||Complete|| I Can Do It [MM...

By da_coolest_icekun

697K 99.6K 10.7K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... More

Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၁၁၁)

2.9K 431 25
By da_coolest_icekun

ထိုစကေးနှစ်ခုအား ထုတ်သုံးပြီးနောက် Luluက အခြေစိုက်စခန်းဆီ ဆက်ပြန်သွားသည်။ ဘေးမှဖြတ်သွားသည့် Nidaleeက ရပ်တန့်သွားပြီး မကြာမီမှာပဲ သူမ၏လက်ကိုမြှောက်လျက် လမ်းကြောင်းဖော်နေသည့် Luluအား မလိုအပ်သည့် Healတစ်ခုကို ပေးလာသည်။ ပြီးသည်နှင့် သူမက သူတို့အသင်း၏Jungleထဲသို့ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

Barrageထဲ၌ အရင်ဦးဆုံး အမေးသင်္ကေတများ ပြည့်နှက်သွားပြီး နောက်ကလိုက်လာသည်များကတော့ :

[အတုံ့အလှည့်ဆိုတာ ဒါမျိုး (ယုံကြည်ချက်ရှိရှိ)]

[ဒါရိုက်တာကလည်း ဆရာကြီးပဲ။ ကျန်တဲ့လေးယောက်က အသဲအသန် တိုက်ခိုက်နေကြတာ မြေပုံအသေးထဲမှာတောင် သူတို့သင်္ကေတတွေထပ်တဲ့အထိ ဖြစ်နေတာကို ငါတို့ကို ဒီမြင်ကွင်းပြဖို့ အလယ်လမ်းဆီ ကင်မရာချိန်းလိုက်တယ်တဲ့]

[နှစ်ယောက်လုံးကလည်း Snowdown Showdown skinကို သုံးထားကြသေးတယ်…..]

[သူတို့IDတွေကိုသာ ဖုံးထားရင် ဟိုEsports Accတွေတင်တတ်တဲ့ ပိုစ့်မျိုးတွေနဲ့တောင် တူသေး။ ပိုစ့်ရဲ့အကြောင်းအရာက : “ဘာလို့Riftမှာလာဒိတ်နေတာလဲ ရုပ်ရှင်ရုံမသွားနိုင်အောင် မွဲနေကြပြီလား?”]

[Softမှာလည်း ကြိုက်နေတဲ့သူရှိတယ် Roadလည်း ချစ်သူရှိနေပြီ။ ပရော်ဖက်ရှင်နယ် ကစားသမားတွေကို နည်းနည်းလောက် လေးစားပေးကြပါလား နှစ်ယောက်ကို မShipလို့မရဘူးလား??]

[Softကြိုက်နေတဲ့သူက Roadမဟုတ်ဘူးလို့ Roadနဲ့တွဲနေတာလည်း Softမဟုတ်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ]

[ဟယ်???? အပေါ်ထပ်က ညီအစ်မရေ နေပါဦး???? ရုတ်တရက် အလင်းပွင့်သွားသလို ခံစားချက်မျိုး ဘာလို့ရနေပါလိမ့်?!!!!]

[Trash Talkပြောတုန်းကတော့ ညတွင်းချင်း ကိုရီးယားသွားပြီး HTကို ကိစ္စတုံးမယ့်ပုံနဲ့။ စင်ပေါ်လည်းရောက်ပြီးရော ကုသသူLuluကိုင်ပြီး Roadနဲ့ မခွဲနိုင်မခွာနိုင် လာလုပ်နေတယ်]

ရှင်းလင်းတင်ဆက်သူသုံးယောက်မှာလည်း ကြောင်အမ်းကုန်ကြသည်။

ရှင်းလင်းတင်ဆက်သူA : “အာ ဒါက။ ဒါ….ဒါက ကျွန်တော်တို့ ပြောနေတာတွေကို Soft ခံစားမိသွားလို့နေမယ်။ အဲ့တာကြောင့် ကျွန်တော်တို့ကို သူက ပြောပြချင်နေတာ---သူလည်း အသင်းသားတွေကို ကာကွယ်တတ်တဲ့အကြောင်း!”

ရှင်းလင်းတင်ဆက်သူBမှာလည်း  တဆတ်ဆတ် ခေါင်းငြိမ့်လိုက်ရသည်။

“မှန်လိုက်တာ။ ပြီးတော့ Luluနဲ့ကစားတာ ဘာဖြစ်လို့လဲ? Luluက အဝေးလည်းပစ်နိုင်ပြီး Skillအကြမ်းစားတွေလည်း ရှိတယ်။ သူမနဲ့ Laneရတာက အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်ဗျ။ Softဆို ကစားရင်းနဲ့ ဘယ်လောက်ပျော်နေလဲကြည့်----”

ရှင်းလင်းတင်ဆက်သူBက ထိုသို့ပြောနေသည့်အခိုက် ဖန်သားပြင်၏ညာဘက်ထောင့်စွန်းရှိ ခေါင်းပြာလေးက အလယ်လမ်းဆီပြန်ရန် ပြင်ဆင်နေပြီး အလွန်တရာ ငြီးငွေ့နေပုံဖြင့် သူ့ကင်မရာဦးတည်ရာအား ပြောင်းလဲလိုက်သည်။ အောက်လမ်းတွင် အသည်းအသန် တိုက်ခိုက်နေကြသည့် လေးယောက်ကို သူကြည့်လိုက်ပြီးနောက် ရှားရှားပါးပါး မနာလိုဖြစ်မှုတို့က သူ့မျက်ဝန်းထဲ ပေါ်ထွက်လာခဲ့သည်။

ကင်မရာကို သူ့ကာရိုက်တာရှိရာဆီ မြင်ကွင်းပြန်ပြောင်းလိုက်ပြီးနောက် သူသည်းမခံနိုင်တော့ဘဲ လူဦးရေသန်း၁၀၀ကျော် တစ်နိုင်ငံလုံးနီးပါး ကြည့်နေကြသည့် တိုက်ရိုက်ထုတ်လွှင့်မှုရှေ့တွင် ဖုံးကွယ်ထားရန်ပင် လုံးဝမကြိုးစားဘဲ ပါးစပ်ကိုအကျယ်ကြီးဟကာ သမ်းပြလိုက်သည်။

ထိုအခိုက် ကြည့်ရှုသူတစ်ဝက်လောက်မှာ သူတို့ကိုယ်သူတို့ အထက်တန်းကျောင်းမှ ပျင်းစရာ အတန်းထဲတွင် ထိုင်နေရသလို ခံစားလိုက်ရသည်။

ကျန်တစ်ဝက်မှာတော့ သူ့ဆီကကူးပြီး ကူကယ်ရာမဲ့စွာ သန်းကုန်ကြလေသည်။

ကုသသူကို ကစားရာတွင် ပျော်စရာအချက်တွေရှိပြီး ကြုံရာလူတိုင်းနှင့် ကမ္ဘာလောကကြီးကို ကယ်တင်ချင်သည့် ဂရုဏာကြီးလှသော ပရဟိတသမားတွေအတွက် သင့်တော်လှသည်။ သို့သော် ကျန်းရုန်ကတော့ သူတို့ထဲမှတစ်ယောက်မဟုတ်။

Luluကို သူရွေးရသည့်အကြောင်းရင်းက ရှောင်ပိုင်၏ကိုယ်စားပြုချန်ပီယံ Threshက လွတ်မြောက်နေသောကြောင့်ပင်။ ရှောင်ပိုင်က Threshကိုကစားချင်နေသည့် ၂၀၀ရာခိုင်နှုန်းအပြည့် သူ့ဆန္ဒတွေကို အသင်းစကားဝိုင်းထဲ တဖွဖွ ဖော်ပြနေပေမယ့် တင်းကောက ‘ADCကိုကာကွယ်တဲ့နေရာမှာ မကောင်းဘူး’ဟု ခပ်ပြတ်ပြတ် ငြင်းချလိုက်သည်။

Pineရွေးထားသည့် Kog’mawက Blink skillတစ်ခုမှမရှိရာ အသင်းသားတွေ၏ ကာကွယ်မှုကို လိုအပ်ပေသည်။

သို့ဖြစ်ရာ ရှောင်ပိုင်က တုံ့ဆိုင်းမနေဘဲ ကျန်းရုန်သာ Lulu နှင့် Karmaလို ထောက်ပံ့သည့် ချန်ပီယံတစ်ခုခု ရွေးလိုက်လျှင် အသင်းဖွဲ့စည်းပုံက အဆင်ပြေမည်ဖြစ်ကြောင်း ပြောလာသည်။

ကျန်းရုန်မှာတော့ ရှောင်ပိုင်တစ်ယောက် အသက်ရှင်ရတာ ငြီးငွေ့လာ၍ Rishနှင့်အတူတူ နတ်ပြည်တက်ချင်နေတာများလားဟု တလေးတစား တွေးမိသွားသည်။

တင်းကောက သေသေချာချာ စဥ်းစားတွေးခေါ်ပြီးနောက် ရှောင်ပိုင့်စကားကလည်း ကျိုးကြောင်းသင့်တယ်ဟု စိတ်ထဲပေါ်လာပြီး အလယ်လမ်း Luluအပေါ် လုပေါ်ယွမ်၏အမြင်ကို မေးလာသည်။

လုပေါ်ယွမ်၏အသံ တည်ငြိမ်နေလျက်။

“အားလုံးရတယ်။ 3Cရော Utilityရော နှစ်ခုလုံး အလုပ်ဖြစ်တယ်။ သူကြိုက်တာကစားပါစေ….Luluနဲ့ Nidaleeက Skinတစ်ပုံစံတည်းထွက်ထားတယ်မလား?”

……အတိုချုပ်ပြောရလျှင် နောက်ဆုံးမှာ ကျန်းရုန်က Luluကိုသာ ရွေးဖြစ်သွားသည်။

TTC၏ အသက်အဝင်ဆုံးလမ်းက ကွယ်ပျောက်သွားတော့ ၁၃မိနစ်ကြာပြီးချိန်မှာပင် သေသူမရှိသေးပေ။

“သတင်းကောင်း သတင်းကောင်း!” အသင်း၏အသံစကားဝိုင်းထဲတွင် ရှောင်ပိုင်က ဟာသဇာတ်လမ်းတို ဖျော်ဖြေနေသလို ပြုမူလာသည်။ “ဟိုဘက်က အောက်လမ်းသွားနှစ်ယောက်မှာ Ultတွေမရှိတော့ဘူး။ ဒီက သခင်ကြီးByeရဲ့ Flashကလည်း ရယ်ဒီပါ။ ပြိုင်စံရှား ပြေးမလွတ်တဲ့ အသက်နှုတ်တဲ့ချိတ်ကြီးကလည်း အသင့်ဖြစ်နေပြီ။ လှုပ်ရှားလိုက်တာနဲ့ အကျိုးအမြတ်ရယ် အောင်မြင်မှုရယ်ပဲ ရလာမှာ။ လိုအပ်ချက်ကတော့ ကျွန်တော့်Pပေါင်အတွက် Killချန်ပေးရမယ်ဗျ။ မဟုတ်ရင် အောက်လမ်းမှာ ခက်ခဲကြမ်းတမ်းတော့မှာ။ ကျေးဇူး ကျေးဇူး”

ကျန်းရုန်က အေးစက်စက် နှာမှုတ်လိုက်သည်။ “ဒါဆို ဒီအဖေက ဘာသွားလုပ်ရမှာလဲ မင်းကိုကာကွယ်ပေးရမှာလား?” က သူ့ပါးစပ်ကနေ ထွက်လုနီးပါး။

လုပေါ်ယွမ်က အသက်ပြန်ဝင်လာသော ဝံပုလွေသုံးကောင်ကို အဆုံးသတ်လိုက်ပြီး “Lulu ဒီကိုလာခဲ့”

ကျန်းရုန် သူ့အဆဲစကားလုံးတွေကို ပြန်မြိုချလိုက်ရ၏။ သူ့ရှေ့မှ Minionတွေကို ရှင်းလင်းပြီး ရွှတ်ခနဲ သူ့ရွေ့လျားမှုနှုန်းကို မြှင့်လိုက်သည်။ စုန်းမလေးက သူမပစ္စည်းတွေကို လက်နှစ်ဖက်နှင့်ကိုင်ထားလျက် Nidaleeဆီ လေပေါ်မှ ပျံသွားလေသည်။

သူတို့နှစ်ယောက် အောက်လမ်းဆီ သွားလိုက်သည်။ ပြီးခဲ့သည့်ရာသီအတွင်း လုပေါ်ယွမ်၏Nidaleeက အချိန်အများစုမှာ Banခံထားရပေမယ့် ဒီနှစ်ရာသီမှာတော့ Nidaleeက မွမ်းမံခံထားရသဖြင့် အခြားအသင်းတွေက သူမကို ဆက်မသုံးကြတော့ပေ။ သို့သော် ပြုပြင်မွမ်းမံထားခြင်းတို့က လုပေါ်ယွမ်အပေါ် မသက်ရောက်နိုင်သည်မှာ သိသာလှသည်။

တိတိကျကျ ပြောပြရမည်ဆိုပါက အရင်ဆုံး အောက်လမ်းကို တစ်ဟုန်ထိုးသွားသူက ပြိုင်ဘက် Junglerပင်။ သို့သော် ပြိုင်ဘက်က Pineနှင့် ရှောင်ပိုင်၏ဆံပင်တစ်မျှင်ကို မထိလိုက်နိုင်သေးခင်မှာပဲ လုပေါ်ယွမ်၏လှံက ချုံပုတ်ထဲကနေ ကျည်ဆံတောင့်လို ပျံသန်းလာရင်း ရန်သူ့Junglerအပေါ် တည့်တည့်မတ်မတ် ဆိုက်ရောက်သွားသည်။ ရွှတ်ခနဲ Gravesမှာ မျက်စိတစ်မှိတ်အတွင်း သွေးသုံးပုံတစ်ပုံကို ဆုံးရှုံးသွားတော့သည်!

လုပေါ်ယွမ်က ကျန်းရုန်၏ အရှိန်မြှင့်စကေးဖြင့် ချုံပုတ်ထဲမှ ခုန်ထွက်လာပြီး သူ့Ultကိုအသုံးပြုလျက် ကျားသစ်အဖြစ် ပုံစံပြောင်းလိုက်ကာ Gravesရှိရာဆီ ခုန်ဝင်သွား၏။ ကျန်းရုန်ကလည်း သူ့နောက်ကနေ ကပ်လိုက်လာလျက် အရင်ဆုံး Gravesအား သိုးအဖြစ်သို့ ပြောင်းလိုက်ပြီး Graves၏ စွမ်းရည်တွေ ပြန်အသက်ဝင်နိုင်စွမ်းကို ပိတ်သိမ်းလိုက်သည်။ ပြီးနောက် ကျန်းရုန်က Qကိုသုံးကာ Gravesအား နှေးသွားစေလျက် လုပေါ်ယွမ်ကို အဆက်မပြတ် ချေမှုန်းခွင့်ပြုထားလိုက်သည်။

“First Blood!”

ရှောင်ပိုင်ကလည်း အော်ဟစ်ရင်း ရန်သူ့Supportအား သူ့ချိတ်ကြီးဖြင့် ရိုက်နှက်နေသည်။

“ဝိုးးးးးးး သွေးဖျောက်တဲ့နည်းကွ!”

“တွေ့ကရတွေအော်မနေနဲ့” Pineက ပြောလာသည်။ “Lantern”

အောက်လမ်းသွားစုံတွဲက အခြားအသင်းသားတွေ၏ စည်းချက်ကို အလျင်အမြန် အမှီလိုက်လာသည်။ ရန်သူ့Junglerကို သတ်ပြီးသည့်နောက်မှာလည်း လုပေါ်ယွမ်က ထွက်သွားဖို့ အစီအစဥ်မရှိသေးပေ။ သူက အသင်းစကားဝိုင်းထဲတွင် ခပ်ပြတ်ပြတ် ညွှန်ကြားလာသည်။

“Tower Dive သူတို့အောက်လမ်းသွားတွေကို Kill”

အကြမ်းဆုံး Supportရှိနေမှတော့ သေချာပေါက် ရှောင်ပိုင်က သူ့ဝဖြိုးနေသည့်ခန္ဓါကိုယ်ကို သုံးပြီး ရန်သူ့တာဝါ၏ Damageကို စားပေးမည့်သူပင်။ သူ့အသင်းသားတွေအတွက် ဒီလိုလုပ်ပေးရသည်ကို ရှောင်ပိုင်က အလွန်တရာ နေသားကျနေပြီဖြစ်ပြီး Luluရှိနေသည့်အတွက် သူ သေချာပေါက် သေမှာမဟုတ်။

သို့သော် စက္ကန့်အနည်းငယ်အကြာ၌--

“အကာအကွယ်! အကာအကွယ် အကာအကွယ် အကာအကွယ်လို့! ကျန်းရုန် ငါသွားပြီ အားးးးး!!!”

သူ့နောက်ဆုံးသွေးတစ်စက်က တာဝါဆီကနေ အစားခံရလုနီးပါး စက္ကန့်ဝက်လောက်လိုတော့မှ နောက်ဆုံးတော့ ကျန်းရုန်က အလျင်မလို အေးဆေးစွာဖြင့် သူ့ဆီ အကာအကွယ် ပေးလာသည်။

ရှောင်ပိုင်တစ်ယောက် တာဝါထဲကနေ သွေးဖင်ကပ်ဖြင့် လွတ်မြောက်သွား၏။ အခြေအနေကို ကယ်တင်နေသည်က မလုပ်မဖြစ်လေတော့ ရန်သူ့ADCက လူချင်းဖလှယ်ဖို့ အတင်း ကြိုးစားလာတော့သည်။ သူ့ပစ်မှတ်ကတော့ သွေးအနည်းငယ်သာ ကျန်တော့သည့် ရှောင်ပိုင်။

​သေမင်းတံခါးဝ​ရှေ့တွင် Kalistaက သူမ၏Flashကိုသုံးလျက် ​ရှောင်ပိုင့်ဆီ လှံကို ပစ်သွင်းလာခဲ့သည်။
 
​ရှောင်ပိုင်က ​အော်ဟစ်လာ၏။
 
“ဒီ​ခွေးက ငါ့ကိုဖလှယ်ချင်​နေတာ!! ကျန်းရုန်​ရေ Ult Ult ! မင်းUltကို​ပေးဦး! အားးးး ငါ​သေ​တော့မှာပဲ!!!”
 
ကျန်းရုန်က မျက်​မှောင်ကျုံ့သွားပြီး
 
“​အော်မ​နေနဲ့ နား​တောင်ကွဲ​တော့မယ်”
 
လှံတံက ​ရှောင်ပိုင့်ကို ထိုး​ဖောက်သွား​တော့မည့် အခိုက် ကျန်းရုန်က စိမ်​ပြေန​ပြေဖြင့် သူ့Ultကို သုံးလာရာ အသက်ထွက်​တော့မည့် ​ရှောင်ပိုင်ကို ပွတ်ကာသီကာ​လေး ကယ်တင်လိုက်နိုင်သည်။
 
လု​ပေါ်ယွမ်က လူအဖြစ် ပြန်​ပြောင်းလိုက်ပြီး သူ့လှံတံကို ရန်သူ့ဆီ ပစ်သွင်းလိုက်ပြီးမှ လှည့်ကာ ထွက်သွား​တော့သည်။ သူ့​နောက်မှာ​တော့ ရန်သူ့ADCက ဝုန်းခနဲ လဲသွားရင်း အသက်ထွက်သွားသည်။
 
အကာအကွယ် နှင့် Ultကို ကျန်းရုန်က ရည်ရွယ်ချက်ရှိရှိ ​နောက်ဆုံးတစ်စက္ကန့်အထိ အချိန်ဆွဲပြီးမှ ​ပေးလာရာ ​ရှောင်ပိုင်မှာ နိဂုံးချုပ်သွားလုနီးပါး။
 
“ဒီတစ်ပွဲတည်းပဲ Luluကစားရမှာပါ….” ​ရှောင်ပိုင်က ချုံထဲမှာပုန်းကာ အ​ခြေစိုက်စခန်းဆီ ပြန်​နေရင်း မခံချိမခံသာဖြင့် ​နောက်ကိုကြည့်မိ​တော့ လု​ပေါ်ယွမ်အား အရှိန်မြှင့်သည့်စ​ကေးကို ​ပေး​နေသည့် ကျန်းရုန်ကို ကွက်တိ မြင်လိုက်ရသည်။ သူ့မှာ ပို၍ပင် မတရားခံရသလို ခံစားလိုက်ရ​တော့သည်။ “P​ပေါင် ငါလည်း အရှိန်မြှင့်​ပေးတာ​လေး လိုချင်တယ်”
 
​Pineက ​စျေးဆိုင်တွင် ​လျှောက်ကြည့်​နေဆဲ။
 
“ငါက အဲဒီစ​ကေးကို ဘယ်နားကရမှာလဲ?”
 
“လွန်ခဲ့တဲ့နှစ်စက္ကန့်​လောက်တုန်းက မင်းရဲ့Heal အသက်ဝင်လာတာ မြင်လိုက်တယ်”
 
Pine : “အိမ်မက်ဆက်မက်​နေ”
 
​ရှောင်ပိုင်နှင့် ကစားလိုက်ပြီး​နောက် ကျန်းရုန်မှာ ခံစားချက်​တွေ အလွန်အမင်း ​ကောင်းမွန်သွားသည်။ ကျန်းရုန်က ​မှော်တုတ်တံ​လေးကို ကိုင်ထားလျက်ဖြင့် ​လေထဲပျံဝဲလျက် အလယ်လမ်းဆီ ပြန်လာလိုက်ပြီး Minion​တွေရှင်း အစာဆက်စား​နေလိုက်သည်။
 
လု​ပေါ်ယွမ်က​တော့ ရန်သူ့Jungleထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။
 
ရှင်းလင်းတင်ဆက်သူAက တအံ့တသြ ​ပြောလာသည်။
 
“Roadက သူ့ကိုယ်သူ ယုံကြည်မှုအရမ်းရှိတာ​နော်။ လှံပစ်ပြီးတာနဲ့ လှည့်ထွက်လာတာ…..”
 
ရှင်းလင်းတင်ဆက်သူ B : “အကျိုးအ​ကြောင်းနဲ့ ​ပြောရမယ်ဆိုရင် ပွဲစကတည်းက​နေ သူ့လှံကို ကျွန်​တော် တစ်ချက်​လောက် ​ရှောင်နိုင်ရင်ပဲ ကိုယ့်ကိုကိုယ် သူ့ထက်​တောင် ပိုယုံကြည်မှုရှိဦးမယ်…..အကြိုဗိုလ်လုပွဲမှာ ပျက်ကွက်ပြီး​တော့မှ Roadရဲ့ဂိမ်းအ​ပေါ်ခံစားချက်​တွေက ​ကောင်းသထက်​ကောင်းလာမယ်လို့ ဘယ်သူထင်မှာလဲ”
 
ရှင်းလင်းတင်ဆက်သူCသည်လည်း ဒီတစ်ပွဲအတွက် ကျန်းရုန်က နှလုံးသားကြီးသူအဖြစ် ထမ်းရွက်​နေသည့် အချက်ကို လက်ခံပြီးသွား​ချေပြီ။
 
လု​ပေါ်ယွမ်၏ Nidaleeက ရန်သူ့​တောထဲကို ဝင်သွားသည်ကိုမြင်​တော့ သူက PUD၏ အစာထိုးJunglerအား သနားစွာ ကြည့်လိုက်သည်။
 
“အစကတည်းက Gravesရဲ့ ​တော​ကောင်စားပုံက Nidalee​လောက် မမြန်ဘူး​လေ။ အခုဆို Countergank​ကြောင့် တစ်ခါ​​သေထားပြီဆို​တော့ သူ့Jungle​အောက်ပိုင်းက သွားပြီလို့ ဆိုလိုတာပဲမလား…..ဒါ​ပေမယ့် ကိစ္စ​တော့မရှိပါဘူး။ သူတို့​တွေ့ပြီး 1v1ကြရင် Gravesက ဘာမှမလုပ်တတ်တာလည်း မဟုတ်ဘူး​လေ။ ​နတ်ဘုရားလုရဲ့စ​ကေး​တွေကို သူ​ရှောင်နိုင်​နေသ​ရွေ့ အဆင်​ပြေမှာပါ”
 
သူ့မှတ်ချက်၏​ နောက်ဆုံးစကားထဲမှ နှစ်သိမ့်မှုတို့က ထင်ရှားလှသည်။ အားလုံးသိကြသည့်အတိုင်း လု​ပေါ်ယွမ်က Carry Junglerကို ဆွဲထုတ်လာပြီး ဂိမ်းအစပိုင်းမှာတင် အသာစီးရ​နေပြီဆိုလျှင် တစ်ဖက်Junglerကို ဂုဏ်ပြု​ပေးနိုင်ပါပြီ။ မင်းရဲ့Jungleကြီးတစ်ခုလုံး ​ပါသွား​တော့မှာ။
 
​မြေကြီးလက်ခတ်မလွဲ Graves အသက်ပြန်ရှင်လာချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်း​သောအရာက သူ့Jungle​အောက်ပိုင်းကို ​ဖော်ပြ​နေသည့် ‘ဗလာ’ ဟူ​သော သီချင်းကို ​အော်ဆို​နေရုံသာ။
 
လက်ရှိ၌ သူက လု​ပေါ်ယွမ်ထက် Lvlတစ်ခု​နောက်​ကောက်ကျကျန်​နေရာ အပြာ​ရောင်Buffကို အရယူ​နေစဥ် ​တော​ကောင်ကို တတ်နိုင်သမျှ အ​​ဝေးသို့​​ခေါ်သွားသည်အထိ သတိထား​နေမိ​သည်။
 
သူ သူ့အသင်းသားအား လှမ်း​ခေါ်လိုက်၏။
 
“Savior Blue Buffကိုလာယူ”
 
Savior : “လာပါပြီ~”
 
98kမှာ Minionရှင်း​နေရင်း တုံ့ခနဲ ရပ်သွားသည်။
 
“…..အဲဒီအင်တာနက်​ပေါ်က ​လေသံ​တွေကို လိုက်အတုခိုးမ​နေနဲ့”
 
Saviorက နာနာခံခံ ပြန်​ဖြေလာသည်။ “ဟုတ်ကဲ့ ​​ကော”
 
ဒီတစ်ပွဲမှာ​တော့ လမ်းရှင်းရာ၌ Saviorတစ်​ယောက် အချိန်​ကောင်း​တွေ ပိုင်ဆိုင်​နေ​ပေသည်။
 
Softနှင့်ရင်ဆိုင်သည့်ရသည့်ပွဲတွင် ဗရမ်းဗတာ​တွေမဖြစ်ဘဲ ​ငြိမ်းငြိမ်းချမ်းချမ်း Minionရှင်း​နေရသည်က သူ့အိမ်မက်ထဲမှာပင် ဖြစ်နိုင်မည့်အရာမဟုတ်။ ဗိုလ်လုပွဲကို ပြိုင်​နေရင်းတန်းလန်း ဖြစ်​သော်ငြား သူ့မှာ အသစ်အဆန်း တည်ငြိမ်မှုတစ်ခုကို ရှာ​တွေ့လိုက်​ပေသည်။
 
သူ့​ပျော်ရွှင်မှု​လေးမှာ ချုံထဲတွင်ပုန်းလျက် သူတို့ကို​စောင့်​နေသည့် လှံဖြင့်ပစ်ကာ အပြာ​ရောင်Buffကို ခိုးသွား​သော လု​ပေါ်ယွမ်​ကြောင့် အဆုံးသတ်သွားရသည်။
 
“တစ်ချိန်လုံး ကျွန်​တော့်​နောက်မှာ သူရှိ​နေတာလား?!” ထို့ထို့မှာ ​ရှော့ခ်ရသည်အထိ ထိတ်လန့်သွားပြီး “မဖြစ်နိုင်​လောက်ဘူးမလား? မဟုတ်ရင် အစကတည်းက ကျွန်​တော့်ကို တိုက်ခိုက်မှာ​ပေါ့…..”
 
အသင်းသား​တွေကို ကူညီဖို့ရာ 98kက ချက်ချင်းသွားချင်​ပေမယ့် ယွမ်ချန်၏စ​ကေး​ကြောင့် အတားခံလိုက်ရသည်။ မလွတ်​မြောက်နိုင်​လေ​တော့ သူ့မျက်ခုံးတို့ တွန့်ချိုးသွား​တော့သည်။ “မြန်မြန်ထွက်လာကြ---သူက double kill လိုချင်​နေတာ!”
 
Saviorက အလျင်အမြန် တုံ့ပြန်လာပြီး လု​ပေါ်ယွမ်ကို မှိန်း​မှောသွား​စေရန် ချက်ချင်းဆိုသလို စ​ကေးတစ်ခု ပစ်သွင်းလာသည်။ လု​ပေါ်ယွမ်က တိုက်ခိုက်မှုကို ​ဘေးဘက်သို့​ရွှေ့ကာ ​ရှောင်တိမ်းလိုက်ပြီး တစ်ဆက်တည်း သူ့လှံတံကို ပစ်သွင်းလာ​တော့ ထို့ထို့မှာ သူ့Blinkစ​ကေးကို ထုတ်သုံးလိုက်ရသည်။
 
လှံတံက ထို့ထို့ဆီ ​ဖောက်ထွင်းသွားလျက် မျက်စိတစ်မှိတ်အတွင်း သူ့​သွေးတစ်ဝက်မှာ ​ပျောက်ဆုံးသွား​လေသည်။ လု​ပေါ်ယွမ်က သူ့လှုပ်ရှားမှု​တွေကို ကြိုတင်ခန့်မှန်းလိုက်ခြင်း။
 
လု​ပေါ်ယွမ်က ဟက်ခနဲ ရယ်လိုက်သည်။ Gravesအ​​ကြောင်းကို သူ​သေချာနားလည်ပြီး ဒီလို​မြေ​နေရာအတွင်း သူ့လှုပ်ရှားနိုင်စွမ်းက အကန့်အသတ်ရှိသည်။ မျက်စိမှိတ်ထားလျှင်ပင် ထို့ထို့ သွားမည့်​နေရာကို သူ​ပြောနိုင်သည်။
 
“ကိစ္စမရှိပါဘူး” Saviorက တည်ငြိမ်​နေဆဲဖြစ်ပြီး သူ့ဗရမ်းဗတာ တရုတ်စကား​ပြောစွမ်းရည်ဖြင့် ​ပြောလာသည်။ “နာရှိပါတယ်။ အရမ်းမလန့်သွားနဲ့။ ငါတို့ပြန်Tradeလို့ရတယ်”
 
ဒီတစ်ကြိမ်၌ Flashမသုံးဘဲ လွတ်​မြောက်နိုင်မည့် နည်းလမ်းမရှိ​​တော့ကြောင်း ထို့ထို့ သိသည်။ သို့ဖြစ်ရာ လု​ပေါ်ယွမ်ကို ​သွေးအနည်းငယ်သာ ကျန်​အောင် ​လျှော့ရန်အတွက် တတ်နိုင်သမျှ Damage​တွေကိုသုံးလျက် Savior၏စ​ကေး​တွေနှင့် ပူး​ပေါင်းလိုက်သည်။
 
ရုတ်ချည်း ဖန်သားပြင်က ခဲ​ရောင်သန်းသွားပြီး ထို့ထို့မှာ သက်ပြင်းချလိုက်မိသည်။ ဒီတစ်​ခေါက် သူနှင့်လု​ပေါ်ယွမ်ကို ဖလှယ်ခြင်းက အမြတ်ချည်းပဲဟု သူ တစ်ကိုယ်တည်း ​တွေးလိုက်မိ၏။ လု​ပေါ်ယွမ်ကို သတ်ခြင်းမှ သူတို့​တွေ ​ရွှေ​တွေရဦးမည်​လေ။ သူ့Jungleလည်း နည်းနည်း​တော့ လုံခြုံသွား​လောက်တယ်….
 
ထို့ထို့ စဥ်းစား​နေရင်း ရုတ်တရက် Flashသံတစ်ခု ကြားလိုက်ရသည်။ အချိန်ကိုက်ရောက်လာသည့် ကျန်းရုန်က လုပေါ်ယွမ်အတွက် အကာအကွယ် ပေးလိုက်ပြီး Saviorအား Silenceလိုက်သည်။ Nidaleeက ကျားသစ်အဖြစ် အသွင်ပြောင်းလိုက်ပြန်ကာ Savior၏ မျက်နှာတည့်တည့်ဆီ ခုန်အုပ်လိုက်ပြီး လက်သည်းဖြင့် တစ်ချက်တိုက်ရိုက်ရုံနှင့်ပင် Double Kill ရသွားသည်။

(T/N : Silence—CCအမျိုးအစားထဲမှ တစ်ခုဖြစ်ပြီး ဒီUnitကိုသုံးလိုက်ရင် သုံးထားတဲ့ကာလအတွင်း ရန်သူက စွမ်းရည်တွေကို Castလို့မရပါဘူး)

သူတို့တွေက ဆက်လက် စစ်ချီတက်နေဆဲ။ ရန်သူ့ Jungler နှင့် Mid Laner ကို သတ်လိုက်ပြီးနောက် အပေါ်လမ်းဆီ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

သူတို့တွေ လာနေကြသည်ကိုမြင်တော့ ယွမ်ချန်က တုံ့ဆိုင်းမနေဘဲ သူ့Ultကိုသုံးပြီး ရုတ်တရက် တစ်ဟုန်ထိုးတိုက်ခိုက်လိုက်ရာ 98kအား အောင်အောင်မြင်မြင် လေထဲသို့ ကန်ထုတ်လိုက်နိုင်သည်!

လုပေါ်ယွမ်က 98kထံ ခုန်အုပ်လာချိန် သူ့မှာ သွေးအများကြီး မကျန်တော့ပေ။ ကျန်းရုန်က ချက်ချင်းဆိုသလို သူ့Ultကို လုပေါ်ယွမ်အတွက် ထုတ်သုံးလိုက်ပြီးနောက် 98kကို Silenceလျက် နှေးသွားစေသည်။ သုံးယောက်သား ပွင့်ပွင့်လင်းလင်းပင် 98kကို Killလိုက်ပြီး အပေါ်လမ်းရှိ အပြင်ဘက်တာဝါကို ချိုးပစ်လိုက်သည်။

ရှင်းလင်းတင်ဆက်သူ A : “ပထမတာဝါ ပြိုသွားပါပြီ! ဒီပွဲမှာ TTCရဲ့စည်းချက်င ကောင်းလွန်းနေတာ မဟုတ်ဘူးလား?!”

ရှင်းလင်းတင်ဆက်သူ B : “အမှန်ပဲ။ Carry Junglerကစားပြီဆို လုပေါ်ယွမ်ရဲ့စည်းချက်က အရမ်းကြမ်းမယ်ဆိုတာ ပြောစရာတောင်မလိုပေမယ့် Softက ဒီအတိုင်း အကာအကွယ်ပဲပေးနေမယ်လို့ ကျွန်တော် တကယ် ထင်မထားတာ။ အားလုံးသိတဲ့အတိုင်း Softရဲ့Shieldက ရန်သူ့အပေါ်မှာသုံးမယ်ဆိုရင် Damage ဖြစ်သွားမှာပါ။ ဒါပေမယ့် နတ်ဘုရားလုကိုပဲ အဆက်မပြတ် ထပ်ထပ်ဖြည့်ပေးဖို့ သူရွေးချယ်လိုက်တာဗျ။ သေချာပေါက် ဒါက အရမ်းကောင်းတဲ့ ရွေးချယ်မှုပါ ၊ အခု နတ်ဘုရားလုရဲ့DPSက အရမ်းကြမ်းနေပြီမလို့လေ။ တစ်စက္ကန့် ဆက်ရှင်သန်လေ ပြိုင်ဘက်အတွက် ဖိအားပိုတိုးလေဆိုတဲ့ အဓိပ္ပါယ်ပါပဲ!”

ရှင်းလင်းတင်ဆက်သူ C : “ဒီနေ့ Roadနဲ့Softရဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကလည်း အရမ်းကောင်းပါတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့တင် မကြာခဏ အတူကစားတတ်ကြမှန်း သိသာပါတယ်ခင်မျ”

ဒီတစ်ပွဲ၌ PUD၏ Carry Jungler ဗျူဟာက လုံးဝ ရှုံးနိမ့်သွားခဲ့သည်။ Gravesက အခြားလမ်းတွေကို မကူညီနိုင်ရုံတင်မကဘဲ သူ့ကိုယ်ပိုင်အစာစားပုံကပင် ပြဿနာကြီး ဖြစ်လာတော့သည်။ Nidalee ရုတ်တရက် ထွက်လာပြီး သူ့ကိုတိုက်ခိုက်မည်ကို ကြောက်နေသဖြင့် ဘေးပတ်ဝန်းကျင်တွင် Wardတစ်ခုမရှိသည့် အခြေအနေမျိုးအောက်၌ Gravesမှာ သူ့ကိုယ်ပိုင်တောကောင်တွေကိုပင် သွားမစားရဲတော့ချေ….

PUD၏ အားအကိုးရဆုံးသော အပေါ်လမ်းသွား 98kက Ornnကို ကစားနေခြင်း ဖြစ်သည်။ Ornnက Carryချန်ပီယံမဟုတ်သလို လုပေါ်ယွမ် နှင့် ကျန်းရုန်က ခဏခဏ သူ့ဆီ အလည်လာနေသဖြင့် သူ့အစာစားထားနှုန်းက ယွမ်ချန်ထက် ပိုမကောင်းပါချေ။ Pine နှင့် ရှောင်ပိုင်က Thresh နှင့် Kog’Maw အတွဲအစပ်ဖြင့် ကစားနေပြီး ထိုတွဲစပ်မှုက အလွန်အမင်းကို ခြိမ်းခြောက်နိုင်နေပြီးဖြစ်သလို လုပေါ်ယွမ်ကလည်း Early gameတွင် သူတို့ကို ကူညီပေယထားတော့ သူတို့နှစ်ယောက်က အလွယ်တကူပင် ပြိုင်ဘက်အောက်လမ်းသွားစုံတွဲကို ဖိနှိပ်ထားနိုင်သည်။ တစ်ဖက် အလယ်လမ်းမှာလည်း Saviorက ကျန်းရုန်ကို အသာစီးမရသဖြင့် Luluကို Killမရနိုင် ဖြစ်နေသည်။

ပထမဆုံးအကြိမ် စုပေါင်းတိုက်ပွဲက ၂၃မိနစ်ကြာပြီးချိန်မှာတော့ အစပြုလာသည်။ လုပေါ်ယွမ်၏အနီးပစ်လှံတံက ရန်သူနှစ်ယောက်၏ အသက်တစ်ဝက်ကို နှုတ်ယူလိုက်ပြီး ယွမ်ချန်ကလည်း Ultကိုသုံးကာ လူအုပ်ဆီ အပြေးဝင်လာသည်။ သူ့ပစ်ချက်က ဘယ်သူ့ကိုမှ မထိသွားသော်ငြား ရန်သူ့အသင်းဆီမှ Flashနှစ်ခုကို အောင်အောင်မြင်မြင်ပဲ ထုတ်သုံးနိုင်လိုက်စေသည်။

“တိုက်ထား ညီကိုတို့!” ယွမ်ချန်က စိတ်လှုပ်ရှားစွာဖြင့် အော်နေ၏။ “Mid နဲ့ Supportမှာ Flashကုန်ပြီ! ငါလှည့်စားလိုက်တာ!!”

လုပေါ်ယွမ် : “အကွက်လှတယ်”

လုပေါ်ယွမ်က အခွင့်အရေးကို ဖမ်းဆုပ်ကာ ကျားသစ်အသွင်သို့ ပြောင်းလိုက်ပြီး ရန်သူ့ADCထံ Flashကို တည့်တည့်မတ်မတ် ပစ်လွှတ်လျက် အလွန်အမင်း ကြမ်းလှသည့် Melee comboဖြင့် တစ်ဆက်တည်း အသက်နှုတ်လိုက်ခြင်း!

ရန်သူ့ADCက အသတ်ခံလိုက်ရပေမယ့် လုပေါ်ယွမ်သည်လည်း ရန်သူလေးယောက် ဝိုင်းတိုက်သည်ကို ခံလိုက်ရသည်။ PUDက အလျင်အမြန် သတိပြန်ဝင်လာရာ မရေမတွက်နိုင်သည့် Ultတွေက လုပေါ်ယွမ်ဆီ ဦးတည်လာလေသည်။ ရွှတ်ခနဲ ကျန်းရုန်က သူ့Ultကို လုပေါ်ယွမ်ဆီသုံးကာ သူ့ကို ကာကွယ်ပေးလာသည်။ ပြီးနောက် ကျန်နေသည့် အကာအကွယ် နှင့် အရှိန်မြှင့်စကေးအား သူ့နောက်တွင်ရှိနေသည့် Pineထံ ပေးလိုက်သည်!

ကျန်းရုန်၏စကေးက လှုပ်ရှားမှုနှုန်းကို အရှိန်မြင့်စေရုံသာမက တိုက်ခိုက်မှုနှုန်းကိုလည်း မြင့်သွားစေသည်။

ရှောင်ပိုင်က Saviorဆီ Flash နှင့် ချိတ်ကို ပစ်လိုက်ပြီး သူ့ဆီ တစ်ဟုန်ထိုးသွားလိုက်ရင်း သူ့ကို နှေးသွားစေလိုက်သည်။ ပြီးနောက် ချက်ချင်း Pineဆီ Lanternတစ်ခုကို ပစ်ပေးလိုက်၏။

“Pပေါင် လုပ်ထား!” ရှောင်ပိုင် : “သေအောင်ကိုက်ပစ်!!”

ရှောင်ပိုင်၏Lanternမှတဆင့် Pineက တိုက်ပွဲထဲကို တစ်ဟုန်ထိုး ဝင်လာသည်။ ကျန်းရုန်၏ တိုက်ခိုက်နှုန်းမြှင့်စကေးနှင့် သူ့ကိုယ်ပိုင်စကေးတွေကို ပေါင်းထည့်လိုက်ရာ Kog’mawက သူ့ပါးစပ်ကို အကျယ်ကြီး ဟလိုက်ရင်း အက်စစ်ဘောလုံးတွေကို နေရာတိုင်းတွင် အန်ပစ်လိုက်သည်။

“Triple Kill !”

“မိုက်တယ်! ဖြောင်း ဖြောင်း ဖြောင်း!”

ရှောင်ပိုင်က လက်ခုပ်သံကို အသံတုလုပ်ကာ  ပြောလာ၏။

“၂၃မိနစ်အကြာမှာ ငါတို့ Mid Laner ဆီကနေ အကာအကွယ် တစ်ကြိမ်ရသွားတဲ့ ငါတို့ADCကို ဂုဏ်ပြုပါတယ်!”

ကျန်းရုန်က မေးလာသည်။

“ပြိုင်ပွဲထဲမှာ အသင်းသားကို သစ္စာဖောက်ရင် စည်းမျဥ်းနဲ့ငြိမှာလား?”

“သိသာအောင်မလုပ်ဘူးဆိုရင်တော့” လုပေါ်ယွမ်က ပြန်ဖြေပေးသည်။ “မငြိပါဘူး”

ရှောင်ပိုင် : “စောင့်ကြည့်နေတဲ့ အစ်ကိုကြီးတို့ ၊ စိတ်မရှိရင် ဒီစကားကို ကျွန်တော့်အတွက် မှတ်တမ်းတင်ပေးထားလို့ ရမလား? ဖိုင်နယ်ပြီးတာနဲ့ အသင်းသားကို အနိုင်ကျင့်တယ်ဆိုပြီး ကျွန်တော်တို့ Mid Lanerရဲ့ ဂုဏ်သိက္ခါကို ကျွန်တော် ဖျက်ဆီးပစ်တော့မှာ!”

ကျန်းရုန် : “အရေးကိုမစိုက်တာ ၊ အစကတည်းက ငါ့မှာ ဘာဂုဏ်သိက္ခါမှ မရှိဘူး။ ပြောချင်တာသာပြော”

ရှောင်ပိုင် : “ငါ့ကိုအနိုင်ကျင့်နေတဲ့မင်းကို အလိုလိုက်နေတဲ့ ငါ့ကောကလည်း ကြံရာပါပဲ…..”

ကျန်းရုန် : “ငါနဲ့ရန်ဖြစ်ချင်ရင် တည့်သာပြောလိုက်။ ဖိုင်နယ်ပြီးတာနဲ့ သန့်စင်ခန်းထဲ တန်းသွားကြမယ်”

ရှောင်ပိုင် : “တောင်းပန်ပါတယ်ဗျ”

စောင့်ကြည့်နေတဲ့ အစ်ကိုကြီး : “………………..”

ကမ္ဘာ့ဖလားရောက်ရင် ဒီအသင်း အဆင်ရောပြေပါ့မလား?

PUDက အရေးမသာဖြစ်နေပြီးသား ဆိုပေမယ့် ထိုစုပေါင်းတိုက်ပွဲက သူတို့၏အရှုံးကို ပိုမိုခိုင်မြဲသွားစေသည်။ အစကတည်းက Gravesသည် ပစ္စည်းတော်တော်များများကို အသုံးပြုရသည့် Early game ချန်ပီယံဖြစ်သည်။ သူ အရေးနိမ့်သွားကတည်းက သူက အသုံးမဝင်တော့ပေ။

၂၅မိနစ်အကြာ၌ Baronရှိရာတွင် ဒုတိယ စုပေါင်းတိုက်ပွဲက စတင်ပြန်သည်။ အခြေအနေ တိတိကျကျက Baronနားတွင် ရှောင်ပိုင်က Wardထောင်ချင်ရုံပေမယ့် ပြိုင်ဘက်အသင်းက နားလည်မှုလွဲကာ TTCက Baronယူတော့မည်ဟု ထင်သွားသည်။ PUDအသင်းသား ငါးယောက်လုံးက ရှောင်ပိုင့်ဆီ ဦးတည်လာတော့သည်။ နှစ်စက္ကန့်လောက်ကြာသည်အထိ ရှောင်ပိုင်က ထွက်ပြေးနေပေမယ့် ရုတ်တရက် ပြန်လှည့်လာကာ ရန်သူ့ADCဆီ သူ့ချိတ်ကို ပစ်သွင်းလိုက်သည်။ ပြီးနောက် ရန်သူတွေကြားထဲ တစ်ဟုန်ထိုး ဝင်ရောက်လာပြီး သူ့Ultကိုသုံးလိုက်ကာ ရန်သူသုံးယောက်အား ထွက်သွားရာမှ နှေးကွေးရပ်တန့်သွားစေသည်။

ငါထွက်ပြေးတယ်ဆိုပေမယ့် ဟန်ဆောင်ရုံဟ

ရှောင်ပိုင်၏ အသင်းသားတွေကလည်း အနောက်ကနေ ရောက်လာလျက် PUDတစ်သင်းလုံးကို သုတ်သင်လိုက်ကာ ချက်ချင်း Baronကိုယူပြီး PUDအခြေစိုက်စခန်းဆီ ချီတက်လိုက်သည်။

၂၈မိနစ်အကြာ၌ TTCက လူစုပြီး Nexusဆီ သွားကြသည်။ 98kက အခြေအနေကို ပြောင်းပြန်လှန်ချင်ကာ သူ့Ultဖြင့် Pineအား လေထဲသို့ ကန်ထုတ်လိုက်နိုင်သော်ငြား သူ့အသင်းသားတွေမှာက Damageလူံလုံလောက်လောက် မရှိသဖြင့်် သူ့ကို မမှီမလိုက်နိုင် ဖြစ်နေသည်။ Saviorသည်လည်း သူ့Ultကို ထုတ်သုံးမည်အပြု သူရှေ့တိုးလိုက်သည်နှင့် တပြိုင်နက် မမျှော်လင့်ထားစွာဖြင့် သူ သိုးအဖြစ် ပြောင်းသွားပြီး ကျန်းရုန်ထံမှ Silenceခံလိုက်ရသည်။ ခဏအကြာ ယွမ်ချန်က သူ့ကို လက်စသတ်လိုက်သည်။

၂၉မိနစ်၌ TTCက PUD၏Damageပေးသူ သုံးယောက်အား သတ်လိုက်ပြီး သူတို့၏Nexusကိုဖြိုကာ ပထမပွဲကို အနိုင်ရသွားသည်။

အသင်းနှစ်သင်းလုံးက စင်ပေါ်ကဆင်းသွားကာ နောက်တစ်ပွဲက ပြင်ဆင်နေကြသည်။ ကင်မရာက TTCအသင်းသားတွေကို ရိုက်ပြလာချိန် အသင်းသားတွေက အလွန် သဘာဝကျကျပင် စိတ်ပူစရာမရှိ တည်ငြိမ်နေကြသည့် မျက်နှာအမူအရာများနှင့်။

ရှင်းလင်းတင်ဆက်သူ A : “ပထမဆုံးပွဲကို အနိုင်ရသွားတဲ့ TTCကို ဂုဏ်ပြုပါတယ်---ဒီ​နေ့ည ဘယ်လိုဖြစ်လို့ TTCကအသင်းသား​တွေ ​အေး​ဆေးဖြစ်​နေကြပါလိမ့်?”
 
ရှင်းလင်းတင်ဆက်သူ B : “ဟုတ်တယ်မလား? Fighting Tigerကို ပြိုင်​တုန်းက​လောက် ဖိအားမများကြဘူး”
 
ရှင်းလင်းတင်ဆက်သူ C : “အဲဒီအချိန်တုန်းက Roadမရှိ​တော့ တစ်မျိုး​ပေါ့။ ဒီည PUDပဲကြည့်….စကားမစပ် ဝါရင့်ကစားသမား​တွေက အင်အား​လျော့လာပြီ လက်အမြန်နှုန်း​တွေက လူသစ်​တွေကို မမှီ​တော့ဘူးဆိုပြီး လူ​တွေ​ပြောကြတာကို ကျွန်​တော်ကြားဖူးတယ်။ ဒါ​ပေမယ့် တကယ်က​တော့ အသင်းတစ်သင်းမှာ အ​တွေ့အကြုံအများရှိ​တဲ့ ဝါရင့်ကစားသမားရှိမရှိကလည်း အရမ်းအ​ရေးကြီးတယ်ဗျ…..ပြီး​တော့ တကယ် တကယ် တကယ် မင်းရဲ့Carry Junglerနဲ့ Roadကို သွားပြီး ယှဥ်လို့မရဘူး။ ယှဥ်​ပြောရရင် XIUလို တည်ငြိမ်တဲ့ late game Junglerမျိုးကမှ Roadကိုကိုင်တွယ်တဲ့အခါ လွယ်ကူ​သေးတာ”
 
သူတို့​တွေ စင်​အောက်ကို ပြန်​ရောက်လာ​တော့ တင်း​ကောက ‘မင်းတို့​ကောင်း​ကောင်းကစားခဲ့တယ်’ ဟု အရင်ဆုံး ချီးကျူးပြီး ချက်ချင်းဆိုသလို ​နောက်တစ်ပွဲ နည်းဗျူဟာအတွက် ​ဆွေး​နွေး​တော့သည်။
 
ငါး​ယောက်သား ခဏတစ်ဖြုတ် ဆိုဖာ​ပေါ်တွင် ထိုင်နားရန်ပင် အချိန်မရလိုက်။ တင်း​ကော ​ပြော​နေသည်များကို ​သေချာကြားရရန် သူတို့​တွေ ပုခုံးချင်းထပ်လုနီးပါး ပူးကပ်ရပ်​နေရသည်။
 
လု​ပေါ်ယွမ် သူ့​ဘေးရှိလူက သူ​ပေါ်ကိုမှီချလာ​ကြောင်း ခံစားလိုက်ရသဖြင့် ငုံ့ကြည့်မိသွားသည်။
 
ကျန်းရုန်က မျက်စိ​မှေးစင်းလျက် သူ့ကိုယ်သူ နိုးနိုးကြားကြား​နေဖို့ သတိ​ပေး​နေရင်း တင်း​​ကော၏စကားတို့ကို နား​ထောင်​နေသည်။ ​နောက်ဆုံးမှာ​တော့ သူက သည်းမခံနိုင်​တော့ဘဲ ဒုတိယအကြိမ် သမ်းလာပြန်သည်။
 
သမ်းခြင်းက ကူးတတ်​ကြောင်း အချို့လူ​တွေ ​ပြောတတ်ကြသလို ချက်ချင်း ​ရှောင်ပိုင်လည်း သမ်းလာပြီး ယွမ်ချန်ကလည်း ပါးစပ်ကို အကျယ်ကြီး ဟကာ သမ်းရန်ပြင်​နေ၏။
 
တင်း​ကော : “……ဘာလဲ? မင်းတို့အတွက် စင်​ပေါ်ကို ​ခေါင်းအုံး​တွေပါ သွားတင်​​ပေးရမလား?”
 
အမှန်​တော့ ကျန်းရုန်က တကယ် အိပ်ချင်​နေခြင်း မဟုတ်​ပေ။ ၁၀မိနစ်​​ကျော် သူ့မှာ Minion​တွေပဲ ရှင်း​နေရပြီး ​ဂိမ်းပြီးခါနီးမှ Killတစ်ခုသာ ရလိုက်​သော​ကြောင့်သာ။ သို့ဖြစ်ရာ ဒီပွဲက ဗိုလ်လုပွဲဆို​လျှင်ပင် သူက အနည်းငယ် မတက်မကြွ ခံစား​နေရခြင်း ဖြစ်သည်။
 
ကျန်းရုန် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး
 
“Red Bullဖြစ်ဖြစ် ​​သောက်စရာရှိလား?”
 
တင်း​ကော : “မရှိဘူး။ တစ်​​ယောက်​ယောက်ကို ဝယ်ခိုင်းလိုက်မယ်….ဒါ​ပေမယ့် ​နောက်တစ်ပွဲမစခင် မှီမယ်မထင်ဘူး။ ​တောင့်ထားဦး။ ဒီတစ်​ခေါက် Counterpickက သူတို့ဆို​တော့ လိုတဲ့​​နေရာကို မင်းဝင်ကစားစရာမလို​တော့ဘူး။ စိတ်မပူနဲ့”
 
ကျန်းရုန် ​ခေါင်းငြိမ့်ပြလိုက်ပြီး ကိုယ်ကိုမတ်ကာ ​ပြောလိုက်၏။
 
“မျက်နှာသွားသစ်လိုက်ဦးမယ်”
 
သန့်စင်ခန်းထဲ၌ ကျန်းရုန်က ​ရေအေး​တွေကို သူ့မျက်နှာ​ပေါ် အသားကုန် ပက်ပစ်လိုက်သည်။ သုံး​လေးခါ ပက်ပြီး​သော်လည်း မလုံ​လောက်​သေးသလို ခံစားလိုက်ရပြီး လက်​မြှောက်ကာ မျက်နှာကို သုံး​လေးငါးချက်​လောက် ရိုက်ရန် ကြံလိုက်၏။ သို့​သော် သူ့မျက်နှာဆီ လက်မ​ရောက်​သေးခင်မှာပဲ သူ့လက်​ကောက်ဝတ်က လှမ်းဆွဲခံလိုက်ရသည်။
 
“ကိုယ့်ကိုကိုယ် ထိခိုက်​အောင် လုပ်​နေတာလား?” လု​ပေါ်ယွမ်က မျက်ခုံးပင့်လျက် ​မေးလာသည်။ သန့်စင်ခန်းထဲ ဘယ်အချိန်က ဝင်လာမှန်း မသိရသူက ကျန်းရုန်၏​ဘေးတွင် အမူအရာမဲ့စွာ ရပ်​နေသည်။
 
“…..မဟုတ်ပါဘူး” ကျန်းရုန်က ထိတ်လန့်သွားပြီး မျက်​​တောင်ခတ်မိချိန် သူ့မျက်​တောင်​တွေ​ပေါ်မှ ​ရေစက်​တွေက ​နေရာတိုင်းဆီ စီးကျလာ​တော့သည်။ “ကျွန်​တော် အ​ခြေအ​​နေ သိပ်မ​ကောင်းလို့”
 
လု​ပေါ်ယွမ်က ​မေးလာသည်။ “သကြားဓါတ်နည်းတာပဲလား?”
 
“မဟုတ်ဘူး လုံးဝမဟုတ်ဘူး” ကျန်းရုန် ချက်ချင်း ​ပြောလိုက်၏။ “ပြိုင်တဲ့​နေရာမှာ ပြဿနာမရှိဘူး။ ဒီတိုင်း….အရမ်းကြီးတက်ကြွမ​နေလို့။ အင်အားကုန်​နေသလိုပဲ”
 
ကျန်းရုန်က သူ့မျက်နှာ​ပေါ်မှ​ရေ​တွေကို တစ်ခြားလက်တစ်ဖက်ဖြင့် သုတ်လိုက်ပြီး ​မေးလာသည်။ “တင်း​ကောက ​​ခေါ်ခိုင်းလို့လား? စင်​ပေါ်သွားရ​တော့မှာလား?”
 
“မသွားရ​သေးဘူး” လု​ပေါ်ယွမ်က ​ပြောလာသည်။ “ကိုယ်မင်းကိုလာရှာတာ”
 
ကျန်းရုန်က အံ့အားသင့်သွားလျက်
 
“ဘာလို့…...”
 
“မင်းကို ကူအားဖြည့်​ပေးမလို့”
 
ဘယ်လိုလုပ်မှာလဲဟု ကျန်းရုန် မ​မေးလိုက်နိုင်ခင် လု​ပေါ်ယွမ်က သူ့ကို တင်ပါးက​နေ ​ကောက်မလိုက်ပြီး လက်​ဆေးစင်ပေါ် တင်လိုက်သည်။
 
လု​ပေါ်ယွမ်က သူ့လည်ပင်းကို ထိန်းကိုင်လိုက်ကာ ​ရှေ့တိုးလာဖို့ ဖိအား​ပေး​နေချိန် ကျန်းရုန်က ​မေးရန် မ​မေ့ခဲ့။
 
“တံခါးက​ရော….”
 
“ပိတ်ပြီးသား”
 
လက်​တွေ့မှာ​တော့ စက္ကန့်၂၀ပင် မကြာလိုက်သည့် အနမ်းတို​လေးတစ်ခုသာ ဖြစ်​ပေမယ့် ကျန်းရုန်က​တော့ သူ့နှုတ်ခမ်း​တွေ စုတ်ပြဲသွား​တော့မ​ယောင် ခံစားလိုက်ရဆဲ။

တစ်စုံတစ်​ယောက်က တံခါး​ခေါက်လာသည်။ လု​ပေါ်ယွမ်က သူ့ကို လွှတ်​​ပေးလာပြီး တိုးတိုး​လေး ​မေးလာသည်။
 
“နည်းနည်း ပို​ကောင်းလာပြီလား?”
 
ကျန်းရုန် အလိုလို တံ​တွေးမြိုချလိုက်မိ၏။ လု​ပေါ်ယွမ်၏လျှာမှ ​ကော်ဖီအရသာက သူ့လည်​ချောင်းဆီသို့ ပျံ့နှံ့လာလျက်။ ချက်ချင်းဆိုသလို သူ့နားရွက်ဖျားတို့မှာ ရဲတွတ်လာ​တော့သည်။
 
“အင်း” ကျန်းရုန် ​ဘေစင်​​ပေါ်မှ ခုန်ဆင်းလိုက်ပြီး တစ်သျှူးကိုယူကာ သူ့မျက်နှာကို သုတ်လိုက်သည်။ “အခုဆို ကျွန်​တော် တစ်​ယောက်တည်းနဲ့ ကျွမ့်ရိပိုင်ဆယ်​ယောက်ကို အလဲထိုးနိုင်သွားပြီ”
 
လု​ပေါ်ယွမ်က ရယ်​မောလိုက်ပြီး သူ့ဆံပင်​တွေကို ဖွလာသည်။
 
တံခါးဖွင့်လိုက်​တော့ အပြင်ဘက်တွင် နားမလည်နိုင်စွာ စိတ်ရှုပ်စွာဖြင့် မတ်တပ်​နေသည်က ​ရှောင်ပိုင်။
 
“ဘယ်လိုကြီးလဲ? အများပိုင်သန့်စင်ခန်းကို ဘာလို့ ​လော့ခ်ချထားတာလဲ? ဘယ်သူနဲ့ ဖုန်း​ပြော​နေတာလဲ ငါ့နာမည်ကြားလိုက်မိလို့။ ပြီး​တော့ မင်းပါးစပ်က​ရော ဘာ​တွေဖြစ် ရဲတွတ်​နေတာပဲ….အိုင်း ခဏ​လေး အိမ်သာအရင်သွားလိုက်ဦးမယ်။ ​အောင့်ထားရတာ ​သောက်ရမ်းကြာ​နေပြီ။ အပြင်မှာ ငါ့ခဏ​စောင့်ဦး​နော်။ အတူပြန်ကြမယ်”
 
သူ့စကား​တွေအားလုံးက သူ့​ကောကို မြင်လိုက်ရသည့်ခဏ ရပ်တန့်သွား​တော့သည်။
 
အစက သူ့​ကော ​ဆေးလိပ်ခိုး​သောက်ရန် ထွက်သွားသည်ဟု ​ရှောင်ပိုင် ထင်ထားခြင်းပင်။ ​မ​မျှော်လင့်ထားစွာနှင့် သူက ကျန်းရုန်နှင့်အတူ ဒီမှာရှိ​နေပြီး တံခါးကိုလည်း ပိတ်ထားကြ​သေးသည်။ အများပိုင်တံခါးကို ဘာလို့ပိတ်ကြတာလဲ?? ဒါကြီးက အရမ်း အရမ်း စည်းမရှိဘူး​လေ---ဒါ​ပေမယ့် အဓိကပြဿနာက ဒါမဟုတ်​သေးဘူး။
 
​ရှောင်ပိုင်၏ ​ငေး​ကြောင်​ကြောင် မျက်နှာကို ကြည့်ရင်း လု​ပေါ်ယွမ်က ​မေးလာသည်။
 
“ငါတို့​စောင့်​နေရမှာလား?”
 
“……………မလို​တော့ဘူး” ​ရှောင်ပိုင်က ​ပြောလာ၏။ “ကျွန်​တော့်ဘာသာ ပြန်သွားလိုက်မယ်။ ​ကောတို့နှစ်​ယောက် ​​သွားနှင့်ကြပါ”

__

Continue Reading

You'll Also Like

796K 66.1K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
255K 10K 29
ကြယ်နဲ့လက ဘယ်တော့မှမခွဲသလို မင်းနဲ့တို့လည်း...
247K 26.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
350K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."