ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.8K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

230

226 15 0
By AyePhyoe0

အခန်း 230- သဲကန္တာရပုရွက်ဆိတ်များ

လီမန် အံ့သြတုန်လှုပ်သွား၏။

ကျန်သည့်လူများလည်း အံ့သြသွားကြသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြတော့သည်။

သဲကန္တာရရှိ နတ်ဆိုးများ သားရဲများသည် အလွန်အားကောင်းပြီး အလွန်တရာလည်း သွေးဆာသော သတ္တဝါများဖြစ်ကြောင်း ၎င်းတို့ အတွေ့အကြုံအရ သိနေခဲ့ကြရသည်။

သူတို့သာ တုံ့ပြန်ခြင်း နောက်ကျခဲ့လျှင် သူတို့၏ သင်္ချိုင်းမှာ ဤနေရာတွင် ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ထိုအသံအား မူတည်၍ ပြောရလျှင် ၎င်းသည် နတ်ဆိုးသားရဲတစ်ကောင်မျှသာ မဟုတ်နိုင်ပေ။ ထောင်ပေါင်းများစွာသော မြင်းတပ်ကြီးသည် အားကြီးသောပုံစံဖြင့် ရှေ့သို့ ချီတက်နေသကဲ့သည့်အသံဖြစ်သည်။

"အဲဒါ စစ်တပ်ပုရွက်ဆိတ်တွေပဲ...!"

ရီချန်းဂျီ မျက်မှောင်ကြုတ်လိုက်မိသည်။

၎င်းသည် အုပ်စုလိုက်နေထိုင်သော နတ်ဆိုးသားရဲ အမျိုးအစားဖြစ်သည်။ ၎င်း၏ တစ်ဦးချင်း တိုက်ခိုက်ရေး အင်အားမှာ အလွန်မမြင့်မားသော်လည်း အုပ်စုလိုက်ဆိုလျှင်ကိုင်တွယ်ရန် အလွန်ခက်ခဲလှသည်။

ထိုအကောင် အားလုံးကို မသတ်နိုင်လျှင် သူတို့၏ လိုက်လံအမဲလိုက်မှုကနေ လွတ်မြောက်ဖို့၊ သူတို့မျက်လုံးများအောက်မှ လွတ်မြောက်ဖို့ ခဲယဉ်းလှသည်။

ထိုပုရွက်ဆိပ်တပ်ဖွဲ့သည် အနည်းဆုံး အကောင်ရေ သန်းထောင်နှင့်ချီ ရှိတတ်ပြီး သူတို့ လှုပ်ရှားသည့်အချိန်တွင် မြေပြင်တစ်ခုလုံး မဲမဲလှုပ်နေကာ တောအုပ်လေးတစ်ခုဟုပင် ထင်မှတ်ရတတ်သည်။ ၎င်းတို့မှာ ကန္တာရထဲတွင် ဒုက္ခအပေးနိုင်ဆုံးသော သတ္တဝါများ ဖြစ်သည်။

ထို့နောက် တစ်သက်လုံး မမေ့နိုင်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ‌တော့သည်။

ဝေးကွာလှသော တောင်ကုန်းတစ်ခု၏ ထိပ်တွင် အနီရောင်နှင့် အနက်ရောင် ပုရွက်ဆိတ်များသည် စုဝေးနေကြကာ သူတို့ အဖွဲ့ဆီသို့ ဦးတည်ကာ လာနေကြသည်။ ၎င်းတို့ကြောင့် တုန်ခါနေသည့် အသံများမှာ ပိုကြည်လင်လာ၏။

ထိုပုရွက်ဆိတ်များမှာ သာမန်ပုရွက်ဆိတ်များမဟုတ်ပေ။ ၎င်းတို့သည် လူတစ်ဦး၏ လက်မအရွယ်ခန့်ရှိပြီး ပါးစပ်မှထွက်နေသော အပိုင်းအစများသည် ဓားသွားများကဲ့သို့ အလွန်ချွန်ထက်နေသည်ကို အဝေးမှပင် မြင်နိုင်၏။

ရောင်ပြန်ဟပ်နေသော နေရောင်အောက်တွင် လီမန်နှင့် အခြားသူများအားလုံး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်မိကြသည်။ သူတို့၏ မျက်လုံးများတွင် တုန်လှုပ်နေမှုများနှင့် ပြည့်နေ၏။ ထိုအစွယ်ကြီးများသည် ၎င်းတို့၏ အရေပြားကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး အရိုးများကိုပင် ကိုက်ဖြတ်သွားနိုင်ကြောင်း သံသယရှိစရာမလိုပေ။

ချက်ချင်းပင် သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ထိုနေရာ၌ ငြိမ်သက်စွာနေနိုင်သူမှာ ရီချန်းဂျီသာ ဖြစ်သည်။ သူသည် အခြားသူများအတွက် ကိုင်တွယ်ရခက်သော ဤသတ္တဝါများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

အားလုံးသိကြသည့်အတိုင်း ပုရွက်ဆိတ်များမှာ အရွယ်အစား မည်မျှပင် ကြီးနေပါစေ ၎င်းတို့ တစ်ခုသော အရာကိုတော့ ကြောက်ရွံ့ကြပေမည်။

"မီး...!"

မီးသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။

ထိုအရာများမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။ သူတို့ကို ဖျက်ဆီးရန်မှာ လွယ်လွန်းလှသည်။

ယခုအခါ သူ၏ ခွန်အားမှာ အတော်အတန် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး မီးတောက်များဖန်တီးရန် နတ်ဆိုးမီးတောက်ဝိညာဉ်ကို အသုံးပြုနိုင်နေပြီ ဖြစ်သည်သည်။ သူသည် မီးလုံးတစ်လုံးကိုသာ ပစ်ပေါက်ရန်လိုအပ်ပြီး ထိုင်ကြည့်နေရန်သာ ရှိသည်။

ထိုမီးတောက်များသည် သာမန်မီးတောက်များမဟုတ်ပေ။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးအကြားရှိ ဝိညာဉ်မီးတောက်များဖြစ်သည်။ ထိုမီးတောက်များမှာ အလွန်တရာ ပြင်းထန်လှပြီး သုံးစွဲသူအားကောင်းလျှင် ဟင်းလင်းပြင်ကိုပင် ဖျက်စီးနိုင်ပေသည်။

ပုရွက်ဆိတ်များကိုတော့ ပြောစရာပင် မလိုပေ။ ထိုပုရွက်ဆိတ်များမှာ မီးနဲ့ထိတွေ့လျှင် ဝါဂွမ်းစများလိုဖြစ်ပြီး ချက်ချင်း မီးပင်လယ်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ဤစစ်တပ်ပုရွက်ဆိတ်များသည် အခြားနတ်ဆိုးများနှင့် ယှဉ်လျှင် လျင်မြန်ကြသော်လည်း ၎င်းတို့တွင် ကြီးမားသောချို့ယွင်းချက်ရှိသည်။

သူတို့မှာ ဉာဏ်ရည် မြင့်မားမှု မရှိပေ။

သူတို့ရှေ့တွင် အောက်ခြေသို့ မမြင်ရလောက်အောင် နက်ရှိုင်းသည့် ချောက်ကြီး ရှိလျှင်ပင် ခေါင်းဆောင်လုပ်သူ ခုန်ချလျှင် လိုက်ပါခုန်ချကြမည်သာ ဖြစ်သည်။

ပုရွက်ဆိတ်ဘုရင်မအဆင့် ပုရွက်ဆိတ်များသာ သာမန်ဉာဏ်ရည်အဆင့်ရှိမည်ဖြစ်ပြီး ၎င်းတို့သည်လည်း မြင့်မားလွန်းမည်တော့မဟုတ်ပေ။ ကလေးတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးမျှသာ ရှိပေမည်။

ပုရွက်ဆိတ်ဘုရင်မ,မရှိလျှင် ရီချန်းဂျီသည် ပုရွက်ဆိတ်တပ်သားအားလုံးကို အသာအယာ သတ်ဖြတ်နိုင်မည်ဖြစ်သည်။

စစ်တပ်ပုရွက်ဆိတ်များ နီးကပ်လာသည်နှင့်အမျှ လီမန် အော်ဟစ်ကာ ခံစစ်နေရာများကို ပြင်ဆင်ရန် လူတိုင်းကို အမိန့်ပေးနေခဲ့သည်။

ထိုအကေင်များမှာ ကြောက်စရာကောင်းလွန်းပြီး ပြန်လှန်တိုက်ခိုက်ဖို့ အခွင့်အလမ်းမရှိနိုင်ပေ။ အကောင်အရေအတွက်မှာ အဆမတန်များလွန်းနေပေသည်။

မြေပြင်သည် စစ်တပ်ပုရွက်ဆိတ်များဖြင့် ပြည့်ကျပ်နေ၏။ ပုရွက်ဆိတ်အုပ်၏ အရှေ့ဆုံးမှာ တစ်ကိုယ်လုံး အနက်ရောင်ရှိသည့် ပုရွက်ဆိတ်များ ဖြစ်ပြီး အလယ်မှာ တစ်ကိုယ်လုံး အနီရောက်ရှိသော ပုရွက်ဆိတ်များ ဖြစ်သည်။ နောက်ဆုံးတွင်မူ အနီနှင့် အနက် ရောယှက်နေပြီး အတောင်ပံများ ပေါက်နေသည့် ပုရွက်ဆိတ်များ ရှိနေ၏။

ပုံမှန် အဝါရောင်သဲမြေကို ထိုအရောင်များရောက်လာသောအခါ အနက် အနီ ကွက်ကြား ဆေးဆိုးထားသကဲ့သို့ ဖြစ်သွားလေသည်။ ထိုစစ်တပ်ပုရွက်ဆိတ်များနှင့် ပြည့်နေလေသည်။

သူတို့အဖွဲ့၏ တိုက်ခိုက်ရေးအင်အားမှာလည်း ကောင်းမွန်လွန်းလှသည်မဟုတ်သဖြင့် ကြာရှည်ခုခံနိုင်မည် မဟုတ်ပေ။ သူတို့သာ အားကုန်သွားလျှင် ထိုအကောင်များမှာ သူတို့အား ကိုက်ဖြတ်စားသောက်ကာ သူတို့ ဤနေရာတွင်ပင် သေရပေတော့မည်။

အလွန်တရာအန္တရာယ်များသည့် အခြေအနေသို့ သူတို့ ရောက်ရှိနေခဲ့ကြလေပြီ။

ထိူအခိုက်တွင် လူတိုင်းသည် ထုံထိုင်းသွားကြသည်။ အေးစက်သော ချွေးများဖြင့် လူတိုင်း၏အဝတ်အစားများကို ရွှဲရွှဲစိုစွတ်နေစေ၏။

သူတို့မှာသာ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ပုရွက်ဆိတ်များထက် အစွမ်းထက်သည့် နတ်ဆိုးတစ်ကောင်နှင့်သာ ကြုံချင်ကြပေသည်။ နတ်ဆိုးတစ်ကောင်ဆိုလျှင် ခွန်အားကွာခြားလျှင်ပင် သူတို့ လူအင်အားနှင့် အနိုင်ယူနိုင်ပေဦးမည်။ အနိုင်မယူနိုင်ပင်လျှင် အားလုံးတော့ အသတ်ခံရမည် မဟုတ်ပေ။

သို့သော် ယခုတော့ များပြားလွန်းလှသည့် ပုရွက်ဆိတ်များမှာ သူတို့အား အဖက်ဖက်မှ ဝိုင်းရံထားပေသည်။ သူတို့ မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော် သူတို့သည် သေခြင်းတရားကိုလည်း ထိုင်စောင့်မနေနိုင်ပေ။

ထိုအချိန်တွင် စစ်တပ်ပုရွက်ဆိတ်များသည် သူတို့အနား ရောက်ရှိလာပြီဖြစ်ပြီး သူတို့အား စက်ဝိုင်းသဏ္ဍာန်ပတ်ကာ ဝန်းရံလာကြ၏။

“တိုက်ခိုက်ကြ...!”

လီမန်၏ ကျယ်လောင်သော မာန်သွင်းသံနောက်တွင် လူတိုင်းသည် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ကြတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ပုရွက်ဆိတ်များသည် အစုလိုက် အပြုံလိုက်‌ သေကုန်ကြ၏။

ထိုလူများအားလုံးမှာ သူတို့၏ ထူးခြားသည့် အစွမ်းများကို လုံးဝခြွင်းချန်မထားပဲ အသုံးပြုလိုက်ကြသည်။ အချို့မှာ အေးခဲစေသည့် အစွမ်းများကို အသုံးပြုနေပြီး အချို့မှာ အားကောင်းလှသော ပေါက်ကွဲခြင်းများကို ဖြစ်ပေါ်စေ၏။ အချို့မှာ ဝိညာဉ်စွမ်းအင်မှ ဓားများဖန်တီးပြီး ပုရွက်ဆိတ်အုပ်ထဲသို့ ပစ်လွှတ်ကာ ခုတ်ပိုင်းနေ၏။

ထိုးနှက်ချက်တိုင်းတွင် ပုရွက်ဆိတ်အများအပြား သေဆုံးနေသော်လည်း နောက်မှ အဆုံးမရှိသော ပုရွက်ဆိတ်များမှာ ရှေ့သို့ ဆက်တိုးလာနေကြသည်။ မည်မျှပင် တိုက်ခိုက်နေသော်လည်း ပုရွက်ဆိတ်များမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေလေသည်။

နည်းပါးသွားသည့် လက္ခဏာမရှိပေ။

တစ်နာရီကြာ အဆက်မပြတ်တိုက်ခိုက်ပြီးနောက် အားလုံး မောပန်းနွမ်းနယ်နေကုန်ကြတော့သည်။ ရှည်လျားသောခရီးသည် သူတို့၏စိတ်များကို ပင်ပန်းနွမ်းနယ်စေခဲ့ပြီး ယခု ၎င်းတို့သည် ဤနတ်ဆိုးသားရဲများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ၎င်းသည် နှစ်ဆပင်ပန်းရသည်ဟု ဆိုနိုင်ပေမည်။

ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဖြစ်သော်လည်း လီအဖွဲ့သည် တင်းတင်းကြပ်ကြပ် ခုခံထားဆဲဖြစ်သည်။

သူတို့အားလျှော့လိုက်လျှင် သူတို့ သေရပေတော့မည်။ ဤကဲ့သို့ စက်ဆုပ်ရွံရှာစရာကောင်းသည့် အကောင်များ၏ ကိုက်ဖြတ်စားသောက်ခြင်းကို မည်သူမှ မလိုချင်ပေ။

လီမန်သည် လက်သီးချက်တစ်ချက် ပစ်သွင်းကာ ပုရွက်ဆိတ်ဘုရင်မ၏ လှိုင်းလုံးကြီးကို ထိမှန်စေလိုက်သည်။

ပုရွက်ဆိတ်ဘုရင်မကို ထိသွားသဖြင့် ခေတ္တ ယုတ်လျော့သွားသည့် ပုရွက်ဆိတ်လှိုင်းကို အခွင့်ကောင်းယူ၍ ရီချန်းဂျီ အား လီမန်မှ ပြောလိုက်သည်။

"ညီအစ်ကို... ငါတို့ မြောက်ပိုင်းမြို့တော်ကို မသွားနိုင်တော့ဘူး... အခွင့်အရေးရရင် ငါ့ညီနဲ့အတူ အရက်အတူတူသောက်ချင်ပါသေးတယ်ကွာ..."

သူစကားပြောနေရင်း သူ တစ်ချိန်လုံး သယ်ပိုးထားသော သေတ္တာတစ်ခုကို ရီချန်းဂျီအား ပေးလိုက်သည်။

လီအဖွဲ့မှ လူများ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များမှာ ကုန်ဆုံးလုနီးပါးဖြစ်နေလေပြီ။

စစ်တပ်ပုရွက်ဆိတ်များသည် ထူထဲစွာ ဆက်လက်ချီတက်နေဆဲဖြစ်ပြီး လီအဖွဲ့သည် မကြာမီတွင် သေချာပေါက် သေဆုံးကြရတော့မည်ဖြစ်သည်။ ရန်သူကို ချေမှုန်းရန် မူလက သူတို့သည် မီးတောက်များကို အသုံးပြုရန် စိတ်ကူးခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

သူတို့၏ မီးတောက်များကို ပုရွက်ဆိတ်များမှာ မှုပင် မမှုပေ။ သူတို့ မီးတောက်များနှင့် ပုရွက်ဆိတ်အုပ်၏ အရှေ့ဆုံးရှိ တစ်ကိုယ်လုံး အနက်ရောင်ရှိသည့် ပုရွက်ဆိတ်များ ထိတွေ့သည်နှင့်တပြိုင်နက် အ‌ရှေ့ဆုံးမှ ပုရွက်ဆိတ်များတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းသွား၏။

မျှော်လင့်ချက် ရလာပြီဟု ထင်ခဲ့ကြသော်လည်း နောက်ဖက်မှ တစ်ကိုယ်လုံးအနီရောင် ပုရွက်ဆိတ်များကိူ ထိရောက်မှုမရှိတော့ပေ။ သူတို့၏ ချပ်ဝတ်တန်ဆာကဲ့သို ဖြစ်နေသော အခွံများသည် အလွန်ထူးခြားပုံပေါက်ပြီး သာမန်မီးသည် ၎င်းတို့အပေါ် လုံးဝသက်ရောက်မှုမရှိပေ။

အတောင်ပံများနှင့် ကောင်းကင်မှာ ပျံဝဲနေသည့် အနက်ရောင်နှင့် အနီရောင်ရောက်စပ်နေသည့် ပုရွက်ဆိတ်များမှာတော့ မီးတောက်များကို မြင်ဟန်ပင် မရပေ။ သူတို့သည် သန့်စင်သော နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကိုင်တွယ်ရန် အလွန်ခက်ခဲပေသည်။

သူတို့ တစ်ဖွဲ့လုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြလေပြီ။

ယခုဆိုလျှင် အနက်ရောင်ပုရွက်ဆိတ်များ နောက်ဆုံးမှ ပုရွက်ဆိတ်ဘုရင်မ အထိနာနေသည့်အချိန်တွင် သူတို့အဖွဲ့မှ မဟုတ်သည့် ရီချန်းဂျီကို လမ်းကြောင်းတစ်ခု ဖန်တီးကာ လွတ်အောင် ဖန်တီးပေးနိုင်သေးသည်။ သူတို့နည်းနည်းနောက်ကျလျှင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

ဤအဆင့်နိမ့်ပုရွက်ဆိတ်များသည်ပင် ကိုင်တွယ်ရန် အလွန်ခက်ခဲနေပြီဖြစ်သည်။ ပိုမိုအားကောင်းသည့် ပုရွက်ဆိတ်များ တက်လာလျှင် မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ရီချန်းဂျီအား လွတ်မြောက်အောင် လုပ်ပေးရန်သာ လီမန်၏ ခေါင်းထဲတွင် ရှိတော့သည်။

မထင်မှတ်ပဲ ရီချန်းဂျီမှာ ခေါင်းခါပြပြီး အထုပ်ကို လီမန်ထံ ပြန်ပေးလိုက်၏။

ထိုလုပ်ရပ်မှာ သူ့ကို လုံးဝ စိတ်ရှုပ်သွားစေလေသည်။

ဘာတွေဖြစ်နေသနည်း။

သူ အံ့ဩနေချိန်တွင် ရီချန်းဂျီမှ ပြုံးပြလိုက်၏။

"ဒီပစ္စည်းကို မင်းကိုယ်တိုင် ပို့ပေးရမယ်... ဒါတွေက ပုရွက်ဆိတ်လေးတွေပါ.... ဘာမှမဟုတ်ဘူး..."

သူ၏ စိတ်ရှုပ်ထွေးနေသော အကြည့်အောက်တွင် ရီချန်းဂျီသည် သူ့ရှေ့သို့ လျှောက်သွား၏။ ရုတ်တရက်ပင် သူ့လက်ဖဝါးပေါ်တွင် တောက်ပသော ရောင်ဝါနှင့် မီးတောက်တစ်ခု ထွက်လာလေသည်။

ထိုမီးတောက်သည် ထူးထူးခြားခြား ကြက်သွေးရောင်ဖြစ်နေပြီး မီးတောက် အလယ်တွင် ပုံမှန် အပြာရောင် မီးတောက် ရှိမနေပဲ ဘာမျှမရှိသလိုဖြစ်နေ၏။ ၎င်းသည် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သွားကာ ဟင်းလင်းပြင်တွင်းနက်ငယ်လေးကဲ့သို့ ဖြစ်နေလေသည်။

"ဒါက...."

လီမန် အံ့သြသွား၏။

သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။ ထိုမျှ ကြောက်စရာကောင်းသည့် မီးတောက်ကို သူ တစ်ခါမှ မမြင်ဖူးပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်ပေသည်။

၎င်းမှာ ပုံမှန် ဖိနှိပ်မှုတစ်ခုသာ ဖြစ်သည်။

မီးတောက်လေးသည် သေးငယ်နေသော်လည်း ရီချန်းဂျီလက်ထဲမှ ပျံသန်းသွားသော အရှိန်မှာ အစောပိုင်းက သူပစ်ထုတ်လိုက်သော မီးလုံးထက် ပိုမိုပြင်းထန်ပေသည်။

သူ၏ မီးလုံးသည် မီးလုံးဖြစ်လျှင် ရီချန်းဂျီ၏ မီးလုံးသည် ကောင်းကင်တွင် တောက်ပနေသောနေမင်းဖြစ်သည်။

နှစ်ခုကြားမှ ခြားနားချက်မှာ ကောင်းကင်နှင့်မြေကြီးကြားက ခြားနားချက်လိုပင်။

ကျော်ဖြတ်ဖို့ ခဲယဉ်းပေမည်။

ဤ သာမာန်ဆန်လွန်းသည့် လူငယ်လေးမှာ မည်သူနည်း။

မီးတောက်ငယ်မှာ ကြီးမားသော စွမ်းအားကို ထိုမျှ သေးငယ်သည်အထိ ဖိနှိပ်ထားခြင်း ဖြစ်သည်ကို လီမန် အာရုံခံနိုင်ခဲ့သည်။

ထိုမီး‌တောက်သာ ပေါက်ကွဲသွားခဲ့လျှင် ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်အဆင့်မှ သူပင် ထိုပေါက်ကွဲမှုမှ အသက်ရှင်ကျန်နိုင်မည်ဟု အာမမခံနိုင်ပေ။

တခြားသူများလည်း မျှော်လင့်ချက်များနှင့် စိုက်ကြည့်နေကြ၏။ သူတို့တွင် လီမန်ကဲ့သို့ ထက်မြက်သော မျက်လုံးများ မရှိသော်လည်း မီးတောက်များအတွင်းရှိစွမ်းအားကို သူတို့ ခံစားနိုင်သေးသည်။

ထိုမီးတောက်သည် ပုရွက်ဆိတ်များကို လွယ်ကူစွာ ရှင်းလင်းနိုင်ပေလိမ့်မည်။

ဤအခက်အခဲမှ သူတို့ ကယ်တင်ခံခဲ့ရလေပြီ ဖြစ်သည်။

Continue Reading

You'll Also Like

36.2K 2.5K 42
people read the book trust me on this one
8.3K 414 64
Description ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နေ...
2.3M 70.8K 98
Previously called Older Brothers Part 1 Completed (Alternate version) part 2 Ongoing "T-trust me?" "Always." It was the promise that they were never...