Story Of Kunning Palace (宁安如梦...

By EstherMay52

107K 9.2K 706

ကျန်းရွှယ်နင် ဟာ ​​လူကောင်းတစ်ယောက်မဟုတ် ဧကရီဘုရင်မဖြစ်လာဖို့ အတွက်နဲ့ သူမဟာ ပရိယာယ်မျိုးစုံနဲ့ နည်းလမ်းပေါင... More

နိဒါန်း
Description
အပိုင်း - ၁ နှင်းမြူလွှမ်းတဲ့ နေ့ရက်သာ
အပိုင်း -၂ ယန့်လင်း
အပိုင်း - ၃ အိမ်တော်သို့ အပြန်လမ်း
အပိုင်း - ၄ သခင်မလေး အဆင်ပြေတယ်
အပိုင်း - ၅ ရှဲ့ဝေ
အပိုင်း - ၆ ဆယ်ကျော်သက်ကာလက အမှတ်ရစရာ
အပိုင်း ၇ - ရှဲ့ဝေ နှင့် တွေ့ဆုံခြင်း။
အပိုင်း - ၈ ခေါင်ရမ်းပန်းပွင့်
အပိုင်း ၉ - ယိုစံအိမ်တော်မှ ဖိတ်ကြားလွှာ
အပိုင်း ၁၀ - ယိုဖန်ယင်း
အပိုင်း ၁၁ - တန်ပြန် စွမ်းရည်
အပိုင်း ၁၂ - ရွေးချယ်မှု
အပိုင်း ၁၃ - ချက်ကောင်း
အပိုင်း- ၁၄ ရှန်းကျိရိ
အပိုင်း - ၁၅ ကျိုးယင်းကျိ
အပိုင်း - ၁၆ တိုက်ခိုက်ခံရခြင်း
အပိုင်း -၁၇ ပြင်းထန်စွာတောက်လောင်သော ဖြူစင်မှု
အပိုင်း - ၁၈ စာဖတ်ဖော်
အပိုင်း -၁၉ စိတ်ပျက်စရာ
အပိုင်း -၂၀ ချင် တစ်လက် ရွေးချယ်ခြင်း
အပိုင်း -၂၁ ယိုဖန်ယင်းရဲ့ အလုပ်ရှင်
အပိုင်း -၂၂ မထိုက်တန်
အပိုင်း - ၂၃ နန်းတော်သို့ဝင်ခြင်း
အပိုင်း- ၂၄ ကွဲပြားစွာဆက်ဆံခြင်း
အပိုင်း -၂၅ မင်းသမီး၏လှစ်ဟလိုက်သော ကြေးမုံပြင်
အပိုင်း - ၂၆ နားမလည်နိုင်
အပိုင်း - ၂၇ ကျန်းကျယ်
အပိုင်း - ၂၈ စာမေးပွဲ
အပိုင်း - ၂၉ အသေးစိတ် အစီရင်ခံစာ
အပိုင်း -၃၀ အဖြေလွှာ
အပိုင်း - ၃၁ ဉာဏ်အလင်းရ
အပိုင်း - ၃၂ အက်ကွဲကြောင်းမှာ အလင်းဖြာ
အပိုင်း - ၃၃ သာယာသောနေ့တစ်နေ့
အပိုင်း - ၃၄ မုန်တိုင်းမဖြစ်မီ
အပိုင်း -၃၅ ကလဲ့စားချေခြင်း
အပိုင်း - ၃၆ ပြာပုံထဲမှ ထွက်လာသောမိန်းကလေး
အပိုင်း- ၃၇ စောင့်ရှောက်သူ နတ်သမီး
အပိုင်း - ၃၈ မိုးကြိုးသံတညံညံ
အပိုင်း - ၄၀ အတိတ်ဘဝ
အပိုင်း - ၄၁ အရက်နံ့
အပိုင်း -၄၂ ယိုဖန်ယင်းရဲ့ပြောင်းလဲမှု
အပိုင်း - ၄၃ ကျန်းကျယ်မှ စေ့စပ်ပွဲကို ဖျက်သိမ်းခြင်း
အပိုင်း - ၄၄ အပြောင်းအလဲများ
အပိုင်း ၄၅- မုန်းတီးမှုကို လှုံ့ဆော်ခြင်း။
အပိုင်း ၄၆ - အရှက်မဲ့သော နင်
အပိုင်း ၄၇ - ဝေးကွာဟန်ဆောင်ခြင်း
အပိုင်း ၄၈- ကျန့်ပေါင်
အပိုင်း- ၄၉ ပြဿနာ
အပိုင်း - ၅၀ အခွင့်အရေးကို အမိအရဆုပ်ကိုင်
အပိုင်း ၅၁ - ဖြောင့်မတ်သောကလေးများ၏ဂူသင်္ချိုင်း
အပိုင်း - ၅၂ အော်မိန်
အပိုင်း -၅၃ ချင်တီးခတ်တာ သင်ယူခြင်း
အပိုင်း -၅၄ အထူးတလည် အလေးပေးခြင်း
အပိုင်း - ၅၅ ငြင်းဆိုခြင်း
အပိုင်း ၅၆ - မရိုးဖြောင့်သောရည်ရွယ်ချက်
အပိုင်း - ၅၇ နှလုံးသားထဲက ချစ်ခင်နှစ်သက်ရသူ
အပိုင်း -၅၈ အထိန်းအကွပ်မဲ့ ပုံသဏ္ဍာန်ဆွဲအက္ခရာရေးသားနည်း
အပိုင်း - ၅၉ ပြဇာတ်က ကြည့်တာပေါ့
အပိုင်း - ၆၀ ကြောင်လေး
အပိုင်း -၆၁ မှားယွင်းမှု
အပိုင်း -၆၂ မာရ်နတ်သည် အမြင့် ဆယ်ပေရှိသည်
အပိုင်း -၆၃ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း
အပိုင်း -၆၄ နောက်တစ်ခါ ဒီလို မလုပ်တော့နဲ့
အပိုင်း -၆၅ ထောင်ချောက်ဆင်ခံရ
အပိုင်း -၆၆ အကြောင်းပြချက်များစွာဖြင့် ငြင်းဆိုခြင်း
အပိုင်း -၆၇ ပြန်လည်မွေးဖွားခြင်းလဲ ဖြစ်သည်
အပိုင်း -၆၈ အမှောင်နန်းတော်
အပိုင်း - ၆၉ သဘောကျတယ်၊ အရမ်း အရမ်းသဘောကျတယ်
အပိုင်း -၇၀ နှစ်တစ်နှစ်၏အဆုံးသည် နက်နဲပြီး အေးစက်လှသည်။
အပိုင်း -၇၁ ထန်းကျောက် ဂိုဏ်း
အပိုင်း -၇၂ အတိတ်က ဖြစ်ရပ်များ
အပိုင်း -၇၃ အစုရှယ်ယာ ရောင်းဝယ်ရေး
အပိုင်း -၇၄ အသစ်အဆန်း အပြောင်းအလဲတစ်ခု
အပိုင်း -၇၅ ကျန်းရွှယ်နင်ရဲ့ PTSD
အပိုင်း-၇၆ သားသမီး၀တ္တရား
အပိုင်း -၇၇ ခြိမ်းခြောက်ငွေညစ်ခြင်း
အပိုင်း-၇၈ နက်ရှိုင်းသောနန်းတော်မှာ တိတ်ဆိတ်ငြိမ်သက်လျက်
အပိုင်း -၇၉ နန်းတော်ဝတ်စုံ
အပိုင်း -၈၀ အိပ်ပျော်သွားခြင်း။
အပိုင်း -၈၁ ပျော်ရွှင်သွားအောင်
အပိုင်း -၈၂ နင်အာ
အပိုင်း -၈၃ မက်မွန်ပန်းကိတ် နှင့် အမွှေးအိတ်
အပိုင်း -၈၄ ဒေါသမီးတောက်လောင်ခြင်း
အပိုင်း -၈၅ စားသောက်ခြင်း
အပိုင်း -၈၆ မျှဝေခြင်း
အပိုင်း -၈၇ လွှင့်ပစ်လိုက်
အပိုင်း - ၈၈ ဓားနှင့်လူငယ်
အပိုင်း - ၈၉ ချယ်ရီပင်
အပိုင်း -၉၀ အနှစ်နှစ်ဆယ်ကြာ ဘေးကပ်ဆိုးကြီးပြီးဆုံးခြင်း
အပိုင်း - ၉၁ ဓားရေးစမ်းသပ်မှု
For Paid Group

အပိုင်း -၃၉ မိုးရေထဲတွင် ပြန်လည်ဆုံဆည်းခြင်း။

852 94 7
By EstherMay52

Unicode

ခွန်းနင်နန်းတော်ရာပုံပြင်

အပိုင်း -၃၉  မိုးရေထဲတွင် ပြန်လည်ဆုံဆည်းခြင်း။


ကျိုးယင်းကျိ ထွက်သွားလေသည် ။

သို့သော် ယန့်လင်းသည် စာကျက်ခန်းတွင် အချိန်အတော်ကြာ ထိုင်ကာ စဉ်းစားနေမိသည် ။

ချင်ဖုန်း  ပြန်ရောက်တဲ့အခါ အပြင်ကနေ

“ သခင်လေး၊ဟို မိုးမြင့်မျှော်စင်မှာ  … “

ယန့်လင်းက သူ့မျက်နှာကို လက်ဖဝါးနဲ့ အုပ်လိုက်ပြီး

“အဖေ ပြန်လာပြီလား”


ဟု မေးလာသည်။

ချင်ဖုန်း လန့်သွားပြီး “သခင်ကြီးက ချန်ချင်းအဆောင် မှာ ရှိပါတယ်”


လို့ ပြန်ဖြေလိုက်သည်။

ယန့်လင်းသည် မတ်တပ်ထရပ်ကာ စာဖတ်ခန်းမှ တည့်တည့် လျှောက်သွားပြီး ကျောက်တုံးများဖြင့် ပြည့်နေသော ရှည်လျားသော စင်္ကြံတစ်လျှောက်ရှိ ချန်ချင်းအဆောင်ဆီသို့ လျှောက်သွားသည်။

အပြင်မှာ မိုးသည်းစွာရွာသွန်းနေသည်။

စင်္ကြံထဲမှာ လမ်းလျှောက်နေတာတောင် လေ‌အေးကပင် လူကို  မိုးစက်ဖြင့် ပက်ဖြန်း နေနိုင်သည်။

ချင်ဖုန်း က တကယ်ကို ထိတ်လန့်နေမိသည်။  သူဘာ တွေ ဖြစ်‌နေမှန်း  သဘောမပေါက်ခင်  သခင်လေးက သူနှင့် ပေပေါင်းများစွာ အကွာအထိ  လမ်းလျှောက်သွားပြီဖြစ်တာကို သူမြင်လိုက်ရကာ  ထီးတစ်လက်ကို အမြန်ဆွဲပြီး သူ့သခင်နောက်ကို လိုက်သွားခဲ့လေသည် -


“ရှစ်ဇီ ၊ ထီး!”

ရုံယိနယ်စားအိမ်တော် ၏ ချန်ချင်းအဆောင် သည် လက်ရှိ ရုံယိနယ်စား  ယန့်မု  ၊ယန့်လင်း ၏ဖခင် နေထိုင်ရာနေရာဖြစ်သည်။

ယန့်လင်းချဉ်းကပ်လာသည်နှင့်တပြိုင်နက် အပြင်ဘက်ရှိ အိမ်‌ တော်ထိန်းအဖိုးကြီးသည် ပြုံးပြကာ စကားဆိုသည်-

“ရှစ်ဇီ လာပြီလား ။ ဒီလူအိုကြီး  ဝိုင်ကောင်းကောင်း နှစ်ပုလင်း ယူလာပေးတာ၊ သခင်ကြီး ပုလင်းကိုဖွင့်ပြီး မိုးရာသီမှာ အတူသောက်ဖို့ ဘယ်သူ့ကို ရှာရမလဲ စဉ်းစားနေတာ ၊ ရှစ်ဇီ လာတော့ အတော်ပဲ၊ သောက်ဖို့  အချိန်မီ သေးတယ် “

ယန့်လင်းက ဘာမှ ပြန်မဖြေဘဲ ရပ်လိုက်သည်။

အိမ်‌ တော်ထိန်းအဖိုးကြီးသည် ရုတ်တရက် မှင်တက်သွားကာ  အခန်းထဲ ၀င်သွားသည့် ယန့်လင်း ၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။ပြီးမှ  သခင်လေးနောက်လိုက်လာသော ချင်ဖုန်း ကို


“ဒီနေ့  ရှစ်ဇီ ဘာဖြစ်နေတာလဲ? ”

လို့ မေးလိုက်လေသည်  ။

ရုံယိနယ်စား  ယန့်မု  သည် ယခုအခါ အသက်လေးဆယ်ကျော်ရှိနေပြီဖြစ်ပြီး ခေါင်းပေါ်တွင် ဆံပင်ဖြူအချို့ရှိနေသော်လည်း အရမ်းကြီး ထင်ရှားပေါ်လွင်ခြင်းမရှိပေ။

ရုံယိနယ်စား  ယန့်မု သည် စစ်တပ်ထဲတွင် မွေးဖွားခဲ့ပြီး စစ်သားများကို ဦးဆောင်ကာ တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ ယခုအချိန် အထိပင်  သူ၏ ခန္ဓာကိုယ်နှင့် အရိုးများသည် အလွန်သန်မာနေသေးသည်။ သူ၏ မေးစေ့ရှိ မုတ်ဆိတ်မွေး သန်မာပြီး သူရဲကောင်း စိတ်ဓာတ်ပြင်းထန်ကာ ရဲရင့်တဲ့ ပုံသဏ္ဍာန်  ရှိပြီး မျက်ခုံးနှင့် မျက်လုံးများကြားတွင် သိုင်းပညာကောင်းမွန်တဲ့ ပုံစံမျိုး အနည်းငယ် ရှိသည်။ သူ၏ နဖူးတွင်လဲ မထင်ရှားလှသော အမာရွတ် တစ်ခုလည်း ရှိနေသည်။

ဒါတွေအားလုံးက စစ်ပွဲက ကျန်ရစ်တဲ့ လက်ရာများပင်။


ထိုအချိန်တွင် အိမ်‌ တော်ထိန်းအဖိုးကြီးပြောသည့်အတိုင်း ဝိုင်ပုလင်းကို ဖွင့် ဖောက်လိုက်သည် ။

စားပွဲပေါ်တွင် ဝိုင်နှင့်တွဲစားရန် အရံဟင်းအချို့ရှိသည်။

လတ်လတ်ဆတ်ဆတ်ဖွင့်ထားသော ဝိုင်ကို ဝိုင်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

ဝိုင်စပျစ်ရည်နှင့် အစားအစာ၏ရနံ့သည် စိုစွတ်သောလေထုထဲတွင် ပျံ့နှံ့နေသည်။

ယန့်လင်း ဝင်လာတာကိုမြင်တော့ သူက သူ့ရင်ဘတ်တွေ တုန်ခါသွားအောင် ရယ်မောပြီး   “ဒီနေ့ အပြင်ထွက်မယ် လို့ မပြောဘူးလား။ မင်း ဒီကို ဘာလို့ ရောက်နေတာလဲ၊ ဒီဝိုင်ကို စမ်းကြည့်ရအောင် ၊လာခဲ့ “


လို့ပြောလိုက်ရင်း ရုံယိနယ်စားကြီးက ယန့်လင်းကို  စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ညွှန်ပြသည်။

ယန့်လင်းက စားပွဲရှေ့မှာ ရပ်လိုက်ပြီး သူ့အဖေကို စေ့စေ့ငဲ့ကြည့်ရင်း တစ်ခုခုကို မျိုသိပ်ထားသလိုမျိုး သူ့နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် စေ့ထားကာ ဝိုင်တစ်ခွက်ကို ကောက်ယူဖို့ လက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်း သောက်လိုက်သည် ။

အရွယ်ရောက် အခမ်းအနားကျင်းပရန် နီးကပ်နေပြီဖြစ်သော လုလင်ပျို၏ လည်ချောင်းမှ အာဒံပန်းသီးသည် အပေါ်အောက် လူးလိမ့်သွားသည်။

အားပြင်းသောအရက်တစ်ခွက်သည်  လည်ချောင်းထဲသို့ မီးအပူကဲ့သို့ လောင်းချခံလိုက်ပြီး နှုတ်ခမ်းနှင့်သွားများမှ တစ်ဆင့် နှလုံးနှင့်အဆုတ်များအထိ တောက်လောင်သွားလေသည်။


“ခွမ်း “

ဆိုတဲ့ အသံနှင့်အတူ ဝိုင်ခွက်ကို ပြင်းပြင်းထန်ထန် ဆောင့် ချလိုက်သည်။

ရုံယိနယ်စားသည် သူ့သားကို ကောင်းကောင်းသိနားလည်ပြီး အပတ်တိုင်းနေ့ရက်တွေတိုင်းမှာ  သားဖြစ်သူက သူ့ကို အရာရာတိုင်းကို ပြောပြတတ်သည် ။ ကျန်းအိမ်တော်က ကောင်မလေးကို ဒီကောင်လေး ဘယ်လောက်တောင် သဘောကျလဲဆိုတာသူ  သိထားပေမယ့် ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူး ။

ဒီတော့ ဒီကောင်လေး  ဒုက္ခရောက်နေပြီဆိုတာ သိလိုက်ရတယ်။

ရုံယိနယ်စားက သူ့ကို အပေါ်အောက် ငုံ့ကြည့်ပြီး ရယ်မောလိုက်ပြီး

“ဘာလို့လဲ ငါ့သား ၊ မင်း ဟို ကလေးမလေး ရွှယ်နင် နဲ့ ရန်ဖြစ်ကြတာလား? “

ယန့်လင်းက မပြုံးပြသလို သူ့အဖေ့ဆီကနေ မျက်လုံးတွေ မလွှဲခဲ့

“အဖေ၊ အရှင်မင်းကြီးက ဖျင်နန်ဘုရင် ရဲ့တော်လှန်ပုန်ကန်မှုကိစ္စ စုံစမ်းစစ်ဆေးဖို့ တော်၀င်ကိုယ်ရံတော်ဌာနက လူတွေကို လွှတ်ထားတာ သိလား”

“……”

ဝိုင်ကို ထည့်ရန်  လှမ်းနေသော  ရုံယိနယ်စား၏ လှုပ်ရှားမှုက  ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို မော့ကာကြည့်‌လိုက်‌တော့ သားဖြစ်သူ ယန့်လင်း၏ စူးရှသော မျက်လုံးများကို တွေ့လိုက်ရသည်။ လူငယ်လေး၏ စူးရှသော မျက်လုံးများကြောင့် သူ့မှာ ဖုံးကွယ်ထားစရာ မရှိတော့ပေ။ သို့သော် သူ့သားစကား၏အဓိပ္ပါယ်ကို သေချာစဉ်းစားပြီးနောက် ရုံယိနယ်စားသည် ယခုအခိုက်အတန့်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။

အထိတ်တလန့်မရှိခဲ့။

အံ့သြစရာလည်း မရှိ။

ရုတ်တရက် ရယ်မောလိုက်ကာ အဓိပ္ပါယ်မဲ့ ရယ်စရာကောင်းတဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးရင်း  လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းကို ခါယမ်းလိုက်သည် ။သူ ပါးစပ်ကိုဖွင့်လိုက်တော့ ထိုအသံမှ  မုန်းတီးမှု ရူးသွပ်မှု တစ်မျိုး ခံစားလိုက်ရသည် -


“လာရမယ့်အရာက အမြဲလာမှာပါ! အနှစ်နှစ်ဆယ်ကြာသွားပြီ၊ ငါမေ့လို့မရသလို  ငါ့အပေါ် မကောင်းမှုတွေ လုပ်ခဲ့တဲ့သူတွေကိုလည်း မမေ့နိုင်ဘူး!  ဟားဟားဟား …”

ရုံယိနယ်စား သည်  ဖျင်နန်ဘုရင်၏ အကြွင်းအကျန်များနှင့် စာပေးစာယူ အဘယ်ကြောင့် ရှိနေရသနည်း။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖျင်နန်ဘုရင်သည်  ပုန်ကန်မှုကို ဦးဆောင်ကာ  မြို့တော်ကို တိုက်ခိုက်ပြီး နန်းတော်၌ ပုန်ကန်သောအခါတွင် ရုံယိနယ်စား သည်  ကရာဇ်မင်းမြတ်အပေါ် သစ္စာစောင့်သိဆဲဖြစ်ပြီး ပုန်ကန်မှုကို နှိမ်နင်းရန် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်မှာ ထင်ရှားပါသည်။

အတိတ်ဘဝတွင် အပြီးတိုင် မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိပါသေးသည်။


……..


ချိန်းထားသည့်အချိန်က ကြာမြင့်နေပြီဖြစ်သော်လည် ယန့်လင်းက မပေါ်လာသေး။

ကျန်းရွှယ်နင် ၏နှလုံးသားသည် တဖြည်းဖြည်း မိုးရေနဲ့အတူ  နစ်မြုပ်လာရသည်။

မူလက သူမအား နန်းတော်ထဲကို စာသင်ဖော်အဖြစ် မရွေးချယ်ရသေးပါက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကပင်  ယန့်လင်းအား ပြောပြမိခဲ့ပေလိမ့်မည်၊ သို့သော် ဤလူအုပ်စုလိုက်သည် စုစည်းမိသွားပြီး သူမ၏ အစီအစဉ်အားလုံးကို အနှောင့်အယှက်ပေးခဲ့သည်။ နန်းတော်တွင် လူများစွာရှိသဖြင့် ယန့်လင်းကို ပြောဖို့ မဖြစ်နိုင်ပေ။ ရှင်းရှင်းလင်းလင်းပြောဖို့ အခွင့်မသာ။

အခုလောက်ဆို  ယန့်လင်းလဲ  သိနေပြီမဟုတ်လား။

ကျန်းရွှယ်နင် ဒုတိယထပ်ရှိ သီးသန့်ခန်း၏ ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အပြင်ဘက် မိုးရေများကို ငေးကြည့်နေမိသည်။

မိုးရွာတာ ကြာပါပြီ ဖြစ်သည် ။

သည်းသည်းထန်ထန်ပင်

ကောင်းကင်သည် တရွေ့ရွေ့ မှောင်လာကာ မြို့တော်၏ နေရာတိုင်းတွင် မီးရောင်များ လင်းလက်လာသည်။ မှိန်ပျပျနှင့် နွေးထွေးသော အလင်းရောင်သည် အိမ်တိုင်း၏ ပြတင်းပေါက်များနှင့် အနီးအဝေးရှိ အဆောက်အဦးများကို လင်းထိန်စေသော်လည်း မိုးသည်းထန်စွာ ရွာနေကာ မြူမှုန်များကဲ့သို့ မှုန်ဝါးဝါး ဖြစ်နေသည်။

လေကလဲ တဖြည်းဖြည်း တိုးဝှေ့လာသည်။

ကျန်းရွှယ်နင်နောက်လိုက်လာသော ထန်အာ နှင့် လျန်အာ တို့သည် လေပြင်းများကိုမြင်သောအခါ အနည်းငယ်စိုးရိမ်သွားကြသည်။ ပြတင်းပေါက်ကို အရင်ပိတ်ရန် ခြေလှမ်းပြင်လိုက်ကြပြီး


“ယန့်ရှစ်ဇီ တစ်ခါမှ  နောက်မကျဖူးပါဘူး၊ တစ်ခုခု ကြောင့်များလား “

“သခင်မလေး မစောင့်တော့ရင် ကောင်းမယ် ၊ကျွန်မတို့အရင်ပြန်သွားလိုက်ရင်ရော  ဘယ်လိုလဲ”

ကျန်းရွှယ်နင် က


“မပိတ်နဲ့”

အသံက ပျော့ပျောင်းပေမယ့် သူမရဲ့ မျက်လုံးတွေက ပြတင်းပေါက်အပြင်ဘက်က တောက်ပြောင်တဲ့ မိုးရေတွေ  အပေါ် ကျဆင်းနေဆဲ။

လျန်အာ နှင့် ထန်အာ တို့သည် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ဒီနေ့ သခင်မလေး  နည်းနည်းထူးဆန်းတယ်လို့ ခံစားရ လေသည်။

အရင်ကဆို ယန့်ရှစ်ဇီ ကို အရင် ချိန်းဆိုဖို့ ဘယ်တော့မှ အစပြုမှာမဟုတ်တဲ့ သခင်မလေးက ယန့်ရှစ်ဇီကို အရင် စပြီး တွေ့ဆုံဖို့ ချိန်းခဲ့ပေမယ့် ဘယ်တော့မှ နောက်မကျ‌‌ လေ့မရှိတဲ့ ယန့်ရှစ်ဇီ က ဒီအချိန်ထိ  မရောက်လာသေး ။

ဒါပေမယ့် သူတို့ မေးခွန်းတွေ ထပ်မမေးရဲ။

ကျန်းရွှယ်နင် က ပြတင်းပေါက်ကို မပိတ်ဖို့ ပြောတာကြောင့် သူတို့ ဆန့်ထားတဲ့ လက်တွေကို ပြန်ရုတ်လိုက်ပြီး ပြတင်းပေါက်နားမှာ ရပ်မနေဖို့သာ  နှိုးဆော်သည်။


“သခင်မလေး ဘာလို့ အထဲကို ဝင်မထိုင်တာလဲ၊ ဒီအစေခံတွေ သခင်မလေးအစား  စောင့်ကြည့်ပေးပါ့မယ် ။ ယန့်ရှစ်ဇီ လာရင် ပြော ပေးပါ့မယ်၊ ပြတင်းပေါက်နားက လေက အရမ်းပြင်းတယ်၊ သခင်မလေးရဲ့ ခန္ဓာကိုယ်က နေလို့ ကောင်းတာ မဟုတ်ဘူး။  မတော်တဆ လေတိုက်လို့ အအေးပတ်သွားရင် ဒီအစေခံတွေ  ခံနိုင်မျာ မဟုတ်ပါဘူး။”

ကျန်းရွှယ်နင် က  တစ်ခွန်းမှ မကြားသလို တုပ်တုပ်မလှုပ်။

လျန်အာနှင့် ထန်အာ သည် သူမအား ဆွဲဆောင်နိုင်စွမ်းမရှိတော့ပါ။

သီးသန့်အခန်းသည် ရုတ်တရက် တိတ်ဆိတ်နေကာ ပတ်ဝန်းကျင်ရှိ ဆူဆူညံညံ မိုးသံများကိုသာ ကြားနေရပြီး အနီးနားရှိ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများမှ လူများ သောက်စား သောက်စားနေသံများက ရံဖန်ရံခါ ရောထွေးနေသည်။

မြင်းလှည်း မောင်းသံနှင့်အတူ မြင်းခွာသံများက မိုးအကာကို ထိုးဖောက်သွားသည်။

လျန်အာ နှင့် ထန်အာ တို့ ထိတ်လန့်သွားကြသည်။

ဒါပေမယ့် ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်တော့ ဒီမြင်းလှည်းဟာ ရုံယိနယ်စားစံအိမ်ရဲ့ မြင်းလှည်း မဟုတ်သလို မိုးမြင့် မျှော်စင် အဆောက်အဦးအောက်မှာ ရပ်ထားတာမဟုတ်ဘဲ လမ်းတစ်ဖက်ရှိ ရှီချန်ရွမ်းဘက် မှာ ရပ်ထားတာကို တွေ့လိုက်ရသည် ။ အစေခံတစ်ဦးသည် မြင်းလှည်းပေါ်မှ ဆင်းကာ ထီးကို လေးလေးစားစား ကိုင်ဆောင်ကာမြင်းလှည်းပေါ်ရှိ လူများကို ဆင်းရန်  ကြိုဆိုလိုက်သည်။

အစိမ်းရင့်ရောင် ၀တ်စုံကို ၀တ်ထားသောကာ မိုးရွာသောနေ့ကို မကြိုက်သလိုပင် မျက်မှောင်ကြုတ်လိုက်သည်။

သူ့မျက်နှာက တော်တော်ကြည့်ကောင်းပေမယ့် သူ့မျက်လုံးတွေက မှောင်မိုက်လွန်းသည်။

သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု အမြဲရှိနေပေမယ့် လူတွေကိုကြည့်တဲ့အခါ စိတ်ရင်းမှန်မဟုတ်သလို မွေးရာပါအေးစက်မှုမျိုးတောင် ရှိနေတယ်။

ကျန်းရွှယ်နင် က ပြတင်းပေါက်နားမှာ ရပ်နေပြီး သူ့ကို တစ်ချက်လောက် ကြည့်ရုံနဲ့ မှတ်မိသည် ။

ချန်ယင်း

ဒီမင်းဆက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အရာရှိတစ်ဦး၊ လက်ရှိ တရားရေးဝန်ကြီး၊  သူမရဲ့ယခင်ဘဝက ကျန်းကျယ် ကို သတ်လုနီးပါး ဖြစ်ခဲ့သူလည်း ဖြစ်သည်။ည

သူက ဘာလို့ဒီမှာရှိတာလဲ။

ကျန်းရွှယ်နင် လန့်သွားသည်။

ချန်ယင်း မြင်းလှည်းပေါ်ကဆင်းပြီးချင်း ရှီချန်ရွမ်း ထဲကို ၀င်သွားတာကို တွေ့လိုက်ရသည်။ ။ များမကြာမီ ဒုတိယထပ်ရှိ ပိတ်ထားသော ပြတင်းပေါက်တွင် ရွှင်မြူးစွာ နှုတ်ဆက်သံများ ထွက်ပေါ်လာသည်။  မိုးသံကာဆီး နေရင်တောင်မှ  ရဲ့ နွေးထွေးတဲ့နှုတ်ဆက်သံကို ကြားနိုင်‌လေသည်။

“  အရာရှိချန်  “

ထိုအချိန်တွင် စားပွဲထိုးသည် ဝင်လာပြီး ကျန်းရွှယ်နင် ကို လက်ဖက်ရည်ပူပူဖြင့် အစားထိုးပြင် ပေးသည်။

ထို့နောက် သူမက

“အရမ်းနောက်ကျနေပြီ၊ ပြီးတော့ မိုးကလဲ သည်းနေတယ် ၊ မင်းရဲ့ ဆိုင်မှာ ဘာ ဧည့်သည်မရှိဘူး၊ ဒါပေမယ့် ရှီချန်ရွမ်း ဆန့်ကျင်ဘက်ပဲ ၊ အလုပ်တွေရှုပ်ပြီး အသက်၀င်နေကြတယ်”

စားပွဲထိုးက ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပြီး  ရယ်မောရင်း

“ဟိုဘက်ဆိုင်က ပြစ်ဒဏ်စီရင်ရေးဌာနက အရာရှိချန် ကို နှုတ်ဆက်လိုက်တာ ကြားလိုက်တယ် ၊ ဒီ ပုံမှန်ပါပဲ ။ နောက်ဆုံး အကြိမ်တုန်းက အရာရှိချန်က  ကျွန်တော်ဆို့ ဆိုင်ကို လာခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီမှာ  ရှဲ့လူကြီးမင်း ချောင်းမြောက်း တိုက်ခိုက် ခံရတယ်လေ၊  အဲဒါနဲ့ပဲ အရာရှိချန်က ကံမကောင်း လို့ ထင်သွားတယ် ၊ အဲအချိန်ကစပြီး ရှီချန်ရွမ်းမှာပဲ တော့တာ “

အဲဒီလိုလား?

ကျန်းရွှယ်နင် ၏ မျက်လုံးများသည် တရွေ့ရွေ့ရွေ့လျားနေသော ပြတင်းပေါက်လိုက်ကာပေါ်တွင် စိုက်ကြည့်နေဆဲ။

ပြီးတော့ ပုံသဏ္ဍာန်တစ်ခု ချဉ်းကပ်လာသည်ကို မြင်တွေ့နိုင်သည်။

ထို့နောက် ရှီချန်ရွမ်းဘက်က‌နေ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရာ အခန်းတွင်းရှိ ဝိုင်နံ့နှင့် ရယ်မောသံကို ကြားမြင်လိုက်ရသည်။  ကျန်းရွှယ်နင် မှ ရှီချန်ရွမ်း အခန်းတွင်းဘက်ရှိ လူများ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုသောက်စားနေတာကို  အလွယ်တကူ မြင်‌ နေရသသည်။

သူမသည် အခြားသူများကို မြင်နိုင်ပြီး အခြားသူများလံ သူမကို မြင်နိုင်သည်ကို သိလိုက်ရတဲ့အခါ  ချက်ချင်း မျက်မှောင်ကြုတ်ကာ လျန်အာ ထန်အာ ကို ပြတင်းပေါက်ပိတ်ရန် တောင်းဆိုဟန်ပြင်သည်။


ဒါပေမယ့် သူမ လှည့်ရင်း  ပါးစပ်ကို ဖွင့်လိုက်တာနဲ့  ရှီချန်ရွမ်းဖက်က ပြတင်းပေါက်ကို  အပြည့်အ၀ ပွင့်လာပြီးနောက် မြင်ကွင်းတစ်ခုက ရုတ်တရက် ပန်းချီကားတစ်ချပ်လို ပြန်ပေါ်လာကာ  ကျန်းရွှယ်နင် အကြည့်က တိတ်ဆိတ်နေတဲ့ ထောင့်တစ်နေရာမှာ ငြိမ်သက်သွားခဲ့သည်။ ။

သူမ၏ နှလုံးသားသည် အနည်းငယ် တုန်ခါသွားကာ သူမ၏ ခန္ဓာကိုယ်သည် ခဏတာ တောင့်တင်းသွားပုံရသည်။ထို့ကြောင့် ထူးဆန်းသော မျှော်လင့်ချက်ဖြင့် သူမ နောက်တဖန် လှည့်ကြည့်ကာ ဆန့်ကျင်ဘက် ပြတင်းပေါက်ကို လှမ်းကြည့်မိပြန်သည်။

ရှီချန်ရွမ်း တွင် ဧည့်ခံပွဲတစ်ခုကျင်းပ နေခဲ့တာပသ်။ စားပွဲပေါ်တွင် ကျောက်စိမ်းပြားများနှင့် အဖိုးတန်ရတနာများ ပါ၀င်ပြီး စားပွဲဝိုင်းတွင် ထိုင်နေကြသူများမှာ နန်းတွင်းအရာရှိများဖြစ်သည်။

ချန်ယင်း ရောက်ရှိလာပြီးသည်နှင့် လူတိုင်းက ထိပ်ဆုံးသို့ ဖိတ်ခေါ်ခဲ့သည်။

စင်စစ်သော်ကား  ချန်ယင်းသည် ဤလူအုပ်စုတွင် အလွန်မြင့်မြတ်သော အရာရှိကြီးတစ်ဦးဖြစ်ပြီး ပြစ်ဒဏ်စီရင်ရေးဌာနက  အရာရှိတစ်ဦးလည်း ဖြစ်သည်။လူတိုင်းသည် ရယ်ရယ်မောမော ရယ်ရယ်မောမော သောက်ကြရင်း ဝိုင်ခွက်ကို မြှောက်ကာ မတ်တပ်ထရပ်ကြသည်။ အရမ်းအသက်ဝင်လှသည် ။

ဒီလိုနဲ့ပဲ သူမရဲ့ အကြည့်တွေက  တိတ်ဆိတ်တဲ့ ထောင့်က နေရာလွတ်မှာ ထပ်မံ ဝေ့ဝဲ နေပြန်းသာ်။

သို့သော်  ပြတင်းပေါက်ကန့်လန့်ကာဖြင့် ပိတ်ဆို့ထားသောကြောင့်  ကျန်းရွှယ်နင် သည် သူ၏ အနည်းငယ် တိမ်မြုပ်နေသော ပုံသဏ္ဌန်ကိုသာ မြင်နိုင်သည်။ အောက်ခြေ အရာရှိများ ဝတ်ဆင်လေ့ရှိသော ရေပြာရောင် လည်ပင်းဝိုင်းအင်္ကျီကို ၀တ်ဆင်ထားသည်။ လက်စွပ်နှစ်ခု ၀တ်ဆင်ထားတဲ့ လက်၊ သွယ်လျသောလက်ဖဝါးများက ဒူးဆစ်များ ပေါ် တင်ထားကာ လက်ချောင်းများဖြင့် ညင်သာစွာ ဖိထားသည်။

နောက်ကျောကို တည့်တည့်မတ်မတ်ထားပြီး ထိုင်ခုံအဝိုင်းပေါ်တွင်  ငြိမ်သက်စွာ ထိုင်နေသည်။

ကျန်းကျယ်သည် အဆက်မပြတ်ရွာသွန်းနေသောမိုးကို လှမ်းကြည့်လိုက်သည်။

အခန်း သက်ဝင်လှုပ်ရှားနေသော ဖျော်ဖြေရေးသည် သူ၏ အေးဆေးတည်ကြည်မှုနှင့် ဘာမှမဆိုင်ပုံရပြီး သူကို လုံး၀ မထိတွေ့နိုင်သလိုပင်။

လုံးဝရှင်းရှင်းလင်းလင်းမရှိသော အသွင်သဏ္ဌန်ကို တစ်ချက်ကြည့်လိုက်လျှင်ပင် ကျန်းရွှယ်နင် က သေချာသည်…

အဲဒါ သူပဲ

တခြား ဘယ်သူမှ ရှိမှာမဟုတ်ဘူး။

မိုးရေကို တိတ်တဆိတ်ကြည့်နေတဲ့  ဤအမူအရာသည် အချိန်အတော်ကြာပြီးနောက်မှာတောင်  သူမ၏မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားဆဲဖြစ်ပြီး မည်သည့်သဲလွန်စကိုမျှ ဖျောက်ဖျက်၍မရပေ။

ကျန်းလူကြီးမင်း ရှင်က မိုးရွာတာကို အရမ်းကြိုက် နေတုန်းပဲ…

ထိုအချိန်တွင် ကျန်းရွှယ်နင် သူမမျက်လုံးထဲမှ  မျက်ရည်များ စီးကျလာသည်။

ယခင်ဘဝက အရာအားလုံးသည် တခဏချင်း ပေါ်လာသည်။

မိုးသည်းထန်စွာရွာနေသည့် မဏ္ဍပ်အောက်တွင် သူသည် လှေကားထစ်များ၏ခြေရင်း၌ ရပ်ကာ လက်ကိုဆန့်တန်းပြီး သူမတမင်နင်းမိသော မိုးရေစက်များ စိုနေသည့်  သူ၏တရားဝင်အရာရှိ ၀တ်ရုံကို ဆုတ်ဖြဲပစ်သည်။

နေ့ခင်းဘက် ချန်ချင်နန်းဆောင်တွင် သူသည် သူမရှေ့တွင် ခေါင်းငိုက်စိုက်ချကာ မျက်လုံးကို ငုံ့ထားပြီး သူမ   မျက်လုံးများကို မကြည့်ဝံ့။

ရွှံ့ ပေနေသောလမ်းတွင်၊ ဒဏ်ရာရနေသောပခုံးကိုဖုံးကာ ရောင်ကိုင်းနေသောခြေဖဝါးဆီသို့ လက်ကိုဆန့်လိုက်သောအခါ၊သူ လည်ချောင်းမှ  အာဒံ၏ပန်းသီးသည် အနည်းငယ် အပေါ်အောက် လူးလှိမ့်ကာ သွေးများ မြေပြင်ပေါ်သို့ စီးကျနေပုံ။

……

သူ ဘာများမှားလို့လဲ၊ ဘာကြောင့် ဒီလိုလူကောင်းတစ်ယောက်ကို သူ့ဘာသာသူ နေတာကို   သူမ နှောင့်ယှက်မိရတာလဲ?

သူမ၏ နှလုံးသားထဲတွင် ပုန်းအောင်းနေသော မာရ်နတ်တစ်ပါး ရှိနေနိုင်ဖွယ်ရှိသည်။  သူမသည် အဖြူကို အနက်ရောင်ဆိုးချင်သည်၊ ကြည်လင်မှုကို နောက်ကျိသွားအောင် လုပ်လိုက်ချင်သည်၊ မြင့်မြတ်သော ခန်းမကြီးထဲတွင် ရပ်နေသော လူများကို ဆွဲချကာ ကမ္ဘာပေါ်ရှိ မီးရှူးမီးပန်းများလို နာကျင်မှုကို ခံစားရင်း
ပျော်ရွှင်ချင်သည်။

ဤနည်းဖြင့်သာ သူမ  ကျေနပ်နိုင်သည်။

အတိတ်ဘဝတွင် သူမသည် ယန့်လင်းကို အကြွေးတင်ခဲ့ကာယန့်လင်းသည် လက်စားချေမှု ဆယ်ဆဖြင့် ပြန်လာခဲ့သော်လည်း ကျန်းကျယ် အပေါ်  အကြွေးတင်ထားသည်ကိုတော့ သူမအသက်ကို စွန့်လွှတ်ခဲ့လျှင်ပင် ပြန်မဆပ်နိုင်သေးပေ။

ကျန်းကျယ်အတွက် သူမသည် သူ၏ ကြမ်းတမ်းသောဘဝတွင် မကျော်ဖြတ်နိုင်သော နတ်ဆိုးအတားအဆီးဖြစ်သည်။

သို့သော် ကျန်းကျယ်  သည် သူမ၏ နှလုံးသားထဲတွင် ဖုန်မှုန့်များဖုံးလွှမ်းနေသော၊ မသန့်ရှင်းသော မသန့်စင်သောမြေ၏ နောက်ဆုံးကွန်းခိုရာဖြစ်သည်။

သူမသည် ဧကရီမဟုတ်ပါက ဤလူကို  ‌တင်တောင်းငွေနှင့်လက်ထပ်မည်ဟု တွေးတောမိသည့် အချိန်အနည်းငယ်ရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့အဝတ်ပေါ်ရှိ ညစ်ညမ်းသော ဖုန်မှုန့်များကို ဖယ်ရှားရန် သူမရဲ့ အင်္ကျီလက်ကို မြှောက်ခဲ့သည်။  သူ့အတွက် တိုက်မိ၍လဲစရာ အပျက်အစီးအားလုံးကို ဖယ်ရှားပေးကာ လူကောင်းတစ်ယောက် ဖြစ်လာစေသည်။ ဒါမှသာ သူမ၏ ကရုဏာဖြင့် သူ့သည် ငြိမ်းချမ်းစွာ နေနိုင်မည်ဖြစ်သည်။

သို့သော် သူမသည် ဧကရီ ဖြစ်သည်။

လောကီဥစ္စာများဖြင့်  တိမ်မြုပ်နေသော နှလုံးသားသည် မိမိကိုယ်ကိုရော အခြားသူများကိုပါ ထိခိုက်စေခဲ့သည်။

ကျန်းရွှယ်နင် သည် ဆန့်ကျင်ဘက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ အမြင်အာရုံသည် တဖြည်းဖြည်း မှုန်ဝါးသွားလေသည်။  မိုးတဖွဲဖွဲကျလာခြင်းကြောင့်လား သို့မဟုတ် မျက်ရည်များဝဲနေသလားမသိ…

တစ်စုံတစ်ယောက်သည် ရှီချန်ရွမ်း အောက်ထပ်မှ အမြန်တက်သွားသည်။

ပြတင်းပေါက်ကန်လန့်ကာအောက်တွင် အချိန်အတော်ကြာ ထိုင်နေသော ကျန်းကျယ်  သည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။

ထိုလူက သူ့ကို တစ်ခုခုပြောပြီး ခေါင်းညိတ်ကာ မတ်တပ်ထရပ်ရင်း အခြားသူများကို နှုတ်ဆက်ပြီး တံခါးဖွင့် သူတို့မျက်နှာကို မကြည့်ဘဲ ထွက်လာခဲ့သည်။

အောက်ထပ်ကို ဆင်းလာ‌ သောအခါ ရှီချန်ရွမ်း၏ စားပွဲထိုးသည် တံခါးရှေ့တွင် ထီးတစ်လက်ကို ပေးလိုက်သည်။သူယူသွားပြီး နက်ပြာရောင်ဆီစက္ကူထီးကို လှပ်ကာ  ဖွင့်လိုက်သည်။

ထီး၏အစွန်းကို မြင့်တင်လိုက်သောအခါ ထီးအောက်တွင် နက်နဲသောအသွင်အပြင်ရှိသော မျက်နှာအပြင် ထီးအောက်ရှိ မျက်နှာပြင်မှ ထင်ရှားသော မေးရိုး ၊ တင်းတင်းကျပ်ကျပ် နှုတ်ခမ်းလွှာ၊ ဖြောင့်စင်းသော နှာတံတံတား၊ ငြိမ်သက်ကျဉ်းမြောင်းသော မျက်မှောင်ကြုတ်ထားသည့် မျက်လုံးများအထိ   … ပေါ်ထွက်လာသည်။

ကျန်းကျယ် တစ်ခုခုကို ခံစားလိုက်ရသလို သူ့မျက်လုံးများကို မော့ကြည့်လိုက်တယ်။

ဒီတော့  တစ်စုံတစ်ခုနဲ့  လေးလေးနက်နက် ထိပ်တိုက်တွေ့သွားလေသည်။ ။

မိုးရွာနေတဲ့ အချိန် မီးခိုးရောင် ကန့်လန့်ကာ နဲ့ ရှည်လျားတဲ့လမ်းဘေးမှာ သူမဟာ အပေါ်ထပ်ပြတင်းပေါက်မှာရပ်နေပြီး သူကတော့ အောက်ထပ်က လှေကားထစ်တွေမှာ ရှိနေသည်။

ကျန်းရွှယ်နင်၏ မျက်လုံးများသည်  သတိမထားမိဘဲ မျက်ရည်တစ်စက် ကျလာသည်။

ထီးထိပ်ပေါ်မှ မိုးအေးတစ်စက် ကျလာပြီး ကျန်းကျယ်၏လက်ဖဝါးပေါ်သို့  ညင်သာစွာ ကျဆင်းလာသည်။

တံဆိပ်တစ်ခု ခတ်နှိပ်ခံထားရသလိုပင်။

ထိုချောမောလှပသော မိန်းကလေးသည် ခန္ဓာကိုယ် ယိမ်းယိုင်ခြင်းမရှိ ၊ ဖြူစင်ပြီး နူးညံ့သိမ်မွေ့လွန်းကာ  မိုးသည်းထန်စွာရွာနေတာကို ပြတင်းပေါက်တွင် ရပ်ပြီး   သူ့လိုပဲ  တူညီသော  မျက်လုံးတစ်စုံဖြင့်ကြည့်နေသည်။

ဒီအချိန်မှာ ထီးကို ကိုင်ထားတဲ့  ကျန်းကျယ်ရဲ့ လက်ချောင်းတွေက တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်မိသည်။


ဒါပေမယ့်   လှေကားထစ်မှာပင် ရပ်တန့်နေကာ လမ်းလျှောက်ခြင်း ဒါမှမဟုတ် ထူးထူးခြားခြား လှုပ်ရှားခြင်း မရှိခဲ့။  ကျန်းကျယ် အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် သူ့အကြည့်တွေကို လျှော့ပြီး လှေကားထစ်တွေအတိုင်း လျှောက်သွားကာ  သူ၏လျှို့ဝှက်ချက်အားလုံးကို ဖုံးကွယ်ထားရင်း ကျန်းရွယ်နင်ရဲ့ အမြင် အောက်မှာပဲ ထီးကိုဖွင့်ကာ တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။



ကျန်းရွှယ်နင်ရဲ့  စိတ်ထဲမှာ တွေးနေမိတာကတော့
ဘာမှ မဖြစ်သေးတာ  ကောင်းတယ်ဟုပင်


Translated By Esther May
လိုအပ်တာရှိရင် ထောက်ပြပေးပါနော်


ခြန္းနင္နန္းေတာ္ရာပုံျပင္

အပိုင္း -၃၉  မိုးေရထဲတြင္ ျပန္လည္ဆုံဆည္းျခင္း။


က်ိဳးယင္းက်ိ ထြက္သြားေလသည္ ။

သို႔ေသာ္ ယန္႔လင္းသည္ စာက်က္ခန္းတြင္ အခ်ိန္အေတာ္ၾကာ ထိုင္ကာ စဥ္းစားေနမိသည္ ။

ခ်င္ဖုန္း  ျပန္ေရာက္တဲ့အခါ အျပင္ကေန

“ သခင္ေလး၊ဟို မိုးျမင့္ေမွ်ာ္စင္မွာ  … “

ယန္႔လင္းက သူ႔မ်က္ႏွာကို လက္ဖဝါးနဲ႔ အုပ္လိုက္ၿပီး

“အေဖ ျပန္လာၿပီလား”


ဟု ေမးလာသည္။

ခ်င္ဖုန္း လန႔္သြားၿပီး “သခင္ႀကီးက ခ်န္ခ်င္းအေဆာင္ မွာ ရွိပါတယ္”


လို႔ ျပန္ေျဖလိုက္သည္။

ယန္႔လင္းသည္ မတ္တပ္ထရပ္ကာ စာဖတ္ခန္းမွ တည့္တည့္ ေလွ်ာက္သြားၿပီး ေက်ာက္တုံးမ်ားျဖင့္ ျပည့္ေနေသာ ရွည္လ်ားေသာ စႀကႍတစ္ေလွ်ာက္ရွိ ခ်န္ခ်င္းအေဆာင္ဆီသို႔ ေလွ်ာက္သြားသည္။

အျပင္မွာ မိုးသည္းစြာ႐ြာသြန္းေနသည္။

စႀကႍထဲမွာ လမ္းေလွ်ာက္ေနတာေတာင္ ေလ‌ေအးကပင္ လူကို  မိုးစက္ျဖင့္ ပက္ျဖန္း ေနႏိုင္သည္။

ခ်င္ဖုန္း က တကယ္ကို ထိတ္လန႔္ေနမိသည္။  သူဘာ ေတြ ျဖစ္‌ေနမွန္း  သေဘာမေပါက္ခင္  သခင္ေလးက သူႏွင့္ ေပေပါင္းမ်ားစြာ အကြာအထိ  လမ္းေလွ်ာက္သြားၿပီျဖစ္တာကို သူျမင္လိုက္ရကာ  ထီးတစ္လက္ကို အျမန္ဆြဲၿပီး သူ႔သခင္ေနာက္ကို လိုက္သြားခဲ့ေလသည္ -


“ရွစ္ဇီ ၊ ထီး!”

႐ုံယိနယ္စားအိမ္ေတာ္ ၏ ခ်န္ခ်င္းအေဆာင္ သည္ လက္ရွိ ႐ုံယိနယ္စား  ယန႔္မု  ၊ယန႔္လင္း ၏ဖခင္ ေနထိုင္ရာေနရာျဖစ္သည္။

ယန္႔လင္းခ်ဥ္းကပ္လာသည္ႏွင့္တၿပိဳင္နက္ အျပင္ဘက္ရွိ အိမ္‌ ေတာ္ထိန္းအဖိုးႀကီးသည္ ၿပဳံးျပကာ စကားဆိုသည္-

“ရွစ္ဇီ လာၿပီလား ။ ဒီလူအိုႀကီး  ဝိုင္ေကာင္းေကာင္း ႏွစ္ပုလင္း ယူလာေပးတာ၊ သခင္ႀကီး ပုလင္းကိုဖြင့္ၿပီး မိုးရာသီမွာ အတူေသာက္ဖို႔ ဘယ္သူ႔ကို ရွာရမလဲ စဥ္းစားေနတာ ၊ ရွစ္ဇီ လာေတာ့ အေတာ္ပဲ၊ ေသာက္ဖို႔  အခ်ိန္မီ ေသးတယ္ “

ယန္႔လင္းက ဘာမွ ျပန္မေျဖဘဲ ရပ္လိုက္သည္။

အိမ္‌ ေတာ္ထိန္းအဖိုးႀကီးသည္ ႐ုတ္တရက္ မွင္တက္သြားကာ  အခန္းထဲ ၀င္သြားသည့္ ယန႔္လင္း ၏ ေနာက္ေက်ာကို တစ္ခ်က္ၾကည့္လိုက္သည္။ၿပီးမွ  သခင္ေလးေနာက္လိုက္လာေသာ ခ်င္ဖုန္း ကို


“ဒီေန႔  ရွစ္ဇီ ဘာျဖစ္ေနတာလဲ? ”

လို႔ ေမးလိုက္ေလသည္  ။

႐ုံယိနယ္စား  ယန႔္မု  သည္ ယခုအခါ အသက္ေလးဆယ္ေက်ာ္ရွိေနၿပီျဖစ္ၿပီး ေခါင္းေပၚတြင္ ဆံပင္ျဖဴအခ်ိဳ႕ရွိေနေသာ္လည္း အရမ္းႀကီး ထင္ရွားေပၚလြင္ျခင္းမရွိေပ။

႐ုံယိနယ္စား  ယန႔္မု သည္ စစ္တပ္ထဲတြင္ ေမြးဖြားခဲ့ၿပီး စစ္သားမ်ားကို ဦးေဆာင္ကာ တိုက္ပြဲမ်ား ဆင္ႏႊဲခဲ့သည္။ ယခုအခ်ိန္ အထိပင္  သူ၏ ခႏၶာကိုယ္ႏွင့္ အ႐ိုးမ်ားသည္ အလြန္သန္မာေနေသးသည္။ သူ၏ ေမးေစ့ရွိ မုတ္ဆိတ္ေမြး သန္မာၿပီး သူရဲေကာင္း စိတ္ဓာတ္ျပင္းထန္ကာ ရဲရင့္တဲ့ ပုံသ႑ာန္  ရွိၿပီး မ်က္ခုံးႏွင့္ မ်က္လုံးမ်ားၾကားတြင္ သိုင္းပညာေကာင္းမြန္တဲ့ ပုံစံမ်ိဳး အနည္းငယ္ ရွိသည္။ သူ၏ နဖူးတြင္လဲ မထင္ရွားလွေသာ အမာ႐ြတ္ တစ္ခုလည္း ရွိေနသည္။

ဒါေတြအားလုံးက စစ္ပြဲက က်န္ရစ္တဲ့ လက္ရာမ်ားပင္။


ထိုအခ်ိန္တြင္ အိမ္‌ ေတာ္ထိန္းအဖိုးႀကီးေျပာသည့္အတိုင္း ဝိုင္ပုလင္းကို ဖြင့္ ေဖာက္လိုက္သည္ ။

စားပြဲေပၚတြင္ ဝိုင္ႏွင့္တြဲစားရန္ အရံဟင္းအခ်ိဳ႕ရွိသည္။

လတ္လတ္ဆတ္ဆတ္ဖြင့္ထားေသာ ဝိုင္ကို ဝိုင္ခြက္ထဲသို႔ ေလာင္းထည့္လိုက္သည္။

ဝိုင္စပ်စ္ရည္ႏွင့္ အစားအစာ၏ရနံ႔သည္ စိုစြတ္ေသာေလထုထဲတြင္ ပ်ံ႕ႏွံ႔ေနသည္။

ယန္႔လင္း ဝင္လာတာကိုျမင္ေတာ့ သူက သူ႔ရင္ဘတ္ေတြ တုန္ခါသြားေအာင္ ရယ္ေမာၿပီး   “ဒီေန႔ အျပင္ထြက္မယ္ လို႔ မေျပာဘူးလား။ မင္း ဒီကို ဘာလို႔ ေရာက္ေနတာလဲ၊ ဒီဝိုင္ကို စမ္းၾကည့္ရေအာင္ ၊လာခဲ့ “


လို႔ေျပာလိုက္ရင္း ႐ုံယိနယ္စားႀကီးက ယန႔္လင္းကို  စားပြဲေပၚရွိ ဝိုင္ခြက္ကို ၫႊန္ျပသည္။

ယန္႔လင္းက စားပြဲေရွ႕မွာ ရပ္လိုက္ၿပီး သူ႔အေဖကို ေစ့ေစ့ငဲ့ၾကည့္ရင္း တစ္ခုခုကို မ်ိဳသိပ္ထားသလိုမ်ိဳး သူ႔ႏႈတ္ခမ္းေတြကို တင္းတင္းက်ပ္က်ပ္ ေစ့ထားကာ ဝိုင္တစ္ခြက္ကို ေကာက္ယူဖို႔ လက္ကို ေျမႇာက္လိုက္ၿပီး တစ္က်ိဳက္တည္း ေသာက္လိုက္သည္ ။

အ႐ြယ္ေရာက္ အခမ္းအနားက်င္းပရန္ နီးကပ္ေနၿပီျဖစ္ေသာ လုလင္ပ်ိဳ၏ လည္ေခ်ာင္းမွ အာဒံပန္းသီးသည္ အေပၚေအာက္ လူးလိမ့္သြားသည္။

အားျပင္းေသာအရက္တစ္ခြက္သည္  လည္ေခ်ာင္းထဲသို႔ မီးအပူကဲ့သို႔ ေလာင္းခ်ခံလိုက္ၿပီး ႏႈတ္ခမ္းႏွင့္သြားမ်ားမွ တစ္ဆင့္ ႏွလုံးႏွင့္အဆုတ္မ်ားအထိ ေတာက္ေလာင္သြားေလသည္။


“ခြမ္း “

ဆိုတဲ့ အသံႏွင့္အတူ ဝိုင္ခြက္ကို ျပင္းျပင္းထန္ထန္ ေဆာင့္ ခ်လိုက္သည္။

႐ုံယိနယ္စားသည္ သူ႔သားကို ေကာင္းေကာင္းသိနားလည္ၿပီး အပတ္တိုင္းေန႔ရက္ေတြတိုင္းမွာ  သားျဖစ္သူက သူ႔ကို အရာရာတိုင္းကို ေျပာျပတတ္သည္ ။ က်န္းအိမ္ေတာ္က ေကာင္မေလးကို ဒီေကာင္ေလး ဘယ္ေလာက္ေတာင္ သေဘာက်လဲဆိုတာသူ  သိထားေပမယ့္ ဒီလိုပုံစံမ်ိဳး တစ္ခါမွ မျမင္ဖူး ။

ဒီေတာ့ ဒီေကာင္ေလး  ဒုကၡေရာက္ေနၿပီဆိုတာ သိလိုက္ရတယ္။

႐ုံယိနယ္စားက သူ႔ကို အေပၚေအာက္ ငုံ႔ၾကည့္ၿပီး ရယ္ေမာလိုက္ၿပီး

“ဘာလို႔လဲ ငါ့သား ၊ မင္း ဟို ကေလးမေလး ႐ႊယ္နင္ နဲ႔ ရန္ျဖစ္ၾကတာလား? “

ယန္႔လင္းက မၿပဳံးျပသလို သူ႔အေဖ့ဆီကေန မ်က္လုံးေတြ မလႊဲခဲ့

“အေဖ၊ အရွင္မင္းႀကီးက ဖ်င္နန္ဘုရင္ ရဲ႕ေတာ္လွန္ပုန္ကန္မႈကိစၥ စုံစမ္းစစ္ေဆးဖို႔ ေတာ္၀င္ကိုယ္ရံေတာ္ဌာနက လူေတြကို လႊတ္ထားတာ သိလား”

“……”

ဝိုင္ကို ထည့္ရန္  လွမ္းေနေသာ  ႐ုံယိနယ္စား၏ လႈပ္ရွားမႈက  ႐ုတ္တရက္ ရပ္တန႔္သြားၿပီး ေခါင္းကို ေမာ့ကာၾကည့္‌လိုက္‌ေတာ့ သားျဖစ္သူ ယန္႔လင္း၏ စူးရွေသာ မ်က္လုံးမ်ားကို ေတြ႕လိုက္ရသည္။ လူငယ္ေလး၏ စူးရွေသာ မ်က္လုံးမ်ားေၾကာင့္ သူ႔မွာ ဖုံးကြယ္ထားစရာ မရွိေတာ့ေပ။ သို႔ေသာ္ သူ႔သားစကား၏အဓိပၸါယ္ကို ေသခ်ာစဥ္းစားၿပီးေနာက္ ႐ုံယိနယ္စားသည္ ယခုအခိုက္အတန႔္တြင္ တစ္စုံတစ္ခုကို ႐ုတ္တရက္ သေဘာေပါက္သြားသည္။

အထိတ္တလန႔္မရွိခဲ့။

အံ့ၾသစရာလည္း မရွိ။

႐ုတ္တရက္ ရယ္ေမာလိုက္ကာ အဓိပၸါယ္မဲ့ ရယ္စရာေကာင္းတဲ့ အတိတ္က အျဖစ္အပ်က္ေတြကို ျပန္ေတြးရင္း  လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ေခါင္းကို ခါယမ္းလိုက္သည္ ။သူ ပါးစပ္ကိုဖြင့္လိုက္ေတာ့ ထိုအသံမွ  မုန္းတီးမႈ ႐ူးသြပ္မႈ တစ္မ်ိဳး ခံစားလိုက္ရသည္ -


“လာရမယ့္အရာက အၿမဲလာမွာပါ! အႏွစ္ႏွစ္ဆယ္ၾကာသြားၿပီ၊ ငါေမ့လို႔မရသလို  ငါ့အေပၚ မေကာင္းမႈေတြ လုပ္ခဲ့တဲ့သူေတြကိုလည္း မေမ့ႏိုင္ဘူး!  ဟားဟားဟား …”

႐ုံယိနယ္စား သည္  ဖ်င္နန္ဘုရင္၏ အႂကြင္းအက်န္မ်ားႏွင့္ စာေပးစာယူ အဘယ္ေၾကာင့္ ရွိေနရသနည္း။

လြန္ခဲ့ေသာ အႏွစ္ႏွစ္ဆယ္က ဖ်င္နန္ဘုရင္သည္  ပုန္ကန္မႈကို ဦးေဆာင္ကာ  ၿမိဳ႕ေတာ္ကို တိုက္ခိုက္ၿပီး နန္းေတာ္၌ ပုန္ကန္ေသာအခါတြင္ ႐ုံယိနယ္စား သည္  ကရာဇ္မင္းျမတ္အေပၚ သစၥာေစာင့္သိဆဲျဖစ္ၿပီး ပုန္ကန္မႈကို ႏွိမ္နင္းရန္ ႀကီးမားေသာ ပံ့ပိုးကူညီမႈမ်ား ျပဳလုပ္ခဲ့သည္မွာ ထင္ရွားပါသည္။

အတိတ္ဘဝတြင္ အၿပီးတိုင္ မေျဖရွင္းႏိုင္ေသာ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈမ်ား ရွိပါေသးသည္။


……..


ခ်ိန္းထားသည့္အခ်ိန္က ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္ ယန္႔လင္းက မေပၚလာေသး။

က်န္း႐ႊယ္နင္ ၏ႏွလုံးသားသည္ တျဖည္းျဖည္း မိုးေရနဲ႔အတူ  နစ္ျမဳပ္လာရသည္။

မူလက သူမအား နန္းေတာ္ထဲကို စာသင္ေဖာ္အျဖစ္ မေ႐ြးခ်ယ္ရေသးပါက လြန္ခဲ့သည့္ ရက္အနည္းငယ္ကတည္းကပင္  ယန႔္လင္းအား ေျပာျပမိခဲ့ေပလိမ့္မည္၊ သို႔ေသာ္ ဤလူအုပ္စုလိုက္သည္ စုစည္းမိသြားၿပီး သူမ၏ အစီအစဥ္အားလုံးကို အေႏွာင့္အယွက္ေပးခဲ့သည္။ နန္းေတာ္တြင္ လူမ်ားစြာရွိသျဖင့္ ယန႔္လင္းကို ေျပာဖို႔ မျဖစ္ႏိုင္ေပ။ ရွင္းရွင္းလင္းလင္းေျပာဖို႔ အခြင့္မသာ။

အခုေလာက္ဆို  ယန္႔လင္းလဲ  သိေနၿပီမဟုတ္လား။

က်န္း႐ႊယ္နင္ ဒုတိယထပ္ရွိ သီးသန႔္ခန္း၏ ျပတင္းေပါက္ေရွ႕တြင္ ရပ္ကာ အျပင္ဘက္ မိုးေရမ်ားကို ေငးၾကည့္ေနမိသည္။

မိုး႐ြာတာ ၾကာပါၿပီ ျဖစ္သည္ ။

သည္းသည္းထန္ထန္ပင္

ေကာင္းကင္သည္ တေ႐ြ႕ေ႐ြ႕ ေမွာင္လာကာ ၿမိဳ႕ေတာ္၏ ေနရာတိုင္းတြင္ မီးေရာင္မ်ား လင္းလက္လာသည္။ မွိန္ပ်ပ်ႏွင့္ ေႏြးေထြးေသာ အလင္းေရာင္သည္ အိမ္တိုင္း၏ ျပတင္းေပါက္မ်ားႏွင့္ အနီးအေဝးရွိ အေဆာက္အဦးမ်ားကို လင္းထိန္ေစေသာ္လည္း မိုးသည္းထန္စြာ ႐ြာေနကာ ျမဴမႈန္မ်ားကဲ့သို႔ မႈန္ဝါးဝါး ျဖစ္ေနသည္။

ေလကလဲ တျဖည္းျဖည္း တိုးေဝွ႔လာသည္။

က်န္း႐ႊယ္နင္ေနာက္လိုက္လာေသာ ထန္အာ ႏွင့္ လ်န္အာ တို႔သည္ ေလျပင္းမ်ားကိုျမင္ေသာအခါ အနည္းငယ္စိုးရိမ္သြားၾကသည္။ ျပတင္းေပါက္ကို အရင္ပိတ္ရန္ ေျခလွမ္းျပင္လိုက္ၾကၿပီး


“ယန႔္ရွစ္ဇီ တစ္ခါမွ  ေနာက္မက်ဖူးပါဘူး၊ တစ္ခုခု ေၾကာင့္မ်ားလား “

“သခင္မေလး မေစာင့္ေတာ့ရင္ ေကာင္းမယ္ ၊ကြၽန္မတို႔အရင္ျပန္သြားလိုက္ရင္ေရာ  ဘယ္လိုလဲ”

က်န္း႐ႊယ္နင္ က


“မပိတ္နဲ႔”

အသံက ေပ်ာ့ေပ်ာင္းေပမယ့္ သူမရဲ႕ မ်က္လုံးေတြက ျပတင္းေပါက္အျပင္ဘက္က ေတာက္ေျပာင္တဲ့ မိုးေရေတြ  အေပၚ က်ဆင္းေနဆဲ။

လ်န္အာ ႏွင့္ ထန္အာ တို႔သည္ ခ်က္ခ်င္းပင္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္မိၾကသည္။

ဒီေန႔ သခင္မေလး  နည္းနည္းထူးဆန္းတယ္လို႔ ခံစားရ ေလသည္။

အရင္ကဆို ယန႔္ရွစ္ဇီ ကို အရင္ ခ်ိန္းဆိုဖို႔ ဘယ္ေတာ့မွ အစျပဳမွာမဟုတ္တဲ့ သခင္မေလးက ယန႔္ရွစ္ဇီကို အရင္ စၿပီး ေတြ႕ဆုံဖို႔ ခ်ိန္းခဲ့ေပမယ့္ ဘယ္ေတာ့မွ ေနာက္မက်‌‌ ေလ့မရွိတဲ့ ယန႔္ရွစ္ဇီ က ဒီအခ်ိန္ထိ  မေရာက္လာေသး ။

ဒါေပမယ့္ သူတို႔ ေမးခြန္းေတြ ထပ္မေမးရဲ။

က်န္း႐ႊယ္နင္ က ျပတင္းေပါက္ကို မပိတ္ဖို႔ ေျပာတာေၾကာင့္ သူတို႔ ဆန႔္ထားတဲ့ လက္ေတြကို ျပန္႐ုတ္လိုက္ၿပီး ျပတင္းေပါက္နားမွာ ရပ္မေနဖို႔သာ  ႏႈိးေဆာ္သည္။


“သခင္မေလး ဘာလို႔ အထဲကို ဝင္မထိုင္တာလဲ၊ ဒီအေစခံေတြ သခင္မေလးအစား  ေစာင့္ၾကည့္ေပးပါ့မယ္ ။ ယန႔္ရွစ္ဇီ လာရင္ ေျပာ ေပးပါ့မယ္၊ ျပတင္းေပါက္နားက ေလက အရမ္းျပင္းတယ္၊ သခင္မေလးရဲ႕ ခႏၶာကိုယ္က ေနလို႔ ေကာင္းတာ မဟုတ္ဘူး။  မေတာ္တဆ ေလတိုက္လို႔ အေအးပတ္သြားရင္ ဒီအေစခံေတြ  ခံႏိုင္မ်ာ မဟုတ္ပါဘူး။”

က်န္း႐ႊယ္နင္ က  တစ္ခြန္းမွ မၾကားသလို တုပ္တုပ္မလႈပ္။

လ်န္အာႏွင့္ ထန္အာ သည္ သူမအား ဆြဲေဆာင္ႏိုင္စြမ္းမရွိေတာ့ပါ။

သီးသန႔္အခန္းသည္ ႐ုတ္တရက္ တိတ္ဆိတ္ေနကာ ပတ္ဝန္းက်င္ရွိ ဆူဆူညံညံ မိုးသံမ်ားကိုသာ ၾကားေနရၿပီး အနီးနားရွိ စားေသာက္ဆိုင္မ်ားႏွင့္ တည္းခိုခန္းမ်ားမွ လူမ်ား ေသာက္စား ေသာက္စားေနသံမ်ားက ရံဖန္ရံခါ ေရာေထြးေနသည္။

ျမင္းလွည္း ေမာင္းသံႏွင့္အတူ ျမင္းခြာသံမ်ားက မိုးအကာကို ထိုးေဖာက္သြားသည္။

လ်န္အာ ႏွင့္ ထန္အာ တို႔ ထိတ္လန႔္သြားၾကသည္။

ဒါေပမယ့္ ျပတင္းေပါက္ကေန ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ ဒီျမင္းလွည္းဟာ ႐ုံယိနယ္စားစံအိမ္ရဲ႕ ျမင္းလွည္း မဟုတ္သလို မိုးျမင့္ ေမွ်ာ္စင္ အေဆာက္အဦးေအာက္မွာ ရပ္ထားတာမဟုတ္ဘဲ လမ္းတစ္ဖက္ရွိ ရွီခ်န္႐ြမ္းဘက္ မွာ ရပ္ထားတာကို ေတြ႕လိုက္ရသည္ ။ အေစခံတစ္ဦးသည္ ျမင္းလွည္းေပၚမွ ဆင္းကာ ထီးကို ေလးေလးစားစား ကိုင္ေဆာင္ကာျမင္းလွည္းေပၚရွိ လူမ်ားကို ဆင္းရန္  ႀကိဳဆိုလိုက္သည္။

အစိမ္းရင့္ေရာင္ ၀တ္စုံကို ၀တ္ထားေသာကာ မိုး႐ြာေသာေန႔ကို မႀကိဳက္သလိုပင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

သူ႔မ်က္ႏွာက ေတာ္ေတာ္ၾကည့္ေကာင္းေပမယ့္ သူ႔မ်က္လုံးေတြက ေမွာင္မိုက္လြန္းသည္။

သူ႔ႏႈတ္ခမ္းေထာင့္မွာ အၿပဳံးတစ္ခု အၿမဲရွိေနေပမယ့္ လူေတြကိုၾကည့္တဲ့အခါ စိတ္ရင္းမွန္မဟုတ္သလို ေမြးရာပါေအးစက္မႈမ်ိဳးေတာင္ ရွိေနတယ္။

က်န္း႐ႊယ္နင္ က ျပတင္းေပါက္နားမွာ ရပ္ေနၿပီး သူ႔ကို တစ္ခ်က္ေလာက္ ၾကည့္႐ုံနဲ႔ မွတ္မိသည္ ။

ခ်န္ယင္း

ဒီမင္းဆက္မွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ အရာရွိတစ္ဦး၊ လက္ရွိ တရားေရးဝန္ႀကီး၊  သူမရဲ႕ယခင္ဘဝက က်န္းက်ယ္ ကို သတ္လုနီးပါး ျဖစ္ခဲ့သူလည္း ျဖစ္သည္။ည

သူက ဘာလို႔ဒီမွာရွိတာလဲ။

က်န္း႐ႊယ္နင္ လန႔္သြားသည္။

ခ်န္ယင္း ျမင္းလွည္းေပၚကဆင္းၿပီးခ်င္း ရွီခ်န္႐ြမ္း ထဲကို ၀င္သြားတာကို ေတြ႕လိုက္ရသည္။ ။ မ်ားမၾကာမီ ဒုတိယထပ္ရွိ ပိတ္ထားေသာ ျပတင္းေပါက္တြင္ ႐ႊင္ျမဴးစြာ ႏႈတ္ဆက္သံမ်ား ထြက္ေပၚလာသည္။  မိုးသံကာဆီး ေနရင္ေတာင္မွ  ရဲ႕ ေႏြးေထြးတဲ့ႏႈတ္ဆက္သံကို ၾကားႏိုင္‌ေလသည္။

“  အရာရွိခ်န္  “

ထိုအခ်ိန္တြင္ စားပြဲထိုးသည္ ဝင္လာၿပီး က်န္း႐ႊယ္နင္ ကို လက္ဖက္ရည္ပူပူျဖင့္ အစားထိုးျပင္ ေပးသည္။

ထို႔ေနာက္ သူမက

“အရမ္းေနာက္က်ေနၿပီ၊ ၿပီးေတာ့ မိုးကလဲ သည္းေနတယ္ ၊ မင္းရဲ႕ ဆိုင္မွာ ဘာ ဧည့္သည္မရွိဘူး၊ ဒါေပမယ့္ ရွီခ်န္႐ြမ္း ဆန႔္က်င္ဘက္ပဲ ၊ အလုပ္ေတြရႈပ္ၿပီး အသက္၀င္ေနၾကတယ္”

စားပြဲထိုးက ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္ၿပီး  ရယ္ေမာရင္း

“ဟိုဘက္ဆိုင္က ျပစ္ဒဏ္စီရင္ေရးဌာနက အရာရွိခ်န္ ကို ႏႈတ္ဆက္လိုက္တာ ၾကားလိုက္တယ္ ၊ ဒီ ပုံမွန္ပါပဲ ။ ေနာက္ဆုံး အႀကိမ္တုန္းက အရာရွိခ်န္က  ကြၽန္ေတာ္ဆို႔ ဆိုင္ကို လာခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒီမွာ  ရွဲ႕လူႀကီးမင္း ေခ်ာင္းေျမာက္း တိုက္ခိုက္ ခံရတယ္ေလ၊  အဲဒါနဲ႔ပဲ အရာရွိခ်န္က ကံမေကာင္း လို႔ ထင္သြားတယ္ ၊ အဲအခ်ိန္ကစၿပီး ရွီခ်န္႐ြမ္းမွာပဲ ေတာ့တာ “

အဲဒီလိုလား?

က်န္း႐ႊယ္နင္ ၏ မ်က္လုံးမ်ားသည္ တေ႐ြ႕ေ႐ြ႕ေ႐ြ႕လ်ားေနေသာ ျပတင္းေပါက္လိုက္ကာေပၚတြင္ စိုက္ၾကည့္ေနဆဲ။

ၿပီးေတာ့ ပုံသ႑ာန္တစ္ခု ခ်ဥ္းကပ္လာသည္ကို ျမင္ေတြ႕ႏိုင္သည္။

ထို႔ေနာက္ ရွီခ်န္႐ြမ္းဘက္က‌ေန ျပတင္းေပါက္ကို တြန္းဖြင့္လိုက္ရာ အခန္းတြင္းရွိ ဝိုင္နံ႔ႏွင့္ ရယ္ေမာသံကို ၾကားျမင္လိုက္ရသည္။  က်န္း႐ႊယ္နင္ မွ ရွီခ်န္႐ြမ္း အခန္းတြင္းဘက္ရွိ လူမ်ား တစ္ေယာက္ႏွင့္တစ္ေယာက္ ေျပာဆိုေသာက္စားေနတာကို  အလြယ္တကူ ျမင္‌ ေနရသသည္။

သူမသည္ အျခားသူမ်ားကို ျမင္ႏိုင္ၿပီး အျခားသူမ်ားလံ သူမကို ျမင္ႏိုင္သည္ကို သိလိုက္ရတဲ့အခါ  ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္ကာ လ်န္အာ ထန္အာ ကို ျပတင္းေပါက္ပိတ္ရန္ ေတာင္းဆိုဟန္ျပင္သည္။


ဒါေပမယ့္ သူမ လွည့္ရင္း  ပါးစပ္ကို ဖြင့္လိုက္တာနဲ႔  ရွီခ်န္႐ြမ္းဖက္က ျပတင္းေပါက္ကို  အျပည့္အ၀ ပြင့္လာၿပီးေနာက္ ျမင္ကြင္းတစ္ခုက ႐ုတ္တရက္ ပန္းခ်ီကားတစ္ခ်ပ္လို ျပန္ေပၚလာကာ  က်န္း႐ႊယ္နင္ အၾကည့္က တိတ္ဆိတ္ေနတဲ့ ေထာင့္တစ္ေနရာမွာ ၿငိမ္သက္သြားခဲ့သည္။ ။

သူမ၏ ႏွလုံးသားသည္ အနည္းငယ္ တုန္ခါသြားကာ သူမ၏ ခႏၶာကိုယ္သည္ ခဏတာ ေတာင့္တင္းသြားပုံရသည္။ထို႔ေၾကာင့္ ထူးဆန္းေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ သူမ ေနာက္တဖန္ လွည့္ၾကည့္ကာ ဆန႔္က်င္ဘက္ ျပတင္းေပါက္ကို လွမ္းၾကည့္မိျပန္သည္။

ရွီခ်န္႐ြမ္း တြင္ ဧည့္ခံပြဲတစ္ခုက်င္းပ ေနခဲ့တာပသ္။ စားပြဲေပၚတြင္ ေက်ာက္စိမ္းျပားမ်ားႏွင့္ အဖိုးတန္ရတနာမ်ား ပါ၀င္ၿပီး စားပြဲဝိုင္းတြင္ ထိုင္ေနၾကသူမ်ားမွာ နန္းတြင္းအရာရွိမ်ားျဖစ္သည္။

ခ်န္ယင္း ေရာက္ရွိလာၿပီးသည္ႏွင့္ လူတိုင္းက ထိပ္ဆုံးသို႔ ဖိတ္ေခၚခဲ့သည္။

စင္စစ္ေသာ္ကား  ခ်န္ယင္းသည္ ဤလူအုပ္စုတြင္ အလြန္ျမင့္ျမတ္ေသာ အရာရွိႀကီးတစ္ဦးျဖစ္ၿပီး ျပစ္ဒဏ္စီရင္ေရးဌာနက  အရာရွိတစ္ဦးလည္း ျဖစ္သည္။လူတိုင္းသည္ ရယ္ရယ္ေမာေမာ ရယ္ရယ္ေမာေမာ ေသာက္ၾကရင္း ဝိုင္ခြက္ကို ေျမႇာက္ကာ မတ္တပ္ထရပ္ၾကသည္။ အရမ္းအသက္ဝင္လွသည္ ။

ဒီလိုနဲ႔ပဲ သူမရဲ႕ အၾကည့္ေတြက  တိတ္ဆိတ္တဲ့ ေထာင့္က ေနရာလြတ္မွာ ထပ္မံ ေဝ့ဝဲ ေနျပန္းသာ္။

သို႔ေသာ္  ျပတင္းေပါက္ကန္႔လန္႔ကာျဖင့္ ပိတ္ဆို႔ထားေသာေၾကာင့္  က်န္း႐ႊယ္နင္ သည္ သူ၏ အနည္းငယ္ တိမ္ျမဳပ္ေနေသာ ပုံသဏၭန္ကိုသာ ျမင္ႏိုင္သည္။ ေအာက္ေျခ အရာရွိမ်ား ဝတ္ဆင္ေလ့ရွိေသာ ေရျပာေရာင္ လည္ပင္းဝိုင္းအက်ႌကို ၀တ္ဆင္ထားသည္။ လက္စြပ္ႏွစ္ခု ၀တ္ဆင္ထားတဲ့ လက္၊ သြယ္လ်ေသာလက္ဖဝါးမ်ားက ဒူးဆစ္မ်ား ေပၚ တင္ထားကာ လက္ေခ်ာင္းမ်ားျဖင့္ ညင္သာစြာ ဖိထားသည္။

ေနာက္ေက်ာကို တည့္တည့္မတ္မတ္ထားၿပီး ထိုင္ခုံအဝိုင္းေပၚတြင္  ၿငိမ္သက္စြာ ထိုင္ေနသည္။

က်န္းက်ယ္သည္ အဆက္မျပတ္႐ြာသြန္းေနေသာမိုးကို လွမ္းၾကည့္လိုက္သည္။

အခန္း သက္ဝင္လႈပ္ရွားေနေသာ ေဖ်ာ္ေျဖေရးသည္ သူ၏ ေအးေဆးတည္ၾကည္မႈႏွင့္ ဘာမွမဆိုင္ပုံရၿပီး သူကို လုံး၀ မထိေတြ႕ႏိုင္သလိုပင္။

လုံးဝရွင္းရွင္းလင္းလင္းမရွိေသာ အသြင္သဏၭန္ကို တစ္ခ်က္ၾကည့္လိုက္လွ်င္ပင္ က်န္း႐ႊယ္နင္ က ေသခ်ာသည္…

အဲဒါ သူပဲ

တျခား ဘယ္သူမွ ရွိမွာမဟုတ္ဘူး။

မိုးေရကို တိတ္တဆိတ္ၾကည့္ေနတဲ့  ဤအမူအရာသည္ အခ်ိန္အေတာ္ၾကာၿပီးေနာက္မွာေတာင္  သူမ၏မွတ္ဉာဏ္ထဲတြင္ နက္နက္ရႈိင္းရႈိင္း ထြင္းထုထားဆဲျဖစ္ၿပီး မည္သည့္သဲလြန္စကိုမွ် ေဖ်ာက္ဖ်က္၍မရေပ။

က်န္းလူႀကီးမင္း ရွင္က မိုး႐ြာတာကို အရမ္းႀကိဳက္ ေနတုန္းပဲ…

ထိုအခ်ိန္တြင္ က်န္း႐ႊယ္နင္ သူမမ်က္လုံးထဲမွ  မ်က္ရည္မ်ား စီးက်လာသည္။

ယခင္ဘဝက အရာအားလုံးသည္ တခဏခ်င္း ေပၚလာသည္။

မိုးသည္းထန္စြာ႐ြာေနသည့္ မ႑ပ္ေအာက္တြင္ သူသည္ ေလွကားထစ္မ်ား၏ေျခရင္း၌ ရပ္ကာ လက္ကိုဆန႔္တန္းၿပီး သူမတမင္နင္းမိေသာ မိုးေရစက္မ်ား စိုေနသည့္  သူ၏တရားဝင္အရာရွိ ၀တ္႐ုံကို ဆုတ္ၿဖဲပစ္သည္။

ေန႔ခင္းဘက္ ခ်န္ခ်င္နန္းေဆာင္တြင္ သူသည္ သူမေရွ႕တြင္ ေခါင္းငိုက္စိုက္ခ်ကာ မ်က္လုံးကို ငုံ႔ထားၿပီး သူမ   မ်က္လုံးမ်ားကို မၾကည့္ဝံ့။

႐ႊံ႕ ေပေနေသာလမ္းတြင္၊ ဒဏ္ရာရေနေသာပခုံးကိုဖုံးကာ ေရာင္ကိုင္းေနေသာေျခဖဝါးဆီသို႔ လက္ကိုဆန႔္လိုက္ေသာအခါ၊သူ လည္ေခ်ာင္းမွ  အာဒံ၏ပန္းသီးသည္ အနည္းငယ္ အေပၚေအာက္ လူးလွိမ့္ကာ ေသြးမ်ား ေျမျပင္ေပၚသို႔ စီးက်ေနပုံ။

……

သူ ဘာမ်ားမွားလို႔လဲ၊ ဘာေၾကာင့္ ဒီလိုလူေကာင္းတစ္ေယာက္ကို သူ႔ဘာသာသူ ေနတာကို   သူမ ေႏွာင့္ယွက္မိရတာလဲ?

သူမ၏ ႏွလုံးသားထဲတြင္ ပုန္းေအာင္းေနေသာ မာရ္နတ္တစ္ပါး ရွိေနႏိုင္ဖြယ္ရွိသည္။  သူမသည္ အျဖဴကို အနက္ေရာင္ဆိုးခ်င္သည္၊ ၾကည္လင္မႈကို ေနာက္က်ိသြားေအာင္ လုပ္လိုက္ခ်င္သည္၊ ျမင့္ျမတ္ေသာ ခန္းမႀကီးထဲတြင္ ရပ္ေနေသာ လူမ်ားကို ဆြဲခ်ကာ ကမာၻေပၚရွိ မီးရႉးမီးပန္းမ်ားလို နာက်င္မႈကို ခံစားရင္း
ေပ်ာ္႐ႊင္ခ်င္သည္။

ဤနည္းျဖင့္သာ သူမ  ေက်နပ္ႏိုင္သည္။

အတိတ္ဘဝတြင္ သူမသည္ ယန႔္လင္းကို အေႂကြးတင္ခဲ့ကာယန႔္လင္းသည္ လက္စားေခ်မႈ ဆယ္ဆျဖင့္ ျပန္လာခဲ့ေသာ္လည္း က်န္းက်ယ္ အေပၚ  အေႂကြးတင္ထားသည္ကိုေတာ့ သူမအသက္ကို စြန႔္လႊတ္ခဲ့လွ်င္ပင္ ျပန္မဆပ္ႏိုင္ေသးေပ။

က်န္းက်ယ္အတြက္ သူမသည္ သူ၏ ၾကမ္းတမ္းေသာဘဝတြင္ မေက်ာ္ျဖတ္ႏိုင္ေသာ နတ္ဆိုးအတားအဆီးျဖစ္သည္။

သို႔ေသာ္ က်န္းက်ယ္  သည္ သူမ၏ ႏွလုံးသားထဲတြင္ ဖုန္မႈန႔္မ်ားဖုံးလႊမ္းေနေသာ၊ မသန႔္ရွင္းေသာ မသန႔္စင္ေသာေျမ၏ ေနာက္ဆုံးကြန္းခိုရာျဖစ္သည္။

သူမသည္ ဧကရီမဟုတ္ပါက ဤလူကို  ‌တင္ေတာင္းေငြႏွင့္လက္ထပ္မည္ဟု ေတြးေတာမိသည့္ အခ်ိန္အနည္းငယ္ရွိခဲ့သည္။ ထိုအခ်ိန္မွစ၍ သူ႔အဝတ္ေပၚရွိ ညစ္ညမ္းေသာ ဖုန္မႈန႔္မ်ားကို ဖယ္ရွားရန္ သူမရဲ႕ အက်ႌလက္ကို ေျမႇာက္ခဲ့သည္။  သူ႔အတြက္ တိုက္မိ၍လဲစရာ အပ်က္အစီးအားလုံးကို ဖယ္ရွားေပးကာ လူေကာင္းတစ္ေယာက္ ျဖစ္လာေစသည္။ ဒါမွသာ သူမ၏ က႐ုဏာျဖင့္ သူ႔သည္ ၿငိမ္းခ်မ္းစြာ ေနႏိုင္မည္ျဖစ္သည္။

သို႔ေသာ္ သူမသည္ ဧကရီ ျဖစ္သည္။

ေလာကီဥစၥာမ်ားျဖင့္  တိမ္ျမဳပ္ေနေသာ ႏွလုံးသားသည္ မိမိကိုယ္ကိုေရာ အျခားသူမ်ားကိုပါ ထိခိုက္ေစခဲ့သည္။

က်န္း႐ႊယ္နင္ သည္ ဆန႔္က်င္ဘက္ဘက္သို႔ လွမ္းၾကည့္လိုက္ရာ သူမ၏ အျမင္အာ႐ုံသည္ တျဖည္းျဖည္း မႈန္ဝါးသြားေလသည္။  မိုးတဖြဲဖြဲက်လာျခင္းေၾကာင့္လား သို႔မဟုတ္ မ်က္ရည္မ်ားဝဲေနသလားမသိ…

တစ္စုံတစ္ေယာက္သည္ ရွီခ်န္႐ြမ္း ေအာက္ထပ္မွ အျမန္တက္သြားသည္။

ျပတင္းေပါက္ကန္လန္႔ကာေအာက္တြင္ အခ်ိန္အေတာ္ၾကာ ထိုင္ေနေသာ က်န္းက်ယ္  သည္ ေနာက္ဆုံးတြင္ လႈပ္ရွားလာခဲ့သည္။

ထိုလူက သူ႔ကို တစ္ခုခုေျပာၿပီး ေခါင္းညိတ္ကာ မတ္တပ္ထရပ္ရင္း အျခားသူမ်ားကို ႏႈတ္ဆက္ၿပီး တံခါးဖြင့္ သူတို႔မ်က္ႏွာကို မၾကည့္ဘဲ ထြက္လာခဲ့သည္။

ေအာက္ထပ္ကို ဆင္းလာ‌ ေသာအခါ ရွီခ်န္႐ြမ္း၏ စားပြဲထိုးသည္ တံခါးေရွ႕တြင္ ထီးတစ္လက္ကို ေပးလိုက္သည္။သူယူသြားၿပီး နက္ျပာေရာင္ဆီစကၠဴထီးကို လွပ္ကာ  ဖြင့္လိုက္သည္။

ထီး၏အစြန္းကို ျမင့္တင္လိုက္ေသာအခါ ထီးေအာက္တြင္ နက္နဲေသာအသြင္အျပင္ရွိေသာ မ်က္ႏွာအျပင္ ထီးေအာက္ရွိ မ်က္ႏွာျပင္မွ ထင္ရွားေသာ ေမး႐ိုး ၊ တင္းတင္းက်ပ္က်ပ္ ႏႈတ္ခမ္းလႊာ၊ ေျဖာင့္စင္းေသာ ႏွာတံတံတား၊ ၿငိမ္သက္က်ဥ္းေျမာင္းေသာ မ်က္ေမွာင္ၾကဳတ္ထားသည့္ မ်က္လုံးမ်ားအထိ   … ေပၚထြက္လာသည္။

က်န္းက်ယ္ တစ္ခုခုကို ခံစားလိုက္ရသလို သူ႔မ်က္လုံးမ်ားကို ေမာ့ၾကည့္လိုက္တယ္။

ဒီေတာ့  တစ္စုံတစ္ခုနဲ႔  ေလးေလးနက္နက္ ထိပ္တိုက္ေတြ႕သြားေလသည္။ ။

မိုး႐ြာေနတဲ့ အခ်ိန္ မီးခိုးေရာင္ ကန႔္လန႔္ကာ နဲ႔ ရွည္လ်ားတဲ့လမ္းေဘးမွာ သူမဟာ အေပၚထပ္ျပတင္းေပါက္မွာရပ္ေနၿပီး သူကေတာ့ ေအာက္ထပ္က ေလွကားထစ္ေတြမွာ ရွိေနသည္။

က်န္း႐ႊယ္နင္၏ မ်က္လုံးမ်ားသည္  သတိမထားမိဘဲ မ်က္ရည္တစ္စက္ က်လာသည္။

ထီးထိပ္ေပၚမွ မိုးေအးတစ္စက္ က်လာၿပီး က်န္းက်ယ္၏လက္ဖဝါးေပၚသို႔  ညင္သာစြာ က်ဆင္းလာသည္။

တံဆိပ္တစ္ခု ခတ္ႏွိပ္ခံထားရသလိုပင္။

ထိုေခ်ာေမာလွပေသာ မိန္းကေလးသည္ ခႏၶာကိုယ္ ယိမ္းယိုင္ျခင္းမရွိ ၊ ျဖဴစင္ၿပီး ႏူးညံ့သိမ္ေမြ႕လြန္းကာ  မိုးသည္းထန္စြာ႐ြာေနတာကို ျပတင္းေပါက္တြင္ ရပ္ၿပီး   သူ႔လိုပဲ  တူညီေသာ  မ်က္လုံးတစ္စုံျဖင့္ၾကည့္ေနသည္။

ဒီအခ်ိန္မွာ ထီးကို ကိုင္ထားတဲ့  က်န္းက်ယ္ရဲ႕ လက္ေခ်ာင္းေတြက တင္းတင္းက်ပ္က်ပ္ ဆုပ္ထားလိုက္မိသည္။


ဒါေပမယ့္   ေလွကားထစ္မွာပင္ ရပ္တန႔္ေနကာ လမ္းေလွ်ာက္ျခင္း ဒါမွမဟုတ္ ထူးထူးျခားျခား လႈပ္ရွားျခင္း မရွိခဲ့။  က်န္းက်ယ္ အခ်ိန္အၾကာႀကီး စိုက္ၾကည့္ၿပီးေနာက္ သူ႔အၾကည့္ေတြကို ေလွ်ာ့ၿပီး ေလွကားထစ္ေတြအတိုင္း ေလွ်ာက္သြားကာ  သူ၏လွ်ိဳ႕ဝွက္ခ်က္အားလုံးကို ဖုံးကြယ္ထားရင္း က်န္း႐ြယ္နင္ရဲ႕ အျမင္ ေအာက္မွာပဲ ထီးကိုဖြင့္ကာ တျဖည္းျဖည္း ထြက္ခြာသြားခဲ့သည္။



က်န္း႐ႊယ္နင္ရဲ႕  စိတ္ထဲမွာ ေတြးေနမိတာကေတာ့
ဘာမွ မျဖစ္ေသးတာ  ေကာင္းတယ္ဟုပင္


Translated By Esther May
လိုအပ္တာရွိရင္ ေထာက္ျပေပးပါေနာ္


Continue Reading

You'll Also Like

119K 10.1K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
71.6K 7.2K 99
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
1M 187K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL
1.9M 337K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...