(Unicode)
တင်းကောက မျက်ရိုးကိုနှိပ်လျက် လမ်းလျှောက်နေသည်။
ဒီနေ့ ဝန်ထမ်းတွေပတ်လည်ဝိုင်းနေသည့် ဓါတ်လှေကားထဲတွင် လုပေါ်ယွမ်ပြောလိုက်သည်က သိပ်မကြာခင် Weiboသာမက Tiebaမှာပါ ပျံ့သွားလောက်သည်။ လုပေါ်ယွမ်က ‘ချစ်သူ’ဟုသာ သုံးပြီး ‘ကောင်လေး’ဟု မပြော၍သာ တော်တော့သည်။ မဟုတ်ပါက တင်းကောမှာ အခုလို ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေစရာ အကြောင်းမရှိတော့။
သူခေါင်းမော့လိုက်သည့်အခိုက် ဝရံတာကနေ ပြန်ထွက်လာကြသည့် နှစ်ယောက်ကို တွေ့လိုက်ရပြီး အဖြောင့်လွန် အလွန်ဖြောင့်သည့် တင်းကောမှာ ‘ဝရံတာ_လေ့ကျင့်ခန်းများ_avi’ကို ချက်ချင်း မြင်ယောင်မိသွားသည်။ သူ့စိတ်ကူးထဲမှကမ္ဘာကြီးမှာ ကွဲအက်သွားသော်ငြား တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှုကို မပြိုလဲသွားစေရ။
“….ဘယ်လိုဖြစ်လို့ အပေါ်တက်ပြီး မလေ့ကျင့်ကြသေးတာလဲ? ရှောင်ပိုင်နဲ့အခြားသူတွေ ကော်ဖီမှာချင်ကြလို့ မင်းတို့နှစ်ယောက်အတွက် Wechatကမေးပေမယ့် ပြန်လည်းမဖြေကြဘူး။ ဘာသောက်ချင်ကြလဲ? အရင်တစ်ခေါက်မှာတဲ့ဆိုင်နဲ့ အတူတူပဲ”
ကျန်းရုန် ကော်ဖီနာမည်တစ်ခုကို ဖြစ်သလို ထုတ်ပြောလိုက်၏။ လုပေါ်ယွမ်က သူ့ထက်တောင် ဖြစ်သလိုဆန်သေးသည်။
“သူ့အတိုင်းပဲ”
ကော်ဖီ၏ဖေးမမှုဖြင့် ထိုနေ့ညတွင် လူတိုင်းက မနက်၃နာရီအထိ လေ့ကျင့်ဖြစ်ကြသည်။
အခုရက်ပိုင်းထဲ တင်းကောက သူ့မိန်းမဆီကနေ နားရက်ရှည်ကြီးတောင်းထားပြီး သူတို့နှင့်အတူ Baseတွင် နေဖြစ်နေသည်။ လုပေါ်ယွမ် နောက်ထပ်တစ်ပွဲ ကစားမည့်အချိန် တင်းကောက သူ့ကို တားလာသည်။
တင်းကောက တိုးတိုး တိုးတိုးဖြင့်။
“တော်ပြီ နားလိုက်တော့။ ကစားနေတာ ဘယ်လောက်တောင်ကြာပြီလဲ?”
လုပေါ်ယွမ်က နာရီကြည့်လိုက်ပြီး
“၄နာရီလောက်ပါပဲ”
“သောက်ကျိုးနည်း ၆နာရီကျော်ပြီဟ”
တင်းကောကပြောလာသည်။
“ဆရာဝန်ပြောထားတာ တစ်နေ့ကို လေ့ကျင့်ချိန် ၃နာရီထက်မပိုစေနဲ့တဲ့။ အခုတော့ နှစ်ဆတောင်လုပ်ပစ်လိုက်ပြီ။ တစ်ခုခုဖြစ်လာရင် ဘယ်သူ့အပြစ်တင်ရမလဲ?”
လုပေါ်ယွမ်က နားကြပ်နှစ်ဖက်လုံးတပ်ပြီး တစ်ယောက်တည်း Soloကစားနေသည့် ကျန်းရုန်ကို လှမ်းကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျွန်တော် အနားယူလိုက်တော့ဖို့လည်း ဆရာဝန်ကပြောတာပဲ”
ရုတ်ချည်း တင်းကောမှာ ‘အနားယူ’ ဆိုသည့် စကားလုံးကြောင့် ရန်စခံလိုက်ရပြီး လုပေါ်ယွမ် ဘာပဲပြောပြော လုံးဝ ထပ်မလေ့ကျင့်ခိုင်းတော့ပေ။
လုပေါ်ယွမ်လည်း အတင်း ခံငြင်းမနေတော့။ သူ့ကွန်ပျူတာကို ပိတ်လိုက်ပြီး သူ့အခန်းဆီဦးတည်လိုက်ကာ ကျန်းရုန်၏ဘေးကနေ ဖြတ်သွားရင်း သူ့ခေါင်းကိုလှမ်းပုတ်ကာ အရမ်းနောက်ကျသည်အထိ မကစားဖို့ ပြောသွားသေးသည်။
ထုံးစံအတိုင်း ကျန်းရုန်က အချိန်ဖြည့်ရန် Livestreamလွှင့်နေခြင်း။ သို့ရာတွင် ဒီည၌ ပုံမှန်ထက် စကားနည်းနေပေသည်။
ဟိုတလောက ယွမ်ချန်နှင့်ရှောင်ပိုင်၏စကားဝိုင်းကို သူ့ခေါင်းထဲကနေ ထုတ်မရဖြစ်နေ၏။ လုပေါ်ယွမ်က ဒီလောက်ကောင်းတဲ့မိသားစုဆီကနေ ဆင်းသက်လာမှတော့ သူ့မိဘတွေက ယောကျာ်းတစ်ယောက်နဲ့ သူတွဲနေတာကို သဘောတူပါ့မလား? သူတို့ဘက်က သဘောတူခဲ့ရင်တောင်မှ သူ့မိသားစုအခြေအနေက…..
သို့သော်လည်း ခုဏက လျပ်တပြတ်အနမ်းလေးကို သူသတိရလိုက်တော့ ပျော်သွားပြန်သည်။
ထိုအပျော်လေးက Barrageထဲတွင် ‘Roadက လစာလည်းမြင့် အထူးတလည်ဆက်ဆံခံရပြီး အချိန်တိုင်း လေ့ကျင့်ရေးခန်းထဲက ပထမဆုံးထွက်သွားတဲ့သူပဲ’ ဟု ပြဿနာရှာနေသည့် တစ်ယောက်ကို မမြင်လိုက်ရသေးခင်အထိ ကြာရှည်ခံလိုက်၏။ ကျန်းရုန် ဂိမ်းမျက်နှာပြင်ကို ချုံ့ပစ်လိုက်ပြီး ကွန်မန့်ပေါင်းများစွာထဲကမှ ထိုကွန်မန့်ကိုရွေးကာ သူ့Livestream Roomထဲမှ ကန်ထုတ်ပစ်လိုက်သည်။
လုပေါ်ယွမ် သူ့အခန်းဆီပြန်ခဲ့ပြီး အခန်းတံခါးကို လော့ခ်ချလိုက်သည်။ ပြီးနောက် ဆေးလိပ်တစ်ဘူးနှင့် သူ့စာအုပ်စင်အောက်ထပ် ကီးဘုတ်အဟောင်းအောက်ရှိ မီးခြစ်ကိုပါ ထုတ်ယူလိုက်ပြီး ပြတင်းပေါက်ဘေးတွင် ထိုင်ချလိုက်သည်။
လုပေါ်ယွမ်က အတိတ်ကို စားမြုံ့ပြန်နေတတ်သူ မဟုတ်တာကြောင့် အသေးစားကိစ္စတွေ ၊ အရေးမကြီးသည့်ပြဿနာတွေက သူ့မှတ်ဥာဏ်အောက်ဆုံးထပ်တွင် တိမ်မြုပ်သွားတတ်သည်။ ဥပမာပြောပြရလျှင် ကျန်းရုန်ပေါ့။ လုပေါ်ယွမ် မှတ်မိသမျှက အရင်တုန်းက သူကလေးတစ်ယောက်ကို လက်မှတ်တစ်စောင်ပေးခဲ့ဖူးပြီး ထိုလက်မှတ်က ပြန်အရောင်းခံရလုနီးပါး ဖြစ်ခဲ့သည်ကိုသာ မှတ်မိတော့သည်။ အသေးစိတ်တွေကို သူမမှတ်မိချေ။
သို့သော်လည်း ဒီနေ့ညမှာတော့ သူ့မှတ်ဥာဏ်ထဲမှ ထိုကလေး၏ပုံရိပ်က ရုတ်တရက် ပီပြင်လာခဲ့သည်။
ထိုကလေးက သူ့အရွယ်အခြားကလေးတွေထက် အရပ်ပိုပုပြီး သူ့ဆံပင်တွေကို သေချာ ညှပ်ထား၏။ သူက မြေကြီးပေါ်တွင်ထိုင်ကာ ဒူးပိုက်ထားသည်။ အင်တာနက်ဆိုင်ပိုင်ရှင်ဆီမှ အငြင်းခံထားရ၍ စိတ်ကုန်နေသည့် ခပ်ချဥ်ချဥ်မျက်နှာပေးကို ဖယ်ထားလိုက်လျှင် သူက အလွန်နာနာခံခံရှိပုံပေါ်သည့် ကလေးတစ်ယောက်သာ။
လုပေါ်ယွမ်နဲ့သူမတွေ့သေးခင် ဆိုင်ပိုင်ရှင် ဘယ်နှစ်ယောက်လောက်ဆီက သူအငြင်းခံထားရပြီလဲ?
မိဘတွေကဆုံးပါးသွားပြီး အဖိုးဖြစ်သူက ဆေးရုံမှာ။ အိမ်မှာ သူ့ကို ဘယ်သူကများ စောင့်ရှောက်ပေးမှာလဲ?
နောက်ပိုင်းနေ့ရက်တွေကို သူတစ်ယောက်တည်းနဲ့ ဘယ်လိုတွေများ ဖြတ်ကျော်လာခဲ့လဲ?
…
လုပေါ်ယွမ် အရည်အသွေးနိမ့် ဆေးလိပ်ပြာခွက်ထဲ ပြာတွေကို ခါချပစ်လိုက်သည်။ ဆေးလိပ်သောက်နေတာကို ရပ်တန်းကရပ်ရင်ရပ် မဟုတ်ပါက Baseထဲကခိုးထွက်ပြီး စီးကရက်သုံးလေးဘူးလောက် သွားဝယ်ရတော့မည်ဟု သူခံစားနေရ၏။
စီးကရက်ကို လက်ကြားညှပ်ရင်း အချိန်အတော်ကြာ ပစ်ထားမိသည့် သူ့Tiebaအကောင့်ဆီ ပြန်ဝင်ကာ ‘Softbar’ ထဲ ဝင်လိုက်ပြီး ပိုစ့်တစ်ခုကို တင်ဖြစ်သွားသည်။
လိုင်းပေါ်ရှိသည့် အဖွဲ့ဝင်တိုင်းက အခုချိန် ကျန်းရုန်၏Livestreamကို ကြည့်နေကြသည်မို့ မိနစ်ဝက်အတွင်း သူ့ပိုစ့်ကို ဘယ်သူမှ လာမဖြေကြသေးပေ။ လုပေါ်ယွမ်က Weiboပဲသွားပြီး ပိုစ့်ထပ်တင်ရမလားဟု တွေးတောနေချိန် မက်ဆေ့တစ်စောင်က ဒင်ခနဲ ရောက်လာလေသည်။
တင်းကောက ဓါတ်ပုံတစ်ပုံ လှမ်းပို့လိုက်ခြင်း။ ကင်မရာက သူ့ပြတင်းပေါက်အပြင်ဘက်ကို ရိုက်ထားပြီး အဖြူရောင်အငွေ့တွေက ညအမှောင်ထုထဲမှာ အလွန်အမင်း သိသာနေလျက်။
[တင်းကော : ....ဒါဘာသောက်ကျိုးနည်းကြီးလဲ?]
[တင်းကော : မင်းဆေးလိပ်သောက်နေတာလား???]
[R : ……]
[R : [ယွမ်၂၀၀၀၀လွှဲလိုက်ပါသည်။]]
[တင်းကော : ………….Wtf?]
[R : တစ်ခုလောက်မေးချင်တယ်]
[တင်းကော : ဘာလဲ?]
[R : ကျွန်တော်တို့မရီးပျော်အောင် ကောဘာလုပ်ပေးတတ်လဲ?]
နှစ်မိနစ်ကြာသွားလည်း စာပြန်မလာသည့်နောက် လုပေါ်ယွမ် ဆေးလိပ်ကိုဖိချေလိုက်ပြီး စာဆက်ရိုက်ပြန်သည်။
[R : 18နှစ်ပြည့်ခါစ ညီလေးတစ်ယောက် ကောမှာရှိတယ်မဟုတ်လား? အခုခေတ် 18နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတွေ ဘာတွေများကြိုက်တတ်ကြလဲ?]
[R : ကော ကျွန်တော်တို့မရီးနဲ့ လက်မထပ်ခင် ဘယ်နှစ်နှစ်လောက် တွဲခဲ့တာလဲ?]
[တင်းကော : ပထမဆုံးပြောရရင် ငါ့ညီက မင်းအသက်နဲ့အတူတူပဲ။ ဒုတိယတစ်ခု - ငါ့အတွေ့အကြုံတွေကို မင်းနဲ့မင်းကောင်လေးကြားမှာ သုံးလို့ရမယ်များ ထင်နေလား??]
[တင်းကော : နေစမ်းပါဦး? ဘာကိုလက်ထပ်တာလဲ? ကမ္ဘာ့ဖလားတောင် မနိုင်သေးတာကို လက်ထပ်တော့မယ်ပေါ့? ပြီးတော့ မင်းတို့လက်ထပ်မယ်ဆို နိုင်ငံခြားသွားမှရမှာ။ မေးပါရစေ မင်းရဲ့ရည်းစားလေးမှာ ပတ်စပို့တောင်ရှိပြီလား? ငါမင်းကိုသတိပေးမယ်နော် မင်းငါ့အတွက် ပြဿနာမရှာတာ ပိုကောင်းမယ်။ ငါ့လို အသက်၃၀ကျော်နေတဲ့ လူအိုကြီးက စပရိုက်သေးသေးလေးတွေကိုတောင် မကိုင်တွယ်နိုင်တော့ဘူး………..]
ထိုစာနှစ်စောင်က လုပေါ်ယွမ်အား ပြောမပြတတ်အောင် ခံစားချက်ကို ကောင်းသွားစေသည်။
သူ့ရင်ဘတ်ပေါ်က အလေးချိန် အတော်လေး ပေါ့သွားသည့်နောက် လုပေါ်ယွမ် ဆေးလိပ်ကိုလွှင့်ပစ်လိုက်ပြီး စာပြန်လိုက်၏။
[R : အခုတော့ လက်မထပ်သေးဘူး။ ကောင်းသောညပါ]
__
အကြိုဗိုလ်လုပွဲက တစ်နေ့ထက်တစ်နေ့ နီးကပ်လာချိန်တွင် စီစဥ်ထားသည့် လေ့ကျင့်ရေးပွဲအရေအတွက်တွေကလည်း လျော့ကျကုန်တော့သည်။
အသန်မာဆုံး အသင်းလေးသင်းက တစ်သင်းနှင့်တစ်သင်း ယှဥ်ပြိုင်ကြတော့မည့် ဒီလိုအချိန်မျိုးတွင် ဘယ်အသင်းကမှ သူတို့ဘက်မှ နည်းဗျူဟာတွေ ပေါ်သွားနိုင်လောက်သည့် လေ့ကျင့်ရေးပွဲတွေကို မစွန့်စားရဲချေ။ အခြားအသင်းတွေအတွက်တော့ နွေဦးရာသီက ပြီးသွားပြီမို့ နားနေကြချိန်ဖြစ်သည်။
သို့သော်လည်း တင်းကော ပြောလေ့ရှိသည့်အတိုင်း နောက်ဆုံးအချိန်ကပ်ရပ်မှ ဗုဒ္ဓခြေထောက်ကို သွားဖက်ခြင်းက အကျိုးမရှိပါချေ။ ဂိမ်းအတွက် သူတို့ခံစားချက်တွေကို ထိန်းထားနိုင်ဖို့ တတ်နိုင်သလောက် အချိန်ကြာကြာ Rankကစားနေသရွေ့ အဆင်ပြေနေပြီဖြစ်သည်။ သို့ဖြစ်ရာ ပြီးခဲ့သည့်နှစ်ရက်အတွင်း အသင်းသားငါးယောက်မှာ လေ့ကျင့်ရေးအခန်းထဲတွင်သာ နေဖြစ်ကြသည်။ ညစာစားဖို့ပင် အန်တီကြီးက လေ့ကျင့်ရေးအခန်းဆီကို လာပို့ပေးနေရသည်။
“စားစရာတွေလည်းအေးကုန်ပြီ”
ရှောင်ပိုင်က သနားကမားလေးလုပ်ကာ Barrageနှင့် စကားပြောနေ၏။
“ဟုတ်တယ် ဒီရက်ပိုင်းထဲ တအား ပင်ပင်ပန်းပန်းနဲ့ လေ့ကျင့်နေကြတာ တစ်ရက် ဆယ်နာရီကျော်တောင်နော်။ ဒါပေမယ့် အခုလို ရင်းနှီးထားသမျှက တန်ရာတန်ကြေး သေချာပေါက် ပြန်ရမှာလေ။ ‘အချစ်ကလေးBai တာဝန်ကျေပါတယ်’ ကို Meteor Showerအတွက် ကျေးဇူးပါ!”
ရှောင်ပိုင့်ဘေးနားမှ တစ်နေ့ကို ၁၂နာရီကျော် လေ့ကျင့်တတ်သည့် ခေါင်းပြာလေးက ရှောင်ပိုင််၏ မျက်ရည်ချူကာ လက်ဆောင်လိမ်ယူသည့် နည်းလမ်းကို နှာမှုတ်ကာ တိုက်ခိုက်သည်။
ရှောင်ပိုင်ကလည်း မကြားချင်ယောင်ဆောင်ကာ ပျော်ပျော်ကြီး လက်ဆောင်တွေကို လက်ခံနေ၏။
“သြော် ဟုတ်သား။ ဒီနေ့ ငါတို့Merchတွေကို စရောင်းတာမလား? ဂိမ်းကလည်း တန်းစီနေတုန်းဆိုတော့ ငါ့ရဲ့သြချလောက်စရာ အရောင်းအားကို သွားကြည့်လိုက်ဦးမယ်…..”
မိနစ်ဝက်လောက်အကြာ၌ ရှောင်ပိုင်မှာ မျက်လုံးအပြူးသားဖြင့် စခရင်ကို ကိုင်းကြည့်လိုက်ပြီး
“ခု ဆယ် ရာ ထောင် သောင်း သိန်း…..ဘယ်လိုဖြစ်လို့ ကျန်းရုန်ရဲ့Merchတွေက ဒီလောက်ရောင်းကောင်းနေတာလဲ? ငါ့ကောကိုတောင် မှီတော့မယ်ပေါ့??! ပြောတော့ သူ့အဖေတွေက တစ်ခုမှမဝယ်ဘူးဆို”
ယွမ်ချန် : “ကျန်းရုန် အဆာလွန်ပြီး သေမယ်ဆိုတောင် သူတို့အဖေအုပ်စု လက်ဆောင်တွေထပ်မပို့တော့ဘူးလို့လည်း ပြောကြတာပဲ။ ဒါပေမယ့် မင်း Appရဲ့လက်ဆောင်အဆင့်ဇယားမှာ သွားကြည့်ကြည့် သူထိပ်ဆုံး(၁၀)ယောက်ထဲမှာပဲ မဟုတ်ဘူးလား?”
ရှောင်ပိုင်က သက်ပြင်းချလိုက်ပြီး : “ယောကျာ်းတွေအားလုံး လူလိမ်လူညာတွေချည်းပဲ”
ယွမ်ချန် : “ပြီးတော့ ဟိုတစ်ခေါက် ပြိုင်ပွဲသွားကြည့်တုန်းက သူနဲ့ခေါင်းဆောင်နဲ့ ဦးထုပ်အပြန်အလှန် ဆောင်းကြသေးတယ်လေ။ အဲဒီနည်းလမ်းက အကျိုးရှိချက် ယုံတောင်မယုံနိုင်ဘူး”
“ကော!” ရှောင်ပိုင်က ခေါင်းလှည့်လာပြီး ပြောလိုက်၏။ “ကျွန်တေ့ာ်Merchဦးထုပ်တစ်လုံးလောက် ပေးရမလား?”
“မပေးနဲ့ နေရာမကျန်တော့ဘူး” လုပေါ်ယွမ်က မြေပုံအသေးလေးကို ကြည့်လိုက်ပြီး ပြောလာသည်။ “Supportနဲ့Junglerက ချုံပုတ်အောက်ထဲမှာ။ သူတို့Mid Lanerကိုပါ killရအောင်”
သူနှင့် ဂိမ်းတစ်ပွဲတည်း အတူတူကျနေသည့် ကျန်းရုန်က ပြန်ဖြေလာသည်။
“ကောင်းပြီ”
ရှောင်ပိုင်က ခေါင်းကိုလက်တစ်ဖက်နှင့်ထောက်လိုက်ကာ သူ့ဘေးနားမှတစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး
“မင်းရဲ့ရောင်းအားပမာဏနဲ့…..ဘာပဲဖြစ်ဖြစ် ငါ့ကို ဆယ်ဝိုင်းလောက် လိုက်ကျွေးရမှာနော်”
ကျန်းရုန် : “ရတယ်”
သူ စိတ်မဝင်စားစွာ ပြန်ဖြေပေးလိုက်သည်။
Challengerရောက်လျှင် နှစ်ယောက်တွဲအတူမကစားနိုင်တော့သည်မို့ ဒီပွဲက ဒီနေ့တစ်နေ့လုံးတွင် လုပေါ်ယွမ်နှင့် အတူကျသည့် တစ်ပွဲတည်းသောဂိမ်း ဖြစ်သည်။ သို့ဖြစ်ရာ သူ့အာရုံကို အခြားနေရာပေါ်တွင် သေးသေးလေးမျှ မဖြုန်းတီးချင်တော့။
လုပေါ်ယွမ်၏Lee Sinက Ward Hopကာရောက်လာပြီး အခုလေးတင် Flashသုံးပြီးသွားသည့် ရန်သူဘက်မှSupportကို ကြိုတင်ခန့်မှန်းထားသည့် Q skillဖြင့် တိုက်ခိုက်လိုက်သည်။ သူ့Ult၏နေရာယူထားပုံရှုထောင့်က ချုံပုတ်အောက်တွင်ရှိနေသည့် ရန်သူဘက်မှ Supportနှင့် Junglerကို လွင့်သွားအောင် အကန်ခံရနိုင်ဖို့ ကွက်တိပင်ဖြစ်နေလျက် ကျန်းရုန်ကစားနေသည့် Yasuo၏ အလွန်အမင်း ကျေနပ်အားရစေသည့်Ultကို အသုံးပြုနိုင်လိုက်စေသည်။
[Roadရဲ့Lee Sinနဲ့သာဆို ငါ့လိုကောင်တောင် Yasuoကိုင်လို့ရတယ်]
[မြတ်စွာဘုရား ငါ့သားတော့ ညတွင်းချင်း သူ့သန်းခေါင်စာရင်းထဲ Roadကိုထည့်ချင်သွားလောက်တယ်!]
[ငါသာအဲဒီYasuoဆို ချက်ချင်း ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းပစ်မှာ]
ရှားရှားပါးပါး ကျန်းရုန်တစ်ယောက် သူ့Barrageထဲက ကွန်မန့်တွေက ကြည့်ရရှုရတာ မျက်စိပဒဿဖြစ်လိုက်တာဟု ခံစားလိုက်ရ၏။
တစ်ဖက်အသင်းမှ Support ၊ Jungler နှင့် Mid Lanerတို့ သေသွားမှတော့ သေချာပေါက် အခွင့်အရေးကိုဆုပ်ကိုင်ပြီး Drakeကိုသွားဖမ်းရမှာပေါ့။
ထိုအခိုက် သူ့ဘေးတွင်ရှိနေသည့် ဂိမ်းထဲမှ Lee Sinက ရုတ်တရက် တန့်သွားကြောင်း ကျန်းရုန် မြင်လိုက်ရ၏။
ကျန်းရုန်က လုပေါ်ယွမ်၏ဟီးရိုးကောင်လေးကို မြဲမြဲကြည့်နေရင်း “ဘာဖြစ်လို့လဲ?”
လုပေါ်ယွမ်က သူ့လက်တွေကို ဖြည်းဖြည်းချင်း ကွေးလိုက်ဆန့်လိုက် ပြုလိုက်ပြီးမှ မောက်စ်ကိုပြန်ကိုင်လိုက်ကာ ပြောလာသည်။
“ဘာမှမဟုတ်ဘူး။ ကိုယ်လာပြီ”
သူတို့တွေ အလွယ်တကူပင် အနိုင်ရလိုက်ပြီး ကျန်းရုန် သူ့Damageထွက်နှုန်းကို စစ်ဆေးကြည့်ပြီးမှ ကျေနပ်အားရစွာ ရလဒ်ဇယားကို ပြန်ပိတ်လိုက်သည်။
ကျန်းရုန် သူ့နားကြပ်တစ်ဖက်ကို နည်းနည်းချွတ်လိုက်ပြီး အတတ်နိုင်ဆုံး သဘာဝကျအောင်ဟန်ဆောင်ကာ နောက်လှည့်ပြီး မေးကြည့်လိုက်၏။
“ခေါင်းဆောင်…..အတူတန်းစီဦးမလား?”
သူတို့တွေက အတူမကစားနိုင်တော့ပေမယ့် နှစ်ယောက်လုံးက Rankမြင့်သူတွေမို့ တန်းစီသည့်နေရာကိုသာ အတူတူဝင်လျှင် ဂိမ်းတစ်ပွဲတည်းကို အတူတူ ရောက်သွားနိုင်လောက်သည်။
လုပေါ်ယွမ်ကပြောလာသည်။ “တော်ပါပြီ။ ဆက်ကစားနှင့်လေ”
ကျန်းရုန်က တစ်ခဏလောက် ရပ်တန့်သွားပြီး နှုတ်ခမ်းမဲ့သွားကာ ခေါင်းပြန်လှည့်သွားသည်။
“ကောင်းပြီ”
အဆဲသန်သူများက ခံစားချက်များကို ဖုံးကွယ်ထားသည့်နေရာတွင် လုံးဝ မကျွမ်းကျင်ပေ။ ကျန်းရုန်၏ ‘ကောင်းပြီ’ ဆိုသော စကားမှာပင် အတော်လေး မပျော်မရွှင်ဖြစ်နေသံ ပေါက်နေတော့သည်။
အရင်တုန်းက အတူတူတန်းစီခြင်းမျိုး ဒီလိုအရာတွေက အပိုအလုပ်တွေဖြစ်ပြီး အရမ်းကဲသဲနေကြသည်ဟု သူအမြဲထင်ခဲ့ပေမယ့် ဒီနေ့ကျတော့ သူအောင့်မထားနိုင်တော့ဘဲ တစ်သက်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုဖိတ်ခေါ်မှုမျိုးကို လုပ်လိုက်တော့မှ အငြင်းခံလိုက်ရသည်တဲ့။
Barrageထဲမှာ ပြည့်ကျပ်နေသည့် ကွန်မန့်တွေကလည်း ‘အားလုံးသိတဲ့အတိုင်း Yasuoလေးမှာ ဆွေမျိုးလည်းမရှိ အပေါင်းအသင်းလည်းမရှိ’ တို့ ၊ ‘ဟဟဟ သူမင်းနဲ့မကစားချင်တော့ဘူးတဲ့’ တို့ ၊ ‘ဒါ နတ်ဘုရားလု ပထမဆုံးအကြိမ် မင်းကိုငြင်းတာပဲ။ ပြီးခဲ့တဲ့ပွဲတုန်းက မင်းဘာတွေအသုံးမကျလုပ်ခဲ့မိလဲ ကိုယ့်ဘာသာပြန်ဆန်းစစ်လိုက်တာ အကောင်းဆုံးနော်’ တို့ စသဖြင့်။
ကျန်းရုန် သူတို့အုပ်စုဆီ ဒေါသပုံထပြီး Livestreamကိုပါ ပိတ်တော့မည့်အချိန် ယောကျာ်းတစ်ယောက်၏လက်က ရုတ်တရက် သူ့မျက်နှာနားလှမ်းလာပြီး ဖွဖွလေး ထိသွားသည်။
“မနက်ဖြန်ကျမှ အတူတန်းစီပေးတော့မယ်နော်”
လုပေါ်ယွမ် အခန်းထဲမှထွက်သွားပြီးနောက် ကျန်းရုန် ဝင်တန်းစီလိုက်သည်။
သူ ဝေ့လည်ကြောင်ပတ်ဖြင့် ကင်မရာကို ရှောင်ပိုင့်Barrageဘက်ဆီ လှည့်လိုက်ပြီးနောက် နှုတ်ခမ်းတွေကွေးညွှတ်သွားကာ ပြုံးလိုက်မိသည်။
Barrageကြီးမှာ နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီး….
[အဆဲသန်တဲ့ကောင်တွေ ချော့ရတာလွယ်ချက်]
[အဆဲသန်တဲ့ကောင်တွေ ချော့ရတာလွယ်ချက်]
….
လူတိုင်းအိပ်ကုန်ကြသည့် မနက်(၄)နာရီမှ ကျန်းရုန်က သူ့အခန်းဆီပြန်လာပြီး ရေချိုးဖြစ်သည်။ သူ အိပ်ရာနှင့်ထိလိုက်မိသည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။
ပင်ပန်းလေလေ အိပ်ရေးဆတ်လေလေ ဖြစ်နိုင်လောက်၏။ ပုံမှန်ဆို သူက နေ့လည်အထိ အိပ်နိုင်သူဆိုပေမယ့် အပြင်ဘက်မှ မိုးရွာသံကြောင့် နိုးလာခဲ့သည်။
ကျန်းရုန်က ပြတင်းပေါက်ဖွင့်အိပ်တတ်သူမို့ မိုးစက်တွေက အခန်းထဲထိဝင်လာပြီး မြေသင်းနံ့နှင့် ရောထွေးနေပေသည်။
သူ မျက်လုံးတွေကိုပွတ်လိုက်ရင်း ပြတင်းပေါက်ပိတ်ဖို့ အိပ်ရာမှထလိုက်၏။ ရုတ်တရက်ဆိုသလို ကော်ရစ်တာမှ အသံတစ်ခုကို သူကြားလိုက်ရလေသည်။
ကျန်းရုန် နာရီကြည့်လိုက်တော့ မနက်(၇)နာရီခွဲသာ ရှိသေးသည်။
ဒီအချိန်ဆိုလျှင် အန်တီကြီးကလည်း သန့်ရှင်းရေးလုပ်ဖို့မပြောနှင့် တတိယထပ်ကိုပင် တက်မလာလောက်သေးချေ။
နှစ်သစ်ကူးညတုန်းက ကြုံခဲ့ရသည့် သူခိုးဝင်ခိုးသည့်အဖြစ်ကို ပြန်တွေးမိသွားပြီး ကျန်းရုန် အနီးမှ အင်္ကျီချိတ်ကို ကောက်ကိုင်လိုက်ကာ ခြေဖွလျက် တံခါးကိုဆွဲဖွင့်လိုက်၏။
ထို့နောက် သူတို့၏လက်ထောက်နည်းပြနှင့် အကြည့်ချင်းဆုံသွားတော့သည်။
လက်ထောက်နည်းပြ၏ လက်တစ်ဖက်က လုပေါ်ယွမ်၏အခန်းတံခါးဘုကို ကိုင်ထားဆဲဖြစ်ကာ ကျန်းရုန်ကိုမြင်တော့ သူလည်းလန့်သွားပြီး
“…..ဒီလောက်အစောကြီး နိုးနေပြီလား? ငါ့အသံတအားကျယ်သွားလို့ လန့်နိုးလာတာလား?”
ကျန်းရုန် လက်ထောက်နည်းပြလက်ထဲမှ ဂျက်ကတ်ကို ကြည့်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်မှ အမည်းရောင်အခန်းကို ကြည့်လိုက်မိသည်။
“ဘာဖြစ်တာလဲ?”
လက်ထောက်နည်းပြက ချောင်းဟမ့်လိုက်ပြီး “ဘာမှမဖြစ်ပါဘူး။ အပြင်မှာ မိုးတွေရွာနေတော့ အပူချိန်ကျပြီး အေးလာလို့ တင်းကောက အနွေးထည်တစ်ထည်လောက် လာယူခိုင်းတာ”
ကျန်းရုန် စိတ်ထဲထင့်သွားပြီး မေးလိုက်သည်။
“ဘာနေရာကိုသွားပို့ရမှာလဲ?”
“သူတို့ရှိတဲ့နေရာ….”
ကျန်းရုန် စိတ်မရှည်တော့ဘဲ သူ့ကို ဖြတ်ပြောလိုက်တော့၏။
“အခု သူတို့ဘယ်နေရာမှာရှိနေတာလဲ?”
မိနစ်(၃၀)အကြာ၌ ဆေးရုံဝင်ပေါက်ရှေ့တွင် လုပေါ်ယွမ်၏ဂျက်ကတ်ကိုကိုင်ထားလျက် ကျန်းရုန် ကားထဲမှထွက်လာသည်။
မနက်စောစောဖြစ်သော်လည်း ဆေးရုံကတော့ လူတွေရှုပ်နေမြဲ။ လက်ထောက်နည်းပြက ကားပါကင်သွားထိုးနေတုန်း ကျန်းရုန်က သူပြောပြသည့်အတိုင်း လေးထပ်မြောက်ကိုသွားပြီး ဆေးရုံ၏ခွဲစိတ်ဌာနဆီ ဝင်သွားလိုက်၏။
လုပေါ်ယွမ်က အပြင်ဘက်ရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်နေလေသည်။
သူက နှာခေါင်းစည်းတပ်ထားကာ အင်္ကျီခပ်ပါးပါးကို ဝတ်ထားသည်။ သူ့ခြေတံရှည်တွေကို ကွေးထားတာ ဖြစ်သလိုထိုင်နေပြီး နံရံကိုမှီလျက် မျက်စိမှိတ်ကာ အနားယူနေသည်။
လုပေါ်ယွမ်၏ ညာဘက်လက်ကောက်ဝတ်မှ ပတ်တီးစကို မြင်လိုက်ရချိန်မှာတော့ သူ့စိတ်ထဲဗလာကျင်းသွားပြီး အနွေးထည်ကို ရင်ခွင်ထဲ ပိုက်ထားလျက်သားဖြင့် နေရာမှာတင် ရပ်နေမိတော့သည်။
___
T/N :
အခုအပတ်အတွက် ပထမဆုံးအပိုင်းလာပါပြီ။ ဒုတိယအပိုင်းကို ဆက်တိုက်လိုချင်ကြလား ရက်ခြားပြီးလိုချင်ကြလား? တစ်ပတ်နှစ်ပိုင်းပါ♡
(Zawgyi)
တင္းေကာက မ်က္႐ိုးကိုႏွိပ္လ်က္ လမ္းေလွ်ာက္ေနသည္။
ဒီေန႔ ဝန္ထမ္းေတြပတ္လည္ဝိုင္းေနသည့္ ဓါတ္ေလွကားထဲတြင္ လုေပၚယြမ္ေျပာလိုက္သည္က သိပ္မၾကာခင္ Weiboသာမက Tiebaမွာပါ ပ်ံ႕သြားေလာက္သည္။ လုေပၚယြမ္က ‘ခ်စ္သူ’ဟုသာ သုံးၿပီး ‘ေကာင္ေလး’ဟု မေျပာ၍သာ ေတာ္ေတာ့သည္။ မဟုတ္ပါက တင္းေကာမွာ အခုလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အသက္ရွင္ေနစရာ အေၾကာင္းမရွိေတာ့။
သူေခါင္းေမာ့လိုက္သည့္အခိုက္ ဝရံတာကေန ျပန္ထြက္လာၾကသည့္ ႏွစ္ေယာက္ကို ေတြ႕လိုက္ရၿပီး အေျဖာင့္လြန္ အလြန္ေျဖာင့္သည့္ တင္းေကာမွာ ‘ဝရံတာ_ေလ့က်င့္ခန္းမ်ား_avi’ကို ခ်က္ခ်င္း ျမင္ေယာင္မိသြားသည္။ သူ႔စိတ္ကူးထဲမွကမာၻႀကီးမွာ ကြဲအက္သြားေသာ္ျငား တစ္ခ်ိန္တည္းမွာပဲ တည္ၿငိမ္မႈကို မၿပိဳလဲသြားေစရ။
“….ဘယ္လိုျဖစ္လို႔ အေပၚတက္ၿပီး မေလ့က်င့္ၾကေသးတာလဲ? ေရွာင္ပိုင္နဲ႔အျခားသူေတြ ေကာ္ဖီမွာခ်င္ၾကလို႔ မင္းတို႔ႏွစ္ေယာက္အတြက္ Wechatကေမးေပမယ့္ ျပန္လည္းမေျဖၾကဘူး။ ဘာေသာက္ခ်င္ၾကလဲ? အရင္တစ္ေခါက္မွာတဲ့ဆိုင္နဲ႔ အတူတူပဲ”
က်န္း႐ုန္ ေကာ္ဖီနာမည္တစ္ခုကို ျဖစ္သလို ထုတ္ေျပာလိုက္၏။ လုေပၚယြမ္က သူ႔ထက္ေတာင္ ျဖစ္သလိုဆန္ေသးသည္။
“သူ႔အတိုင္းပဲ”
ေကာ္ဖီ၏ေဖးမမႈျဖင့္ ထိုေန႔ညတြင္ လူတိုင္းက မနက္၃နာရီအထိ ေလ့က်င့္ျဖစ္ၾကသည္။
အခုရက္ပိုင္းထဲ တင္းေကာက သူ႔မိန္းမဆီကေန နားရက္ရွည္ႀကီးေတာင္းထားၿပီး သူတို႔ႏွင့္အတူ Baseတြင္ ေနျဖစ္ေနသည္။ လုေပၚယြမ္ ေနာက္ထပ္တစ္ပြဲ ကစားမည့္အခ်ိန္ တင္းေကာက သူ႔ကို တားလာသည္။
တင္းေကာက တိုးတိုး တိုးတိုးျဖင့္။
“ေတာ္ၿပီ နားလိုက္ေတာ့။ ကစားေနတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ?”
လုေပၚယြမ္က နာရီၾကည့္လိုက္ၿပီး
“၄နာရီေလာက္ပါပဲ”
“ေသာက္က်ိဳးနည္း ၆နာရီေက်ာ္ၿပီဟ”
တင္းေကာကေျပာလာသည္။
“ဆရာဝန္ေျပာထားတာ တစ္ေန႔ကို ေလ့က်င့္ခ်ိန္ ၃နာရီထက္မပိုေစနဲ႔တဲ့။ အခုေတာ့ ႏွစ္ဆေတာင္လုပ္ပစ္လိုက္ၿပီ။ တစ္ခုခုျဖစ္လာရင္ ဘယ္သူ႔အျပစ္တင္ရမလဲ?”
လုေပၚယြမ္က နားၾကပ္ႏွစ္ဖက္လုံးတပ္ၿပီး တစ္ေယာက္တည္း Soloကစားေနသည့္ က်န္း႐ုန္ကို လွမ္းၾကည့္လိုက္ၿပီး ျပန္ေျပာလိုက္သည္။
“ကြၽန္ေတာ္ အနားယူလိုက္ေတာ့ဖို႔လည္း ဆရာဝန္ကေျပာတာပဲ”
႐ုတ္ခ်ည္း တင္းေကာမွာ ‘အနားယူ’ ဆိုသည့္ စကားလုံးေၾကာင့္ ရန္စခံလိုက္ရၿပီး လုေပၚယြမ္ ဘာပဲေျပာေျပာ လုံးဝ ထပ္မေလ့က်င့္ခိုင္းေတာ့ေပ။
လုေပၚယြမ္လည္း အတင္း ခံျငင္းမေနေတာ့။ သူ႔ကြန္ပ်ဴတာကို ပိတ္လိုက္ၿပီး သူ႔အခန္းဆီဦးတည္လိုက္ကာ က်န္း႐ုန္၏ေဘးကေန ျဖတ္သြားရင္း သူ႔ေခါင္းကိုလွမ္းပုတ္ကာ အရမ္းေနာက္က်သည္အထိ မကစားဖို႔ ေျပာသြားေသးသည္။
ထုံးစံအတိုင္း က်န္း႐ုန္က အခ်ိန္ျဖည့္ရန္ Livestreamလႊင့္ေနျခင္း။ သို႔ရာတြင္ ဒီည၌ ပုံမွန္ထက္ စကားနည္းေနေပသည္။
ဟိုတေလာက ယြမ္ခ်န္ႏွင့္ေရွာင္ပိုင္၏စကားဝိုင္းကို သူ႔ေခါင္းထဲကေန ထုတ္မရျဖစ္ေန၏။ လုေပၚယြမ္က ဒီေလာက္ေကာင္းတဲ့မိသားစုဆီကေန ဆင္းသက္လာမွေတာ့ သူ႔မိဘေတြက ေယာက်ာ္းတစ္ေယာက္နဲ႔ သူတြဲေနတာကို သေဘာတူပါ့မလား? သူတို႔ဘက္က သေဘာတူခဲ့ရင္ေတာင္မွ သူ႔မိသားစုအေျခအေနက…..
သို႔ေသာ္လည္း ခုဏက လ်ပ္တျပတ္အနမ္းေလးကို သူသတိရလိုက္ေတာ့ ေပ်ာ္သြားျပန္သည္။
ထိုအေပ်ာ္ေလးက Barrageထဲတြင္ ‘Roadက လစာလည္းျမင့္ အထူးတလည္ဆက္ဆံခံရၿပီး အခ်ိန္တိုင္း ေလ့က်င့္ေရးခန္းထဲက ပထမဆုံးထြက္သြားတဲ့သူပဲ’ ဟု ျပႆနာရွာေနသည့္ တစ္ေယာက္ကို မျမင္လိုက္ရေသးခင္အထိ ၾကာရွည္ခံလိုက္၏။ က်န္း႐ုန္ ဂိမ္းမ်က္ႏွာျပင္ကို ခ်ဳံ႕ပစ္လိုက္ၿပီး ကြန္မန္႔ေပါင္းမ်ားစြာထဲကမွ ထိုကြန္မန္႔ကိုေ႐ြးကာ သူ႔Livestream Roomထဲမွ ကန္ထုတ္ပစ္လိုက္သည္။
လုေပၚယြမ္ သူ႔အခန္းဆီျပန္ခဲ့ၿပီး အခန္းတံခါးကို ေလာ့ခ္ခ်လိုက္သည္။ ၿပီးေနာက္ ေဆးလိပ္တစ္ဘူးႏွင့္ သူ႔စာအုပ္စင္ေအာက္ထပ္ ကီးဘုတ္အေဟာင္းေအာက္ရွိ မီးျခစ္ကိုပါ ထုတ္ယူလိုက္ၿပီး ျပတင္းေပါက္ေဘးတြင္ ထိုင္ခ်လိုက္သည္။
လုေပၚယြမ္က အတိတ္ကို စားၿမဳံ႕ျပန္ေနတတ္သူ မဟုတ္တာေၾကာင့္ အေသးစားကိစၥေတြ ၊ အေရးမႀကီးသည့္ျပႆနာေတြက သူ႔မွတ္ဥာဏ္ေအာက္ဆုံးထပ္တြင္ တိမ္ျမဳပ္သြားတတ္သည္။ ဥပမာေျပာျပရလွ်င္ က်န္း႐ုန္ေပါ့။ လုေပၚယြမ္ မွတ္မိသမွ်က အရင္တုန္းက သူကေလးတစ္ေယာက္ကို လက္မွတ္တစ္ေစာင္ေပးခဲ့ဖူးၿပီး ထိုလက္မွတ္က ျပန္အေရာင္းခံရလုနီးပါး ျဖစ္ခဲ့သည္ကိုသာ မွတ္မိေတာ့သည္။ အေသးစိတ္ေတြကို သူမမွတ္မိေခ်။
သို႔ေသာ္လည္း ဒီေန႔ညမွာေတာ့ သူ႔မွတ္ဥာဏ္ထဲမွ ထိုကေလး၏ပုံရိပ္က ႐ုတ္တရက္ ပီျပင္လာခဲ့သည္။
ထိုကေလးက သူ႔အ႐ြယ္အျခားကေလးေတြထက္ အရပ္ပိုပုၿပီး သူ႔ဆံပင္ေတြကို ေသခ်ာ ညႇပ္ထား၏။ သူက ေျမႀကီးေပၚတြင္ထိုင္ကာ ဒူးပိုက္ထားသည္။ အင္တာနက္ဆိုင္ပိုင္ရွင္ဆီမွ အျငင္းခံထားရ၍ စိတ္ကုန္ေနသည့္ ခပ္ခ်ဥ္ခ်ဥ္မ်က္ႏွာေပးကို ဖယ္ထားလိုက္လွ်င္ သူက အလြန္နာနာခံခံရွိပုံေပၚသည့္ ကေလးတစ္ေယာက္သာ။
လုေပၚယြမ္နဲ႔သူမေတြ႕ေသးခင္ ဆိုင္ပိုင္ရွင္ ဘယ္ႏွစ္ေယာက္ေလာက္ဆီက သူအျငင္းခံထားရၿပီလဲ?
မိဘေတြကဆုံးပါးသြားၿပီး အဖိုးျဖစ္သူက ေဆး႐ုံမွာ။ အိမ္မွာ သူ႔ကို ဘယ္သူကမ်ား ေစာင့္ေရွာက္ေပးမွာလဲ?
ေနာက္ပိုင္းေန႔ရက္ေတြကို သူတစ္ေယာက္တည္းနဲ႔ ဘယ္လိုေတြမ်ား ျဖတ္ေက်ာ္လာခဲ့လဲ?
…
လုေပၚယြမ္ အရည္အေသြးနိမ့္ ေဆးလိပ္ျပာခြက္ထဲ ျပာေတြကို ခါခ်ပစ္လိုက္သည္။ ေဆးလိပ္ေသာက္ေနတာကို ရပ္တန္းကရပ္ရင္ရပ္ မဟုတ္ပါက Baseထဲကခိုးထြက္ၿပီး စီးကရက္သုံးေလးဘူးေလာက္ သြားဝယ္ရေတာ့မည္ဟု သူခံစားေနရ၏။
စီးကရက္ကို လက္ၾကားညႇပ္ရင္း အခ်ိန္အေတာ္ၾကာ ပစ္ထားမိသည့္ သူ႔Tiebaအေကာင့္ဆီ ျပန္ဝင္ကာ ‘Softbar’ ထဲ ဝင္လိုက္ၿပီး ပိုစ့္တစ္ခုကို တင္ျဖစ္သြားသည္။
လိုင္းေပၚရွိသည့္ အဖြဲ႕ဝင္တိုင္းက အခုခ်ိန္ က်န္း႐ုန္၏Livestreamကို ၾကည့္ေနၾကသည္မို႔ မိနစ္ဝက္အတြင္း သူ႔ပိုစ့္ကို ဘယ္သူမွ လာမေျဖၾကေသးေပ။ လုေပၚယြမ္က Weiboပဲသြားၿပီး ပိုစ့္ထပ္တင္ရမလားဟု ေတြးေတာေနခ်ိန္ မက္ေဆ့တစ္ေစာင္က ဒင္ခနဲ ေရာက္လာေလသည္။
တင္းေကာက ဓါတ္ပုံတစ္ပုံ လွမ္းပို႔လိုက္ျခင္း။ ကင္မရာက သူ႔ျပတင္းေပါက္အျပင္ဘက္ကို ႐ိုက္ထားၿပီး အျဖဴေရာင္အေငြ႕ေတြက ညအေမွာင္ထုထဲမွာ အလြန္အမင္း သိသာေနလ်က္။
[တင္းေကာ : ....ဒါဘာေသာက္က်ိဳးနည္းႀကီးလဲ?]
[တင္းေကာ : မင္းေဆးလိပ္ေသာက္ေနတာလား???]
[R : ……]
[R : [ယြမ္၂၀၀၀၀လႊဲလိုက္ပါသည္။]]
[တင္းေကာ : ………….Wtf?]
[R : တစ္ခုေလာက္ေမးခ်င္တယ္]
[တင္းေကာ : ဘာလဲ?]
[R : ကြၽန္ေတာ္တို႔မရီးေပ်ာ္ေအာင္ ေကာဘာလုပ္ေပးတတ္လဲ?]
ႏွစ္မိနစ္ၾကာသြားလည္း စာျပန္မလာသည့္ေနာက္ လုေပၚယြမ္ ေဆးလိပ္ကိုဖိေခ်လိုက္ၿပီး စာဆက္႐ိုက္ျပန္သည္။
[R : 18ႏွစ္ျပည့္ခါစ ညီေလးတစ္ေယာက္ ေကာမွာရွိတယ္မဟုတ္လား? အခုေခတ္ 18ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ေကာင္ေလးေတြ ဘာေတြမ်ားႀကိဳက္တတ္ၾကလဲ?]
[R : ေကာ ကြၽန္ေတာ္တို႔မရီးနဲ႔ လက္မထပ္ခင္ ဘယ္ႏွစ္ႏွစ္ေလာက္ တြဲခဲ့တာလဲ?]
[တင္းေကာ : ပထမဆုံးေျပာရရင္ ငါ့ညီက မင္းအသက္နဲ႔အတူတူပဲ။ ဒုတိယတစ္ခု - ငါ့အေတြ႕အႀကဳံေတြကို မင္းနဲ႔မင္းေကာင္ေလးၾကားမွာ သုံးလို႔ရမယ္မ်ား ထင္ေနလား??]
[တင္းေကာ : ေနစမ္းပါဦး? ဘာကိုလက္ထပ္တာလဲ? ကမာၻ႔ဖလားေတာင္ မႏိုင္ေသးတာကို လက္ထပ္ေတာ့မယ္ေပါ့? ၿပီးေတာ့ မင္းတို႔လက္ထပ္မယ္ဆို ႏိုင္ငံျခားသြားမွရမွာ။ ေမးပါရေစ မင္းရဲ႕ရည္းစားေလးမွာ ပတ္စပို႔ေတာင္ရွိၿပီလား? ငါမင္းကိုသတိေပးမယ္ေနာ္ မင္းငါ့အတြက္ ျပႆနာမရွာတာ ပိုေကာင္းမယ္။ ငါ့လို အသက္၃၀ေက်ာ္ေနတဲ့ လူအိုႀကီးက စပ႐ိုက္ေသးေသးေလးေတြကိုေတာင္ မကိုင္တြယ္ႏိုင္ေတာ့ဘူး………..]
ထိုစာႏွစ္ေစာင္က လုေပၚယြမ္အား ေျပာမျပတတ္ေအာင္ ခံစားခ်က္ကို ေကာင္းသြားေစသည္။
သူ႔ရင္ဘတ္ေပၚက အေလးခ်ိန္ အေတာ္ေလး ေပါ့သြားသည့္ေနာက္ လုေပၚယြမ္ ေဆးလိပ္ကိုလႊင့္ပစ္လိုက္ၿပီး စာျပန္လိုက္၏။
[R : အခုေတာ့ လက္မထပ္ေသးဘူး။ ေကာင္းေသာညပါ]
__
အႀကိဳဗိုလ္လုပြဲက တစ္ေန႔ထက္တစ္ေန႔ နီးကပ္လာခ်ိန္တြင္ စီစဥ္ထားသည့္ ေလ့က်င့္ေရးပြဲအေရအတြက္ေတြကလည္း ေလ်ာ့က်ကုန္ေတာ့သည္။
အသန္မာဆုံး အသင္းေလးသင္းက တစ္သင္းႏွင့္တစ္သင္း ယွဥ္ၿပိဳင္ၾကေတာ့မည့္ ဒီလိုအခ်ိန္မ်ိဳးတြင္ ဘယ္အသင္းကမွ သူတို႔ဘက္မွ နည္းဗ်ဴဟာေတြ ေပၚသြားႏိုင္ေလာက္သည့္ ေလ့က်င့္ေရးပြဲေတြကို မစြန္႔စားရဲေခ်။ အျခားအသင္းေတြအတြက္ေတာ့ ေႏြဦးရာသီက ၿပီးသြားၿပီမို႔ နားေနၾကခ်ိန္ျဖစ္သည္။
သို႔ေသာ္လည္း တင္းေကာ ေျပာေလ့ရွိသည့္အတိုင္း ေနာက္ဆုံးအခ်ိန္ကပ္ရပ္မွ ဗုဒၶေျခေထာက္ကို သြားဖက္ျခင္းက အက်ိဳးမရွိပါေခ်။ ဂိမ္းအတြက္ သူတို႔ခံစားခ်က္ေတြကို ထိန္းထားႏိုင္ဖို႔ တတ္ႏိုင္သေလာက္ အခ်ိန္ၾကာၾကာ Rankကစားေနသေ႐ြ႕ အဆင္ေျပေနၿပီျဖစ္သည္။ သို႔ျဖစ္ရာ ၿပီးခဲ့သည့္ႏွစ္ရက္အတြင္း အသင္းသားငါးေယာက္မွာ ေလ့က်င့္ေရးအခန္းထဲတြင္သာ ေနျဖစ္ၾကသည္။ ညစာစားဖို႔ပင္ အန္တီႀကီးက ေလ့က်င့္ေရးအခန္းဆီကို လာပို႔ေပးေနရသည္။
“စားစရာေတြလည္းေအးကုန္ၿပီ”
ေရွာင္ပိုင္က သနားကမားေလးလုပ္ကာ Barrageႏွင့္ စကားေျပာေန၏။
“ဟုတ္တယ္ ဒီရက္ပိုင္းထဲ တအား ပင္ပင္ပန္းပန္းနဲ႔ ေလ့က်င့္ေနၾကတာ တစ္ရက္ ဆယ္နာရီေက်ာ္ေတာင္ေနာ္။ ဒါေပမယ့္ အခုလို ရင္းႏွီးထားသမွ်က တန္ရာတန္ေၾကး ေသခ်ာေပါက္ ျပန္ရမွာေလ။ ‘အခ်စ္ကေလးBai တာဝန္ေက်ပါတယ္’ ကို Meteor Showerအတြက္ ေက်းဇူးပါ!”
ေရွာင္ပိုင့္ေဘးနားမွ တစ္ေန႔ကို ၁၂နာရီေက်ာ္ ေလ့က်င့္တတ္သည့္ ေခါင္းျပာေလးက ေရွာင္ပိုင္္၏ မ်က္ရည္ခ်ဴကာ လက္ေဆာင္လိမ္ယူသည့္ နည္းလမ္းကို ႏွာမႈတ္ကာ တိုက္ခိုက္သည္။
ေရွာင္ပိုင္ကလည္း မၾကားခ်င္ေယာင္ေဆာင္ကာ ေပ်ာ္ေပ်ာ္ႀကီး လက္ေဆာင္ေတြကို လက္ခံေန၏။
“ေၾသာ္ ဟုတ္သား။ ဒီေန႔ ငါတို႔Merchေတြကို စေရာင္းတာမလား? ဂိမ္းကလည္း တန္းစီေနတုန္းဆိုေတာ့ ငါ့ရဲ႕ၾသခ်ေလာက္စရာ အေရာင္းအားကို သြားၾကည့္လိုက္ဦးမယ္…..”
မိနစ္ဝက္ေလာက္အၾကာ၌ ေရွာင္ပိုင္မွာ မ်က္လုံးအျပဴးသားျဖင့္ စခရင္ကို ကိုင္းၾကည့္လိုက္ၿပီး
“ခု ဆယ္ ရာ ေထာင္ ေသာင္း သိန္း…..ဘယ္လိုျဖစ္လို႔ က်န္း႐ုန္ရဲ႕Merchေတြက ဒီေလာက္ေရာင္းေကာင္းေနတာလဲ? ငါ့ေကာကိုေတာင္ မွီေတာ့မယ္ေပါ့??! ေျပာေတာ့ သူ႔အေဖေတြက တစ္ခုမွမဝယ္ဘူးဆို”
ယြမ္ခ်န္ : “က်န္း႐ုန္ အဆာလြန္ၿပီး ေသမယ္ဆိုေတာင္ သူတို႔အေဖအုပ္စု လက္ေဆာင္ေတြထပ္မပို႔ေတာ့ဘူးလို႔လည္း ေျပာၾကတာပဲ။ ဒါေပမယ့္ မင္း Appရဲ႕လက္ေဆာင္အဆင့္ဇယားမွာ သြားၾကည့္ၾကည့္ သူထိပ္ဆုံး(၁၀)ေယာက္ထဲမွာပဲ မဟုတ္ဘူးလား?”
ေရွာင္ပိုင္က သက္ျပင္းခ်လိုက္ၿပီး : “ေယာက်ာ္းေတြအားလုံး လူလိမ္လူညာေတြခ်ည္းပဲ”
ယြမ္ခ်န္ : “ၿပီးေတာ့ ဟိုတစ္ေခါက္ ၿပိဳင္ပြဲသြားၾကည့္တုန္းက သူနဲ႔ေခါင္းေဆာင္နဲ႔ ဦးထုပ္အျပန္အလွန္ ေဆာင္းၾကေသးတယ္ေလ။ အဲဒီနည္းလမ္းက အက်ိဳးရွိခ်က္ ယုံေတာင္မယုံႏိုင္ဘူး”
“ေကာ!” ေရွာင္ပိုင္က ေခါင္းလွည့္လာၿပီး ေျပာလိုက္၏။ “ကြၽန္ေတ့ာ္Merchဦးထုပ္တစ္လုံးေလာက္ ေပးရမလား?”
“မေပးနဲ႔ ေနရာမက်န္ေတာ့ဘူး” လုေပၚယြမ္က ေျမပုံအေသးေလးကို ၾကည့္လိုက္ၿပီး ေျပာလာသည္။ “Supportနဲ႔Junglerက ခ်ဳံပုတ္ေအာက္ထဲမွာ။ သူတို႔Mid Lanerကိုပါ killရေအာင္”
သူႏွင့္ ဂိမ္းတစ္ပြဲတည္း အတူတူက်ေနသည့္ က်န္း႐ုန္က ျပန္ေျဖလာသည္။
“ေကာင္းၿပီ”
ေရွာင္ပိုင္က ေခါင္းကိုလက္တစ္ဖက္ႏွင့္ေထာက္လိုက္ကာ သူ႔ေဘးနားမွတစ္ေယာက္ကို စိုက္ၾကည့္လိုက္ၿပီး
“မင္းရဲ႕ေရာင္းအားပမာဏနဲ႔…..ဘာပဲျဖစ္ျဖစ္ ငါ့ကို ဆယ္ဝိုင္းေလာက္ လိုက္ေကြၽးရမွာေနာ္”
က်န္း႐ုန္ : “ရတယ္”
သူ စိတ္မဝင္စားစြာ ျပန္ေျဖေပးလိုက္သည္။
Challengerေရာက္လွ်င္ ႏွစ္ေယာက္တြဲအတူမကစားႏိုင္ေတာ့သည္မို႔ ဒီပြဲက ဒီေန႔တစ္ေန႔လုံးတြင္ လုေပၚယြမ္ႏွင့္ အတူက်သည့္ တစ္ပြဲတည္းေသာဂိမ္း ျဖစ္သည္။ သို႔ျဖစ္ရာ သူ႔အာ႐ုံကို အျခားေနရာေပၚတြင္ ေသးေသးေလးမွ် မျဖဳန္းတီးခ်င္ေတာ့။
လုေပၚယြမ္၏Lee Sinက Ward Hopကာေရာက္လာၿပီး အခုေလးတင္ Flashသုံးၿပီးသြားသည့္ ရန္သူဘက္မွSupportကို ႀကိဳတင္ခန္႔မွန္းထားသည့္ Q skillျဖင့္ တိုက္ခိုက္လိုက္သည္။ သူ႔Ult၏ေနရာယူထားပုံရႈေထာင့္က ခ်ဳံပုတ္ေအာက္တြင္ရွိေနသည့္ ရန္သူဘက္မွ Supportႏွင့္ Junglerကို လြင့္သြားေအာင္ အကန္ခံရႏိုင္ဖို႔ ကြက္တိပင္ျဖစ္ေနလ်က္ က်န္း႐ုန္ကစားေနသည့္ Yasuo၏ အလြန္အမင္း ေက်နပ္အားရေစသည့္Ultကို အသုံးျပဳႏိုင္လိုက္ေစသည္။
[Roadရဲ႕Lee Sinနဲ႔သာဆို ငါ့လိုေကာင္ေတာင္ Yasuoကိုင္လို႔ရတယ္]
[ျမတ္စြာဘုရား ငါ့သားေတာ့ ညတြင္းခ်င္း သူ႔သန္းေခါင္စာရင္းထဲ Roadကိုထည့္ခ်င္သြားေလာက္တယ္!]
[ငါသာအဲဒီYasuoဆို ခ်က္ခ်င္း ဒူးေထာက္ၿပီး လက္ထပ္ခြင့္ေတာင္းပစ္မွာ]
ရွားရွားပါးပါး က်န္း႐ုန္တစ္ေယာက္ သူ႔Barrageထဲက ကြန္မန္႔ေတြက ၾကည့္ရရႈရတာ မ်က္စိပဒႆျဖစ္လိုက္တာဟု ခံစားလိုက္ရ၏။
တစ္ဖက္အသင္းမွ Support ၊ Jungler ႏွင့္ Mid Lanerတို႔ ေသသြားမွေတာ့ ေသခ်ာေပါက္ အခြင့္အေရးကိုဆုပ္ကိုင္ၿပီး Drakeကိုသြားဖမ္းရမွာေပါ့။
ထိုအခိုက္ သူ႔ေဘးတြင္ရွိေနသည့္ ဂိမ္းထဲမွ Lee Sinက ႐ုတ္တရက္ တန္႔သြားေၾကာင္း က်န္း႐ုန္ ျမင္လိုက္ရ၏။
က်န္း႐ုန္က လုေပၚယြမ္၏ဟီး႐ိုးေကာင္ေလးကို ၿမဲၿမဲၾကည့္ေနရင္း “ဘာျဖစ္လို႔လဲ?”
လုေပၚယြမ္က သူ႔လက္ေတြကို ျဖည္းျဖည္းခ်င္း ေကြးလိုက္ဆန္႔လိုက္ ျပဳလိုက္ၿပီးမွ ေမာက္စ္ကိုျပန္ကိုင္လိုက္ကာ ေျပာလာသည္။
“ဘာမွမဟုတ္ဘူး။ ကိုယ္လာၿပီ”
သူတို႔ေတြ အလြယ္တကူပင္ အႏိုင္ရလိုက္ၿပီး က်န္း႐ုန္ သူ႔Damageထြက္ႏႈန္းကို စစ္ေဆးၾကည့္ၿပီးမွ ေက်နပ္အားရစြာ ရလဒ္ဇယားကို ျပန္ပိတ္လိုက္သည္။
က်န္း႐ုန္ သူ႔နားၾကပ္တစ္ဖက္ကို နည္းနည္းခြၽတ္လိုက္ၿပီး အတတ္ႏိုင္ဆုံး သဘာဝက်ေအာင္ဟန္ေဆာင္ကာ ေနာက္လွည့္ၿပီး ေမးၾကည့္လိုက္၏။
“ေခါင္းေဆာင္…..အတူတန္းစီဦးမလား?”
သူတို႔ေတြက အတူမကစားႏိုင္ေတာ့ေပမယ့္ ႏွစ္ေယာက္လုံးက Rankျမင့္သူေတြမို႔ တန္းစီသည့္ေနရာကိုသာ အတူတူဝင္လွ်င္ ဂိမ္းတစ္ပြဲတည္းကို အတူတူ ေရာက္သြားႏိုင္ေလာက္သည္။
လုေပၚယြမ္ကေျပာလာသည္။ “ေတာ္ပါၿပီ။ ဆက္ကစားႏွင့္ေလ”
က်န္း႐ုန္က တစ္ခဏေလာက္ ရပ္တန္႔သြားၿပီး ႏႈတ္ခမ္းမဲ့သြားကာ ေခါင္းျပန္လွည့္သြားသည္။
“ေကာင္းၿပီ”
အဆဲသန္သူမ်ားက ခံစားခ်က္မ်ားကို ဖုံးကြယ္ထားသည့္ေနရာတြင္ လုံးဝ မကြၽမ္းက်င္ေပ။ က်န္း႐ုန္၏ ‘ေကာင္းၿပီ’ ဆိုေသာ စကားမွာပင္ အေတာ္ေလး မေပ်ာ္မ႐ႊင္ျဖစ္ေနသံ ေပါက္ေနေတာ့သည္။
အရင္တုန္းက အတူတူတန္းစီျခင္းမ်ိဳး ဒီလိုအရာေတြက အပိုအလုပ္ေတြျဖစ္ၿပီး အရမ္းကဲသဲေနၾကသည္ဟု သူအၿမဲထင္ခဲ့ေပမယ့္ ဒီေန႔က်ေတာ့ သူေအာင့္မထားႏိုင္ေတာ့ဘဲ တစ္သက္မွာ ပထမဆုံးအႀကိမ္အျဖစ္ ဒီလိုဖိတ္ေခၚမႈမ်ိဳးကို လုပ္လိုက္ေတာ့မွ အျငင္းခံလိုက္ရသည္တဲ့။
Barrageထဲမွာ ျပည့္က်ပ္ေနသည့္ ကြန္မန္႔ေတြကလည္း ‘အားလုံးသိတဲ့အတိုင္း Yasuoေလးမွာ ေဆြမ်ိဳးလည္းမရွိ အေပါင္းအသင္းလည္းမရွိ’ တို႔ ၊ ‘ဟဟဟ သူမင္းနဲ႔မကစားခ်င္ေတာ့ဘူးတဲ့’ တို႔ ၊ ‘ဒါ နတ္ဘုရားလု ပထမဆုံးအႀကိမ္ မင္းကိုျငင္းတာပဲ။ ၿပီးခဲ့တဲ့ပြဲတုန္းက မင္းဘာေတြအသုံးမက်လုပ္ခဲ့မိလဲ ကိုယ့္ဘာသာျပန္ဆန္းစစ္လိုက္တာ အေကာင္းဆုံးေနာ္’ တို႔ စသျဖင့္။
က်န္း႐ုန္ သူတို႔အုပ္စုဆီ ေဒါသပုံထၿပီး Livestreamကိုပါ ပိတ္ေတာ့မည့္အခ်ိန္ ေယာက်ာ္းတစ္ေယာက္၏လက္က ႐ုတ္တရက္ သူ႔မ်က္ႏွာနားလွမ္းလာၿပီး ဖြဖြေလး ထိသြားသည္။
“မနက္ျဖန္က်မွ အတူတန္းစီေပးေတာ့မယ္ေနာ္”
လုေပၚယြမ္ အခန္းထဲမွထြက္သြားၿပီးေနာက္ က်န္း႐ုန္ ဝင္တန္းစီလိုက္သည္။
သူ ေဝ့လည္ေၾကာင္ပတ္ျဖင့္ ကင္မရာကို ေရွာင္ပိုင့္Barrageဘက္ဆီ လွည့္လိုက္ၿပီးေနာက္ ႏႈတ္ခမ္းေတြေကြးၫႊတ္သြားကာ ၿပဳံးလိုက္မိသည္။
Barrageႀကီးမွာ ႏွစ္စကၠန္႔ေလာက္ ၿငိမ္သက္သြားၿပီး….
[အဆဲသန္တဲ့ေကာင္ေတြ ေခ်ာ့ရတာလြယ္ခ်က္]
[အဆဲသန္တဲ့ေကာင္ေတြ ေခ်ာ့ရတာလြယ္ခ်က္]
….
လူတိုင္းအိပ္ကုန္ၾကသည့္ မနက္(၄)နာရီမွ က်န္း႐ုန္က သူ႔အခန္းဆီျပန္လာၿပီး ေရခ်ိဳးျဖစ္သည္။ သူ အိပ္ရာႏွင့္ထိလိုက္မိသည္ႏွင့္ ခ်က္ခ်င္း အိပ္ေပ်ာ္သြားေတာ့သည္။
ပင္ပန္းေလေလ အိပ္ေရးဆတ္ေလေလ ျဖစ္ႏိုင္ေလာက္၏။ ပုံမွန္ဆို သူက ေန႔လည္အထိ အိပ္ႏိုင္သူဆိုေပမယ့္ အျပင္ဘက္မွ မိုး႐ြာသံေၾကာင့္ ႏိုးလာခဲ့သည္။
က်န္း႐ုန္က ျပတင္းေပါက္ဖြင့္အိပ္တတ္သူမို႔ မိုးစက္ေတြက အခန္းထဲထိဝင္လာၿပီး ေျမသင္းနံ႔ႏွင့္ ေရာေထြးေနေပသည္။
သူ မ်က္လုံးေတြကိုပြတ္လိုက္ရင္း ျပတင္းေပါက္ပိတ္ဖို႔ အိပ္ရာမွထလိုက္၏။ ႐ုတ္တရက္ဆိုသလို ေကာ္ရစ္တာမွ အသံတစ္ခုကို သူၾကားလိုက္ရေလသည္။
က်န္း႐ုန္ နာရီၾကည့္လိုက္ေတာ့ မနက္(၇)နာရီခြဲသာ ရွိေသးသည္။
ဒီအခ်ိန္ဆိုလွ်င္ အန္တီႀကီးကလည္း သန္႔ရွင္းေရးလုပ္ဖို႔မေျပာႏွင့္ တတိယထပ္ကိုပင္ တက္မလာေလာက္ေသးေခ်။
ႏွစ္သစ္ကူးညတုန္းက ႀကဳံခဲ့ရသည့္ သူခိုးဝင္ခိုးသည့္အျဖစ္ကို ျပန္ေတြးမိသြားၿပီး က်န္း႐ုန္ အနီးမွ အက်ႌခ်ိတ္ကို ေကာက္ကိုင္လိုက္ကာ ေျခဖြလ်က္ တံခါးကိုဆြဲဖြင့္လိုက္၏။
ထို႔ေနာက္ သူတို႔၏လက္ေထာက္နည္းျပႏွင့္ အၾကည့္ခ်င္းဆုံသြားေတာ့သည္။
လက္ေထာက္နည္းျပ၏ လက္တစ္ဖက္က လုေပၚယြမ္၏အခန္းတံခါးဘုကို ကိုင္ထားဆဲျဖစ္ကာ က်န္း႐ုန္ကိုျမင္ေတာ့ သူလည္းလန္႔သြားၿပီး
“…..ဒီေလာက္အေစာႀကီး ႏိုးေနၿပီလား? ငါ့အသံတအားက်ယ္သြားလို႔ လန္႔ႏိုးလာတာလား?”
က်န္း႐ုန္ လက္ေထာက္နည္းျပလက္ထဲမွ ဂ်က္ကတ္ကို ၾကည့္လိုက္ၿပီးေနာက္ မ်က္ႏွာခ်င္းဆိုင္မွ အမည္းေရာင္အခန္းကို ၾကည့္လိုက္မိသည္။
“ဘာျဖစ္တာလဲ?”
လက္ေထာက္နည္းျပက ေခ်ာင္းဟမ့္လိုက္ၿပီး “ဘာမွမျဖစ္ပါဘူး။ အျပင္မွာ မိုးေတြ႐ြာေနေတာ့ အပူခ်ိန္က်ၿပီး ေအးလာလို႔ တင္းေကာက အေႏြးထည္တစ္ထည္ေလာက္ လာယူခိုင္းတာ”
က်န္း႐ုန္ စိတ္ထဲထင့္သြားၿပီး ေမးလိုက္သည္။
“ဘာေနရာကိုသြားပို႔ရမွာလဲ?”
“သူတို႔ရွိတဲ့ေနရာ….”
က်န္း႐ုန္ စိတ္မရွည္ေတာ့ဘဲ သူ႔ကို ျဖတ္ေျပာလိုက္ေတာ့၏။
“အခု သူတို႔ဘယ္ေနရာမွာရွိေနတာလဲ?”
မိနစ္(၃၀)အၾကာ၌ ေဆး႐ုံဝင္ေပါက္ေရွ႕တြင္ လုေပၚယြမ္၏ဂ်က္ကတ္ကိုကိုင္ထားလ်က္ က်န္း႐ုန္ ကားထဲမွထြက္လာသည္။
မနက္ေစာေစာျဖစ္ေသာ္လည္း ေဆး႐ုံကေတာ့ လူေတြရႈပ္ေနၿမဲ။ လက္ေထာက္နည္းျပက ကားပါကင္သြားထိုးေနတုန္း က်န္း႐ုန္က သူေျပာျပသည့္အတိုင္း ေလးထပ္ေျမာက္ကိုသြားၿပီး ေဆး႐ုံ၏ခြဲစိတ္ဌာနဆီ ဝင္သြားလိုက္၏။
လုေပၚယြမ္က အျပင္ဘက္ရွိ ခုံတန္းရွည္ေပၚတြင္ ထိုင္ေနေလသည္။
သူက ႏွာေခါင္းစည္းတပ္ထားကာ အက်ႌခပ္ပါးပါးကို ဝတ္ထားသည္။ သူ႔ေျခတံရွည္ေတြကို ေကြးထားတာ ျဖစ္သလိုထိုင္ေနၿပီး နံရံကိုမွီလ်က္ မ်က္စိမွိတ္ကာ အနားယူေနသည္။
လုေပၚယြမ္၏ ညာဘက္လက္ေကာက္ဝတ္မွ ပတ္တီးစကို ျမင္လိုက္ရခ်ိန္မွာေတာ့ သူ႔စိတ္ထဲဗလာက်င္းသြားၿပီး အေႏြးထည္ကို ရင္ခြင္ထဲ ပိုက္ထားလ်က္သားျဖင့္ ေနရာမွာတင္ ရပ္ေနမိေတာ့သည္။
___
T/N :
ဒီအပတ္အတြက္ ပထမအပိုင္းလာပါၿပီ။ ဒုတိယအပိုင္းကို ရက္ျခားၿပီးမွလိုခ်င္လား ဆက္တိုက္လိုခ်င္ၾကလား? တစ္ပတ္ႏွစ္ပိုင္းတင္ေပးမွာပါ♡