မှ ပညာရှိတာပါ... အညံ့ခံလိုက်ကြရအောင်ပါ....”

“ဒီနည်းနဲ့ ကျုပ်တို့အသက်ကို ကယ်နိုင်ဦးမှာပါ...." ချင်မူမှ အကြံပေးလိုက်သည်။

သူတို့၏ အားအကောင်းဆုံး အကြီးအကဲပင် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ရသည်။ သို့သော် သူတို့အသက်သည် ကြိုးတန်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ သူတို့ လူမိုက်များ မဟုတ်ပေ။ အသက်ရှင်သန်နိုင်လျှင် ဘာမဆို လုပ်နိုင်ပေဦးမည်။

"မင်း...." ဝမ်ကျန်းဒေါင် ထိုသို့သာ ပြောနိုင်တော့သည်။ သို့သော် သူနားလည်ပေသည်။ ထို့ကြောင့် မာနကြီးသော အမူအယာများကို ဖယ်ချရန် အချိန်ရောက်ပေပြီ။ သူ့တွင် မည်သည့်အင်အားမျှ မရှိတော့ပေ။

"ကောင်းကင်နှင်းနန်းတော်ကို အညံ့ခံပါတယ်...."

ထိုသို့ပြောလိုက်ချိန်တွင် သူ့နှလုံးသားတွင် အပ်နှင့်ထိုးသလို တဆစ်ဆစ် ခံစားနေရသည်။ သို့သော် သူ့တွင် ငြင်းဆန်ရန် ခွန်အားမရှိတော့သည်ကိုလည်း သဘောပေါက်သည်။ သူ့နှလုံးသားမှာ နာကျင်နေသော်လည်း သူဘာမှ မတတ်နိုင်ပေ။ ဤသည်မှာ သူတို့၏သွေးမျိုးဆက်ကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

ပိုင်အော့ရှန် ထိုလူများ မည်သို့တွေးနေသည်ကို သိသော်လည်း ဂရုမစိုက်ပေ။ သို့သော် ရီချန်းဂျီ၏ အင်ပါယာအဆင့်ညဏ်အလင်းနှင့် အစစ်အမှန်အင်ပါယာစုယွင်တို့လက်အောက်တွင် သူတို့ဂိုဏ်းမှ အင်ပါယာတစ်ပိုင်းအဆင့်များအားလုံး အင်ပါယာအဆင့်သို့ တက်ရောက်ရန် အချိန်သိပ်ယူရတော့မည် မဟုတ်ပေ။ အင်ပါယာပေါင်း တစ်ဒါဇင်ကျော်ရှိသည့် အင်အားစုမှာ အင်ပါယာတစ်ပိုင်းဂိုဏ်းများ ပုန်ကန်ခြင်းကို အဘယ်ကြောင့် ကြောက်ရတော့မည်နည်း။

သူတို့နှစ်ဖွဲ့မှာ တူညီသော အဆင့်အတန်းတွင် မရှိတော့ပေ။ ပုရွက်ဆိတ်များ မည်မျှများပြားပါစေ ခွန်အားကြီးသည့် သားရဲများ၏အမြင်တွင် ဘာမှတန်ဖိုးရှိမှာ မဟုတ်ပေ။

ပိုင်အော့ရှန်သည် ကန္တာရဓားဂိုဏ်းမှလူများ လက်နက်ချသွားသည်ကို ကြည့်နေ၏။

“ကောင်းပြီ... ဒီနေ့ကစပြီး ကန္တာရဓားဂိုဏ်းရဲ့ အမည်ရှိတော့မှာ မဟုတ်ဘူး... ကန္တာရဓားဂိုဏ်းက သူ့ရဲ့အမည်ကို နှင်းဓားဂိုဏ်းအဖြစ် ပြောင်းလဲပြီး ငါတို့ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်လာရလိမ့်မယ်...”

"ကောင်းပါပြီ နန်းတော်သခင်မ...!" ဝမ်ကျန်းဒေါင်မှာ ခါးသီးစွာ ပြောလိုက်သည်။

ထိုအခိုက် စုယွင်သည် သူမ၏ အင်ပါယာအော်ရာကို ထုတ်ဖော်လိုက်ပြီး ကန္တာရဓားဂိုဏ်းမှ လူတိုင်း၏ ခေါင်းပေါ်တွင် ၎င်းတို့ကို ဖိနှိပ်နေသည့် ရှေးဟောင်းတောင်ကြီးတစ်ခုလို ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်လာ၏။ သူတို့၏ အသက်ရှုသံများ မြန်ဆန်လာပြီး ထိုအချိန်တွင် သေတော့မလိုပင် ခံစားနေရလေသည်။

ထိုမျှအစွမ်းထက်သည့် အော်ရာကို သူတို့ မမြင်ဖူးခဲ့ပေ။ ၎င်းသည်ပင် အင်ပါယာတစ်ပါး၏ အော်ရာပင် ဖြစ်တော့သည်။

အကြီးအကဲများနှင့် ဝမ်ကျန်းဒေါင် အပါအဝင် ကန္တာရဓားဂိုဏ်းမှ တပည့်များသည် နတ်ဘုရားနှင့်တူသော အကြီးအကဲစုယွင်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် မော့ကြည့်နေကြရသည်။

ဝမ်ကျန်းဒေါင်သည် သူ၏ ကလေးဆန်သော အပြုအမူကို ပြန်လည်တွေးတောမိသောအခါ ရှက်လာတော့သည်။

"မင်းတို့ ကောင်းကင်နှင်းနန်းတော်ကို အညံ့ခံလိုရင် စိတ်ရင်းမှန်အတိုင်း ဖြစ်ရမယ်... အင်ပါယာတစ်ပါးရဲ့ အရှိန်အဝါအောက်မှာ လိမ်ညာလို့ရမယ်ထင်ရင် စမ်းကြည့်လိုက်... မင်းတို့ ငါတို့ကို လှည့်စားချင်တာတွေ့ရရင် ငါကိုယ်တိုင် အဲဒီလူကို ဖျက်ဆီးပစ်မယ်...”

“မှတ်ထား... မင်းတိူ့မှာ အခွင့်အရေးတစ်ခါပဲရှိတယ်... မင်းတို့ ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ငါ မင်းတို့ကို လမ်းညွှန်ချက်တစ်ချို့ပြပေးနိုင်တယ်....”

ထိုစကားအားကြားလျှင် ကန္တာရဓားဂိုဏ်းမှ အကြီးအကဲများသည် ရွှင်လန်းတက်ကြွသွားကြသည်။

"မဟာအကြီးအကဲ တကယ်ပြောတာပါလား..."

ကန္တာရဓားဂိုဏ်းမှ အကြီးအကဲများသည် ဝမ်းမသာပဲ မနေနိုင်ကြပေ။ သူတို့သည် အင်ပါယာတစ်ပိုင်း နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ညွှန်ပြချက်အချို့ကို အမှန်တကယ် ရရှိနိုင်ခဲ့ပါက ၎င်းတို့သည် စစ်မှန်သောအင်ပါယာများ ဖြစ်မလာလျှင်ပင် အဆင့်တစ်ဝက် အင်ပါယာများ ဖြစ်လာနိုင်မည် ဖြစ်သည်။

ကောင်းကင်နှင်းနန်းတော်သို့ အညံ့ခံပြီးနောက် ထိုကဲ့သို့သောအခွင့်အရေးကို ရရှိမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ကျင့်ကြံသူများ ဂိုဏ်းဂဏ အင်အားစုများသို့ ဝင်ရောက်ရခြင်းအကြောင်းရင်းမှာ ၎င်းတို့၏ ကျင့်ကြံမှုတိုးမြှင့်ရန် အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန်ဖြစ်သည်။

အဆင့်တစ်ဝက် အင်ပါယာဟူသော အရာထက် မည်သည့်အရာက ပိုဆွဲဆောင်မှုရှိနိုင်မည်နည်း။

ထို့ကြောင့် ဤစကားများကိုကြားပြီးနောက် သူတို့၏ စိတ်ဓာတ်သည် အလွန်ပြောင်းလဲသွားတော့သည်။ ယခင်က ကောင်းကင်နှင်းနန်းတော်ထဲ ဝင်ဖို့ တွန့်ဆုတ်နေသည်ဆိုလျှင် ယခုအခါ မောင်းထုတ်ခံရလျှင်ပင် ထွက်သွားမည် မဟုတ်တော့ပေ။

ဤသည်မှာ မဟာအကြီးအကဲ စုယွင်၏ စွမ်းအားဖြစ်သည်။ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးနောက် သူမသည် လူများကို မည်သို့ ထိန်းချုပ်ရမည်ကို သိရှိခဲ့သည်။ တခါတရံတွင် ဂုဏ်သိက္ခာဆိုသည်မှာ မက်မောရနိုင်သော အရာနှင့် မတွေ့ရသေးလို့သာ ဖြစ်သည်။ မက်မောရသည့်အရာနှင့်တွေ့လျှင် ဂုဏ်သိက္ခာဆိုသည်မှာ ကြာရှည်ခံတတ်သည့် အမျိုး မဟုတ်ပေ။

ထိုအဖြစ်မှာ ရေကြီးခြင်းနှင့် သဘောတရားတူ၏။ ရေကြီးခြင်းကို ကာကွယ်ရန် ရေကာတာဆောက်ခဲ့လျှင် ယာယီတော့ ဖြေရှင်းနိုင်မည် ဖြစ်သည်။ သို့သော် ထိုရေကာတာကျိုးလျှင် အရာအားလုံး ရေစုန်မျောမည်ဖြစ်သည်။

ထို့အတူ ယခု အင်အားသုံး၍ ကန္တာရဓားဂိုဏ်းကို အညံ့ခံစေခြင်းသည် ရေကာတာဆောက်ခြင်းနှင့် တူ၏။ တခဏမျှ ငြိမ်သက်သွားစေနိုင်သော်လည်း တချိန်တွင် ပုန်ကန်မလာဟု မပြောနိုင်ပေ။

ထို့ကြောင့် မက်လုံးပေးခြင်းကဲ့သို့ ပိုမိုကောင်းမွန်သော အကြံများရှိပါက အဘယ့်ကြောင့် အသုံးမပြုရမည်နည်း။

ကန္တာရဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်သည့် ဝမ်ကျန်းဒေါင်ပင်လျှင် စိတ်ပြောင်းသွားသည်။ အင်ပါယာ၏ ဖြားယောင်းမှုကို ကြားသောအခါ သူ၏ မျက်လုံးများ တောက်ပလာသည်။

“သေတဲ့အထိ ကောင်းကင်နှင်းနန်းတော်ကို ကျုပ်တို့သစ္စာခံပါတယ်... သစ္စာမဲ့ဖို့ အတွေးတောင် ကျုပ်တို့ မတွေးဝံ့ပါဘူး..." ဝမ်ကျန်းဒေါင် ချက်ချင်းဆိုသလို သူ့ ရပ်တည်ချက်ကို ထုတ်ပြောပြီး တခြားတပည့်များကိုလည်း သဘောတူစေခဲ့သည်။

ဤကိစ္စပြီးသွားသည်နှင့်အမျှ ကောင်းကင်နှင်းနန်းတော်ရှိ အကျပ်အတည်းသည် ပြေလည်သွားသည်။ ထို့အပြင် ကန္တာရဓားဂိုဏ်းသည် ၎င်းတို့ထံ လက်နက်ချခဲ့ပြီးဖြစ်သဖြင့် အင်အားကြီးမားစွာ ရရှိခဲ့သည်။

ကောင်းကင်နှင်းနန်းတော်မှ တပည့်များနှင့် အကြီးအကဲများသည် ဤကိစ္စသည် ဤမျှရိုးရှင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့၏ ရန်သူကို အလွယ်တကူ သစ္စာခံစေနိုင်ခဲ့သည်။

ယခုအချိန်အထိ သူတို့သည် မယုံကြည်နိုင်ခြင်းကို ခံစားနေကြရဆဲဖြစ်သည်။

သူတို့အား ထိုသို့ ဖြစ်စေခဲ့သည့် အနက်ရောင်၀တ်စုံ ၀တ်ထားသော အမျိုးသားသည် ဘာမှမထူးခြားသည့် အမူအရာဖြင့် ဘေးတွင် ရပ်ကြည့်နေခဲ့သည်။

ထိုလူမှာ စကားတစ်ခွန်းမှာ မပြော၊ လှုပ်ရှားမှုတစ်ခုမှ မလုပ်ပဲ ငြိမ်သက်စွာသာ ရပ်နေသော်လည်း ကမ္ဘာကြီးမှာ သူ့အား ဗဟိုပြု၍ လည်ပတ်နေသည်ဟု ထင်ရ၏။ စုယွင်သည် ယခု သူမ ပိုင်ဆိုင်သမျှ အရာအားလုံးသည် ဤစီနီယာ၏ ကျေးဇူးကြောင့်ဖြစ်သည်ကို ကောင်းကောင်းသိသည်။

ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းပြီးနောက် သူမသည် ရီချန်းဂျီ ရှေ့သို့ ဦးစွာရောက်လာသည်။

“စီနီယာရီ... စီနီယာကို ကျွန်မတို့ ရယ်စရာလုပ်ပြနေသလို ဖြစ်နေပါပြီ... အခုချက်ချင်း တိမ်တိုက်မီးငှက်တောင်ကြားကိုသွားလိုက်ကြရအောင် စီနီယာ... စီနီယာရဲ့ အချိန်တွေ အလဟဿဖြစ်ခဲ့ရလို့ တောင်းပန်ပါတယ်..." စုယွင် ဦးညွှတ်ပြီးတောင်းပန်းနေသောအခါ ကောင်းကင်နှင်းနန်းတော်၏ အကြီးအကဲများနှင့် နန်းတော်သခင်ကပင် လိုက်လံဦးညွှတ်လိုက်ကြသည်။

ထိုအချိန်တွင် ကောင်းကင်နှင်းနန်းတော်တစ်ခုလုံး ဦးညွှတ်လိုက်သည်ဟု ဆိုနိုင်သည်။ ထိုအဖြစ်ကိုမြင်လျှင် ကန္တာရဓားဂိုဏ်း၏ တပည့်များသည် ပုံမှန်လို ပေါ့ပေါ့ဆဆ မနေဝံ့ကြတော့ပေ။ စုယွင်ကဲ့သို့သော အင်ပါယာတစ်ပါးပင်လျှင် ထိုသို့သော အမူအရာမျိုး ပြုလုပ်ခဲ့သည်။ သူတို့လို တိုက်ပွဲတွင်ရှုံးနိမ့်ပြီး ရန်သူထံတွင် သစ္စာခံထားရသည့်သူများမှာ မည်သို့ မာနကြီးနေနိုင်တော့မည်နည်း။

ထိုအခါမှ သူတို့ သဘောပေါက်သွားကြသည်။ ယခုနက မဟာအကြီးအကဲ စုယွင်သည် အင်ပါယာတစ်ပါးဖြစ်လာစေရန် တစ်စုံတစ်ဦးမှ သူမအား ဖြတ်ကျော်ရန် ကူညီပေးခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ထိုလူသည် ဤသာမာန်ဆန်လှသော ရီချန်းဂျီ ဆိုသည့်လူ ဖြစ်နိုင်ပေမည်။

ကန္တာရဓားဂိုဏ်းမှ လူတိုင်းမှာ ထိုအချက်ကို တွေးမိပြီး အလွန်တရာ သိချင်သွားခဲ့ကြသည်။

တစ်ဖက်တွင် ဝမ်ကျန်းဒေါင်သည် လျှင်မြန်စွာ တွေးလိုက်မိသည့် အချက်တစ်ခုကြောင့် အလွန်တရာ ကြောက်လန့်နေပြီဖြစ်သည်။

ယခင်က ရီချန်းဂျီကို သူ ရန်စမိခဲ့သည်ကို သူ မမေ့နိုင်ခဲ့။ ကံကောင်းထောက်မစွာဖြင့် ထိုပုဂ္ဂိုလ်သည် သူ့အား လုံးဝ စိတ်၀င်စားပုံမပေါ်ပေ။

မဟုတ်လျှင် သူ အညံ့ခံမည်ဆိုလျှင်ပင် ယခုအချိန်လောက်ဆို သေနေလောက်ပေမည်။

နောက်ဆုံးတွင် သူ့ထက်အဆင့်မြင့်သည့် တည်ရှိမှုများ များစွာရှိနေခဲ့သည်ကို သူသဘောပေါက်သွားသည်။ သူ့အခြေအနေမှာ ထိုပုဂ္ဂိုလ်ကြီး၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်အဖြစ်မျှသာ ရှိပေမည်။

ထိုအချက်ကို တွေးမိပြီး သူ ခါးပိုညွှတ်ကာ အရိုအသေပေးနေမိသည်။ ရီချန်းဂျီ၏ အကြည့်ကို မခံဝံ့ဘဲ သူ့အား သတိပြုမိသွားမည်ကို တွေးကြောက်နေမိသည်။

သို့သော် ရီချန်းဂျီ၏ အဆင့်အတန်းအရ သူသည် ဝမ်ကျန်းဒေါင်ကို လုံးဝ ဂရုမစိုက်ပေ။ အကြီးအကဲစုယွင်၏ စကားကိုကြားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူတို့အုပ်စုသည် တိမ်တိုက်မီးငှက်တောင်ကြားဆီသို့ ဆက်လက်ဦးတည်သွားခဲ့လိုက်တော့သည်။

Continue Reading

You'll Also Like

12.7K 1.1K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
89.7K 7.7K 171
"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator:...
77.6K 1.6K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
2.6K 183 29
I am a scarecrow and the demon lord of terror ( ငါက စာခြောက်ရုပ်) Original writer - laughter and joy Genres - Horror , Mystery, Supernatural, Action...