||Complete|| I Can Do It [MM...
By da_coolest_icekun
688K 98.8K 10.5K
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... More
Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀
အပိုင်း(၁၃၃)
2.9K 441 13
By da_coolest_icekun
အင်တာဗျူး၌ လူတိုင်းက စကား​​ပြောခွင့်ရှိသည်။ သို့​ပေသိ အားလုံးက ပင်ပန်း​နေပြီဖြစ်ရာ ကျန်အသင်းသား​တွေက ကျန်းရုန်ကိုနမူနာယူပြီး လိုရင်းတိုရှင်းသာ ​​ပြောလာကြသည်။
Pineက မိုက်ကိုလက်ခံလိုက်ပြီး တိုတိုတုတ်တုတ် ​ပြောလာသည်။ "ငါတို့နိုင်သွားပြီ"
​ရှောင်ပိုင်က Pine၏လက်ကိုထပ်ကိုင်လိုက်ကာ မိုက်ခ်အား သူ့ပါးစပ်နားဆွဲလိုက်ပြီး "အားလုံးပဲမင်္ဂလာပါ အခုစကား​ပြော​နေတာက ကမ္ဘာ့နံပါတ်တစ် Sett Supportပါ...."
Pineက ​ပြောလာသည်။ "မိုက်ခ်ယူမယ်ဆိုလည်း ​သေချာကိုင်​လေ။ လက်ကိုလာကိုင်မ​နေနဲ့"
​ရှောင်ပိုင် : "ကပ်​စေးနဲ"
ယွမ်ချန်က ​အောက်လမ်းသွားစုံတွဲဆီက မိုက်ခ်ကိုလုလိုက်ပြီး မျက်ရည်​တွေသုတ်ရင်းဖြင့် ​ပြောလာသည်။ "ကျွန်​တော်လည်း သူတို့လို ခပ်မိုက်မိုက်နဲ့ လိုရင်းတိုရှင်းပဲ ​ပြောချင်​ပေမယ့်....ကျွန်​တော့်မှာ ​ပြောစရာ​တွေ အများကြီးရှိ​နေတယ်။ မနှစ်က နှစ်ကုန်ခါနီးတုန်းက ကျွန်​တော် မက်​ဆေ့​တွေရခဲ့တာ မနည်းဘူး။ ​သေချာ​ပေါက် အများစုက ကျွန်​တော့်ကို နှစ်သိမ့်​ပေး​နေတာ အား​ပေး​နေတာ​တွေ ဆို​ပေမယ့် လက်တစ်ဆုပ်စာ လူ​တွေကလည်း ​ပြောကြတယ် ဒီMetaနဲ့ ကျွန်​တော်က မသင့်​တော်​တော့ဘူး အနားယူသင့်​​နေပြီဆိုပြီး....
"ဒီ​နေရာမှာ ကျွန်​တော်​ပြောပြချင်တာက ကျွန်​တော် လုံးဝ အနားမယူ​သေးဘူး။ ကျွန်​တော်က Supportပုံစံ ကစားသမားလည်း မဟုတ်ဘူး ကျွန်​တော်က ဘက်စုံထူးချွန်သူပဲ။ ​နောက်ထပ်Meta​တွေမှာလည်း ကျွန်​တော်က ဝင်ဆံ့​နေဦးမှာ ၊ ကျွန်​တော့်ခန္ဓါကိုယ်က ဒဏ်မခံနိုင်​တော့မှသာ.....ပြီး​တော့ ကျွန်​တော့်အသင်းသား​တွေ ၊ အသင်းရဲ့ဝန်ထမ်း​တွေ ၊ ကျွန်​တော့်သူ​ဌေး ၊ မိဘနှစ်ပါး ၊ ပရိသတ်​တွေ....ကျွန်​တော့်မိန်းမ​​ရော အားလုံးကို ​ကျေးဇူးတင်ပါတယ်။ မင်းတို့အားလုံးကိုချစ်တယ်။ မိန်းမ မင်းကိုလည်းချစ်တယ်"
​ကင်မရာက ယွမ်ချန်၏ချစ်သူ ယိုးယိုးအား အနီးကပ် ရိုက်ကူးပြလာသည်။
သူမ၏မျက်ဝန်း​တွေက မျက်ရည်​တွေနှင့် အ​ရောင်လဲ့​နေပြီး နှာ​ခေါင်းထိပ်ဖျားက နီရဲ​နေ၏။ ကင်မရာဆီသို့ သူမ​ကောင်​လေးအတွက် ဆိုင်းဘုတ်ကို ​လေထဲတွင် ​မြှောက်ပြလာသည်....
​နောက်ဆုံးတစ်​ယောက်က လု​ပေါ်ယွမ်။
သူ မိုက်ခ်ကိုယူလိုက်ချိန် ပရိသတ်အားလုံးက ထရပ်လိုက်ကြသည်။ အချို့ ကိုရီးယားပရိသတ်​တွေပင် သူတို့အိတ်ထဲမှ လု​ပေါ်ယွမ်အတွက် ပိုစတာ​လေး​တွေထုတ်ကာ ​မြှောက်ပြလာကြ၏။
လက်ရှိ၌ LoLတွင် ကစား​​နေကြသည့် ပ​ရော်ဖက်ရှင်နယ် ကစားသမား​တွေ အများကြီးရှိ​ပေမယ့် နယ်​မြေတိုင်းက သ​ဘောကျခံရသည့် ကစားသမားဆိုသည်က အလွန်ရှားသည်။
နယ်​မြေတိုင်းတွင် နာမည်ကြီးသည့် ကစားသမားဆိုသည်နှင့် လူတိုင်း ပထမဆုံး​တွေးမိသူက သံသယဝင်သူမရှိ Roadသာ ဖြစ်သည်။
သူက အားလုံး၏အထက်က​နေ ပွဲဦးထွက်လာပြီး ယ​နေ့အထိ 'ကမ္ဘာ့နံပါတ်တစ်Jungler' ဆိုသည့် သူ့ဂုဏ်ပုဒ်ကို ဆုပ်ကိုင်ထားနိုင်ဆဲ။ Metaအသစ်အသစ်​တွေက သူ့လက်ရည်​ပေါ် မသက်​ရောက်နိုင်သလို အမြဲတမ်း Carry​ပေးနိုင်သည့်သူ။ သူဆိုသည်က LPLအတွက် မရှိမဖြစ်တည်ရှိမှုပင်။
လု​ပေါ်ယွမ်က ကင်မရာဆီ ပြုံးပြလာသည်။ သူ့အသံက​တော့ ပင်ပန်းမှု​ကြောင့် အနည်းငယ် အက်ကွဲ​နေလျက်။ "ဒုတိယနှစ်ဝက်မှာလည်း ကျွန်​တော်တို့ ဆက်ကြိုးစားသွားမှာပါ။ ကျွန်​တော်တို့ပန်းတိုင်က ပွဲစဥ်တိုင်းမှာ အနိုင်ရသူဖြစ်ဖို့ပါပဲ။ အားလုံးကို ​ကျေးဇူးတင်ပါတယ်"
လု​ပေါ်ယွမ်က မိုက်ခ်ကိုပြန်​ပေးဖို့လုပ်​တော့ တင်ဆက်သူက ကပျာကယာ ​ပြောလာသည်။ "ဒါပဲလား နတ်ဘုရားလု? မင်း​ပြောမယ့်စကား​တွေကို အားလုံးက ​စောင့်စား​နေကြတာ! နည်းနည်း​လောက် ထပ်​ပြော​ပေးလို့ရမလား?"
လု​ပေါ်ယွမ်က မျက်ခုံးပင့်သွားပြီး ကင်မရာကို ထပ်ကြည့်လာသည်။
ခဏအကြာ သူက စကားဆက်​ပြောလိုက်သည်။ "ကျွန်​တော့်အသင်းနဲ့ အသင်း​သားတွေကိုလည်း ​ကျေးဇူးတင်ပါတယ်....ကျွန်​တော့်ချစ်သူကို​ရောပဲ"
ပရိသတ်​တွေဆီမှ အုံးအုံးကျွက်ကျွက် ​အော်ဟစ်အား​ပေးသံ​တွေကြားတွင် သူက နိဂုံးချုပ်လိုက်သည်။ "LPLကအမိုက်စားပဲ"
...
MSIအတွက် တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးသွားချေပြီ။ ပြိုင်ပွဲနိုင်သွားတာကြောင့် WFတွေမှာ ပျော်လို့မဆုံး တရုန်းရုန်း ဖြစ်နေကြလျက် Livestreamထဲရှိ ကြည့်ရှုနှုန်းက ဖြည်းဖြည်းသာ ကျနေသည်။ သူတို့တွေက "အမိုက်စားပဲ"ဟု ဝိုင်းအော်ပြီးနောက် HTကို ဝိုင်းဆဲကြပြီး HTကိုဆဲဆိုပြီးနောက် သူတို့သဘောကျသည့် ကစားသမားတွေအကြောင်း အမွှန်းတင်ကြတော့သည်။
Livestreamထဲတွင် လူကျဲသွားပြန်တော့ Weiboတွင် တစ်စခန်းသွားထကြပြန်သည်။
HTနှင့်ရှင်းရမည့်စာရင်းက ခပ်သေးသေးမဟုတ်သဖြင့် ဒီည Hot Searchပေါ်တွင် TTCက နေရာအများအပြားကို စိုးမိုးထားသည်။
နံပါတ်တစ်Hashtagက သဘာဝကျကျပင် #TTCဖလားရသွားတယ်# ဆိုသည့် တစ်ခုသာ။ ထိုTopicထဲရှိ နာမည်အကြီးဆုံးပိုစ့်ကတော့--[TTCက ကလေးတွေ ကောင်းကောင်းစား ကောင်းကောင်းသောက်ကြပါ : MSIဖလားကို အရယူပေးခဲ့တဲ့ TTCကို ဂုဏ်ပြုပါတယ်။ ဒီတလော ကလေးတွေ ဖိအားအရမ်းများနေကြမှာ]
[ဟုတ်ပ သူတို့ပြိုင်ပွဲမှတ်တမ်းတွေနဲ့ လက်ရှိ ကိုရီးယားဆာဗာက Rankingတွေကိုပဲ သွားကြည့် နေ့ခင်းနဲ့ညနေမှာ တစ်ပွဲမှမကစားထားကြဘူး အဲဒီအချိန် TTCမှာ လေ့ကျင့်ရေးပွဲတွေရှိတယ်ဆိုတဲ့ သဘောပဲ ည၉နာရီဝန်းကျင်ဆိုရင်တော့ အမှတ်တွေတက်လာပြီ ညတိုင်း အနည်းဆုံး ၅နာရီတော့ လူတိုင်း ကစားကြတယ်]
[တစ်နေ့ကို ၅နာရီကစားတဲ့တစ်ယောက်က Roadလေ သူ့မှာက လက်ဒဏ်ရာရှိတော့။ လေ့ကျင့်ရေးပွဲတွေက အချိန်ကိုပါထည့်တွက်မယ်ဆိုရင်....၅နာရီဆိုတာက သေချာပေါက် သူ့သတ်မှတ်ချိန်ကို ကျော်နေပြီ။ အခြားသူတွေဆို ဒီထက်တောင် ပိုကစားကြသေးတယ်]
[ချန်ကောဆို သူ့မိန်းမကိုဆုံးရှုံးရမယ့်အချက်ကို လောင်းကြေးထပ် ငါတို့မရီးကိုပလစ်ပြီး ညသန်းခေါင်အထိ Soloတိုက်ခဲ့ရတာ။ Pineဆိုလည်း Lulu ADCကစားတာ ရပ်လိုက်တယ်။ ရှောင်ပိုင်လည်း အတူတူပဲ Supportမဟုတ်တဲ့ချန်ပီယံတွေကို သူမကစားတော့ဘူး]
[T/N : TTC memberတွေရဲ့အကျင့်တွေပါ။ ဒီလိုဗရုတ်ကျတတ်လို့ Rankတွေကအောက်ဆုံးမှာ။ ပြိုင်ပွဲစနစ်ပြောင်းလို့ TTCကငချွတ်တွေ ဗြောင်းဆန်ခဲ့ရတာ မှတ်မိကြသေးလား😭]
[ဒီလိုပြောကြေးဆို အဲဒီငါ့သားသောက်ကလေးက...တစ်ရက်ကို ဆယ်နှစ်လို ဖြတ်သန်းနေရမှာကွ]
[ဟုတ်ပ။ အရင်တုန်းက တရုတ်ဆာဗာမှာ လူသတ်တယ်။ နောက်တော့ ကိုရီးယားဆာဗာမှာ သွားသတ်ပြန်ရော။ ဒါတောင် မကျေနပ်သေးဘူး။ LPLက အခြားMid Lanerတွေကို ရက်ချိန်းချိန်းသလို Soloချတာ....အသည်းနှလုံးမရှိတဲ့ လူသတ်သမား]
[တကယ်ကို အားလုံးပုံအပ်ထားကြတာ။ TTCအသင်းသားတွေအတွက် ငါတကယ်ရင်နာနေပြီ T-T ဒီနေ့ညတော့ သူတို့တွေ စိတ်အေးလက်အေး နားနိုင်တော့မယ်~~]
...
#TTCအတွက်ရင်နာလိုက်တာ# ဆိုသည့် Hashtagက Hot Searchပေါ် တစ်ရိပ်ရိပ်တက်လာစဥ် ရုတ်တရက် အားလုံး၏Weibo NFတွင် အသိပေးချက်တစ်ခု ဝင်လာလေသည်။
[TTC°Bye : StarTV အခန်းနံပါတ်#1188 'အပန်းဖြေဧရိယာ-အောက်ဒိုးဖျော်ဖြေရေး' ကဏ္ဍအောက်မှာ Livestreamလွှင့်ပါမယ်။ လာကြည့်လှည့် ^ ^!]
အသားကုန်စိုးရိမ်ပေးနေကြသည့် ပရိသတ်တွေ : "?"
Liveလွှင့်မယ်?
အပန်းဖြေဧရိယာ?
အောက်ဒိုးဖျော်ဖြေရေး???
ပရိသတ်တွေမှာ ဇဝေဇဝါဖြင့် ပြထားသည့်လင့်ခ်ထဲ ဝင်ကြည့်မိကြ၏။ သူတို့တွေ Streamထဲရောက်သွားတော့ ရှောင်ပိုင်၏မျက်နှာနှင့် တန်းတိုးလေသည်။
သူက ပါးနှစ်ဖက်ရော မျက်ထောင့်တွေပါ နီရဲလျက် မူးနေသည်မှာ အထင်အရှား။ သူ့ဘေးဝန်းကျင်မှာ ဆူညံလွန်းလို့ နားကြပ်တပ်ကြည့်နေသည့်လူတွေမှာ ချက်ချင်း ဒေါသပါထွက်ကုန်ကြသည်။
ရှောင်ပိုင်က ကင်မရာကို မျက်စိမလွှဲတမ်း ကြည့်နေရင်းဖြင့် "အဆင်ပြေကြလား? မြင်ရလားပြောကြဦး....အေ့ ကျွန်တော့်ကို မြင်ရတဲ့ဘော်ဒါတွေ 18341331373ကို နှိပ်ပါ...."
[?]
[အတီးခံချင်နေတာလား?]
"အဲ့တော့ မမြင်ရဘူးလား? ထားလိုက်တော့ ကြားရရင်ပြီးရောပေါ့" ရှောင်ပိုင်က ကင်မရာကို ဘက်ပြောင်းလိုက်ပြီး သူ့ဘေးနားမှ လက်ရှိအနေအထားကို ကြည့်ရှုသူတွေဆီ ရိုက်ပြလာသည်။
သူတို့အားလုံးမှာ အလွန်အမင်း ခမ်းနားလှသည့် စားသောက်ပွဲခန်းမအပြင် တင်းကော ၊ ယွမ်ချန်နှင့်သူ့မိန်းမ ၊ TTCဝန်ထမ်းအများကြီးကို တွေ့လိုက်ရသည်။
သေချာပေါက်ပင် အထင်ရှားဆုံးနေရာက အရက်ပုလင်းခွံတွေနှင့် လက်ဆောင်တွေနှင့် ပြည့်နေသည့်စားပွဲတွေ ဖြစ်သည်။
ထုတ်ပိုးပုံအရ Laptopတွေ ၊ ဖုန်းတွေ ၊ iPadတွေ ဖြစ်ပြီး....အခြားဆုပေါင်းများစွာ။
"ဟုတ်တယ် ညနေတုန်းက ရှန်ဟိုင်းကိုပြန်လာတာ" ရှောင်ပိုင်မှာ လွင့်မျောနေသည့်ကွန်မန့်တွေကို အတတ်နိုင်ဆုံး ကြိုးစားကာ ဖတ်နေရသည်။ "ဘာလို့အလျင်လိုနေတာလဲ....ဘာလို့လဲဆိုတော့ ကိုရီးယားမှာ လုပ်စရာမှမရှိတာ အဲ့တော့ ဖြစ်နိုင်သမျှ အစောဆုံး ပြန်လာချင်တာပေါ့
"အခုက ငါတို့တွေ ဂုဏ်ပြုစားသောက်ပွဲကျင်းပနေတာ! ဒီလက်ဆောင်တွေကိုကြည့်ကြည့် ဒီညအတွက် လက်ဆောင်တွေနဲ့တင် ငါတို့ဘော့စ်က ဒီလောက်အကုန်ခံထားတာ..." ရှောင်ပိုင်က ကင်မရာရှေ့တွင် လက်သုံးချောင်းထောင်ပြလိုက်ရင်း အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလာသည်။ "သြော် ဟုတ်သား ဘော့စ်က ငါတို့အားလုံးကို ကားတစ်ယောက်တစ်စီးလည်း ဝယ်ပေးထားသေးတယ်။ ဟားဟားဟားဟား ငါ့ပထမဆုံးကားပဲ! မင်းတို့မှာမရှိသေးဘူးမလား ဟားဟားဟားဟား!! ဒါတွေက နွေဦးရာသီပွဲက လက်ဆောင်တွေပဲ ရှိသေးတယ်....အား ကိုယ့်ကိုကိုယ်တောင် မနာလိုဖြစ်မိတယ်"
[..........ငိုးလား!]
[အခုလေးတင် Weiboမှာ ငါဘာတင်လိုက်မိပါလိမ့်? TTCအသင်းသားတွေအတွက် ရင်နာတယ်တဲ့??? ငါသောက်ရူးလား????]
[လွန်ခဲ့တဲ့၂စက္ကန့်လောက်ကတင် ငါ့အကောင့်ထဲ လစာရောက်လာတယ် 5190.80တဲ့။ အဲဒီထဲက ဖုန်းတစ်လုံးတန်ဖိုးကတင် ငါ့လစာထက် ပိုများတယ်]
[ကျွမ့်ရိပိုင် ဒါက မင်းနဲ့မဆိုင်တဲ့ကဏ္ဍထဲ ရောက်နေပြီဆိုတာ သိရဲ့လား? ဘာကိစ္စ အောက်ဒိုးဖျော်ဖြေရေးကဏ္ဍအောက်မှာ Liveလွှင့်နေတာလဲ? ငါရီပို့ထုလိုက်ရင် ဒီLiveရပ်သွားမှာလား???]
WFတွေက ဒီလိုတွေပြောနေပေမယ့် ရှောင်ပိုင်၏Livestreamက စည်ကားမြဲ စည်ကားဆဲ။
ရှောင်ပိုင်၏ကင်မရာက အကြမ်းပတမ်း လှုပ်ခါသွားသည်။ ထို့နောက် အားလုံးမှာ အပေါ်ထပ်ကုတ်ကိုချွတ်ကာ အဖြူရောင်ရှပ်အင်္ကျီဖြင့် ခေါင်းတွေခါလျက် မိုက်ခ်ကိုကိုင်ကာ ခံစားချက်အပြည့်ဖြင့် အပီဟဲနေသည့် တင်းကောအား မြင်လိုက်ကြရသည်။
"ယောကျာ်းဖြစ်ရတာ ခက်ခဲလွန်းတယ် လူကောင်းတစ်ယောက်ဖြစ်ဖို့လည်း မလွယ်ဘူး...ဆယ်စုနှစ်ကျော်ကြာသွားလည်း ကြောက်လန့်တတ်နေတုန်းပဲ..."
[T/N : သီချင်းTitleက 男人好难 ပါ။ တင်း​ကော​ဆို​နေ​တော့ ခွီးရ​ပေမယ့် တကယ်က သီချင်း​ကောင်းတစ်ပုဒ်ပါပဲ။]
တင်းကောတစ်ယောက် သီချင်းဆိုလို့မပြီးသေးခင် တစ်ယောက်က သူ့ဆီ တစ်ခုခုလာပြောသည်။ တင်းကောက ချက်ချင်း သီချင်းဆိုနေရာမှရပ်သွားပြီး ချာခနဲ ခေါင်းလှည့်သွားသည်။
"ဘာ??!
"ဟိုဘက်ကို Chatထဲမှာသွားဆဲတယ်????
"ဘယ်လို....အင်္ဂလိပ်လိုပေါ့? သူပြောတတ်လို့လား?
"ဟဲဟဲ မယုံဘူး
"ဒိုးတော့ ဘာပုံမှလာမပြနဲ့။ မင်းEditထားတာပဲနေမယ်။ ဘာကိစ္စ သူငါ့ကိုဒီလိုဒုက္ခပေးမှာလဲ?"
အဆုံးမှာတော့ တင်းကောက လက်ထောက်မန်နေဂျာပြသည့် ဓါတ်ပုံကို ၂မိနစ်လောက် စိုက်ကြည့်လိုက်ပြီးနောက် လက်ထဲမှမိုက်ခ်ကိုချကာ သူ့ဖုန်းကိုကောက်ကိုင်လိုက်ရင်း ခြေလှမ်းကျယ်ကြီးများနှင့် ခန်းမထဲမှ ထွက်သွားသည်။
[ငိုနေပါပြီနော်]
[ဘယ်လောက်တောင် လေးနက်ထိမိလွန်းတဲ့ ဖျော်ဖြေမှုလဲ မျက်ရည်မိုးတွေရွာနေပြီ]
[အခုပေးတဲ့ Meteor Showerက တင်းကောအတွက်ပါ]
[ငါ့ယောကျာ်းနဲ့Softကို ဘာလို့မတွေ့မိတာလဲ?]
[နတ်ဘုရားလုကိုပြ နတ်ဘုရားလုကိုပြ နတ်ဘုရားလုကိုပြ]
[ငါ့သားကိုလည်း ဒီလာပြီး သူ့အဖေတွေနဲ့ အဆဲချင်းဖလှယ်ဖို့ ပြောပေးပါလား? ပြောပေးရင် ကြယ်ပင်လယ်ငါးခု ပို့ပေးမယ်]
"ငါ့ကောလား ငါ့ကောက ပင်ပန်းနေတယ်ပြောပြီး အနားယူဖို့သွားတယ်" ရှောင်ပိုင်က မေးထောက်လျက် စခရင်ကို ကြည့်နေသည်။ "ကျန်းရုန်လား? သူလည်းအနားယူဖို့သွားတယ်...ကြယ်ပင်လယ်ငါးခု အတည်ပြောတာလား?"
ထိုWFက ချက်ချင်း ကြယ်ပင်လယ်တစ်ခု ပို့လိုက်ပြီး ပြောလာသည်။ [စရံပေးတာ]
"ထားလိုက်တော့ အခုလေးတင် ဘော့စ်ဆီက ဟုန်ပေါင်းအကြီးကြီးရထားတာ မင်းတို့ပိုက်ဆံတွေမလိုဘူး" ရှောင်ပိုင်က သူ့လက်ညှိုးကို ယမ်းပြလိုက်ပြီး "ငါကငွေမက်တဲ့သူမဟုတ်ဘူး"
ဟိုတယ်လျှောက်လမ်းတွင် တင်းကောက LPLအဖွဲ့အစည်းဘက်မှ တစ်ယောက်နှင့် အကြီးအကျယ် စကားများနေသည်။
"ဒီလိုအပြုအမူက စည်းကျော်သွားတယ် ဆိုပေမယ့် သူက ဖလားပြန်ယူလာပေးပြီး ကျွန်တော်တို့လိဂ်အတွက် ဂုဏ်တက်စေတယ်ဆိုတာလည်း အမှန်တရားပဲလေ..."
တင်းကောက ပုခုံးအပုတ်ခံလိုက်ရတော့ လှည့်ကြည့်လာပြီး ပါးစပ်လှုပ်ပြလာသည်။ "ဘာလဲ?"
ရှောင်ပိုင်က သူ့ဖုန်းစခရင်ပေါ်တွင် တက်တက်လာသည့် ကြယ်ပင်လယ်တွေကို ငဲ့ကြည့်လိုက်ပြီး မေးလိုက်၏။ "ကျန်းရုန်နေတာ ဘယ်အခန်းမှာလဲ?"
တင်းကောက ကျန်းရုန်ကိုဘာလို့ရှာတာလဲ မေးတော့မလို့ပေမယ့် ဖုန်းပြောလက်စဖြစ်နေတော့ ခပ်မြန်မြန်သာ ပြောပြလိုက်သည်။ "8801 ဖုန်းကိုဘာလို့အဲ့လိုကိုင်ထားတာလဲ? မူးနေပြီလား?"
ရှောင်ပိုင်က လှည့်ထွက်လာလိုက်ပြီး လက်ပြလိုက်သည်။ "ပိုက်ဆံရှာနေတာ"
ရှောင်ပိုင် ၈၈ထပ်မြောက်အထိ ဓါတ်လှေကားစီးလိုက်သည်။
အခန်းနံပါတ်၈၈၀၁ကိုရောက်လာတော့ သူ့Livestreamက ဆက်လွှင့်နေသေးလား အတည်ပြုလိုက်၏။ ထိုအချိန်ကျမှ နောက်ဆုံးတော့ သူ့ချောင်နေသည့်ဦးနှောက်က နည်းနည်း အမူးပြေလာသည်။
"88?" ရှောင်ပိုင် သူ့အိတ်ကပ်ထဲမှ အခန်းကတ်ကို ထုတ်လိုက်ပြီး စစ်ကြည့်လိုက်၏။ "ဘာဖြစ်လို့ ငါ့အခန်းကျတော့ ၆၇ထပ်မှာလဲ?"
တစ်ကိုယ်တည်း အာကျယ်အာကျယ် ပြောပြီးနောက် Barrage၏ဆော်သြမှုအောက်တွင် တံခါးဘဲလ်ကို နှိပ်ချလိုက်သည်။
ပြန်ဖြေလာသူမရှိ။
ခဏလောက်ကြာသွားပြီးနောက် ရှောင်ပိုင်က မျက်မှောင်ကျုံ့လာပြီး "အစောကြီး အိပ်ရာဝင်သွားတာနေမယ်...ထားလိုက်ပါတော့ မင်းတို့လက်ဆောင်တွေကိုပြန်ပေးမယ် သူအိပ်နေတာကို နှောင့်ယှက်မိရင် အဆော်ခံရမှာ..."
ချက်ခနဲ တံခါးကပွင့်လာသည်။
တစ်စုံတစ်ယောက်က အခန်းနံပါတ်၈၈၀၁၏တံခါးကို ဖွင့်ပေးလိုက်ခြင်း။
ထိုအသံကြောင့် WFတွေက ချက်ချင်း ဝိုင်းမန့်ကြတော့သည်။
[ရှာပိ ရှာပိ ကမ္ဘာ့နံပါတ်တစ်ရှောင်ရှာပိ!]
[ရှာပိ ရှာပိ လုံးဝကိုပြိုင်ဘက်မရှိ!]
[ရှာပိ ရှာပိ ဖေဖေ တစ်ခါလောက်နမ်းပါရစေ ရှောင်ရှာပိ...]
တစ်စက္ကန့်ကြာသော်။
ရှောင်ပိုင်၏ဖုန်းကင်မရာရှေ့မှ မြင်ကွင်းအား လူတိုင်းက အတိုင်းသား မြင်လိုက်ကြရသည်။
[?]
[???]
[??????]
"သောက်ကျိုးနည်း'ဟု ရေးနေရန်ပင် သူတို့မှာ အချိန်မရှိလိုက်။
ဆံပင်ဖျားတွေကနေ ရေတစ်စက်စက်ကျနေသည့် လုပေါ်ယွမ်က မြင်ကွင်းထဲ ပေါ်ထွက်လာခြင်း။ သူ့ပါးပြင်တွေက စိုစွတ်နေဆဲဖြစ်ပြီး သူ့ညှပ်ရိုးတစ်ဝိုက်မှ ရေစက်တွေကို ကြည့်ရှုသူတွေမှာ အတိုင်းသား မြင်နေရသည်။ အခုလေးတင် သူရေချိုးလို့ပြီးသည်ဆိုတာ ခန့်မှန်းနေစရာပင်မလို။
လုပေါ်ယွမ်က အခန်းပေါက်ကနေ ကြိုကြည့်ထားသည့်အတွက် ရောက်လာသည့်ဧည့်သည်ကို သိထားပြီးသား။ သူက ခေါင်းသုတ်လျက်ဖြင့် မေးလာသည်။ "ဘာကိစ္စလဲ"
​ရှောင်ပိုင် : "...."
လု​ပေါ်ယွမ်က မျက်ခုံးပင့်လိုက်ပြီး "တစ်ခုခု​​ပြော​လေ"
​ရှောင်ပိုင်၏ဦး​နှောက်က လည်ပတ်မှု​နှေး​ကွေးသွား​လေ၏။ "ကျန်းရုန်..."
လု​ပေါ်ယွမ် : "သူ​ရေချိုး​နေတယ်။ ​​ပြောစရာရှိလို့လား?"
"မရှိဘူး" ​ရှောင်ပိုင်တစ်​ယောက် ရပ်တန့်သွားပြီး "...​ကော ကျွန်​တော်​သောက်တာတအားများသွားပြီး ​လောဘ​တွေစိုးမိုးသွားလို့ ကြယ်ပင်လယ်နည်းနည်းအတွက် ဖုန်းနဲ့Liveလွှင့်ရင်း ​ကောနဲ့ကျန်းရုန်တို့အခန်းကို တံခါးလာ​ခေါက်မိတယ်လို့​ပြောရင် ကျွန်​တော့်ကိုရိုက်မှာလားဟင်?"
"...."
ကျန်းရုန် ​ရေချိုးခန်းထဲက ထွက်လာသည့်အခါ လု​ပေါ်ယွမ်က ပြတင်း​ပေါက်ကိုမှီလျက် Pine​ဆီ အ​ပေါ်ထပ်တက်လာပြီး အပြင်ဘက်က အမူသမားကို လာ​ခေါ်ရန် မက်​ဆေ့ပို့​နေသည်။
ကျန်းရုန်ကလည်း အ​စောပိုင်းက ကိစ္စ​တွေကို သတိပြုမိထား​တော့ ​မေးလာသည်။ "ဘယ်သူလာသွားတာလဲ?"
လု​ပေါ်ယွမ်က သူ့ကိုလှည့်ကြည့်လာသည်။
သူတို့​တွေ Baseဆီ မပြန်ဖြစ်ကြ​သေး​ပေ။ ​လှောင်အိမ်ထဲက လွတ်​မြောက်လာသည့် ငှက်​တွေအတိုင်း ပြိုင်ပွဲပြီးသွားသည်နှင့် ခရီး​ဆောင်အိတ်​တွေဆွဲပြီး ဟိုတယ်ဆီ တန်းလာခဲ့ကြခြင်း။
ကျန်းရုန်က အင်္ကျီအများကြီးယူမလာခဲ့သူမို့ ​ရေချိုးပြီး​နောက် သူ့မှာ လဲဝတ်စရာ အင်္ကျီမကျန်​တော့​ပေ။ သို့​ပေမယ့် ​ရေချိုးဝတ်စုံကို ဝတ်ထားရသည်ကိုလည်း မကြိုက်သည့်အတွက် သူက လု​ပေါ်ယွမ်၏အင်္ကျီ​တွေထဲက တစ်ချို့ကိုသာ ယူဝတ်ထားဖြစ်သည်။
ကျန်းရုန်အတွက် လု​ပေါ်ယွမ်၏အဝတ်အစား​တွေက ဆိုဒ်ကြီးလွန်းသည်။ အင်္ကျီ​ရော ​ဘောင်းဘီ​ရောက ​လျော့ရဲရဲသာ။
"​ရှောင်ပိုင်လာသွားတာ မူးပြီး ​ပေါက်ကရ​တွေ​လျှောက်လုပ်​နေတယ်" လု​ပေါ်ယွမ်က ကျန်းရုန်၏ဆံပင်​တွေကို လက်နှင့်ပုံစံချ​ပေးပြီး​နောက် အနည်းငယ် အံ့သြသွားပုံဖြင့် ​မေးလာသည်။ "ဆံပင်ကိုကိုယ်တိုင်Dryerမှုတ်လာတာလား?"
ဒီ​ခြေဟန်လက်ဟန် အပြုအမူ​လေး​တွေကို ကျန်းရုန် နည်းနည်း​တော့ ကျင့်သားရ​နေပြီဆို​ပေမယ့် လု​ပေါ်ယွမ်၏ ဒီတစ်​ခေါက် အထိအ​​တွေ့​တွေက သူများ​​တွေ​ရှေ့တွင် ရှိ​နေတုန်းကနှင့် လုံးဝကွဲပြားသည်ပင်။ သိပ်မကြာခင်ကမှ သူတို့​တွေ ဗိုလ်လုပွဲကို ယှဥ်ပြိုင်ပြီးထားသည်ဖြစ်ရာ လု​ပေါ်ယွမ်၏လက်ဖဝါးက ပူ​လောင်​နေဆဲ။
ကျန်းရုန်က တစ်ခဏ​လောက် တိတ်ဆိတ်သွားပြီးမှ "အင်း"ဟု အသံထွက်လာပြီး တစ်စုံတစ်ခုကို ​ရေရွတ်လာသည်။
လု​ပေါ်ယွမ်က ​ခေါင်းနည်းနည်းငုံ့လိုက်ပြီး "ဘယ်လို?"
လု​ပေါ်ယွမ်၏ ဝင်သက်ထွက်သက်ဆီမှ ပူရှိန်းရနံ့​လေးကို ကျန်းရုန် ခံစားလို့ရ​နေသည်။ "အချိန်​ချွေတာ​နေတာ"
လု​ပေါ်ယွမ်၏မျက်ရစ်တို့ လှုပ်ခါသွားလျက် သူ့အကြည့်တို့က ​အောက်ဘက်ကို ​ရွေ့လျားလာသည်။
သူက ခပ်တိုးတိုး ရယ်​မောလိုက်ရင်း ကျန်းရုန်၏ဆံပင်​တွေကို အားနှင့်ဖွလိုက်​သည်။ "ဘာအတွက် အချိန်​ချွေတာ​နေတာလဲ?"
ကျန်းရုန်တစ်​ယောက် နားရွက်​တွေက ရဲရဲတွတ်​နေပြီး သူ့​ခေါင်းက ချာချာလည်​နေ၏။ သူတို့​တွေဖလားရပြီး စကား​ပြောရ​တော့ လု​ပေါ်ယွမ်၏စကား​တွေကို နား​ထောင်ပြီးကတည်းက ကျန်းရုန်က ဒါကိုလုပ်ချင်​နေခြင်း။ အခုလို နှစ်​ယောက်တည်း သီးသန့်ရှိ​နေသည့်​နောက် သူက တိုက်ရိုက်ပင် ​ရှေ့တိုးသွားပြီး ​​ခေါင်း​မော့ကာ လု​ပေါ်ယွမ်၏နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။
ပထမထပ်၌ TTCဝန်ထမ်း​တွေနှင့် အသင်းသားတစ်ချို့က စား​သောက်ပွဲထဲတွင် ရှန်ပိန်​တွေ​ဖောက်လျက် မြူးထူး​ပျော်ပါး​နေကြဆဲ။
တင်း​ကောမှာ​တော့ အ​ပျော်နှင့် စိတ်ပူစရာ​တွေကို တစ်လှည့်စီ ဖြတ်သန်း​နေရသည်။ ​နောက်ဆုံးမှာ​တော့ သူသည်းမခံနိုင်​တော့ဘဲ ​မွှေသွားသူ သူတို့Mid Lanerဆီ ဖုန်းလှမ်းဆက်လိုက်မိသည်။ သို့​သော် ခဏ​လောက် ဖုန်းဝင်သွားပြီး​နောက် လုံးဝ ပြတ်​တောက်သွား​လေသည်။
​ကော်​ဇောထက်တွင် အရွယ်အစားတူ အဝတ်အစား​တွေက ဖရိုဖရဲ ပျံ့ကျဲ​​နေလျက်။
လု​ပေါ်ယွမ်က ဖုန်းကိုစက်ပိတ်လိုက်ပြီး ​ခေါင်းပြန်ငုံ့ကာ ကျန်းရုန်ကို နမ်းလိုက်သည်။ "ကိုယ်စက်ပိတ်လိုက်ပြီ"
ကျန်းရုန်က ​​နောက်လှည့်ကြည့်လာသည်။ သူ့​မေး​အောက်ပိုင်းမှစကာ အရာအားလုံးက နီရဲတွတ်​နေ၏။ အချို့​နေရာ​တွေဆိုလျှင် အ​ရောင်​တွေက မည်းနက်လွန်း၍ တစ်ချက်ကြည့်ရုံနှင့်ပင် ဒီတိုင်းဖြစ်လာသည့်အရာ​တွေမဟုတ်မှန်း အထင်းသား။ မျက်ဝန်း​တွေအရည်လဲ့​နေသူက ပင့်သက်ရှိုက်လိုက်ရင်း ဝိုးတဝါး အသံ​လေးထွက်လာသည်။ "အင်း..."
ဒါက တုံ့ပြန်သံလား အခြားအသံအမျိုးအစားတစ်ခုလား ခွဲခြားရန် ခက်ခဲ​ပေသည်။
ရုတ်တရက် ကျန်းရုန်က တစ်စုံတစ်ခုကို သတိရသွားပြီး ပါးစပ်ဟလိုက်သည်။ အဲ့သည့်​တော့မှ သူ့အသံ​တွေက အက်ကွဲ​နေမှန်း သိလိုက်ရသည့်အဖြစ်။
"ဒီ​​နေ့ ကျွန်​တော့်ရဲ့..."
လု​ပေါ်ယွမ်က လှုပ်ရှားမှု​တွေကိုရပ်လိုက်ပြီး ကျန်းရုန်၏နှုတ်ခမ်း​တွေကို သူ့လက်မနှင့် ပွတ်သပ်​ပေးလာသည်။
ကျန်းရုန်က သူ့လက်​ချောင်း​တွေကို ပွတ်သပ်ရန် အခွင့်အ​ရေးကို ဖမ်းဆုပ်လိုက်ကာ စကားကိုဆုံး​အောင် ဆက်​ပြောလာ၏။ "ဒီ​နေ့ ကျွန်​တော့်ရဲ့Solo Killက...​ချောတယ်မလား"
လု​ပေါ်ယွမ် : "...."
သူတကယ်ကိုရယ်လိုက်ချင်​ပေမယ့် သူ့နှလုံးသားကလည်း အဆုံးတိုင် နူးညံ့သွား​တော့သည်။ ကျန်းရုန်၏လည်တိုင်ဆီ သူ့ညာလက်နှင့် ဖျစ်ညှစ်လိုက်ပြီး​နောက် ကျန်းရုန်၏ ရွှဲစို​နေသည့်​ရှေ့ဆံပင်တွေကို သပ်တင်​ပေးလိုက်ကာ သြရှနက်ရှိုင်းပြီး အပြုံးတို့ပါဝင်​နေသည့် အသံဖြင့် သူကျန်းရုန်၏နားထဲ ကပ်​ပြောလိုက်သည်။ "​​ချောလွန်းလို့ ကိုယ်မူး​​ဝေသွားတယ်"
ကျန်းရုန်မှာ ရင်ခုန်သံ​တွေ အတိုင်းအဆမဲ့ မြန်ဆန်လာလျက် အခြားစကား​တွေ ထပ်မ​ပြောနိုင်​တော့ပါ​ချေ။
Continue Reading
You'll Also Like
2.2K 225 7
အလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ ချစ်သူနဲ့လည်း ပြတ်စဲသွားခဲ့ပြီးတော့ "ကြယ်တွေကြည့်ချင်တယ်" ဆိုတဲ့ အတွေးနဲ့ ဘာအစီအစဉ်မှမရှိပါဘဲ Hokkaido ကိုရောက်လာခဲ့တဲ့...
3.3K 473 7
Author: Yu Tianjun [雨田君] Total Chapters: 141 English Translation- Chrysanthemum Garden Myanmar Translator- khin0625
454K 23.5K 51
286K 55.4K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.