ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.5K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

260

181 14 0
By AyePhyoe0

အခန်း 260- နတ်ဘုရားသားရဲလေးကောင်ပဲ့တင်ထပ်ခြင်း

ထိုအချိန်တွင် နင်းမန်မန်းမှာ စိတ်ကူးပင် မယဥ်နိုင်လောက်သော နာကျင်မှုကို ခံစားနေရ၏။

သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ဖျက်စီးခံနေရပြီး အဆက်မပြတ် ပြန်လည်တည်ဆောက်ခံနေရသည်။ သာမာန်လူသာဆိုလျှင် သေနေသည်မှာ ကြာခဲ့ပေလိမ့်မည်။

ပြင်းထန်သော နာကျင်မှုသည် သူမ၏ နှလုံးသားထဲထိ အဆက်မပြတ် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေစေ၏။

သို့သော် သူမ နောက်မဆုတ်ခဲ့ပေ။ အံကိုသာ တင်းတင်းကြိတ်ကာ စိတ်ရှည်စွာ သည်းခံနေခဲ့သည်။

တစ်ချိန်တည်းမှာပင် မူလဝိညာဥ်ချီစွမ်းအင်များသည် သူမ၏ အရိုးများကို ဆက်လက်အာဟာရဖြည့်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ပေးနေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမခန္ဓာကိုယ်မှ ထွက်နေသော ရှေးဟောင်းအော်ရာသည်လည်း ပို၍ ပို၍ ထူထပ်လာနေသည်။ နောက်ဆုံးတွင် ထိုအော်ရာမှာ မီးကန်ထဲမှ ကောင်းကင်သို့ထိုးတက်သွားအောင် ထူထပ်နေလေတော့သည်။

“ဒီအော်ရာ...”

ရီချန်းဂျီမှာ မည်သို့မျှ မထူးခြားသော်လည်း ဘေးမှ ချူးယွဲ့လီမှာမူ ပါးစပ်အ‌ဟောင်းသားနှင့် ကိုးရိုးကားယားသာ ဖြစ်နေတော့သည်။

ရိုးရှင်းပြီး ဆန်းပြားမှုမရှိသော အော်ရာသည် သူမ၏နှလုံးကို တိုက်ရိုက်တုန်လှုပ်စေခဲ့သည်။

ယခင်က နင်းမန်မန်းတွင် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံမရှိခဲ့သဖြင့် ဤကဲ့သို့သော ဖိအားများကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။

ယခုမူ နင်းမန်မန်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အမှန်တကယ်ပင် ကောင်းကင်ကို တုန်လှုပ်စေသော အပြောင်းအလဲကို ကြုံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

တစ်နည်းဆိုရသော် သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းသည် ကောင်းကင်ဘုံကို အံတုနိုင်ခဲ့သည်။

ထိုအချက်ကို တွေးလိုက်မိသောအခါ ချူးယွဲ့လီသည် ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားပြီး အချိန်အတန်ကြာအောင် တည်ငြိမ်မနေနိုင်တော့ပေ။

ထိုအချိန်တွင် အသူရာနဂါးလျှို့ဝှက်နယ်မြေရှိ အခြားသူများသည်လည်း ကြီးကျယ်ခမ်းနားသော အော်ရာအရှိန်အဝါကို ခံစားလိုက်ရပြီး ထိတ်လန့်ဖွယ်ကောင်းသော ရတနာအချို့ ထွက်ပေါ်လာသည်ဟု ထင်သွားကြသည်။

ထို့ကြောင့် ချက်ချင်းပင် ထိုအော်ရာထွက်ပေါ်လာရာ တောင်ကြီးဆီသို့ သူတို့အားလုံး ဦးတည်ကာ ထွက်လာကြတော့သည်။ ခါးလည်မှ ပြတ်နေသော တောင်ကြီး၏ အနီးသို့ ရောက်လျှင် ကောင်းကင်မှ ကြီးမားသော အစီအရင်ကြီးကို သူတို့ ပထမဆုံး မြင်ရပြီး အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များကို မီးပင်လယ်ထဲသို့ ပို့လွှတ်နေသည်ကို တွေ့လိုက်ကြရသည်။

ဤကြီးမားသောမြင်ကွင်းသည် လူတိုင်း၏မျက်လုံးများကို ချက်ချင်းပင် ထိတ်လန့်သွားစေခဲ့သည်။

၎င်းတို့အားလုံးသည် ဂိုဏ်းပေါင်းစုံ၏ အဓိကကျသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ထိုစွမ်းအင်များသည် သာမန်ဝိညာဉ်ချီစွမ်းအင်များမဟုတ်ပဲ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့သော ဝိညာဉ်ချီစွမ်းအင်များဖြစ်ကြောင်း သိသွားကြသည်။

ထို့အတွက်ကြောင့် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝ ထိတ်လန့်သွားရသည်။

ဘာတွေဖြစ်နေလဲ မသိပေမယ့် အဝေးကနေသာ တိတ်တိတ်လေး ကြည့်နေရဲကြသည်။ မည်သူမှ အနားမကပ်ရဲကြပေ။

ဤမျှကြီးမားသော အစီအရင်နှင့်ဆိုလျှင် ထိုနေရာတွင် အင်ပါယာ ရှိနေနိုင်သည်ဖြစ်ပြီး အောက်ဖက်မှ လှမ်းကြည့်နေလျှင်လည်း မကြာခင်အတွင် ထူးခြားသည့်အဖြစ်များကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့နိုင်ပေမည်။

ထိုအခိုက်အတန့်တွင် မီးတောင်ထဲတွင် နင်းမန်မန်းသည် အရေးကြီးသောအခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်အသစ်သည် ထူထဲသောအလင်းရောင်နှင့် ရှေးဆန်သော အော်ရာကို ထုတ်လွှတ်နေလျှက်ရှီသည်။ ခေးအော့စ်မီးဝိညာဉ်ပုလဲသည်လည်း သူမ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီ ဖြစ်သည်။

မူလဝိညာဉ်ချီစွမ်းအင် ပေါင်းစပ်မှုနှင့်အတူ သူမ၏ ကျင့်ကြံမှုသည်လည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

သူမ၏ အောက်ရာသည်လည်း ပိုမိုအားကောင်းလာပြီးရင်း အားကောင်းလာနေလေသည်။ မီးတောင်အတွင်းမှ မီးပင်လယ်ကြီးတစ်ခုလုံးသည်လည်း ပေတစ်ထောင်ခန့် မြင့်မားသော မီးလျှံများကိုပါ ထုတ်လွှတ်ပေးနေလေသည်။

မကြာမီ သူမ၏ ကျင့်ကြံမှုသည် အင်ပါယာတစ်ပိုင်းအဆင့်သို့ မြင့်တက်လာခဲ့သည်။ သို့တိုင် မရပ်တန့်သေးပဲ ဆက်လက် မြင့်တက်နေခဲ့သည်။

အင်ပါယာတစ်ပိုင်း အစောပိုင်းအဆင့်၊ အလယ်ဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ်အဆင့်....

တစ်ချိန်တည်းမှာပင် အပြာရောင် ကောင်းကင်ကြီးတစ်ခုလုံး မီးပင်လယ်ကြီး ဖုံးလွှမ်းသွားသည်ဟု မြင်တွေ့လိုက်ကြရသည်။ အရပ်မျက်နှာအနှံ့သို့ ပူပြင်းလောင်မြိုက်သော အော်ရာများ ပျံ့နှံ့သွား၏။

ကောင်းကင်ကြီးမှာ ရောင်စုံ အလင်းတန်းများနှင့် ပြည့်နှက်နေသည့်ကြားမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

မြောက်၊  တောင်၊  အရှေ့၊  အနောက်...  မိုးပြာရောင်နဂါး၊  လိပ်နက်၊  ဗာမီလီယံမီးငှက် (ဖီးနစ်)၊  ကျားဖြူ စသည့် နတ်ဘုရားသားရဲကြီး လေးကောင်သည် အရပ်မျက်နှာတစ်ဖက်စီတွင် ထွက်ပေါ်လာလေသည်။ ဖော်ပြ၍မရနိုင်သော တာအိုကျက်သရေအား လွှမ်းခြုံထားသည့် သားရဲကြီးများသည် အရပ်တစ်ခုစီ၏ မိုးကုတ်စက်ဝိုင်းတွင် ထွက်ပေါ်လာကြလေသည်။

“ဒါက…”

“ဒီလို ကြောက်စရာကောင်းတဲ့ ကောင်းကင်နဲ့ မြေကြီး ဖြစ်စဉ်ကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့တာ ဘာကြီးလဲ...”

“ဒါတွေက အကန့်အသတ်မရှိတဲ့ စွမ်းအင်နဲ့ ခွန်အားကို ကိုယ်စားပြုတဲ့ ရှေးဦးနတ်ဘုရား သားရဲကြီး လေးကောင်ပဲ...!”

“တောင်ထိပ်ကို ကြည့်.... အဲဒါ ခုနက လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ပဲ.... ဒီဖြစ်စဉ်က သူတို့နဲ့ ဆက်စပ်နေရမယ်...”

တောင်ပေါ်ကို ကြည့်လိုက်လျှင် ချူးယွဲ့လီနှင့် နင်းမန်မန်း၏ ဆရာဖြစ်သူတို့ ရပ်နေသည်ကို တွေ့လိုက်ကြရသည်။

အကယ်၍ ဤဖြစ်စဉ်သည် လျှို့ဝှက်ဆန်းကြယ်သော စီနီယာကြောင့် ဖြစ်ပေါ်လာသည်ဆိုလျှင် ၎င်းတို့သည် ယင်းကို လုံးဝသံသယရှိမည် မဟုတ်ပေ။

အမှန်မှာ ထိုအရာသည် ကောင်းကင်တာအိုကပင် ကြောက်ရွံ့နေရသော ကောင်းကင်ဘုံကို ဖိနှိပ်နိုင်သော အင်ပါယာအဆင့် ပညာရှင်ဖြစ်သည်။ နတ်သားရဲလေးပါး၏ပုံရိပ် ပဲ့တင်ထပ်အောင် လုပ်နိုင်သည်မှာ သိပ်ထူးဆန်းသည်တော့ မဟုတ်ပေ။

ထိုအချိန်တွင် မီးပင်လယ်ထဲမှ မီးလုံးနီနီတစ်ခု ပျံသန်း ထွက်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။ ၎င်းသည် ကောင်းကင်မှ အစီအရင်ကို ဖောက်ထွင်းကာ ပျံသန်းသွားပြီး ကောင်းကင်ကို အံတုနေပုံရလေသည်။

နတ်ဘုရားသားရဲလေးကောင်တို့သည်လည်း ပျံသန်းလာကာ မီးလုံးနီတဝိုက်တွင် လှည့်ပတ်နေကြသည်။

ရီချန်းဂျီလည်း စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ချောင်းများသည် အဆက်မပြတ်ရွေ့လျားနေပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာများက မီးပင်လယ်အောက်တွင် ပျံ့လွင့်လာ၏။

ခေးအော့စ်မီးဝိညာဉ် ထွက်ပေါ်လာတော့မည်။ ဤခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ကြီးမားသော စွမ်းအင်များရှိသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ မီးအားလုံးကို ထိန်းချုပ်နိုင်ရုံသာမက ၎င်း၏ ကျင့်ကြံမှုအရှိန်မှာလည်း ထိပ်တန်းခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် နှိုင်းယှဉ်နိုင်သည်။

ယခုအချိန်တွင် သူမသည် ခြေတစ်လှမ်းစာမျှသာ ဝေးတော့လေသည်။

ရီချန်းဂျီ ခေးအော့စ်မူလလက်နက်ကို သိုလှောင်လက်စွပ်ထဲမှထုတ်ယူလိုက်လျှင် လှပသောငါးရောင်ခြယ် အလင်းတန်းတစ်ခု ထွက်လာသည်။ ထို့နောက် ထိုအရာကို နင်းမန်မန်း၏ နှလုံးသားနေရာသို့ ပစ်ချလိုက်လျှင် ၎င်းမှာ သူမ၏ နှလုံးသားနှင့် လုံးဝ ပေါင်းစပ်သွားလေသည်။

ခေးအော့စ်မူလလက်နက်သည် စကြာဝဠာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အင်အားကြီးသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတိုင်းသည် အနည်းနှင့်အများ မငြိမ်မသက်ဖြစ်မှု၏ အရိပ်အယောင်များ ရှိတတ်သည်။

ထာဝရ မပျက်စီးနိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဖွဲ့စည်းနိုင်စေရန် အစွမ်းထက်သော အရာများစွာ ထည့်သွင်းရခြင်းသည် အရေးကြီးဆုံးအချက်ဖြစ်သည်။

အဖိုးတန်အရာများစွာ၏‌ ပေါင်းစပ်ခြင်းကြောင့် မဟုတ်လျှင် ခေးအော့စ်မူလလက်နက်ပင်လျှင် ၎င်းအား ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအဖြစ် ပြောင်းလဲနိုင်မည်မဟုတ်ပေ။

အရာအားလုံးပြင်ဆင်ပြီးသောအခါ ရီချန်းဂျီသည် ခေးအော့စ်မူလလက်နက်ကို ထုတ်လွှတ်လိုက်လျှင် နင်းမန်မန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များ လုံးဝထွက်ပေါ်လာလေသည်။

၎င်းသည်လည်း စနစ်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် မူလက သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအရသာ လည်ပတ်နေသော်လည်း ခေးအော့စ်မူလလက်နက်တည်ရှိမှုနှင့်အတူ ၎င်းသည် အသက်ရှိသကဲ့သို့ တုနှိုင်းမရသည့် အသိဉာဏ် ဖြစ်လာသည်။

ကောင်းကင်မှ အောက်ရာသည်လည်း အဝေးကြီးမှ မြင်ရလောက်အောင်ပင် ပြောင်းလဲသွားတော့သည်။

ကောင်းကင်တွင် ပြည့်လျှံနေသော အနီရောင်မီးတောက်များသည် ရှေးခေတ်အော်ရာများနှင့် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ဖြစ်နေ၏။ ကောင်းကင်နှင့်မြေကြီးတွင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များသည် တစ်ဖန်ပြင်းထန်လာပြန်သည်။

၎င်းကိုမြင်လျှင် ရီချန်းဂျီသည် ချူးယွဲ့လီနှင့် လုယန်ချီတို့ နှစ်ယောက်ကို အဝေးမှ မြေပေါ်သို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့လိုက်သည်။

သူ၏အကြည့်များသည် မီးပင်လယ်၏ထိပ်သို့ ရောက်ရှိသွားပြီး နောက်တစ်ဆင့်ကို တိတ်တဆိတ် စောင့်မျှော်နေလျှက်ရှိသည်။

ချူးယွဲ့လီသည် အထက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမ၏ ရင်ထဲမှတုန်လှုပ်ခြင်းကို စကားလုံးများဖြင့် ဖော်ပြ၍မရပေ။ ဤအငွေ့အသက်သည် ကြောက်စရာကောင်းလွန်းသည်။

သူမ၏ ခန္ဓာကိုယ်ထဲက စွမ်းအင် အားလုံးကို ဖိနှိပ်ခံလိုက်ရသလို ခံစားနေရလေသည်။ သူ၏စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသော တုန်လှုပ်မှုတစ်ခုမှာ ထိုအဖြစ်အပျက်သည် ကောင်းကင်နှင့်မြေကြီး၏ ကြီးစွာသော ပြောင်းလဲမှုဖြစ်ကြောင်း သူမကို သတိပေးနေခဲ့သည်။

ကျင့်ကြံသူတိုင်းသည် အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိခဲ့ကြသည်။ ကျင့်ကြံဆင့်ကိုလိုက်၍ အနည်းအများသာ ကွာဟသွားတတ်သည်။

အချို့လူများသည် အန္တရာယ် မကြုံခင် အဝေးကြီးကတည်းက အန္တရာယ်ကို ခံစားမိတတ်ပြီး အချို့မှာ အန္တရာယ်နီးမှသာ ခံစားမိတတ်သည်။ ကျင့်ကြံမှုနယ်ပယ် မြင့်တက်လာသည်နှင့်အမျှ ဤစွမ်းရည်သည် ပို၍ပို၍ အားကောင်းလာတတ်သည်။

ဤခံစားချက်ဖြင့် သူမသည် ယခင်တိုက်ပွဲများတွင် မရေမတွက်နိုင်သော ဘေးအန္တရာယ်များမှ လွတ်မြောက်ခဲ့သည်။

ထို့ကြောင့် သူမသည် ဤခံစားချက်ကို အမြဲယုံကြည်ထားခဲ့သည်။ သို့သော်လည်း ယခုပင် သူမသည် ကြီးစွာသော ကြောက်မက်ဖွယ်ရာ အန္တရာယ်ကြီး ဤကမ္ဘာကြီးပေါ်သို့ ကျရောက်တော့မည်ကို သူမ ခံစားခဲ့ရသည်။

ဆိုလိုသည်မှာ နင်းမန်မန်း၏ ခန္ဓာကိုယ်သည် သူမ၏ နှင်းဖြူခန္ဓာကိုယ်ထပ် အများကြီး ကျော်လွန်သွားခဲ့ပြီဟု ပြနေခြင်းပင် ဖြစ်သည်။။ သို့ဆိုလျှင်ပင် သူမ၏ ခန္ဓာကိုယ်သည် သာမာန်သူများထက် အများကြီး ကျော်လွန်နေခဲ့ပြီး ဖြစ်ပေသည်။

နင်းမန်မန်း၏ ခန္ဓာကိုယ်အသစ်မှာ မည်မျှ ထူးကဲ့နေမည်ကို ချူးယွဲ့လီ တွေးကြည့်၍ပင် မရတော့ပေ။

သူမ ဖတ်မှတ်ခဲ့ဖူးသည့် မှတ်တမ်းများကို ပြန်စဥ်းစားကြည့်သည့်တိုင် ဤကဲ့သို့ ခန္ဓာကိုယ်မျိုးကို မကြားဖူးခဲ့ပေ။ ၎င်းကိုကြည့်ခြင်းဖြင့် ထိုခန္ဓာကိုယ်မျိုးသည် သူမတို့ ကမ္ယာတွင် မရှိခြင်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် ရီချန်းဂျီတို့သည် အခြားကမ္ဘာမှ ရောက်လာခဲ့သည်ကို ပို၍ အတည်ပြုနိုင်ပေပြီ။

မျှော်လင့်ထားသည့်အတိုင်း ရီချန်းဂျီသည် ဤကမ္ဘာမှ အမှန်တကယ်မဟုတ်နိုင်ခဲ့ပေ။ မဟုတ်လျှင် သူ့တွင် ဤမျှကြောက်စရာကောင်းသည့် စွမ်းရည်မျိုးရှိဖို့ မဖြစ်နိုင်ပေ။

သူသည် ကျင့်ကြံခြင်းလောက၏ အသိပညာများကိုပင် ရိုက်ချိုးပြီး လူတစ်ဦး၏ မွေးရာပါ ခန္ဓာကိုယ်ကိုပင် အစားထိုး အသစ်လဲလှယ်ပေးနိုင်သူ ဖြစ်ပေသည်။

Continue Reading

You'll Also Like

77.5K 1.6K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
35.3K 2.5K 42
people read the book trust me on this one
24.1K 1.1K 18
إن كُتِب قدر شخصين معاً فسيتقاطع طريقهما ذات يوم حتماً ليحوما حول الدنيا إذا ارادا للعثور على بعض وليختبئا للهروب من البعض وهجنا وثابتنا دكاترنا ا...