ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.6K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

263

175 12 0
By AyePhyoe0

အခန်း 263- မဟာတာအိုနတ်ဘုရားလက်သီး

သို့သော် ခဏကြာလျှင် အားလုံးမှာ ထိတ်လန့်စွာနှင့် မျက်လုံးများ ပြူးကြည့်လိုက်မိကြသည်။

အနက်ရောင်လျှပ်စီးကြောင်းသည် ရီချန်းဂျီ အနီးသို့ပင် ရောက်မလာမီကတည်းက ၎င်းသည် အပိုင်းပိုင်းကွဲအက်သွားပြီး ပြန့်ကျဲသွားသော စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပတ်ဝန်းကျင်သည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

"အင်ပါယာအဆင့်က ဘယ်လောက်ကြောက်စရာ ကောင်းလိုက်လဲ..."

“ဒါဟာ အရင်လို အဆင့်တက်ကပ်ဘေးရဲ့ လျှပ်စီးကြောင်းတောင် မဟုတ်ဘူး... ဒါက ကမ္ဘာကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ လျှပ်စီးပဲ... အရင်က လျှပ်စီးတွေထက် အဆပေါင်း ရာနဲ့ချီ ပိုပြင်းထန်ပေမယ့် အင်ပါယာရှေ့မှာ ဒီအတိုင်း ပျောက်သွားတယ်....”

"ဒါဆို ငါတို့ တကယ် ရှင်သန်နိုင်ဦးမှာပေါ့..."

"စောင့်ကြည့်ပါဦး... ဒါက ပထမအချီပဲရှိသေးတာလေ.... ကောင်းကင်တာအိုက ဒီလောက် ပျော့ညံ့မှာ မဟုတ်ဘူးလို့ ခံစားရတာပဲ...”

လူတိုင်းမှာ မလှုပ်ရှားနိုင်လောက်အောင် ဖိနှိပ်ခံနေခဲ့ရသော်လည်း စကားပြောဆိုနိုင်ဆဲဖြစ်သည်။

အားလုံးမှာ သူတို့ရှေ့မှ ဝတ်ရုံနက်နှင့် လူငယ်ကို စိုက်ကြည့်နေမိကြသည်။ သူ့၏ ပုံရိပ်မှာ ကောင်းကင်တာအိုနှင့် ယှဉ်လျှင် အလွန်သေးငယ်သော်လည်း လူတိုင်း၏ အမြင်မှာတော့ သူ့မှာ နှိုင်းယှဉ်လို့မရလောက်အောင် မြင့်မားပြီး သန်မာနေခဲ့သည်။

"မင်းလည်း ငါ့ဆီက လက်သီးချက်တစ်ချက်ကို ခံနိုင်ဖို့ ကြိုးစားသင့်တယ်...!" ရီချန်းဂျီ၏ ရှည်လျားသောဆံပင်များသည် လေထဲတွင် လွင့်ဝဲနေပြီး သူ၏အော်ရာမှာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ထို့နောက် သူ၏ညာလက်ကို မြှောက်လိုက်ရာ ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး တောက်ပသောအလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာလေသည်။

သူသည် ကောင်းကင်တာအိုထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။

ရီချန်းဂျီအား ဗဟိုပြု၍ စွမ်းအင်လှိုင်းလုံးများသည် နေရာတိုင်းသို့ လျင်မြန်စွာပျံ့နှံ့သွားလေသည်။

ဤတိုက်ခိုက်မှုတွင် ဟင်းလင်းပြင်သည်ပင် မခံနိုင်သော စွမ်းအင်များ ပါဝင်နေလေသည်။ လက်သီးချက်နောက်တွင် ဟင်းလင်းပြင်ပင် ပြိုပျက်၍ ကျန်ရစ်ခဲ့ပြီး ကြည့်နေသူများအား ကြောက်မက်ဖွယ်ရာ တုန်လှုပ်ချောက်ချားမှုကို ပေးနေခဲ့သည်။

လူများသည် ကောင်းကင်တာအို၏ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ခဲ့ရပြီး ယခုအချိန်တွင်လည်း ကောင်းကင်တာအိုအား ပြန်လည်တိုက်ခိုက်နေသော သူကို မြင်နေရသဖြင့် သူတို့၏နှလုံးသားများသည် ရင်ဘတ်များမှ ခုန်ထွက်တော့မတတ် ဖြစ်နေကာ ကျောကုန်းမှ ချွေးများ စီးကျနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်တာအို၏ လျှပ်စီးကြောင်းသည်လည်း ကျဆင်းလာလေသည်။

ပျက်စီးခြင်း အော်ရာများနှင့်အတူ ဒါဇင်နှင့်ချီသည့် လျှပ်စီးကြောင်းများ၏ စွမ်းအင်မှာ ကပ်ဘေးတိမ်တိုက်များဆီမှ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။ အလင်းတန်းနှစ်ခု တိုက်မိပြီး အားကောင်းသော စွမ်းအင်တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။

ကမ္ဘာကြီး ပေါက်ကွဲသွားသလိုပင် ခံစားလိုက်ရသည်။

အဆုံးမရှိသော စွမ်းအင် လှိုင်းလုံးများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွား၏။ အလင်းတန်း‌နှစ်ခု တွေ့ဆုံရာနေရာအနီးရှိ ဟင်းလင်းပြင်သည် ကွဲကြေသွားကာ မရေမတွက်နိုင်သော တောင်တန်းများသည် ချက်ချင်းပင် ပြာများအဖြစ်သို့ ပြောင်းလဲသွား၏။

မကြာခင်မှာပင် ပြင်းပြင်းထန်ထန် စုပ်ယူနေသည့် စွမ်းအားတစ်ခု ထွက်လာလေသည်။ ၎င်းမှာ ရှေးဦးသားရဲတစ်ကောင်သည် ၎င်း၏ ပါးစပ်ကြီးကိုဖွင့်ကာ ၎င်းပတ်ပတ်လည်ရှိ အရာအားလုံးကို စားသောက်ဝါးမျိုနေသကဲ့သို့ ဖြစ်သည်။

နင်းမန်မန်းနှင့် အခြားသူများသည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခုခံရန် ရီချန်းဂျီ ဖန်တီးထားသည့် အကာအကွယ် အတားအဆီးတစ်ခုအောက်တွင် ရှိနေခဲ့ကြသည်။

သို့သော်လည်း အခြားသူများမှာ ကောင်းကင်တာအို၏ စွမ်းအားဖြင့် ဖိနှိပ်ခြင်း ခံထားခဲ့ရသည်။ သူတို့သည် ထိုစွမ်းအင်ကို လုံး၀မခုခံနိုင်ဘဲ တိုက်ရိုက်စုပ်ယူခံခဲ့ရလေသည်။

၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်အပေါက်ကြီး ဖြစ်သည်။ ၎င်းအထဲသို့ အင်ပါယာတစ်ပိုင်းအဆင့်ပင် ကျရောက်သွားခဲ့လျှင် ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်စွမ်းအင်များအကြား အပိုင်းပိုင်း စုတ်ပြဲသွားပေလိမ့်မည်။

ပိုကြောက်စရာကောင်းသည်မှာ ထိုအထဲတွင် ဝိညာဉ်စွမ်းအင်တစ်စက်မျှ မရှိခြင်း ဖြစ်သည်။ ကျရောက်သွားသူတိုင်းသည် သေခြင်းတရားကို စောင့်ဆိုင်းနေကြရမည်ဟု ဆိုနိုင်သည်။

ဟင်းလင်းပြင်စွမ်းအင်များကြောင့် မသေလျှင်ပင် အားပြတ်ကာ သေခြင်းတရားကို ရင်ဆိုင်ရပေမည်။

ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင်အပေါက်ကြီးသည် အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

စုပ်ယူနေသော စွမ်းအားသည် အပေါက်ကြီး စေ့ပိတ်သွားသည်နှင့်အတူ ပျောက်ကွယ်သွားပြီး လူတိုင်း၏ ဖိအားများ အနည်းငယ် လျော့ပါးသွားသည်။

မုန်တိုင်းများစွာ ကျော်လွန်ပြီးနောက် အစက ဤလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည့် လူထောင်ပေါင်းများစွာပါရှိသော အဖွဲ့၏တစ်ဝက်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။ လူတိုင်းသည် အစောပိုင်းထိတ်လန့်မှုမှ မသက်သာသေးသလို ၎င်းတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဆက်ရှိနေဆဲဖြစ်သည်။

ကြောက်စရာကောင်းလွန်းသည်။

“ကောင်းကင်ကို ဆန့်ကျင်သောသူတို့သည် သေရမည်...”

ထိုအချိန်တွင် ကောင်းကင်တာအို၏ အသံသည် ထပ်၍ ထွက်ပေါ်လာပြန်သည်။

သူ့အသံမှာ ဒေါသများဖြင့် ပြည့်နေလေသည်။

ယခင်တိုက်ခိုက်မှုနှစ်ခုကြောင့် သူသည် ကောင်းကင်တာအိုကို တိုက်ရိုက်ဒေါသထွက်စေခဲ့သည်။

နောက်တစ်ကြိမ်တိုက်ခိုက်မှုသည် ကမ္ဘာ၏အဆုံးသတ်ဖြစ်သကဲ့သို့ အဆုံးမဲ့ကပ်ဘေးတိမ်တိုက်များလည်း ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်တွင် လျှပ်စီးများ အားလုံးစုစည်းသွားပြီး ပတ်ဝန်းကျင်တွင် တဖြတ်ဖြတ်လက်နေသော မိုးကြိုးများသည် အလယ်ဗဟိုရှိ မိုးကြိုးများနှင့် ရောနှောသွားသည်။

အသူရာနဂါးလျှို့ဝှက်နယ်မြေ၏ နေရာတိုင်းတွင် ပို၍ပင် ပြင်းထန်သော အော်ရာတစ်ခု တိုက်ရိုက် ပျံ့နှံ့လာသည်။ ထိုအချိန်တွင် မြေပြင်ပေါ်တွင် ဝပ်နေသော ကျင့်ကြံသူများ သို့မဟုတ် အဝေးတွင်ရှိနေသော နတ်ဆိုးသားရဲများဖြစ်စေ ၎င်းတို့အားလုံးသည် သူတို့၏ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအရပ်မှ ထွက်လာသော ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသဖြင့် တုန်လှုပ်စွာ မြေကြီးပေါ်မှာ ဝပ်နေကြ၏။

"ဒါက တကယ်တိုက်ခိုက်မှုလား..." ရီချန်းဂျီ၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်လာသည်။ သူလုံးဝကြောက်ရွံ့ပုံမပေါ်ပေ။

အခုမှ သူသည် သွေးပူစသာ ရှိသေးပြီး ပြီးခဲ့သည့် လက်သီးချက်တွင်လည်း သူ့ခွန်အား၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ အသုံးပြုထားခဲ့သည်။ သူ့တွင် လုံးဝ ဖိအား မရှိသေးပေ။

အကယ်၍သာ ကောင်းကင်တာအိုသည် ၎င်း၏ စစ်မှန်သော ခွန်အားကို အသုံးမပြုလိုလျှင် ဤနေရာတွင် အချိန်ဖြုန်းနေစရာမလိုပေ။

သူစိတ်မရှည်တော့သဖြင့် ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။ အပေါ်မှ ကောင်းကင်တာအိုကို မော့ကြည့်ပြီး မဟာတာအို နတ်ဘုရားလက်သီးကို တိုက်ရိုက် အသုံးပြုခဲ့တော့သည်။

ဤသည်မှာ နတ်ဘုရားအဆင့်သို့ သူတက်ရောက်စဥ်က မဟာတာအိုသုံးထောင်အနက်မှ သူနားလည်သဘောပေါက်ခဲ့သော ပြင်းထန်သော နတ်ဘုရားလက်သီးချက်ဖြစ်သည်။

၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါရှိပြီး ကမ္ဘာကြီးကို ဖျက်ဆီးကာ စကြာဝဠာကိုပင် ပြောင်းပြန်လှန်နိုင်စွမ်းရှိသည်။

ဤလက်သီးချက်ပေါ်လာသည်နှင့် ကောင်းကင်တာအိုပင် နောက်ဆုတ်သွားခဲ့ရလေသည်။

မဟာတာအိုသည် ကမ္ဘာတစ်ခုဖြစ်တည်လာသည်ဆိုကတည်းက ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူများသည် မဟာတာအိုသုံးထောင်၏ နိယာမများကို နားလည်ရန် အခွင့်အလမ်းမရှိပေ။

သူတို့နားလည်နိုင်သည်မှာ မဟာတာအိုမှ ဆင်းသက်လာသည့် တာအိုလမ်းစဥ်ခွဲ ကောင်းကင်တာအိုများသာ ဖြစ်သည်။

ထို့ကြောင့်လည်း မဟာတာအိုလမ်းစဥ်အား နားလည်ရာမှ ဖန်တီးထားသည့် လက်သီးချက်ကိုမြင်လျှင် ကောင်းကင်တာအို နောက်ဆုံးသွားခြင်းဖြစ်သည်။ ကောင်းကင်တာအို ထိုအရာကို ယှဥ်မတိုက်ရဲပေ။

ဝုန်း....!

ရီချန်းဂျီ၏ လက်သီးတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော သင်္ကေတတစ်ခု ပျံ့နှံ့သွား၏။ မဟာတာအိုသည် တဝုန်းဝုန်းမြည်ဟီးနေကာ ကောင်းကင်နှင့်မြေကြီးလည်း အဆက်မပြတ် တုန်ခါနေလေသည်။

ထိုမျှမက ကောင်းကင်တာအိုမျက်လုံးကြီးတစ်ခုလုံးလည်း ပုံရိပ်ယောင်ကဲ့သို့ ဖြစ်ပါလာပြီး ကြည့်နေသူတိုင်းကို ထူးဆန်းသည့် ထင်ယောင်ထင်မှား ဖြစ်လာစေလေသည်။ သူသည် သူတို့အနားတွင် ရှိနေသည်မှာ ထင်ရှားနေသော်လည်း ၎င်းမှာ ထူးဆန်းပြီး နားမလည်နိုင်သော ခံစားချက်တစ်ခုဖြစ်သည်။

လူများမှာ မဟာတာအို နတ်ဘုရားလက်သီးချက် ပေါ်လာသည်ကို သတိမထားမိဘဲ ကောင်းကင်ယံတွင် ကောင်းကင်တာအို၏ မျက်လုံးကြီး ကျုံ့သွားသည်ကိုသာ မြင်လိုက်ကြလေသည်။

၎င်း၏ အကြည့်များသည် တစ်စုံတစ်ခုကို သတိရနေဟန်နှင့် ရီချန်းဂျီအား စိုက်ကြည့်နေဟန် ရလေသည်။

ထို့နောက် အချိန်အတော်ကြာအောင် စုစည်းနေခဲ့သည့် လျှပ်စီးကြောင်းသည် နောက်ဆုံးတွင် ရီချန်းဂျီထံသို့ တည့်တည့်ကျဆင်းသွားလေသည်။

ဤတစ်ကြိမ် လျှပ်စီးကြောင်း၏ အော်ရာသည် ယခင်လျှပ်စီးကြောင်းများကို ကျော်တက်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားတစ်ခုအား တိုက်ရိုက်သယ်ဆောင်ကာ အလွန်မြန်ဆန်စွာ ဆင်းသက်လာလေသည်။

ဤသည်မှာ ကမ္ဘာကြီးကို ဖျက်ဆီးသော မိုးကြိုးတစ်ခု ဖြစ်ပေတော့မည်။

၎င်း၏ပစ်မှတ်သည် ရီချန်းဂျီ တစ်ယောက်တည်းသာမက အသူရာနဂါးလျှို့ဝှက်နယ်မြေရှိ သက်ရှိသတ္တဝါအားလုံးဖြစ်သည်။ ၎င်းတွင် သယ်ဆောင်လာသည့်ခွန်အားမှာ အဆမတန်ကို ပြင်းထန်ကာ ကြောက်စရာကောင်းလွန်းနေလေသည်။

၎င်းသည် သာမန်မိုးကြိုးထက် အဆတစ်ရာကျော် ကြီးမားပြီး အနက်ရောင် မိုးကြိုးလျှပ်စီးပေါ်တွင် ကောင်းကင်တာအို သင်္ကေတများ ဆက်တိုက် ပျံ့နှံ့နေလေသည်။

အဝေးမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏စိတ်ဝိညာဉ်များသည် ကြီးမားသောထိုးနှက်မှုကို ခံစားခဲ့ရပြီး ဖော်မပြနိုင်သော နာကျင်မှုလှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။

ဤလျှပ်စီးကြောင်း ကမ္ဘာမြေပေါ် ကျရောက်လာသည်နှင့် အသူရာနဂါးလျှို့ဝှက်နယ်မြေနှင့် ဤနယ်မြေရှိ သတ္တဝါအားလုံးပါ လုံးဝ အစအနပင် မကျန်အောင် ဖျက်စိးခံရမည်ကို သံသယရှိစရာမလိုပေ။

တစ်ချိန်တည်းမှာပင် လူတိုင်း၏ နှလုံးသားထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ရီချန်းဂျီသည် ဤမျှအားကောင်းသည့် မိုးကြိုးကိုရော ခံနိုင်ရည်ရှိမည်လော....။

တိုက်မိတော့မည့် အလင်းတန်းနှစ်ခုကို ကြည့်ရင်း လူတိုင်း အသက်ရှူကြပ် နေခဲ့ကြသည်။ ဤသည်မှာ သူတို့အတွက် သေခြင်းရှင်ခြင်းကိစ္စ ဖြစ်သည်။

အောင်ပွဲသည် အသက်ကို ဆိုလိုသည်။

ရှုံးနိမ့်ခြင်းဆိုသည်မှာ သေခြင်းပင်ဖြစ်သည်။

Continue Reading

You'll Also Like

254K 10.4K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
53.2K 5.2K 101
ဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတ...
101K 5.3K 33
Pluto thai gl novel မြန်မာဘာသာပြန်
73K 6K 36
U+Z ဒီနေ့မင်းလွင် + ဒီယောရာဇာဓိရာဇ်