ငါ့တပည့်တွေရူးနေကြပြီ(Book2)

Od AyePhyoe0

21.8K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် Více

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

267

156 10 0
Od AyePhyoe0

အခန်း 267- ထောက်ထျဲ့သားရဲလွတ်မြောက်ခြင်း

"နန်းတော်သခင် ဒါက ဖြေရှင်းချက် မဟုတ်ဘူး…" အကြီးအကဲတစ်ယောက်မှ သူ့ခေါင်းပေါ်က ချွေးများကို သုတ်ရင်း ပြောလိုက်သည်။

“သားရဲရဲ့ ခွန်အားက ပိုအားကောင်းလာနေတယ်... လက်ရှိအခြေအနေအပေါ်အခြေခံပြီးပြောရရင် အစီအရင် လုံးဝ မပြိုကျဖို့ အများဆုံး တစ်လခွဲလောက်ပဲ ထိန်းထားနိုင်တော့မယ်....”

"အစီအရင်ကို အားဖြည့်ပြုပြင်ပေးဖို့ သူတော်စင်အဆင့် အစီအရင်သခင်တစ်ပါး ရှာမတွေ့နိုင်ရင် ကျုပ်တို့တော့...."

အကြီးအကဲတစ်ဦး၏ စကားများအပြီးတွင် အားလုံး တိတ်ဆိတ်သွားကြတော့သည်။

ဤကမ္ဘာကြီးတွင် သူတော်စင်တစ်ပိုင်းအဆင့် အစီအရင်သခင်များပင်လျှင် ရှားပါးလှရာ သူတော်စင်အဆင့် အစီအရင်သခင်ဆိုလျှင် မရှိလောက်အောင်ပင် ရှားပါးပေလိမ့်မည်။

ထို့အပြင် သူတော်စင်အဆင့် အစီအရင်သခင်ကိုတွေ့နိုင်လျှင်ပင် ၎င်းတို့အား ဖိတ်ခေါ်ရန် သူတို့တွင် အရည်အချင်းမရှိပေ။

အခြေအနေမှာ သေခြင်းတွင်သာ အဆုံးသတ်တော့မည်ဟု ပြနေတော့သည်။

"ရှင်တို့ အကြီးအကဲချူးကို ဆက်သွယ်ထားသေးလား...."

ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လူအုပ်အလယ်တွင် အားကောင်းသော အော်ရာများဖြင့် ထွက်ပေါ်လာ၏။

သူမသည် ကောင်းကင်နှင်းနန်းတော်၏ နန်းတော်သခင်မ ပိုင်အော့ရှန် ဖြစ်ပြီး အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသူ ဖြစ်သည်။

ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအော်ရာများကို ကြည့်လိုက်မိလျှင် သူမ၏ အကြည့်များမှာ လေးနက်သွားကာ သူမ၏ မျက်ခုံးများကို တင်းတင်းကျပ်ကျပ် ကျုံ့သွားမိစေသည်။ ဤအခြေအနေအား ပြန်လည်ကောင်းမွန်အောင် ကိုင်တွယ်နိုင်သည့်အရည်အချင်း သူတို့တွင် မရှိတော့သည်မှာ ထင်ရှားပေသည်။

“ကျုပ် ဒီကအခြေအနေကို အကြီးအကဲချူးဆီကို သတင်းပို့ဖို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိပါဘူး...”

၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ချူးယွဲ့လီနှင့် အခြားသူများသည် အသူရာနဂါးလျှို့ဝှက်နယ်မြေတွင် ရှိနေခဲ့ကြသည်။ ထိုစဥ်က လျှို့ဝှက်နယ်မြေ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်တစ်ခုလုံးကို‌ ကောင်းကင်တာအိုမှ ချိတ်ပိတ်ထားခဲ့သဖြင့် မည်သူမျှ ဆက်သွယ်၍ ရနိုင်မည် မဟုတ်ပေ။

ပိုင်အော့ရှန်မှာ ၎င်းကိုကြားလျှင် နဖူးပေါ်တွင် အရေးအကြောင်းများ ထင်ရှားစွာ ထွက်ပေါ်လာသည်အထိ မျက်မှောင်ကြုတ်နေတော့သည်။

ကောင်းကင်ချိတ်ပိတ်ခြင်း အစီအရင်သည် ကောင်းကင်နှင်းနန်းတော်တွင် လက်ရှိအသုံးပြုနိုင်သည့် အားအကောင်းဆုံး အစီအရင် ဖြစ်သည်။

ထောက်ထျဲ့ သူ့အား အကျဥ်းချထားသည့် အစီအရင်ထဲမှ လွတ်မြောက်နိုင်လျှင်ပင် ထိုအစီအရင်အား ထပ်မံတပ်ဆင်ထားလိုက်လျှင် သူ့ကို ခဏလောက် ထိန်းထားနိုင်ပေလိမ့်ဦးမည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုအစီအရင်သည် အင်ပါယာတစ်ပိုင်းအထွတ်အထိပ်နယ်ပယ်မှ ကျင့်ကြံသူ ၁၀ ဦး လိုအပ်သည်။ ချူးယွဲ့လီသည် ချိတ်ပိတ်ခြင်းကို ခိုင်ခံ့စေနိုင်မည့် နည်းလမ်းရှာရန် ခရီးထွက်သွားခဲ့သဖြင့် ယခု သူမ မရှိနေသဖြင့် အကြီးအကဲရှစ်ဦးနှင့် နန်းတော်သခင်အပါအဝင် အင်ပါယာတစ်ပိုင်းအဆင့် ကိုးဦးသာ ရှိနေသည်။ ထို့ကြောင့် ထိုအစီအရင်လည်း လုပ်ဆောင်၍ မရနိုင်ပေ။

၎င်းတို့ ကိုးယောက်၏ စွမ်းအင်သည် အစီအရင်၏ လည်ပတ်မှုကို တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း ၎င်းသည် ပိုမိုခက်ခဲမည်မှာတော့ သေချာသည်။

ထို့အပြင် မပြည့်စုံသော အစီအရင်ဖြင့် ထိန်းချုပ်ထားနေစဥ် သားရဲကောင်ကြီး၏ သတ်ဖြတ်ခြင်းအော်ရာများ သူတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလျှင် အားလုံးလည်း အပြင်းအထန် ဒဏ်ရာရသွားကြပေဦးမည်။

“ဝေါင်း.…”

ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုအား ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အနည်းငယ်လျော့ကျသွားသော သားရဲအော်ရာသည် ယခင်ကထက် ပိုမိုပြင်းထန်လာပြန်သည်။

ကြီးမားသော ရိုက်ခတ်မှုကြောင့် တောင်တန်းတစ်ခုလုံး အနည်းငယ် လှုပ်ခါသွားခဲ့သည်။

ထိုအချိန်မှာပင် မတူညီသောနေရာ ကိုးခုမှ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အလင်းတန်းကိုးခု ထွက်ပေါ်လာပြီး အလယ်ဗဟိုဆီသို့ ရောက်ရှိလာကာ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာလေသည်။

ထို့နောက် အလင်းတန်းကိုးခုနှင့် သားရဲအော်ရာတို့ တိုက်မိသွား၏။ တစ်ခုမှာ အနက်ရောင်နှင့် အနီရောင် ရောစပ်ထားသည့် အော်ရာဖြစ်ပြီး နောက်တစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်သည့် အစီအရင်စွမ်းအား ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် သားရဲအော်ရာသည် တဖြည်းဖြည်း အားနည်းလာပြီး ဂူထဲသို့ ဖြည်းညှင်းစွာ ဖိနှိပ်ခံခဲ့ရသည်။

၎င်းကိုမြင်မှ လူတိုင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။

သို့သော် နောက်တစ်ခဏအတွင်းမှာပင် ဟိန်းဟောက်သံသုံးခု ဆက်တိုက်ထွက်လာပြီး အစီအရင်၏ စွမ်းအင်အလင်းတန်းများမှာ ဟိန်းဟောက်သံများကြောင့် ချက်ချင်း ကွဲအက်သွားလေသည်။ အန္တရာယ်ရှိသော အော်ရာသည် ချက်ချင်း ထိုးတက်လာပြန်သည်။

လူတိုင်း၏ ခန္ဓာကိုယ်များ တုန်ခါသွားကာ သူတို့၏ မျက်ဆံများသည် ရုတ်တရက် ကျုံ့သွားကြကာ တိုက်ခိုက်ရန် စတင်ပြင်ဆင်လိုက်ကြသည်။

"အစီအရင်ကို အသက်သွင်း... သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေ ဝင်မလာစေနဲ့..." ပိုင်အော့ရှန်၏ အသံသည် ရေခဲတမျှ အေးစက်နေလေသည်။

စကားပြောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီး နန်းတော် အကာအကွယ် အစီအရင်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ အခြားအကြီးအကဲများသည်လည်း ရာထူးအလိုက် လိုက်ပါဖန်တီးကြသည်။

အားလုံး၏ စွမ်းအင်ထောက်ပံ့မှုဖြင့် အစီအရင်သည် တောက်ပလာပြီး ကောင်းကင်မှ သတ်ဖြတ်ခြင်း အော်ရာအားလုံးကို နန်းတော်ထဲသို့ ရောက်ရှိမလာရန် တားဆီးထားလိုက်တော့သည်။

အင်အားစုနှစ်ရပ်သည် အချင်းချင်း ထိပ်တိုက်တွေ့ကြပြီး ကောင်းကင်နှင်းနန်းတော်မှ အကြီးအကဲများသည် မကောင်းသောစွမ်းအင်များသည် နန်းတော်အကာအကွယ် အစီအရင်၏ စွမ်းအင်ကို အဆက်မပြတ် တိုက်စားနေသည်ကို မြင်နေကြရသည်။ ၎င်းမကောင်းသော စွမ်းအင်များ၏ တိုက်စာားနှုန်းမှာ မြန်ဆန်လွန်းလှသည်။

ထို့အပြင် အစီအရင်တွင် လူမစုံသဖြင့် ၎င်း၏ ခွန်အား အပြည့်အဝကို မထုတ်ဖော်နိုင်ပဲ မကောင်းသော စွမ်းအင်များသည် နန်းတော်၏ အနောက်မြောက်ဘက်မှ အစိအရင်အား အပေါက်ငယ်တစ်ပေါက်ဖြစ်အောင် တိုက်စားကာ ပွင့်ထွက်သွားစေနိုင်ခဲ့သည်။

ပိုင်အော့ရှန်မှာ အလွန်လျှင်မြန်လှသည်။ သူမသည် ရေခဲကဲ့သို့ အေးစက်သော ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်ထုတ်ဖော်ပြီး ဖောက်ဝင်လာခဲ့သည့် နီညိုရောင် မကောင်းဆိုးဝါးစွမ်းအင်များဆီသို့ ဦးတည်ကာ ချက်ချင်း အေးခဲသွားစေခဲ့သည်။

သို့သော် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ၎င်းသည် ပိုင်အော့ရှန်၏ ဝိညာဉ်စွမ်းအင်များ၏ တားဆီးခြင်းကို ဖြတ်ကျော်ပြီး ကောင်းကင်နှင်းနန်းတော်ဆီသို့ ပျံသန်းသွားခဲ့သည်။

‘မကောင်းတော့ဘူး...!’

တခြားအကြီးအကဲများကလည်း အော်ဟစ်လိုက်ကြသည်။ သတ်ဖြတ်ခြင်းအော်ရာ၏ စွမ်းအားဖြင့် တိုက်ရိုက် တန်ပြန်တိုက်ခိုက်ခံခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် မတည်မငြိမ်ဖြစ်လာခဲ့သည်။ အစီအရင်တစ်ခုလုံး၏ စွမ်းအားသည်လည်း ယိုယွင်းပျက်စီးသွားတော့သည်။

“နှစ်ပေါင်း တစ်သောင်းရှိပြီ.... နောက်ဆုံးတော့ ငါ ထွက်လာနိုင်ခဲ့ပြီ...!"

နန်းတော်ရင်ပြင်မှ လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်ခြင်းမှ မနိုးထမီတွင်ပင် ကြီးမားသော ပေါက်ကွဲသံကို ၎င်းတို့ ကျယ်လောင်စွာ ကြားလိုက်ရသည်။

သူတို့အားလုံး အံ့အားသင့်ကာ ကြက်သေသေနေကြတော့သည်။

မူလ အစီအရင်ပုံစံ၏ စွမ်းအားသည် အဆက်မပြတ် ပြိုကျလာသည်ကို တွေ့လိုက်ကြရပြီး အားကောင်းပြီး ကြီးမားလှသော ခန္ဓာကိုယ်ကြီးတစ်ခုသည် အမှောင်တွင်းတစ်ခုထဲမှ တိုက်ရိုက် ခုန်တက်လာသည်ကို တွေ့လိုက်ကြရသည်။

ပေတစ်ရာကျော်မြင့်သော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ကို ခုန်တက်လာကာ နေရောက်ကိုပင် ဖုံးအုပ်သွားတော့သည်။ သတ်ဖြတ်ခြင်းအော်ရာသည် အနောက်ဖက်တောင်တစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး အားကောင်းသော အော်ရာတစ်ခုအဖြစ် ထုတ်လွှတ်လာလေသည်။

၎င်း၏ အရှိန်အဝါသည် အလွန်ပြင်းထန်လှသည်။ ထွက်လာသည့် စွမ်းအားမှာ ဟင်းလင်းပြင်ကိုပင် တုန်ခါစေပြီး တောင်တန်းများနှင့် မြေပြင်ကို အက်ကွဲသံများ အဆက်မပြတ် ထွက်လာစေသည်။

ထိုခန္ဓာကိုယ်ကြီးကို မျက်မြင် တွေ့လိုက်ရသူတိုင်း အားလုံး အံ့သြသွားကြသည်။

ထောက်ထျဲ့ သည် နှစ်ပေါင်းများစွာ ပိတ်မိနေသောကြောင့် သူ့နှလုံးသားထဲတွင် လက်စားချေရန် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ ထိုသတ္တဝါကြီးသည် အပြင်ရောက်သည်နှင့် ကြီးမားလှသော ပါးစပ်ကြီးကိုဖွင့်ကာ ကောင်းကင်ပြင်ရှိ အစီအရင် အားလုံးကို မျိုချလိုက်သည်။

ကမ္ဘာကြီးမှာ ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်လာသလို ဖြစ်နေတော့သည်။ ထောက်ထျဲ့အား ချုပ်နှောင်ထားသော အစီအရင်များအားလုံး ဖျက်စီးခံလိုက်ရပြီး ထောက်ထျဲ့၏ ဝါးမျိုခြင်းအား ခံလိုက်ရတော့သည်။

လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားစေရန်အတွက် ၎င်းတို့၏ဝိညာဉ်ချီစွမ်းအင်များကို လျင်မြန်စွာ ဖြန့်ကျက်ကာကွယ်ကြရသည်။

"ကောင်းကင်နှင်းနန်းတော်က တပည့်တွေအကုန်လုံး သေသင့်တယ်...!"

ထိုစကားနှင့်အတူ ထျောက်ထျဲ့၏ နှလုံးသားထဲမှ အလွန်တရာမုန်းတီးမှု ပြင်းထန်လွန်းသည့် အော်ရာများ ထွက်လာတော့သည်။

ထို့အတူ ကြောက်မက်ဖွယ်ကောင်းသော တိုက်စားနိုင်သော စွမ်းအားသည် ပို၍ပင် ကြမ်းတမ်းပြီး လှိုင်းထန်လာသည်။

သားရဲကြီးမှာ အမုန်းတရားများကြောင့် လူများကို ဝါးမြိုချင်နေရုံသာမက ကောင်းကင်နှင်းနန်းတော်တစ်ခုလုံးကိုပါ ဝါးမြိုချင်နေခဲ့သည်။ ဤနည်းဖြင့်သာ သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားရသည့် အမုန်းတရားများကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် အမှောင်တွင်းနက်ကြီးထဲမှာသာ နေခဲ့ရခြင်းမှာ သူ့ ပင်ကိုယ်စရိုက်အား အရင်ကထက် ပိုကြမ်းတမ်းလာစေခဲ့သည်။

"နန်းတော်သခင်.... ကျုပ်တို့ ဘာလုပ်ရမှာလဲ..."

နန်းတော်အကာအကွယ် အစီအရင်အား ထိန်းထားဖို့ ရုန်းကန်ကြရင်း မေးလိုက်သည်။ ထို့အတူ သူတို့ခန္ဓာကိုယ်များမှာလည်း သားရဲကြီး၏ ပါးစပ်ထံ တရွေ့ရွေ့....။

“နောက်မဆုတ်နဲ့... အားလုံး သူ့မျက်လုံးတွေကို တိုက်ခိုက်ကြ..."

ပိုင်အော့ရှန်သည်လည်း ပြတ်သားသောသူတစ်ယောက်ပင် ဖြစ်သည်။ ထောက်ထျဲ့ သည် အချုပ်အနှောင် အစီအရင်မှ လုံးလုံးလျားလျား လွတ်မြောက်သွားပြီဖြစ်ကြောင်း သူမ သဘောပေါက်သည်။

ယခုအချိန်တွင် အရေးအကြီးဆုံးမှာ တတ်နိုင်သ၍ တားဆီးရန် ဖြစ်သည်။ သူတို့ကိုယ်သူတို့ စတေးရလျှင်ပင် အရေးမကြီးပေ။ ကောင်းကင်နှင်းနန်းတော် ပျက်စီးသွားလျှင် ပြန်လည်တည်ဆောက်၍ရသည်။

သားရဲကြီးအား ပြန်မတိုက်ခိုက်ပဲ အရှုံးပေးခဲ့လျှင် နောက်တမလွန်တွင် သူမသည် ဂိုဏ်း၏ဘိုးဘေးများနှင့် တွေ့ဆုံရာတွင် မည်သို့သော မျက်နှာမျိုးနှင့် အရှက်မရှိတွေ့ဆုံရန် မျှော်လင့်နိုင်မည်နည်း။

ထို့ကြောင့် သူမ၏အသက်ကို စွန့်ရမည်ဆိုလျှင်ပင် ထောက်ထျဲ့ ကို တားဆီးပြီး ပြန်လည်အကျဥ်းချနိုင်ရမည်။

အခြားအကြီးအကဲများသည် ထိုစကားကိုကြားသောအခါတွင် ၎င်းတို့သည်လည်း လုံးဝတွန့်ဆုတ်မနေတော့ဘဲ ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား အကုန်လုံးကို အသုံးပြုကြတော့သည်။

တခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်းကိုးခုမှ ပြင်းထန်သည့် ရေခဲစွမ်းအင်စီးကြောင်းများကို ထုတ်လွှတ်လိုက်သည်နှင့် လေထုပင် အေးခဲသွားပုံရလေသည်။

တောင်စောင်းတစ်ခုလုံးသည် ရေခဲများနှင့် နှင်းများဖုံးလွှမ်းနေသည့် ကမ္ဘာဖြစ်လာပုံရနေသည်။ အပူချိန်မှာပင် တစ်ရာဒီဂရီကျော် ကျဆင်းသွားတော့သည်။

“သွားစမ်း...!”

စွမ်းအင်စီးကြောင်း ကိုးခုသည် လေထဲတွင် စုရုံးသွားပြီး ပို၍ပင် အားကောင်းလာသည်။

ထိုမျှ အားကောင်းလှသည့် ရေခဲစွမ်းအင်စီးကြောင်းကြီးသည်‌ ထျောက်ထျဲ့၏ မျက်ခွံနှင့် လျင်မြန်စွာ တိုက်မိသွားကာ အသံအကျယ်ကြီး ထွက်လာလေသည်။

သို့သော်လည်း ထောက်ထျဲ့ သည် သူ၏မျက်ခွံများကိုသာ တစ်ချက် ခါယမ်းလိုက်သည်။ ဒဏ်ရာ လုံးဝမရရှိခဲ့ပေ။

ထိုအဖြစ်မှာ လူတိုင်းကို ထိတ်လန့်သွားစေသည်။

၎င်းမှာ သူတို့၏ အင်ပါယာတစ်ပိုင်း ကိုးပါး၏ ပူးပေါင်းတိုက်ခိုက်မှုတစ်ခုဟု သိထားကြသည်။ ၎င်းတို့၏ စွမ်းအင်များ ပေါင်းစပ်သွားသည့်တိုင် သားရဲကြီး၏ ခံစစ်ကို မဖြတ်ကျော်နိုင်သေးပေ။

ဤအရာသည် မည်သို့သော သတ္တဝါကြီး ဖြစ်သနည်း။

တစ်ချိန်တည်းမှာပင် စိတ်ပျက်အားငယ်မှုလှိုင်းလုံးများက သူတို့၏နှလုံးသားကို ပြည့်နှက်သွားသည်။

ထောက်ထျဲ့ သည် အင်ပါယာနယ်ပယ် အဆင့်တစ်ဝက်သို့ တက်လှမ်းနေပြီ ဖြစ်နိုင်သလော။

ဤထောက်ထျဲ့သည် မြေအောက်ပင်လယ်တွင် သောင်းကျန်းခဲ့စဥ်က အင်ပါယာတစ်ပိုင်းအဆင့်တွင်ပင် ရှိကြောင်း ၎င်းတို့ နန်းတော်၏ မှတ်တမ်းများအရ သိထားကြသည်။ ယခုအခါ သူ၏လက်ရှိအင်အားသည် အထွတ်အထိပ် အင်ပါယာတစ်ပိုင်းအဆင့်၏ ကန့်သတ်ချက်များကို ကျော်လွန်နေခဲ့သည်။

ထိုသို့ဆိုလျှင် သူတို့၏ ကောင်းကင်နှင်းနန်းတော်သည် အန္တရာယ် ကြီးကြီးမားမားရှိရုံသာမက မြောက်ပိုင်းဒေသတစ်ခုလုံးသည် ယခုအခါ အန္တရာယ်ကြီးစွာကျရောက်နေပြီဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူတို့ ဘာလုပ်ကြရတော့မည်နည်း။

Pokračovat ve čtení

Mohlo by se ti líbit

89.8K 7.8K 171
"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator:...
1.4K 164 27
Description 💥 အသက်ဆယ့်သုံးနှစ်တွင် သူသည် အိုမီဂါအဖြစ်စာရင်းဝင်သွားပြီးသည့်နောက် ရုန်ယီသည် အသေးစားဆုလေးတစ်ခုတောင်းခဲ့သည်။ အနာဂတ်တွင်သူသည် မြင့်မားသေ...
259K 10.4K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
24.4K 1.1K 18
إن كُتِب قدر شخصين معاً فسيتقاطع طريقهما ذات يوم حتماً ليحوما حول الدنيا إذا ارادا للعثور على بعض وليختبئا للهروب من البعض وهجنا وثابتنا دكاترنا ا...