ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

22K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

240

202 15 0
By AyePhyoe0

အခန်း 240- နတ်ဆိုးဝက်ဝံဘာ့သ်

ရီချန်းဂျီသည် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီး နတ်ဆိုးဝက်ဝံကို သတ်ရန် သူ၏လက်ချောင်းကို ဆန့်ထုတ်တော့သည်။

ဟင်လင်းပြင်လိုဏ်ခေါင်း ကွဲအက်သွားသည်မှာ သုံးရက်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုထိ နင်းမန်မန်း၏ ဘယ်ရောက်နေသည်ကို မသိရသေးဘဲ သူမကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရန် လိုအပ်နေသည်။

ဟင်းလင်းပြင်မုန်တိုင်းသည် အလွန်ကြောက်စရာကောင်းလှသည်။ သူ၏ ခွန်အားနှင့်ပင် ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသည်။

နင်းမန်မန်းသည်လည်း သက်သာမည်မဟုတ်သည်မှာ သေချာသည်။

အရေးကြီးသော အခိုက်အတန့်တွင် နင်းမန်မန်းကို ကာကွယ်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ အကာအကွယ် လုပ်ပေးခဲ့သော်လည်း သူမကိုမတွေ့မချင်း စိတ်ချနိုင်မည် မဟုတ်ပေ။

လီမန်နှင့် အခြားသူများသည် ရီချန်းဂျီ လှုပ်ရှားလိုက်သည်ကို မြင်သောအခါတွင် လှောင်ပြောင်သောအမူအရာဖြင့် နတ်ဆိုးဝက်ဝံကို ကြည့်နေကြသည်။

သူတို့တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေလေသည်။

အင်ပါယာ၏လမ်းကို ပိတ်ဆို့ထားရဲသည်။ ၎င်းမှာ သေမင်းကို လိုက်ရှာနေခြင်း မဟုတ်လော။

သေချင်နေသည်ဆိုလျှင်ပင် ဤနည်းလမ်းမှာ ပြင်းထန်လွန်းလှသည်။

ထိုအခိုက်တွင် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် နတ်ဆိုးဝက်ဝံသည် ရုတ်တရက် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

“ကျုပ်က ဝက်ဝံလေး ဘာ့သ် ပါ... စီနီယာကို မရည်ရွယ်ဘဲ စော်ကားခဲ့မိတာပါ သခင်... သနားပါ...”

၎င်း၏အမူအရာမှာ ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေလေသည်။

သူ၏ တိုက်ခိုက်မှုအား အသာအယာ ပယ်ဖျက်သွားပြီး သူ့အား တိုက်ခိုက်ရန် လက်ဆန့်လာသည်ကို မြင်မှ ဝက်ဝံကြီးသည် သူ့အရှေ့မှ လူများမှာ သူ ရန်စနိုင်သည့် လူများ မဟုတ်ဟု သတိထားမိသွားသည်။ ၎င်း၏တိုက်ခိုက်မှုကို မျက်တောင်တစ်ချက်မခတ်ပဲ ချေမှုန်းနိုင်ခဲ့သည်မှာ အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။

သူ့အား သတ်ဖို့မှာ မည်မျှ လွယ်ကူနေလိုက်မည်နည်း။

သို့သော် ပို၍ ကြောက်စရာကောင်းသည့်အရာကို ဝက်ဝံကြီး မသိသေး။ သူသိသည်မှာ သူ့ရှေ့မှ လူများထဲတွင် သူ့အား အနိုင်ယူနိုင်သည့်သူ ပါသည်ဟုသာ သိသေးသည်။

သူ့အရှေ့မှ လူများထဲတွင် အင်ပါယာတစ်ပါးရှိနေသည်ကို သူမသိသေးပေ။ ၎င်းမှာ တကယ်ကို သေမင်းကို ရှာဖွေခြင်း ဖြစ်သည်။

သူသည် လောဘဇောကြောင့် အပြင်သို့ ပြေးထွက်လာကာ တွေ့သည့်သူများကို သေချာ မစစ်ဆေးပဲ ခြိမ်းခြောက်မိခဲ့သည်။ ထိုကိစ္စကို ပြန်တွေးလေ သူ ကျောချမ်းလေ ဖြစ်သည်။

ထို့အပြင် တစ်ဖက်လူသည် သူ၏ တိုက်ခိုက်မှုအား အသာအယာ ချေဖျက်သွားသည်ကို ကြည့်လျှင် အင်ပါယာမဟုတ်လျှင်ပင် အနည်းဆုံး အင်ပါယာတစ်ပိုင်းအဆင့် ဖြစ်ရပေမည်။

ရီချန်းဂျီသည် သူစော်ကားရန် တတ်နိုင်သူ မဟုတ်ပေ။

ထိုအဆင့်မှလူသည် သူ့အား သတ်ရန်ဆိုလျှင် အားစိုက်ထုတ်နေစရာပင် မလိုပေ။ လေနှင့် တစ်ချက်မှုတ်ရုံနှင့်ပင် သူ သေသွားနိုင်ပေသည်။

အင်ပါယာကို စော်ကားမိပြီးနောက် အသက်ရှင်ဖို့ သူ မမျှော်လင့်ရဲတော့ပေ။

ရီချန်းဂျီသည် စိတ်သဘောထား နူးညံ့၍သာ ထိုဝက်ဝံ ယခုအချိန်အထိ အသက်ရှင်နေခြင်း ဖြစ်သည်။ အင်ပါယာတစ်ပါးသည် အခြားသူများ၏စိတ်ဝိညာဉ်ကို အကြည့် တစ်ချက်တည်းနှင့် ထိုးဖောက်စုတ်ဖြဲပစ်နိုင်သည့် အစွမ်းထက်သော ဝိညာဉ်စွမ်းရည်ရှိသည်။

ရီချန်းဂျီသည် ဤနတ်ဆိုးဝက်ဝံသည် မြောက်ပိုင်းကန္တာရမှ ဘယ်ကိုမှ မထွက်ခွာခဲ့ဖူးကြောင်း ပြောနိုင်သည်။ ၎င်းသည် မွေးကတည်းက ဤနေရာတွင် နေထိုင်ခဲ့သည်သာ ဖြစ်သည်။

ဂူထဲတွင်သာ အမြဲကျင့်ကြံနေခဲ့သည်။ ဤမျှ ဝေးသည့်အရပ်ကိုပင် ယခုမှသာ ထွက်လာခြင်း ဖြစ်နိုင်သည်။

ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်အဆီအနှစ်များကို အာရုံမခံစားမိလျှင် သူ့အသိုက်ထဲတွင်သာ ကျင့်ကြံမှုတွင် နှစ်မြုပ်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည်လည်း အခြားသော နတ်ဆိုးသားရဲများကဲ့သို့ ရန်လိုခြင်းမရှိပဲ ညှိနှိုင်းရန်သာ ပြောခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ဤနတ်ဆိုးဝက်ဝံမှာ ယခုမှ မြက်ခင်းစိမ်းထဲမှ ထွက်လာသည့် ကလေးသူငယ်လေးပင် ဖြစ်သည်။

ရီချန်းဂျီ ဘာမှပြန်မပြောဘဲ ပုံမှန်အတိုင်း ငြိမ်သက်စွာသာ နေခဲ့လိုက်သည်။

သို့သော် လီမန်နှင့် အခြားသူများသည် မာနကြီးပြီး မောက်မာလွန်းလှသည့် ဝက်ဝံကို ယခုလို တစ်ခဏအတွင်း မြင်လိုက်ရသောအခါတွင် မပြုံးဘဲ မနေနိုင်ကြတော့ပေ။

"မင်း အခုနက အရမ်း မာနကြီးနေတာ မဟုတ်ဘူးလား... အပြောင်းအလဲက မြန်လိုက်တာ...!”

"မင်း ရတနာတွေ မလိုချင်တော့ဘူးလား..."

“ဒီလို သူရဲဘောကြောင်တဲ့ နတ်ဆိုးတစ်ကောင်ကို ငါ ပထမဆုံးမြင်ဖူးတာ... ဒါပထမဆုံးပဲ... သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးသားရဲတစ်ကောင်ဟာ တိုက်ပွဲမစရပဲ တကယ် ရှုံးသွားခဲ့တယ်လား...!”

"မင်းဘာသိလို့လဲ... ဒါကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းလို့ ခေါ်တယ်... ကိုယ့်ထက် သန်မာတဲ့သူကိုတွေ့ရင် ဆက်ပြီးတိုက်ခိုက်တာ မိုက်မဲတာပဲ...”

"ဟုတ်တယ်... မင်း မှန်တယ်....!"

ဤသည်မှာ အားကောင်းသူတစ်ဦး၏ ဂုဏ်သိက္ခာဖြစ်သည်။

နတ်ဆိုးတစ်ကောင်သည် မည်မျှ မာနထောင်လွှားနေအါစေ အားကောင်းသူတစ်ဦး၏ အရှေ့တွင် ကလေးတစ်ယောက်လို နာခံမှုနှင့် ရှိနေရပေလိမ့်မည်။

ယခင်ကတည်းက ဤသို့သာ ဖြစ်သည်။

ထိုအချိန်တွင် သူတို့၏ နှလုံးသားထဲတွင် ပို၍ သန်မာလိုစိတ်များ ကြီးထွားလာသည်။ သူတို့သည် လေကိုအစိုးရ၍ မိုးကိုဆင့်ခေါ်နိုင်သော စီနီယာရီကဲ့သို့ တန်ခိုးရှင်ဖြစ်လာရန် ကျိန်ဆိုကြသည်။

ထိုအချိန်တွင် နတ်ဆိုးဝက်ဝံသည်တော့ နောင်တရခြင်းများဖြင့် ပြည့်နေလေသည်။

အဘယ့်ကြောင့် ဂူထဲတွင် မနေနိုင်ရသနည်း။ အဘယ့်ကြောင့် လောဘနောက်ကိုလိုက်ကာ မစူးမစမ်း ပြုမူခဲ့ရသနည်း။ ယခု အခွင့်အရေးကို ရှာမတွေ့တော့သည့်အပြင် သူ့အသက်ကိုပင် စွန့်လွှတ်ရမည့် အခြေအနေ ဖြစ်နေလေသည်။

နောက်ဆုံး စီရင်ချက်ကို စောင့်မျှော်လျှက် မြေကြီးပေါ်တွင် ဒူးထောက်လျက်သာ နေလိုက်ခဲ့တော့သည်။

ထွက်ပြေးရန် ရည်ရွယ်ချက် အနည်းငယ်မျှပင် မထားခဲ့တော့ပေ။

သူ့တွင် ကြီးမားသည့် အရည်အချင်းများရှိလျှင်ပင် ကျွမ်းကျင် ပညာရှင် တစ်ယောက်ရှေ့တွင် လွတ်မြောက်ဖို့ အခွင့်အရေး မရှိခဲ့ပေ။ အနီးနားက နေရာကို အလုံပိတ်ထားပြီး ဘယ်ကနေ လွတ်မြောက်နိုင်မလဲ။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရီချန်းဂျီ သူ့ကို ခွင့်လွှတ်ပေးဖို့သာ ဖြစ်သည်။

ဤနည်းဖြင့်သာ သူသည် မျှော်လင့်ချက်ပြန်လည် ရရှိနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် ထွက်ပြေးခြင်း ခုခံခြင်းမပြုပဲ တောင်းပန်ခြင်းသည်သာ ယခုအချိန်တွင် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

အချိန်မှာ တစ်ခဏသာ ကြာမြင့်သေးသော်လည်း ဝက်ဝံကြီးမှာ ရာစုနှစ်ပေါင်းများစွာကြာသွားအောင် အချိန်များ ကုန်လွန်နေသည်ဟု ခံစားနေရလေသည်။

ထိုတစ်ချိန်လုံး သူ စိတ်ပူနေရသည်။ သူ့ရှေ့မှလူ မညှာတာခဲ့ပါက ခွင့်မလွှတ်ခဲ့ပါက သူ့ ဘဝလေး ဆုံးရပေတော့မည်။

ရီချန်းဂျီမှာ သူ့ရှေ့တွင် တုန်လှုပ်နေသော ဝက်ဝံကြီးကို ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ သူ့တွင် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိပေ။ သူ့တွင်သာ သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိပါက ထိုဝက်ဝံ ရှေးမဆွကပင် ခေါင်းပြတ်ပြီး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မလှုပ်ချောက်ချက်နှင့်သာ ထိုနေရာတွင် ရပ်နေလိုက်သည်။

သည်အတိုင်း လွှတ်ပေးရန်တော့ မဖြစ်နိုင်ပေ။

မောက်မာသည့် ဝက်ဝံအား မသတ်ဖြတ်သည့်တိုင် သင်ခန်းစာအချို့တော့ ပေးရပေမည်။

အလင်းတစ်ချက် ထိုလူ၏ လက်မှ လင်းလက်သွားသည်ကို ဝက်ဝံကြီး မြင်လိုက်ရသည်။ အခြားသူများလည်း သူ့ကို အာရုံစိုက်ကာ ကြည့်နေကြသည်ကို သူ ခံစားမိသည်။

ထိုလူငယ်၏ လက်မြှောက်လာသည်နှင့် ဤလူငယ်သည် လူအုပ်ထဲတွင် အမြင့်ဆုံးသော ကျင့်ကြံမှုရှိကြောင်း လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့သည်။

ကြောက်စရာကောင်းလွန်းသည်။

ဤလူငယ်ကိုကြည့်လိုက်လျှင် တကယ်အင်ပါယာအဆင့် တန်ခိုးရှင်တစ်ယောက်ဟု မည်သူကထင်မည်နည်း။ တကယ် မယုံနိုင်စရာ ဖြစ်သည်။

ရီချန်းဂျီသာ ထိုဝက်ဝံ တွေးနေသည်ကို သိလျှင် ရီစရာကောင်းသည်ဟု တွေးနေမည်မှာ သေချာသည်။ အင်ပါယာအဆင့်သည် ဘာမှမဟုတ်သေးပေ။

ရီချန်းဂျီသည် တစ်ဖက်လူ၏ ကျင့်ကြံမှုကို တိုက်ရိုက်ဖိနှိပ်ပြီး သူတော်စင်တစ်ပိုင်းအဆင့်မှ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ် သို့ တိုက်ရိုက်ကျဆင်းသွားစေခဲ့လိုက်သည်။ ဘာ့သ်သည် ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်မိသော်လည်း မကျေနပ်မှုကို အနည်းငယ်မျှ မပြဝံ့ပေ။ ထိုအစား သူ အတော်လေးစိတ်လှုပ်ရှားနေမိသည်။

ကျင့်ကြံမှု ကျဆင်းသွားခြင်းမျှသာ ဖြစ်သည်။ အသက်ကို မထိခိုက်ဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။ ကျင့်ကြံခြင်းမှာ ပျက်စီးသွားလျှင်လည်း ပြန်လည်ကျင့်ကြံနိုင်သေးသည်။ အသက်ဆုံးရှုံးလျှင် ဘာမှ ကျန်တော့မည် မဟုတ်ပေ။

ထို့အပြင် ၎င်း၏ ကျင့်ကြံမှုကို လုံးဝ ဖျက်စီးလိုက်ခြင်းလည်း မဟုတ်ပေ။ အဆင့်တစ်ဆင့်သာ ကျဆင်းစေခဲ့ခြင်းဖြစ်သည်။ ပြန်လည်ကျင့်ကြံရန် အချိန်အရမ်းကြာမည်မဟုတ်ပေ။

“ကျုပ် အသက်ကို ချမ်းသာပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ.... ကျေးဇူးတင်ပါတယ်..."

မြေပြင်ပေါ်တွင် ဒူးထောက်ကာ မရပ်မနား အရိုအသေပြုနေလေသည်။ သူ အလွန်ပျော်ရွှင်နေခဲ့သည်။

သူ့အသက်ကို အလွတ်ပေးခဲ့သည်။ ဤအတွေ့အကြုံအရ အပြင်လောကသည် အလွန်အန္တရာယ်များမည်ကို သူ ကောင်းကောင်းသိလိုက်သည်။ ထို့နောက် သူ့ အသိုက်ဂူထဲသို့ ပြန်လာကာ ပြန်လည်၍ ကျင့်ကြံနေလေတော့သည်။

ဤတစ်ကြိမ်တွင် ကမ္ဘာကြီးသည် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး သူ၏ သူတော်စင်တစ်ပိုင်းအဆင့်မှာ ဘာမျှ မဟုတ်သေးသည်ကို သဘောပေါက်လိုက်သည်။

၎င်းမှာ ပြင်ဆင်၍ရသည့် ကိစ္စမျိုး မဟုတ်ပေ။

နောက်တစ်ကြိမ်တွင် ယခုလို ညှာတာတတ်သည့် ရီချန်းဂျီလိုလူမျိုးနှင့် မဆုံတွေ့ခဲ့လျှင် သူ ဘာဖြစ်သွားတော့မည်ကို မည်သူမျှ သိနိုင်မည် မဟုတ်တော့ပေ။

ထိုနောက် ရီချန်းဂျီနှင့် တခြားသူများ မြောက်ပိုင်းအင်ပါယာမြို့တော်ကို ခရီးဆက်ထွက်ခဲ့ကြသည်။ တစ်နေကုန် ခရီးထွက်ပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ကြီး အမှောင်ဖုံးမသွားမီ မြောက်ပိုင်းအင်ယာမြို့တော်သို့ ရောက်ရှိလာခဲ့ကြတော့သည်။

လမ်းခရီးမှာ အရာအားလုံး အထစ်အငေါ့မရှိပဲ ချောမောနေခဲ့သည်။

ဤသည်မှာလည်း သူတို့၏ခရီးတွင် အသာယာဆုံး အခိုက်အတန့် ဖြစ်သည်။ သူတို့ဟာ ယခင်က ဤမျှ သက်တောင့်သက်သာ မခံစားဖူးကြဘဲ ယခုတခေါက်တွင် အလွန်အေးချမ်းသည့် ခံစားချက်မျိုး ရရှိခဲ့ကြရလေသည်။

Continue Reading

You'll Also Like

55.4K 5.3K 101
ဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတ...
12.8K 1.1K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
20.7K 2.2K 113
Uni & Zawgyi အပိုင်း ၁ မှ​ ၁၀၃၀.........
8.4K 414 64
Description ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နေ...