Unicode
ခွန်းနင်နန်းတော်ရာပုံပြင်
အပိုင်း -၈၃ မက်မွန်ပန်းကိတ် နှင့် အမွှေးအိတ်
ယနေ့ ကျန်းရွှယ်နင်သည် စကားများရန်ဖြစ်ရန် သို့မဟုတ် မကျေမနပ်မှုများပြသရန် မဟုတ် ချင်တီးခတ်ရန် လာခဲ့တာပင် ။ထို့ပြင် ရှဲ့ဝေ သည် သူမအား ဆူပူခြင်း နှောင့်ယှက်ခြင်းမရှိခဲ့ပေ။ နင်အာ ဟူသော အမည်ကို ခဏတာမျှ တွေးလိုက်မိရုံနဲ့ သူမနှလုံးသားက ရုတ်တရက် ထိန်းချုပ်လို့ မရနိုင် ဖြစ်သွားခဲ့တာပင် ။
သူများတွေရှေ့မှာ ငိုနေမိတာ အမြဲတမ်း ရှက်စရာကောင်းလွန်းတယ်။
ကျန်းရွှယ်နင် သည် အင်္ကျီလက်များကို အမြန်ဆွဲယူလိုက်ပြီး သူမ၏မျက်နှာပေါ် ကြောင်တစ်ကောင်လို နီရဲပြီး စွန်းထင်းသွားသည်အထိ မျက်ရည်များကို သုတ်ပစ်လိုက်သည်။
“သဲတွေ မျက်လုံးထဲကိုဝင်သွားလို့ပါ၊ အဆင်ပြေပါတယ်”
ရှဲ့ဝေ : “…”
ရှဲ့ဝေ ရုတ်တရက် စကားမပြောနိုင်။
ကျန်းရွှယ်နင်က ချက်ချင်းပဲ အားတက်သရောနဲ့ ဘာမှ အမှားအယွင်းမရှိသလို၊ ဆေးစာအုပ်ကို ဘေးဖယ်ထားလိုက်ပြီး
“ရှန်းရှန် ၊ ဒီနေ့ လက်ထိုးလေ့ကျင့်ထာတဲ့ “ လရောင် နောက်လိုက်သော ရောင်စုံတိမ်တိုက်များ “ ဆိုတဲ့ တေးသွားကို တီးပြရမလား? “
ရှဲ့ဝေ က သူမကို တွေဝေစွာကြည့်နေရင်း “အမ်” ဟုဆိုကာ
“ကောင်းပြီ “
ဟုပြောလာသည်။
ကျန်းရွှယ်နင် က ဘာမှပြန်မပြောဘဲ စားပွဲပေါ်မှ ချင်ကို တည့်မတ်လိုက်သည်။
သူမသည် ယခုရက်များအတွင်း လေ့ကျင့်တာကို အားမလျှော့ခဲ့ပေ။
ရှဲ့ဝေက စိတ်မတည်ငြိမ်ရင် ချင်ကို မထိရဘူးလို့ အရင်တုန်းက ချင်ကို မတီးခတ်ခဲ့ပေမယ့် တကယ်တမ်းတော့ ရှဲ့ဝေ လက်အောက်မှာ အရာတွေကို သင်ယူရတာဟာ မလွယ်ကူ ပေမယ့် အကျိုးလဲ ဖြစ်ထွန်းနိုင်တယ်ဆိုတာ သိလာရသည်။ အကြောင်းမှာ ဤလူသည် အရာရာတိုင်းကို အလွန်အလေးအနက်ထားသောကြောင့်ဖြစ်သည်။
ဒီအချိန်မှာ ကျန်းရွှယ်နင်ဘာကိုမှ မစဉ်းစားဘဲ ကြိုးတွေကို စတင်တီးခတ်တော့သည် ။
ဒီအချိန်ကာလက ဆောင်းနေ့လည်ခင်းပင်။
ဒီနေ့ သူလာမယ်လို့ ရှဲ့ဝေက ဘယ်သူကိုမှ အကြောင်းမကြားထားတဲ့အတွက် ဤခန်းမကြီးရှိ မီးသွေးအင်တုံသည် ပူနေသင့်ချိန်တွင် မပူတော့ကြောင်းနှင့် ပြတင်းပေါက် ခါးပန်းတံခါးမှာ တစ်ဝက်ပွင့်နေပြီး အထီးကျန်အအေးဓာတ်ကို လွင့်ပျံလာစေသည် ။ လေတိုက်သည်နှင့် ကောင်းကင်သည် အေးစိမ့်သောအလင်းရောင်ဖြင့်အတူ လေထဲတွင် ရစ်ပတ်နေပြီး စိမ်းညိုမှောင်သော တာအိုဝတ်ရုံ၏ ထောင့်စွန်းသို့ ကျရောက်လာသည်။ရှဲ့ဝေ က ကျန်းရွှယ်နင် ချင်တီးခတ်နေတာကို ကြည့်ရင်း စာအုပ်စင်ရှေ့မှာ ခပ်လှမ်းလှမ်းမှာ ရပ်လို့နေသည်။
စိတ်နှလုံးသားက မငြိမ်သက်နိုင်တာတော့ အမှန်ပါပဲ။
ဒါပေမယ့် စိတ်တည်ငြိမ်မှုဆိုတာ တကယ်တော့ တည်ဆောက်လို့ရတဲ့ အရာပါ။
ဤမိန်းကလေး၏ မျက်၀န်းများသည် မျက်ရည်များဖြင့် စိုစွတ်နေသေးပြီး သူမ၏ မျက်နှာသေးသေးလေးသည် ပန်းရောင်မျက်နှာချေမှုန့်များဖြင့် စွန်းထင်းလို့နေသည်။ သူမ၏ မှိတ်ထားသော မျက်လုံးတစ်စုံသည် သဘာဝအတိုင်း နိမ့်ကျသွားကာ သူမ၏ ရှည်လျားသော မျက်တောင်များသည် ၎င်းတို့အား ပေါ့ပါးစွာ ဖုံးအုပ်ထားသည်။ သူမလေးသည် ရှဲ့ဝေ ယခင်က မမြင်ဖူးခဲ့သော လေးနက်မှုကို ပြသနေခဲ့သည်။
ကျန်းရွှယ်နင်၏ လက်ငါးချောင်းသည် ရှည်လျားသွယ်လျပြီး ချင်ကြိုးထက် ပြေးလွှားကစားရန် အသင့်တော်ဆုံးဖြစ်သည်။
တေးသွားများသည် တိကျပြီး အသံ အားလုံးသည် လိုက်လျောညီထွေ ရှိသည်။ လက်ချောင်းများနှင့် အကြားအာရုံကြား ဆက်စပ်မှုမှာ အနည်းငယ် ကြမ်းတမ်းနေသေးသော်လည်း မျက်နှာပြင်ထက်က အသွင်အပြင်နှင့် ဖုန်းချန်နန်းဆောင် မှာ ချင်ကို စသင်ယူစဉ်က ရှိခဲ့တဲ့ နိမ့်ကျတဲ့ သဘောထားများကလဲ ပျောက်ကွယ်သွားခဲ့ပါပြီ ဖြစ်သည် ။
တုန်ခါနေသော ကြိုးများထက်မှ စီးဆင်းလာသော ချင်တီးသံ။
ခန်းမထဲမှာ ခဏတာ တစ်ခြား ဘာအသံမှ အသံမထွက်။
တေးသွားပြီးခါနီးသောအခါ ရှဲ့ဝေ ရဲ့ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်
“ ဒီရက်ပိုင်း လေ့ကျင့်မှုတွေက သဲကန္တာရလို မကြမ်းတမ်း တော့ဘူးပဲ ။ အိပ်ဖို့အတွက် ဒီဘက်ခန်းမကို လာခဲ့တာ မဟုတ်တော့ ကျေနပ်စရာပဲ။ ”
ဒါဟာ ရှဲ့ဝေ နောက်ဆုံးအကြိမ် ချင်တီးခတ်ရင်း အိပ်ပျော်သွားတဲ့အကြောင်း ဟာသတစ်ခုပင် ။
ကျန်းရွှယ်နင် က
“ဒါက ခြွင်းချက်တစ်ခုပါ။”
ဒါပေမယ့် သူမကိုယ်သူမ ခုခံကာကွယ်တဲ့ စကားပြောပြီးတာနဲ့ သူမဗိုက်ထဲက ဆာလောင်မွတ်သိပ်တဲ့ ခံစားချက်က သဘာဝအတိုင်း မြင့်တက်လာကာ နူးညံ့တဲ့ အူကြောင်ကြောင် “ဂွီ” အသံလေး အဖြစ် ပေါ်ထွက်လာသည်။ လူတွေအများကြီး ဆူညံနေမယ်ဆိုရင် မသိသာတာကြောင့် အဆင်ပြေနိုင်ပေမယ့် ဒီအချိန်မှာ ခန်းမအတွင်းရှိနေတဲ့ လူက သူမ နှင့် ရှဲ့ဝေ တို့သာ၊ နောက်ပြီး တံစက်မြိတ်က လေတိုးသံကျဲကျဲကိုကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်နေသေးသည် ။ ဒါ့ကြောင့် ထိုအသံ လေးသည်နေသာသောနေ့တွင် မိုးခြိမ်းလိုက်သကဲ့သို့ ထင်ရှားသည်။
ကျန်းရွှယ်နင်: “…”
ရှဲ့ဝေ: “…”
မျက်လုံးလေးလုံး ဆုံလိုက်သည်နှင့် တစ်ယောက်က ရှက်ရွံ့စွာ နီရဲနေသည့်အပြင် မြေတွင်းကို တူးပြီး ပုန်းလိုက်နိုင်ပါစေဟု ဆန္ဒရှိနေကာ ကျန်တစ်ယောက်က သူမကို တိတ်တဆိတ် စောင့်ကြည့်နေပြီး မမျှော်လင့်ဘဲ ရယ်နေသည်။
ရှဲ့ဝေ က လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းလွှာတွေကို ညင်သာစွာ ဖိလိုက်တယ်။ သူက သူ့အပြုံးကို မထိန်းနိုင်ဘဲ
“အဲဒါက ခြွင်းချက်တစ်ခု အဖြစ် ထားပါတော့ ။ ပြီးခဲ့တဲ့ အကြိမ်က တစ်မျိုး၊ ဒီတစ်ခါတော့ လုံလောက်အောင် မစားခဲ့ရဘူးပေါ့ ဟုတ်လား ။နန်းတော်မှာရှိတဲ့သူတိုင်းက မင်းကို မင်းသမီးကို ဘယ်လောက်တောင် သဘောကျနှစ်ခြိုက်ကြောင်းပဲ ပြောနေကြတာ။ မဟုတ်ရင် မင်းကို အိပ်ချိန်နဲ့ စားစရာမရှိတဲ့အပြင် နန်းတော်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရဖို့ လာခဲ့တာလို့ ထင်နေမိပြီ “
ဒီရှဲ့မျိုးရိုးသည် တစ်ခါတစ်ရံတွင် စကားများဖြင့် လွန်စွာစော်ကားတတ်သည်။
ကျန်းရွှယ်နင် အံကြိတ်ပြီး ဘာစကားမှ မပြောဘဲ သူ့ကိုသာ စိုက်ကြည့်လိုက်
ရှဲ့ဝေ က “မင်း ဘာမှ မစားလာဘူးလား?”
ကျန်းရွှယ်နင် က အံကြိတ်ရင်းသာ
“အင်း ၊မနက်က စာသင်ချိန်ကို မေ့သွားပြိး နောက်ကျမှ အိပ်ရာထမိတယ်၊ အဲဒါကြောင့် ထမင်းစားဖို့ မေ့တာ “
နန်းတော်သည် ကိုယ်ပိုင်အိမ်မဟုတ်ပါ၊ စားဖိုဆောင်တွင် အချိန်တိုင်း မည်သူမျှ စောင့်မနေပါ။
ရှဲ့ဝေ က ရယ်ချင်ပြန်သည်။
သူ့အတိတ်က စိတ်သဘောထားအရတော့ ဒီလိုအသေးအဖွဲကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျင်းနေလိမ့်မည် ။ ဆိုရိုးစကားအတိုင်းဆို ဗိုက်ပြည့်ရင် အိပ်ငိုက်လွယ်သည် ။ကျောင်းသားတွေ နိုးကြားပြီး သူတို့ရဲ့စာတွေကို အာရုံစိုက်နိုင်ဖို့ ဆာလောင်မွတ်သိပ်မှုခံစားရဖို့ အကောင်းဆုံးပင် ။
တစ်နည်းအားဖြင့် ဗိုက်ဆာတာ ကောင်းလေသည်။
ဒါပေမယ့် နင်အာ က ချင်တီးခတ်တာကို လေ့ကျင့်လာတဲ့အပြင် အခုဆို ကောင်းကောင်းကြီးပါ တီးခတ်နိုင်ခဲ့သည်။ ဒါကို သူ့စိတ်ထဲ စွဲစွဲမြဲမြဲ မှတ်ထားသင့်ပြီး ဒီအရွယ် မိန်းကလေးက ပိုအရပ်မြင့်ဖို့လဲ လိုအပ်သေးတဲ့အတွက် ကရုဏာသက်ပြီး စားပွဲထောင့်စွန်းတင်ထားတဲ့ စားစရာပုံးလေးကို ဖွင့်လိုက်သည်
အပေါ်ထပ်ပုံးလေးတွင် မက်မွန်ပန်းကိတ် ပန်းကန်သေးသေးတစ်လုံးရှိသည်။
ရှဲ့ဝေ က အဲဒါကို ထုတ်ပြီး လက်ဖက်ရည် စားပွဲအစွန်းမှာ ထားလိုက်ပြီးတော့ သူက ရေနွေးအိုးကို မီးဖိုပေါ်တင်ပြီး ကျန်းရွှယ်နင်အား
“လာ ၊ လက်ဖက်ရည် လာသောက် “
အစားအသောက်ပုံးကို ဖွင့်ပြီးကတည်းက ကျန်းရွှယ်နင် ၏မျက်လုံးများက ရှဲ့ဝေနောက်သို့ပါသွားကာ မက်မွန်ပန်းကိတ်ပန်းကန်သေးသေးလေးပေါ်တွင် ထွက်ကျလုနီးပါးဖြစ်ခဲ့သည်။
ဗိုက်ဗလာနဲ့ နှလုံးတွေကပါ ယားယံလာသည် ။
လက်ဖက်ရည်သောက်ရန် ခေါ်သံကြားသောအခါတွင် သူမ၏စိတ်ထဲတွင် ပေါ်လာသော ပထမဆုံး အတွေးက ရှဲ့ဝေသည် ဆရာတစ်ယောက်ဖြစ်ပြီး သူမသည် ကျောင်းသူဖြစ်သောကြောင့် လေးစားမှုရှိရမည်၊ ဒါပေမယ့် သူမသည် ရှဲ့ဝေ၏သစ္စာမဲ့စကားများကို အရင်က ကြားထားခဲ့ပြီး ရှဲ့ဝေ ၏ လူသူမသိသောလျှို့ဝှက်ချက်များစွာကိုသိထားကာ ရှဲ့ဝေ သည် သူမအား နှုတ်ပိတ်ရန်အတွက်ပင် သတ်ပစ်ရန် စိတ်ကူးခဲ့ သေးသည်။ လက်ဖက်ရည်မှာ အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ။
ဒါပေမယ့် မက်မွန်ပန်း ကိတ်မုန့် ပန်းကန်သေးသေးလေးကလဲ ရှိသေးသည်။
ကျန်းရွှယ်နင်သည် ထို ပန်းကန်လေးဆီမှ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်လာသော သွေးဆောင်မှုကို မခံမရပ်နိုင်ဖြစ်လာသဖြင့် သူမထရပ်ကာ နေရာ ရွှေ့လိုက်သည်။
ဒါက အစားအသောက်အတွက် မဟုတ်တာ သေချာတယ်။
ရှဲ့ဝေ က သူမကို လက်ဖက်ရည်သောက်ဖို့ မေးလာသည်။ ဒါ့ကြောင့် သူမ ဘယ်လိုမှ နားမထောင်လို့ မရဘူး ။
ကျန်းရွှယ်နင် က “ကျေးဇူးတင်ပါတယ် ရှန်းရှန် “ လို့ပြောပြီး လက်ဖက်ရည် စားပွဲရှေ့မှာ ထိုင်လိုက်တယ်။ ရှဲ့ဝေကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်လေးကို တိတ်တဆိတ် ဆန့်ထုတ်လိုက်ပြီး ပန်းကန်သေးသေးလေးထဲက မက်မွန်ပန်း ကိတ်မုန့်လေးကို ကောက်ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည် ။
“…”
မုန့်တွေ ပါးစပ်ထဲ ဝင်လာတော့ စားနေတာ ရုတ်တရက် ရပ်တန့်သွားသည်။
နဂိုက သူမမျက်နှာပေါ်တွင် ပေါ်နေသော မရေမတွက်နိုင်သော ပျော်ရွှင်မှုက အနည်းငယ် မာကျောလာသည်။
ပထမတော့ ရှဲ့ဝေ က ဂရုမစိုက်ဘဲ လက်ဖက်ခြောက်တစ်ဇွန်းကိုယူကာ လက်ဖက်ရည်အိုးထဲကို ထည့်နေရင်းက မော့ကြည့်လာပြီး
“ဘာဖြစ်လို့လဲ?”
ကျန်းရွှယ်နင် က တုံ့ပြန်လိုက်ပြီး ချက်ချင်း ခေါင်းခါလိုက်ကာ
“ဘာမှ မဖြစ်ဘူး “
ဒါကသူမ ထင်ထားတာနဲ့ မတူပါဘူး။
ဒါပေမယ့် ဒါကို သေသေချာချာ တွေးကြည့်ရင် ရှဲ့ဝေက အခု ဘယ်သူမို့လဲ၊ အခု ဘယ်ရောက်နေတာမို့လို့လဲ၊ အရသာတစ်ခုခုကို အရင် မြည်းစမ်းခိုင်းဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ ရနိုင်မှာလဲ။ သဲလွန်စတွေ မထုတ်ဖော်တာ အကောင်းဆုံးပဲ မဟုတ်ရင် ရှဲ့ဝေဆီမှာ လူသတ်မှုကို ဖြစ်စေသော အတွေးတစ်ခု ရှိမရှိကို သယမတွေးနေတာမှန်း ဘုရားအပြင် သူပါသိသွားနိုင်သည်။
(ဘုရင်တွေ၊မိဖုရားတွေ အဆိပ်သင့်မှာစိုးလို့ အဆိပ်ရှိမရှိ အရင် အစမ်းစားပေးတဲ့ လူကို တွေးနေတာပါ နင်နင်က ၊ ရှဲ့ဝေကို အဲဒီလူလိုမျိုး အရင်စားပေးဆိုပြီး တောင်းဆိုလို့မရပါဘူး)
သူမ ခေါင်းကို အမြန်ငုံလိုက်ပြီး ဖြည်းညှင်းစွာ ဝါးလိုက်သည်။
မက်မွန်ကိတ်ရဲ့ ပျော့ပျောင်းတဲ့ ပါဝင်ပစ္စည်းတွေက သူမရဲ့ ပါးစပ်ထဲမှာ ဖြည်းဖြည်းချင်း အရည်ပျော်သွားစေသည်။အချိုလွန်ကဲလွန်းတာကို လျစ်လျူရှုထားရင် လက်ရာမြောက်တယ်လို့ ယူဆနိုင်လေသည်။ နှစ်ခုလောက်စားလိုက်ရင် သူမရဲ့ ဗိုက်လေးကို ပြည့်စေပြီး ဆာလောင်မှုကို ကျေနပ်စေမှာပင်။
ရှဲ့ဝေ ရှေ့မှာ ကျန်းရွှယ်နင်က ချေးမများဝံ့။
တစ်လုံးစားပြီး နောက်တစ်လုံးကို ထပ်ယူလိုက်သည်။
ရှဲ့ဝေ သည် သူမမျက်ခုံးကြုံလိုက်တာကို ကြည့်လိုက်ပြိး နောက်ဆုံးတွင် တစ်စုံတစ်ခုကို သတိပြုမိကာ
“ စားဖိုဆောင်က လုပ်ထားတဲ့ မုန့်တွေက အရသာမရှိဘူးလား?”
ကျန်းရွှယ်နင် က လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။
ရှဲ့ဝေ ၏ မျက်လုံးများက သူမထံမှ မက်မွန်သီးလှီးကိတ်မုန့်ပန်းကန်ဆီသို့ ကျဆင်းသွားသည်။ အထူးပြင်ဆင်ထားတဲ့ အဆာပြေမုန့်တွေကို ဘေးအခန်းမှာ ရှဲ့ဝေအတွက် အမြဲပြင်ဆင်ပေးထားတတ်သည်။ ရှဲ့ဝေ အခုအချိန်မှသာ ကောက်ယူမိပြီး ရှားရှားပါးပါး တစ်ကိုက် ကိုက်ရုံသာ ကိုက်ကြည့်လိုက်ပေမယ့် လွန်ကဲတဲ့ အချိုဓာတ်က လျှာဖျားသို့ ရောက်တဲ့အခါ မျက်ခုံးပင့်လိုက်မိသည်။
ကျန်းရွှယ်နင်သည်လဲ အကြောင်းတစ်ခုခုကြောင့် အလွန်စိတ်ရှုပ်သွားရသည်။
ခေါင်းတောင် မထောင်ရဲတော့။
ရှဲ့ဝေ သည် အပြီးထိ မစားရသေးသော မက်မွန်ပန်းကိတ်မုန့်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူမကို အကြာကြီး ငြိမ်သက်စွာ ကြည့်နေသည် ။သူ့ဘေးက ရေတွေ ပွက်ပွက်ဆူနေတဲ့ အသံကြားမချင်း အဝေးကို မကြည့်ဘဲ ရေဆူသံကြားမှသာ ကောက်ယူပြီး လက်ဖက်ရည်ခွက်ထဲ လောင်းချလိုက်သည် ။
ဤတစ်ကြိမ်တွင်ကျန်းရွှယ်နင် သည် “မစားနိုင်တော့ဘူး “ ဟူသော အဓိပ္ပါယ်ကို သိလိုက်သည်။
ရှဲ့ဝေ က တခြားဘာမှပြန်မပြောဘဲ လက်ဖက်ရည်သောက်ရင်း လွန်ခဲ့သည့်ရက်အနည်းငယ်က သူမသင်ယူခဲ့သော သင်ခန်းစာများအကြောင်းကိုသာ မေးမြန်းခဲ့ပြီး သူမ၏ အသိပညာကို ပေါ့ပေါ့ပါးပါး စမ်းသပ်ခဲ့သည်။
လက်ဖက်ရည်အိုးကို လေးကြိမ်မျှ ဖျော်ပြီးသောအခါတွင် သူက သူမအား ချင်တီးခိုင်းပြန်သည်။
သူကိုယ်တိုင်ကတော့ ဘာမှမလုပ်ဘဲ စားပွဲရှေ့တွင် ပြန်ထိုင်ကာ အောက်မေ့ဖွယ် ကမ္ပည်းပြားကို အကြာကြီး စိုက်ကြည့်နေသည်။
နာရီဝက်ကျော်ကြာပြီးနောက် သူက ကျန်းရွှယ်နင် အား
“တိုးတက်လာပေမယ့် အခြေခံအုတ်မြစ်က အရမ်းအားနည်းနေသေးတယ်။ ကြိုးစားအားထုတ်မှုက နိဗ္ဗာန်ကိုတောင် ထိုးဖောက်နိုင်နိုင်တယ်လို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါ လုံးဝမမှန် တာမဟုတ်ဘူး၊ ဒီနေ့အတွက် ဒီလောက်ပဲ ။ မင်း ပြန်သွားပြီးရင် ပေါ့လျော့မနေနဲ့။ မနက်ဖြန်ကစပြီး စာပြန်သင်မှာမို့ ဒီအချိန်မှ ဒီဘက် ဘေးခန်းကို လာရင် ပိုကောင်းမယ်။”
ကျန်းရွှယ်နင် သည် နောက်ဆုံးတွင် သက်ပြင်းချကာ သဘောတူပြီး မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် ရှဲ့ဝေ အား နှုတ်ဆက်လိုက်ပြီး ဘေးခန်းမှ ချော်လဲမတတ် အမြန်ပြန်ထွက်သွားတော့သည်။
ရှဲ့ဝေ သည် အောက်မေ့ဖွယ် ကမ္ပည်းပြားကို ယူပြီး နန်းတော်မှ ထွက်မသွားမီ ဘေးခန်းမတွင် ခဏမျှထိုင်နေခဲ့သည်။
ရှဲ့အိမ်တော် နှင့် ရုံယိနယ်စားအိမ်တော်သည် အလယ်၌ နံရံတစ်ခုသာ ခြားထားသည်။
ကွာခြားချက်မှာ ရုံယိနယ်စားအိမ်တော် သည် လမ်း၏အရှေ့ဘက်တွင်ရှိပြီး ရှဲ့အိမ်တော် သည် လမ်း၏နောက်ဘက်တွင်ရှိနေတာပင် ။တစ်ခုသည် အရှေ့မျက်နှာမူထားပြီး နောက်တစ်ခုသည် အနောက်ဘက်သို့မျက်နှာမူထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ့မြင်းလှည်းသည် ရှဲ့အိမ်တော်သို့ ပြန်မောင်းလာသောအခါ၊ ရုံယိနယ်စားအိမ်တော်ကို ဖြတ်သွားရပြီး အပြင်ဘက်တွင် ဝန်းရံထားသည့် စစ်သည်များကို အလွယ်တကူ မြင်နိုင်ကာ ထိုစစ်သည်များက လာသမျှလူများကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
မြင်းလှည်းပေါ်မှဆင်းကာ စံအိမ်ထဲသို့ဝင်ပြီးနောက် ကျန့်ရှု့သည် ဝရန်တာပေါ်မှ သူ့ဆီသို့ လျင်မြန်စွာလျှောက်လာပြီး
“လူကြီးမင်း ကုန်းယိအပြင်၊ တင်းဖေးသခင်လေးလဲ လောင်းကစားအိမ်က မနက်ခင်းပိုင်းမှာ ထွက်လာတာ ကျွန်တော်တို့လူတချို့က သူတို့မြင်လိုကခတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီနေရာက ငါးတွေနဲ့ နဂါးတွေနဲ့ ပြည့်နေတော့ သေချာ ဂရုမစိုက်နိုင်ခဲ့တာကြောင့် မျက်ခြေပြတ်သွားပါတယ်”
ရှဲ့ဝေ က စင်္ကြံမှာ ရပ်နေပြီး ဘာမှ မပြော ။
မနီးမဝေးတွင် တံခါးအပြင်ဘက်မှ ပြုံးရွှင်နေသည့် အသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ဦးမှ နှုတ်ဆက်စကား ပြောကြားကာ အိမ် တော်ထဲသို့ ဝင်လာခဲ့သည်။
ကျန့်ရှု့ က ဒါကိုကြားတော့ လှည့်ကြည့်ပြီး ပြုံးကာ
“လူအိုကြီးထောင် ပြန်လာပြီ ထင်တယ် “
သူက ရှဲ့အိမ်တော်မှာ ထမင်း ဟင်းချက်သူပင်။
လူအိုကြီးထောင် သည် ခန္ဓာကိုယ်ကြီးမားပြီး ဗိုက်အိုးဖောင်းကားနေသော်လည်း သူ့မျက်နှာမှာတော့ ရွှင်လန်းမှုအပြည့်ရှိသည်။သူ့ လက်တစ်ဖက်၌ ဟင်းသီးဟင်းရွက်ခြင်းတောင်းနှင့် ငါးတစ်ကောင်ကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားသည်။ ရှဲ့ဝေ သည် စင်္ကြံတွင်ရပ်နေသည်ကိုတွေ့သောအခါ အမြန် ပြေးလာခဲ့သည်။ ရှဲ့ဝေကို ဂါ၀ရပြုပြီး
“သခင်လေးပြန်ရောက်ပါပြီလား ၊ ဒီနေ့ လတ်ဆတ်တဲ့ ငါးကြင်းကြီးတစ်ကောင် ၀ယ်လာခဲ့တယ် ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်လေးအတွက် လုပ်ထားတဲ့ ကိတ်မုန့်တွေကို သောင်းချင်က တိတ်တိတ်လေး ခိုးစားသွားတယ်။ ဒါ့ကြောင့် ဒီနေ့ ကောက်ညှင်းဆန်နဲ့ မက်မွန်စေ့ တစ်ကီလိုဂရမ် ၀ယ်လာပြီး မက်မွန်ပန်းကိတ် လုပ်စမ်းကြည့်မလို့၊ သခင်လေး စားမယ်မလား ? !”
ရှဲ့ဝေ သည် သူ့ရဲ့ ခြင်းတောင်းအပြည့်ကို ငုံ့ကြည့်ကာ မျက်လုံးမျတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
…
ကျန်းရွှယ်နင် သည် ဖုန်းချန်နန်းဆောင် ၏ ဘေးဘက်ခန်းမမှ ထွက်လာပြီး သူမသည် အဝေးသို့ရောက်သောအခါ ရန်ဇီနန်းဆောင်၏ တံခါးဝနားတွင်ရပ်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ သူမနောက်မှ ဘယ်သူမှ မလိုက်လာသည်ကိုတွေ့လိုက်ရသဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ .
ချိုအီလွန်းတဲ့ မက်မွန်ပန်းကိတ်မုန့်စားမိလို့ ဖျားလုနီးပါးဖြစ်နေပြီ။
ရှဲ့ဝေ ပေးတဲ့အရာကို ရဲရဲဝံ့ဝံ့ စားဖို့တောင် သတ္တိရှိလိုက်သေး၊ ဒါ နဲ့ အဲဒီကိတ်က ရှဲ့ဝေ ကိုယ်တိုင်လုပ်ခဲ့တာလို့ တွေးဝံ့ခဲ့သေးသည်။
ကံကောင်းထောက်မစွာ တစ်ဖက်က သတိမထားမိဘဲ ဘေးကင်းစွာ လွတ်မြောက်ခဲ့သည်။
သူမ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ယောင်းရှီး နှင့် ယိုယွဲ့ သည် ရန်ဇီနန်းဆောင်မှ ထွက်လာပြီး ကျန်းရွှယ်နင်ကို ဤကဲ့သို့ တွေ့လိုက်ရသည် ။ ထိုနေ့တွင် ကျန်းကျယ်ကို တွေ့ရန် ကျန်းရွှယ်နင် ပြေးလိုက်သွားတာကို တွေးလိုက်သောအခါတွင် ကျန်းရွှယ်နင်အား ယောင်ရှီး၏ မုန်းတီးမှု များက တိုးလာသည်မို့ ပေါ့ပေါ့ပါးပါး ပြုံးကာ စကားနာထိုးလိုက်သည်။
“ဒုတိယသခင်မလေးကျန်း က ချင်တီးခတ်တာသင်ယူဖို့ သွားတာ မဟုတ်ဘူးလား။ သူခိုးတစ်ယောက်လိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့ ဘာကြောင့် ပြန်လာတာလဲ၊ ရှဲ့ရှန်းရှန်က ထပ်ပြီး မလေ့ကျင့်ပေး တော့ဘူးတဲ့လား”
ကျန်းရွှယ်နင် လှည့်ကြည့်လိုက်တော့ ယောင်းရှီးကို တွေ့လိုက်သည် ။
ဒီရက်ပိုင်းမှာ ယောင်းရှီးတစ်ယောက် သူမအပေါ် ထားတဲ့ ရန်လိုမုန်းတီးမှုတွေက တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည် ။သူမကို မုန်းတီးသူတစ်ယောက် ပိုများလာတာပဲ ဖြစ်သည် ။ ယောင်းရှီး က ဘယ်သူမို့လို့လဲ။
ကျန်းရွှယ်နင် ဂရုလိုက်စိုက်ဖို့ အရေးပါတဲ့ အနေအထား မရောက် သေးဘူး။
ကျန်းရွှယ်နင်သည် ရွဲ့စောင်းသံကိုကြားပြီးနောက် ဒေါသမထွက်ခဲ့ပေ။ယနေ့ သူမသည် ချင်ကို ကောင်းစွာတီးခတ်ပြီး ရှဲ့ဝေ၏ ချီးမွမ်းခြင်းကို ခံခဲ့ရသူဟု မည်သူက ပြောနိုင်မှာတဲ့လဲ။
ကောင်းကင်ဘုံကို မသွားနိုင်ရင်လဲ နဲနဲလောက် စိတ်အနှောင့်အယှက်ဖြစ်အောင် ဆွပေးလိုက်တာက ကိစ္စကြီး မဟုတ်ဘူး။
ကျန်းရွှယ်နင်က မျက်ခုံးလေးပင့်ကာ ပြုံးကာ ယောင်းရှီးကို အေးအေးဆေးဆေးကြည့်ရင်း
“ဒါဆို သခင်မလေးယောင်း ကို စိတ်ပျက်သွားစေမိမှာပဲ စိုးရိမ်ပါတယ် ။ နောက်ဆုံးတော့ ဒီနေ့ ချင်တီးခတ်နိုင်သွားပြီ ၊ကြိုးစားအားထုတ်ပြီး ဝီရိယရှိတယ်လို့ သင်ပေးတဲ့ ရှဲ့ရှန်းရှန်ဆီက အတည်ပြုချက်တစ်ခုလဲ ရခဲ့သေးတယ်လေ”
ကမ္ဘာပေါ်ရှိလူများသည် မိတ်ဆွေအပေါင်းအဖော်များ ကောင်းမွန်စွာနေထိုင်သည်ကို မမြင်လိုကြသော်လည်း သူတို့၏ရန်သူများ ဆိုးဆိုးရွားရွားနေထိုင်နေသည်ကိုတော့ မြင်တွေ့လိုကြသည်မှာ သေချာသည်။
မုန်းတဲ့လူက ဆိုးရွားတဲ့ဘဝရှိနေရင် မမြင်ရဘဲ အဝေးကသတင်းကြားရရင်တောင် ပျော်နေမိလိမ့်မည်။
ကျန်းရွှယ်နင် သည် ယောင်းရှီး ၏ရန်သူဖြစ်လာသည်မှာ သေချာသလောက်ပင်။
ဒါပေမယ့် ကျန်းရွှယ်နင် ကောင်းကောင်း လုပ်နေရုံမကဘဲ သူမ ကောင်းကောင်းကြီး အဆင်ပြေနေတယ်ဆိုတာကိုပါ တခြားသူတွေကို ပြောပြခဲ့သည် ။
ယောင်းရှီး ဆို့နင့်ပြီး ပြောစရာ စကားရှာမရ။
ယိုယွဲ့ ကတော့ ကျန်းရွှယ်နင်ကို အချိန်အတော်ကြာကတည်းက ကြောက်ရွံ့နေခဲ့ပြီး ယခုအချိန်တွင် သူမသည် ဘူးသီးခါးကဲ့သို့ ပါးစပ်ကို ရေလုံပိတ်ကာ စကားတစ်ခွန်းမှ ၀င်မပြောပေ။
ကျန်းရွှယ်နင် က လက်ခုပ်လေးတီးပြီး သူတို့ဆီကနေ ခပ်သွက်သွက် ထွက်လာလိုက်သည်။
ယိုယွဲ့ က ယောင်းရှီး ရဲ့မျက်နှာကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
“သူမမှာ အရေထူတဲ့ မျက်နှာရှိ နေတာ ဖြစ်နိုင်တယ်။ မသိနားမလည်မှုကြောင့် နာမည်ကြီးနေတာမှန်း ဘယ်သူက မသိလို့လဲ။ ချင်တီးခတ်တာကို သင်ယူတာက အရည်အချင်းပေါ်မှာလည်း မူတည်တယ်။ ပြီးတော့ အရမ်းလဲ မိုက်မဲ သေးတယ်။ ချင်ကြိုးပေါ် လက်ဘယ်လိုထိုးရမှန်းတောင် မသိဘူး။ရှဲ့ရှန်းရှန်က သူမကို ဘယ်လိုလုပ် ချီးကျူးမှာလဲ၊ အစ်မယောင်းကို စိတ်ဆိုးအောင် တမင်တကာ ပြောနေတာ။”
ယောင်းရှီး အသက်ပြင်းပြင်းရှူပြီး ကျန်းရွှယ်နင်ကို လှည့်ကြည့်လိုက်သည်။
ရန်ဇီနန်းဆောင် တံခါးဝသို့ ရောက်သောအခါတွင် သူမမျက်လုံးများက တစ်နေရာသို့ အမှတ်မထင် ကြည့်မိပြီး သူ့ခြေလှမ်းများ ရပ်တန့်သွားသည်၊ကျန်းရွှယ်နင် သည် အစောနလေးတင် ရပ်နေသော နေရာတွင် အမွှေးအိတ်လေး အမှန်တကယ် ပြုတ်ကျနေသည်။
ယိုယွဲ့ သည် သူမ၏နောက်မှ လိုက်ကာ အမွှေးအိတ်ကို ကောက်ယူရန် သဘာဝအတိုင်း ခါးကို ငုံ့ထားလိုက်သည်။ ၎င်းကို လှည့်ကြည့်လိုက်တော့ လဖြူရောင် ပိတ်အောက်ခြေတွင် နူးညံ့သော ပျိုနီပန်း များကို နက်ပြာရောင် ပိုးချည်ဖြင့် ထိုးထားသည်ကို သူမ တွေ့လိုက်ရသည်။ ချုပ်ရိုးချုပ်သားများသည် သပ်ရပ်လှပလွန်းလှပသည်။
“ဒါ ကျန်းရွှယ်နင်ဟာ မဟုတ်ဘူးလား?”
သူမ၏ နှလုံးသားထဲတွင် အနည်းငယ် ရွံရှာသလို ခံစားရကာ နှုတ်ခမ်းကို တွန့်ကာ လက်ကို မြှောက်ပြီး ဘေးနားရှိ ပန်းအိုးထောင့်သို့ ပစ်ချလိုက်သည်။
မမျှော်လင့်ဘဲ၊ ယောင်းရှီး ကိုမြင်သောအခါ၊ သူမသည် ၎င်းကို တိုက်ရိုက်ဆွဲယူလိုက်ပြီး သူမလက်သို့ ယူ ကြည့်လိုက်သည်။
ယိုယွဲ့ အနည်းငယ် စိတ်ရှုပ်သွားသည်-
“အစ်မယောင်း သူမကို ပြန်ပေးချင်လို့လား? “
ယောင်းရှီး ၏ အတွေးများ လွင့်မျောနေသော်လည်း သူမ၏ မျက်လုံးများက မှုန်ကုပ်မှုနှင့် ပပြည့်နေပြီ
“ဒါက အမွှေးအိတ်သေးသေးလေးပဲ၊ ဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲ”
ယိုယွဲ့ က စကားများ တန့်သွားရသည်။
ယောင်းရှီး သည် အမွှေးအိတ်ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် သူမ၏ အင်္ကျီလက်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ကာ
“ငါတို့ ပြန်ရောက်တဲ့အခါမှ သူမကို ပြန်ပေးလဲ အရမ်းမနောက်ကျပါဘူး ။ ကျန်းရွှယ်နင် နေ့တိုင်း ချိတ်ဆွဲထားတဲ့ ပုံအရတော့ ဒါက အရေးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ပျောက်သွားလို့ ရှာမတွေ့ဘဲ စိတ်ပူခိုင်းထားတာ ပိုကောင်းတယ်။”
ထို့နောက် ယိုယွဲ့ က “ဟုတ်ပြီ” ဟု ပြောကာ ရယ်မောလိုက်သည်။
ကျန်းရွှယ်နင် ထွက်သွားပြီးနောက် သူတို့သည် အမွှေးအိတ်ကို ကောက်ယူကာ တော်ဝင်ဥယျာဉ်သို့ တည့်တည့်မတ်မတ်သွားလိုက်ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က နန်းတော်တွင် စိုက်ထားသော ကျားခွာရွက် ဇီးသီးပင်မှ ပန်းပွင့်များ ပွင့်လာခဲ့သည်။
မယ်တော်ကြီးရှောင်းက နန်းတော်ရဲ့ လေထုက အနည်းငယ်အေးစက်နေ၍ ပွဲတော်ကို ဂုဏ်ပြုရန်အတွက် တော်၀င်ဥယျာဉ်တွင် ဇီးသီးပွင့်များ၏ အလှကို ခံစားကြဖို့ထွက်လာကြရန် သူမတို့ကို ဖိတ်ခေါ်ထားခဲ့တာပင်။ ပါ၀င်ကြည့်ရှုခွင့်ရရှိရုံနဲ့ ပျော်ရွှင်စရာကောင်းပေသည် ။
ယိုယွဲ့ နဲ့ ယောင်းရှီးတို့ဟာ ဒီလိုမျိုးအရာတွေကို လက်မလွတ်ချင်ကြ။
တော်၀င်ဥယျာဉ်တွင် ကျားခွာရွက် ဇီးသီးပွင့်များသည် စောစောစီးစီး ပွင့်ကြပြီး ဆောင်းရာသီတွင် မွှေးကြိုင်သော အဖူးလေးများလည်း ပေါက်ကြသည်မို့ လမ်းလျှောက်ရတာကပင် စိတ်ဝင်စားဖို့ကောင်းလှသည်။။
ယိုယွဲ့ သည် ချင်းယွမ်စံအိမ်လို အလွန်နှိမ့်ကျသော မိသားစုမှ မွေးဖွားခဲ့သည်။ သူမသည် ယခုလို ရှားပါးသော အခါသမယတွင် မောင်းမမိဿံများထံ သွားကာ မြှောက်ပင့်ပြီး အခြားသူများနှင့် မိတ်ဖွဲ့ခြင်းကို နှစ်သက်သော်လည်း ယောင်းရှီးကတော့ သည်းမခံနိုင်ပေ။
သူမသည် ဂုဏ်သရေရှိမိသားစုတွင် မွေးဖွားခဲ့ပြီး ယိုယွဲ့ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။
ဒီလိုနဲ့ ပွဲ တစ်ဝက်လောက်မှာ သူက ဘာမှ မပြောဘဲ တော်၀င်ဥယျာဉ်အပြင်မှာ ဇီးသီးပွင့်တွေကို ခံစားဖို့ လူတိုင်းကို ထားခဲ့လိုက်တော့သည်။
တော်၀င်ဥယျာဉ်က တော်တော်ကျယ်ကာ ယောင်းရှီး က ဇီးသီးပွင့်တွေကို တန်ဖိုးထားတယ်လို့ ပြောပေမယ့် သူမကြည့်လိုက်တော့ အေးခဲနေပြီဖြစ်တဲ့ ရာသီဥတု၌ အဲဒီနေ့က ဇီနင်နန်းဆောင်မှာမြင်ခဲ့ရတဲ့ ကျန်းကျယ်ကို မတွေးဘဲမတွေးနိုင်၊ ဒါ့အပြငိ ထိမ်းမြားခြင်းဖျက်သိမ်းစာ တစ်စောင်ကို မြင်လိုက်ရတော့ ဝမ်းနည်းကြေကွဲသွားပြီး သတိမထားမိဘဲ ပို အတွေးနက်နဲသွားသည် ။
အဆုံးသတ်မှာတော့ ၀မ်းနည်းကြေကွဲစရာတွေသာ ။
တော်၀င်ဥယျာ်ထဲတွင် ယခု ရက်သတ္တပတ်ရက်များအတွင်း လူအနည်းငယ်သာ လာရောက်လည်ပတ်ကြကာ ဆိတ်ငြိမ်နေပြီး ပတ်ဝန်းကျင်ရှိ ဇီးသီးပင်များသည် ထူထပ်စွာ ပိတ်ဖုံးနေသည်။
ကြည့်ရတာ ကြောက်စရာကောင်းပြီး နည်းနည်းတော့ ကျောချမ်းစရာပင်။
ယောင်းရှီးသည် သိပ်သတ္တိမရှိသောကြောင့် သူမသည် ဤနေရာသို့ရောက်သည်နှင့် တပြိုင်နက် ကြောက်စိတ်အာရုံများဝင်လာကာ လှည့်ပြန်ချင်လာသည်။ သို့သော် မမျှော်လင့်ဘဲ ဥယျာဉ်၏ တစ်ဖက်ခြမ်းမှ ခြေသံများနှင့်အတူ စကားသံများ ထွက်ပေါ်လာသောအခါတွင် သူမသည် ခြေလှမ်း အနည်းငယ် ပြန်ဆုတ်သွားခဲ့သည်။
“တကယ်လို့ အိုက်ကျားက ရန်ဇီနန်းဆောင်ရဲ့ သဲလွန်စတွေကိုမဖျောက်ဖျက်ခဲ့ဘဲ ဟိုအစေခံက ပြစ်ဒဏ်စီရင်ရေးဌာနမှာ မင်းရဲ့ မထီမဲ့မြင်ပြုတဲ့ စကားလုံးတွေနဲ့ အမှန်တရားကို မတော်တဆ ထုတ်ဖော်ခဲ့မိမယ်ဆိုရင် မင်း ဘယ်လိုဖြစ်သွားမှာလဲ။ ကိုင်တွယ်နိုင်မှာတဲ့လား?!”
“ဒီတူမတော် စိတ်ရှုပ်ပြီး ပေါ့လျော့သွားမိလို့ပါ”
“အရာအားလုံးက လွယ်လွယ်လေးဘဲ၊ အထူးသဖြင့် နန်းတော်ထဲမှာပေါ့၊ ဘယ်သူမှ မိုက်မဲမှာ မဟုတ်ဘူး။ ပြိုင်ဘက်ရဲ့ သရုပ်မှန်ကိုတောင် မသိဘဲ ရူးသွပ်စွာနဲ့ အလျင်စလို ပြုမူခဲ့တယ်။ ဒါက အိုက်ကျားကို တကယ်ပဲ စိတ်ပျက်စေတယ်။”
“…”
“အခု ကျန်းရွှယ်နင် က အဆင်ပြေနေတုန်းပဲ ၊ မင်းဟာ အကြောင်းပြချက်မရှိဘဲ ခိုင်မာတဲ့ရန်သူကို ကိုယ့်အတွက်ဖန်တီးခဲ့တာပဲ၊ ဒဒါ့အပြင် ကျန်းရွှယ်ဟွေ့ လည်းရောက်လာပြီ ။ သူမရဲ့ ရုပ်ရည်က အထွတ်အထိပ်မဟုတ်ပေမယ့် သူမက မင်းနဲ့ ပညာရပ်ပိုင်းအရ ပြိုင်ဆိုင်နိုင်တယ်။ သူမက ထိုးထားတဲ့ လက်ကိုင်ပုဝါရဲ့ ပိုင်ရှင်ဖြစ်ဖို့ အလားအလာ အရမ်းများတယ် အဒေါ် “
“ မင်းက စိတ်ရှုပ်ရုံနဲ့ မပြီးဘူး! ဒီအဒေါ် သင်ပေးမယ်”
မယ်တော်ကြီးရှောင်းသည် ရှေ့မှ လျှောက်သွားကာ ရှောင်းရှူ က သူမနောက်သို့ လိုက်လာခဲ့သည်။
သူတို့ထဲက တစ်ယောက်က မျက်မှောင်ကြုတ်ပြီးပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းနေပေမယ့် ကျန်တစ်ယောက်ကတော့ ခါတိုင်းလို အေးဆေးတည်ငြိမ်မှု ပျောက်ကွယ်နေပြီး ခေါင်းငုံ့ကာ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
သူတို့နှစ်ယောက်နောက်တွင် နန်းတော်အစေခံ တစ်ယောက်မှ မရှိ ။
ထင်ရှားသည်မှာ၊ ထိုကဲ့သို့သော သိသာထင်ရှားတဲ့ စကားလုံးတွေက နန်းတွင်းအစေခံတွေနောက်က လိုက်နားထောင်ဖို့ မသင့်တော်။
ခြေသံများက ပိုမို နီးကပ်လာသည်။
ယောင်းရှီး သည် ရှောင်းရှူ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး သူမတို့သည် အလွန်ရင်းနှီးကြသည်။ မယ်တော်ကြီးရှောင်း ၏အသံကို သူမမှတ်မိသော်လည်း ရှောင်းရှူ၏အသံကို ခွဲခြားသိမြင်နိုင်သေးသည်။ အေးစက်စက် ချွေးတွေ သူမခေါင်းပေါ်မှ ထွက်လာသည်။
သူမ အခုအချိန် ပေါ်သွားဖို့ ဘယ်တော့မှ သတ္တိရှိမှာ မဟုတ်ဘူး။
အနီးနားရှိ ဇီးသီးအကိုင်းအခက်တွေက လူတွေကို ဖုံးကွယ်ထားနိုင်တာကို မြင်လိုက်ရတော့ အသက်ရှုမဝတော့ဘဲ ထိုအပင်များ နောက်ကွယ်မှာ ပုန်းနေလိုက်တယ်။
မယ်တော်ကြီးရှောင်း သည် ဇီးသီးပင်ကို ဖြတ်သွားကာ ရှေ့သို့ ဆက်လက် လျှောက်သွားပြီး
“ မင်းက ရှောင်း မိသားစုထဲမှာ ရှားရှားပါးပါး ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်ပေမဲ့ ငယ်သေးတယ်၊ အတွေ့အကြုံ နည်းလွန်းတယ်၊ လုံလောက်တဲ့ တွေးခေါ်မှု မရှိသလို၊ ဖြစ်လာတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ နည်းလမ်းတွေကို မရှာဖွေနိုင်သေးဘူး။ အဲဒီနေ့က နန်းဆောင်ထဲမှာတောင် ကျရှုံးလုနီးပါး ဖြစ်သွားတယ်။ အိုက်ကျားကိုတောင် မပြောဘဲ ကိုယ့်ဘာသာကိုယ် လျှို့ဝှက်စွာ အရေးယူခဲ့တယ်! အိုက်ကျားက မင်း လိုချင်တာကို မမြင်နိုင်ဘူးလို့ ထင်နေတာလား? “
ရှောင်းရှူ က
“အားရှူ က အဒေါ်ရဲ့ သွန်သင်မှုဆုံးမကြောင့် ရှက်မိပါတယ်”
မယ်တော်ကြီးရှောင်း က သက်ပြင်းချလိုက်ပြီး
“ဧကရာဇ်သည် ဖျင်နန်ဘုရင်၏ ပုန်ကန်မှုကို တွေ့ကြုံခံစားခဲ့ရတဲ့ အချိန်မှစ၍ အရာရာကို သံသယဖြစ်စရာဖြစ်ခဲ့တာ။ သူက အိုက်ကျားလို မိခင်အရင်းနဲ့တောင် မရင်းနှီးဘူး။ ဧကရီကို ရွေးချယ်တာတောင် မိသားစုငယ်လေးထဲကပဲ ရွေးချယ်ခဲ့တယ် ။ ရှောင်း မိသားစုက လူတွေက ကိုယ်လုပ်တော် အဖြစ်တောင် မရွေးချယ်ခံရဘူး ၊ ဧကရာဇ်က ကြောက်နေတာပဲ၊ ဒါပေမယ့် ဒုတိယသားက နူးညံ့သိမ်မွေ့တဲ့ စိတ်ထားရှိပြီး အိုက်ကျားနဲ့ ပိုရင်းနှီးတယ်။ မင်းက ရည်မှန်းချက်ကြီးတာ အိုက်ကျားသိတယ်။ မြို့တော်မှာ မြင့်မြတ်တဲ့ အမျိုးသမီး ကောင်းလေးတွေ ရှိပေမယ့် ဒီလောကမှာ ဘယ်သူမှ မင်းလောက် တိုင်းပြည်ရဲ့မိခင် ရာထူးနဲ့ ထိုက်တန်တာ မရှိဘူး “
ယောင်းရှီး သည် သစ်ပင်တစ်ပင်၏နောက်ကွယ်တွင် ပုန်းအောင်းနေပြီး လက်ရှိအချိန်တွင် မလှုပ်ရှားဝံ့တော့ပေ။ အသက်ရှင်သန်လိုပါက နားမထောင်ရန် သတိပေးသော်လည်း နားရွက်များက ထား၍မရပေ။ ထိုစကားများကို ကြားသောအခါ သူမ ပို၍ထိတ်လန့်သွားကာ ဆက်ပြီး နားထောင်ခဲ့သည်။
ထိုနေ့က ရန်ဇီနန်းဆောင်ဖြစ်ပျက်ခဲ့သည်မှာ အမှန်တကယ်ပင် ရှောင်းရှူ က ကျန်းရွှယ်နင် ကို ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်သည်။
လင်းဇီမင်းသား ရှန်းကျဲ့အတွက်ဖြစ်ပြီး အနာဂတ်ဘုရင်မဖြစ်လာဖို့ပင်
ထို့နောက်ရှောင်းရှူ က “အဒေါ်က ဘာကိုဆိုလိုတာလဲ…”
မယ်တော်ကြီးရှောင်း က အေးစက်စွာပြောခဲ့သည်
“ဧကရာဇ် ဒီမှာ ရှိနေသရွေ့ ရှောင်းမိသားစုက လင်းဇီမင်းသားရဲ့ ကြင်ယာတော်ဖြစ်လာတာကို သည်းခံနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်တွေကို တည်ငြိမ်အောင်ထားရမယ်။”
ရှောင်းရှူ က
“အားရှူတို့က တခြားသူတွေ လက်ဦးယူသွားတာကို စောင့်ကြည့်ရမှာလား? “
ထိုအချိန်တွင် လူနှစ်ယောက်၏ခြေရာသည် အနည်းငယ်ဝေးကွာနေပြီး သူတို့၏အသံများလည်း အနည်းငယ်ဝေးသွားပါသည်။
ယောင်းရှီးသည် ကြာကြာမနေရဲတော့ဘဲ တံထွေး မျိုချလိုက်ပြီး ထွက်ခွာရန် ဇီးသီးချုံတစ်ဝိုက် တိတ်တဆိတ် လျှောက်လာခဲ့သည်။
ဒါပေမယ့် ထိတ်လန့်နေတဲ့အခါ ဘယ်သူက အမှားမလုပ်မိဘဲ နေမှာလဲ? ။
သူမ အရှိန်ပြင်းစွာ လမ်းလျှောက်လိုက်သောအခါ ဇီးသီးပွင့်အကိုင်းအခက်ကို မတော်တဆ ဝင်တိုက်မိသွသည်။ရုတ်တရက် ဇီးသီးပွင့်များ တုန်ခါသွားကာ သစ်ကိုင်းများ တိုက်မိသံကို ကြားလိုက်ရသည်။
“အဲ့ဒီ့မှာ ဘယ်သူရှိလဲ!”
မယ်တော်ကြီးရှောင်း သည် လှည့်ကြည့်ကာ အဝေးမှ ဇီးသီးပွင့်အကိုင်းအခက်များ ရွေ့လျားနေသည်ကို မြင်လိုက်ရသဖြင့် သူမသည် ကျယ်လောင်စွာ အော်လိုက်သည်။
ယောင်းရှီး သည် သူမ၏ တည်နေရာကို ထုတ်ဖော်ခဲ့ကြောင်း ချက်ချင်းသိလိုက်သောကြောင့် သူမ ထိတ်လန့်ကာ ထွက်ပြေးသွားတော့သည်။
အကြောက်တရားက လွန်ကဲလွန်းတာကြောင့် မကောင်းသော အတွေးတွေလည်း ပေါ်ထွက်လာသည်။
သူမ၏ မျက်လုံးများတွင် စူးရှသော အကြည့်များ ရှိနေပြီး စိတ်ထဲတွင် အတွေးတစ်ခုဖြင့် သူမ အင်္ကျီလက်များထဲသို့ ရောက်ရှိလာနေတဲ့ ကောက်ယူထားခဲ့သော အမွှေးအိတ်ကို ယူကာ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူမသည် တော်၀င်ဥယျာဉ်မှ အမြန်ထွက်ခွာလာကာ အခြားတစ်နေရာသို့ လမ်းလျှောက်ထွက်ပြီးနောက် ပွဲသို့ ပြန်လာခဲ့သည်။
နန်းတော်ထဲမှာ ဇီးသီးပွင့်တွေကို ကြည့်ရတာ သဘောကျနေတဲ့ မောင်းမမိဿံ တစ်စုရှိနေပြီးမယ်တော်ကြီးရှောင်း ယကလည်း အဲ့ဒီမှာ ရှိနေတာကြောင့် ကျန်းရွှယ်နင်တော့ မပါဝင်ခဲ့။
လျိုရွှေခန်းမတွင် စစ်တုရင်ကစားရန် ကျိုးပေါင်ယင် မှ ဖန့်မြောင် ကို ဆွဲခေါ်ခဲ့သည်။
ကျန်းရွှယ်နင်သည် ဘေးသို့ လျှောက်သွားကာ နန်းတော်အစေခံများ ကျွေးသော မြေပဲများကို စားကာ စစ်တုရင်ခုံပေါ်တွင် နှစ်ယောက်သား ယှဉ်ပြိုင်နေသည်ကို ကြည့်နေလိုက်သည်။
ဇီးသီးပွင့်တွေကို တန်ဖိုးထားလွန်းသူတွေကတော့ ကောင်းကင်က မှောင်မိုက်သွားမှသာ ပြန်ရောက်လာသည်။
လျိုရွှေခန်းမ တွင် စစ်တုရင်ကစားနေသည်ကို တွေ့လိုက်ရာ၊ ဤစကားပွဲတွင် ကျိုးပေါင်ယင် မည်မျှအနိုင်ရမည်ကို လူတိုင်းက လာရောက်ကြည့်ရှုခဲ့ကြသည်။
ရှောင်းရှူ လည်း ပါဝင်လာသည်။
ကျန်းရွှယ်နင်သည် မြေပဲခွံများကို အခွံနွှာပြီးစားနေတာကိုမြင်တော့ ရှောင်းရှူ က ရေးရေးလေးပြုံးပြီး မျက်လုံးများ အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြင့် သူမလက်ကို မြှောက်ရင်း အိတ်တစ်လုံးကို ကမ်းပေးကာ
“ အပြင်မှာ တစ်ခုခု ကျနေလို့ သွားကောက်ကြည့်တာပုံစံက ရင်းနှီးနေတယ် ။ ဒါက ဒုတိယသခင်မလေး ကျန်းနဲ့များ သက်ဆိုင်နေသလားလို့”
ကျန်းရွှယ်နင် လန့်သွားပြီး မျက်လုံးကို မော့ကြည့်လိုက်သည်။
ရှောင်းရှူ ၏လက်ချောင်းများကြားတွင် ရှိထားသော အမွှေးအိတ်သည် ယိုဖန်ယင်း ပထမဆုံးလုပ်ငန်းစလုပ်စဉ်က ပိုးတောင်သူမှပေးသော ပိုးနှင့်ဖဲကိုအသုံးပြု၍ ပန်းထိုးထားသည့်အိတ်ဖြစ်သည်။ နက်ပြာရောင် ပျိုနီပန်း များသည် အလွန်ထူးခြားလှပပါသည်။
မျက်လုံးကို ငုံ့ပြီး ခါးကို ငုံ့ကြည့်လိုက်တော့ ဘယ်အချိန်က ပြုတ်ကျခဲ့မှန်း မသိ။
သူမ မျက်ခုံးကို အနည်းငယ်ပင့်ကာ ရှောင်းရှူ ၏လက်မှ အိတ်ကိုယူလိုက်သည်။သူမက သိပ်ကျေးဇူးတင်မနေဘဲ အနည်းငယ်အေးစက်နေသေးကာ
“ဒါက ငါ့ပစ္စည်းပဲ၊ ဘယ်အချိန်က ပြုတ်ကျသွားလဲတော့ မသိဘူး။ ပြန်တွေ့တာ ဝမ်းသာစရာပဲ ၊ကျေးဇူးတင်ပါတယ်”
အမွှေးအိတ်၏အစွန်းသည် အမည်မသိအရာတစ်ခုခုကြောင့် ခြစ်မိပြီး အနည်းငယ်ပြဲသွားသည်။
ကျန်းရွှယ်နင် သည် ၎င်းကိုမြင်သောအခါ အနည်းငယ်စိတ်မကောင်းဖြစ်ခဲ့ရသည်။
ရှောင်းရှူ သည် ကျန်းရွှယ်နင်၏အမူအရာနှင့် အပြုအမူကို တိတ်တဆိတ်ကြည့်ကာ ကျန်းရွှယ်နင်သည် သူမကို စကားမပြောလိုတာကြောင့် လျစ်လျူရှုမှုကို အလွယ်တကူ သိရှိသော်လည်း ထိုအရာမှလွဲ၍ ကျန်းရွှယ်နင်သည် အလွန်တည်ငြိမ်လို့ နေသည်။
ယိုယွဲ့ အနောက်ကနေပြီး အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အခါ ယောင်းရှီး ရဲ့ နှလုံးခုန်သံဟာ မြင်းတစ် ကောင် ပြေးလွှားသလို ခုန်ပေါက်နေပြီး သူမ ခြေမခိုင်လုနီးပါး ၊မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ …….
Translated By Esther May
Zawgyi
ခြန္းနင္နန္းေတာ္ရာပုံျပင္
အပိုင္း -၈၃ မက္မြန္ပန္းကိတ္ ႏွင့္ အေမႊးအိတ္
ယေန႔ က်န္း႐ႊယ္နင္သည္ စကားမ်ားရန္ျဖစ္ရန္ သို႔မဟုတ္ မေက်မနပ္မႈမ်ားျပသရန္ မဟုတ္ ခ်င္တီးခတ္ရန္ လာခဲ့တာပင္ ။ထို႔ျပင္ ရွဲ႕ေဝ သည္ သူမအား ဆူပူျခင္း ေႏွာင့္ယွက္ျခင္းမရွိခဲ့ေပ။ နင္အာ ဟူေသာ အမည္ကို ခဏတာမွ် ေတြးလိုက္မိ႐ုံနဲ႔ သူမႏွလုံးသားက ႐ုတ္တရက္ ထိန္းခ်ဳပ္လို႔ မရႏိုင္ ျဖစ္သြားခဲ့တာပင္ ။
သူမ်ားေတြေရွ႕မွာ ငိုေနမိတာ အၿမဲတမ္း ရွက္စရာေကာင္းလြန္းတယ္။
က်န္း႐ႊယ္နင္ သည္ အက်ႌလက္မ်ားကို အျမန္ဆြဲယူလိုက္ၿပီး သူမ၏မ်က္ႏွာေပၚ ေၾကာင္တစ္ေကာင္လို နီရဲၿပီး စြန္းထင္းသြားသည္အထိ မ်က္ရည္မ်ားကို သုတ္ပစ္လိုက္သည္။
“သဲေတြ မ်က္လုံးထဲကိုဝင္သြားလို႔ပါ၊ အဆင္ေျပပါတယ္”
ရွဲ႕ေဝ : “…”
ရွဲ႕ေဝ ႐ုတ္တရက္ စကားမေျပာႏိုင္။
က်န္း႐ႊယ္နင္က ခ်က္ခ်င္းပဲ အားတက္သေရာနဲ႔ ဘာမွ အမွားအယြင္းမရွိသလို၊ ေဆးစာအုပ္ကို ေဘးဖယ္ထားလိုက္ၿပီး
“ရွန္းရွန္ ၊ ဒီေန႔ လက္ထိုးေလ့က်င့္ထာတဲ့ “ လေရာင္ ေနာက္လိုက္ေသာ ေရာင္စုံတိမ္တိုက္မ်ား “ ဆိုတဲ့ ေတးသြားကို တီးျပရမလား? “
ရွဲ႕ေဝ က သူမကို ေတြေဝစြာၾကည့္ေနရင္း “အမ္” ဟုဆိုကာ
“ေကာင္းၿပီ “
ဟုေျပာလာသည္။
က်န္း႐ႊယ္နင္ က ဘာမွျပန္မေျပာဘဲ စားပြဲေပၚမွ ခ်င္ကို တည့္မတ္လိုက္သည္။
သူမသည္ ယခုရက္မ်ားအတြင္း ေလ့က်င့္တာကို အားမေလွ်ာ့ခဲ့ေပ။
ရွဲ႕ေဝက စိတ္မတည္ၿငိမ္ရင္ ခ်င္ကို မထိရဘူးလို႔ အရင္တုန္းက ခ်င္ကို မတီးခတ္ခဲ့ေပမယ့္ တကယ္တမ္းေတာ့ ရွဲ႕ေဝ လက္ေအာက္မွာ အရာေတြကို သင္ယူရတာဟာ မလြယ္ကူ ေပမယ့္ အက်ိဳးလဲ ျဖစ္ထြန္းႏိုင္တယ္ဆိုတာ သိလာရသည္။ အေၾကာင္းမွာ ဤလူသည္ အရာရာတိုင္းကို အလြန္အေလးအနက္ထားေသာေၾကာင့္ျဖစ္သည္။
ဒီအခ်ိန္မွာ က်န္း႐ႊယ္နင္ဘာကိုမွ မစဥ္းစားဘဲ ႀကိဳးေတြကို စတင္တီးခတ္ေတာ့သည္ ။
ဒီအခ်ိန္ကာလက ေဆာင္းေန႔လည္ခင္းပင္။
ဒီေန႔ သူလာမယ္လို႔ ရွဲ႕ေဝက ဘယ္သူကိုမွ အေၾကာင္းမၾကားထားတဲ့အတြက္ ဤခန္းမႀကီးရွိ မီးေသြးအင္တုံသည္ ပူေနသင့္ခ်ိန္တြင္ မပူေတာ့ေၾကာင္းႏွင့္ ျပတင္းေပါက္ ခါးပန္းတံခါးမွာ တစ္ဝက္ပြင့္ေနၿပီး အထီးက်န္အေအးဓာတ္ကို လြင့္ပ်ံလာေစသည္ ။ ေလတိုက္သည္ႏွင့္ ေကာင္းကင္သည္ ေအးစိမ့္ေသာအလင္းေရာင္ျဖင့္အတူ ေလထဲတြင္ ရစ္ပတ္ေနၿပီး စိမ္းညိဳေမွာင္ေသာ တာအိုဝတ္႐ုံ၏ ေထာင့္စြန္းသို႔ က်ေရာက္လာသည္။ရွဲ႕ေဝ က က်န္း႐ႊယ္နင္ ခ်င္တီးခတ္ေနတာကို ၾကည့္ရင္း စာအုပ္စင္ေရွ႕မွာ ခပ္လွမ္းလွမ္းမွာ ရပ္လို႔ေနသည္။
စိတ္ႏွလုံးသားက မၿငိမ္သက္ႏိုင္တာေတာ့ အမွန္ပါပဲ။
ဒါေပမယ့္ စိတ္တည္ၿငိမ္မႈဆိုတာ တကယ္ေတာ့ တည္ေဆာက္လို႔ရတဲ့ အရာပါ။
ဤမိန္းကေလး၏ မ်က္၀န္းမ်ားသည္ မ်က္ရည္မ်ားျဖင့္ စိုစြတ္ေနေသးၿပီး သူမ၏ မ်က္ႏွာေသးေသးေလးသည္ ပန္းေရာင္မ်က္ႏွာေခ်မႈန႔္မ်ားျဖင့္ စြန္းထင္းလို႔ေနသည္။ သူမ၏ မွိတ္ထားေသာ မ်က္လုံးတစ္စုံသည္ သဘာဝအတိုင္း နိမ့္က်သြားကာ သူမ၏ ရွည္လ်ားေသာ မ်က္ေတာင္မ်ားသည္ ၎တို႔အား ေပါ့ပါးစြာ ဖုံးအုပ္ထားသည္။ သူမေလးသည္ ရွဲ႕ေဝ ယခင္က မျမင္ဖူးခဲ့ေသာ ေလးနက္မႈကို ျပသေနခဲ့သည္။
က်န္း႐ႊယ္နင္၏ လက္ငါးေခ်ာင္းသည္ ရွည္လ်ားသြယ္လ်ၿပီး ခ်င္ႀကိဳးထက္ ေျပးလႊားကစားရန္ အသင့္ေတာ္ဆုံးျဖစ္သည္။
ေတးသြားမ်ားသည္ တိက်ၿပီး အသံ အားလုံးသည္ လိုက္ေလ်ာညီေထြ ရွိသည္။ လက္ေခ်ာင္းမ်ားႏွင့္ အၾကားအာ႐ုံၾကား ဆက္စပ္မႈမွာ အနည္းငယ္ ၾကမ္းတမ္းေနေသးေသာ္လည္း မ်က္ႏွာျပင္ထက္က အသြင္အျပင္ႏွင့္ ဖုန္းခ်န္နန္းေဆာင္ မွာ ခ်င္ကို စသင္ယူစဥ္က ရွိခဲ့တဲ့ နိမ့္က်တဲ့ သေဘာထားမ်ားကလဲ ေပ်ာက္ကြယ္သြားခဲ့ပါၿပီ ျဖစ္သည္ ။
တုန္ခါေနေသာ ႀကိဳးမ်ားထက္မွ စီးဆင္းလာေသာ ခ်င္တီးသံ။
ခန္းမထဲမွာ ခဏတာ တစ္ျခား ဘာအသံမွ အသံမထြက္။
ေတးသြားၿပီးခါနီးေသာအခါ ရွဲ႕ေဝ ရဲ႕ ခႏၶာကိုယ္က ေ႐ြ႕လ်ားသြားၿပီး ျဖည္းညႇင္းစြာ ေခါင္းညိတ္ျပသည္
“ ဒီရက္ပိုင္း ေလ့က်င့္မႈေတြက သဲကႏၲာရလို မၾကမ္းတမ္း ေတာ့ဘူးပဲ ။ အိပ္ဖို႔အတြက္ ဒီဘက္ခန္းမကို လာခဲ့တာ မဟုတ္ေတာ့ ေက်နပ္စရာပဲ။ ”
ဒါဟာ ရွဲ႕ေဝ ေနာက္ဆုံးအႀကိမ္ ခ်င္တီးခတ္ရင္း အိပ္ေပ်ာ္သြားတဲ့အေၾကာင္း ဟာသတစ္ခုပင္ ။
က်န္း႐ႊယ္နင္ က
“ဒါက ႁခြင္းခ်က္တစ္ခုပါ။”
ဒါေပမယ့္ သူမကိုယ္သူမ ခုခံကာကြယ္တဲ့ စကားေျပာၿပီးတာနဲ႔ သူမဗိုက္ထဲက ဆာေလာင္မြတ္သိပ္တဲ့ ခံစားခ်က္က သဘာဝအတိုင္း ျမင့္တက္လာကာ ႏူးညံ့တဲ့ အူေၾကာင္ေၾကာင္ “ဂြီ” အသံေလး အျဖစ္ ေပၚထြက္လာသည္။ လူေတြအမ်ားႀကီး ဆူညံေနမယ္ဆိုရင္ မသိသာတာေၾကာင့္ အဆင္ေျပႏိုင္ေပမယ့္ ဒီအခ်ိန္မွာ ခန္းမအတြင္းရွိေနတဲ့ လူက သူမ ႏွင့္ ရွဲ႕ေဝ တို႔သာ၊ ေနာက္ၿပီး တံစက္ၿမိတ္က ေလတိုးသံက်ဲက်ဲကိုၾကားႏိုင္ေလာက္ေအာင္ပင္ တိတ္ဆိတ္ေနေသးသည္ ။ ဒါ့ေၾကာင့္ ထိုအသံ ေလးသည္ေနသာေသာေန႔တြင္ မိုးၿခိမ္းလိုက္သကဲ့သို႔ ထင္ရွားသည္။
က်န္း႐ႊယ္နင္: “…”
ရွဲ႕ေဝ: “…”
မ်က္လုံးေလးလုံး ဆုံလိုက္သည္ႏွင့္ တစ္ေယာက္က ရွက္႐ြံ႕စြာ နီရဲေနသည့္အျပင္ ေျမတြင္းကို တူးၿပီး ပုန္းလိုက္ႏိုင္ပါေစဟု ဆႏၵရွိေနကာ က်န္တစ္ေယာက္က သူမကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနၿပီး မေမွ်ာ္လင့္ဘဲ ရယ္ေနသည္။
ရွဲ႕ေဝ က လက္ေခ်ာင္းတစ္ေခ်ာင္းကို ေျမႇာက္လိုက္ၿပီး သူ႔ႏႈတ္ခမ္းလႊာေတြကို ညင္သာစြာ ဖိလိုက္တယ္။ သူက သူ႔အၿပဳံးကို မထိန္းႏိုင္ဘဲ
“အဲဒါက ႁခြင္းခ်က္တစ္ခု အျဖစ္ ထားပါေတာ့ ။ ၿပီးခဲ့တဲ့ အႀကိမ္က တစ္မ်ိဳး၊ ဒီတစ္ခါေတာ့ လုံေလာက္ေအာင္ မစားခဲ့ရဘူးေပါ့ ဟုတ္လား ။နန္းေတာ္မွာရွိတဲ့သူတိုင္းက မင္းကို မင္းသမီးကို ဘယ္ေလာက္ေတာင္ သေဘာက်ႏွစ္ၿခိဳက္ေၾကာင္းပဲ ေျပာေနၾကတာ။ မဟုတ္ရင္ မင္းကို အိပ္ခ်ိန္နဲ႔ စားစရာမရွိတဲ့အျပင္ နန္းေတာ္ထဲမွာ ညႇဥ္းပန္းႏွိပ္စက္ခံရဖို႔ လာခဲ့တာလို႔ ထင္ေနမိၿပီ “
ဒီရွဲ႕မ်ိဳး႐ိုးသည္ တစ္ခါတစ္ရံတြင္ စကားမ်ားျဖင့္ လြန္စြာေစာ္ကားတတ္သည္။
က်န္း႐ႊယ္နင္ အံႀကိတ္ၿပီး ဘာစကားမွ မေျပာဘဲ သူ႔ကိုသာ စိုက္ၾကည့္လိုက္
ရွဲ႕ေဝ က “မင္း ဘာမွ မစားလာဘူးလား?”
က်န္း႐ႊယ္နင္ က အံႀကိတ္ရင္းသာ
“အင္း ၊မနက္က စာသင္ခ်ိန္ကို ေမ့သြားၿပိး ေနာက္က်မွ အိပ္ရာထမိတယ္၊ အဲဒါေၾကာင့္ ထမင္းစားဖို႔ ေမ့တာ “
နန္းေတာ္သည္ ကိုယ္ပိုင္အိမ္မဟုတ္ပါ၊ စားဖိုေဆာင္တြင္ အခ်ိန္တိုင္း မည္သူမွ် ေစာင့္မေနပါ။
ရွဲ႕ေဝ က ရယ္ခ်င္ျပန္သည္။
သူ႔အတိတ္က စိတ္သေဘာထားအရေတာ့ ဒီလိုအေသးအဖြဲကိစၥေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ပ်င္းေနလိမ့္မည္ ။ ဆို႐ိုးစကားအတိုင္းဆို ဗိုက္ျပည့္ရင္ အိပ္ငိုက္လြယ္သည္ ။ေက်ာင္းသားေတြ ႏိုးၾကားၿပီး သူတို႔ရဲ႕စာေတြကို အာ႐ုံစိုက္ႏိုင္ဖို႔ ဆာေလာင္မြတ္သိပ္မႈခံစားရဖို႔ အေကာင္းဆုံးပင္ ။
တစ္နည္းအားျဖင့္ ဗိုက္ဆာတာ ေကာင္းေလသည္။
ဒါေပမယ့္ နင္အာ က ခ်င္တီးခတ္တာကို ေလ့က်င့္လာတဲ့အျပင္ အခုဆို ေကာင္းေကာင္းႀကီးပါ တီးခတ္ႏိုင္ခဲ့သည္။ ဒါကို သူ႔စိတ္ထဲ စြဲစြဲၿမဲၿမဲ မွတ္ထားသင့္ၿပီး ဒီအ႐ြယ္ မိန္းကေလးက ပိုအရပ္ျမင့္ဖို႔လဲ လိုအပ္ေသးတဲ့အတြက္ က႐ုဏာသက္ၿပီး စားပြဲေထာင့္စြန္းတင္ထားတဲ့ စားစရာပုံးေလးကို ဖြင့္လိုက္သည္
အေပၚထပ္ပုံးေလးတြင္ မက္မြန္ပန္းကိတ္ ပန္းကန္ေသးေသးတစ္လုံးရွိသည္။
ရွဲ႕ေဝ က အဲဒါကို ထုတ္ၿပီး လက္ဖက္ရည္ စားပြဲအစြန္းမွာ ထားလိုက္ၿပီးေတာ့ သူက ေရေႏြးအိုးကို မီးဖိုေပၚတင္ၿပီး က်န္း႐ႊယ္နင္အား
“လာ ၊ လက္ဖက္ရည္ လာေသာက္ “
အစားအေသာက္ပုံးကို ဖြင့္ၿပီးကတည္းက က်န္း႐ႊယ္နင္ ၏မ်က္လုံးမ်ားက ရွဲ႕ေဝေနာက္သို႔ပါသြားကာ မက္မြန္ပန္းကိတ္ပန္းကန္ေသးေသးေလးေပၚတြင္ ထြက္က်လုနီးပါးျဖစ္ခဲ့သည္။
ဗိုက္ဗလာနဲ႔ ႏွလုံးေတြကပါ ယားယံလာသည္ ။
လက္ဖက္ရည္ေသာက္ရန္ ေခၚသံၾကားေသာအခါတြင္ သူမ၏စိတ္ထဲတြင္ ေပၚလာေသာ ပထမဆုံး အေတြးက ရွဲ႕ေဝသည္ ဆရာတစ္ေယာက္ျဖစ္ၿပီး သူမသည္ ေက်ာင္းသူျဖစ္ေသာေၾကာင့္ ေလးစားမႈရွိရမည္၊ ဒါေပမယ့္ သူမသည္ ရွဲ႕ေဝ၏သစၥာမဲ့စကားမ်ားကို အရင္က ၾကားထားခဲ့ၿပီး ရွဲ႕ေဝ ၏ လူသူမသိေသာလွ်ိဳ႕ဝွက္ခ်က္မ်ားစြာကိုသိထားကာ ရွဲ႕ေဝ သည္ သူမအား ႏႈတ္ပိတ္ရန္အတြက္ပင္ သတ္ပစ္ရန္ စိတ္ကူးခဲ့ ေသးသည္။ လက္ဖက္ရည္မွာ အဆိပ္ခတ္ထားရင္ ဘယ္လိုလုပ္မလဲ။
ဒါေပမယ့္ မက္မြန္ပန္း ကိတ္မုန႔္ ပန္းကန္ေသးေသးေလးကလဲ ရွိေသးသည္။
က်န္း႐ႊယ္နင္သည္ ထို ပန္းကန္ေလးဆီမွ လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ထြက္လာေသာ ေသြးေဆာင္မႈကို မခံမရပ္ႏိုင္ျဖစ္လာသျဖင့္ သူမထရပ္ကာ ေနရာ ေ႐ႊ႕လိုက္သည္။
ဒါက အစားအေသာက္အတြက္ မဟုတ္တာ ေသခ်ာတယ္။
ရွဲ႕ေဝ က သူမကို လက္ဖက္ရည္ေသာက္ဖို႔ ေမးလာသည္။ ဒါ့ေၾကာင့္ သူမ ဘယ္လိုမွ နားမေထာင္လို႔ မရဘူး ။
က်န္း႐ႊယ္နင္ က “ေက်းဇူးတင္ပါတယ္ ရွန္းရွန္ “ လို႔ေျပာၿပီး လက္ဖက္ရည္ စားပြဲေရွ႕မွာ ထိုင္လိုက္တယ္။ ရွဲ႕ေဝကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူမလက္ေလးကို တိတ္တဆိတ္ ဆန႔္ထုတ္လိုက္ၿပီး ပန္းကန္ေသးေသးေလးထဲက မက္မြန္ပန္း ကိတ္မုန႔္ေလးကို ေကာက္ယူလိုက္ၿပီး တစ္ကိုက္ ကိုက္လိုက္သည္ ။
“…”
မုန႔္ေတြ ပါးစပ္ထဲ ဝင္လာေတာ့ စားေနတာ ႐ုတ္တရက္ ရပ္တန္႔သြားသည္။
နဂိုက သူမမ်က္ႏွာေပၚတြင္ ေပၚေနေသာ မေရမတြက္ႏိုင္ေသာ ေပ်ာ္႐ႊင္မႈက အနည္းငယ္ မာေက်ာလာသည္။
ပထမေတာ့ ရွဲ႕ေဝ က ဂ႐ုမစိုက္ဘဲ လက္ဖက္ေျခာက္တစ္ဇြန္းကိုယူကာ လက္ဖက္ရည္အိုးထဲကို ထည့္ေနရင္းက ေမာ့ၾကည့္လာၿပီး
“ဘာျဖစ္လို႔လဲ?”
က်န္း႐ႊယ္နင္ က တုံ႔ျပန္လိုက္ၿပီး ခ်က္ခ်င္း ေခါင္းခါလိုက္ကာ
“ဘာမွ မျဖစ္ဘူး “
ဒါကသူမ ထင္ထားတာနဲ႔ မတူပါဘူး။
ဒါေပမယ့္ ဒါကို ေသေသခ်ာခ်ာ ေတြးၾကည့္ရင္ ရွဲ႕ေဝက အခု ဘယ္သူမို႔လဲ၊ အခု ဘယ္ေရာက္ေနတာမို႔လို႔လဲ၊ အရသာတစ္ခုခုကို အရင္ ျမည္းစမ္းခိုင္းဖို႔ ဘယ္လိုလုပ္ ေမွ်ာ္လင့္လို႔ ရႏိုင္မွာလဲ။ သဲလြန္စေတြ မထုတ္ေဖာ္တာ အေကာင္းဆုံးပဲ မဟုတ္ရင္ ရွဲ႕ေဝဆီမွာ လူသတ္မႈကို ျဖစ္ေစေသာ အေတြးတစ္ခု ရွိမရွိကို သယမေတြးေနတာမွန္း ဘုရားအျပင္ သူပါသိသြားႏိုင္သည္။
(ဘုရင္ေတြ၊မိဖုရားေတြ အဆိပ္သင့္မွာစိုးလို႔ အဆိပ္ရွိမရွိ အရင္ အစမ္းစားေပးတဲ့ လူကို ေတြးေနတာပါ နင္နင္က ၊ ရွဲ႕ေဝကို အဲဒီလူလိုမ်ိဳး အရင္စားေပးဆိုၿပီး ေတာင္းဆိုလို႔မရပါဘူး)
သူမ ေခါင္းကို အျမန္ငုံလိုက္ၿပီး ျဖည္းညႇင္းစြာ ဝါးလိုက္သည္။
မက္မြန္ကိတ္ရဲ႕ ေပ်ာ့ေပ်ာင္းတဲ့ ပါဝင္ပစၥည္းေတြက သူမရဲ႕ ပါးစပ္ထဲမွာ ျဖည္းျဖည္းခ်င္း အရည္ေပ်ာ္သြားေစသည္။အခ်ိဳလြန္ကဲလြန္းတာကို လ်စ္လ်ဴရႈထားရင္ လက္ရာေျမာက္တယ္လို႔ ယူဆႏိုင္ေလသည္။ ႏွစ္ခုေလာက္စားလိုက္ရင္ သူမရဲ႕ ဗိုက္ေလးကို ျပည့္ေစၿပီး ဆာေလာင္မႈကို ေက်နပ္ေစမွာပင္။
ရွဲ႕ေဝ ေရွ႕မွာ က်န္း႐ႊယ္နင္က ေခ်းမမ်ားဝံ့။
တစ္လုံးစားၿပီး ေနာက္တစ္လုံးကို ထပ္ယူလိုက္သည္။
ရွဲ႕ေဝ သည္ သူမမ်က္ခုံးႀကဳံလိုက္တာကို ၾကည့္လိုက္ၿပိး ေနာက္ဆုံးတြင္ တစ္စုံတစ္ခုကို သတိျပဳမိကာ
“ စားဖိုေဆာင္က လုပ္ထားတဲ့ မုန႔္ေတြက အရသာမရွိဘူးလား?”
က်န္း႐ႊယ္နင္ က လ်င္ျမန္စြာ ေခါင္းယမ္းလိုက္သည္။
ရွဲ႕ေဝ ၏ မ်က္လုံးမ်ားက သူမထံမွ မက္မြန္သီးလွီးကိတ္မုန႔္ပန္းကန္ဆီသို႔ က်ဆင္းသြားသည္။ အထူးျပင္ဆင္ထားတဲ့ အဆာေျပမုန႔္ေတြကို ေဘးအခန္းမွာ ရွဲ႕ေဝအတြက္ အၿမဲျပင္ဆင္ေပးထားတတ္သည္။ ရွဲ႕ေဝ အခုအခ်ိန္မွသာ ေကာက္ယူမိၿပီး ရွားရွားပါးပါး တစ္ကိုက္ ကိုက္႐ုံသာ ကိုက္ၾကည့္လိုက္ေပမယ့္ လြန္ကဲတဲ့ အခ်ိဳဓာတ္က လွ်ာဖ်ားသို႔ ေရာက္တဲ့အခါ မ်က္ခုံးပင့္လိုက္မိသည္။
က်န္း႐ႊယ္နင္သည္လဲ အေၾကာင္းတစ္ခုခုေၾကာင့္ အလြန္စိတ္ရႈပ္သြားရသည္။
ေခါင္းေတာင္ မေထာင္ရဲေတာ့။
ရွဲ႕ေဝ သည္ အၿပီးထိ မစားရေသးေသာ မက္မြန္ပန္းကိတ္မုန႔္ကို ျဖည္းညႇင္းစြာ ခ်လိုက္ၿပီး သူမကို အၾကာႀကီး ၿငိမ္သက္စြာ ၾကည့္ေနသည္ ။သူ႔ေဘးက ေရေတြ ပြက္ပြက္ဆူေနတဲ့ အသံၾကားမခ်င္း အေဝးကို မၾကည့္ဘဲ ေရဆူသံၾကားမွသာ ေကာက္ယူၿပီး လက္ဖက္ရည္ခြက္ထဲ ေလာင္းခ်လိုက္သည္ ။
ဤတစ္ႀကိမ္တြင္က်န္း႐ႊယ္နင္ သည္ “မစားႏိုင္ေတာ့ဘူး “ ဟူေသာ အဓိပၸါယ္ကို သိလိုက္သည္။
ရွဲ႕ေဝ က တျခားဘာမွျပန္မေျပာဘဲ လက္ဖက္ရည္ေသာက္ရင္း လြန္ခဲ့သည့္ရက္အနည္းငယ္က သူမသင္ယူခဲ့ေသာ သင္ခန္းစာမ်ားအေၾကာင္းကိုသာ ေမးျမန္းခဲ့ၿပီး သူမ၏ အသိပညာကို ေပါ့ေပါ့ပါးပါး စမ္းသပ္ခဲ့သည္။
လက္ဖက္ရည္အိုးကို ေလးႀကိမ္မွ် ေဖ်ာ္ၿပီးေသာအခါတြင္ သူက သူမအား ခ်င္တီးခိုင္းျပန္သည္။
သူကိုယ္တိုင္ကေတာ့ ဘာမွမလုပ္ဘဲ စားပြဲေရွ႕တြင္ ျပန္ထိုင္ကာ ေအာက္ေမ့ဖြယ္ ကမၸည္းျပားကို အၾကာႀကီး စိုက္ၾကည့္ေနသည္။
နာရီဝက္ေက်ာ္ၾကာၿပီးေနာက္ သူက က်န္း႐ႊယ္နင္ အား
“တိုးတက္လာေပမယ့္ အေျခခံအုတ္ျမစ္က အရမ္းအားနည္းေနေသးတယ္။ ႀကိဳးစားအားထုတ္မႈက နိဗၺာန္ကိုေတာင္ ထိုးေဖာက္ႏိုင္ႏိုင္တယ္လို႔ လူေတြက ေျပာေလ့ရွိပါတယ္။ ဒါ လုံးဝမမွန္ တာမဟုတ္ဘူး၊ ဒီေန႔အတြက္ ဒီေလာက္ပဲ ။ မင္း ျပန္သြားၿပီးရင္ ေပါ့ေလ်ာ့မေနနဲ႔။ မနက္ျဖန္ကစၿပီး စာျပန္သင္မွာမို႔ ဒီအခ်ိန္မွ ဒီဘက္ ေဘးခန္းကို လာရင္ ပိုေကာင္းမယ္။”
က်န္း႐ႊယ္နင္ သည္ ေနာက္ဆုံးတြင္ သက္ျပင္းခ်ကာ သေဘာတူၿပီး မတ္တပ္ထရပ္လိုက္သည္။
ထို႔ေနာက္ ရွဲ႕ေဝ အား ႏႈတ္ဆက္လိုက္ၿပီး ေဘးခန္းမွ ေခ်ာ္လဲမတတ္ အျမန္ျပန္ထြက္သြားေတာ့သည္။
ရွဲ႕ေဝ သည္ ေအာက္ေမ့ဖြယ္ ကမၸည္းျပားကို ယူၿပီး နန္းေတာ္မွ ထြက္မသြားမီ ေဘးခန္းမတြင္ ခဏမွ်ထိုင္ေနခဲ့သည္။
ရွဲ႕အိမ္ေတာ္ ႏွင့္ ႐ုံယိနယ္စားအိမ္ေတာ္သည္ အလယ္၌ နံရံတစ္ခုသာ ျခားထားသည္။
ကြာျခားခ်က္မွာ ႐ုံယိနယ္စားအိမ္ေတာ္ သည္ လမ္း၏အေရွ႕ဘက္တြင္ရွိၿပီး ရွဲ႕အိမ္ေတာ္ သည္ လမ္း၏ေနာက္ဘက္တြင္ရွိေနတာပင္ ။တစ္ခုသည္ အေရွ႕မ်က္ႏွာမူထားၿပီး ေနာက္တစ္ခုသည္ အေနာက္ဘက္သို႔မ်က္ႏွာမူထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူ႔ျမင္းလွည္းသည္ ရွဲ႕အိမ္ေတာ္သို႔ ျပန္ေမာင္းလာေသာအခါ၊ ႐ုံယိနယ္စားအိမ္ေတာ္ကို ျဖတ္သြားရၿပီး အျပင္ဘက္တြင္ ဝန္းရံထားသည့္ စစ္သည္မ်ားကို အလြယ္တကူ ျမင္ႏိုင္ကာ ထိုစစ္သည္မ်ားက လာသမွ်လူမ်ားကို ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။
ျမင္းလွည္းေပၚမွဆင္းကာ စံအိမ္ထဲသို႔ဝင္ၿပီးေနာက္ က်န႔္ရႈ႕သည္ ဝရန္တာေပၚမွ သူ႔ဆီသို႔ လ်င္ျမန္စြာေလွ်ာက္လာၿပီး
“လူႀကီးမင္း ကုန္းယိအျပင္၊ တင္းေဖးသခင္ေလးလဲ ေလာင္းကစားအိမ္က မနက္ခင္းပိုင္းမွာ ထြက္လာတာ ကြၽန္ေတာ္တို႔လူတခ်ိဳ႕က သူတို႔ျမင္လိုကခတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ အဲဒီေနရာက ငါးေတြနဲ႔ နဂါးေတြနဲ႔ ျပည့္ေနေတာ့ ေသခ်ာ ဂ႐ုမစိုက္ႏိုင္ခဲ့တာေၾကာင့္ မ်က္ေျချပတ္သြားပါတယ္”
ရွဲ႕ေဝ က စႀကႍမွာ ရပ္ေနၿပီး ဘာမွ မေျပာ ။
မနီးမေဝးတြင္ တံခါးအျပင္ဘက္မွ ၿပဳံး႐ႊင္ေနသည့္ အသံမ်ား ထြက္ေပၚလာၿပီး တစ္စုံတစ္ဦးမွ ႏႈတ္ဆက္စကား ေျပာၾကားကာ အိမ္ ေတာ္ထဲသို႔ ဝင္လာခဲ့သည္။
က်န႔္ရႈ႕ က ဒါကိုၾကားေတာ့ လွည့္ၾကည့္ၿပီး ၿပဳံးကာ
“လူအိုႀကီးေထာင္ ျပန္လာၿပီ ထင္တယ္ “
သူက ရွဲ႕အိမ္ေတာ္မွာ ထမင္း ဟင္းခ်က္သူပင္။
လူအိုႀကီးေထာင္ သည္ ခႏၶာကိုယ္ႀကီးမားၿပီး ဗိုက္အိုးေဖာင္းကားေနေသာ္လည္း သူ႔မ်က္ႏွာမွာေတာ့ ႐ႊင္လန္းမႈအျပည့္ရွိသည္။သူ႔ လက္တစ္ဖက္၌ ဟင္းသီးဟင္း႐ြက္ျခင္းေတာင္းႏွင့္ ငါးတစ္ေကာင္ကို လက္တစ္ဖက္တြင္ ကိုင္ေဆာင္ထားသည္။ ရွဲ႕ေဝ သည္ စႀကႍတြင္ရပ္ေနသည္ကိုေတြ႕ေသာအခါ အျမန္ ေျပးလာခဲ့သည္။ ရွဲ႕ေဝကို ဂါ၀ရျပဳၿပီး
“သခင္ေလးျပန္ေရာက္ပါၿပီလား ၊ ဒီေန႔ လတ္ဆတ္တဲ့ ငါးၾကင္းႀကီးတစ္ေကာင္ ၀ယ္လာခဲ့တယ္ ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ရက္အနည္းငယ္က သခင္ေလးအတြက္ လုပ္ထားတဲ့ ကိတ္မုန႔္ေတြကို ေသာင္းခ်င္က တိတ္တိတ္ေလး ခိုးစားသြားတယ္။ ဒါ့ေၾကာင့္ ဒီေန႔ ေကာက္ညႇင္းဆန္နဲ႔ မက္မြန္ေစ့ တစ္ကီလိုဂရမ္ ၀ယ္လာၿပီး မက္မြန္ပန္းကိတ္ လုပ္စမ္းၾကည့္မလို႔၊ သခင္ေလး စားမယ္မလား ? !”
ရွဲ႕ေဝ သည္ သူ႔ရဲ႕ ျခင္းေတာင္းအျပည့္ကို ငုံ႔ၾကည့္ကာ မ်က္လုံးမ်တ္ၿပီး ေခါင္းညိတ္ျပလိုက္သည္။
…
က်န္း႐ႊယ္နင္ သည္ ဖုန္းခ်န္နန္းေဆာင္ ၏ ေဘးဘက္ခန္းမမွ ထြက္လာၿပီး သူမသည္ အေဝးသို႔ေရာက္ေသာအခါ ရန္ဇီနန္းေဆာင္၏ တံခါးဝနားတြင္ရပ္ၿပီး ေနာက္သို႔လွည့္ၾကည့္လိုက္သည္။ သူမေနာက္မွ ဘယ္သူမွ မလိုက္လာသည္ကိုေတြ႕လိုက္ရသျဖင့္ သက္ျပင္းရွည္ႀကီးခ်လိုက္သည္။ .
ခ်ိဳအီလြန္းတဲ့ မက္မြန္ပန္းကိတ္မုန႔္စားမိလို႔ ဖ်ားလုနီးပါးျဖစ္ေနၿပီ။
ရွဲ႕ေဝ ေပးတဲ့အရာကို ရဲရဲဝံ့ဝံ့ စားဖို႔ေတာင္ သတၱိရွိလိုက္ေသး၊ ဒါ နဲ႔ အဲဒီကိတ္က ရွဲ႕ေဝ ကိုယ္တိုင္လုပ္ခဲ့တာလို႔ ေတြးဝံ့ခဲ့ေသးသည္။
ကံေကာင္းေထာက္မစြာ တစ္ဖက္က သတိမထားမိဘဲ ေဘးကင္းစြာ လြတ္ေျမာက္ခဲ့သည္။
သူမ ရင္ဘတ္ကို ညင္သာစြာ ပြတ္သပ္လိုက္သည္။
ေယာင္းရွီး ႏွင့္ ယိုယြဲ႕ သည္ ရန္ဇီနန္းေဆာင္မွ ထြက္လာၿပီး က်န္း႐ႊယ္နင္ကို ဤကဲ့သို႔ ေတြ႕လိုက္ရသည္ ။ ထိုေန႔တြင္ က်န္းက်ယ္ကို ေတြ႕ရန္ က်န္း႐ႊယ္နင္ ေျပးလိုက္သြားတာကို ေတြးလိုက္ေသာအခါတြင္ က်န္း႐ႊယ္နင္အား ေယာင္ရွီး၏ မုန္းတီးမႈ မ်ားက တိုးလာသည္မို႔ ေပါ့ေပါ့ပါးပါး ၿပဳံးကာ စကားနာထိုးလိုက္သည္။
“ဒုတိယသခင္မေလးက်န္း က ခ်င္တီးခတ္တာသင္ယူဖို႔ သြားတာ မဟုတ္ဘူးလား။ သူခိုးတစ္ေယာက္လိုမ်ိဳး ခိုးေၾကာင္ခိုးဝွက္နဲ႔ ဘာေၾကာင့္ ျပန္လာတာလဲ၊ ရွဲ႕ရွန္းရွန္က ထပ္ၿပီး မေလ့က်င့္ေပး ေတာ့ဘူးတဲ့လား”
က်န္း႐ႊယ္နင္ လွည့္ၾကည့္လိုက္ေတာ့ ေယာင္းရွီးကို ေတြ႕လိုက္သည္ ။
ဒီရက္ပိုင္းမွာ ေယာင္းရွီးတစ္ေယာက္ သူမအေပၚ ထားတဲ့ ရန္လိုမုန္းတီးမႈေတြက တျဖည္းျဖည္း ေပၚလြင္လာခဲ့သည္ ။သူမကို မုန္းတီးသူတစ္ေယာက္ ပိုမ်ားလာတာပဲ ျဖစ္သည္ ။ ေယာင္းရွီး က ဘယ္သူမို႔လို႔လဲ။
က်န္း႐ႊယ္နင္ ဂ႐ုလိုက္စိုက္ဖို႔ အေရးပါတဲ့ အေနအထား မေရာက္ ေသးဘူး။
က်န္း႐ႊယ္နင္သည္ ႐ြဲ႕ေစာင္းသံကိုၾကားၿပီးေနာက္ ေဒါသမထြက္ခဲ့ေပ။ယေန႔ သူမသည္ ခ်င္ကို ေကာင္းစြာတီးခတ္ၿပီး ရွဲ႕ေဝ၏ ခ်ီးမြမ္းျခင္းကို ခံခဲ့ရသူဟု မည္သူက ေျပာႏိုင္မွာတဲ့လဲ။
ေကာင္းကင္ဘုံကို မသြားႏိုင္ရင္လဲ နဲနဲေလာက္ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ဆြေပးလိုက္တာက ကိစၥႀကီး မဟုတ္ဘူး။
က်န္း႐ႊယ္နင္က မ်က္ခုံးေလးပင့္ကာ ၿပဳံးကာ ေယာင္းရွီးကို ေအးေအးေဆးေဆးၾကည့္ရင္း
“ဒါဆို သခင္မေလးေယာင္း ကို စိတ္ပ်က္သြားေစမိမွာပဲ စိုးရိမ္ပါတယ္ ။ ေနာက္ဆုံးေတာ့ ဒီေန႔ ခ်င္တီးခတ္ႏိုင္သြားၿပီ ၊ႀကိဳးစားအားထုတ္ၿပီး ဝီရိယရွိတယ္လို႔ သင္ေပးတဲ့ ရွဲ႕ရွန္းရွန္ဆီက အတည္ျပဳခ်က္တစ္ခုလဲ ရခဲ့ေသးတယ္ေလ”
ကမာၻေပၚရွိလူမ်ားသည္ မိတ္ေဆြအေပါင္းအေဖာ္မ်ား ေကာင္းမြန္စြာေနထိုင္သည္ကို မျမင္လိုၾကေသာ္လည္း သူတို႔၏ရန္သူမ်ား ဆိုးဆိုး႐ြား႐ြားေနထိုင္ေနသည္ကိုေတာ့ ျမင္ေတြ႕လိုၾကသည္မွာ ေသခ်ာသည္။
မုန္းတဲ့လူက ဆိုး႐ြားတဲ့ဘဝရွိေနရင္ မျမင္ရဘဲ အေဝးကသတင္းၾကားရရင္ေတာင္ ေပ်ာ္ေနမိလိမ့္မည္။
က်န္း႐ႊယ္နင္ သည္ ေယာင္းရွီး ၏ရန္သူျဖစ္လာသည္မွာ ေသခ်ာသေလာက္ပင္။
ဒါေပမယ့္ က်န္း႐ႊယ္နင္ ေကာင္းေကာင္း လုပ္ေန႐ုံမကဘဲ သူမ ေကာင္းေကာင္းႀကီး အဆင္ေျပေနတယ္ဆိုတာကိုပါ တျခားသူေတြကို ေျပာျပခဲ့သည္ ။
ေယာင္းရွီး ဆို႔နင့္ၿပီး ေျပာစရာ စကားရွာမရ။
ယိုယြဲ႕ ကေတာ့ က်န္း႐ႊယ္နင္ကို အခ်ိန္အေတာ္ၾကာကတည္းက ေၾကာက္႐ြံ႕ေနခဲ့ၿပီး ယခုအခ်ိန္တြင္ သူမသည္ ဘူးသီးခါးကဲ့သို႔ ပါးစပ္ကို ေရလုံပိတ္ကာ စကားတစ္ခြန္းမွ ၀င္မေျပာေပ။
က်န္း႐ႊယ္နင္ က လက္ခုပ္ေလးတီးၿပီး သူတို႔ဆီကေန ခပ္သြက္သြက္ ထြက္လာလိုက္သည္။
ယိုယြဲ႕ က ေယာင္းရွီး ရဲ႕မ်က္ႏွာကိုၾကည့္ၿပီး တိုးတိုးေလးေျပာလိုက္သည္။
“သူမမွာ အေရထူတဲ့ မ်က္ႏွာရွိ ေနတာ ျဖစ္ႏိုင္တယ္။ မသိနားမလည္မႈေၾကာင့္ နာမည္ႀကီးေနတာမွန္း ဘယ္သူက မသိလို႔လဲ။ ခ်င္တီးခတ္တာကို သင္ယူတာက အရည္အခ်င္းေပၚမွာလည္း မူတည္တယ္။ ၿပီးေတာ့ အရမ္းလဲ မိုက္မဲ ေသးတယ္။ ခ်င္ႀကိဳးေပၚ လက္ဘယ္လိုထိုးရမွန္းေတာင္ မသိဘူး။ရွဲ႕ရွန္းရွန္က သူမကို ဘယ္လိုလုပ္ ခ်ီးက်ဴးမွာလဲ၊ အစ္မေယာင္းကို စိတ္ဆိုးေအာင္ တမင္တကာ ေျပာေနတာ။”
ေယာင္းရွီး အသက္ျပင္းျပင္းရႉၿပီး က်န္း႐ႊယ္နင္ကို လွည့္ၾကည့္လိုက္သည္။
ရန္ဇီနန္းေဆာင္ တံခါးဝသို႔ ေရာက္ေသာအခါတြင္ သူမမ်က္လုံးမ်ားက တစ္ေနရာသို႔ အမွတ္မထင္ ၾကည့္မိၿပီး သူ႔ေျခလွမ္းမ်ား ရပ္တန႔္သြားသည္၊က်န္း႐ႊယ္နင္ သည္ အေစာနေလးတင္ ရပ္ေနေသာ ေနရာတြင္ အေမႊးအိတ္ေလး အမွန္တကယ္ ျပဳတ္က်ေနသည္။
ယိုယြဲ႕ သည္ သူမ၏ေနာက္မွ လိုက္ကာ အေမႊးအိတ္ကို ေကာက္ယူရန္ သဘာဝအတိုင္း ခါးကို ငုံ႔ထားလိုက္သည္။ ၎ကို လွည့္ၾကည့္လိုက္ေတာ့ လျဖဴေရာင္ ပိတ္ေအာက္ေျခတြင္ ႏူးညံ့ေသာ ပ်ိဳနီပန္း မ်ားကို နက္ျပာေရာင္ ပိုးခ်ည္ျဖင့္ ထိုးထားသည္ကို သူမ ေတြ႕လိုက္ရသည္။ ခ်ဳပ္႐ိုးခ်ဳပ္သားမ်ားသည္ သပ္ရပ္လွပလြန္းလွပသည္။
“ဒါ က်န္း႐ႊယ္နင္ဟာ မဟုတ္ဘူးလား?”
သူမ၏ ႏွလုံးသားထဲတြင္ အနည္းငယ္ ႐ြံရွာသလို ခံစားရကာ ႏႈတ္ခမ္းကို တြန႔္ကာ လက္ကို ေျမႇာက္ၿပီး ေဘးနားရွိ ပန္းအိုးေထာင့္သို႔ ပစ္ခ်လိုက္သည္။
မေမွ်ာ္လင့္ဘဲ၊ ေယာင္းရွီး ကိုျမင္ေသာအခါ၊ သူမသည္ ၎ကို တိုက္႐ိုက္ဆြဲယူလိုက္ၿပီး သူမလက္သို႔ ယူ ၾကည့္လိုက္သည္။
ယိုယြဲ႕ အနည္းငယ္ စိတ္ရႈပ္သြားသည္-
“အစ္မေယာင္း သူမကို ျပန္ေပးခ်င္လို႔လား? “
ေယာင္းရွီး ၏ အေတြးမ်ား လြင့္ေမ်ာေနေသာ္လည္း သူမ၏ မ်က္လုံးမ်ားက မႈန္ကုပ္မႈႏွင့္ ပျပည့္ေနၿပီ
“ဒါက အေမႊးအိတ္ေသးေသးေလးပဲ၊ ဘာလို႔ ဒီေလာက္ေတာင္ စိတ္ပူေနရတာလဲ”
ယိုယြဲ႕ က စကားမ်ား တန႔္သြားရသည္။
ေယာင္းရွီး သည္ အေမႊးအိတ္ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ၿပီးေနာက္ သူမ၏ အက်ႌလက္ထဲသို႔ ေပါ့ေပါ့ပါးပါး ထည့္လိုက္ကာ
“ငါတို႔ ျပန္ေရာက္တဲ့အခါမွ သူမကို ျပန္ေပးလဲ အရမ္းမေနာက္က်ပါဘူး ။ က်န္း႐ႊယ္နင္ ေန႔တိုင္း ခ်ိတ္ဆြဲထားတဲ့ ပုံအရေတာ့ ဒါက အေရးႀကီးတဲ့ ပစၥည္းတစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္တယ္၊ ေပ်ာက္သြားလို႔ ရွာမေတြ႕ဘဲ စိတ္ပူခိုင္းထားတာ ပိုေကာင္းတယ္။”
ထို႔ေနာက္ ယိုယြဲ႕ က “ဟုတ္ၿပီ” ဟု ေျပာကာ ရယ္ေမာလိုက္သည္။
က်န္း႐ႊယ္နင္ ထြက္သြားၿပီးေနာက္ သူတို႔သည္ အေမႊးအိတ္ကို ေကာက္ယူကာ ေတာ္ဝင္ဥယ်ာဥ္သို႔ တည့္တည့္မတ္မတ္သြားလိုက္ၾကသည္။
လြန္ခဲ့သည့္ ရက္အနည္းငယ္က နန္းေတာ္တြင္ စိုက္ထားေသာ က်ားခြာ႐ြက္ ဇီးသီးပင္မွ ပန္းပြင့္မ်ား ပြင့္လာခဲ့သည္။
မယ္ေတာ္ႀကီးေရွာင္းက နန္းေတာ္ရဲ႕ ေလထုက အနည္းငယ္ေအးစက္ေန၍ ပြဲေတာ္ကို ဂုဏ္ျပဳရန္အတြက္ ေတာ္၀င္ဥယ်ာဥ္တြင္ ဇီးသီးပြင့္မ်ား၏ အလွကို ခံစားၾကဖို႔ထြက္လာၾကရန္ သူမတို႔ကို ဖိတ္ေခၚထားခဲ့တာပင္။ ပါ၀င္ၾကည့္ရႈခြင့္ရရွိ႐ုံနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းေပသည္ ။
ယိုယြဲ႕ နဲ႔ ေယာင္းရွီးတို႔ဟာ ဒီလိုမ်ိဳးအရာေတြကို လက္မလြတ္ခ်င္ၾက။
ေတာ္၀င္ဥယ်ာဥ္တြင္ က်ားခြာ႐ြက္ ဇီးသီးပြင့္မ်ားသည္ ေစာေစာစီးစီး ပြင့္ၾကၿပီး ေဆာင္းရာသီတြင္ ေမႊးႀကိဳင္ေသာ အဖူးေလးမ်ားလည္း ေပါက္ၾကသည္မို႔ လမ္းေလွ်ာက္ရတာကပင္ စိတ္ဝင္စားဖို႔ေကာင္းလွသည္။။
ယိုယြဲ႕ သည္ ခ်င္းယြမ္စံအိမ္လို အလြန္ႏွိမ့္က်ေသာ မိသားစုမွ ေမြးဖြားခဲ့သည္။ သူမသည္ ယခုလို ရွားပါးေသာ အခါသမယတြင္ ေမာင္းမမိႆံမ်ားထံ သြားကာ ေျမႇာက္ပင့္ၿပီး အျခားသူမ်ားႏွင့္ မိတ္ဖြဲ႕ျခင္းကို ႏွစ္သက္ေသာ္လည္း ေယာင္းရွီးကေတာ့ သည္းမခံႏိုင္ေပ။
သူမသည္ ဂုဏ္သေရရွိမိသားစုတြင္ ေမြးဖြားခဲ့ၿပီး ယိုယြဲ႕ရဲ႕ လုပ္ရပ္ကို ရႈတ္ခ်ခဲ့သည္။
ဒီလိုနဲ႔ ပြဲ တစ္ဝက္ေလာက္မွာ သူက ဘာမွ မေျပာဘဲ ေတာ္၀င္ဥယ်ာဥ္အျပင္မွာ ဇီးသီးပြင့္ေတြကို ခံစားဖို႔ လူတိုင္းကို ထားခဲ့လိုက္ေတာ့သည္။
ေတာ္၀င္ဥယ်ာဥ္က ေတာ္ေတာ္က်ယ္ကာ ေယာင္းရွီး က ဇီးသီးပြင့္ေတြကို တန္ဖိုးထားတယ္လို႔ ေျပာေပမယ့္ သူမၾကည့္လိုက္ေတာ့ ေအးခဲေနၿပီျဖစ္တဲ့ ရာသီဥတု၌ အဲဒီေန႔က ဇီနင္နန္းေဆာင္မွာျမင္ခဲ့ရတဲ့ က်န္းက်ယ္ကို မေတြးဘဲမေတြးႏိုင္၊ ဒါ့အျပငိ ထိမ္းျမားျခင္းဖ်က္သိမ္းစာ တစ္ေစာင္ကို ျမင္လိုက္ရေတာ့ ဝမ္းနည္းေၾကကြဲသြားၿပီး သတိမထားမိဘဲ ပို အေတြးနက္နဲသြားသည္ ။
အဆုံးသတ္မွာေတာ့ ၀မ္းနည္းေၾကကြဲစရာေတြသာ ။
ေတာ္၀င္ဥယ်ာ္ထဲတြင္ ယခု ရက္သတၱပတ္ရက္မ်ားအတြင္း လူအနည္းငယ္သာ လာေရာက္လည္ပတ္ၾကကာ ဆိတ္ၿငိမ္ေနၿပီး ပတ္ဝန္းက်င္ရွိ ဇီးသီးပင္မ်ားသည္ ထူထပ္စြာ ပိတ္ဖုံးေနသည္။
ၾကည့္ရတာ ေၾကာက္စရာေကာင္းၿပီး နည္းနည္းေတာ့ ေက်ာခ်မ္းစရာပင္။
ေယာင္းရွီးသည္ သိပ္သတၱိမရွိေသာေၾကာင့္ သူမသည္ ဤေနရာသို႔ေရာက္သည္ႏွင့္ တၿပိဳင္နက္ ေၾကာက္စိတ္အာ႐ုံမ်ားဝင္လာကာ လွည့္ျပန္ခ်င္လာသည္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ ဥယ်ာဥ္၏ တစ္ဖက္ျခမ္းမွ ေျခသံမ်ားႏွင့္အတူ စကားသံမ်ား ထြက္ေပၚလာေသာအခါတြင္ သူမသည္ ေျခလွမ္း အနည္းငယ္ ျပန္ဆုတ္သြားခဲ့သည္။
“တကယ္လို႔ အိုက္က်ားက ရန္ဇီနန္းေဆာင္ရဲ႕ သဲလြန္စေတြကိုမေဖ်ာက္ဖ်က္ခဲ့ဘဲ ဟိုအေစခံက ျပစ္ဒဏ္စီရင္ေရးဌာနမွာ မင္းရဲ႕ မထီမဲ့ျမင္ျပဳတဲ့ စကားလုံးေတြနဲ႔ အမွန္တရားကို မေတာ္တဆ ထုတ္ေဖာ္ခဲ့မိမယ္ဆိုရင္ မင္း ဘယ္လိုျဖစ္သြားမွာလဲ။ ကိုင္တြယ္ႏိုင္မွာတဲ့လား?!”
“ဒီတူမေတာ္ စိတ္ရႈပ္ၿပီး ေပါ့ေလ်ာ့သြားမိလို႔ပါ”
“အရာအားလုံးက လြယ္လြယ္ေလးဘဲ၊ အထူးသျဖင့္ နန္းေတာ္ထဲမွာေပါ့၊ ဘယ္သူမွ မိုက္မဲမွာ မဟုတ္ဘူး။ ၿပိဳင္ဘက္ရဲ႕ သ႐ုပ္မွန္ကိုေတာင္ မသိဘဲ ႐ူးသြပ္စြာနဲ႔ အလ်င္စလို ျပဳမူခဲ့တယ္။ ဒါက အိုက္က်ားကို တကယ္ပဲ စိတ္ပ်က္ေစတယ္။”
“…”
“အခု က်န္း႐ႊယ္နင္ က အဆင္ေျပေနတုန္းပဲ ၊ မင္းဟာ အေၾကာင္းျပခ်က္မရွိဘဲ ခိုင္မာတဲ့ရန္သူကို ကိုယ့္အတြက္ဖန္တီးခဲ့တာပဲ၊ ဒဒါ့အျပင္ က်န္း႐ႊယ္ေဟြ႕ လည္းေရာက္လာၿပီ ။ သူမရဲ႕ ႐ုပ္ရည္က အထြတ္အထိပ္မဟုတ္ေပမယ့္ သူမက မင္းနဲ႔ ပညာရပ္ပိုင္းအရ ၿပိဳင္ဆိုင္ႏိုင္တယ္။ သူမက ထိုးထားတဲ့ လက္ကိုင္ပုဝါရဲ႕ ပိုင္ရွင္ျဖစ္ဖို႔ အလားအလာ အရမ္းမ်ားတယ္ အေဒၚ “
“ မင္းက စိတ္ရႈပ္႐ုံနဲ႔ မၿပီးဘူး! ဒီအေဒၚ သင္ေပးမယ္”
မယ္ေတာ္ႀကီးေရွာင္းသည္ ေရွ႕မွ ေလွ်ာက္သြားကာ ေရွာင္းရႉ က သူမေနာက္သို႔ လိုက္လာခဲ့သည္။
သူတို႔ထဲက တစ္ေယာက္က မ်က္ေမွာင္ၾကဳတ္ၿပီးျပင္းျပင္းထန္ထန္ ဆူပူႀကိမ္းေမာင္းေနေပမယ့္ က်န္တစ္ေယာက္ကေတာ့ ခါတိုင္းလို ေအးေဆးတည္ၿငိမ္မႈ ေပ်ာက္ကြယ္ေနၿပီး ေခါင္းငုံ႔ကာ ၿငိမ္သက္စြာ နားေထာင္ေနခဲ့သည္။
သူတို႔ႏွစ္ေယာက္ေနာက္တြင္ နန္းေတာ္အေစခံ တစ္ေယာက္မွ မရွိ ။
ထင္ရွားသည္မွာ၊ ထိုကဲ့သို႔ေသာ သိသာထင္ရွားတဲ့ စကားလုံးေတြက နန္းတြင္းအေစခံေတြေနာက္က လိုက္နားေထာင္ဖို႔ မသင့္ေတာ္။
ေျခသံမ်ားက ပိုမို နီးကပ္လာသည္။
ေယာင္းရွီး သည္ ေရွာင္းရႉ ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိၿပီး သူမတို႔သည္ အလြန္ရင္းႏွီးၾကသည္။ မယ္ေတာ္ႀကီးေရွာင္း ၏အသံကို သူမမွတ္မိေသာ္လည္း ေရွာင္းရႉ၏အသံကို ခြဲျခားသိျမင္ႏိုင္ေသးသည္။ ေအးစက္စက္ ေခြၽးေတြ သူမေခါင္းေပၚမွ ထြက္လာသည္။
သူမ အခုအခ်ိန္ ေပၚသြားဖို႔ ဘယ္ေတာ့မွ သတၱိရွိမွာ မဟုတ္ဘူး။
အနီးနားရွိ ဇီးသီးအကိုင္းအခက္ေတြက လူေတြကို ဖုံးကြယ္ထားႏိုင္တာကို ျမင္လိုက္ရေတာ့ အသက္ရႈမဝေတာ့ဘဲ ထိုအပင္မ်ား ေနာက္ကြယ္မွာ ပုန္းေနလိုက္တယ္။
မယ္ေတာ္ႀကီးေရွာင္း သည္ ဇီးသီးပင္ကို ျဖတ္သြားကာ ေရွ႕သို႔ ဆက္လက္ ေလွ်ာက္သြားၿပီး
“ မင္းက ေရွာင္း မိသားစုထဲမွာ ရွားရွားပါးပါး ထက္ျမက္တဲ့ လူတစ္ေယာက္ ျဖစ္ေပမဲ့ ငယ္ေသးတယ္၊ အေတြ႕အႀကဳံ နည္းလြန္းတယ္၊ လုံေလာက္တဲ့ ေတြးေခၚမႈ မရွိသလို၊ ျဖစ္လာတဲ့ အေျခအေနကို ကိုင္တြယ္ေျဖရွင္းဖို႔ လုံေလာက္တဲ့ နည္းလမ္းေတြကို မရွာေဖြႏိုင္ေသးဘူး။ အဲဒီေန႔က နန္းေဆာင္ထဲမွာေတာင္ က်ရႈံးလုနီးပါး ျဖစ္သြားတယ္။ အိုက္က်ားကိုေတာင္ မေျပာဘဲ ကိုယ့္ဘာသာကိုယ္ လွ်ိဳ႕ဝွက္စြာ အေရးယူခဲ့တယ္! အိုက္က်ားက မင္း လိုခ်င္တာကို မျမင္ႏိုင္ဘူးလို႔ ထင္ေနတာလား? “
ေရွာင္းရႉ က
“အားရႉ က အေဒၚရဲ႕ သြန္သင္မႈဆုံးမေၾကာင့္ ရွက္မိပါတယ္”
မယ္ေတာ္ႀကီးေရွာင္း က သက္ျပင္းခ်လိုက္ၿပီး
“ဧကရာဇ္သည္ ဖ်င္နန္ဘုရင္၏ ပုန္ကန္မႈကို ေတြ႕ႀကဳံခံစားခဲ့ရတဲ့ အခ်ိန္မွစ၍ အရာရာကို သံသယျဖစ္စရာျဖစ္ခဲ့တာ။ သူက အိုက္က်ားလို မိခင္အရင္းနဲ႔ေတာင္ မရင္းႏွီးဘူး။ ဧကရီကို ေ႐ြးခ်ယ္တာေတာင္ မိသားစုငယ္ေလးထဲကပဲ ေ႐ြးခ်ယ္ခဲ့တယ္ ။ ေရွာင္း မိသားစုက လူေတြက ကိုယ္လုပ္ေတာ္ အျဖစ္ေတာင္ မေ႐ြးခ်ယ္ခံရဘူး ၊ ဧကရာဇ္က ေၾကာက္ေနတာပဲ၊ ဒါေပမယ့္ ဒုတိယသားက ႏူးညံ့သိမ္ေမြ႕တဲ့ စိတ္ထားရွိၿပီး အိုက္က်ားနဲ႔ ပိုရင္းႏွီးတယ္။ မင္းက ရည္မွန္းခ်က္ႀကီးတာ အိုက္က်ားသိတယ္။ ၿမိဳ႕ေတာ္မွာ ျမင့္ျမတ္တဲ့ အမ်ိဳးသမီး ေကာင္းေလးေတြ ရွိေပမယ့္ ဒီေလာကမွာ ဘယ္သူမွ မင္းေလာက္ တိုင္းျပည္ရဲ႕မိခင္ ရာထူးနဲ႔ ထိုက္တန္တာ မရွိဘူး “
ေယာင္းရွီး သည္ သစ္ပင္တစ္ပင္၏ေနာက္ကြယ္တြင္ ပုန္းေအာင္းေနၿပီး လက္ရွိအခ်ိန္တြင္ မလႈပ္ရွားဝံ့ေတာ့ေပ။ အသက္ရွင္သန္လိုပါက နားမေထာင္ရန္ သတိေပးေသာ္လည္း နား႐ြက္မ်ားက ထား၍မရေပ။ ထိုစကားမ်ားကို ၾကားေသာအခါ သူမ ပို၍ထိတ္လန႔္သြားကာ ဆက္ၿပီး နားေထာင္ခဲ့သည္။
ထိုေန႔က ရန္ဇီနန္းေဆာင္ျဖစ္ပ်က္ခဲ့သည္မွာ အမွန္တကယ္ပင္ ေရွာင္းရႉ က က်န္း႐ႊယ္နင္ ကို ေထာင္ေခ်ာက္ဆင္ခဲ့ျခင္းျဖစ္သည္။
လင္းဇီမင္းသား ရွန္းက်ဲ႕အတြက္ျဖစ္ၿပီး အနာဂတ္ဘုရင္မျဖစ္လာဖို႔ပင္
ထို႔ေနာက္ေရွာင္းရႉ က “အေဒၚက ဘာကိုဆိုလိုတာလဲ…”
မယ္ေတာ္ႀကီးေရွာင္း က ေအးစက္စြာေျပာခဲ့သည္
“ဧကရာဇ္ ဒီမွာ ရွိေနသေ႐ြ႕ ေရွာင္းမိသားစုက လင္းဇီမင္းသားရဲ႕ ၾကင္ယာေတာ္ျဖစ္လာတာကို သည္းခံႏိုင္မွာ မဟုတ္ဘူး။ မင္းရဲ႕ စိတ္ေတြကို တည္ၿငိမ္ေအာင္ထားရမယ္။”
ေရွာင္းရႉ က
“အားရႉတို႔က တျခားသူေတြ လက္ဦးယူသြားတာကို ေစာင့္ၾကည့္ရမွာလား? “
ထိုအခ်ိန္တြင္ လူႏွစ္ေယာက္၏ေျခရာသည္ အနည္းငယ္ေဝးကြာေနၿပီး သူတို႔၏အသံမ်ားလည္း အနည္းငယ္ေဝးသြားပါသည္။
ေယာင္းရွီးသည္ ၾကာၾကာမေနရဲေတာ့ဘဲ တံေထြး မ်ိဳခ်လိုက္ၿပီး ထြက္ခြာရန္ ဇီးသီးခ်ဳံတစ္ဝိုက္ တိတ္တဆိတ္ ေလွ်ာက္လာခဲ့သည္။
ဒါေပမယ့္ ထိတ္လန႔္ေနတဲ့အခါ ဘယ္သူက အမွားမလုပ္မိဘဲ ေနမွာလဲ? ။
သူမ အရွိန္ျပင္းစြာ လမ္းေလွ်ာက္လိုက္ေသာအခါ ဇီးသီးပြင့္အကိုင္းအခက္ကို မေတာ္တဆ ဝင္တိုက္မိသြသည္။႐ုတ္တရက္ ဇီးသီးပြင့္မ်ား တုန္ခါသြားကာ သစ္ကိုင္းမ်ား တိုက္မိသံကို ၾကားလိုက္ရသည္။
“အဲ့ဒီ့မွာ ဘယ္သူရွိလဲ!”
မယ္ေတာ္ႀကီးေရွာင္း သည္ လွည့္ၾကည့္ကာ အေဝးမွ ဇီးသီးပြင့္အကိုင္းအခက္မ်ား ေ႐ြ႕လ်ားေနသည္ကို ျမင္လိုက္ရသျဖင့္ သူမသည္ က်ယ္ေလာင္စြာ ေအာ္လိုက္သည္။
ေယာင္းရွီး သည္ သူမ၏ တည္ေနရာကို ထုတ္ေဖာ္ခဲ့ေၾကာင္း ခ်က္ခ်င္းသိလိုက္ေသာေၾကာင့္ သူမ ထိတ္လန႔္ကာ ထြက္ေျပးသြားေတာ့သည္။
အေၾကာက္တရားက လြန္ကဲလြန္းတာေၾကာင့္ မေကာင္းေသာ အေတြးေတြလည္း ေပၚထြက္လာသည္။
သူမ၏ မ်က္လုံးမ်ားတြင္ စူးရွေသာ အၾကည့္မ်ား ရွိေနၿပီး စိတ္ထဲတြင္ အေတြးတစ္ခုျဖင့္ သူမ အက်ႌလက္မ်ားထဲသို႔ ေရာက္ရွိလာေနတဲ့ ေကာက္ယူထားခဲ့ေသာ အေမႊးအိတ္ကို ယူကာ ေျမႀကီးေပၚသို႔ ပစ္ခ်လိုက္သည္။ ထို႔ေနာက္ သူမသည္ ေတာ္၀င္ဥယ်ာဥ္မွ အျမန္ထြက္ခြာလာကာ အျခားတစ္ေနရာသို႔ လမ္းေလွ်ာက္ထြက္ၿပီးေနာက္ ပြဲသို႔ ျပန္လာခဲ့သည္။
နန္းေတာ္ထဲမွာ ဇီးသီးပြင့္ေတြကို ၾကည့္ရတာ သေဘာက်ေနတဲ့ ေမာင္းမမိႆံ တစ္စုရွိေနၿပီးမယ္ေတာ္ႀကီးေရွာင္း ယကလည္း အဲ့ဒီမွာ ရွိေနတာေၾကာင့္ က်န္း႐ႊယ္နင္ေတာ့ မပါဝင္ခဲ့။
လ်ိဳေ႐ႊခန္းမတြင္ စစ္တုရင္ကစားရန္ က်ိဳးေပါင္ယင္ မွ ဖန႔္ေျမာင္ ကို ဆြဲေခၚခဲ့သည္။
က်န္း႐ႊယ္နင္သည္ ေဘးသို႔ ေလွ်ာက္သြားကာ နန္းေတာ္အေစခံမ်ား ေကြၽးေသာ ေျမပဲမ်ားကို စားကာ စစ္တုရင္ခုံေပၚတြင္ ႏွစ္ေယာက္သား ယွဥ္ၿပိဳင္ေနသည္ကို ၾကည့္ေနလိုက္သည္။
ဇီးသီးပြင့္ေတြကို တန္ဖိုးထားလြန္းသူေတြကေတာ့ ေကာင္းကင္က ေမွာင္မိုက္သြားမွသာ ျပန္ေရာက္လာသည္။
လ်ိဳေ႐ႊခန္းမ တြင္ စစ္တုရင္ကစားေနသည္ကို ေတြ႕လိုက္ရာ၊ ဤစကားပြဲတြင္ က်ိဳးေပါင္ယင္ မည္မွ်အႏိုင္ရမည္ကို လူတိုင္းက လာေရာက္ၾကည့္ရႈခဲ့ၾကသည္။
ေရွာင္းရႉ လည္း ပါဝင္လာသည္။
က်န္း႐ႊယ္နင္သည္ ေျမပဲခြံမ်ားကို အခြံႏႊာၿပီးစားေနတာကိုျမင္ေတာ့ ေရွာင္းရႉ က ေရးေရးေလးၿပဳံးၿပီး မ်က္လုံးမ်ား အနည္းငယ္မွိတ္တုတ္မွိတ္တုတ္ျဖင့္ သူမလက္ကို ေျမႇာက္ရင္း အိတ္တစ္လုံးကို ကမ္းေပးကာ
“ အျပင္မွာ တစ္ခုခု က်ေနလို႔ သြားေကာက္ၾကည့္တာပုံစံက ရင္းႏွီးေနတယ္ ။ ဒါက ဒုတိယသခင္မေလး က်န္းနဲ႔မ်ား သက္ဆိုင္ေနသလားလို႔”
က်န္း႐ႊယ္နင္ လန႔္သြားၿပီး မ်က္လုံးကို ေမာ့ၾကည့္လိုက္သည္။
ေရွာင္းရႉ ၏လက္ေခ်ာင္းမ်ားၾကားတြင္ ရွိထားေသာ အေမႊးအိတ္သည္ ယိုဖန္ယင္း ပထမဆုံးလုပ္ငန္းစလုပ္စဥ္က ပိုးေတာင္သူမွေပးေသာ ပိုးႏွင့္ဖဲကိုအသုံးျပဳ၍ ပန္းထိုးထားသည့္အိတ္ျဖစ္သည္။ နက္ျပာေရာင္ ပ်ိဳနီပန္း မ်ားသည္ အလြန္ထူးျခားလွပပါသည္။
မ်က္လုံးကို ငုံ႔ၿပီး ခါးကို ငုံ႔ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္က ျပဳတ္က်ခဲ့မွန္း မသိ။
သူမ မ်က္ခုံးကို အနည္းငယ္ပင့္ကာ ေရွာင္းရႉ ၏လက္မွ အိတ္ကိုယူလိုက္သည္။သူမက သိပ္ေက်းဇူးတင္မေနဘဲ အနည္းငယ္ေအးစက္ေနေသးကာ
“ဒါက ငါ့ပစၥည္းပဲ၊ ဘယ္အခ်ိန္က ျပဳတ္က်သြားလဲေတာ့ မသိဘူး။ ျပန္ေတြ႕တာ ဝမ္းသာစရာပဲ ၊ေက်းဇူးတင္ပါတယ္”
အေမႊးအိတ္၏အစြန္းသည္ အမည္မသိအရာတစ္ခုခုေၾကာင့္ ျခစ္မိၿပီး အနည္းငယ္ၿပဲသြားသည္။
က်န္း႐ႊယ္နင္ သည္ ၎ကိုျမင္ေသာအခါ အနည္းငယ္စိတ္မေကာင္းျဖစ္ခဲ့ရသည္။
ေရွာင္းရႉ သည္ က်န္း႐ႊယ္နင္၏အမူအရာႏွင့္ အျပဳအမူကို တိတ္တဆိတ္ၾကည့္ကာ က်န္း႐ႊယ္နင္သည္ သူမကို စကားမေျပာလိုတာေၾကာင့္ လ်စ္လ်ဴရႈမႈကို အလြယ္တကူ သိရွိေသာ္လည္း ထိုအရာမွလြဲ၍ က်န္း႐ႊယ္နင္သည္ အလြန္တည္ၿငိမ္လို႔ ေနသည္။
ယိုယြဲ႕ အေနာက္ကေနၿပီး အနည္းငယ္ စိတ္ရႈပ္သြားပုံရသည္။
ဒီျမင္ကြင္းကို ျမင္လိုက္ရတဲ့ အခါ ေယာင္းရွီး ရဲ႕ ႏွလုံးခုန္သံဟာ ျမင္းတစ္ ေကာင္ ေျပးလႊားသလို ခုန္ေပါက္ေနၿပီး သူမ ေျခမခိုင္လုနီးပါး ၊မတ္တပ္ပင္ ေကာင္းေကာင္းမရပ္ႏိုင္ေတာ့ …….
Translated By Esther May