အခန်း 225- ထူးဆန်းသောအစီအရင်
ထူထပ်သိပ်သည်းလွန်းသော ဟင်းလင်းပြင်အော်ရာများ ထုတ်လွှတ်နေသည့် အပေါက်ကို မြင်လိုက်ရလျှင် ရီချန်းဂျီ တုံ့ဆိုင်းမနေဘဲ အထဲသို့ ထိုးဆင်းသွားခဲ့လိုက်သည်။
သူ့နောက်မှ သံကြိုးများမှာ အရှိန်မြှင့်ကာ လိုက်ဖမ်းနေသော်လည်း သူ့ကို မမိနိုင်တော့ပေ။
သူ အပြင်ရောက်လာသည်နှင့် ပထမဆုံး မြင်လိုက်ရသူမှာ အနက်ရောင် အသားအရေနှင့် လူဖြစ်သည်။ ထိုလူမှာ သူထွက်လာသည်ကိုမြင်လျှင် ပြုံးပြကာ နှုတ်ဆက်လိုက်၏။
"အိုး... မင်း ထွက်လာပြီပဲ... ဘယ်လိုလဲ အထဲမှာ ပျော်ခဲ့ရဲ့လား..."
ရီချန်းဂျီ သူ့အား လျစ်လျူရှုထားလိုက်ပြီး နင်းမန်မန်နှင့် မိုလင်ကို လိုက်ရှာသည်။
မူလက ဝိညာဉ်အရည်များနှင့် ပြည့်နေသော ရေကန်သည် ခမ်းခြောက်နေပြီး စိုစွတ်သော မြစ်ကြမ်းပြင်ကို ထွက်ပေါ်နေစေသည်။
စိုစွတ်နေသော မြစ်ကြမ်းပြင်တွင် ထူးဆန်းသော အနက်ရောင် ရေမှော်ပင်များဖြင့် ပြည့်နေ၏။
သေသေချာချာကြည့်လိုက်မှ မြစ်ကြမ်းပြင်ပေါ်တွင် ထူးဆန်းသည့် အစီအရင်တစ်ခုလို ဖြစ်နေသည့် အက်ကြောင်းကို မြင်လိုက်ရသည်။
သို့သော် ရီချန်းဂျီမှာ ၎င်းကို သတိမထားမိ။ မြစ်ကြမ်းပြင် ရေအပင်များ ပေါက်နေခြင်းနှင့် ဝိညာဉ်ရည်များ ခမ်းခြောက်လာသဖြင့် အက်ကွဲနေသည်မှာ ပုံမှန်ပဲဟု သူ ထင်နေခဲ့သည်။
ခဏကြာမှ ထိုအရာနှစ်ခုမှ တချိန်တည်း အတူတကွ ရှိမနေသင့်ဟု သူ သတိထားမိလိုက်သည်။
အောက်မှ မြေသားပင် အက်ကွဲရလောက်အောင် ရေမရှိလျှင် မြက်တွေလည်း သေရပေမည်။ အက်ကွဲနေသော မြေသားပေါ်တွင်လည်း ရေမှော်များ ပေါက်နိုင်စရာ မရှိ။
ကြည့်နေရင်းမှ ထို အစီအရက်သည် အနက်ရောင် နေမင်း၏ စွမ်းအင်ရစ်မြစ်ဖြစ်နိုင်သည်ကို ရီချန်းဂျီ တွေးမိသွားသည်။ ထို ရေမှော်ပင်များမှာ ယခုနက သံကြိုးများ ဖြစ်ပေမည်။
“ရှာမနေနဲ့ ကောင်လေး... ငါ ကောင်မလေးနှစ်ယောက်ကို ချက်ပြီး စားလိုက်ပြီ...”
ရီချန်းဂျီ သူ့ကို ဂရုမစိုက်ပဲ ပတ်ပတ်လည်ကို ဆက်ကြည့်နေသည်။ ကောင်မလေး နှစ်ယောက်မှာ ထွက်ပြေးသွားနိုင်ခဲ့ပုံပေါ်၏။
လုယူရှုသည် သူ့အား ဂရုမစိုက်ပဲနေရဲသူ မရှိတော့သည်မှာ ကြာခဲ့ပြီး ဖြစ်သည်။ ရီချန်းဂျီမှာ သူ့ထောင်ချောက်ထဲမှ ထွက်လာနိုင်သည်နှင့် သူ့အားဂရုမစိုက်ပဲ သူပြောသည်ကိုပင် ကြားဟန် မပြုသဖြင့် အတော်ဒေါသထွက်ကာ ရန်စလိုက်သည်။
သူ့စကားကြားလျှင် ရီချန်းဂျီလည်း အေတာ် ဒေါသထွက်သွားသည်။ လက်ကိုဝှေ့ယမ်းပြီး လုယူရှုကို ပါးရိုက်ပြီး ပါးစပ်ပိတ်ဖို့ ပြောရင် ပြင်လိုက်သည်။
နတ်ဘုရားအဆင့်မှ လူ၏ ပေါ့ပေါ့ပါးပါး ရိုက်နှက်ချက်သည် သာမန်အင်ပါယာတစ်ပါးပင် ခံယူနိုင်သည့် အရာမဟုတ်ပေ။ သို့သော်လည်း လုယူရှုသည် မျက်တောင်ပင် မခတ်ခဲ့ပေ။ ထိုရိုက်ချက်သည် လေထဲတွင်ပင် မယုံနိုင်စရာကောင်းအောင် ပျောက်ကွယ်သွားခဲ့သည်။
ရီချန်းဂျီသည် သူပြောခဲ့သောစကားကြောင့် ထိတ်လန့်ခြင်းမရှိပေ။ သူ့ တပည့်မနှစ်ယောက် အဆင်ပြေသည်ကို ခံစားမိသော်လည်း ဘယ်ကို ပြေးသွားမှန်း သူ မသိေပ။
လုယူရှုသည် သူ့ရှေ့တွင် ရှိနေသောကြောင့် သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်သုံး၍ မရှာဖွေဝံ့ပေ။ ခြုံခိုတိုက်ခိုက်ခံရမည်ကို သူကြောက်နေသည်။
သို့သော် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ဆိုးသွားသည်။
"သူတို့နှစ်ယောက်သေရင် မင်းတို့ အတွင်းစိတ်နတ်ဆိုးဂိုဏ်း တစ်ခုလုံးကို သူတို့နဲ့အတူ သင်္ဂြိုဟ် ပေးလိုက်မယ်...!"
“အဆင်ပြေပါတယ်... လုပ်ပေါ့ ဘာပဲဖြစ်ဖြစ် ငါက အတွင်းစိတ်နတ်ဆိုးဂိုဏ်းကမှ မဟုတ်တာ... ငါနဲ့ ဘာဆိုင်လို့လဲ....”
လုယူရှုသည် ရီချန်းဂျီ၏ စကားကို ကြားလျှင် ထူးဆန်းစွာပြုံးရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းက…"
ရီချန်းဂျီ လုယူရှုကို အရူးတစ်ယောက်လို ကြည့်နေမိသည်။
‘ဒီလူ ဘာရယ်နေတာလဲဟ...’ ရီချန်းဂျီ စိတ်ထဲမှ တွေးနေမိသည်။
"ကြည့်ရတာ မင်းက တကယ်ကို မဟာရှကမ္ဘာက မဟုတ်တဲ့ပုံပဲ... မင်း ဘယ်ကလဲ… မဟာရှကမ္ဘာလိုမျိုး တခြားမဟာကမ္ဘာကြီးတွေ ရှိသေးလား....”
လုယူရှုသည် ရီချန်းဂျီအား သေချာကြည့်ကာ ဂရုတစိုက်မေးလိုက်သည်။
“ငါလည်း မဟာရှကမ္ဘာကပဲ...” ရီချန်းဂျီ ငြင်းဆန်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်မှာလဲ... ကျင့်စဉ်ကရော ဘာကျင့်စဉ်လဲ... မင်း ဂိုဏ်းက ဘာဂိုဏ်းလဲ... ဘယ်မှာရှိတာလဲ...”
ရီချန်းဂျီ ကြောင်သွားမိသည်။ သူ့မှာ ရုတ်တရက်ကြီး နှစ်သစ်ကူးအချိန် အိမ်ပြန်လာစဉ် ဆွေမျိုးတစ်သိုက်မှ ဝိုင်းဝန်းမေးမြန်းခြင်းခံရသည့် ကောင်လေးတစ်ယောက်လို ဖြစ်သွားမိသည်။
မြို့တွင်အလုပ်လုပ်နေသော သူ့အား နှစ်သစ်ကူးအချိန် အိမ်ပြန်လာစဉ် ဆွေမျိုးတစ်စုမှ တားကာ - “သားလေး ဒီနှစ် မင်းအလုပ်က ဘယ်လိုလဲ... ရာထူးတိုးပြီလား... လစာတိုးပြီလား... လက်တွဲဖော်ရှာနိုင်ပြီလား.... မင်းရဲ့မိန်းကလေးက ဘယ်မှာလဲ…. အိမ်ဝယ်ပြီးပြီလား.... အနာဂတ်မှာ ကလေးဘယ်နှစ်ယောက်ယူမလဲ......."
ဦးရေပြားပင် ထုံကျဉ်သွားသည်ဟု ခံစားလိုက်ရသည်။
ဤမြင်ကွင်းသည် အလွန်ရင်းနှီးနေသဖြင့် ဤလူသည်လည်း သူ့လို ကမ္ဘာပြောင်းလာသူတစ်ယောက်ဟုပင် သံသယရှိသွားသည်။
"ခင်ဗျား ဒီကို ထူးဆန်းတဲ့ အပြောင်းအလဲတွေနဲ့ ရောက်လာတာလား" သူ မေးကြည့်လိုက်သည်။
"ဘာလဲ…."
လုယူရှု၏ မျက်နှာသည် ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။ ရီချန်းဂျီ ရုတ်တရက် ဘာပြောလိုက်မှန်း သူ မသိလိုက်ပေ။
စကားလုံးတိုင်းကို နားလည်နိုင်သော်လည်း အားလုံးပေါင်းလိုက်လျှင်တော့ ဘာပြောမှန်း သူ မသိပေ။
သူ မေးနေသည်များနှင့် တခြားစီဖြစ်သော မေးခွန်းကိုသာ ပြန်မေးနေလေသည်။
ရီချန်းဂျီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ထိုသူသည် တူညီသော မွေးရပ်မြေမှ မဟုတ်သည်ကို မြင်လျှင် ကြောက်စရာ မရှိတော့ပေ။
သူ့တပည့်နှစ်ယောက်လည်း မသေပေ။ ရီချန်းဂျီ၏ စိတ်အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့သည်။ ထို့နောက် သူ လုယူရှု၏ ခရမ်းရောင်မျက်လုံးကို စိုက်ကြည့်ပြီး - "ခင်ဗျားကရော မဟာရှက မဟုတ်ဘူးလား…"
"ကျုပ်ကရော မဟာရှက မဟုတ်ဘူးလို့ ခင်ဗျား ဘယ်လိုပြောရဲတာလဲ... ကျုပ်က အဆိပ်တောင်တန်းငါးခုက..."
ထိုစကားကိုကြားပြီးနောက် လုယူရှု မျက်လုံးများ ကျဉ်းမြောင်းသွား၏။ မျက်မှောင်ကြုတ်ပြီး သံသယအပြည့်နှင့် ရီချန်းဂျီကို သူ ကြည့်နေမိသည်။
ရီချန်းဂျီ၏ စကားကို ကြားလျှင် အသက်ကြီးလာသဖြင့် နားထဲမှ ကြားချင်ရာများ ကြားနေသည်ဟုပင် သူ ထင်သွားမိသည်။
အဆိပ်တောင်တန်းငါးခု….
၎င်းမှာ မည်မျှ ကြာခဲ့ပြီနည်း။
ချက်ချင်းပင် ထို မိန်းကလေး၏ လေသံကို ပြန်လည်ကာ ကြားမိလာသည်။
လုယူရှု၏ နှလုံးသားသည် ဘာမှန်းမသိသော ဒေါသစိတ်ဖြင့် ပူလောင်နေသည်။ သူ ဒေါသမဖြစ်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲပင် မမှတ်မိတော့ေပ။ ယခု ထို နာမည်တစ်ခုက သူ့အား ဒေါသထွက်လာစေ၏။
“ဟား ဟား... အဆိပ်ေတာင်တန်းငါးခု ဖျက်ဆီးခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.... ကောင်လေး အဲဒီ့နာမည်ကို မင်း ရှေးဟောင်း စာအုပ်တစ်ခုခုကနေ တွေ့ခဲ့တာလား.... မင်း ကြွားလုံးထုတ်ချင်ရင်လည်း နည်းနည်းပါးပါး လေ့လာပြီးမှ ကြွားပါဟ... ဥပမာ မဟာရှမှာ အားအကောင်းဆုံး ဂိုဏ်းတွေထဲမှာပါတဲ့ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်း လိုပေါ့...
ရီချန်းဂျီ လုယူရှု၏စကား အဓိပ္ပါယ်ကို အလိုအလျောက် နားလည်သွားခဲ့သည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်း... ဟုတ်လား..."
လုယူရှု ခေါင်းညိတ်ပြီး ဂုဏ်ယူစွာ ပြောသည် ။
“ဟုတ်တယ်…. ငါက မိုမိသားစုက ခေါ်ခဲ့တဲ့ နတ်ဆိုးသခင်ပဲ....”
“ဒါက ငါတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ.... ငါ့လူသားတောင်တန်းတံဆိပ်တုံး ဘယ်လိုနေလဲ..."
သူ့အမူအရာမှာ ဒေါင်းတစ်ကောင်လို မာနကြီးနေသည်ဟု ထင်ရပေသည်။
သို့သော် ရီချန်းဂျီသည် ထိုလူ၏ ပုံရိပ်အစစ်အမှန်ကို ကြားလိုက်ရသောအခါ စက်ဆုတ်သွားမိသည်။ ဤလူသည် နင်းမန်မန်း၏ ဂိုဏ်းကို ဖျက်စီးစဉ်က ဦးဆောင်ပါဝင်ခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။ အနှေးနှင့်အမြန် ဤလူကို သူ ရျင်းပစ်ရမည်သာ ဖြစ်သည်။
ထို့ကြောာင့် သူ့ကို ချီးကျူးမနေချင်ပေ။
"ဘာမှမထူးခြားပါဘူး..."
ရီချန်းဂျီ ခပ်တိုးတိုးပြောသည်။ သိုသော် သူ့အကြည့်မှာ လုယူရှုကို တိုက်ရိုက် မကြည့်ပဲ ဘေးဘက်သို့သာ ကြည့်နေလိုက်သည်။
“လိမ်တယ်... ဒါပေမယ့် ကောင်လေး မင်း အတော် တော်တာပဲ... မင်း ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို လာချင်လား..."
လုယူရှုသည် အလွန်မာနကြီးသည်။ သူပိုင်ဆိုင်ထားသည့် အရာများသာ အကောင်းဆုံးဖြစ်ပြီး ကမ္ဘာပေါ်ရှိလူတိုင်းက သဘောကျနှစ်သက်ကြသည်ဟု သူခံစားမိသည်။ ရီချန်းဂျီမှာ သူ့ကို သေချာပေါက် မနာလိုဖြစ်ပြီး သူ့တံဆိပ်တုံး မကောင်းဟု လိမ်ညာနေသည်ဟု သဘောပေါက်သွားသည်။
ဤလူငယ်သည်လည်း အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူခံစားမိသည်။ ထို့အပြင် သူသည် လူသားတောင်တန်းတံဆိပ်တုံးထဲကို သူ့ဘာသာသူ ဝင်ရောက်နိုင်ခဲ့သည်။ အနည်းဆုံးတော့ သူ့အခြေခံအရည်အချင်းများမှာ အတော်လေး ခိုင်မာသည်ဟု ပြောလို့ရသည်။
နတ်ဆိုးသခင်သည် ရီချန်းဂျီသည် စိတ်ဝင်စားဖွယါကောင်းပြီး အရည်အချင်းရှိသည်ဟု ထင်သဖြင့် သူ့ဘက်မှစပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်နတ်ဆိုးဂိုဏ်းသည် အလွန်ချမ်းသာသည်။ ယခုအခါ သူတို့သည် နတ်ဆိုးဂိုဏ်းအားလုံးနီးပါးကို ပေါင်းစည်းနိုင်ပြီး စစ်မှန်သော ထိပ်တန်း နတ်ဆိုးဂိုဏ်းအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။
သူတို့သည် ရီချန်းဂျီအား ကျင့်ကြံမှုအရင်းအမြစ်များဖြင့် ဆွဲဆောင်နိုင်ပေမည်ဟု ထင်ထားခဲ့သည်။
သို့သော် ကံမကောင်းစွာပင် ရီချန်းဂျီမှာ ကမ်းပေးလာသည့် သံလွင်ခက်ကို နင်းချခဲ့သည်။
"ခင်ဗျားဂိုဏ်းကိုဝင်ရင် ခင်ဗျားတို့ ကျုပ်ကို ထိုက်တန်တာ ပြန်ပေးနိုင်မယ်လို့ ထင်လား..."
ရီချန်းဂျီသည် သူ့အား ကျင့်ကြံခြင်းတွင် သင်ကြားပေးရန် တစ်စုံတစ်ယောက် လိုအပ်သည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရပေ။
မည်သို့ပင်ဆိုစေကာမူ သူ့တွင်ရှိသော စနစ်ဖြင့် သူကိုယ်တိုင် ကောင်းစွာ ကျင့်ကြံနိုင်သည်။ မည်သူ့အကူအညီမှ မလိုအပ်ပေ။
ထို့အပြင် သူသည် ဂိုဏ်းတစ်ခုနှင့် ပေါင်းကာ ကလေးတစ်ေယာက်အား အနိုင်ကျင့်ရန် စိတ်အားထက်သန်နေလျှင်ပင် ရန်သူ၏ဂိုဏ်းနှင့် ပေါင်းရန် မလိုအပ်ပေ။
လုယူရှုသည် ရီချန်းဂျီ၏ အတွေးကို နားလည်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ.... ဒါဆို ဒီနေရာမှာ မင်း သေရမယ်..."
လုယူရှုသည် ရုတ်တရက် ရန်လိုလာခဲ့ပြီး မိုမိသားစု၏ ဘိုးဘေးကဲ့သို့ တူညီသော တိုင်ခိုက်မှုကို အသုံးပြုခဲ့သည်။ သူသည် နတ်ဆိုးမီးတောက်ကို သူ့လက်ထဲတွင် စုစည်းထားပြီး ရီချန်းဂျီကို လျှပ်စီးလက်သလို ထိုးချလိုက်သည်။
တူညီသော တိုက်ခိုက်မှုကို မြင်ရသော်လည်း ယခင်တခါကကဲ့သို့ ထိပ်တိုက် ရင်မဆိုင်ရဲပေ။
လုယူရှုသည် အလွန်အစွမ်းထက်ပြီး နတ်ဘုရားအဆင့်ထက် မြင့်သော အဆင့်တွင် တည်ရှိနေခဲ့သည်။
ရီချန်းဂျီသည် ဂရုမစိုက်ပဲ ပေါ့ပေါ့တန်တန် မလုပ်ဝံ့ပေ။
သူ့ခွန်အား အကုန်ကိုသာ သုံး၍ တုန့်ပြန် တိုက်ခိုက်လိုက်ရတော့သည်။