ငါ့တပည့်တွေရူးနေကြပြီ(Book2)

By AyePhyoe0

21.6K 1.4K 10

Book1ကို wallထဲတင်ထားပေးပါတယ်ရှင် More

199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
Update
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320

223

208 16 0
By AyePhyoe0

အခန်း 223- လူသားတောင်တန်းတံဆိပ်တုံးရင့်ကျက်ခြင်း

ဝိညာဉ်စမ်းချောင်းလေးဘေးတွင် ရီချန်းဂျီ ထွက်ပြေးနေခဲ့၏။ သူ့နောက်တွင် နင်းမန်မန်းမှာ သူ့အရပ်တမျှရှိသည့် ဓားကို ကိုင်ကာ လိုက်နေခဲ့လေသည်။

စမ်းချောင်းလေးရှိနေရာ နန်းတော် အတွင်းပိုင်းမှာ အထူးပြုပြင်ထားသဖြင့် ကောင်းကင်ကို တိုက်ရိုက်မြင်နေရလေသည်။

နေရောင်အောက်တွင် ပြေးခြင်းသည် ဟိုးအချိန်ကတည်းက နင်းမန်မန်း မရနိုင်တော့သော ငယ်ဘဝ ဖြစ်သည်။

ရီချန်းဂျီကို အချိန်အတန်ကြာ လိုက်နေခဲ့ပြီး မမီနိုင်တော့သည့်နောက်တွင် မန်မန်းသည် ဝိညာဉ်စမ်းချောင်းဘေးနားတွင် ထိုင်ချလိုက်ပြီး သူမ၏လက်ပေါ်ရှိ သွေးများကို ဆေးကြောနေတော့သည်။

ထိုအချိန်တွင် နင်းမန်မန်းသည် သူမ၏ ပုံမှန် ငယ်ရွယ်သော မိန်းကလေးပုံစံဖြစ်နေလေသည်။

"အင်း... အဖွား ကျွန်မကို အပြစ်တင်နေမှာလား..."

မန်မန်းသည် စမ်းချောင်းဘေးတွင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"မဟုတ်ဘူး... သူမသာ မင်းအနားမှာရှိနေရင် မင်းကို ဓားတစ်ချောင်းကမ်းပေးနေလိမ့်မယ်... ငါ့လိုပေါ့..."

ရီချန်းဂျီလည်း သူမဘေးနားဝင်ထိုင်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

နေရောင်အောက်တွင် တလက်လက်တောက်ပနေသော စမ်းချောင်းနံဘေးတွင် ရီချန်းဂျီနှင့် နင်းမန်မန်းတို့သည် အကိုကြီးနှင့် ညီမငယ်ကဲ့သို့ အတူထိုင်နေကြ၏။

သိပ်မကြာခင်မှာပင် မိုလင်လည်း လမ်းလျှောက်လိုက်လာပြီး ရီချန်းဂျီ၏ တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

ရုတ်တရက် နင်းမန်မန်းသည် ရီချန်းဂျီ လက်ကိုဖမ်းကာ ကိုက်လိုက်လေသည်။

"သူမက ရှင့်ကို ကိုက်ခိုင်းတာ..." နင်းမန်မန်း ဘေးသို့ရောက်လာသည့် မိုလင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

မန်မန်း၏ မျက်လုံးများသည် ကြီးမားဝိုင်းစက်နေပြီး သူမ၏ မျက်လုံးများသည် အလွန်ဖြူစင်နေသောကြောင့် လူအများမှာ သူမကို ပထမဆုံးမြင်လျှင် ချစ်ကြသည်ချည်းသာ ဖြစ်သည်။

ရီချန်းဂျီ ပြုံးပြီး ခေါင်းကို ယမ်းလိုက်သည်။

"နောက်တစ်ခါထပ်လုပ်ရင် ငါ မင်းကို ရိုက်ရလိမ့်မယ်..."

“ရှင်သာ ကျွန်မကို ရိုက်ရဲရင် ရှင့်ကို အသေကိုက်သတ်ပစ်မယ်..."

"ဟား ဟား... ခုနက ဘယ်သူ ငါ့ကို လိုက်လို့ မမှီလို့ ဒီနေရာလာထိုင်နေတာလဲ...."

"မသိဘူး... ငါတော့မဟုတ်ဘူး..."

သူမ ဘာမှမသိဟန်နှင့် မျက်နှာပြောင်စွာ ပုခုံးတွန့်ပြ၏။

ရီချန်းဂျီသည် မိန်းကလေးငယ်၏ ချစ်စရာအပြုအမူကို သည်းမခံနိုင်သောကြောင့် လက်ကိုမြှောက်ကာ ရိုက်ရန် ပြင်လိုက်သည်။

"ဟုတ်တယ်... ငါ ငါ... ငါလိုက်လို့မမှီတာ..."

"ကဲ... ဒါဆို... နင်းမန်မန်း... မင်း ငါ့တပည့်ဖြစ်လာချင်သလား... "

ရီချန်းဂျီ ခပ်တိုးတိုး မေးလိုက်သည်။

“ဟုတ်ကဲ့ ဖြစ်ချင်ပါတယ် ဆရာ...”

နင်းမန်မန်း ခေါင်းညိတ်ပြီး သိမ်မွေ့သော အသံလေးဖြင့် ပြန်ဖြေလိုက်သည်။

[ဒင်...! ပိုင်ရှင်သည် နင်းမန်မန်းကို တပည့်အဖြစ် အောင်မြင်စွာ လက်ခံခဲ့သည်။ ဆုလာဘ် - အင်မော်တယ်အကျဥ်းထောင်နတ်ဆိုးကျင့်စဥ်။ လက်နက် - နတ်ဘုရားလက်နက် 'ဝိညာဥ်ဝါးမျိုခြင်းလက်သည်းတစ်စုံ' ]

“ဒါဆို မင်းက လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်လာပြီ... မိုလင်လည်း ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးပြီဖြစ်လို့ ကျင့်ကြံနည်းစနစ်တစ်ခုနဲ့ နတ်ဘုရားလက်နက်တစ်ခု လက်ဆောင်ပေးခဲ့တယ်... မင်းအတွက်လည်း ဒီလိုပဲ..."

ရီချန်းဂျီ စနစ်မှရရှိသော နတ်ဘုရားလက်နက်ကို နင်းမန်မန်းထံ ပေးအပ်ခဲ့လိုက်သည်။

နာမည်ကို အကဲဖြတ်ကြည့်လျှင် အင်မော်တယ်အကျဥ်းထောင်နတ်ဆိုးကျင့်စဥ်သည် အင်မော်တယ်နှင့် နတ်ဆိုးများကို ပေါင်းစပ်ထားသည့် ကျင့်ကြံနည်းစနစ်တစ်ခု ဖြစ်နိုင်သည်။ ၎င်းမှာ နင်းမန်မန်းအတွက် အလွန်သင့်လျော်ပေမည်။

နင်းမန်မန်း၏ ဝိညာဉ်နှစ်ခုထဲမှ တစ်ခုသည် နတ်ဆိုးသဘာဝ ဖြစ်နေပြီး အခြားတစ်ခုသည် အင်မော်တယ်ကဲ့သို့ မြင့်မြတ်သောသဘာဝရှိနေသည်။

နင်မန်မန်းနှင့် အလွန်လိုက်ဖက်နေသည်။

နတ်ဆိုးဝိညာဉ်နင်မန်မန်းသည် ထူးခြားသော လက်သည်းကို အလွန်နှစ်သက်နေသည်။ ဤတစ်ကြိမ်တွင် နတ်ဘုရားလက်နက်မှာ သူမနှင့်လည်း အလွန်လိုက်ဖက်နေသည်။

ရီချန်းဂျီ ကိုယ်တိုင်မှာ နင်းမန်မန်းကို မည်သို့မျှ သံသယမရှိသဖြင့် တိုက်ရိုက်ပင်ပေးလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် ဆရာ...!"

လက်သည်းများမှာလည်း အလွန်လက်ရာမြောက်ပြီး လှပပေသည်။ နင်းမန်မန်း၏ ဝိညာဉ်နှစ်ခုလုံးမှာ ၎င်းကို အရမ်းသဘောကျနေလေသည်။

အချိန်အတော်ကြာအောင် စကားမပြောပဲ ဘေးတွင်ထိုင်နေသော မိုလင်းမှာ ရုတ်တရက် သူမ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"လာ ညီမလေး မန်မန်း... အစ်မစကားကို နားထောင်ရမယ်နော်...."

"အိပ်မက်မက်နေလိုက်....!"

‘အား... ငါ့ခေါင်းတွေ ကိုက်လိုက်တာ....’

ရီချန်းဂျီ စိတ်ထဲမှ ရေရွတ်လိုက်ရင်း ခေါင်းယမ်းကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ရန်ဖြစ်နေကြသော သူတို့နှစ်ယောက်ကြားတွင် ကြားညပ်နေသော ရီချန်းဂျီသည် ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များ ထူးဆန်းစွာပြောင်းလဲသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

လောကကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး ဝိညာဉ်စွမ်းအင်အားလုံး ပရမ်းပတာ ဖြစ်သွားလေသည်။

ဝိညာဉ်အရည်များဖြင့် ဖြစ်ပေါ်လာသော စမ်းချောင်းသည် ကောင်းကင်သို့ ရေလုံးကြီးအဖြစ် တဟုန်ထိုး ထိုးတက်လာလေသည်။

ဝိညာဉ်ချီစွမ်းအင်များ အားလုံးသည် ကောင်းကင်အမြင့်တွင် ရေလုံးကြိးတစ်ခုကဲ့သို့ စုရုံးနေသည့် စွမ်းအင်လုံးကြီးထဲသို့ စုစည်းလာနေလေသည်။

လုံးဝ လုံးဝန်းသော စက်လုံးကြီးတစ်လုံးအဖြစ် ဖွဲ့စည်းပြီးနောက် စမ်းချောင်းအထက်ဖက်မှ လူသားတောင်တန်းတံဆိပ်တုံးသည် လွင့်ပျံလာလေသည်။

ထို့နောက် ကောင်းကင်သို့ ပျံတက်သွား၏။

ဝိညာဉ်ချီစွမ်းအင် အလုံးကြီးသည် တဖြည်းဖြည်း ပြိုကျကာ လူသားတောင်တန်းတံဆိပ်တုံးထက် သေးငယ်သော စက်လုံးလေးတစ်ခုအဖြစ်သို့ ဖြည်းညှင်းစွာ ကျုံ့သွား၏။

ထိုဖြစ်စဉ်တွင် ဝိညာဉ်ချီစွမ်းအင်များသည် အပြင်ဘက်သို့ တစ်မှုန်မျှ လွင့်ထွက်လာခြင်းမရှိပေ။

ထို့နောက် လူသားတောင်တန်းတံဆိပ်တုံးသည် ဝိညာဉ်ချီစွမ်းအင်သက်သက်ဖြင့် ဖြစ်ပေါ်လာသော စွမ်းအင်လုံးလေးကို ဝါးမျိုလိုက်လေသည်။

ထို့နောက် တံဆိပ်တုံးသည် တဖြေးဖြေးနှင့် အောက်သို့ ကျလာလေသည်။ အလွန်နှေးကွေးစွာဖြင့်ကျဆင်းလာနေလေသည်။ ငှက်မွေးတစ်ခု ကျဆင်းလာသည်ထက်ပင် နှေးသော နှုန်းဖြင့် ကျလာနေလေသည်။

အချိန်အတန်ကြာပြီး တံဆိပ်တုံး မြေကြီးနှင့် ထိလိုက်သောအခါ ကမ္ဘာကြီးကို တုန်ခါစေသော အသံတစ်ခုထွက်ပေါ်လာတော့သည်။

နင်းမန်မန်းနှင့် မိုလင် လန့်သွား၏။

ရန်ဖြစ်နေသည်များလည်း ရပ်တန့်သွား၏။

စကားပင်မပြောဝံ့တော့ဘဲ အတူတကွ ထိုင်နေကြတော့သည်။

ရီချန်းဂျီ သူနှင့် မလှမ်းမကမ်းတွင် ကျနေသော တံဆိပ်တုံးထံ လမ်းလျှောက်သွားလိုက်ပြီး ၎င်း၏ စမ်းချောင်းထဲတွင် ရှိစဥ်က အရွယ်အစား၏ လေးပုံတစ်ပုံသာရှိတော့သော လက်ဖဝါးအရွယ် တံဆိပ်တုံးကို ဖြည်းညှင်းစွာ တို့ထိကြည့်လိုက်သည်။

၎င်းသည် အလွန်တရာချောမွှတ်နေပြီး နူးညံ့နေလေသည်။

ရီချန်းဂျီ ထိတွေ့ဖူးသမျှအရာတိုင်းထက် ပိုမိုချောမွှတ်နေလေသည်။

ကိုင်ရသည်မှာပင် အလွန်ကောင်းလွန်းလှသည်။

ရီချန်းဂျီ ထိုအရာကို ကောက်ယူရန်ကြိုးစားကြည့်လိုက်သည့်အခါ ၎င်းမှာ သူ့ခွန်အားနှင့် လုံးဝမဖြစ်နိုင်သည်ကို သူသဘောပေါက်သွား၏။

လေးလံလွန်းလှပေသည်။

သူ၏ကျင့်ကြံမှုအဆင့်၊ သူ၏ ခွန်အား အားလုံးကိုထုတ်သုံးခဲ့သည့်တိုင် ထိုအရာအား မြေပေါ်မှ တစ်ချက်ကြွတက်လာရန် သူ မလုပ်နိုင်ခဲ့ပေ။

“ကောင်းတယ်… လေးလိုက်တာ...”

အတတ်နိုင်ဆုံး ကြိုးစားသော်လည်း သူ မကောက်နိုင်ပေ။ ရီချန်းဂျီ ခေတ္တနားလိုက်သည်။

အကြမ်းနည်းခွန်အားသုံးခြင်းသည် ဤပြဿနာကို ဖြေရှင်းနိုင်ပုံမပေါ်ပေ။ ပါးပါးနပ်နပ် လုပ်ဆောင်ဖို့ လိုပေမည်။

"မန်မန်း.... လာဦး..."

ဤသည်မှာ လူသားတောင်တန်းကမ္ဘာတွင် မွေးဖွားလာခဲ့သည့် ကမ္ဘာ့ရတနာဖြစ်သည်။ လူသားတောင်တန်းကမ္ဘာသားများသာ သုံးနိုင်သည်လော။

ဖြစ်နိုင်ခြေ သိပ်မရှိသော်လည်း ရီချန်းဂျီမှာ နင်းမန်မန်းနှင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နင်မန်မန်း အံတင်းတင်းကြိတ်လိုက်သဖြင့် သူမ၏ မျက်နှာလေး နီရဲသွားကာ ကောက်မလိုက်၏။

သူမလည်း မကောက်ယူနိုင်ပေ။

ရီချန်းဂျီ မိုလင် ကို ထပ်စမ်းခိုင်းလိုက်သော်လည်း အလုပ်မဖြစ်သေးပေ။ ထို့ကြောင့် ထိုသို့ မ၍ မရခြင်းမှာ လူနှင့် ဆိုင်မည်မဟုတ်ဟု ကောက်ချက်ချလို့ ရသွားသည်။

လက်ညှိုးမှ သွေးတစ်စက် ဖောက်ထုတ်ပြီး တံဆိပ်တုံးပေါ် တစ်စက်ချကြည့်လိုက်၏။

လတ်ဆတ်သောသွေးတစ်စက်သည် နို့နှစ်ရောင် လူသားတောင်တန်းတံဆိပ်တုံးပေါ်ကို စီးဆင်းသွားခဲ့သည်။

သွေးစက်ဖြင့် ပိုင်ရှင်အဖြစ် သတ်မှတ်ခြင်းသည်လည်း အလုပ်ဖြစ်ပုံ မရ။

ရီချန်းဂျီ သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ချိတ်ဆက်ရန် ကြိုးစားကြည့်ခဲ့သည်။ ကံမကောင်းစွာဖြင့် ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော ရတနာတွင် စိတ်ဝိညာဉ်မရှိသောကြောင့် ဆက်သွယ်ရန် သူ၏ဝိညာဉ်အာရုံကို အသုံးပြုခြင်းသည်လည်း အသုံးမဝင်ခဲ့။

"ငါတို့ ဘာလုပ်သင့်သေးလဲ..."

ရီချန်းဂျီ သူ့မေးစေ့ကို ပွတ်ပြီး စဉ်းစားနေသည်။

“ဝိညာဉ်ချီစွမ်းအင်...”

ရီချန်းဂျီ၏ဘေးနားတွင် အနက်ရောင် လူတစ်ယောက်ပေါ်လာပြီး သူ့ကို သတိပေးလိုက်သည်။

“အိုး... ကျေးဇူးပဲ...”

ရီချန်းဂျီ ခေါင်းပင်မော့မကြည့်ပဲ သူ့ဝိညာဉ်ချီစွမ်းအင်ကို ထုတ်သုံးဖို့ သူ့လက်ကို ဆန့်လိုက်သည်။

မျှော်မှန်းထားသည့်အတိုင်း ထိရောက်သွားခဲ့သည်။ လူသားတောင်တန်းတံဆိပ်တုံးသည် သူ၏ဝိညာဉ်ချီစွမ်းအင်ကို ဖြည်းညှင်းစွာ ဝါးမျိုချသွားသည်။ ထို့နောက် ပိတ်ဆို့နေသည့် တစ်စုံတစ်ခုအား ချိုးဖြတ်သွားသကဲ့သို့ ဖြစ်သွားပြီး ရီချန်းဂျီ သူ၏ရုပ်ပုံကို တံဆိပ်တုံးထဲသို့ ဖြည်းညှင်းစွာ ဆွဲသွင်းခံနေရသည်ကို ခံစားလိုက်ရသည်။

ထိုမှသာ တစ်စုံတစ်ခု မှားနေပြီဟု ခံစားမိသွားလေသည်။

ခုနက ပြောလိုက်သည့်သူမှာ မည်သူနည်း။

ခေါင်းကို မော့ကြည့်လိုက်လျှင် ခရမ်းရောင် မျက်လုံးတစ်စုံနှင့် အနက်ရောင် အသားအရည်ရှိသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူ့မျက်နှာမှာ ဖြူဖျော့နေဟန်ရပြီး နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကွေးကာ သူ့အား ပြုံးပြနေလေသည်။ ထိုလူသည် အလွန်တရာမှ နတ်ဆိုးပုံ ပေါက်နေလေသည်။

ရီချန်းဂျီ သူ့ကိုကြည့်နေသည်ကိုမြင်လျှင် ထိုသူမှ ထပ်ပြုံးပြလိုက်ပြီး - “မင်္ဂလာပါ... ငါက အတွင်းစိတ်နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ် လုယုရှု ပါ" ဟု ပြောလိုက်လေ၏။

ထို့နောက် ရီချန်းဂျီသည် လူသားတောင်တန်းတံဆိပ်တုံးထဲသို့ ဆွဲငင်ခံခဲ့လိုက်ရပြီး အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ကို မသိနိုင်တော့ပေ။

"အတွင်းစိတ်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား...!"

သူ့ကိုယ်သူ လုယုရှု ဟု ခေါ်သည့် လူ၏ အဆင့်အတန်းကို ကြားလိုက်ရလျှင် ရီချန်းဂျီ၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေတော့သည်။

သူ ဤနေရာသို့ မည်သို့ ရောက်လာသနည်း။

ဤနေရာသို့လာရသည့် သူ့ရည်ရွယ်ချက်မှာ အဘယ်နည်း။

သူ ဤနေရာကို ရောက်လာသည်ဆိုလျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးသခင်မှာရော ဘယ်ရောက်နေသနည်း။

ရီချန်းဂျီ၏ မေးခွန်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။ ထိုအချိန်တွင် သူသည် လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေသည့် နေရာတစ်ခုတွင် မတ်တပ်ရပ်နေပြီ ဖြစ်သည်။

‘ငါဘယ်ရောက်နေတာလဲ...’

‘ငါ ဘာလုပ်ရမလဲ....’

သူ့မျက်စိရှေ့မှ ကမ္ဘာကြီးမှာ အဖြူ‌ရောင်မြူခိုးများဖြင့်သာ ပြည့်နေ၏။ သူ့ပတ်ဝန်းကျင်မှာ သုံးပေခန့်အထိသာ မြင်နိုင်ပြီး ဘာကိုမှ မမြင်ရပေ။

အရာအားလုံးကို မြူခိုအဖြူရောင်များက ဖုံးလွှမ်းထားသည်။

ရီချန်းဂျီ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ကြိုးစားသော်လည်း ယခုနက ထိုမျှများပြားသော ဝိညာဉ်စွမ်းအင်များကို ဝါးမျိုခဲ့သော လူသားတောင်တန်းတံဆိပ်တုံးအတွင်း၌ ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ မရှိကြောင်း သူတွေ့ရှိခဲ့ရသည်။

မည်မျှထူးးဆန်းသနည်း။

ရီချန်းဂျီ အလွန်သိချင်နေခဲ့သည်။ ထိုမျှလောက်သော ဝိညာဉ်စွမ်းအင်များ ဘယ်ရောက်သွားသနည်း။

ထိုချီစွမ်းအင်များမှာ ဤကမ္ဘာကြီးတစ်ခုလုံး၏ ဝိညာဉ်ချီစွမ်းအင်များဟုပင် ပြောလိုက်ရသည်။ ဤတံဆိပ်တုံးသည် အမှန်တကယ်ပင် ထိုမျှပမာဏကို မျိုချထားခဲ့သည်။

ထို့ထက်ထူးဆန်းသည်မှာ ထိုမျိုချထားခဲ့သည် အရာ၏အထဲတွင် စိတ်ဝိညာဉ်ချီစွမ်းအင် တစ်စက်မျှ ရှိမနေခြင်းပင်။

ရီချန်းဂျီသည် ထိုဝိညာဉ်ချီစွမ်းအင်များကို ရှာတွေ့လျှင် ဤလူသားတောင်တန်းတံဆိပ်တုံး၏ အကျိုးသက်ရောက်မှုကို သူ မကြာမီ သိနိုင်မည်ဟု ခံစားမိသည်။

ရီချန်းဂျီ ရှေ့သို့ လျှောက်သွားလိူက်သည်။ ဘာကိုမှ မမြင်ရသော်လည်း ထိုနေရာတွင် စောင့်ဆိုင်းနေခြင်းသည် အမိုက်မဲဆုံးအရာဟု သူခံစားမိသည်။

ခြေလှမ်း ရှေ့ကို လှမ်းလိုက်သည်နှင့် ရှေ့မှ မြူခိုးများ အလိုအလျောက် နောက်ဆုတ်သွားကာ နောက်မှ မြူခိုးများက ရှေ့သို့ အလိုအလျောက် ရွေ့လျားသွားသည်။

ကြည့်ရသည်မှာ ရီချန်းဂျီမှာ လမ်းလျှောက်နေပုံရသော်လည်း တစ်နေရာတည်းတွင်သာ ငြိမ်နေသကဲ့သို့ ဖြစ်နေသည်။

သို့သော် ရီချန်းဂျီ၏ ဝိညာဉ်အာရုံများက သူသွားရာလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး သူ လမ်းသာ ဆက်လျှောက်နေခဲ့လိုက်သည်။

မည်သည့် နေ လနှင့် အချိန်အား မှတ်သားစရာများ မရှိသဖြင့် အချိန်မည်မျှကုန်သွားသည်ကိုလည်း တွက်ရခက်နေလေသည်။

သူမှတ်နိုင်သည်မှာ ခြေလှမ်းများသာ ဖြစ်သည်။

ရီချန်းဂျီ ခြေလှမ်းပေါင်း ၉၁၇၁၃လှမ်း လျှောက်ပြီးသောအခါတွင် သူရပ်တန့်လိုက်သည်။

“မင်း ကြည့်လို ဝပြီလား...” သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

Continue Reading

You'll Also Like

255K 10.4K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
20.5K 2.2K 113
Uni & Zawgyi အပိုင်း ၁ မှ​ ၁၀၃၀.........
53.3K 5.2K 101
ဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတ...
35.9K 2.5K 42
people read the book trust me on this one