ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.5K 1.4K 9

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

275

150 13 0
By AyePhyoe0

အခန်း 275- အကိုရီ

“စီနီယာရီရဲ့ ကျင့်ကြံမှုက အရင်ခေတ်တုန်းကရော အခုခေတ်အထိပါ ကျုပ်တို့ တခါမှ မကြားဖူး မမြင်ဖူးတဲ့ ကျင့်ကြံမှုအဆင့်ပဲ.... ဒီတစ်ကြိမ်မှာ ကျုပ်တို့ ကောင်းကင်နှင်းနန်းတော်ကိုလည်း ကယ်တင်ပေးခဲ့တယ်.... ကျုပ်တို့ ကျေးဇူးမဆပ်ပဲ ဘယ်လိုနေရမလဲ.... စီနီယာ... ကျေးဇူးပြုပြီး မငြင်းပါနဲ့..."

အကြီးအကဲတစ်ဦး ထပြောလိုက်လျှင် အခြားအကြီးအကဲများလည်း ဝိုင်းဝန်းထောက်ခံကြသည်။

သူတို့၏ မျက်လုံးများတွင် လေးစားမှုများ အားကျခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ နေထိုင်ပြီးသည့်တိုင် ဤမျှလောက် အစွမ်းထက်သော ပညာရှင်ကို တစ်ခါမျှ မတွေ့ဖူးခဲ့။ ထိုအဆင့်အား မျက်ဝါးထင်ထင်မြင်ရမှုမှာ တကယ့်ကို ထိတ်လန့်စရာကောင်းလွန်းသည်။

"ဟုတ်ပါတယ် စီနီယာ.... စီနီယာ ကျုပ်တို့ရဲ့ ကောင်းကင်နှင်းနန်းတော်ဆီ ရောက်လာခဲ့တာကိုက ကျုပ်တို့နန်းတော်အတွက် ကောင်းချီးတစ်ခုပါပဲ...”

ထိုစကားလုံးများ၏ နောက်တွင် လေးနက်သော အဓိပ္ပာယ်များ ရှိနေပေသည်။

ချူးယွဲ့လီဘေးတွင် ထိုင်နေသည့် လုယန်ချီကိုလည်း အမြင်တမျိုးဖြင့် ပြောင်းလဲကြည့်နေကြပြီဖြစ်ပြီး သူမကို အကြီးအကဲများနှင့်ပင် တစ်တန်းတည်း ထိုင်ခွင့်ပြုထားခဲ့သည်။ သူမကယ်တင်ခဲ့သည့် နင်းမန်မန်းကြောင့်သာမဟုတ်လျှင် သူတို့ဂိုဏ်းမှာ ဘယ်လိုကံကြမ္မာမျိုးနှင့် ထိုကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် မိတ်ဖွဲ့နိုင်မည်နည်း။

လူအုပ်၏ မြှောက်ပင့်ပြောဆိုသံကို နားထောင်ရင်း ရီချန်းဂျီ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ဤသည်မှာ သူ့အတွက် လုံးဝ အသေးအဖွဲကိစ္စလေးသာ ဖြစ်သည်။ ဘာမျှ ကြီးကျယ်နေစရာမလိုပေ။

သို့သော် သူမေ့နေသည်မှာ သူ့အတွက်သာ ဤအရာသည် အလွန်လွယ်ကူသော အရာဖြစ်သည်။ အခြားသူများအတွက်မှာမူ အသက်နှင့်ဆိုင်သော ဘဝနှင့်ဆိုင်သော ဂုဏ်သိက္ခာနှင့်ဆိုင်သော ကြီးမားသော အကြပ်အတည်းဖြစ်နေခဲ့သည်။

ရီချန်းဂျီ ရှိ၍သာ မဟုတ်လျှင် ဤတစ်ကြိမ်တွင် ကောင်းကင်နှင်းနန်းတော်တစ်ခုလုံး ပျက်စီးသွားတော့မည် ဖြစ်ရုံသာမက သမိုင်းထဲတွင်မှာပါ အမဲစက်ကြီးနှင့် ကျန်နေခဲ့ရပေတော့မည်။

“မမပိုင်.... ကျွန်မရဲ့ ဆရာက ဒီလို အရမ်းယဥ်ကျေးပြနေတာတွေကို မနှစ်သက်ဘူး... ပြီးတော့ ညီမတို့က သူစိမ်းတွေမှ မဟုတ်တာပဲ.... ဟုတ်ဘူးလား....” နင်းမန်မန်းမှ ဝင်ပြောလိုက်ရင်း မျက်လုံးမှိတ်ပြလိုက်သည်။

“ဒါက...”

ပိုင်အော့ရှန် မတုံ့ပြန်နိုင်ခင်မှာပင် အခြားအကြီးအကဲများက လျင်မြန်စွာ ထောက်ခံတုံ့ပြန်ကြသည်။ သူတို့၏မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။

“ဟုတ်တာပေါ့... ဟုတ်တာပေါ့... ငါတို့အားလုံးက သူစိမ်းတွေမှမဟုတ်တာ... ငါတို့အားလုံးက အတူတူပဲ...”

နင်းမန်မန်းကို ကြည့်ရင်း ပြောလိုက်ကြသည်။ သူတို့သည် နင်းမန်မန်းကို ပိုပိုပြီး နှစ်သက်လာပေသည်။

ဤနေရာတွင် သူမမှာ သူမဆရာနှင့် ပက်သတ်၍ လုပ်ချင်တာလုပ်လို့ ရနိုင်နေသည့် ပုံဖြစ်သည်။

ရီချန်းဂျီသာ အမှန်တကယ် သူတို့အထဲသို့ ရောက်လာဖြစ်လျှင် ကောင်းကင်နှင်းနန်းတော်၏ ခွန်အားမှာ ဒုံးပျံပေါ်စီးသွားရသလို တဟုန်ထိုး မြင့်မားသွားတော့မည် ဖြစ်သည်။

မဟုတ်သေးပေ။ တဟုန်ထိုးတက်လာရုံမကပဲ စိတ်ကူးမယဥ်နိုင်သည့် အင်အားစုအဖြစ် တိုးမြင့်လာမည် ဖြစ်သည်။

ရီချန်းဂျီ နင်းမန်မန်းကို တစ်ချက်ကြည့်လိုက်လျှင် သူမမှာ လျှာထုတ်ကာ ပြောင်ပြနေလေသည်။

"နန်းတော်သခင်ပိုင်.... ကျေးဇူးပြုပြီး ဗွေမယူပါနဲ့... ကျုပ်တပည့်ကို ကျုပ်က အလိုလိုက်ထားခဲ့တော့ သူက ဒီလို နောက်ပြောင်ရတာကို ပျော်နေတာပါ..... ကျုပ် သေချာဆုံးမထားလိုက်ပါမယ်...."

"စီနီယာ ကိစ္စမရှိပါဘူး.... ညီမလေးမန်မန်းရဲ့ စရိုက်က ပျော်ပျော်ရွှင်ရှင်နေတတ်ပြီး အပြစ်ကင်းတာပါ... ဘာကိုမှ ဂရုမစိုက်တတ်ဘဲ သူမရဲ့ ဝိညာဉ်စွမ်းအင်အရှိန်အဝါက ကြည်လင်တောက်ပနေတာ... တခြားအရာတွေကို သူမစိတ်ထဲ အဝင်မခံပဲ ပျော်ပျော်နေတတ်တာဖြစ်မှာပါ.... ဒီလို စိတ်နေသဘောထားကို လူဘယ်နှစ်ယောက်လောက် လိုချင်နေလိုက်မလဲ.... သူမကို အပြစ်တင်စရာ အကြောင်းပြချက်မရှိပါဘူး...."

ပိုင်အော့ရှန်မှာ သူမမြင်သည့်အတိုင်း ပြောနေခြင်း ဖြစ်သည်။

နင်းမန်မန်း၏ ဖြူစင်သော စိတ်နေသဘောထားသည် အနာဂတ်တွင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။ သူမ၏ စစ်မှန်သောကိုယ်တိုင်နှင့်နီးစပ်လေလေ ကောင်းကင်နှင့်မြေကြီး၏ အမှန်တရားကို နားလည်သဘောပေါက်ပြီး အင်မော်တယ်လမ်းစဥ်သို့ နီးကပ်လာလေလေဖြစ်သည်။

“မင်းတို့ ငါ့ကို စီနီယာလို့ ခေါ်နေစရာ မလိုပါဘူး... ဒါက ရှည်လွန်းတယ်... ငါ့နာမည်နဲ့ပဲ ခေါ်လိုက်ပါ...."

ကျင့်ကြံခြင်းလမ်းစဥ်တွင် သူက ဤနေရာရှိလူများထက် ပိုမို မြင့်မားသည်။ ထို့ကြောင့် အခြားသူများ၏ တလေးတစားခေါ်ဆိုခြင်းကို ခံရမည်ဖြစ်သည်။

သို့သော် စီနီယာဟု ခေါ်ခြင်းခံရခြင်းက သူ့အား အဆင်မပြေဖြစ်စေသည်။ ထို့အပြင် အကြီးအကဲတစ်သိုက်က သူ့အား စီနီယာဟု ခေါ်နေသည်ကို အခြားသူများ မြင်လျှင် သူသည်လည်း အဖိုးကြီးအိုတစ်ယောက်ဟု ထင်မြင်ကုန်ကြပေတော့မည်။

ပိုင်အော့ရှန်မှာတော့ အခက်အခဲ ဖြစ်နေခဲ့သည်။ ရီချန်းဂျီမှာ စီနီယာခေါ်ခံရခြင်းကို မနှစ်သက်သော်လည်း နာမည်အမှန်အတိုင်း ခေါ်ဖို့မှာလည်း အဆင်မပြေလှပေ။

‘ဒီလို ခေါ်လိုက်ရကောင်းမလား.......’ တစ်စုံတစ်ခုကိုတွေးရင်း ပိုင်အော့ရှန်၏ မျက်နှာမှာ အနည်းငယ်နီရဲသွားပြန်သည်။

သူမသည် ရီချန်းဂျီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ထိုစကားလုံးသုံးလုံးကို ပြောရကောင်းမလား မပြောရကောင်းမလား မဝေခွဲနိုင်တော့ပေ။

သူမ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသလို ထစ်အကာ နေလေသည်။ အခြားသူများ၏ မျက်လုံးများအောက်တွင် သူမ၏ မျက်နှာသည် နီရဲလာပြန်တော့သည်။

ရီချန်းဂျီလည်း ဘာပြောရမည် မသိပေ။ သူခေါ်ခိုင်းသည်မှာ နာမည်ကိုသာ ဖြစ်သည်။ ဘာတွေများ ထိုမျှ ခက်ခဲနေရသနည်း။ 

သူ့နာမည်မှာ ထိုမျှ ခက်ခဲနေသည်လော။ သူတွေးနေမိသည်။

ထိုအခိုက်တွင် နင်းမန်မန်း တစ်စုံတစ်ခုကို တွေးမိသွားပြီး ချက်ခြင်း သဘောပေါက်သွားပုံရသည်။

ပိုင်အော့ရှန်သည် အင်အားစုတစ်ခု၏ ခေါင်းဆောင်ဖြစ်သော်လည်း ယောက်ျားနှင့်မိန်းမကြား ချစ်ခြင်းမေတ္တာကို နဖူးတွေ့ ဒူးတွေ့ တွေ့လာသောအခါတွင် စာရွက်ဖြူတစ်ရွက်ကဲ့သို့ လုံးဝ အပြစ်ကင်းစင်နေခဲ့သည်။ သူမ ဘာမှနားမလည်ပေ။

နင်းမန်မန်းသည် သူမကို ကူညီရမည်ဟု တွေးမိလိုက်သည်။

"မမပိုင်... မမ ဆရာ့ကို အစ်ကိုရီ လို့ ခေါ်လိုက်လေ.... ဆရာက ခွင့်ပြုပါတယ်...." နင်းမန်မန်းမှာ အပြည့်အဝ ထောက်ပံ့ပေးနေခဲ့လေသည်။

ချူးယွဲ့လီအပါအဝင် အခြားသော အကြီးအကဲများ အားလုံးမှာ သူတို့ကို စိုက်ကြည့်နေကြ၏။ အကိုရီ ဟူသည်မှာ ရိုးရှင်းသော နာမ်စားတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏နောက်ကွယ်တွင် အဓိပ္ပါယ်မှာ အလွန်ကွာခြားလှသည်။

စီနီယာသည် ဝါကြီးသော သူကို လေးစားစွာခေါ်သော နာမ်စားတစ်ခုဖြစ်ပြီး ၎င်းတို့နှစ်ဦးကြားက ဆက်ဆံရေးသည် အတော်လေး ဝေးကွာကြောင်း ပြသသည်။

နာမည်ကို တိုက်ရိုက်ခေါ်လျှင်လည်း လေးစားမှုမရှိရာကျပေမည်။

အကိုရီ ဆိုသည့် နာမ်စားမှာ ၎င်းတို့ နှစ်ဦးကို ပိုနီးစပ်သွားစေပုံရသည်။

“အကိုရီ...." နှုတ်ခမ်းလှုပ်ရုံမျှ အသံထွက်လာ၏။

ပိုင်အော့ရှန်၏မျက်နှာမှာ ရဲသထက် ရဲလာနေလေသည်။

ထိုအချိန်တွင် ပုံမှန်အားဖြင့် ထက်မြတ် ပြတ်သားသော ကောင်းကင်နှင်းနန်းတော်၏ သခင်မသည် ဆယ်ကျော်သက် ကလေးမလေးအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။

ရီချန်းဂျီမှာ ထိုနာမ်စားမှာ အဆင်ပြေသည်ဟု ခံစားမိသည်။ သူ့မှာ တခြား အကြံအစည် မရှိပေ။ ထိုနာမ်စားအား အခေါ်ခံခြင်းမှာ ပိုင်အော့ရှန်အား ခံစားချက်တစ်ခုခုရှိနေ၍ မဟုတ်ပေ။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေသည်။ ပိုင်အော့ရှန်၏ နှလုံးသားသည်လည်း ပြင်းထန်စွာ ခုန်နေလေသည်။

အခြားအကြီးအကဲများကလည်း ပိုင်အော့ရှန်ကို စောင့်ကြည့်နေကြသည်။

“ဂလု ဂလု…”

ထိုအသံကို လူတိုင်းကြားလိုက်ရသည်။

“မြန်မြန်ခေါ်လိုက်လေ...!”

အကြီးအကဲများအားလုံး နှလုံးသားထဲတွင် အော်ဟစ်နေခဲ့သည်။

ဤသည်မှာ တစ်သက်မှ တစ်ခါ ကြုံရသည့် အခွင့်အရေးဖြစ်သည်။ ပိုင်အော့်ရှန်အတွက်သာမက နန်းတော်အတွက်ပါ ကောင်းမွန်သည့် အခွင့်အရေး ဖြစ်သည်။

ပိုင်အော့ရှန်ဟာ ထိုအကြောင်းကို ကောင်းကောင်း သိထားသော်လည်း ငယ်စဥ်ကတည်းက ဆန့်ကျင်ဘက်လိင်နှင့် အဆက်အစပ် သိပ်မရှိခဲ့ခြင်းကြောင့် သူစိမ်းယောက်ျားတစ်ဦးအား ထိုသို့ ခေါ်ဆိုရမည့်အခြေအနေတွင် ထိုစကားလုံးသုံးလုံးမှာ သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသလို ခံစားရသည်။

ပင်ပင်ပန်းပန်း ကြိုးစားနေခဲ့သည့်တိုင် သူမ ပြောမထွက်နိုင်ခဲ့ပေ။

ပါးစပ်ကိုဖွင့်၍ ပြောရန် ကြံစည်လိုက်သည်နှင့် စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့နေသဖြင့် ပြန်ပိတ်ရပြန်သည်။ ထိုသို့ဖြင့် ပါးစပ်ဖွင့်လိုက် ပိတ်လိုက်လုပ်ကာ မျက်နှာမှာလည်း ရဲသထက် ရဲလာနေတော့သည်။

ရီချန်းဂျီလည်း ဘာပြောရမည် မသိတော့ပေ။။ ပိုင်အော့ရှန်မှာ တကယ့်ကို အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်ပုံရသည်။ ထိုသို့ဆိုလျှင်လည်း သူမဟာ သူမ လွှတ်ထားလိုက်သည်ကသာ ပိုကောင်းပေမည်။

၎င်းမှာ ဘာမှ မဟုတ်သည့် ကိစ္စလေးဟုသာ သတ်မှတ်ထားလိုက်တော့မည်။

ရီချန်းဂျီ၏ မျက်နှာပေါ်ရှိ ပြောင်းလဲမှုကို ပိုင်အော့ရှန်လည်း ရှင်းရှင်းလင်းလင်း မြင်နေရ၏။

ပထမ ရီချန်းဂျီမှာ သူမ စတင်ခေါ်ဆိုခြင်းကို စောင့်ဆိုင်းနေပုံရပြီး သူမ ခေါ်မထွက်နိုင် ဖြစ်နေသည်ကို မြင်လျှင် ဂရုမထားသည့် အမူအရာသို့ ‌ပြောင်းလဲသွားသည်ကို မြင်လျှင် သူမ၏ နှလုံးသားတွင် ဗလာဖြစ်သွားပြီး အရေးကြီးသောအရာကို လွဲချော်သွားသလို ခံစားရသည်။ သူမတစ်ကိုယ်လုံး ထုံကျင်သွားသလိုပင် ခံစားလိုက်ရသည်။

ထိုကဲ့သို့သော ခံစားချက်မျိုး တစ်ခါမှ မကြုံဖူးဘဲ ချက်ချင်း ပြာယာခတ်သွားတော့သည်။

အဘယ့်ကြောင့် ထိုသို့ဖြစ်ရသလဲဆိုသည်ကိုလည်း သူမနားမလည်ပေ။ သူမ စိတ်ထဲတွင် ရီချန်းဂျီနှင့် ပြည့်နေသလို ခံစားနေရလေသည်။

ရီချန်းဂျီ၏ လှုပ်ရှားမှုတိုင်း ပုံရိပ်တိုင်းမှာ သူမစိတ်ထဲတွင် ဖျောက်ဖျက်လို့မရသည့်အရာတစ်ခုလို ဖြစ်နေ၏။ ၎င်းသည် သူမ၏စိတ်နှင့် သူမ၏ဝိညာဉ်တိုင်အောင်ပင် ခပ်နှိပ်ထားသလို ဖြစ်နေသည်။

ရီချန်းဂျီ၏ ဂရုမစိုက်တော့သည့်ဟန်ကို မြင်ရလျှင် ချက်ချင်းပင် ယခုနက ပြောမထွက်ခဲ့သည့် စကားများကို သူမ နှုတ်မှ လွှတ်ခနဲ ထွက်သွားမိတော့သည်။

“အကိုကြီးရီ...!"

ထိုမျှတိုတောင်းသည့် စကားများနောက်တွင် ပိုင်အော့ရှန် မည်မျှ ကြိုးစားအားထုတ်ခဲ့ရသည်ကို ရီချန်းဂျီ နားလည်သည်။

ထို့ကြောင့် ရီချန်းဂျီ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။

အခြားအကြီးအကဲများသည် ထိုအခါမှ သက်ပြင်းကိုယ်စီချကာ ရီချန်းဂျီထံသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။ သူသည် မည်သည့် ကဲ့ရဲ့သည့် အရိပ်အယောင်ကိုမျှ မပြပဲ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်ကိုပင် မြင်လိုက်ရသဖြင့် သူတို့ ပြုံးလိုက်မိကြသည်။

အခြေအနေမှာ မျှော်လင့်ချက်ရှိနေသေးပုံပေါ်သည်။

Continue Reading

You'll Also Like

12.7K 1.1K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
8.3K 412 64
Description ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နေ...
98.3K 5.3K 33
Pluto thai gl novel မြန်မာဘာသာပြန်