ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.8K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

268

144 10 0
By AyePhyoe0

အခန်း 268- ရောက်ရှိခြင်း

ကောင်းကင်နှင်းနန်းတော်၏ ရင်ပြင်တွင် တပည့်များသည်လည်း ကောင်းကင်တွင် ပြည့်နှက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို တွန်းလှန်ရန် ရုန်းကန်နေရသည်။

သို့သော် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ကြောက်စရာကောင်းလွန်းလှသည်။ အင်ပါယာတစ်ပိုင်း နယ်ပယ်မှ ကျွမ်းကျင်သူများပင်လျှင် ၎င်းကို မတားဆီးနိုင်ပေ။ ထို့အပြင် ထောက်ထျဲ့သားရဲသည် ၎င်း၏မုန်းတီးမှုကို နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားခဲ့သည်။

ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အမုန်းတရား၏ အဆီအနှစ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ပိုင်အော့ရှန်သာ ထိုနေရာတွင်ရှိနေလျှင် ဤနေရာမှ တပည့်တော်တော်များများမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ထိုးသွင်းခံထားရသည်ကို သတိပြုမိပေလိမ့်မည်။

သူတို့၏ မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီလာကာ အမူအယာများလည်း အလွန်ကြမ်းတမ်းလာနေသည်။ သူတို့ကိုင်ဆောင်ထားသည့် ဓားရှည်များဖြင့် ဘေးနားမှ သူတို့၏ အပေါင်းအဖော်များကို စတင်ခုတ်ထစ်လာကြသည်။

သားရဲ၏ စိတ်ဆန္ဒများ လုံးဝ လွှမ်းမိုးခံလိုက်ရသူများဆိုလျှင် သူတို့ကိုယ်သူတို့ပင် လက်ထဲမှ ဓားများနှင့် ထိုးစိုက်ကာ အဆုံးစီရင်နေကြတော့သည်။

ကံမကောင်းစွာပင် ထိုသို့လုပ်နေသည်ကိုလည်း တားဆီးနိုင်မည်သူမရှိပဲ ကောင်ကင်နှင်းနန်းတော်တစ်ခုလုံး ရှုပ်ရှက်ခတ်ကုန်ကြ‌တော့သည်။

အနီးတစ်ဝိုက်တွင် တိုက်ပွဲများ သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေပြီး နန်းတော်ရင်ပြင်သည် သွေးများချောင်းစီကာနေတော့သည်။

ထိုအချိန်တွင် ကောင်းကင်နှင်းနန်းတော်၏ အဝေးမှပင် ရီချန်းဂျီသည် ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားလိုက်မိပြီးဖြစ်သဖြင့် အရှိန်မြှင့်ကာ နန်းတော်ဆီသို့ အလျင်စလို ဆက်လာလိုက်ကြသည်။

သူတို့ရှေ့မှ မြင်ကွင်းမှာ ချူးယွဲ့လီကို လုံးဝအံ့အားသင့်သွားစေသည်။

နန်းတော်ရင်ပြင်၏ ကောင်းကင်ယံတွင် လွှမ်းခြုံနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် နန်းတော်အတွင်းရှိ တပည့်များကို အဆက်မပြတ် ထိခိုက်နေစေခဲ့သည်။

သူမသည် ၎င်းတို့ကို တားဆီးရန် အလျင်စလို ထွက်လာလိုက်သော်လည်း ထိုလူများအားလုံးမှာ သားရဲစိတ်ဆန္ဒများအောက် ကျရောက်နေခဲ့ပြီး ဖြစ်သဖြင့် သူတို့သည် တားဆီးရန်‌ရောက်လာသည့် သူမကိုပါ ခုတ်ထစ်နေခဲ့ကြသည်။ သူတို့မျက်လုံးများမှာ သွေးများဖြင့် လုံးဝဖုံးလွှမ်းနေပြီး မျက်ဆံပင်ပျောက်ကာ လူအသိစိတ် လုံးဝမရှိတော့ကြောင်း သူမ သိလိုက်ရသည်။

“ချင်းကျူ... သတိထားစမ်း....!”

ချူးယွဲ့လီသည် ၎င်းတို့ထဲမှ တစ်ဦးကို တိုက်ရိုက်ဖမ်းဆီးချုပ်နှောင်ကာ ကျယ်လောင်စွာ အော်ဟစ်ကာ သတိပေးသော်လည်း အသုံးမဝင်ပေ။

ဤလူသည် ကောင်းကင်နှင်းနန်းတော်မှ ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူဟု ယူဆထားပြီး မြေတောင်မြှောက်ပေးခြင်း ခံရသူဖြစ်သည်။ တိုတောင်းသော ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် သူမသည် ပြန်လည်မွေးဖွားခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုသို့ ထက်မြတ်သောသူပင် သားရဲအော်ရာ၏ လွှမ်းမိုးမှုကို မခံနိုင်ခဲ့ပေ။ ထိုအချက်ကိုကြည့်ခြင်းဖြင့် သားရဲအော်ရာသည် မည်မျှ အစွမ်းထက်သည်ကို ခန့်မှန်းနိုင်ပေသည်။

ချုးယွဲ့လီပင် သူမ၏ မျက်စိရှေ့မှ အဖြစ်များကြောင့် တစ်ခဏမျှ စိတ်လွတ်သွားချိန်တွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ၏ တိုးဝင်လွှမ်းမိုးခြင်းကို ခံရတော့မလို ဖြစ်သည်။

ချက်ချင်းပင် ရီချန်းဂျီ ဝင်ရောက်လှုပ်ရှားလိုက်ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သူ့လက်နှင့် ဖမ်းဆုတ်ကာ ပိတ်လှောင်ထားလိုက်သည်။

ထို့နောက် သူ့လက်ကို တင်းတင်းဆုတ်ကာ ခြေမွှပစ်လိုက်တော့သည်။

ရီချန်းဂျီ သူ့ ညာလက်ကို ဝှေ့ယမ်းလိုက်လျှင် အလင်းတန်းများထွက်ပေါ်လာပြီး ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ထိုအခါမှ ထိုပတ်ဝန်းကျင်တွင် လွှမ်းမိုးနေသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ပျက်စီးပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နှင်းနန်းတော်မှ တပည့်များအားလုံး သတိပြန်လည်လာကြသည်။ ချူးယွဲ့လီကို မြင်လိုက်ကြသောအခါ သူတို့၏မျက်နှာများသည် ဝမ်းသာမှုများနှင့် ပြည့်သွားတော့သည်။

“အကြီးအကဲချူး ပြန်လာပြီ....” ချင်းကျူတစ်ယောက် သတိဝင်လာကာ ဖြူဖျော့သောမျက်နှာဖြင့် ပြောလိုက်သည်။

ထိုအချိန်အထိ သူ ကြောက်ရွံ့ထိတ်လန့်မှုအား အကြီးအကျယ် ခံစားနေရဆဲ ဖြစ်သည်။ အကြီးအကဲချူး အချိန်မီပြန်လာကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများမှ ကယ်ဆယ်ခြင်းမဟုတ်လျှင် ၎င်းတို့၏ ဂိုဏ်းဝင် တပည့်တစ်ဝက်ခန့်မှာ ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ...!” ချူးယွဲ့လီ စိုးရိမ်တကြီးနှင့် မေးလိုက်၏။

“အကြီးအကဲ ထွက်သွားပြီး ရက်အနည်းငယ်ကြာတော့ အစီအရင်က ပိုပိုပြီး ယိုယွင်းလာတယ်... နန်းတော်သခင်နဲ့ အကြီးအကဲတွေက အစီအရင် အချိန်မရွေး ကျိုးပေါက်သွားနိုင်တာကိုသိလို့ အနောက်ဖက်တောင်မှာ နေ့ညမနား စောင့်ကြပ်နေခဲ့ကြတယ်....”

“အခုနကပဲ ရုတ်တရက်ကြီး ကျယ်လောင်တဲ့ ဟိန်းဟောက်သံကို ကြားရပြီး သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေ ပြည့်နှက်နေတဲ့ ကောင်းကင်ကြီး ကျုပ်တို့ဆီ ဦးတည်လာနေတာကို တွေ့လိုက်ရတယ်... အဲဒါပြီးတော့ ဘာတွေဖြစ်လဲ ကျွန်မ မသိတော့ဘူး...”

“ဘာ...!” ချူးယွဲ့လီ၏ မျက်နှာသည် ညှိုးငယ်သွား၏။

ဤသည်မှာ ချုပ်နှောင်ခြင်း အစီအရင် ကျိုးပျက်ခြင်း ဖြစ်နိုင်သလော။

ချက်ချင်းပင် သူမသည် နန်းတော်၏ အနောက်ဘက်တောင်သို့ တိုက်ရိုက်ပျံသန်းလာခဲ့လိုက်သည်။ တစ်ချိန်တည်းမှာပင် ရီချန်းဂျီမှာ နင်းမန်မန်းကို ခေါင်းညိတ်ပြပြီး နောက်ကနေ အနီးကပ် လိုက်သွားတော့သည်။

အဝေးမှပင် ရီချန်းဂျီသည် ထောက်ထျဲ့ ၏ခန္ဓာကိုယ်သည် ပေဒါဇင်ပေါင်းများစွာမြင့်သည်ကို လှမ်းမြင်လိုက်ရသည်။ ၎င်းမှာ အားကောင်းသော အော်ရာများ ထုတ်လွှတ်နေသည့် တောင်ကုန်းငယ်‌လေးနှင့်ပင် တူနေသည်ဟု ထင်ရ၏။

ပုံရိပ်ကိုးခုသည် အတူတကွ ပေါင်းစည်းကာ ထိုအရာကြီးအား အစီအရင်ထောင်ချောက်ထဲ ပိတ်နိုင်အောင် ကြိုးစားနေ၏။

သို့သော် ထိုအရာကြီးအား ထို ပုံရိပ်ကိုးခုမှာ မည်သို့မျှ မယှဥ်သာသည်ကို သိသိသာသာမြင်နိုင်ပေသည်။

ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အက်ဆစ်ကဲ့သို့ဖြစ်ပြီး မှော်အစီအရင်နှင့် ထိတွေ့လျှင် မှော်အစီအရင်၏ ကြေမွသွားသည့် အက်ကွဲသံများ ထွက်လာနေလေသည်။

ထိုပုံရိပ်ကိုးခုမှာ ကြေမွသွားတော့မည် အစီအရင်ကို အားကုန်သုံးကာ ထိန်းချုပ်ရင်း အသက်ရှုလိုက်တိုင်း သူတို့မျက်နှာများ ဖြူဖျော့လာသည် ကိုပင် မြင်နိုင်ပေသည်။ သူတို့ စွမ်းအင်များ ကုန်ခမ်းတော့မည်ဆိုသည်မှာ သိသာလှသည်။

တစ်ဖက်တွင်မူ ထောက်ထျဲ့၏ အရှိန်အဝါသည် ဆက်လက် တိုးမြင့်လာနေလျှက်ရှိသည်။ ၎င်းသည် ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိအောင် သူ၏ စွမ်းအင်များအား တိုးမြှင့်နေပြီဖြစ်သည်။

“နန်းတော်သခင်.... တောင့်ထားဦး...!”

သူတို့ စိတ်ပျက်အားငယ်နေချိန်မှာပင် ရုတ်တရက် ကျယ်လောင်သည့် အော်ဟစ်သံကို ကြားလိုက်ရပြီး သူတို့ကို ချက်ချင်း အားတက်သွားစေခဲ့သည်။

၎င်းမှာ ချူးယွဲ့လီ၏ အသံဖြစ်သည်ကို သူတို့ တပ်အပ်ပြောနိုင်သည်။

၎င်းမှာ သူတို့အား အားဖြည့်ပေးလိုက်သည့် ဆေးပြားကဲ့သို့ပင် ဖြစ်တော့သည်။ ချူးယွဲ့လီပါလျှင် အစီအရင်အား ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ဤသားရဲကြီးကို ပြန်လည်ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ချက် ရှိလာကြသည်။

ကောင်းကင်ချိတ်ပိတ်အစီအရင်သည် အင်ပါယာတစ်ပိုင်းနယ်ပယ်မှ ကျင့်ကြံသူ ၁၀ ဦး လိုအပ်သည်။ ကျင့်ကြံသူဆယ်ဦးမပြည့်စုံလျှင်လည်း အစီအရင်ကို အသက်သွင်း၍ ရသော်လည်း ကျင့်ကြံသူဆယ်ဦးနှင့်ဆိုလျှင် အင်ပါယာအဆင့်တစ်ဝက်ပညာရှင်အား ကောင်းကောင်း ခုခံနိုင်ပေသည်။

သူတို့သည် ထောက်ထျဲ့ ကို ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင် ရှိလာနိုင်သည်။

ချူးယွဲ့လီသည် သူမ၏ နေရာသို့ ဝင်ရောက်ပြီးသည်နှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ အစီအရင်ထဲသို့ စိမ့်ဝင်လာတော့သည်။ ရုတ်တရက် အစီအရင်သည် အလင်းရောင်တစ်ခုတိုး၍ တောက်ပလာပြီး မိုးခြိမ်းသံကဲ့သို့အသံတစ်ချက်နှင့်အတူ ထောက်ထျဲ့၏ တိုက်ခိုက်မှုများအား ပိုမိုခံနိုင်ရည် ရှိလာတော့သည်။

ဤသည်မှာ အင်ပါယာတစ်ပိုင်းအထွတ်အထိပ်နယ်ပယ်မှ တစ်ယောက် တိုးလာခြင်းသာ ဖြစ်သော်လည်း ယခင်အဖွဲ့၏ အင်အားထက် အဆပေါင်းရာနှင့်ချီ၍ တိုးလာခြင်းဖြစ်သည်။

အစက ခုခံခြင်းနှင့် အစီအရင်ထိန်းသိမ်းခြင်းတွင်သာ လုပ်ဆောင်နေခဲ့ရသော အဖွဲ့သည် ရုတ်တရက် ထောက်ထျဲ့ကိုပင် ပြန်လည် ဖိအားပေးနိုင်လာခဲ့သည်။

၎င်းကိုမြင်လျှင် ကြည့်နေကြသော တပည့်များအားလုံး အတော်ဝမ်းသားသွားကြသည်။

ဆိုလိုသည်မှာ ၎င်းတို့ရှေ့မှ သားရဲသည် အင်ပါယာအဆင့်တစ်ဝက်နယ်ပယ်သို့ မရောက်သေးဟု ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် ချူးယွဲ့လီနှင့်အတူ လိုက်လာသော အနက်ရောင်ဝတ်စုံနှင့်လူကိုလည်း သတိပြုမိခဲ့ကြသည်။

ချူးယွဲ့လီသည် သာမန်လူတစ်ဦးကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ဆောင်လာသည်ကို သူတို့ နားမလည်ခဲ့ကြပေ။

သူမသည် တပည့်အသစ်ကို လက်ခံလိုက်ခြင်းဖြစ်မည်လော။

သို့သော် ထိုအခြေအနေတွင် ရီချန်းဂျီကို သိပ်ဂရုမစိုက်နိုင်ကြပေ။

တစ်ခဏသာ လှည့်ကြည့်ကြပြီး ထျောက်ထျဲ့နှင့် အင်ပါယာတစ်ပိုင်းဆယ်ဦးတို့၏ တိုက်ပွဲဆီသို့ အာရုံပြန်ရောက်သွားကြသည်။

ထိုအချိန်တွင် ထောက်ထျဲ့ သည်အစီအရင် ပိုမိုအားကောင်းလာသည်ကို ခံစားမိသဖြင့် သူ့ခန္ဓာကိုယ်ကြီးကို အမြင့်ပေ ရာဂဏန်းခန့် ထပ်မံ ကြီးထွားစေလိုက်သည်။ ယခုအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင်ကြီးတစ်ခုလိုပင် ဖြစ်နေတော့သည်။

သားရဲကြီးနှင့် ယှဥ်လိုက်လျှင် ပိုင်အော့ရှန်နှင့်အဖွဲ့မှာ ဘာမှမဟုတ်သလိုပင် ဖြစ်သွားရသည်။

ထောက်ထျဲ့မှာ ဒေါသတကြီး ဟိန်းဟောက်ပြီး ဦးခေါင်းပေါ်ရှိ ဦးချိုမှ မီးခိုးရောင်အလင်းတန်းအဖြစ် အားကောင်းသည့် စွမ်းအင်ကို ထုတ်လွှတ်ပစ်ခတ်သည်။

စက်ဝိုင်းသဏ္ဍာန်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလျှင် ပိုင်အော့ရှန်နှင့် အခြားသူများမှာ ထိုစွမ်းအင်လှိုင်းများထဲတွင် ကောင်းကင်တာအိုပင် ပါဝင်နေသည်ဟုပင် ခံစားလိုက်ရသည်။

မည်သူမျှ သတိလက်လွတ်မနေဝံ့ကြပေ။ သူတို့၏ စွမ်းအင်များကို အစီအရင်ထဲသို့ သွန်းလောင်းချရင်း အနက်ရောက်ရေခဲမြှားတစ်ခုကို ဖန်တီးလိုက်သည်။

ရေခဲမြှားသည် အအေးဓာတ်ကို လွန်မင်းစွာ ထုတ်လွှတ်နေပြီး မီးခိုးရောင် သားရဲ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့် မတူပဲ လုံးဝ ထူးခြားနေခဲ့သည်။

“သွားစမ်း...!”

အင်ပါယာတစ်ပိုင်း ဆယ်ပါးစလုံး အော်ဟစ်လိုက်သည်။ တားဆီးမရနိုင်သော အော်ရာဖြင့် ရေခဲမြှားသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒစွမ်းအင်လှိုင်းများထံသို့ တိုးဝင်သွားတော့သည်။

ပြင်းထန်သော အသံတစ်ခုနှင့်အတူ ပြင်းထန်လွန်းသော တုန်ခါမှုတစ်ခုသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် လှုပ်ခတ်စေကာ လေထဲတွင် ပဲ့တင်ထပ်နေစေခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တောင်တန်းကြိး တစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားလေသည်။

တစ်ချိန်တည်းမှာပင် ပိုင်အော့ရှန်နှင့် အခြားလူများလည်း ရင်ဘတ်ကို ဆယ်ပေါင်တူဖြင့် ထုခံလိုက်ရသကဲ့သို့ သွေးတစ်လုတ်စီ အန်ကုန်ကြရသည်။ သူတို့၏ အသက်ရှုသံများမှာလည်း ချက်ချင်း နှေးကွေးသွားတော့သည်။

ထင်ရှားသည်မှာ သူတို့သည် ထောက်ထျဲ့ ၏ ခွန်အားကို မကျော်လွန်နိုင်ခဲ့ပေ။

သူတို့ဆယ်ယောက်၏ ခွန်အားနှင့် ထောက်ထျဲ့အား  မသတ်နိုင်လျှင်ပင် အနည်းဆုံး ပြန်ပြီးချုပ်နှောင်နိုင်မည်ဟု သူတို့ထင်နေခဲ့သည်။

သို့သော် ယခုမှ သူတို့အတွေးမှာ မည်မျှ ကလေးဆန်ကြောင်း သဘောပေါက်သွားကြသည်။

ထိုအချိန်မှာပင် အနက်ရောက်‌ရေခဲမြှားသည်လည်း လုံးဝ ကွဲကြေသွားတော့သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ မီးခိုးရောင်စွမ်းအင်များသည် အစီအရင်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာပြီး အစီအရင်ကိုလည်း ပျက်စီးသွားစေတော့သည်။

ချူးယွဲ့လီတို့ ဆယ်ယောက်စလုံး လေထဲလွင့်ပျံကုန်ကြကာ ပါးစပ်ထဲမှ သွေးများ စီးကျလာပြီး အားလုံး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့လေသည်။

သူတို့ ပြန်လည်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြသည်။ သို့သော် ချူးယွဲ့လီ၏ အမူအရာသည် လုံးဝတည်ငြိမ်နေပြီး ကြောက်ရွံ့သည့် အရိပ်အယောင်ကို ထုတ်ဖော်ပြသခြင်းမရှိသည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။

ရီချန်းဂျီ ဤနေရာတွင် ရှိနေပေသည်။

Continue Reading

You'll Also Like

122K 5.5K 27
!Adult/Possessive and Asshole!
54.3K 5.2K 101
ဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတ...
259K 10.4K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
2.6K 184 29
I am a scarecrow and the demon lord of terror ( ငါက စာခြောက်ရုပ်) Original writer - laughter and joy Genres - Horror , Mystery, Supernatural, Action...