ငါ့တပည့်တွေရူးနေကြပြီ(Book2)

Par AyePhyoe0

21.8K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် Plus

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

283

136 10 0
Par AyePhyoe0

အခန်း 283- ကောင်းကင်နှင်းနန်းတော်၏တားမြစ်နယ်မြေ

ပိုင်အော့ရှန်နှင့် တခြားသူများ တိမ်တိုက်နှလုံးသားနန်းတော်သို့ ရောက်ရှိလာကြပြီး အလင်းရောင်များ ဖြာထွက်နေသည့်လူကို တွေ့လိုက်သည့်အခါ အားလုံး အံ့ဩသွားကြသည်။

‘ဒါက... အကြီးအကဲ စုယွင် လား....’

သူတို့ အနည်းငယ် အံ့ဩသွားကြသည်။ ၎င်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အပျက်အစီးနယ်မြေတစ်ခုထဲတွင် ထိုအကြီးအကဲသည် ကန္တာရဓားဂိုဏ်း၏ လိုက်လံဖမ်းဆီးခြင်းကို တားဆီးရန်အတွက် အသက်ပေးခဲ့ရသည်။

ဤသည်မှာ ကန္တာရဓားဂိုဏ်းမှ သတင်းဖြစ်သည်။

သူတို့ မယုံချင်ခဲ့ကြပေ။ သို့သော် ဆယ်စုနှစ်နှင့်ချီအောင် စုံစမ်းခဲ့ကြသော်လည်း နောက်ဆုံး ဘာမှမတွေ့ခဲ့ရသဖြင့် သူတို့ လက်လျှော့ကာ လက်ခံခဲ့ကြရသည်။

ယခုတော့ ထိုအကြီးအကဲသည် သူတို့ရှေ့တွင် မထိမခိုက် မတ်တပ်ရပ်နေ၏။ ထိုမြင်ကွင်းမှာ သူတို့အား မတုန်လှုပ်ပဲမနေနိုင်စေပေ။

ထို့အပြင် အကြီးအကဲ၏ အရှိန်အဝါကိုကြည့်ရလျှင် သူမတွင် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတို့ ရှိနေသည်ကို သတိပြုမိကြသည်။ သူမသည် ယခု အင်ပါယာ ဖြစ်နေခဲ့လေပြီ။

သို့ဆိုလျှင် ယခုနက အင်ပါယာအဆင့်ဖြတ်ကျော်ခြင်း၏ ဖြစ်စဥ်များ ဖြစ်ပေါ်လာခြင်းမှာ ထိုအကြီးအကဲ စုယွင် အင်ပါယာအဆင့်သို့ တက်ရောက်ခြင်း ဖြစ်မည်လော။

ပိုင်အော့ရှန်အပါအဝင် အကြီးအကဲများအားလုံး အံ့ဩနေကြသည်။ သူတို့မြင်နေရသည်ကို မယုံနိုင်ပေ။ အိပ်မက်မက်နေသလိုပင် ထင်နေရလေသည်။

"ဘာလဲ... နင်တို့ ငါ့ကိုတောင် မမှတ်မိကြတော့ဘူးလား..." အကြီးအကဲ စုယွင် ဖြည်းညှင်းစွာ လှည့်ကြည့်ကာ မေးလိုက်သည်။

အမှန်တကယ် အကြီးအကဲစုယွင်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ရောက်လာကြသည့် လူအားလုံး အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။

“မဟာအကြီးအကဲ... အကြီးအကဲက... ဟိုဟာ ဖြစ်သွားတာ ဟုတ်တယ်မလား…”

တခြားသူများလည်း သိချင်စိတ်များ အပြည့်နှင့် ဝိုင်းကြည့်နေကြလေသည်။

ဆယ်စုနှစ်များစွာကြာအောင် ရှာဖွေခဲ့ကြသော်လည်း ဤအကြီးအကဲကို မတွေ့နိုင်ခဲ့ကြပေ။

"သေသွားတာ... ဟုတ်တယ်... ဒါပေမယ့် တကယ်မသေခဲ့ဘူး...!" အကြီးအကဲစုယွင် အပြုံးမပျက် ပြန်ပြောသည်။

မဟာအကြီးအကဲသည် ယခု မည်သို့သော စကားများကို ပြောနေသနည်း။ ပိုင်အော့ရှန်သာမက တခြားအကြီးအကဲများလည်း စိတ်ရှုပ်ကုန်သည်။ မဟာအကြီးအကဲနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိသည့် အကြီးအကဲ ထျန်းရွှမ်ပင်လျှင် အံ့အားသင့်သွားခဲ့သည်။

သူမသည် စုယွင်ကို စိုက်ကြည့်နေသည်။ သူမ ခန္ဓာကိုယ်မှ ထွက်လာနေသော ရင်းနှီးသော အော်ရာကြောင့်သာ မဟုတ်လျှင် ဤသည်မှာ စုယွင် မဟုတ်ဟု ကောက်ချက်ချမိပေလိမ့်မည်။

“အဲဒီအချိန်က ငါ ပေတစ်ထောင်ကျော် မြင့်တဲ့ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်.... ငါ့ တစ်ကိုယ်လုံး အကြောတွေသေကုန်ပြီလို့တောင် ထင်နေခဲ့တာ,,,,”

“ကံကောင်းထောက်မစွာပဲ နောက်ပိုင်းမှာ ငါ ထူးခြားတဲ့ ဝိညာဉ်အသီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဝိညာဉ်စွမ်းအင်ကို တဖြည်းဖြည်း ပြန်လည်ရရှိနိုင်ခဲ့တယ်.... အဲဒီနောက်မှာမှ ငါ့ဒဏ်ရာတွေ တဖြည်းဖြည်းသက်သာလာခဲ့တာ....”

စုယွင်ကို ကြည့်ပြီး အားလုံး နှလုံးသားထဲတွင် တူန်လှုပ်နေမိကြသည်။

ပေတစ်ထောင်မြင့်သည့် ချောက်ကမ်းပါးမှ ခုန်ချပြီး မည်သို့ အသက်ရှင်နိုင်သနည်း။ ထိုနေရာသည် မည်သို့သော နေရာဖြစ်သည်ကိုလည်းသူတို့ ခန့်မှန်းနိုင်ကြသည်။

ထိုနေရာတွင် နတ်ဆိုးသားရဲများ အများအပြား ရှိသည်ဟု သူတို့ ကြားခဲ့ဖူးသည်။ ထိုနေရာမှ အသက်ရှင်လျက် မည်သူမျှ ထွက်လာနိုင်ခြင်း မရှိခဲ့ပေ။ အားကောင်းသော ပညာရှင်များပင် ထိုနေရာကို မဝင်ရဲခဲ့ကြပေ။

အကြီးအကဲ စုယွင်သည် အမှန်တကယ် အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။ ကောင်းကင်ဘုံသည် သူတို့၏ ကောင်းကင်နှင်းနန်းတော်အား ကောင်းချီးပေးခဲ့သည်ဟု ဆိုရပေမည်။ မဟာအကြီးအကဲ ပြန်ရောက်သောအခါ ကန္တာရဓားဂိုဏ်း၏ ခြိမ်းခြောက်မှုမှာ စိုးရီမ်ဖွယ် မဟုတ်တော့ပေ။

ကန္တာရဓားဂိုဏ်းတွင် ကျင့်ကြံဆင့်အမြင့်ဆုံးမှာ အင်ပါယာတစ်ပိုင်းအဆင့်ဖြစ်သည်။ အင်ပါယာရှေ့တွင် သူတို့သည် ကလေးများကဲ့သို့ပင် ဖြစ်ပေမည်။ တစ်ယောက်ရောက်လာလျှင် တစ်ယောက် သေမည်။ နှစ်ယောက်ရောက်လာလျှင် နှစ်ယောက်သေရပေမည်။

အကြီးအကဲစုယွင် နန်းတော်သို့ပြန်ရောက်လာကြောင်း ကြားသောအခါတွင် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

“ဟုတ်တယ်... ငါ ကောင်းကင်နှင်းနန်းတော်ဆီ ပြန်ရောက်လာခဲ့သေးတယ်... အဲဒီအချိန်မှာ ဝိညာဉ်ရတနာတွေ အများကြီးသုံးပြီး ငါ့ဒဏ်ရာတွေက ပျောက်ကင်းနေခဲ့ပြီ... ဒါပေမယ့် ငါ ပုန်းအောင်းနေဖို့ပဲ ရွေးလိုက်တယ်.... ဒီနည်းနဲ့ ရန်သူတွေလာတိုက်ခိုက်ရင်တောင် ငါတို့ကို အထင်သေးပြီး လာတိုက်ရင် ငါထွက်လာရင် အေးအေးဆေးဆေး အနိုင်ယူနိုင်လိမ့်မယ်...”

“ကန္တာရဓားဂိုဏ်းက ဒီအခွင့်အရေးကို လက်လွှတ်မခံဘူးဆိုတာ ငါ သေချာပေါက် သိတယ်... ဒါကြောင့် သူတို့ကို အမှောင်ထဲမှာ တိတ်တဆိတ် ပုန်းပြီး အပိုင်ဖမ်းဖို့ ပြင်ဆင်နေခဲ့တာ...”

အကြီးအကဲ စုယွင်သည် ကောင်းကင်နှင်းနှင်းနန်းတော်သို့ အမှန်တကယ် ပြန်ရောက်လာခဲ့ကြောင်းကို ကြားလိုက်ရသဖြင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ဘာသတင်းမှ မရရှိခဲ့သောကြောင့် သူတို့သည် တိမ်တောင်ကမ်းပါးနယ်‌ေမြတွင် အချိန်အတော်ကြာ ရှာဖွေခဲ့ကြသည်။ မဟာအကြီးအကဲ၏ သတင်းကို သူတို့မတွေ့ရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ထိုအချိန်တွင် မဟာအကြီးအကဲသည် ကောင်းကင်နှင်းနန်းတော်သို့ ပြန်ရောက်နေခဲ့ခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် မဟာအကြီးအကဲ၏ အ‌လောင်းကိုသော်မျှ ရှာမတွေ့ခဲ့ခြင်း ဖြစ်ရမည်။ သို့သော် မဟာအကြီးအကဲမှာ အစိုးရိမ်လွန်နေခဲ့သည်။ ကန္တာရဓားဂိုဏ်းက သူတို့ကို မတိုက်ခိုက်ခဲ့ပေ။

၎င်းမှာလည်း သူတို့အားလုံး မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့သည်။ အကြောင်းရင်းကို မသိရသော်လည်း ကောင်းကင်နှင်းနန်းတော်အတွက်တော့ ကောင်းမွန်ပေသည်။ မဟုတ်လျှင် ထိုအချိန်ကသာ လာရောက်တိုက်ခိုက်ခဲ့ပါက အကြီးအကဲစုယွင်လည်း အပြည့်အဝပြန်မကောင်းသေးသဖြင့် ဝင်ရောက်ကယ်တင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအချိန်ကတည်းက ကောင်းကင်နှင်းနန်းတော်သည် ကန္တာရဓားဂိုဏ်းကို ရင်ဆိုင်ရန် အပတ်တကုတ် ကြိုးစားနေခဲ့ကြရသည်။

အကြီးအကဲ စုယွင်၏ ဇာတ်လမ်းမှတဆင့် အကြောင်းတရားနှင့် အကျိုးဆက်များအားလုံးကို သိရှိခဲ့ကြသည်။ ယခုမှ သူတို့ ပုခုံးပေါ်မှ ဝန်ထုပ်ကြီး ဖြုတ်ချလိုက်ရသလို ခံစားလိုက်ကြရသည်။

“အခု အကြီးအကဲရဲ့ ကျင့်ကြံဆင့်က ဘယ်မှာလဲ....”

လွန်ခဲ့သည့် နှစ်တစ်ရာတုန်းက သူမသည် အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေခဲ့ပြီဖြစ်သည်။ ၎င်းမျာ အင်ပါယာအဆင့်နှင့် သိပ်မဝေးတော့ဟုဆိုသော်လည်း ၎င်းမှာ မည်သူမျှ မချိုးဖျက်နိုင်သေးသော နံရံတစ်ခု ဖြစ်သည်။

ယခုနှစ်ပေါင်းတစ်ရာအတွင်း အကြီးအကဲစုယွင်ပင် အင်ပါယာတစ်ပိုင်းအထွတ်အထိပ်နယ်ပယ်မှ အဆင့်တစ်ဝက် အင်ပါယာအဆင့်သို့သာ ရောက်လာနိုင်ခဲ့သည်။ ယခုတော့ သူမဟာ အင်ပါယာဖြစ်နေခဲ့လေပြီ။

"ငါ အင်ပါယာ ဖြစ်လာခဲ့ပြီ... ဒါတွေအကုန်လုံးက ဒီက စီနီယာရီကြောင့်ပဲ...."

စကားပြောနေစဉ်မှာပင် အကြီးအကဲစုယွင်၏ မျက်လုံးများသည် ရိုသေလေးစားမှုအပြည့်ဖြင့် ရီချန်းဂျီကို လှည့်ကြည့်လိုက်သည်။

‘ဒါလည်း စီနီယာရီပဲလား....’

၎င်းကိုကြားလျှင် မည်သူမျှ ထူးထူးခြားခြား မတုံ့ပြန်ကြပေ။ ထိုအဖြစ်မှာ သူတို့ ခန့်မှန်းထားပြီးသား ဖြစ်သည်။

စီနီယာရီနှင့် ပတ်သက်ပြီး သူတို့တွင် အံ့ဩစရာ သိပ်မကျန်တော့ပေ။ သူသည် ထောက်ထျဲ့သားရဲကို လွယ်လွယ်ကူကူ နှိမ်နှင်းနိုင်သော ပညာရှင်ဖြစ်သည်။ စီနီယာရီ၏ ကျင့်ကြံမှုအဆင့်ကို အတိအကျမသိရသော်လည်း သူသည် အလွန်အစွမ်းထက်သည်ကိုတော့ သူတို့ ယုံကြည်ကြသည်။

သူ့တပည့်များမှာ အင်ပါယာအဆင့်များပင် ဖြစ်နေပြီဖြစ်ပြီး လမ်းညွှန်ချက်အနည်းငယ်နှင့် အကြီးအကဲစုယွင်ကို အင်ပါယာအဆင့်သို့ တိုးတက်စေခြင်းမှာ သိပ်ထူးဆန်းမည် မဟုတ်ပေ။

ဤအတွေးဖြင့် ပိုင်အော့ရှန်ဦးဆောင်သော အကြီးအကဲများသည် ရီချန်းဂျီဘက်ကို ရိုသေစွာ ဒူးထောက်ဦးညွှတ်လိုက်ကြသည်။

ကောင်းကင်နှင်းနန်းတော်မှာ ဤကျေးဇူးများကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်တော့ပေ။

"အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး..." ရီချန်းဂျီ သူ့လက်ကို အနည်းငယ် မြှောက်လိုက်ပြီး မမြင်နိုင်သည့် စွမ်းအားတစ်ခုဖြင့် သူတို့ကို ချက်ချင်း ဆွဲထူလိုက်သည်။

အမှန်တကယ်တွင် မဟာအကြီးအကဲ စုယွင်သည် အင်ပါယာဖြစ်ရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သူသည် သူမကို အနည်းငယ်သာ ကူညီပေးခဲ့ပြီး သူ၏အကူအညီမှာ သိပ်လည်း အရေးမကြီးပေ။

ထို့အပြင် သူသည် ကောင်းကင်နှင်းနန်းတော်၌ ထာဝရနေမည်မဟုတ်ပေ။ ဤသည်မှာ သူ့ကမ္ဘာ မဟုတ်ပေ။

စကြာဝဠာကြီးသည်သာ သူနှင့်ဆိုင်သည့် နေရာဖြစ်သည်။ ကောင်းကင်နှင်းနန်းတော်မှ လူများက သူ့တပည့်ကို ကယ်တင်ခဲ့သဖြင့် သူ တစ်ခုနှစ်ခု ပြန်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ခေးအော့်စ်စွမ်းအင်အရည်မှာ သူ့တပည့်လောက် အရေးမကြီးပေ။

ထို့ကြောင့် ရီချန်းဂျီသည် သူ မထွက်ခွာမီတွင် အလွန်ရက်ရောစွာ လုပ်ပေးနေခဲ့သည်။ ကောင်းကင်နှင်းနန်းတော်ကို ကန္တာရဓားဂိုဏ်းက ဝါးမျိုပစ်မည်ကို သူ သိပ်သဘောမကျပေ။

"စီနီယာ.... နန်းတော်တားမြစ်နေရာကို အခုပဲ သွားလိုက်ကြတော့မလား....!"

ပိုင်အော့ရှန်မှာ သူတို့၏ မဟာအကြီးအကဲကို ကောင်းကင်ကျောက်စာအား ရီချန်းဂျီအား ပေးမည့်အကြောင်း လျှို့ဝှက်အသံထုတ်လွှင့်မှုကနေ ပြောပြပြီး ဖြစ်သည်။

စုယွင်ထံမှ ခွင့်ပြုချက်လည်း ရရှိခဲ့သည်။

ကောင်းကင်ကျောက်စာသည် အရေးကြီးသော်လည်း စီနီယာရီ၏ မျက်နှာသာပေးမှုနှင့် မနှိုင်းယှဉ်နိုင်ပေ။ ထို့အပြင် သူတို့သည် စီနီယာရီ၏ လက်ဆောင်များကို ပြန်ဆပ်၍ ကောင်းမွန်သောဆက်ဆံရေးကို ထူထောင်လိုကြသည်။

ထို့ထက် ပိုအရေးကြီးသည်မှာ အခြားအကြီးအကဲများသည် ပိုင်အော့ရှန်နှင့် ရီချန်းဂျီ အကြောင်းကို စုယွင်ထံသို့ လျှို့ဝှက်အသံလွှင့်ကာ ‌ပြောပြခဲ့ကြသည်။

ထိုအဖြစ်ကို ကြားလျှင် မဟာအကြီးအကဲ စုယွင်သည် ပို၍ပင် ကျေနပ်သွားမိသည်။

သူမသည် ပိုင်အော့ရှန်ကို စိုက်ကြည့်နေသဖြင့် ပိုင်အော့ရှန်လည်း ရှက်ရွံ့သွားပြီး မျက်နှာနီမြန်းသွားပြန်သည်။

တခြားအကြီးအကဲများ သူတို့ကို နောက်ပြောင်လျှင် ကိစ္စသိပ်မရှိသော်လည်း မဟာအကြီးအကဲကပါ အဘယ့်ကြောင့် သူမကို ထိုသို့ ကြည့်နေရသနည်း။ မဟာအကြီးအကဲသည် ယခင်က ပိုင်အော့ရှန်ငယ်စဥ်မှပင် သူမ ကြီးပြင်းလာသည်ကို ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး သူမ၏ အမေနှင့်ပင်တူပေသည်။

ယခု သူမကို ထိုကဲ့သို့ ကြည့်နေသောအခါ သူမ၏ အမူအရာမှာ အလွန်တရာ ရှက်ရွံ့နေရကာ ခေါင်းကို ရင်ဘတ်ထိအောင်ပင် ငုံ့ထားချင်စိတ် ဖြစ်နေတော့သည်။

ရီချန်းဂျီလည်း ထိုအချင်းအရာများကို မြင်သော်လည်း ဟန်မပျက်သာ နေခဲ့လိုက်သည်။ များစွာသော အရာများကို တွေ့ကြုံပြီးနောက် သူ၏ အမူအရာသည် သံတံတိုင်းကြီးကဲ့သို့ပင် ခိုင်မာနေခဲ့ပေသည်။ ထိုမျှလောက်မှာ သူ့အတွက် ဘာမှ မဟုတ်ပေ။

"ကောင်းပြီလေ... မန်မန်း သွားကြစို့...."

ယခုတော့ သူတို့စိတ်ဝင်စားသည့် အဓိကအကြောင်းအရာကို ရောက်လာပြီ ဖြစ်သဖြင့် နန်းတော်၏ တားမြစ်နယ်မြေရှိရာ တောင်စောင်းဆီသို့ ဦးတည်သွားလိုက်ကြသည်။

တိမ်တိုက်နှလုံးသားနန်းဆောင်သည် နန်းတော်၏တားမြစ်နယ်မြေနှင့် သိပ်မဝေးလှသောကြောင့် ထိုနေရာသို့ အမြန်ပင်ရောက်လာခဲ့ကြသည်။ ထိုနေရာသည် ယခင်က ရီချန်းဂျီ ဝိညာဉ်စွမ်းအင်ဖြင့် ခေါ်ဆိုနေခြင်းကို ခံစားနေရသည့် နေရာပင်ဖြစ်ပြီး ၎င်းသည် သူ၏ နတ်ဘုရားအာရုံများ ဝင်ရောက်ခြင်းကို တားဆီးထားသည့် နေရာလည်းဖြစ်သည်။

သူတို့ရှေ့တွင် ပေပေါင်းတစ်သိန်းမျှမြင့်မားသည့် တောင်ထွတ်တစ်ခုရှိပြီး တောင်ထိပ်အလယ်တွင် ကပ်ထားသည့် ကမ္ပည်းပြားကြီးတစ်ခု ရှိနေသည်။ ၎င်းအပေါ်တွင် ‘လန်းယာတောင်ကြား၏ တားမြစ်နယ်မြေ' ဟု ရေးထွင်းထား၏။

အောက်ဖက်တွင်မူ အနှိုင်းမဲ့ကြီးမားသော အနက်ရောင်တံခါးတစ်ခုရှိပြီး ၎င်းကို အနက်ရောင်သင်္ကေတများ အက္ခရာများဖြင့် ထူထပ်စွာဖုံးအုပ်ထားကာ ထူးဆန်းသော အော်ရာတစ်ခုထွက်ရှိနေလေသည်။

ရီချန်းဂျီ၏ နတ်ဘုရားအာရုံများ ၎င်းထဲသို့ ဝင်ရောက်ကြည့်လိုက်သော်လည်း အံ့အားသင့်စရာမှာ ၎င်းကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။

ချက်ချင်းပင် သူ အလွန်တရာ စိတ်ဝင်စားသွားမိသည်။

Continuer la Lecture

Vous Aimerez Aussi

24.4K 1.1K 18
إن كُتِب قدر شخصين معاً فسيتقاطع طريقهما ذات يوم حتماً ليحوما حول الدنيا إذا ارادا للعثور على بعض وليختبئا للهروب من البعض وهجنا وثابتنا دكاترنا ا...
53.5K 2K 94
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
183K 4.2K 30
𝐎𝐫𝐩𝐡𝐚𝐧𝐞𝐝 𝐚𝐭 𝐚 𝐯𝐞𝐫𝐲 𝐞𝐚𝐫𝐥𝐲 𝐚𝐠𝐞, 𝐘/𝐧 𝐡𝐚𝐝 𝐭𝐨 𝐡𝐢𝐝𝐞 𝐡𝐢𝐬 𝐬𝐭𝐫𝐚𝐧𝐠𝐞 𝐚𝐫𝐦 𝐟𝐫𝐨𝐦 𝐨𝐭𝐡𝐞𝐫𝐬. 𝐁𝐮𝐭 𝐚𝐟𝐭𝐞𝐫...
78.7K 1.7K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...