ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.6K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

232

189 14 0
By AyePhyoe0

အခန်း 232- တာအိုနှလုံးသား

ရီချန်းဂျီသည် သူတို့၏ စူးစမ်းလိုသော အမူအရာများကို ကြည့်ရင်း ပြုံးသာပြလိုက်သည်။ သူဘာမှမပြောတော့ပေ။

ထိုအချင်းအရာမှာ ထိုလူများအား စူးစမ်းလိုစိတ်ဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။

ရီချန်းဂျီ၏ မထုံတက်သေးအမူအယာကြောင့် ထိုလူများမှာ သိချင်စိတ်များပျောက်မသွားသည့်အပြင် ပို၍ပင် သိချင်လာကြသည်။ သူတို့ လီမန်ကို ကြည့်လိုက်ကြသည်။ သူတို့သည် လီမန် မှတဆင့် ရီချန်းဂျီနှင့်ပတ်သက်သော အချက်အလက်များကို ရှာဖွေရန် ကြိုးစားနေသည်မှာ ထင်ရှားပေသည်။

လီမန်မှာ ရီချန်းဂျီ၏အသက်ကို ကယ်တင်ခဲ့သူ ဖြစ်ပြီး သူတို့၏ဆက်ဆံရေးမှာ အကောင်းဆုံးဖြစ်သည်။ လီမန်မေးလျှင် ရလောက်မည်ဟု ထင်ထားကြလေသည်။

၎င်းမှာလည်း ရီချန်းဂျီ၏ မျက်စိများအောက်မှ မလွတ်နိုင်ပေ။ သို့သော် သူကတော့ မည်သို့မျှ အပြစ်မတင်ပေ။

ဤကုန်းမြေတွင် သူ၏ ခွန်အားမျှ ရှိသောသူမှာ လက်ချိုးရေ၍ ရပေမည်။ ထို့ကြောင့် သူ့အား မည်သူနည်း ဘယ်လိုဒီနေရာကိုရောက်နေသနည်းဆိုသည်မှာ လူတိုင်းသိချင်ကြမည့် ကိစ္စသာ ဖြစ်သည်။

ထို့အပြင် ရီချန်းဂျီသည် အစကတည်းက ဖုံးကွယ်ထားရန်လည်း မစဉ်းစားခဲ့ပေ။ ထိုသူတို့က မမေးခဲ့ကြခြင်းသာ ဖြစ်သည်။ ယခင်ကတည်းက သူ့အဆင့်အတန်းကို ထုတ်ပြောခဲ့လျှင်လည်း မည်သူမျှ ယုံမည် မဟုတ်ပေ။

သူ ထုတ်ဖော်မပြောလည်း တစ်ချိန်ချိန်တွင် သူတို့ သိသွားပေလိမ့်မည်။

လီမန်မှာ သူ့အဖွဲ့မှ လူများ၏ အကြည့်များ၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။

ရှက်ကိုးရှက်ကန်းနှင့် သူ့လက်များကို ပွတ်သပ်ရင်း ရီချန်းဂျီအား ခေါ်လိုက်သည်။ 

“အစ်ကိုကြီးရီ...”

သူစကားမဆုံးခင် ရီချန်းဂျီ သူ့ကို တားလိုက်သည်။

“အစ်ကိုလီ... မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်စရာမလိုပါဘူး...” ရီချန်းဂျီ အမြန်တားလိုက်သည်။

ဤကမ္ဘာကြီးတွင် အားကောင်းသူများမှာ အဆင့်အတန်းမြင့်မားသူများ ဖြစ်သည်။ အသက်အရွယ်သည် အဆင့်အတန်းကို ကိုယ်စားမပြုပေ။ ခွန်အားကသာ တစ်စုံတစ်ယောက်၏ အဆင့်အတန်းကို ကိုယ်စားပြုပေသည်။

သို့သော် သူ့ရှေ့မှ လီမန်မှာ သူ့အသက်ကို ကယ်တင်ခဲ့သည်။ လီမန်မှာ လူကောင်းတစ်ယောက်ဖြစ်ပြီး လက်အောက်ငယ်သားများကို ဂရုစိုက်ညှာတာတတ်သည့် ခေါင်းဆောင်ပီသသည့်သူ ဖြစ်သည်။ ထို့ကြောင့် ထိုလူကို သူ အကိုကြီးဟု ခေါ်ရလည်း ကိစ္စမရှိပေ။

လီမန်သာ သူ့ကို မကယ်တင်ခဲ့ပါလျှင်လည်း ၎င်းမှာ ကြီးမားသည့် ပြဿနာ မဟုတ်ပေ။ သူ့တွင် နတ်ဆိုးများနှင့် ကြုံတွေ့လျှင်လည်း ၎င်းတို့ကို သတ်ရန် မရေမတွက်နိုင်သော နည်းလမ်းများရှိသည်။

သို့သော် အားထုတ်မှုများစွာပြုလုပ်ရမည် ဖြစ်ပြီး သူ့ခွန်အားကိုလည်း တစ်ရက်မျှနှင့် ထိုမျှအထိ ပြန်လည် ရရှိစေနိုင်မည် မဟုတ်ပေ။

တစ်ရက်တာမျှ ခရီးအတူထွက်ခဲ့ပြီး အပြန်အလှန်ပြောဆိုဆက်ဆံပြီးနောက် ရီချန်းဂျီသည် ဤလူကို အသိအမှတ်ပြုထားပြီးဖြစ်သည်။

မဟုတ်လျှင် ထိုလူမှာ သူ့ကို အကြိမ်တစ်ထောင် ကယ်ခဲ့လျှင်ပင် ရီချန်းဂျီမှာ အကျင့်သီလမကောင်းသည့်လူကို သူကယ်တင်ထိုက်သည့်လူဟု အသိအမှတ်ပြုမည် မဟုတ်ပေ။ ကျေးဇူးကြွေးဆပ်ရန် တစ်ခါမျှ ကယ်တင်ပြီးနောက် ဘာဖြစ်ဖြစ် လွှတ်ထားလိုက်တော့မည် ဖြစ်သည်။ ထိုသို့သော လူမျိုးသည် သူ့ခွန်အားနှင့် မတန်ပေ။

လီမန်၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုကို နားလည်သွားသလို တုန်လှုပ်သွား၏။

တခြားသူများလည်း အံ့သြသွားကြသည်။ ရီချန်းဂျီသည် ဤမျှလောက် ကျိုးနွံလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိသည်မှာ သေချာလှသည်။

အစွမ်းထက်သော ပညာရှင်တိုင်းတွင် ထူးခြားသော စိတ်နေသဘောထားများရှိကာ ခက်ထန်တတ်ကြသည်။

ရီချန်းဂျီကဲ့သို့သော လူမှာ နည်းပါးလွန်းပေသည်။

ထိုကဲ့သို့သော သူမျိုး တစ်ခါမျှ မမြင်ဖူးဟုပင် ပြောလို့ရသည်။

ကျင့်ကြံခြင်းလောကတွင် ဝါစဥ်သည် တင်းကျပ်လွန်းလှသည်။ အဆင့်တိုင်းတွင် ကွဲပြားသော ခေါင်းစဉ်တစ်ခုစီရှိတတ်သည်။ မည်ကဲ့သိုသော ပညာရှင်မျိုးအား မည်သို့သောနည်းလမ်းအားသုံးကာ ဆက်ဆံသင့်သည်ဆိုသည်မှာ ကွဲပြားတတ်သည်။

လီအဖွဲ့မှလူများမှာ ရီချန်းဂျီမှာတော့ တကယ်ကို လေးစားဖွယ်ကောင်းသည့်သူဟုပင် ထင်နေကြလေသည်။

အင်ပါယာအဆင့်မှ ပညာရှင်များအတွက်မှာ အင်ပါယာအဆင့်အောက်မှ မည်သူမဆို ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။

၎င်းသည် အင်ပါယာတစ်ပါး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။ ထိုစည်းမျဥ်းမှာ ရှေးခေတ်ကတည်းက မပြောင်းလဲခဲ့သော ဥပဒေတစ်ခုဖြစ်သည်။

လီမန်မှာ ယနေ့ အင်ပါယာအဆင့် ကျင့်ကြံသူအား ညီငယ်ဟု ခေါ်နေရမည်ဟု မည်သူက တွေးထင်မည်နည်း။ ၎င်းကို မည်သူက ယုံမည်နည်း။

လီမန်သည်လည်း အင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင် မည်သူမျှ ဘာမှ ပြောနိုင်မည်မဟုတ်ပေ။ သို့သော် ယခုတော့ သူတို့နှစ်ဦးသည် အလွန်တရာမှ ကွာဟလှသော အဆင့်အတန်းနှစ်ခုမှ လူများ ဖြစ်နေပေသည်။

ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူနှင့် အင်ပါယာတစ်ပါးအကြား ကွာခြားချက်သည် တွင်းနက်တစ်ခုမျှပင် ဖြစ်နိုင်ပေသည်။ ၎င်းတို့အကြားတွင် မရေမတွက်နိုင်သော ကျင့်ကြံခြင်း အဆင့်ကြီးများမှာ ကမ္ယာကြီးများကဲ့သို့ ရှိနေပေသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်မှ ကျင့်ကြံသူ မဆိုထားနှင့်။အင်ပါယာတစ်ပိုင်းပင် အင်ပါယာတစ်ပါးရှေ့တွင် ဂုဏ်ယူဝံ့ကြွားစွာ မနေရဲပေ။ နှိုင်းယှဥ်ကြည့်လျှင် ပြန်လည်မွေးဖွားခြင်းအဆင့်ဆိုသည်မှာ အင်ပါယာတစ်ပါးအရှေ့တွင် အညစ်အကြေးထက်ပင် နိမ့်ပါးပေသည်။

တခြားသူဆိုလျှင် အင်ပါယာတစ်ပါးအား မော့၍ပင် ကြည့်ရဲမည် မဟုတ်ပေ။ မော့ကြည့်ရဲလျှင်လည်း အရိုက်ခံရ၍ သေပြီး ဖြစ်ပေလိမ့်မည်။

အင်ပါယာ၏ အဆင့်အတန်းသည် ဖောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။

ထို့ကြောင့်လည်း ယခုအချိန်တွင် လီမန်၏တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ တံတွေး နှစ်ခါလောက် မျိုချပြီးသည့်တိုင် စကားမပြောနိုင်သေးပေ။

သူ ရီချန်းဂျီအား ကြည့်နေသော အကြည့်သည်လည်း မတည်ငြိမ်နိုင်ခဲ့ပေ။ သူသည် ရီချန်းဂျီ၏ အသက်ကို ကယ်တင်ခဲ့ပြီး အင်ပါယာ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။ မည်မျှကောင်းလိုက်သည့် ကံကြမ္မာနည်း။

သေအံ့ဆဲဆဲဟုထင်ရသော ရီချန်းဂျီအား မြင်းရထားအလေးခံပြီး ကယ်လာခဲ့သည်မှာ သူ့ဘဝ၏ အမှန်ကန်ဆုံးအရာဟု ပြောလို့ရပေသည်။

ရီချန်းဂျီ ဘာမှ မပြောတော့ပေ။ ထိုအစား လီမန်၏ ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။

“ကဲ ကဲ... လူကြီးတစ်ယောက်ငိုရင် ဘယ်လိုလုပ်ပြီး ကြည့်ကောင်းမလဲ....”

ထိုစကားများမှာ လီမန်အား တကယ်ငိုသွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

လေးလံနေသည့် လေထုအား ပေါ့ပါးသွားစေရန် အရွှန်းဖောက်ခဲ့ခြင်းသာ ဖြစ်သော်လည်း လီမန်မှာ တကယ် ငိုနေတော့သည်။

ရီချန်းဂျီသည် လီမန် အဘယ်ကြောင့် ဤမျှထိတ်လန့်သွားသည်ကို ကောင်းစွာသဘောပေါက်သည်။

လီမန်၏ စိတ်နှလုံးမှာ အင်ပါယာများ နတ်ဘုရားများကို ဂရုမစိုက်ပေ။ လီမန်၏ တစ်ခုတည်းသော စည်းမျဥ်းမှာ လူကို လူလိုဆက်ဆံပြီး နွေးထွေးမှုအား ဝေမျှရန် ဖြစ်သည်။

လူတစ်ယောက်က သူ့ကို နှစ်ခါ ကောင်းကောင်းဆက်ဆံလျှင် သူက အဲဒီလူကို ဆယ်ခါ ကောင်းကောင်းဆက်ဆံလိုက်မည်။ ထိုလူ၏ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်ပေ။

တစ်စုံတစ်ဦးကို အသိအမှတ်ပြုပြီးသည်နှင့် ထိုလူသည် သာမန်လူတစ်ဦးဖြစ်လျှင်ပင် ကွဲပြားစွာဆက်ဆံမည်မဟုတ်ပေ။

ဤသည်မှာ လူတစ်ဦးအနေဖြင့် သူ၏နိယာမဖြစ်သည်။

ရီချန်းဂျီနှင့် ပေါင်းသင်းရန် အလွန်လွယ်ကူကြောင်း အခြားသူများက မြင်သောအခါတွင် ၎င်းတို့၏ ကနဦးကြောက်ရွံ့မှုများ ပျောက်ကွယ်သွားခဲ့သည်။ သူတို့အားလုံး ထိုအခါမှသာ မေးခွန်းများမေးတော့သည်။

“ညီလေးရီ... မင်းရဲ့ ကျင့်ကြံမှုက အရမ်းကြောက်စရာကောင်းတာပဲ.... မင်း ဘယ်လို ကျင့်ကြံခဲ့တာလဲ... မင်းက သန်မာလွန်းတယ်...”

“ဟုတ်တယ်.... မင်းရဲ့မီးတောက်တွေက အစ်ကိုလီရဲ့မီးတောက်တွေထက် အများကြီး ပိုပြင်းထန်တယ်.... သူတို့က သာမန် မီးတောက်တွေ မဟုတ်ဘူး မလား...”

“ငါ တကယ် အံဩနေတာ... မင်းကတော့ သိမှာ မဟုတ်ဘူး... ငါ့မှာ အံ့ဩလွန်းလို့ လဲတောင်ကျတော့မလိုပဲ....”

“အရမ်း အစွမ်းထက်တာပဲ... ငါသာ မင်းလောက် အစွမ်းထက်နေရင် အိပ်ရင်တောင် ပြုံးပြုံးကြီး အိပ်နေလောက်တယ်...”

လူတိုင်းမှ ယခုနမှ မြင်ကွင်းကို ပြန်သတိရပြီး ထိတ်လန့်သည့် အမူအရာများနှင့် အားလုံးဝိုင်းဝန်း ချီးမွန်းနေကြတော့သည်။

လက်တစ်ချက်မြှောက်ရုံနှင့် ထိုမျှ အားကောင်းသည့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်နိုင်သည်မှာ ယခင်တုန်းက သူတို့ စိတ်ကူးထဲပင် မရှိခဲ့သည့်အရာ ဖြစ်သည်။

သို့သော် ယခုတော့ ရီချန်းဂျီ၏ ပုံရိပ်သည် သူတို့၏ စိတ်နှလုံးထဲတွင် စွဲထင်နေပြီး ဖျောက်ဖျက်၍ မရနိုင်တော့ပေ။

ရီချန်းဂျီအား လူတိုင်းအားကျလာပြီး ထိုကဲ့သို့ အားကောင်းသော ပညာရှင် ဖြစ်ချင်လာကြသည်။

ရီချန်းဂျီ ပြုံးလိုက်မိသည်။ ပိုသန်မာလာချင်သည်ဆိုသည်မှာ ပြောရုံနှင့် ရနိုင်သည့်အရာ မဟုတ်ပေ။

ပါရမီပါရန်အပြင် ဝီရိယရှိရန်လည်း အထူးလိုအပ်သည်။

နှစ်ခုစလုံး မရှိမဖြစ်လိုအပ်သည်။

ခွန်အားကောင်းသူတစ်ယောက်၏လမ်းစဥ်သည် လျှောက်လှမ်းရန် မလွယ်ကူလှပေ။ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုဖြင့်သာ လျှောက်လှမ်းနိုင်ပေမည်။ ပါရမီကောင်းရှိခြင်းသည် အပိုဆုတစ်ခုဖြစ်သည်။

အရေးအကြီးဆုံးမှာ တာအိုကို ကြောက်ရွံ့ပြီး နောက်ပြန်မဆုတ်သည့် နှလုံးသားရှိဖို့ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤလီအဖွဲ့မှာလည်း ဆိုးဝါးလှသည့် သူများ မပါပေ။ ကံအခွင့်သာလျှင် ၎င်းတို့လည်း အားကောင်းသည့် တည်ရှိမှုများ ဖြစ်လာနိုင်သည်။

ရီချန်းဂျီ သူတို့၏ စိတ်ဓာတ်တက်ကြွမှုကို မလျော့ပါးစေလိုသဖြင့် ‘လူတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး အရှုံးမပေးသည့် စိတ်နှလုံးနှင့် ပန်းတိုင်ကို ချီတက်နေသမျှ တချိန်ချိန်တွင် ရောက်ရှိနိုင်လိမ့်မည်’ ဟုသာ အားပေးခဲ့ရတော့သည်။

သူပြောသည်လည်းမမှားပေ။ ထူးချွန်ထက်မြက်သူတိုင်းမှာ မိမိနှလုံးသားကို အရင်ဆုံး ကျင့်ကြံရမည်သာ ဖြစ်သည်။။ ၎င်းမှာ ဝီရိယနှင့် ပါရမီထက် ပိုအရေးကြီးသည်။

ထိုအရာကပင် တစ်စုံတစ်ယောက်အား အထွတ်အထိပ်သို့ ရောက်နိုင် မရောက်နိုင် အဆုံးအဖြတ်ပေးသည့် အရာပင် ဖြစ်သည်။

“ညီလေး... မင်းပြောတာ မှန်တယ်... ကျင့်ကြံသူတွေဆိုတာ ကောင်းကင်ကို အန်တုကြတဲ့သူတွေပဲ... ငါတို့ တကယ်တမ်း ကျင့်ကြံရမယ့်အရာက ငါတို့ရဲ့ နှလုံးသားပဲ... ကိုယ့်ကိုယ်ကိုတောင် အနိုင်မယူနိုင်ရင် တခြားသူတွေကို ဘယ်လိုအနိုင်ယူမလဲ... တခြားသူတွေနဲ့ တိုက်ခိုက်ဖို့... ကံကြမ္မာနဲ့ တိုက်ခိုက်ဖို့.... ဒါက ကောင်းကင်ဘုံကို တိုက်ခိုက်ရတဲ့ တိုက်ပွဲပဲ...”

လီမန်၏အသံသည် စိတ်ကြွဆေးများ ထိုးသွင်းခံရသကဲ့သို့ တက်ကြွနေလေသည်။

ရီချန်းဂျီ အနည်းငယ် အံ့သြသွား၏။ ဤမျှ အနည်းငယ်မျှ သူရှင်းပြရုံဖြင့် လီမန် နားလည်သွားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

၎င်းမှာ သူ့အရည်အချင်းကို ပြသနေလေသည်။ အခွင့်အလမ်းများ မရှိခြင်းကြောင့်သာ သူသည်လည်း ကျင့်ကြံခြင်းတွင် နှောင့်နှေးနေခြင်း ဖြစ်ရပေမည်။

အတိုချုပ်ပြောရလျှင် ကျင့်ကြံခြင်းတွင် သန်မာသော စစ်သည်တော်တစ်ဦး၏ မဆုတ်မနစ်သော နှလုံးသားရှိခြင်းသည် ကျင့်ကြံသူတိုင်းအတွက် မရှိမဖြစ်လိုအပ်ပေသည်။

Continue Reading

You'll Also Like

5.3K 280 9
In which Carmella and her friends decide to rob a store but it all goes wrong or In which Carmella finds her true love after a money incident
2.3M 70.7K 98
Previously called Older Brothers Part 1 Completed (Alternate version) part 2 Ongoing "T-trust me?" "Always." It was the promise that they were never...
181K 4.1K 29
𝐎𝐫𝐩𝐡𝐚𝐧𝐞𝐝 𝐚𝐭 𝐚 𝐯𝐞𝐫𝐲 𝐞𝐚𝐫𝐥𝐲 𝐚𝐠𝐞, 𝐘/𝐧 𝐡𝐚𝐝 𝐭𝐨 𝐡𝐢𝐝𝐞 𝐡𝐢𝐬 𝐬𝐭𝐫𝐚𝐧𝐠𝐞 𝐚𝐫𝐦 𝐟𝐫𝐨𝐦 𝐨𝐭𝐡𝐞𝐫𝐬. 𝐁𝐮𝐭 𝐚𝐟𝐭𝐞𝐫...
12.7K 1.1K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...