ငါ့တပည့်တွေရူးနေကြပြီ(Book2)

Door AyePhyoe0

21.7K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် Meer

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

270

145 11 0
Door AyePhyoe0

အခန်း 270- သေမလား အညံ့ခံမလား

ထောက်ထျဲ့၏ မျက်လုံးများ တောက်ပလာ၏။

နိမ့်ကျသည့် ပုရွက်ဆိတ်ကလေးမှာ သူ့အား တားဆီးချင်သည်လော။ သေချင်နေလျှင်လည်း သူ ဖြည့်ဆည်းပေးရပေမည်။

ရီချန်းဂျီတို့ အဝေးမှ ပျံသန်းလာကတည်းက သူ သတိထားမိခဲ့သည်။ သို့သော် ထိုလူမှာ ကျင့်ကြံခြင်းအရိပ်အယောက်ရှိသည်ကို မမြင်သဖြင့် သူ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

ကျင့်ကြံမှုမရှိသောလူသည် သူ့ စိတ်ဝင်စားမှုကို လုံးဝမဆွဲဆောင်နိုင်ပေ။ ထိုသို့သောသူများမှာ သူ့ခြေထောက်အောက်တွင်ပင် ပြားပြားကပ်ကာ အဆုံးသတ်သွားရမည်သာ ဖြစ်သည်။

သို့သော် သူ့အား ထိတ်လန့်စေသည့်အရာမှာ ဤလူသည် သူ့ရှေ့တွင် ရပ်နေသည့် အရာ၏ ခွန်အားကို အမှန်တကယ် သိမြင်ခြင်း မရှိသည့်ပုံပင် ဖြစ်သည်။

သူ့အမြင်တွင် ၎င်းမှာ သူ့အတွက် ကြီးစွာသော အရှက်ရစရာ ဖြစ်သည်။

လွန်ခဲ့သည့် အနှစ်တစ်သောင်းကဆိုလျှင် သူ့ပုံရိပ်ကို ကျင့်ကြံခြင်းမရှိသော သူများမြင်လျှင် နေရာတွင်ပင် မတ်တပ်မေ့လဲသွားလောက်အောင် ဖြစ်စေခဲ့သည်။

ထိုသူများမှာ သူတို့တွင် နောက်ထပ်ခြေနှစ်ချောင်း ထပ်ပေါက်လာပြီး ပိုမြန်မြန်ပြေးနိုင်အောင်ပင် ဆုတောင်းနေခဲ့ကြရသည်။

ယခုတော့ ပုရွက်ဆိတ်ကလေးတစ်ကောင်ကပင် သူ့ အရှိန်အဝါကို စိန်ခေါ်နေခဲ့လေပြီ။

ယခုအခါတွင် လူများသည် သူ မည်မျှ အစွမ်းထက်သည်ကို မေ့လျော့သွားပုံရသည်။

သူ့မျက်လုံးထဲတွင် ၎င်းမှာ ခွင့်လွှတ်နိုင်စရာ အကြောင်းရှိသည့် ကိစ္စမဟုတ်ပေ။

ထို့ကြောင့် သူ ဒေါသဖြစ်နေခဲ့သည်။

ချက်ချင်းပင် သူ့ပါးစပ်ကြီးကို ဟကာ စုပ်ယူခြင်းစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ့ရှေ့တွင် အေးအေးဆေးဆေး သူ့ထံသို့ လျှောက်လာနေသော သူအား ဝါးမျိုး ပစ်လိုက်တော့မည်။

အားပြင်းသော စုပ်ဝဲတစ်ခု၏ စွမ်းအင်သည် လေထုထဲတွင် ပျံ့နှံ့သွား၏။ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ၎င်း၏ဆွဲငင်အားအောက်တွင် သွေးဆာနေသော ပါးစပ်ထဲသို့ ပြေးဝင်သွားရတော့သည်။

ပိုင်အော့ရှန်နှင့် အခြားအကြီးအကဲများမှာ ရီချန်းဂျီ ဝါးမျိုခံရတော့မည်ဟု တွေးကာ အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြသည်။

သို့သော် သူတို့ မမျှော်လင့်ထားသည့် အရာမှာ အထွတ်အထိပ် အင်ပါယာတစ်ပိုင်းအဆင့် တစ်ဦးပင် မခုခံနိုင်သည့် အင်အားကြီးမားသော စုတ်ဝဲသည် ဤဝတ်စုံနက်နှင့်လူကို တုတ်တုတ်ပင် မလှုပ်ရှားစေနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစုတ်ဝဲအောက်တွင် ထိုလူငယ်မှာ မယိမ်းမယိုင်သော မဟာတံတိုင်းကြီးကဲ့သို့ ထီးထီးတည်ရှိနေလေသည်။

၎င်းမှာ သာမာန်လူသားတစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်ပေ။

ထောက်ထျဲ့ လည်း ထိတ်လန့်သွား၏။

သူ့ပါးစပ်ဆီသို့ အရူးအမူး ပြေးဝင်နေသော ပတ်ဝန်းကျင်မှ အရာများသာ မရှိလျှင် ၎င်း၏ ဝါးမြိုခြင်းစွမ်းအားများ ကျဆင်းသွားသည်ဟုပင် သံသယ ဖြစ်မိပေလိမ့်မည်။

သူ၏ ဝါးမျိုနိုင်စွမ်းကို ခံနိုင်ရည်ရှိသော သတ္တဝါ ဤကမ္ဘာပေါ်တွင် များစွာမရှိပေ။

ထို့နောက်တွင် သူသည် ရီချန်းဂျီ အရှေ့တွင် သူ့အရွယ်အစားကို တစ်ဖန် တိုးမြှင့်လိုက်ပြန်သည်။ သူ့အကြည့်များမှာ ထူးဆန်းသည့် အလင်းရောင်တစ်ခုနှင့် တောက်ပနေလေသည်။

“နတ်ဆိုးသားရဲလေးတစ်ကောင်ပဲ... မင်း အခု အရှုံးမပေးရင် ဘယ်အချိန် အရှုံးပေးမှာလဲ...." ရီချန်းဂျီမှ မည်သို့မျှမထူးခြားဟန်ဖြင့် ပြောလိုက်သည်။

လက်နှစ်ဖက်ကို နောက်ပစ်ကာ ခါးနောက်တွင် ချိတ်ထားလျှက်သာ ရှိသည်။ သို့သော် ထိုစကားသံနှင့်အတူ အားကောင်းလွန်းသော အော်ရာ အရှိန်အဝါသည် ထိုနယ်မြေကို ချက်ချင်း ဖုံးအုပ်သွားလေသည်။

သက်ရှိသတ္တဝါအပေါင်းတို့သည် ၎င်းတို့အပေါ်သို့ ကောင်းကင်တာအို ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးထောက်ပျပ်ဝပ်လိုစိတ်များ ပေါ်ပေါက်လာကြကုန်၏။

ထောက်ထျဲ့ ၏ မျက်လုံးများသည် ရုတ်တရက် မှိန်သွားကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးမားသော ချုပ်နှောင်မှုဖြင့် ချုပ်နှောင်ထားပုံပေါ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

အလွန်ပြင်းထန်သော ဖိအားတစ်ခုသည် နေရာပေါင်းစုံမှ ထွက်ပေါ်လာပြီး ၎င်းသည် နှိုင်းစရာမရှိလောက်အောင်ပင် ပြင်းထန်နေခဲ့သည်။

ထို့နောက် လူတိုင်း၏ မျက်လုံးများအောက်တွင်ပင် ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ဗုန်းဗုန်းလဲကျသွားခဲ့သည်။

မည်မျှပင် ရုန်းကန်နေသော်လည်း ထမလာနိုင်တော့ပေ။

ထိုအော်ရာအောက်တွင် သားရဲကြီးမှာ မတ်တပ်ပင် မရပ်နိုင်‌တော့ပေ။ မည်သို့ ပြန်တိုက်ခိုက်ရတော့မည်နည်း။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..." ထောက်ထျဲ့  ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤလောက၌ ဤသို့သော ပညာရှင်တစ်ယောက် မည်သို့ရှိနိုင်မည်နည်း။ သူ့ စိတ်အခြေအနေ တဖန် ပျက်ယွင်းသွားသည်။

ဤသည်မှာ အင်ပါယာတစ်ပါး၏ ခွန်အားဖြစ်သည်မှာ ထင်ရှားလှသည်။ သူ့တွင် အခြားသူများထက် သန်မာသော ကိုယ်ခန္ဓာရှိသော်လည်း အင်ပါယာတစ်ပါးနှင့်တော့ မယှဉ်နိုင်သေးပေ။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းအလွန်က အင်ပါယာတစ်ပါးသည် ကမ္ဘာကြီးကို အုပ်စိုးနိုင်သော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ထိုလမ်းစဥ်သည် ခက်ခဲလွန်းလှသည်။

ထို့နောက် နောက်ပိုင်း အနှစ်တစ်သောင်းကြာခဲ့သော်ငြားလည်း အင်ပါယာတစ်ပါးအဆင့်ကို မည်သူမျှ မချိုးဖျက်နိုင်ခဲ့ပေ။ ၎င်းကို ကြည့်ခြင်းဖြင့် အင်ပါယာတစ်ပါးဖြစ်လာရန် မည်မျှ ခက်ခဲ့သည်ကို တွေ့နိုင်သည်။

"သေမလား အရှုံးပေးမလား..." ရီချန်းဂျီ၏ သာမာန်ဆန်လှသော အသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။

သို့သော်လည်း ထောက်ထျဲ့၏ စိတ်ထဲတွင်တော့ ထိုအသံမှာ ကောင်းကင်တွင် တဟုန်းဟုန်း ထစ်ခြုန်းနေသည့် မိုးခြိမ်းသံများနှင့် မခြားနားပေ။

အပြင်လောကတွင် သာမာန်ထင်ရသော်လည်း တကယ်တမ်းတွင် ရီချန်းဂျီမှာ သူ့ခွန်အားများ အားလုံးကို ထျောက်ထျဲ့တစ်ကောင်တည်းသို့သာ ဦးတည်ထားခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အင်ပါယာတစ်ပါး၏ အရှိန်အဝါသည် ပြင်းထန်လွန်းလှသည်။ ၎င်း၏ သာမာန်စကားပြောခြင်းကပင် သက်ရှိထောင်ပေါင်းများစွာကို တုန်လှုပ်သွားစေနိုင်သည်။

"ယွဲ့လီ ဒီစီနီယာက..."

ပိုင်အော့ရှန်နှင့် တခြားသူများမှာ သူတို့ရှေ့မှ အခြေအနေကို ကြည့်ပြီး တွေးလို့ မရတော့ပေ။

ထောက်ထျဲ့သားရဲမှာ မည်မျှ အစွမ်းထက်သည်ကို သူတို့အရင်က တိုက်ခဲ့ဖူးသဖြင့် ကောင်းကောင်း သိထားကြသည်။ သူတို့ ဆယ်ယောက်ပေါင်း အင်အားနှင့်ပင် အနိုင်ယူလို့ မရနိုင်ခဲ့ပေ။

ထိုအစား သူတို့ဆယ်ယောက်သာ ထိုအကောင်ကြီး၏ တန်ပြန်ခွန်အားကြောင့် ဒဏ်ရာရခဲ့သည်။

သို့သော် ယခုတော့ အနက်ရောင်ဝတ်ရုံနှင့်လူမှာ လက်ပင် တစ်ချက်မလှုပ်ပဲ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာနှင့်ပင် ထောက်ထျဲ့သားရဲကို လှုပ်မရအောင် လုပ်ထားခဲ့သည်။

၎င်းမှာ သူတို့ ဦး‌ဏှောက်ထဲမှ အတွေးများထက် ကျော်လွန်သွားခဲ့လေပြီ။

ဤအဖြစ်အပျက်များကို မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းသာ မဟုတ်ပါက အစစ်အမှန်မဟုတ်ဟုပင် ထင်မိကြပေလိမ့်မည်။

ထိုသူထံမှ ထွက်ပေါ်လာသော အော်ရာမှာ အင်ပါယာတစ်ပိုင်းအဆင့်ထက် ကျော်လွန်နေခဲ့သည်ကို တွေ့မြင်ကြရသဖြင့် သူတို့စိတ်ထဲတွင် ကြောက်စရာကောင်းသည့် အတွေးတစ်ခု ပေါ်လာတော့သည်။

သို့သော် ထိုအော်ရာမှာ တစ်ခဏသာ ထွက်‌ပေါ်လာခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူတို့ ယခုဖြစ်နေသည်မှာ ရီချန်းဂျီကို မယုံကြည်ခြင်း မဟုတ်ပေ။ မယုံကြည်ရဲကြခြင်းသာ ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် အင်ပါယာအဆင့် ရှိနေသေးသည်ကိုပင် သူတို့ မေ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ချူးယွဲ့လီလည်း ဤအဖြစ်များမှာ ယုံရခက်မှန်း သဘောပေါက်သည်။ ထို့ကြောင့် ယုံကြည်နိုင်စေရန် ရီချန်းဂျီထံမှ သူမ ရရှိခဲ့သည့် အင်ပါယာအဆင့် ဉာဏ်အလင်းကို ပိုင်အော့ရှန်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးခဲ့လိုက်သည်။

အခြားအကြီးအကဲများအား မျှဝေပေးရန်အတွက်ကတော့ ၎င်းမှာ နန်းတော်သခင်၏ ရည်ရွယ်ချက်ပေါ် မူတည်ပေသည်။

ပိုင်အော့ရှန်သည် ရုတ်တရက် သူမ၏ စိတ်ထဲသို့ အချက်အလက်များစွာ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူမ၏ တစ်ကိုယ်လုံး တုန်ခါသွားကာ သူမ၏ မျက်လုံးများသည် မကြုံစဖူးသည့် အလင်းရောင်တစ်ခုဖြင့် လင်းလက်သွားသည်။

သူမတစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်လာလေသည်။

“ဒါက တကယ်ပဲ...”

အခြားအကြီးအကဲများသည် ချူးယွဲ့လီလုပ်ဆောင်ခဲ့သည်ကို နားမလည်နိုင်ခဲ့ကြပေ။ သူတို့ အမြင်တွင် ချုးယွဲ့လီမှာ စိတ်စွမ်းအင်ဖြင့် နန်းတော်သခင်ထံ အချက်အလက်တချို့ လွှဲပြောင်းပေးနေသည်ကိုသာ မြင်ခဲ့ကြရသည်။

သူတို့ မြင်နေရသည်အရ ၎င်းမှာ ကမ္ဘာတုန်လောက်မည့် ကိစ္စရပ်ဖြစ်ပြီး နန်းတော်သခင်ကိုပင် ထိန်းချုပ်မှုမှ လွတ်သွားစေနိုင်ခဲ့သည့် ဖြစ်ရပ်ပင် ဖြစ်မည်ဟုသာ မှန်းဆနေခဲ့ကြရသည်။

နန်းတော်သခင်တစ်ဦးအနေဖြင့် သူမ စောင့်ထိန်းရမည့် အပြုအမူများ ရှိသည်။ ထိုအရာများထဲမှ တစ်ခုမှာ မည်သည့်အခြေအနေတွင်မဆို တည်တည်ငြိမ်ငြိမ်သာ ပြုမူရမည်ဖြစ်သည်။

ယခုတွင်တော့ ပိုင်အော့ရှန်မှာ လုံးဝကို ထိန်းမနိုင် သိမ်းမရ တုန်လှုပ်ကာ စိတ်လှုပ်ရှားနေခဲ့သည်။ ၎င်းအား ကြည့်ခြင်းဖြင့် ချူးယွဲ့လီပေးပို့သော အချက်အလက်သည် မည်မျှထိတ်လန့်စရာကောင်းမည်ကို တွေးကြည့်နိုင်သည်။

သို့သော် သူတို့ ချက်ချင်း မမေးရဲကြပေ။ မည်သို့ပင်ဆိုစေ ယခုအချိန်မှာ ၎င်းတို့သည် အကြပ်အတည်းနှင့် တွေ့နေလျှက် ရှိသေးသည့် အချိန်ဖြစ်သည်။ ကောင်းမွန်သော အချိန်အခါ မဟုတ်သေးပေ။

တစ်ဖက်တွင်မူ ရီချန်းဂျီသည် ရုန်းကန်လျှက်ရှိသည့် ထောက်ထျဲ့အား ကြည့်ကာ ထပ်မေးလိုက်သည်။

"မင်း အသက်ရှင်ချင်သလား... သေချင်သလား..."

ထောက်ထျဲ့ ၏ ခွန်အားသည် ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်ကြီးသည် ထပ်မံကြီးလာသည်။ သူ၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ရာသော စွမ်းအားများ ရှိနေသေးသည်။

ရီချန်းဂျီ၏ ဖိနှိပ်ထားသော ခွန်အားကို တွန်းလှန်ရန် အလင်းတန်းများ ထွက်ပေါလာသည်။ ရှေးခေတ်သားရဲများအနေနှင့် သူတို့၏ စိတ်ဓာတ်သည် အလွန်မောက်မာတတ်ကြသည်။

သူတို့သည် အခြားသူများထံ အောက်ကျို့လိုစိတ် မရှိခဲ့ပေ။

ရှေ့မှလူမှာ အင်ပါယာတစ်ပါး ဖြစ်လျှင်ပင် သူ့အား လက်အောက်မခံနိုင်ဟု ဆုံးဖြတ်ထားပုံရ၏။

ရီချန်းဂျီ လက်တစ်ဖက်ထုတ်ကာ အောက်သို့ ဖိချရင်း ပြုံးလိုက်သည်။

လူတိုင်း၏အမြင်တွင် ဤသည်မှာ ရိုးရှင်းသောလုပ်ဆောင်ချက်တစ်ခုသာဖြစ်သည်။ တစ်ဖက်တွင်တော့ ထောက်ထျဲ့ သည် ယခုအချိန်တွင် သေခြင်းတရား၏ အရိပ်အယောင်ကိုပင် ခံစားလာရသောကြောင့် ကြောက်လန့်တကြား အော်ဟစ်နေလေသည်။

စိန်ဖြင့်ပြုလုပ်ထားသလို ခိုင်မာပုံရသော ၎င်း၏ခန္ဓာကိုယ်သည် တစ်လက်မချင်း ကွဲအက်လာပြီး သွေးများထွက်လာခဲ့သည်။

ခဏချင်းမှာပင် သွေးများမှာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ.... သူ ဘယ်သူလဲ..."

“ဒီရိုးရှင်းတဲ့ လုပ်ဆောင်ချက်က တကယ်ကို ကြောက်စရာကောင်းတဲ့ ခွန်အားရှိနေတယ်.... ငါတို့ထက် အဆတစ်ရာလောက် ပိုအားကောင်းတယ်....”

"သူဘယ်သူလဲ... ဒီလောက် အစွမ်းထက်တဲ့လူ… ဘာလို့ သူ့အကြောင်း အရင်က မကြားဖူးတာလဲ....”

"မယုံနိုင်စရာ.... တကယ်ကို မယုံနိုင်လောက်အောင်ပဲ..."

ချူးယွဲ့လီနှင့် ပိုင်အော့ရှန် မှလွဲ၍ အခြားသူများသည် ရီချန်းဂျီ၏ နောက်ခံကို မသိကြပေ။ သူတို့ရှေ့မှာ ဖြစ်နေသည်များကိုမြင်လျှင် သူတို့အားလုံး အေးစက်သည့်လေကို သက်ပြင်းရှိုက်လိုက်မိကြသည်။

ထိုကြောက်စရာကောင်းသည့် မြင်ကွင်းမှာ သူတို့၏ အသိအမြင်များကို ကျော်လွန်သွားပြီး သူတို့၏ အမြင်များကို ပြောင်းပြန်လန်သွားစေခဲ့တော့သည်။

Ga verder met lezen

Dit interesseert je vast

73.4K 6K 36
U+Z ဒီနေ့မင်းလွင် + ဒီယောရာဇာဓိရာဇ်
Pluto Door Kyra

Romantiek

101K 5.4K 33
Pluto thai gl novel မြန်မာဘာသာပြန်
24.3K 1.1K 18
إن كُتِب قدر شخصين معاً فسيتقاطع طريقهما ذات يوم حتماً ليحوما حول الدنيا إذا ارادا للعثور على بعض وليختبئا للهروب من البعض وهجنا وثابتنا دكاترنا ا...