ရွှေအဆင့်နည်းပြ

By Swae_Nyoe

103K 13.2K 106

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း

Part 65

771 117 0
By Swae_Nyoe

Chapter 65 : CIPကလပ်

နောက်တစ်နေ့မနက်တွင် ကျန်းရှောင်ယွီသည် ယွီမင်ကျန်းအား သူသည်CIPကလပ်သို့ သွားတော့မည်ဟူသည့်သတင်းကို ပို့လိုက်ကာ ယွီမင်ကျန်းက ချက်ချင်းစီစဉ်ပေးခဲ့သည်။ CIP တည်ရှိရာမြို့သည် တော်ဝင်မြို့တော်နှင့် မဝေးသောကြောင့် လူတိုင်းမှာ မြန်နှုန်းမြင့်ရထားကို အစားထိုးစီးခဲ့ကြသည်။ သူတို့ရောက်ရန် တစ်နာရီခန့်ကြာသည်။

ကားဖြင့် ကလပ်သို့သွားရာ လမ်းတွင် ကျွီဟန်က မိတ်ဆက်ပေးသည်။ "TNG နဲ့တူတဲ့ CIP ကလပ်နောက်ကွယ်မှာ ချမ်းသာတဲ့ ကျောထောက်နောက်ခံရှိတယ်။ သူတို့အားပေးချင်တဲ့ ကစားသမားကတော့ မိုဟန်တျန်းပဲ။ မှတ်မိလား"

ကျန်းရှောင်ယွီသည် ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။ "ငါအလိုအ‌လျောက် မှတ်မိတယ်။ နောက်ဆုံးသေနတ်ဘုရင် ပုံရိပ်သံတမန်နဲ့ ဘူးသီးလေးများအဖွဲ့ရဲ့ အကြီးဆုံးသားလေ"

ယွီမင်ကျန်းသည် ရယ်ချင်စိတ်ကို မထိန်းနိုင်ပေ။ "အဟမ်း၊ ရှောင်းမိုမှာ ခေါင်းစဉ်အများကြီးရှိတယ်"

ကျွီဟန်သည်ပြုံးပြီး နှာခေါင်းကိုထိလိုက်သည်။ "တကယ်တော့ ရှောင်းမိုရဲ့ အရည်အချင်းက မဆိုးပေမယ့် သူ့ရဲ့ စိတ်ဓာတ်ကတော့ တော်တော်ညံ့တယ်။ ကြယ်ငါးပွင့်အခက်အခဲမြေပုံဖြစ်တဲ့ Pirate Baseကို လက်ရွေးစင်အသင်းလေ့ကျင့်ရေးပွဲကို နောက်ဆုံးအကြိမ်ကစားတုန်းက ဆရာစီစဉ်ခဲ့တာလား။ သူတစ်ချိန်လုံး နည်းနည်းပစ်ထားတာပဲရှိတာကို ကျွန်တော်မှတ်မိတယ်။ သူက အိပ်ရင်းလမ်းလျှောက်နေသလိုမျိုး ဂိမ်းကို ကစားတယ်"

ကျန်းရှောင်ယွီ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ သူ့မှာဖန်နှလုံးသားနဲ့ မင်းသမီးရောဂါရှိတယ်။ ငါဆူပြီးရင် သူကကွန်ပျူတာကို ဘယ်လိုစာရိုက်ရမှန်းမသိသလို ကွန်ပျူတာကိုပဲ ကြောင်ကြည့်နေတော့တာပဲ"

ကျွီဟန်ရယ်လိုက်သည်။ "အမှန်ပဲ။ သူက အယ်လ်ဖာတစ်ယောက်ဆိုပေမယ့် ထိတွေ့မိတဲ့အခါ ကွဲအက်သွားတဲ့ ဖန်ခွက်လို နုနယ်တယ်"

အစပိုင်းတွင် မိုဟန်တျန်းသည် အွန်လိုင်းဂိမ်းတွင် ကျန်းရှောင်ယွီနှင့် တိုက်မိခဲ့သည်။ အသတ်ခံရပြီးနောက် လူတစ်စုကို တန်းစီရန်ဆွဲထုတ်ကာ သေဆုံးခဲ့သည်။ ထို့အတွက်ကြောင့် သူသည် လက်ရွေးစင်အသင်း၏ ဘူးသီးလေးများအဖွဲ့၏ အကြီးဆုံးသားဖြစ်လာခဲ့သည်။ သူ့စိတ်ဓာတ် လုံးဝပြိုလဲသွားသည်။ ထို့နောက် ကျန်းရှောင်ယွီသည် ရုတ်တရက် လေ့ကျင့်ရေးပွဲကို စီစဉ်ခဲ့သည်။ သူ၏စွမ်းဆောင်ရည် ညံ့ဖျင်းပြီး သူ၏အနုပညာရှင် Wing ဆီမှ ထပ်အပြစ်တင်ခံရသည်။ နှစ်ထပ်ကွမ်းဒဏ်ချက်ကြောင့် သူသည် လေ့ကျင့်ရေးခန်းမှ မျက်ရည်များဝဲကာ ထွက်လာခဲ့သည်။

တကယ်တမ်းတွင် ဤကလေးကြီး၏ အရည်အချင်းမှာ နောက်တွင်မရှိပေ။ ယမန်နှစ် အေအဆင့်လိဂ်၏ အချက်အလက်များအပေါ် အခြေခံ၍ မိုဟန်တျန်းသည် လိဂ်ရှိသေနတ်ပစ်သမားများတွင် ဒုတိယအဆင့်ရှိသည်။ သူသည်ဒုဥက္ကဋ္ဌကျွီ၏တပည့် လျိုရှောင်ကျိုး၏‌အနောက်တွင်ရှိသည်။

သေနတ်ပစ်သမား၏အနေအထားသည် အလွန်ရိုးရှင်းသောကြောင့် သူ၏ဦးခေါင်းများကို အသင်းဖော်များက ပေးခဲ့ခြင်းမဟုတ်ပါ။ သတ်နိုင်သည်ဖြစ်စေ မသတ်နိုင်သည်ဖြစ်စေ သူ့လက်ဖြောင့်မှု၏ တိကျမှုပေါ်တွင်မူတည်သည်။ ပြိုင်ဘက်သည်သူ့အားသတ်ရန် ဒီတိုင်းရပ်နေသည့် အစုရှယ်ယာမဟုတ်ပေ။ သူ့အသင်းဖော်များက တစ်စုံတစ်ယောက်ကို လှည့်စားပြီး သူတို့၏ ဦးခေါင်းများကို စုဆောင်းထားရန် မဖြစ်နိုင်ပါ။ သေနတ်ပစ်သမားက တစ်စုံတစ်ဦးအား သတ်လိုက်သောအခါတွင် ၎င်းသည် 'ခေါင်းရိုက်ချက်' ဖြင့် ချက်ချင်းသတ်ခြင်းဖြစ်သည်။ သူတို့၏တုံ့ပြန်မှုအမြန်နှုန်းသည် လုံလောက်မှုမရှိပါက အောင်မြင်ရန်ခက်ခဲသည်။

မိုဟန်တျန်း၏ လူသတ်အရေအတွက်သည် လိဂ်တွင် ဒုတိယအဆင့်တွင်ရှိနေပြီး ၎င်းသည်သူ့တွင် စွမ်းရည်အချို့ ရှိနေသေးကြောင်း ပြသခဲဘသည်။

သူနှင့်လုကျင်းယွမ်ကြား အကြီးမားဆုံး ခြားနားချက်မှာ မိုဟန်တျန်း၏ ကိုယ်ပိုင် စွမ်းအားသည် မဆိုးသကဲ့သို့ သူသည်လည်း ချောမောသည်။ ကလပ်မှသူ့အား ပံ့ပိုးပေးရန် ဆန္ဒရှိသည်။ အကြီးမားဆုံးပြဿနာမှာ သူ၏ဖန်နှလုံးသားနှင့် ဂိမ်းတစ်ခုရှုံးပြီးနောက် ထိန်းညှိနိုင်မှုမှာ ညံ့ဖျင်းခြင်းပင်ဖြစ်သည်။ လုကျင်းယွမ်၏ ကိုယ်ပိုင်စွမ်းအားသည် သာမန်ထသာဖြစ်သော်လည်း သူ့ကိုယ်သူ အထင်ကြီးသည်။ သူသည် အသင်းဖော်များကို ခေါင်းရရန် အားကိုးခဲ့သည်။

၎င်းသည်စာမေးပွဲ၌ သူ့ကိုယ်သူ ပထမရနိုင်သည့် ထိပ်တန်းကျောင်းသားတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း စာမေးပွဲကျပါက ကြေကွဲငိုရလိမ့်မည်။ နောက်တစ်ယောက်မှာ စာမေးပွဲ၌ ပထမနေရာရရန် လိမ်လည်လှည့်ဖြားမှုအပေါ် မှီခိုသည့် 'အ‌ယောင်ဆောင်ထိပ်တန်းကျောင်းသား'ဖြစ်ကာ စာမေးပွဲကျပါက တခြားသူများကို ဆဲဆိုကြိမ်းမောင်းလိမ့်မည်။

ထို့ကြောင့် မိုဟန်တျန်းသည် အစပိုင်းတွင် ကျန်းရှောင်ယွီအား တိုက်မိနိုင်သော်လည်း ကျန်းရှောင်ယွီမှာသူ့အား တိုက်ရိုက်မငြင်းဘဲ အခွင့်အရေးပေးခဲ့သည်။ တကယ်တမ်း စိတ်ပိုင်းဆိုင်ရာ အရည်အသွေးအား ပြိုင်ပွဲများမှတစ်ဆင့် ဖြည်းဖြည်းချင်း မြှင့်တင်နိုင်မည်ဖြစ်သည်။

ကျန်းရှောင်ယွီသည် ကျင်းဘိုမှ အကျဉ်းချုပ်ဖော်ပြထားသော CIP၏ အချက်အလက်ကို ကြည့်ရှုခဲ့သည်။ "CIPက တစ်ကိုယ်တည်း ပင်တိုင် ပွဲဦးထွက်တစ်ခုဖြစ်ပြီး သူတို့က စနိုက်ပါနား အခြေခံပြီး တိုက်ခိုက်ကြတယ်။ သူတို့ရဲ့ နည်းဗျူဟာတွေက အရမ်းနည်းလွန်းတယ်။ မနှစ်က လိဂ်မှာတတိယနေရာပဲရခဲ့တာ ဘာကြောင့်မှန်း ငါမြင်နိုင်တယ်။ မိုဟန်တျန်းက သေနတ်ဘုရင်ရဲ့ ပုံရိပ်သံတမန်ဖြစ်လာတာက CIPကလပ်က လက်ရွေးစင်အသင်းကို စပွန်ဆာပေးခဲ့လို့ပဲမဟုတ်လား"

ကျွီဟန်ပြုံးလိုက်သည်။ "စပွန်ဆာတစ်ခုတည်းတင် မဟုတ်ပါဘူး။ ရှောင်းမိုက ပြီးခဲ့တဲ့ရာသီက လူကြိုက်အများဆုံးဆုကိုလည်း ရခဲ့တယ်‌လေ။ ဒီဆုကို အင်တာနက်အသုံးပြုသူတွေက ရွေးပြီး ဆုရပြီးသားကစားသမားတွေက မပါနိုင်တော့ဘူး။ ဒါကြောင့် ယယ်ကျီ၊ ရှောင်းကျိုးနဲ့ ရှောင်းလူတို့လိုလူ‌တွေ မပါနိုင်ဘူး။ နောက်ဆုံးအကြိမ် မိုဟန်တျန်းနဲ့ လုကျင်းယွမ်တို့ ပထမနေရာအတွက် ပြိုင်ခဲ့ကြတာ။ ရလဒ်က‌ မိုဟန်တျန်းရဲ့ ကျော်ကြားမှုပိုမြင့်ပြီး သူကလူကြိုက်အများဆုံးဆုရခဲ့တယ်။ ဒီနည်းနဲ့ CIPက သူ့ကို သေနတ်ဘုရင်ရဲ့ ပုံသဏ္ဌာန်သံတမန်အဖြစ် ခန့်နိုင်တယ်"

ကျန်းရှောင်ယွီသည် နောက်ဆုံးတွင် အကြောင်းအကျိုးတရားအား နားလည်လာသည်။ သေနတ်ဘုရင် လက်‌ရွေးစင်အသင်း၏ သံတမန်ပုံသည် နှစ်တိုင်းကွဲပြားသည်။ ယခင်နှစ်များတွင် ကျိုးယီရန်နှင့် ယယ်ကျီတို့သည် ဤပုံသဏ္ဌာန် သံတမန်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ e-sports လုပ်ငန်းသည် ဖျော်ဖြေရေးလုပ်ငန်းနှင့် အတူတူပင်ဖြစ်သည်။ အင်တာနက်က မဲပေးသည့် လူကြိုက်အများဆုံးဆုမှာ ဘာလဲ။ ရယ်စရာဖြစ်ခဲ့သည်။

အောင်မြင်မှုများအစား ကျော်ကြားမှုကိုကြည့်သည့် e-sports ကစားသမားများလား။ ရှောင်းပန်နှင့် ရှီဝမ်ဟွီတို့ကဲ့သို့ ရုပ်ဆိုးသော ကစားသမားများ အဘယ်ကြောင့် ဖိနှိပ်ခံရသည်မှာ အံ့သြစရာမဟုတ်ပေ။

ကျန်းရှောင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီတစ်ခါတော့ ရုပ်ပုံသံတမန် မဖြစ်စေချင်ဘူး"

ကျွီဟန်သူ့အားပြောလိုက်သည်။ "လက်‌ရွေးစင်အသင်းမှာ နာမည်ကြီးလာတဲ့အခါ Fredကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ တိုက်ရိုက်ထုတ်လွှင့်သူ ကြီးတွေကသာ ပရိသတ်ပိုများတယ်။ အကယ်၍ ရုပ်ပုံသံတမန်တစ်ဦးကို အမှန်တကယ်ရွေးချယ်ရမယ်ဆိုရင် ရှောင်းပိုင်ဖြစ်ဖို့ပဲရှိမယ်။ ရှောင်းပိုင်က သူ့ရုပ်ရည်နဲ့ ပင်ကိုယ်စရိုက်ပဲဖြစ်ဖြစ် ရုပ်ပုံသံတမန်ဖြစ်ဖို့ သင့်တော်တယ်လို့ မထင်ဘူးလား"

ကျန်းရှောင်ယွီ ခေါင်းခါပြီး အေးစက်စက်နှင့် ရှင်းပြလိုက်သည်။ "လက်‌ရွေးစင်အသင်းက ဂိမ်းကစားဖို့ ထွက်လာတယ်။ အဲ့ဒါက သူတို့ရဲ့မျက်နှာတွေနဲဘ ကီးဘုတ်ပေါ်တွင် လူးလိမ့်နေတာမဟုတ်လူး။ ရုပ်ချောတာက ဘာအသုံးဝင်လို့လဲ။ ရှောင်းပိုင်က ဒီနာမည်အတုတွေကို ဂရုမစိုက်ဘူး။ ရုပ်ပုံသံတမန်ဖြစ်မယ့်အစား ကမ္ဘာ့စီးရီးရဲ့ အကောင်းဆုံးကစားသမားဖြစ်ဖို့ကို ပိုကြိုက်တယ်။ ဒီလိုဖျော်ဖြေရေးပုံစံကို ချဲ့ကားပြီး လူသိရှင်ကြားလုပ်တာမျိုး ရှောင်သင့်တယ်"

ကျွီဟန်နှင့် ယွိီမင်ကျန်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ လက်ရွေးစင်အသင်းတိုင်းတွင် ရုပ်ပုံသံတမန်တစ်ဦးရှိသော်လည်း ဤရာသီတွင် တိုက်ရိုက်ပယ်ချတော့မည်လား။

ကစားသမားများကို ပံ့ပိုးကူညီဖရန် စပွန်ဆာအပေါ် မှီခိုရသည့် ကလပ်များ၏နည်းဗျူဟာသည် ဤအချိန်၌ လုံးဝမဖြစ်နိုင်ဘူးဟု ထင်ရသည်။

မိနစ် 30အကြာတွင် CIPကလပ်တံခါး၌ ကားရပ်သွားသည်။ ယခု ညနေ ၄ နာရီဲဖြစ်ပြီး ကလပ်၏နေ့လည်ပိုင်း လေ့ကျင့်ချိန်ဖြစ်သည်။ ကျွီဟန်သည် သူ၏အရည်အချင်းဟောင်းများကို ပြန်လည်အသုံးပြုကာ မန်နေဂျာရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။ CIP မှ မန်နေဂျာချန်က ဖုန်းပြောနေခဲ့သည်။ ဒုဥက္ကဋ္ဌကျွီကိုတွေ့သောအခါ ပြုံး၍ထိုင်ခိုင်းသည်။

ကျွီဟန်သည် သူ့အားနည်းပြများကို ဖိတ်‌ခေါ်ခိုင်းလိုက်သည်။ မန်နေဂျာချန်မှာ သိချင်စိတ်နှင့် မမေးခင် ဤအရာကိုလုပ်ခဲ့သည်။ "ဒုဥက္ကဋ္ဌကျွီ၊ ဒါကပုံမှန်ရာသီအတွင်း စည်းကမ်းကိုစစ်ဆေးဖို့လား။ ကလပ်အတွင်းရှိတဲ့ ကစားသမားအားလုံးက လိဂ်စည်းမျဉ်း‌တွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြောင်း စိတ်ချလိုက်ပါ။ ဘယ်သူကမှ အမှားမလုပ်ထားဘဲ သူတို့ခုတလော စကားနားထောင်တယ်" ထို့နောက် သူပြန်ကြည့်လိုက်ရာ ကျွီဟန်နောက်တွင် လူများစွာကို တွေ့လိုက်ရသည်။

ယွီမင်ကျန်းလား။ လက်‌ရွေးစင်အသင်းရဲ့ခေါင်းဆောင်က ဒီမှာဘာလုပ်နေတာလဲ။

သူ့ဘေးတွင် မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက်နှင့် အလွန်ဖြူစင်သော အသားအရည်နှင့် အေးစက်သော မျက်နှာထားရှိသော လူငယ်တစ်ယောက် ရှိနေသည်..။

သူတို့ဘယ်သူတွေလဲ။

မန်နေဂျာချန်သည် အံ့အားသင့်သွားပြီး နည်းပြများနှင့် အချက်အလက်ကျွမ်းကျင်သူများ ရုံးခန်းထဲသို့ ဝင်လာသည်ကိုမြင်သောအခါ ဤသူစိမ်းများကား မည်သူနည်းဟု ကျွီဟန်အားမေးတော့မည်ဖြစ်သည်။

ကျွီဟန်ပြုံးလိုက်သည်။ "မိတ်ဆက်ပေးပါရစေ။ ဒါက လက်ရွေးစင်အသင်းနည်းပြကျန်း၊ စီမံခန့်ခွဲသူကျင်းဘိုနဲ့ အဖွဲ့ခေါင်းဆောင် အစ်မယွီပါ"

အားလုံးကတညီတညွတ်တည်း မျက်လုံးပြူးသွားကြသည်။ နည်းပြကျန်းလား။ ဒဏ္ဍာရီလာ နတ်ဘုရားWingလား။

မန်နေဂျာချန်ကပြုံးကာ လက်တစ်ဖက်အား အားရပါးရ ဆုပ်ကိုင်လိုက်သည်။ "လက်ရွေးစင်အသင်း နည်းပြဝန်ထမ်းတွေ ဒီမှာပဲ။ ဘာကြောင့် ကြိုတင်သတိပေးချက် မပေးခဲ့တာလဲ။ လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာပေါ့" ထို့နောက် သူ့ဘေးနားရှိ လက်ထောက်ကို လှမ်းကြည့်လိုက်သည်။ "ရှီယွမ်အခန်းကို အမြန်ခေါ်ပြီး VIPအခန်းကို ကြိုမှာထားလိုက်။ ခေါင်းဆောင်တစ်ချို့ကို ထမင်းစားဖို့ ဖိတ်လိုက်..."

ကျန်းရှောင်ယွီ သူ့အား စကားဖြတ်ပြောလိုက်သည်။ "ရပါတယ်။ ကျွန်တော်တို့စားဖို့ကလပ်ကို လာခဲ့တာမဟုတ်ဘူး" သူ့အကြည့်များက အုပ်စုဆီ ရောက်သွားခဲ့သည်။ "ကျေးဇူးပြုပြီး ဒီမှာစောင့်ကြပါ။ ဒုဥက္ကဋ္ဌကျွီနဲ့ လေ့ကျင့်ရေးခန်းကို ကြည့်ဖို့သွားလိုက်မယ်"

ကျွီဟန်ပြုံးလိုက်သည်။ "ဒါဟာ လျှပ်တစ်ပြတ်စစ်ဆေးခြင်းပဲ နားလည်ကညလား။ သတိပေးစာတွေ ပို့ဖို့မစဉ်းစားကြနဲ့"

ထို့နောက် နှစ်ယောက်သား အစည်းအဝေးခန်းမှ ထွက်လာကြသည်။

ယွီမင်ကျန်းနှင့် ကျင်းဘိုတို့သည် အကျဉ်းသားများကဲ့သို့ လူတစ်စုကို စောင့်ကြပ်ခဲ့သည်။ ကျင်းဘိုက စားပွဲအလယ်တွင် အချက်ပြညက်ကို ပွင့်ပွင့်လင်းလင်းချလိုက်ပြီး ဒေတာကျွမ်းကျင်သူအား ပြောလိုက်သည်။ "မင်္ဂလာပါ၊ နည်းပြ ကျန်းက ကစားသမားတစ်ဦးစီရဲ့ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်မှုကို လွယ်ကူချောမွေ့စေဖို့ ပုံမှန်လေ့ကျင့်ရေးဒေတာနဲ့ CIPကလပ်ရဲ့ တက်ရောက်မှုစာရွက်ကို သိချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်ပေးပါ"

ဒေတာကျွမ်းကျင်သူသည် စိနမရှုပ်ထွေးသောအမူအရာဖြင့် ကွန်ပျူတာကိုဖွင့်ကာ အချက်အလက်ကိုကူးယူရန် ကျင်းဘိုအား USB ထည့်သွင်းခွင့်ပြုခဲ့သည်။

ကျန်းရှောင်ယွီနှင့် ကျွီဟန်တို့သည် လေ့ကျင့်ရေးခန်းသို့ အတူတကွ ရောက်ရှိလာခဲ့သည်။ ညနေ၄ နာရီတွင် CIPသည် လေ့ကျင့်ရေးပွဲ မစီစဉ်ပါ။ CIPသည် စနေနေ့အထိ ပုံမှန်ရာသီ၏ ပထမဆုံးပြိုင်ဘက်BMနှင့် မပြိုင်ရသေးဘဲ အချိန်များစွာရှိနေသည်။ ကစားသမားမျယးက သီးသန့်လေ့ကျင့်ခဲ့ကြသည်။ နောက်တံခါးမှန်ပြတင်းပေါက်မှ ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးဆော့ဖ်ဝဲလ်ကိုဖွင့်ကာ တိကျစွာပစ်ခတ်ခြင်း၊ ရှောင်တိမ်းခြင်းနှင့် လှုပ်ရှားခြင်းစသည့် နေ့စဉ်လေ့ကျင့်မှုများပြုလုပ်နေသည့် လူတိုင်းကို ပြတ်ပြတ်သားသားမြင်တွေ့နိုင်သည်။

လက်နှင့် ဦးနှောက်အမြန်နှုန်းကို ထိန်းသိမ်းထားနိုင်ရန် e-sports ကစားသမားများအတွက် နေ့စဉ်လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်သည်။ ကျန်းရှောင်ယွီသည် ACE တွင်ရှိစဉ်အတွင်း သူသည်နေ့စဉ်လေ့ကျင့်ရေးအား အလွန်အရေးပါသည်ဟု မှတ်ယူကာ ကစားသမားများသည် နေ့စဉ်အချိန်မှန်လေ့ကျင့်မှုကိုပြီးမြောက်ရသည်။

ကျန်းရှောင်ယွီ၏မျက်လုံးများက လေ့ကျင့်ရေးခန်းကို ဝေ့ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ထိုင်နေသော မိုဟန်တျန်းကို အမြန်တွေ့လိုက်သည်။

သေနတ်ပစ်လေ့ကျင့်ရေးကွင်းတွင် ပစ်မှတ်များကို ပစ်မှတ်ထားနေသော သူ၏ပတ်ဝန်းကျင်ရှိ အသင်းဖော်များနှင့်မတူဘဲ မိုဟန်တျန်း၏ ဖန်သားပြင်သည် ဂိမ်းအတွက်ဖွင့်ထားသည်။ အင်တာဖေ့စ်တွင် ခလုတ်အမျိုးမျိုးနှင့် မသိသော ကိုရီးယားစကားလုံးများစွာကို ပြသထားသည်။ ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်ကာ ဂရုတစိုက်ကြည့်ခဲ့သည်။ "သူက ကိုရီးယားဆာဗာမှာ အဆင့်သတ်မှတ်ချက်တွေကို ကစားနေတာလား"

ကျွီဟန်လည်း အနီးကပ်ကြည့်ဖို့ ငုံ့ကြည့်လိုက်တယ်။ "ဟုတ်မယ့်ပုံပဲ။ သူနေ့စဥ်လေ့ကျင့်ဖို့ မလိုဘူးလား။ သူတစ်ယောက်တည်း အဆင့်ကစားနေတာလား"

ကျန်းရှောင်ယွီ ဘာမှပြန်မပြောဘဲ ဘေးနားမှ လေ့ကျင့်ရေးခန်းငယ်လေးထဲသို့ လှည့်ကာလျှောက်သွားသည်။

ကစားသမားများသည် လေ့ကျင့်နေစဉ်အတွင်း အသံသီးသန့်နားကြပ်များ ၀တ်ဆင်ထားသောကြောင့် တံခါးကိုမည်သူမျှ သတိမထားမိသလို လေ့ကျင့်ရေးခန်း၏ တံခါးကို တွန်းဖွင့်သံကိုလည်း မကြားရပေ။ ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းငယ်လေးတွင် ကွန်ပျူတာတစ်လုံးရှာတွေ့ပြီး ထိုင်ချလိုက်စဉ် ကျွီဟန်မှာရုံးခန်းသို့သွားကာ CIP နည်းပြချုပ်ကို ခေါ်ခဲ့သည်။

နည်းပြလင်းသည်ပြေးလာကာ တုန်တုန်ယင်ယင်ဖြင့် မေးရင်း ချွေးထွက်နေခဲ့သည်။ "န-နည်းပြကျန်း ကျွန်တော့်ကိုရှာနေတာလား"

"ဟုတ်တယ်။ မင်းမှာOB အကောင့်ရှိတယ်မဟုတ်လား။ ကစားသမားတွေရဲ့ လေ့ကျင့်မှုတွေကို ကြည့်နိုင်တာ‌လေ"

နည်းပြလင်းက "ဟုတ်ကဲ့"ဟု ကမန်းကတန်း ဖြေသည်။

ကျန်းရှောင်ယွီ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး အကောင့်ထဲဝင်လိုက်ပါ"

ကလပ်တိုင်းတွင် ကစားသမားများ၏ နေ့စဉ်လေ့ကျင့်မှုကို စောင့်ကြည့်ရန် အသုံးပြုသည့် OB အကောင့်တစ်ခု ရှိမည်ဖြစ်သည်။ ၎င်းသည် လေ့ကျင့်ရေးခန်း၏ 'စီမံခန့်ခွဲသူ' နှင့် ညီမျှပြီး မည်သည့်ကစားသမား၏ကွန်ပျူတာကိုမဆို အလိုအလျောက်ပြောင်းနိုင်သည်။ ကစားသမားအချို့သည် တီဗီစီးရီးများကို လျှို့ဝှက်ကြည့်ရှုခြင်း သို့မဟုတ် လေ့ကျင့်ချိန်အတွင်း အင်တာနက်ပေါ်တွင် ဆော့ကစားနေပါက ၎င်းတို့အားဖမ်းမိမည်ဖြစ်သည်။

CIP Club၏OBအကောင့်အား CIP-01 ဟုခေါ်သည်။ ဝင်ပြီးနောက် ကွန်ပြူတာတွင် စောင့်ကြည့်ရေးအခန်းကဲ့သို့ လေးထောင့်အတန်း လေးခုပေါ်လာသည်။ သေးငယ်သောစတုရန်းတစ်ခုစီသည် ကစားသမားတစ်ဦး၏ကွန်ပျူတာကို ကိုယ်စားပြုပြီး ကွန်ပျူတာမျက်နှာပြင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

ကျန်းရှောင်ယွီသည် ဝတ္ထုတစ်ပုဒ်အား ကစားသမားတစ်ဦး တိတ်တဆိတ်ဖတ်နေသည့် ဘယ်ဘက်အောက်ခြေရှိ လေးထောင့်ကွက်လေးကို ချက်ချင်းတွေ့လိုက်သည်။ ဝတ္ထုခန်း၏ခေါင်းစဉ်မှာ 'Interstellar Mecha Competition' ဖြစ်သည်။ ကစားသမားသည် ဘယ်ဘက်တွင် လေ့ကျင့်ရေးပြတင်းပေါက်ဖွင့်ထားပြီး ညာဘက်တွင် ဝတ္ထုပြတင်းပေါက်ရှိသည်။ သူသဘောကျစွာ ဖတ်နေမိသည်။

ခေါင်းဆောင်နည်းပြ: "......"

ဟာ။ လက်ရွေးစင်အဖွဲ့လာစစ်ဆေးမှ ဘာလို့ပေါ့ပျက်နေကြတာလဲ။

ကျန်းရှောင်ယွီသည် ပေါ့ပျက်နေသော ဤကောင်လေးအား လျစ်လျူရှုကာ မိုဟန်တျန်း၏ကွန်ပြူတာဖန်သားပြင်ကို တိုက်ရိုက်ချဲ့ထွင်ကြည့်လိုက်သည်။

မိုဟန်တျန်းသည် အဆင့်သတ်မှတ်ချက်ဂိမ်းတစ်ခုကို စတင်ခဲ့သည်။ မိုသန်တျန်းသည် ကိုးရီးယားဘာသာပြန်ကိုဖွင့်ပြီး 'I play sniper, thank you' ဆိုတဲ့စာကြောင်းကိုရိုက်ထည့်လိုက်တာကိုတွေ့လိုက်သည်။ သူသည် ဘာသာပြန်ခလုတ်ကို နှိပ်လိုက်သည်နဲ့ ကိုရီးယားစာကြောင်းတစ်ကြောင်းပေါ်လာသည်။ မိုဟန်တျန်းအမြန်ကူးယူပြီး ကူးထည့်လိုက်သည်။

သူကူးယူထားသော ကိုရီးယားစကားလုံးများသည် ဂိမ်းအဖွဲ့ချန်နယ်တွင် ပေါ်လာခဲ့သည်။

ကျွီဟန်သည်၎င်းကိုမြင်‌သောအခါ ရယ်ချင်ခဲ့သည်။ "ဒီကောင်က ဘာသာပြန်နဲ့ ကိုရီးယားဆာဗာထဲကို သတ္တိရှိရှိ ဖောက်ထွင်းနေတာလား"

ကျန်းရှောင်ယွီ ပြန်လှည့်ကြည့်ကာ နည်းပြကို မေးလိုက်သည်။ "သူက အခြေခံလေ့ကျင့်ဖို့ မလိုဘူးလား"

နည်းပြလင်း ရှင်းပြခဲ့သည်။ "‌သေချာတာပေါ့။ ကျွန်‌တော်တို့အသင်းက ကစားသမားတစ်ဦးစီကို နေ့စဉ်၃နာရီကြာ အခြေခံလေ့ကျင့်မှုလုပ်ဖို့ လိုပေမယ့် သူတို့ပြီးတဲ့အချိန်ကို လွတ်လပ်စွာစီစဉ်နိုင်တယ်။ လေ့ကျင့်ရေးဆော့ဖ်ဝဲက ဒေတာကို အလိုအလျောက်ရေတွက်မှာဖြစ်ပြီး မပြီးသေးတဲ့သူ ဘယ်သူမဆို မြင်နိုင်တယ်။ ရှောင်းမိုက တခြားအချိန်မှာ ပြီးသွားတာဖြစ်နိုင်တယ်"

ကျန်းရှောင်ယွီညွှန်ကြားခဲ့သည်။ "ပြပါဦး"

ခေါင်းဆောင်နည်းပြက စာရင်းအင်းဆော့ဖ်ဝဲကို ဖွင့်ခဲ့သည်။ တစ်ပတ်တာ လေ့ကျင့်ချိန်စာရင်းဇယားတွေက အလွန်ရှင်းသည်။ အခြားအဖွဲ့သားများ အားလုံးနီးပါး သပ်ရပ်စွာလေ့ကျင့်ချိန် သုံးနာရီရှိသည်။ ထိုအချိန်တွင် မိုဟန်တျန်းသည် တစ်ရက်လျှင် နှစ်နာရီ 'သေနတ်ပစ်လေ့ကျင့်ခြင်း' နှင့် နောက်ထပ်နှစ်နာရီ 'တည်‌နေရာလေ့ကျင့်ခြင်း' စသည်တို့အတွက် အချိန်ဖြုန်းခဲ့သည်။ တစ်နည်းအားဖြင့် ကလပ်သည် လေ့ကျင့်ချိန် သုံးနာရီသာ လိုအပ်သော်လည်း သူသည် နေ့စဉ်တစ်နာရီ ပိုလေ့ကျင့်ခဲ့ကာ တာဝန်လိုအပ်ချက်များကို ကျော်လွန်ခဲ့သည်။

သူသည် ကျန်းရှောင်ယွီ၏ ဆူပူခြင်းကိုခံရပြီးနောက်တွင် သူ၏ကျွမ်းကျင်မှုကို မြှင့်တင်ရန် စတင်စဉ်းစားပြီး အခြေခံလေ့ကျင့်မှုအတွက် အချိန်ကို တိတ်တဆိတ် တိုးပေးလာပုံရသည်။

ကျန်းရှောင်ယွီ အနည်းငယ်စိတ်သက်သာရာရပြီး မိုဟန်တျန်း၏ အဓိကရှုထောင့်သို့ ပြန်ပြောင်းသွားခဲ့သည်။

သူ၏ဂိမ်းတွင် သူနှင့်လိုက်ဖက်သော အသင်းဖော်များနှင့် ပြိုင်ဘက်များသည် ဆောင်းရာသီအားလပ်ရက်များအတွင်း ကိုရီးယားဆာဗာကို ကစားရန်ပူးပေါင်းခဲ့ကြသည့် ကျန်းရှောင်ယွီနှင့် ပိုင်ဖန်းတို့ ယှဉ်ပြိုင်ခဲ့သည့်အဆင့်နှင့် ဆင်တူသည့် အပိုင်း3,000 နီးပါးဖြစ်သည်။ ဤအပိုင်းတွင် ကိုရီးယားကျွမ်းကျင်ကစားသမားများနှင့် ထိပ်တိုက်တွေ့ရန် လွယ်ကူလှသည်။ ကျပန်းမြေပုံမှာ Ghost Castleဖြစ်ပြီး သူသည် ထိန်းသိမ်းသူများအဖွဲ့တွင် ရှိနေသည်။

မိုဟန်တျန်းသည် လမ်းအလယ်သို့ အလျင်အမြန်ပြေးသွားပြီး အမှတ်အားစောင့်ရှောက်ရန် သေနတ်ကို တပ်ဆင်လိုက်သည်။ ကျန်းရှောင်ယွီသည် သူ၏လုပ်ဆောင်ချက်ကို တတိယလူရှုထောင့်မှ သတိပြုမိသည်။

ဆန့်ကျင်ဘက်အခြမ်းတွင် ရုပ်တုတစ်ခု၏ နောက်ကွယ်မှ လူနှစ်ဦးထွက်ပေါ်လာသည်။ တစ်ဖက်လူ၏ဦးခေါင်းသည် မှန်ပြောင်းထဲပေါ်လာသည်နှင့် မိုဟန်တျန်းသည် မောင်းကို ဆွဲထုတ်လိုက်သည်။

ဒိုင်း။

ပြတ်သားသော သေနတ်သံတစ်ခုကြားရပြီး 'ခေါင်းသို့ပစ်ချက်' ၏ အနီရောင် ဦးခေါင်းခွံသင်္ကေတသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

ယင်းနောက်တွင် အခြားအသံတစ်ခု လိုက်လာခဲ့သည်-

ဒိုင်း။

DSR-Apocalypse သည် မိုဟန်တျန်း၏ အကြိုက်ဆုံး စနိုက်ပါရိုင်ဖယ်ဖြစ်သည်။ ဤသေနတ်၏ ထိမှန်နှုန်းသည် အလွန်တိကျသည်။ မိုဟန်တျန်းသည် ဘယ်မှညာသို့ ရွေ့လျားပြီး တစ်ဖက်မှ အားဖြည့်သူနှင့် ချေမှုန်းသူ၏ ဦးခေါင်းနှစ်လုံးကို ဆက်တိုက်ပစ်ကာ သေနတ်နှစ်ချက် ဆက်တိုက်ပစ်ခတ်ခဲ့သည်။ ဖန်သားပြင်ပေါ်တွင် ကိုရီးယားစကားတန်းတစ်ခု ပေါ်လာသည်။ သူ့အသင်းဖော်များက သူ့အား ချီးကျူးခြင်း ဖြစ်လိမ့်မည်။

မိုဟန်တျန်းသည် အလွန်ချော‌မွေ့စွာ ကစားခဲ့သည်။ ရန်သူကင်းထောက်သည် ဝိုင်း၍ တိုက်ခိုက်ရန် လာနေသည်ကို မြင်သဖြင့် ချက်ခြင်း ရုပ်တုမှခုန်ဆင်းကာ မီးခိုးဗုံးကိုပစ်ချလိုက်ပြီး လျင်မြန်စွာ လှုပ်ရှားသွားသည်။ သတ်မှတ်ထားသောအကွာအဝေးကိုပြေးပြီးနောက် သူသည် နောက်ပြန်လှည့်ကာ ပြိုင်ဘက်၏လိုက်စားမှုကို နှစ်ချက်တိတိ ဖိနှိပ်လိုက်သည်။

သူ့အသင်းဖော်များ၏ အသိဉာဏ်မှာလည်း ကောင်းသည်။ ရန်သူကင်းထောက်ကို သတ်ရန် လူနှစ်ယောက်ပေါင်းကာ တစ်ယောက်ကို သတ်လိုက်သည်။

ပထမအချီတွင် အုပ်ထိန်းသူများ အနိုင်ရခဲ့သည်။

နောက်ဂိမ်းအချို့မှာလည်း အလွန်ချောမွေ့ခဲ့သည်။ ရှောင်းမို၏ အခြေခံကျွမ်းကျင်မှုသည် ထူးချွန်ပြီး သူ၏လက်ဖြောင့်မှုမှာ အလွန်တိကျကြောင်း တွေ့မြင်နိုင်သည်။

ဂိမ်းပြီးနောက် ညာဘက်အောက်ထောင့်တွင် သူငယ်ချင်းတောင်းဆိုချက်တစ်ခု ပေါ်လာပြီး မိုဟန်တျန်းက ၎င်းကိုလက်ခံရန် နှိပ်ခဲ့သည်။

အခြားသူတစ်ဦးက မက်ဆေ့ခ်ျရှည်ကြီး ပို့ပြီး ကိုရီးယားစာတန်းကို နားမလည်နိုင်ဖြစ်ခဲ့သည်။ မိုဟန်တျန်းသည် ဤကိုရီးယားစာပိုဒ်ကို ကိုးရီးယားဘာသာပြန်သို့ ကူးယူပြီး ဘာသာပြန်ဆိုချက်မှာ: မင်္ဂလာပါ၊ ကျွန်‌တော်က TQကလပ်က ကင်းထောက်တစ်ဦးပါ။ မင်းဂိမ်းမှာ အရမ်းကောင်းတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားလား။ ကျွန်တော်တို့ကလပ်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ လာစမ်းကြည့်လို့ရပါတယ်။

မိုဟန်တျန်းသည် ဘာသာပြန်သည့်နေရာထဲ စာကြောင်းရှည်ရိုက်ခဲ့သည်ံမင်္ဂလာပါ၊ ကျွန်‌တော်က အနာဂတ်က အသိဉာဏ်ရှိတဲ့AI စက်ရုပ်အမှတ်007ပါ။ တောင်းပန်ပါတယ်။ ငါ့အစီအစဉ်က မင်းဘာကိုဆိုလိုတယ်ဆိုတာ နားမလည်ဘူး။ နောက်ဂိမ်းတစ်ခုစတော့မယ်။ နှုတ်ဆက်ပါတယ် လူသား။

‌ဤစာကြောင်းအား ကိုးရီးယားဘာသာပြန်ပြီး ကူးထည့်လိုက်သည်။

တစ်ဖက်လူ: "???"

ဒီစိတ်ဝေဒနာရှင်က ဘယ်ကလာတာလဲ။

ကွန်ပြူတာရှေ့၌ ကျွီဟန်အရယ်မရပ်ခဲ့ပေ။ "ဟားဟားဟား။အသိဉာဏ်ရှိတဲ့ AIမိုဟန်တျန်း"

ကျန်းရှောင်ယွီ၏ ပါးစပ်ထောင့်များ လှုပ်သွားသည်။ ဤအကြီးဆုံးကလေးသည် ဖန်နှလုံးသားနှင့် မင်းသမီးလေးရောဂါရှိရုံသာမက သူ့တွင် ‌ဘဝင်မြင့်ရောဂါလည်း မည်ကဲ့သို့ရှိနေသနည်း။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

Chapter 65 : CIPကလပ္

ေနာက္တစ္ေန႔မနက္တြင္ က်န္းေရွာင္ယြီသည္ ယြီမင္က်န္းအား သူသည္CIPကလပ္သို႔ သြားေတာ့မည္ဟူသည့္သတင္းကို ပို႔လိုက္ကာ ယြီမင္က်န္းက ခ်က္ခ်င္းစီစဥ္ေပးခဲ့သည္။ CIP တည္ရွိရာၿမိဳ႕သည္ ေတာ္ဝင္ၿမိဳ႕ေတာ္ႏွင့္ မေဝးေသာေၾကာင့္ လူတိုင္းမွာ ျမန္ႏႈန္းျမင့္ရထားကို အစားထိုးစီးခဲ့ၾကသည္။ သူတို႔ေရာက္ရန္ တစ္နာရီခန္႔ၾကာသည္။

ကားျဖင့္ ကလပ္သို႔သြားရာ လမ္းတြင္ ကြၽီဟန္က မိတ္ဆက္ေပးသည္။ "TNG နဲ႔တူတဲ့ CIP ကလပ္ေနာက္ကြယ္မွာ ခ်မ္းသာတဲ့ ေက်ာေထာက္ေနာက္ခံရွိတယ္။ သူတို႔အားေပးခ်င္တဲ့ ကစားသမားကေတာ့ မိုဟန္တ်န္းပဲ။ မွတ္မိလား"

က်န္းေရွာင္ယြီသည္ ဂ႐ုမစိုက္ဘဲ ျပန္ေျဖလိုက္သည္။ "ငါအလိုအ‌ေလ်ာက္ မွတ္မိတယ္။ ေနာက္ဆုံးေသနတ္ဘုရင္ ပုံရိပ္သံတမန္နဲ႔ ဘူးသီးေလးမ်ားအဖြဲ႕ရဲ႕ အႀကီးဆုံးသားေလ"

ယြီမင္က်န္းသည္ ရယ္ခ်င္စိတ္ကို မထိန္းႏိုင္ေပ။ "အဟမ္း၊ ေရွာင္းမိုမွာ ေခါင္းစဥ္အမ်ားႀကီးရွိတယ္"

ကြၽီဟန္သည္ၿပဳံးၿပီး ႏွာေခါင္းကိုထိလိုက္သည္။ "တကယ္ေတာ့ ေရွာင္းမိုရဲ႕ အရည္အခ်င္းက မဆိုးေပမယ့္ သူ႔ရဲ႕ စိတ္ဓာတ္ကေတာ့ ေတာ္ေတာ္ညံ့တယ္။ ၾကယ္ငါးပြင့္အခက္အခဲေျမပုံျဖစ္တဲ့ Pirate Baseကို လက္ေ႐ြးစင္အသင္းေလ့က်င့္ေရးပြဲကို ေနာက္ဆုံးအႀကိမ္ကစားတုန္းက ဆရာစီစဥ္ခဲ့တာလား။ သူတစ္ခ်ိန္လုံး နည္းနည္းပစ္ထားတာပဲရွိတာကို ကြၽန္ေတာ္မွတ္မိတယ္။ သူက အိပ္ရင္းလမ္းေလွ်ာက္ေနသလိုမ်ိဳး ဂိမ္းကို ကစားတယ္"

က်န္းေရွာင္ယြီ ေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္တယ္။ သူ႔မွာဖန္ႏွလုံးသားနဲ႔ မင္းသမီးေရာဂါရွိတယ္။ ငါဆူၿပီးရင္ သူကကြန္ပ်ဴတာကို ဘယ္လိုစာ႐ိုက္ရမွန္းမသိသလို ကြန္ပ်ဴတာကိုပဲ ေၾကာင္ၾကည့္ေနေတာ့တာပဲ"

ကြၽီဟန္ရယ္လိုက္သည္။ "အမွန္ပဲ။ သူက အယ္လ္ဖာတစ္ေယာက္ဆိုေပမယ့္ ထိေတြ႕မိတဲ့အခါ ကြဲအက္သြားတဲ့ ဖန္ခြက္လို ႏုနယ္တယ္"

အစပိုင္းတြင္ မိုဟန္တ်န္းသည္ အြန္လိုင္းဂိမ္းတြင္ က်န္းေရွာင္ယြီႏွင့္ တိုက္မိခဲ့သည္။ အသတ္ခံရၿပီးေနာက္ လူတစ္စုကို တန္းစီရန္ဆြဲထုတ္ကာ ေသဆုံးခဲ့သည္။ ထို႔အတြက္ေၾကာင့္ သူသည္ လက္ေ႐ြးစင္အသင္း၏ ဘူးသီးေလးမ်ားအဖြဲ႕၏ အႀကီးဆုံးသားျဖစ္လာခဲ့သည္။ သူ႔စိတ္ဓာတ္ လုံးဝၿပိဳလဲသြားသည္။ ထို႔ေနာက္ က်န္းေရွာင္ယြီသည္ ႐ုတ္တရက္ ေလ့က်င့္ေရးပြဲကို စီစဥ္ခဲ့သည္။ သူ၏စြမ္းေဆာင္ရည္ ညံ့ဖ်င္းၿပီး သူ၏အႏုပညာရွင္ Wing ဆီမွ ထပ္အျပစ္တင္ခံရသည္။ ႏွစ္ထပ္ကြမ္းဒဏ္ခ်က္ေၾကာင့္ သူသည္ ေလ့က်င့္ေရးခန္းမွ မ်က္ရည္မ်ားဝဲကာ ထြက္လာခဲ့သည္။


တကယ္တမ္းတြင္ ဤကေလးႀကီး၏ အရည္အခ်င္းမွာ ေနာက္တြင္မရွိေပ။ ယမန္ႏွစ္ ေအအဆင့္လိဂ္၏ အခ်က္အလက္မ်ားအေပၚ အေျခခံ၍ မိုဟန္တ်န္းသည္ လိဂ္ရွိေသနတ္ပစ္သမားမ်ားတြင္ ဒုတိယအဆင့္ရွိသည္။ သူသည္ဒုဥကၠ႒ကြၽီ၏တပည့္ လ်ိဳေရွာင္က်ိဳး၏‌အေနာက္တြင္ရွိသည္။

ေသနတ္ပစ္သမား၏အေနအထားသည္ အလြန္႐ိုးရွင္းေသာေၾကာင့္ သူ၏ဦးေခါင္းမ်ားကို အသင္းေဖာ္မ်ားက ေပးခဲ့ျခင္းမဟုတ္ပါ။ သတ္ႏိုင္သည္ျဖစ္ေစ မသတ္ႏိုင္သည္ျဖစ္ေစ သူ႔လက္ေျဖာင့္မႈ၏ တိက်မႈေပၚတြင္မူတည္သည္။ ၿပိဳင္ဘက္သည္သူ႔အားသတ္ရန္ ဒီတိုင္းရပ္ေနသည့္ အစုရွယ္ယာမဟုတ္ေပ။ သူ႔အသင္းေဖာ္မ်ားက တစ္စုံတစ္ေယာက္ကို လွည့္စားၿပီး သူတို႔၏ ဦးေခါင္းမ်ားကို စုေဆာင္းထားရန္ မျဖစ္ႏိုင္ပါ။ ေသနတ္ပစ္သမားက တစ္စုံတစ္ဦးအား သတ္လိုက္ေသာအခါတြင္ ၎သည္ 'ေခါင္း႐ိုက္ခ်က္' ျဖင့္ ခ်က္ခ်င္းသတ္ျခင္းျဖစ္သည္။ သူတို႔၏တုံ႔ျပန္မႈအျမန္ႏႈန္းသည္ လုံေလာက္မႈမရွိပါက ေအာင္ျမင္ရန္ခက္ခဲသည္။

မိုဟန္တ်န္း၏ လူသတ္အေရအတြက္သည္ လိဂ္တြင္ ဒုတိယအဆင့္တြင္ရွိေနၿပီး ၎သည္သူ႔တြင္ စြမ္းရည္အခ်ိဳ႕ ရွိေနေသးေၾကာင္း ျပသခဲဘသည္။

သူႏွင့္လုက်င္းယြမ္ၾကား အႀကီးမားဆုံး ျခားနားခ်က္မွာ မိုဟန္တ်န္း၏ ကိုယ္ပိုင္ စြမ္းအားသည္ မဆိုးသကဲ့သို႔ သူသည္လည္း ေခ်ာေမာသည္။ ကလပ္မွသူ႔အား ပံ့ပိုးေပးရန္ ဆႏၵရွိသည္။ အႀကီးမားဆုံးျပႆနာမွာ သူ၏ဖန္ႏွလုံးသားႏွင့္ ဂိမ္းတစ္ခုရႈံးၿပီးေနာက္ ထိန္းညႇိႏိုင္မႈမွာ ညံ့ဖ်င္းျခင္းပင္ျဖစ္သည္။ လုက်င္းယြမ္၏ ကိုယ္ပိုင္စြမ္းအားသည္ သာမန္ထသာျဖစ္ေသာ္လည္း သူ႔ကိုယ္သူ အထင္ႀကီးသည္။ သူသည္ အသင္းေဖာ္မ်ားကို ေခါင္းရရန္ အားကိုးခဲ့သည္။

၎သည္စာေမးပြဲ၌ သူ႔ကိုယ္သူ ပထမရႏိုင္သည့္ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ကဲ့သို႔ ျဖစ္ေနေသာ္လည္း စာေမးပြဲက်ပါက ေၾကကြဲငိုရလိမ့္မည္။ ေနာက္တစ္ေယာက္မွာ စာေမးပြဲ၌ ပထမေနရာရရန္ လိမ္လည္လွည့္ျဖားမႈအေပၚ မွီခိုသည့္ 'အ‌ေယာင္ေဆာင္ထိပ္တန္းေက်ာင္းသား'ျဖစ္ကာ စာေမးပြဲက်ပါက တျခားသူမ်ားကို ဆဲဆိုႀကိမ္းေမာင္းလိမ့္မည္။


ထို႔ေၾကာင့္ မိုဟန္တ်န္းသည္ အစပိုင္းတြင္ က်န္းေရွာင္ယြီအား တိုက္မိႏိုင္ေသာ္လည္း က်န္းေရွာင္ယြီမွာသူ႔အား တိုက္႐ိုက္မျငင္းဘဲ အခြင့္အေရးေပးခဲ့သည္။ တကယ္တမ္း စိတ္ပိုင္းဆိုင္ရာ အရည္အေသြးအား ၿပိဳင္ပြဲမ်ားမွတစ္ဆင့္ ျဖည္းျဖည္းခ်င္း ျမႇင့္တင္ႏိုင္မည္ျဖစ္သည္။

က်န္းေရွာင္ယြီသည္ က်င္းဘိုမွ အက်ဥ္းခ်ဳပ္ေဖာ္ျပထားေသာ CIP၏ အခ်က္အလက္ကို ၾကည့္ရႈခဲ့သည္။ "CIPက တစ္ကိုယ္တည္း ပင္တိုင္ ပြဲဦးထြက္တစ္ခုျဖစ္ၿပီး သူတို႔က စႏိုက္ပါနား အေျခခံၿပီး တိုက္ခိုက္ၾကတယ္။ သူတို႔ရဲ႕ နည္းဗ်ဴဟာေတြက အရမ္းနည္းလြန္းတယ္။ မႏွစ္က လိဂ္မွာတတိယေနရာပဲရခဲ့တာ ဘာေၾကာင့္မွန္း ငါျမင္ႏိုင္တယ္။ မိုဟန္တ်န္းက ေသနတ္ဘုရင္ရဲ႕ ပုံရိပ္သံတမန္ျဖစ္လာတာက CIPကလပ္က လက္ေ႐ြးစင္အသင္းကို စပြန္ဆာေပးခဲ့လို႔ပဲမဟုတ္လား"

ကြၽီဟန္ၿပဳံးလိုက္သည္။ "စပြန္ဆာတစ္ခုတည္းတင္ မဟုတ္ပါဘူး။ ေရွာင္းမိုက ၿပီးခဲ့တဲ့ရာသီက လူႀကိဳက္အမ်ားဆုံးဆုကိုလည္း ရခဲ့တယ္‌ေလ။ ဒီဆုကို အင္တာနက္အသုံးျပဳသူေတြက ေ႐ြးၿပီး ဆုရၿပီးသားကစားသမားေတြက မပါႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ ယယ္က်ီ၊ ေရွာင္းက်ိဳးနဲ႔ ေရွာင္းလူတို႔လိုလူ‌ေတြ မပါႏိုင္ဘူး။ ေနာက္ဆုံးအႀကိမ္ မိုဟန္တ်န္းနဲ႔ လုက်င္းယြမ္တို႔ ပထမေနရာအတြက္ ၿပိဳင္ခဲ့ၾကတာ။ ရလဒ္က‌ မိုဟန္တ်န္းရဲ႕ ေက်ာ္ၾကားမႈပိုျမင့္ၿပီး သူကလူႀကိဳက္အမ်ားဆုံးဆုရခဲ့တယ္။ ဒီနည္းနဲ႔ CIPက သူ႔ကို ေသနတ္ဘုရင္ရဲ႕ ပုံသဏၭာန္သံတမန္အျဖစ္ ခန္႔ႏိုင္တယ္"


က်န္းေရွာင္ယြီသည္ ေနာက္ဆုံးတြင္ အေၾကာင္းအက်ိဳးတရားအား နားလည္လာသည္။ ေသနတ္ဘုရင္ လက္‌ေ႐ြးစင္အသင္း၏ သံတမန္ပုံသည္ ႏွစ္တိုင္းကြဲျပားသည္။ ယခင္ႏွစ္မ်ားတြင္ က်ိဳးယီရန္ႏွင့္ ယယ္က်ီတို႔သည္ ဤပုံသဏၭာန္ သံတမန္အျဖစ္ ေဆာင္႐ြက္ခဲ့ၾကသည္။ e-sports လုပ္ငန္းသည္ ေဖ်ာ္ေျဖေရးလုပ္ငန္းႏွင့္ အတူတူပင္ျဖစ္သည္။ အင္တာနက္က မဲေပးသည့္ လူႀကိဳက္အမ်ားဆုံးဆုမွာ ဘာလဲ။ ရယ္စရာျဖစ္ခဲ့သည္။

ေအာင္ျမင္မႈမ်ားအစား ေက်ာ္ၾကားမႈကိုၾကည့္သည့္ e-sports ကစားသမားမ်ားလား။ ေရွာင္းပန္ႏွင့္ ရွီဝမ္ဟြီတို႔ကဲ့သို႔ ႐ုပ္ဆိုးေသာ ကစားသမားမ်ား အဘယ္ေၾကာင့္ ဖိႏွိပ္ခံရသည္မွာ အံ့ၾသစရာမဟုတ္ေပ။

က်န္းေရွာင္ယြီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ဒီတစ္ခါေတာ့ ႐ုပ္ပုံသံတမန္ မျဖစ္ေစခ်င္ဘူး"

ကြၽီဟန္သူ႔အားေျပာလိုက္သည္။ "လက္‌ေ႐ြးစင္အသင္းမွာ နာမည္ႀကီးလာတဲ့အခါ Fredကို ဘယ္သူမွ မယွဥ္ႏိုင္ဘူး။ တိုက္႐ိုက္ထုတ္လႊင့္သူ ႀကီးေတြကသာ ပရိသတ္ပိုမ်ားတယ္။ အကယ္၍ ႐ုပ္ပုံသံတမန္တစ္ဦးကို အမွန္တကယ္ေ႐ြးခ်ယ္ရမယ္ဆိုရင္ ေရွာင္းပိုင္ျဖစ္ဖို႔ပဲရွိမယ္။ ေရွာင္းပိုင္က သူ႔႐ုပ္ရည္နဲ႔ ပင္ကိုယ္စ႐ိုက္ပဲျဖစ္ျဖစ္ ႐ုပ္ပုံသံတမန္ျဖစ္ဖို႔ သင့္ေတာ္တယ္လို႔ မထင္ဘူးလား"

က်န္းေရွာင္ယြီ ေခါင္းခါၿပီး ေအးစက္စက္ႏွင့္ ရွင္းျပလိုက္သည္။ "လက္‌ေ႐ြးစင္အသင္းက ဂိမ္းကစားဖို႔ ထြက္လာတယ္။ အဲ့ဒါက သူတို႔ရဲ႕မ်က္ႏွာေတြနဲဘ ကီးဘုတ္ေပၚတြင္ လူးလိမ့္ေနတာမဟုတ္လူး။ ႐ုပ္ေခ်ာတာက ဘာအသုံးဝင္လို႔လဲ။ ေရွာင္းပိုင္က ဒီနာမည္အတုေတြကို ဂ႐ုမစိုက္ဘူး။ ႐ုပ္ပုံသံတမန္ျဖစ္မယ့္အစား ကမာၻ႔စီးရီးရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ဖို႔ကို ပိုႀကိဳက္တယ္။ ဒီလိုေဖ်ာ္ေျဖေရးပုံစံကို ခ်ဲ႕ကားၿပီး လူသိရွင္ၾကားလုပ္တာမ်ိဳး ေရွာင္သင့္တယ္"

ကြၽီဟန္ႏွင့္ ယြိီမင္က်န္းတို႔သည္ အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။ လက္ေ႐ြးစင္အသင္းတိုင္းတြင္ ႐ုပ္ပုံသံတမန္တစ္ဦးရွိေသာ္လည္း ဤရာသီတြင္ တိုက္႐ိုက္ပယ္ခ်ေတာ့မည္လား။

ကစားသမားမ်ားကို ပံ့ပိုးကူညီဖရန္ စပြန္ဆာအေပၚ မွီခိုရသည့္ ကလပ္မ်ား၏နည္းဗ်ဴဟာသည္ ဤအခ်ိန္၌ လုံးဝမျဖစ္ႏိုင္ဘူးဟု ထင္ရသည္။

မိနစ္ 30အၾကာတြင္ CIPကလပ္တံခါး၌ ကားရပ္သြားသည္။ ယခု ညေန ၄ နာရီဲျဖစ္ၿပီး ကလပ္၏ေန႔လည္ပိုင္း ေလ့က်င့္ခ်ိန္ျဖစ္သည္။ ကြၽီဟန္သည္ သူ၏အရည္အခ်င္းေဟာင္းမ်ားကို ျပန္လည္အသုံးျပဳကာ မန္ေနဂ်ာ႐ုံးခန္းသို႔ တိုက္႐ိုက္ေခၚသြားခဲ့သည္။ CIP မွ မန္ေနဂ်ာခ်န္က ဖုန္းေျပာေနခဲ့သည္။ ဒုဥကၠ႒ကြၽီကိုေတြ႕ေသာအခါ ၿပဳံး၍ထိုင္ခိုင္းသည္။

ကြၽီဟန္သည္ သူ႔အားနည္းျပမ်ားကို ဖိတ္‌ေခၚခိုင္းလိုက္သည္။ မန္ေနဂ်ာခ်န္မွာ သိခ်င္စိတ္ႏွင့္ မေမးခင္ ဤအရာကိုလုပ္ခဲ့သည္။ "ဒုဥကၠ႒ကြၽီ၊ ဒါကပုံမွန္ရာသီအတြင္း စည္းကမ္းကိုစစ္ေဆးဖို႔လား။ ကလပ္အတြင္းရွိတဲ့ ကစားသမားအားလုံးက လိဂ္စည္းမ်ဥ္း‌ေတြကို တင္းတင္းက်ပ္က်ပ္ လိုက္နာေၾကာင္း စိတ္ခ်လိုက္ပါ။ ဘယ္သူကမွ အမွားမလုပ္ထားဘဲ သူတို႔ခုတေလာ စကားနားေထာင္တယ္" ထို႔ေနာက္ သူျပန္ၾကည့္လိုက္ရာ ကြၽီဟန္ေနာက္တြင္ လူမ်ားစြာကို ေတြ႕လိုက္ရသည္။

ယြီမင္က်န္းလား။ လက္‌ေ႐ြးစင္အသင္းရဲ႕ေခါင္းေဆာင္က ဒီမွာဘာလုပ္ေနတာလဲ။

သူ႔ေဘးတြင္ မ်က္မွန္တပ္ထားသည့္ လူငယ္တစ္ေယာက္ႏွင့္ အလြန္ျဖဴစင္ေသာ အသားအရည္ႏွင့္ ေအးစက္ေသာ မ်က္ႏွာထားရွိေသာ လူငယ္တစ္ေယာက္ ရွိေနသည္..။

သူတို႔ဘယ္သူေတြလဲ။

မန္ေနဂ်ာခ်န္သည္ အံ့အားသင့္သြားၿပီး နည္းျပမ်ားႏွင့္ အခ်က္အလက္ကြၽမ္းက်င္သူမ်ား ႐ုံးခန္းထဲသို႔ ဝင္လာသည္ကိုျမင္ေသာအခါ ဤသူစိမ္းမ်ားကား မည္သူနည္းဟု ကြၽီဟန္အားေမးေတာ့မည္ျဖစ္သည္။

ကြၽီဟန္ၿပဳံးလိုက္သည္။ "မိတ္ဆက္ေပးပါရေစ။ ဒါက လက္ေ႐ြးစင္အသင္းနည္းျပက်န္း၊ စီမံခန႔္ခြဲသူက်င္းဘိုနဲ႔ အဖြဲ႕ေခါင္းေဆာင္ အစ္မယြီပါ"


အားလုံးကတညီတၫြတ္တည္း မ်က္လုံးျပဴးသြားၾကသည္။ နည္းျပက်န္းလား။ ဒ႑ာရီလာ နတ္ဘုရားWingလား။

မန္ေနဂ်ာခ်န္ကၿပဳံးကာ လက္တစ္ဖက္အား အားရပါးရ ဆုပ္ကိုင္လိုက္သည္။ "လက္ေ႐ြးစင္အသင္း နည္းျပဝန္ထမ္းေတြ ဒီမွာပဲ။ ဘာေၾကာင့္ ႀကိဳတင္သတိေပးခ်က္ မေပးခဲ့တာလဲ။ လာေခၚဖို႔ တစ္ေယာက္ေယာက္ကို လႊတ္လိုက္တာေပါ့" ထို႔ေနာက္ သူ႔ေဘးနားရွိ လက္ေထာက္ကို လွမ္းၾကည့္လိုက္သည္။ "ရွီယြမ္အခန္းကို အျမန္ေခၚၿပီး VIPအခန္းကို ႀကိဳမွာထားလိုက္။ ေခါင္းေဆာင္တစ္ခ်ိဳ႕ကို ထမင္းစားဖို႔ ဖိတ္လိုက္..."

က်န္းေရွာင္ယြီ သူ႔အား စကားျဖတ္ေျပာလိုက္သည္။ "ရပါတယ္။ ကြၽန္ေတာ္တို႔စားဖို႔ကလပ္ကို လာခဲ့တာမဟုတ္ဘူး" သူ႔အၾကည့္မ်ားက အုပ္စုဆီ ေရာက္သြားခဲ့သည္။ "ေက်းဇူးျပဳၿပီး ဒီမွာေစာင့္ၾကပါ။ ဒုဥကၠ႒ကြၽီနဲ႔ ေလ့က်င့္ေရးခန္းကို ၾကည့္ဖို႔သြားလိုက္မယ္"

ကြၽီဟန္ၿပဳံးလိုက္သည္။ "ဒါဟာ လွ်ပ္တစ္ျပတ္စစ္ေဆးျခင္းပဲ နားလည္ကညလား။ သတိေပးစာေတြ ပို႔ဖို႔မစဥ္းစားၾကနဲ႔"

ထို႔ေနာက္ ႏွစ္ေယာက္သား အစည္းအေဝးခန္းမွ ထြက္လာၾကသည္။

ယြီမင္က်န္းႏွင့္ က်င္းဘိုတို႔သည္ အက်ဥ္းသားမ်ားကဲ့သို႔ လူတစ္စုကို ေစာင့္ၾကပ္ခဲ့သည္။ က်င္းဘိုက စားပြဲအလယ္တြင္ အခ်က္ျပညက္ကို ပြင့္ပြင့္လင္းလင္းခ်လိုက္ၿပီး ေဒတာကြၽမ္းက်င္သူအား ေျပာလိုက္သည္။ "မဂၤလာပါ၊ နည္းျပ က်န္းက ကစားသမားတစ္ဦးစီရဲ႕ က်ယ္က်ယ္ျပန႔္ျပန႔္ အကဲျဖတ္မႈကို လြယ္ကူေခ်ာေမြ႕ေစဖို႔ ပုံမွန္ေလ့က်င့္ေရးေဒတာနဲ႔ CIPကလပ္ရဲ႕ တက္ေရာက္မႈစာ႐ြက္ကို သိခ်င္ပါတယ္။ ပူးေပါင္းေဆာင္႐ြက္ေပးပါ"

ေဒတာကြၽမ္းက်င္သူသည္ စိနမရႈပ္ေထြးေသာအမူအရာျဖင့္ ကြန္ပ်ဴတာကိုဖြင့္ကာ အခ်က္အလက္ကိုကူးယူရန္ က်င္းဘိုအား USB ထည့္သြင္းခြင့္ျပဳခဲ့သည္။

က်န္းေရွာင္ယြီႏွင့္ ကြၽီဟန္တို႔သည္ ေလ့က်င့္ေရးခန္းသို႔ အတူတကြ ေရာက္ရွိလာခဲ့သည္။ ညေန၄ နာရီတြင္ CIPသည္ ေလ့က်င့္ေရးပြဲ မစီစဥ္ပါ။ CIPသည္ စေနေန႔အထိ ပုံမွန္ရာသီ၏ ပထမဆုံးၿပိဳင္ဘက္BMႏွင့္ မၿပိဳင္ရေသးဘဲ အခ်ိန္မ်ားစြာရွိေနသည္။ ကစားသမားမ်ယးက သီးသန႔္ေလ့က်င့္ခဲ့ၾကသည္။ ေနာက္တံခါးမွန္ျပတင္းေပါက္မွ က်န္းေရွာင္ယြီသည္ ေလ့က်င့္ေရးေဆာ့ဖ္ဝဲလ္ကိုဖြင့္ကာ တိက်စြာပစ္ခတ္ျခင္း၊ ေရွာင္တိမ္းျခင္းႏွင့္ လႈပ္ရွားျခင္းစသည့္ ေန႔စဥ္ေလ့က်င့္မႈမ်ားျပဳလုပ္ေနသည့္ လူတိုင္းကို ျပတ္ျပတ္သားသားျမင္ေတြ႕ႏိုင္သည္။

လက္ႏွင့္ ဦးေႏွာက္အျမန္ႏႈန္းကို ထိန္းသိမ္းထားႏိုင္ရန္ e-sports ကစားသမားမ်ားအတြက္ ေန႔စဥ္ေလ့က်င့္ေရးသည္ မရွိမျဖစ္လိုအပ္သည္။ က်န္းေရွာင္ယြီသည္ ACE တြင္ရွိစဥ္အတြင္း သူသည္ေန႔စဥ္ေလ့က်င့္ေရးအား အလြန္အေရးပါသည္ဟု မွတ္ယူကာ ကစားသမားမ်ားသည္ ေန႔စဥ္အခ်ိန္မွန္ေလ့က်င့္မႈကိုၿပီးေျမာက္ရသည္။

က်န္းေရွာင္ယြီ၏မ်က္လုံးမ်ားက ေလ့က်င့္ေရးခန္းကို ေဝ့ၾကည့္လိုက္ရာ ေထာင့္တစ္ေနရာတြင္ ထိုင္ေနေသာ မိုဟန္တ်န္းကို အျမန္ေတြ႕လိုက္သည္။

ေသနတ္ပစ္ေလ့က်င့္ေရးကြင္းတြင္ ပစ္မွတ္မ်ားကို ပစ္မွတ္ထားေနေသာ သူ၏ပတ္ဝန္းက်င္ရွိ အသင္းေဖာ္မ်ားႏွင့္မတူဘဲ မိုဟန္တ်န္း၏ ဖန္သားျပင္သည္ ဂိမ္းအတြက္ဖြင့္ထားသည္။ အင္တာေဖ့စ္တြင္ ခလုတ္အမ်ိဳးမ်ိဳးႏွင့္ မသိေသာ ကိုရီးယားစကားလုံးမ်ားစြာကို ျပသထားသည္။ က်န္းေရွာင္ယြီသည္ မ်က္ေမွာင္ၾကဳတ္ကာ ဂ႐ုတစိုက္ၾကည့္ခဲ့သည္။ "သူက ကိုရီးယားဆာဗာမွာ အဆင့္သတ္မွတ္ခ်က္ေတြကို ကစားေနတာလား"

ကြၽီဟန္လည္း အနီးကပ္ၾကည့္ဖို႔ ငုံ႔ၾကည့္လိုက္တယ္။ "ဟုတ္မယ့္ပုံပဲ။ သူေန႔စဥ္ေလ့က်င့္ဖို႔ မလိုဘူးလား။ သူတစ္ေယာက္တည္း အဆင့္ကစားေနတာလား"

က်န္းေရွာင္ယြီ ဘာမွျပန္မေျပာဘဲ ေဘးနားမွ ေလ့က်င့္ေရးခန္းငယ္ေလးထဲသို႔ လွည့္ကာေလွ်ာက္သြားသည္။

ကစားသမားမ်ားသည္ ေလ့က်င့္ေနစဥ္အတြင္း အသံသီးသန႔္နားၾကပ္မ်ား ၀တ္ဆင္ထားေသာေၾကာင့္ တံခါးကိုမည္သူမွ် သတိမထားမိသလို ေလ့က်င့္ေရးခန္း၏ တံခါးကို တြန္းဖြင့္သံကိုလည္း မၾကားရေပ။ က်န္းေရွာင္ယြီသည္ ေလ့က်င့္ေရးခန္းငယ္ေလးတြင္ ကြန္ပ်ဴတာတစ္လုံးရွာေတြ႕ၿပီး ထိုင္ခ်လိုက္စဥ္ ကြၽီဟန္မွာ႐ုံးခန္းသို႔သြားကာ CIP နည္းျပခ်ဳပ္ကို ေခၚခဲ့သည္။

နည္းျပလင္းသည္ေျပးလာကာ တုန္တုန္ယင္ယင္ျဖင့္ ေမးရင္း ေခြၽးထြက္ေနခဲ့သည္။ "န-နည္းျပက်န္း ကြၽန္ေတာ့္ကိုရွာေနတာလား"

"ဟုတ္တယ္။ မင္းမွာOB အေကာင့္ရွိတယ္မဟုတ္လား။ ကစားသမားေတြရဲ႕ ေလ့က်င့္မႈေတြကို ၾကည့္ႏိုင္တာ‌ေလ"

နည္းျပလင္းက "ဟုတ္ကဲ့"ဟု ကမန္းကတန္း ေျဖသည္။

က်န္းေရွာင္ယြီ ေျပာလိုက္သည္။ "ေက်းဇူးျပဳၿပီး အေကာင့္ထဲဝင္လိုက္ပါ"

ကလပ္တိုင္းတြင္ ကစားသမားမ်ား၏ ေန႔စဥ္ေလ့က်င့္မႈကို ေစာင့္ၾကည့္ရန္ အသုံးျပဳသည့္ OB အေကာင့္တစ္ခု ရွိမည္ျဖစ္သည္။ ၎သည္ ေလ့က်င့္ေရးခန္း၏ 'စီမံခန႔္ခြဲသူ' ႏွင့္ ညီမွ်ၿပီး မည္သည့္ကစားသမား၏ကြန္ပ်ဴတာကိုမဆို အလိုအေလ်ာက္ေျပာင္းႏိုင္သည္။ ကစားသမားအခ်ိဳ႕သည္ တီဗီစီးရီးမ်ားကို လွ်ိဳ႕ဝွက္ၾကည့္ရႈျခင္း သို႔မဟုတ္ ေလ့က်င့္ခ်ိန္အတြင္း အင္တာနက္ေပၚတြင္ ေဆာ့ကစားေနပါက ၎တို႔အားဖမ္းမိမည္ျဖစ္သည္။

CIP Club၏OBအေကာင့္အား CIP-01 ဟုေခၚသည္။ ဝင္ၿပီးေနာက္ ကြန္ျပဴတာတြင္ ေစာင့္ၾကည့္ေရးအခန္းကဲ့သို႔ ေလးေထာင့္အတန္း ေလးခုေပၚလာသည္။ ေသးငယ္ေသာစတုရန္းတစ္ခုစီသည္ ကစားသမားတစ္ဦး၏ကြန္ပ်ဴတာကို ကိုယ္စားျပဳၿပီး ကြန္ပ်ဴတာမ်က္ႏွာျပင္ကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္သည္။

က်န္းေရွာင္ယြီသည္ ဝတၳဳတစ္ပုဒ္အား ကစားသမားတစ္ဦး တိတ္တဆိတ္ဖတ္ေနသည့္ ဘယ္ဘက္ေအာက္ေျခရွိ ေလးေထာင့္ကြက္ေလးကို ခ်က္ခ်င္းေတြ႕လိုက္သည္။ ဝတၳဳခန္း၏ေခါင္းစဥ္မွာ 'Interstellar Mecha Competition' ျဖစ္သည္။ ကစားသမားသည္ ဘယ္ဘက္တြင္ ေလ့က်င့္ေရးျပတင္းေပါက္ဖြင့္ထားၿပီး ညာဘက္တြင္ ဝတၳဳျပတင္းေပါက္ရွိသည္။ သူသေဘာက်စြာ ဖတ္ေနမိသည္။

ေခါင္းေဆာင္နည္းျပ: "......"

ဟာ။ လက္ေ႐ြးစင္အဖြဲ႕လာစစ္ေဆးမွ ဘာလို႔ေပါ့ပ်က္ေနၾကတာလဲ။

က်န္းေရွာင္ယြီသည္ ေပါ့ပ်က္ေနေသာ ဤေကာင္ေလးအား လ်စ္လ်ဴရႈကာ မိုဟန္တ်န္း၏ကြန္ျပဴတာဖန္သားျပင္ကို တိုက္႐ိုက္ခ်ဲ႕ထြင္ၾကည့္လိုက္သည္။

မိုဟန္တ်န္းသည္ အဆင့္သတ္မွတ္ခ်က္ဂိမ္းတစ္ခုကို စတင္ခဲ့သည္။ မိုသန္တ်န္းသည္ ကိုးရီးယားဘာသာျပန္ကိုဖြင့္ၿပီး 'I play sniper, thank you' ဆိုတဲ့စာေၾကာင္းကို႐ိုက္ထည့္လိုက္တာကိုေတြ႕လိုက္သည္။ သူသည္ ဘာသာျပန္ခလုတ္ကို ႏွိပ္လိုက္သည္နဲ႔ ကိုရီးယားစာေၾကာင္းတစ္ေၾကာင္းေပၚလာသည္။ မိုဟန္တ်န္းအျမန္ကူးယူၿပီး ကူးထည့္လိုက္သည္။

သူကူးယူထားေသာ ကိုရီးယားစကားလုံးမ်ားသည္ ဂိမ္းအဖြဲ႕ခ်န္နယ္တြင္ ေပၚလာခဲ့သည္။

ကြၽီဟန္သည္၎ကိုျမင္‌ေသာအခါ ရယ္ခ်င္ခဲ့သည္။ "ဒီေကာင္က ဘာသာျပန္နဲ႔ ကိုရီးယားဆာဗာထဲကို သတၱိရွိရွိ ေဖာက္ထြင္းေနတာလား"

က်န္းေရွာင္ယြီ ျပန္လွည့္ၾကည့္ကာ နည္းျပကို ေမးလိုက္သည္။ "သူက အေျခခံေလ့က်င့္ဖို႔ မလိုဘူးလား"

နည္းျပလင္း ရွင္းျပခဲ့သည္။ "‌ေသခ်ာတာေပါ့။ ကြၽန္‌ေတာ္တို႔အသင္းက ကစားသမားတစ္ဦးစီကို ေန႔စဥ္၃နာရီၾကာ အေျခခံေလ့က်င့္မႈလုပ္ဖို႔ လိုေပမယ့္ သူတို႔ၿပီးတဲ့အခ်ိန္ကို လြတ္လပ္စြာစီစဥ္ႏိုင္တယ္။ ေလ့က်င့္ေရးေဆာ့ဖ္ဝဲက ေဒတာကို အလိုအေလ်ာက္ေရတြက္မွာျဖစ္ၿပီး မၿပီးေသးတဲ့သူ ဘယ္သူမဆို ျမင္ႏိုင္တယ္။ ေရွာင္းမိုက တျခားအခ်ိန္မွာ ၿပီးသြားတာျဖစ္ႏိုင္တယ္"

က်န္းေရွာင္ယြီၫႊန္ၾကားခဲ့သည္။ "ျပပါဦး"

ေခါင္းေဆာင္နည္းျပက စာရင္းအင္းေဆာ့ဖ္ဝဲကို ဖြင့္ခဲ့သည္။ တစ္ပတ္တာ ေလ့က်င့္ခ်ိန္စာရင္းဇယားေတြက အလြန္ရွင္းသည္။ အျခားအဖြဲ႕သားမ်ား အားလုံးနီးပါး သပ္ရပ္စြာေလ့က်င့္ခ်ိန္ သုံးနာရီရွိသည္။ ထိုအခ်ိန္တြင္ မိုဟန္တ်န္းသည္ တစ္ရက္လွ်င္ ႏွစ္နာရီ 'ေသနတ္ပစ္ေလ့က်င့္ျခင္း' ႏွင့္ ေနာက္ထပ္ႏွစ္နာရီ 'တည္‌ေနရာေလ့က်င့္ျခင္း' စသည္တို႔အတြက္ အခ်ိန္ျဖဳန္းခဲ့သည္။ တစ္နည္းအားျဖင့္ ကလပ္သည္ ေလ့က်င့္ခ်ိန္ သုံးနာရီသာ လိုအပ္ေသာ္လည္း သူသည္ ေန႔စဥ္တစ္နာရီ ပိုေလ့က်င့္ခဲ့ကာ တာဝန္လိုအပ္ခ်က္မ်ားကို ေက်ာ္လြန္ခဲ့သည္။

သူသည္ က်န္းေရွာင္ယြီ၏ ဆူပူျခင္းကိုခံရၿပီးေနာက္တြင္ သူ၏ကြၽမ္းက်င္မႈကို ျမႇင့္တင္ရန္ စတင္စဥ္းစားၿပီး အေျခခံေလ့က်င့္မႈအတြက္ အခ်ိန္ကို တိတ္တဆိတ္ တိုးေပးလာပုံရသည္။

က်န္းေရွာင္ယြီ အနည္းငယ္စိတ္သက္သာရာရၿပီး မိုဟန္တ်န္း၏ အဓိကရႈေထာင့္သို႔ ျပန္ေျပာင္းသြားခဲ့သည္။

သူ၏ဂိမ္းတြင္ သူႏွင့္လိုက္ဖက္ေသာ အသင္းေဖာ္မ်ားႏွင့္ ၿပိဳင္ဘက္မ်ားသည္ ေဆာင္းရာသီအားလပ္ရက္မ်ားအတြင္း ကိုရီးယားဆာဗာကို ကစားရန္ပူးေပါင္းခဲ့ၾကသည့္ က်န္းေရွာင္ယြီႏွင့္ ပိုင္ဖန္းတို႔ ယွဥ္ၿပိဳင္ခဲ့သည့္အဆင့္ႏွင့္ ဆင္တူသည့္ အပိုင္း3,000 နီးပါးျဖစ္သည္။ ဤအပိုင္းတြင္ ကိုရီးယားကြၽမ္းက်င္ကစားသမားမ်ားႏွင့္ ထိပ္တိုက္ေတြ႕ရန္ လြယ္ကူလွသည္။ က်ပန္းေျမပုံမွာ Ghost Castleျဖစ္ၿပီး သူသည္ ထိန္းသိမ္းသူမ်ားအဖြဲ႕တြင္ ရွိေနသည္။

မိုဟန္တ်န္းသည္ လမ္းအလယ္သို႔ အလ်င္အျမန္ေျပးသြားၿပီး အမွတ္အားေစာင့္ေရွာက္ရန္ ေသနတ္ကို တပ္ဆင္လိုက္သည္။ က်န္းေရွာင္ယြီသည္ သူ၏လုပ္ေဆာင္ခ်က္ကို တတိယလူရႈေထာင့္မွ သတိျပဳမိသည္။

ဆန႔္က်င္ဘက္အျခမ္းတြင္ ႐ုပ္တုတစ္ခု၏ ေနာက္ကြယ္မွ လူႏွစ္ဦးထြက္ေပၚလာသည္။ တစ္ဖက္လူ၏ဦးေခါင္းသည္ မွန္ေျပာင္းထဲေပၚလာသည္ႏွင့္ မိုဟန္တ်န္းသည္ ေမာင္းကို ဆြဲထုတ္လိုက္သည္။

ဒိုင္း။

ျပတ္သားေသာ ေသနတ္သံတစ္ခုၾကားရၿပီး 'ေခါင္းသို႔ပစ္ခ်က္' ၏ အနီေရာင္ ဦးေခါင္းခြံသေကၤတသည္ ဖန္သားျပင္ေပၚတြင္ ေပၚလာသည္။

ယင္းေနာက္တြင္ အျခားအသံတစ္ခု လိုက္လာခဲ့သည္-

ဒိုင္း။

DSR-Apocalypse သည္ မိုဟန္တ်န္း၏ အႀကိဳက္ဆုံး စႏိုက္ပါ႐ိုင္ဖယ္ျဖစ္သည္။ ဤေသနတ္၏ ထိမွန္ႏႈန္းသည္ အလြန္တိက်သည္။ မိုဟန္တ်န္းသည္ ဘယ္မွညာသို႔ ေ႐ြ႕လ်ားၿပီး တစ္ဖက္မွ အားျဖည့္သူႏွင့္ ေခ်မႈန္းသူ၏ ဦးေခါင္းႏွစ္လုံးကို ဆက္တိုက္ပစ္ကာ ေသနတ္ႏွစ္ခ်က္ ဆက္တိုက္ပစ္ခတ္ခဲ့သည္။ ဖန္သားျပင္ေပၚတြင္ ကိုရီးယားစကားတန္းတစ္ခု ေပၚလာသည္။ သူ႔အသင္းေဖာ္မ်ားက သူ႔အား ခ်ီးက်ဴးျခင္း ျဖစ္လိမ့္မည္။

မိုဟန္တ်န္းသည္ အလြန္ေခ်ာ‌ေမြ႕စြာ ကစားခဲ့သည္။ ရန္သူကင္းေထာက္သည္ ဝိုင္း၍ တိုက္ခိုက္ရန္ လာေနသည္ကို ျမင္သျဖင့္ ခ်က္ျခင္း ႐ုပ္တုမွခုန္ဆင္းကာ မီးခိုးဗုံးကိုပစ္ခ်လိုက္ၿပီး လ်င္ျမန္စြာ လႈပ္ရွားသြားသည္။ သတ္မွတ္ထားေသာအကြာအေဝးကိုေျပးၿပီးေနာက္ သူသည္ ေနာက္ျပန္လွည့္ကာ ၿပိဳင္ဘက္၏လိုက္စားမႈကို ႏွစ္ခ်က္တိတိ ဖိႏွိပ္လိုက္သည္။

သူ႔အသင္းေဖာ္မ်ား၏ အသိဉာဏ္မွာလည္း ေကာင္းသည္။ ရန္သူကင္းေထာက္ကို သတ္ရန္ လူႏွစ္ေယာက္ေပါင္းကာ တစ္ေယာက္ကို သတ္လိုက္သည္။

ပထမအခ်ီတြင္ အုပ္ထိန္းသူမ်ား အႏိုင္ရခဲ့သည္။

ေနာက္ဂိမ္းအခ်ိဳ႕မွာလည္း အလြန္ေခ်ာေမြ႕ခဲ့သည္။ ေရွာင္းမို၏ အေျခခံကြၽမ္းက်င္မႈသည္ ထူးခြၽန္ၿပီး သူ၏လက္ေျဖာင့္မႈမွာ အလြန္တိက်ေၾကာင္း ေတြ႕ျမင္ႏိုင္သည္။

ဂိမ္းၿပီးေနာက္ ညာဘက္ေအာက္ေထာင့္တြင္ သူငယ္ခ်င္းေတာင္းဆိုခ်က္တစ္ခု ေပၚလာၿပီး မိုဟန္တ်န္းက ၎ကိုလက္ခံရန္ ႏွိပ္ခဲ့သည္။

အျခားသူတစ္ဦးက မက္ေဆ့ခ္်ရွည္ႀကီး ပို႔ၿပီး ကိုရီးယားစာတန္းကို နားမလည္ႏိုင္ျဖစ္ခဲ့သည္။ မိုဟန္တ်န္းသည္ ဤကိုရီးယားစာပိုဒ္ကို ကိုးရီးယားဘာသာျပန္သို႔ ကူးယူၿပီး ဘာသာျပန္ဆိုခ်က္မွာ: မဂၤလာပါ၊ ကြၽန္‌ေတာ္က TQကလပ္က ကင္းေထာက္တစ္ဦးပါ။ မင္းဂိမ္းမွာ အရမ္းေကာင္းတယ္။ ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ေယာက္ျဖစ္ဖို႔ စိတ္ဝင္စားလား။ ကြၽန္ေတာ္တို႔ကလပ္ရဲ႕ ဆက္ဆံေရးက အရမ္းေကာင္းတယ္။ လာစမ္းၾကည့္လို႔ရပါတယ္။

မိုဟန္တ်န္းသည္ ဘာသာျပန္သည့္ေနရာထဲ စာေၾကာင္းရွည္႐ိုက္ခဲ့သည္ံမဂၤလာပါ၊ ကြၽန္‌ေတာ္က အနာဂတ္က အသိဉာဏ္ရွိတဲ့AI စက္႐ုပ္အမွတ္007ပါ။ ေတာင္းပန္ပါတယ္။ ငါ့အစီအစဥ္က မင္းဘာကိုဆိုလိုတယ္ဆိုတာ နားမလည္ဘူး။ ေနာက္ဂိမ္းတစ္ခုစေတာ့မယ္။ ႏႈတ္ဆက္ပါတယ္ လူသား။

‌ဤစာေၾကာင္းအား ကိုးရီးယားဘာသာျပန္ၿပီး ကူးထည့္လိုက္သည္။

တစ္ဖက္လူ: "???"

ဒီစိတ္ေဝဒနာရွင္က ဘယ္ကလာတာလဲ။

ကြန္ျပဴတာေရွ႕၌ ကြၽီဟန္အရယ္မရပ္ခဲ့ေပ။ "ဟားဟားဟား။အသိဉာဏ္ရွိတဲ့ AIမိုဟန္တ်န္း"

က်န္းေရွာင္ယြီ၏ ပါးစပ္ေထာင့္မ်ား လႈပ္သြားသည္။ ဤအႀကီးဆုံးကေလးသည္ ဖန္ႏွလုံးသားႏွင့္ မင္းသမီးေလးေရာဂါရွိ႐ုံသာမက သူ႔တြင္ ‌ဘဝင္ျမင့္ေရာဂါလည္း မည္ကဲ့သို႔ရွိေနသနည္း။

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။ 

Continue Reading

You'll Also Like

83.7K 12.8K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
15.8K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...
127K 24.4K 67
ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းလိုသည့် လုချောင်ယဲ့ တစ်ယောက် အရာအားလုံးအား လွှတ်ချပြီး မိမိ စိတ်ကူးအား အကောင်အထည်ဖော်ရန် ပြင်စဉ်မှာပင် ယာဉ်မတော်တဆမှ...
122K 19.3K 47
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 Eng tran: Zenne ...