ရွှေအဆင့်နည်းပြ

Von Swae_Nyoe

121K 14.4K 126

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... Mehr

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း
💥ပရိုမိုးရှင်းနောက်ဆုံးရက်💥

Part 27

1.2K 165 0
Von Swae_Nyoe

Chapter 27: ပိုင်ဖန်း၏ရွေးချယ်မှု

ပိုင်ဖန်းသည် ကျန်းရှောင်ယွီပေါ် ပြေးဖက်ရသည်ကို တကယ်ပင်နှစ်သက်သည်။ ACE သည်အနိုင်ဖြင့် ကစားပွဲကို အဆုံးသတ်သွားသည့်အချိန်တိုင်း ရှောင်းပိုင်သည် ကျန်းရှောင်ယွီအား ဖက်ရန် စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ပြောလိမ့်မည်။ "ဆရာကအရမ်းမိုက်တဲ့ပုံနဲ့ ဆော့ခဲ့တာပဲ" သူတို့ရှုံးခဲ့လျှင် သူသည် ကျန်းရှောင်ယွီဆီပြေးကာ ဖက်ရင်း ပြောလိမ့်မည်။ "ဆရာ ကိစ္စမရှိဘူး။ ဆရာတို့နောက်တစ်ခါ နိုင်မှာပါ"

ကျန်းရှောင်ယွီသည် လူများနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့ခြင်းကို မကြိုက်သော်လည်း သူသည် သူ၏တပည့်လေးအား ရိုင်းပျ၍မရပေ။

သူသည် သူ့တပည့်ငယ်၏ ချစ်စရာကောင်းသောအကြည့်အား တွေ့သည့်အခါတိုင်း သူသည် ပုံရိပ်တစ်ခုကို မတွေးဘဲမနေနိုင်ပေ...

၎င်းသည် သူ၏ပိုင်ရှင်အား အမြီးလှုပ်ပြနေသော ခွေးကလေးတစ်ကောင်၏ ပုံရိပ်ပင်ဖြစ်သည်။

ကျန်းရှောင်ယွီသည် ဤကဲ့သို့ တွေးလိမ့်မည်။ 'ဘာလို့ဂရုစိုက်ရမှာလဲ။ ရှောင်းပိုင်က ကလေးပဲရှိသေးတော့ ချွဲတာမျိုးက ပုံမှန်ပဲလေ။ သူကသူ့မိဘတွေဆီကနေ ငယ်ငယ်လေးနဲ့ ထွက်လာပြီး အဝေးတစ်နေရာမှာ လူငယ်လေ့ကျင့်သူဖြစ်ဖို့ သွားခဲ့တာပဲ။ သူ့ဆရာအနေနဲ့ သူ့ကိုပိုပြီးတောါ ဂရုစိုက်ရမှာမှန်တယ်'

ထို့ကြောင့် ကျန်းရှောင်ယွီ၏ ဖူးဖူးမှုတမထားမှုအောက် ရှောင်းပိုင်၏ သူ၏သခင်ကိုပြေးဖက်သည့် လှုပ်ရှားမှုမှာ ပို၍ပင် ကျွမ်းကျင်လာခဲ့သည်။

သို့သော် ထိုအခါက အခြေအနေမှာ အခုနှင့် လုံးဝကွာခြားသည်။ ထိုအချိန်၌ ကျန်းရှောင်ယွီသည် မခွဲခြားသေးကာ ပိုင်ဖန်းသည်လည်း ငယ်ရွယ်သည့်ဆယ်ကျော်သက်တစ်ယောက်သာဖြစ်သည်။ သူ၏သခင်ကိုဖက်ထားသော တပည့်မှာ အခြားသူများ၏မျက်လုံးများတွင် သာမန်ဖြစ်နေပြီး ဆရာနှင့်တပည့်ကြား ခံစားချက်များမှာ ပို၍မိသားစုသဖွယ်ရင်းနှီးမှုမျိုး ဖြစ်နေခဲ့သည်။

ယခု ကျန်းရှောင်ယွီသည် အိုမီဂါအဖြစ် ခွဲခြားခံရကာ ပိုင်ဖန်းသည် လူကြီးအယ်လ်ဖာဖြစ်နေခဲ့သည်...

သူသည် အယ်လ်ဖာ၏လက်မောင်းများထဲ ရောက်သွားသောအခါ ကျန်းရှောင်ယွီ၏နောက်ကျောမှာ တောင့်တင်းသွားကာ သူ၏ခန္ဓာကိုယ်ထဲမှ အပေါက်များအားလုံးမှာ စိတ်မသက်သာသည့် စာများပို့ဆောင်နေခဲ့သည်။

သူသည် အိုမီဂါအဖြစ်ခွဲခြားပြီးနောက် အယ်လ်ဖာနှင့် အလွန်နီးကပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူသည်တစ်ဖက်လူမှ ဖက်ခြင်းကိုခံနေရသည်။

ပိုင်ဖန်းပေါ်မှ ဖယ်ရိုမုန်းများမှာ ဖုံးလွှမ်းနေသောကြောင့် သူသည် ဖယ်ရိုမုန်းစပရေးကို သုံးခဲ့သင့်သည်။ ကျန်းရှောင်ယွီသည် မည်သည့်အနံ့ဖြစ်သည်ကို မပြောနိုင်သော်လည်း အယ်လ်ဖာ၏ ပြင်းထန်၍အားကောင်းသောလက်မောင်းများမှာ သူ့အားချုပ်ထားခဲ့သည်။ ဤသည်မှာ ကျန်းရှောင်ယွီအား မသိမသာတောင့်ခံစေခဲ့သည်။

ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ပိုင်ဖန်း၏ ဝမ်းနည်းနေသောအသံကို ကြားသောအခါ တစ်ဖက်လူကို တွန်းပစ်ချင်နေခဲ့သည်။ "ဆရာ လွန်ခဲ့တဲ့နှစ်အတွင်း ကျွန်တော့်ကိုမဆက်သွယ်သလို တရုတ်နိုင်ငံပြန်လာတော့လည်း ကျွန်တော့်ကိုမရှာဘူး။ ကျွန်တော့်ကိုစိတ်ဆိုးနေပြီး ဆရာ့တပည့်အဖြစ်သတိရဖို့ ငြင်းဆန်နေတာလား"

ကျန်းရှောင်ယွီ: "......"

သူသည် သူ့တပည့်၏ဝမ်းနည်းဖွယ်အသံကို ကြားသောအခါ တစ်ဖက်လူအား တွန်းပစ်ချင်စိတ်မရှိခဲ့ပေ။

သူသည် အိုမီဂါအဖြစ် ခွဲခြားသွားသည်ကို ရှောင်းပိုင်မသိပေ။ ရှောင်းပိုင်၏သူ့အတွက် ခံစားချက်များမှာ စစ်မှန်သည့်ဆရာနှင့်တပည့် ခံစားချက်များသာ ဖြစ်နေဆဲပင်။

အချင်းချင်း ငါးနှစ်ကြော် မတွေ့ရသည့်နောက် တပည့်သည်ပြေးသွားကာ သူ၏ဆရာအား စိတ်လှုပ်ရှားမှုကြောင့် ပြေးဖက်လိုက်သည်။ သူသည်ဤလူအား တိုက်ရိုက်တွန်းထုတ်လိုက်လျှင် ရှောင်းပိုင်အား နာကျင်စေလိမ့်မည် မဟုတ်ပါလား။

ကျန်းရှောင်ယွီသည် လက်ဆန့်ကာ သူ့တပည့်ပခုံးအား ညင်သာစွာ မပွတ်သပ်ပေးခင် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ "ငါမင်းကို သတိမရဘဲနေမလဲ။ ငါကမင်းကိုမရှာတာကလည်း အ‌ကြောင်းပြချက်ရှိတယ်...အဟွတ် ငါ့ကိာအရင်လွှတ်ပေးပြီးရင် ဖြည်းဖြည်းချင်းစကားပြောဖို့ နေရာရှာရအောင်"

ပိုင်ဖန်းသည် ကျန်းရှောင်ယွီအား လွတ်လိုက်ကာ သူ့အားအလေးအနက်ကြည့်လိုက်သည်။ "ဒါဆိုဆရာက အခုထိကျွန်တော့်ကို တပည့်အနေနဲ့ သတိရသေးတာလား"

ကျန်းရှောင်ယွီမှာ ကူကယ်ရာမဲ့ဖြစ်နေသည်။ "ဒါပေါ့။ ငါတပည့်အနေနဲ့လက်ခံတဲ့သူက မင်းပထမဆုံးပဲ"

ပိုင်ဖန်းသည် စိုးရိမ်စိတ်နှင့်မေးလိုက်‌သည့်အတွက် ပြုံးလိုက်သည်။ "ဆရာ နေ့လယ်စာစားပြီးပြီလား"

"စားပြီးပြီ"

ပိုင်ဖန်းသည် ခဏတွေးကြည့်လိုက်သည်။ "ဒါဆို ကျွန်တော်တို့ တစ်ဖက်ကကော်ဖီဆိုင်ကို သွားကြမလား။ အအေးနည်းနည်းမှာပြီး ဖြည်းဖြည်းချင်းစကားပြောကြမယ်လေ"

ကျန်းရှောင်ယွီသည် ပိုင်ဖန်းနောက်လိုက်ခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ ဘေးချင်းကပ် လမ်းကူးကာ ထောင့်မှကော်ဖီဆိုင်သို့လာခဲ့သည်။ သူတို့သည် တိတ်ဆိတ်သည့် သီးသန့်အခန်းလေးကို တွေ့ကာ ထိုင်ချခဲ့သည်။

စားပွဲထိုးမှာ ရှေ့သို့လာကာ မေးလိုက်သည်။ "ဆရာတို့ ဘာများသုံးဆောင်ချင်ပါသလဲ"

ပိုင်ဖန်းက ပြောလိုက်သည်။ "လက်တေးနှစ်ခွက်။ သကြားထပ်မထည့်ဘူး။ ကျေးဇူးပဲ"

ကျန်းရှောင်ယွီသည် ပါးစပ်ထဲခါးနေသော မူလကော်ဖီအရသာကို သောက်ရရန် ကြိုက်နှစ်သက်နေခဲ့သည်။ ပိုင်ဖန်းသည် သူ၏ဆရာ သောက်သည့်အကျင့်မှ သင်ယူခဲ့သည်။ ပထမတစ်ခေါက်သူသောက်သောအခါ ခါးသက်မှုကြောင့် အန်ထွက်မလိုပင်ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ၎င်းအားသောက်ခြင်းကို အကျင့်ရလာခဲ့သည်။ ACE သည် ကော်ဖီအား သယ်သွားရန် မှာသည့်အချိန်တိုင်း သူတို့၏အရသာများမှာ အတူတူပင်ဖြစ်သည်။

စားပွဲထိုးသည် ကော်ဖီအား အမြန်ယူလာခဲ့သည်။

ပိုင်ဖန်းသည် သူ၏အရှေ့တွင်ရှိသောလူအား ဂရုတစိုက်ကြည့်လိုက်ကာ စိုးရိမ်စိတ်နှင့် ပြောလိုက်သည်။ "ဆရာ ဝိတ်နည်းနည်းကျသွားတဲ့ပုံပဲ"

ကျန်းရှောင်ယွီ: "......"

သူတကယ်ပင် ဝိတ်ကျသွားသည်။ အိုမီဂါတားဆေးများ၏ နှစ်ရှည်ထိုးသွင်းခြင်းမှာ သူ၏အစာအိမ်အူလမ်းကြောင်း အရမ်းမကောင်းသည်ဟု ဆိုလို‌သည်။ သူသည်ငါးနှင့်အသားများစွာ မစားနိုင်ပေ။ နေ့တိုင်းထမင်းနည်းနည်းသာစားကာ တစ်ခါတလေ အစာမကြေဖြစ်သေးသည်။ သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းယိုယွင်းလာသည်။ ထိုစဉ် ပိုင်ဖန်းသည် သာမန်တြိဂံဇောက်ထိုးပုံစံနှင့် လူကြီးအယ်လ်ဖာဖြစ်သည်။ သူသည် ကုတ်အင်္ကျီကိုချွတ်ကာ သူ၏အင်္ကျီစအား ဆွဲတင်ပြီးသည်နှင့် သူ၏ပေါ်လာသောလက်မောင်း၏ လှပသောကြွက်သားလိုင်းများကိုဖော်ပြထားပြီး အတိတ်ကဆယ်ကျော်သက်နှင့် လုံးဝကွာခြားနေခဲ့သည်။

သူ၏အရှေ့တွင်ရှိသောအယ်လ်ဖာနှင့် သူ၏မှတ်ဉာဏ်ထဲမှ လူငယ်လေးနှင့် တူညီသည်မှာ ကျန်းရှောင်ယွီအတွက် ခက်ခဲနေခဲ့သည်။ သူသည် အသက်ပြင်းပြင်းရှူကာ သူ၏စိတ်ကိုထိန်းချုပ်ပြီး ပိုင်ဖန်း၏လူကြီးပုံစံကို အမြန်လက်ခံလိုက်သည်။ ထို့နောက်သူသည် စကားလမ်းကြောင်းလွှဲလိုက်သည်။ "ငါကလက်ရွေးစင်အသင်းမှာရှိမှန်း မင်းဘယ်လိုသိလဲ။ ယယ်ကျီမင်းကိုပြောပြတာလား"

ပိုင်ဖန်း ပြန်ဖြေလိုက်သည်။ "အစ်ကိုယယ်က အချက်အလက် မဖော်ထုတ်ပါဘူး။ ကျွန်တော်မှန်းလိုက်တာပါ"

ကျန်းရှောင်ယွီမှာ အံ့ဩသွားသည်။ "မင်းခန့်မှန်းခဲ့တာလား"

မင်းဆဌမ‌အာရုံရတာကြောင့် လက်ရွေးစင်အသင်းကို တိုက်ရိုက်ခန့်မှန်းနိုင်တာလား။

ထို့နောက်ပိုင်ဖန်းသည် ဖုန်းကိုကိုင်ကာ စာတစ်စောင်ကို ပို့လိုက်သည်။

ကျန်းရှောင်ယွီ၏ မိုဘိုင်းဖုန်းမှာ ချက်ချင်းမြည်လာရာ သူသည်ကြည့်ရန်ဖွင့်လိုက်ပြီး Fred မှဖြစ်နေခဲ့သည်။ ၎င်းသည် ရိုးရှင်းသည့်စာတစ်ကြောင်းပင်ဖြစ်သည်။

"သူ‌ဌေး~~"

"......" ကျန်းရှောင်ယွီသည် ခဏတာကြောင်သွားသည်။ သူသည်အနည်းငယ်ရှက်သွားကာ ချောင်းဟန့်လိုက်သည်။ "မင်းငါ့ကိုမှတ်မိပြီးသားလား"

"ဟုတ်တယ်။ ဆရာ့ပုံစံက အရမ်းထင်ရှားတယ်။ကျွန်တော်ဆရာနဲ့ အပြိုင်ရှာဖွေမှုမှာ ပူးပေါင်းတုန်းက ဆရာ့သရုပ်မှန်ကို စပြီးသံသယဝင်လာတယ်။ နောက်ပြီး တတိယပွဲမှာ ကျွန်တော်အမှားလုပ်ပြီး ဆရာက လမ်းလျှောက်ရင်းအိပ်ပျော်သွားတာလားလို့ဆူတာလေ" ပိုင်ဖန်း ရယ်လိုက်သည်။ "အရင်ကလည်း ကျွန်တော့်ကို ဒီလိုမျိုးဆူတာပဲလေ"

ကျန်းရှောင်ယွီ: "......"

သူသည် သူ့တပည့်ရှေ့တွင် ဖောက်ထွင်းမြင်ရသော သရုပ်မှန်ဖြစ်ပုံပေါ်နေသလား။

ကျန်းရှောင်ယွီသည် သူ၏တပည့်မှ သူ၏သရုပ်မှန်ကိုဖော်ထုတ်ခဲ့သည်ကို ဂရုစိုက်ပုံမပေါ်ဘဲ တည်ငြိမ်စွာမေးလိုက်သည်။ "သူဌေးကငါလို့ မင်းသံသယဝင်တာကြောင့် ACE အဖွဲ့ဝင်တွေကို စုံစမ်းဖို့ သီးသန့်မေးလိုက်တာလား။ နောက်ပြီး အတည်ပြုဖို့ လက်ရွေးစင်အသင်းကို လာခဲ့တာလား"

"ဟုတ်တယ်။ သူတို့ကဆရာပြန်လာပြီလို့ မပြောပေမယ့် သူတို့ရဲ့တုံ့ပြန်မှုကတစ်ဆင့် ခန့်မှန်းလိုက်တာ"

ကျန်းရှောင်ယွီသည် သူ၏နားထင်များအား ညင်သာစွာ ပွတ်သပ်လိုက်သည်။

သူသည် သူ့တပည့်သူ့အပေါ်နားလည်ခြင်းအား တကယ်ပင် အထင်သေးခဲ့သည်။

ရှောင်းပိုင်သည် သူ့နောက် တစ်နှစ်လုံးလိုက်ခဲ့ကာ သူ၏စကားပြောသည့်အကျင့်နှင့် ဘဝအကျင့်များကို သိနေခဲ့သည်။ သူ့ကိုယ်သူ ရှောင်းပိုင်၏အရှေ့တွင် ရုပ်ဖျက်ရန်ခက်ခဲကာ သူသည် သရုပ်ဆောင်စွမ်းရည်ကောင်းသည့် လူမျိုးမဟုတ်ပေ။

ဤအခိုက်အတန့်၌ ပိုင်ဖန်းသည် မပြုံးတော့ဘဲ နူးညံ့စွာ ပြောလိုက်သည်။ "ဆရာ၊ ကျွန်တော် တောင်းပန်ပါတယ်"

ကျန်းရှောင်ယွီ မျက်ခုံးပင့်လိုက်သည်။ "ဘာလို့တောင်းပန်တာလဲ"

ပိုင်ဖန်းသည် မျက်လွှချကာ သူ၏လက်သီးများအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ "ကျွန်တော် ACE အသင်းကို မကယ်နိုင်ခဲ့ဘူး။ ကျွန်တော်က အရည်အသွေးပြည့်မီတဲ့ ခေါင်းဆောင်မဟုတ်ဘူး"

ကျန်းရှောင်ယွီသည် ခေါင်းငိုက်စိုက်ကျကာ သူ၏အမှားများကို ဝန်ခံနေသော လူငယ်လေးအား တွေ့သောအခါ သူ၏စိတ်များ အနည်းငယ် နူးညံ့သွားခဲ့သည်။

သူသည် သူ၏တပည့်ခေါင်းအား ထိရန် လက်ကမ်းလိုက်သည်။ ထို့နောက်တစ်ဖက်လူမှာ လူကြီးအယ်လ်ဖာဖြစ်နေသည်ကို သတိရသွားကာ သူ၏လက်ကိုရုတ်လိုက်သည်။ သူသည်ပိုင်ဖန်း၏ပခုံးပေါ်တင်လိုက်ကာ ပုတ်ပေးလိုက်ကာ သူ၏အသံမှာ နူးညံ့နေခဲ့သည်။ "အပြစ်မတင်ပါနဲ့။ ငါမင်းကို အပြစ်မတင်ဘူး"

ပိုင်ဖန်းသည် သူ၏‌ခေါင်းကိုမော့ကာ တည်ငြိမ်သောမျက်လုံးတစ်စုံထဲသို့ ကြည့်လိုက်သည်။

ကျန်းရှောင်ယွီ ပြောလိုက်သည်။ "ငါအစ်မယွီနဲ့လောင်လင်းတို့ ACE အဖွဲ့ပျက်တဲ့အကြောင်းကို ကြားပြီးပြီ။ မင်းအမှားမဟုတ်ဘူး။ မင်းအဲ့တုန်းက အရမ်းငယ်နေပြီး ကလပ်ကြီးတွေနဲ့ တိုက်ဖို့က မင်းအတွက်မဖြစ်နိုင်ဘူး။ နှစ်အတော်ကြာ မင်း ACE အတွက်နဲ့ ခံစားခဲ့ရမှာပဲ။ ဆရာဒါကိုသိတယ်"

'ဆရာဒါကိုသိတယ်'ဟူသည့် စာကြောင်းမှာ နှစ်သိမ့်မှုစကားလုံးများ ထောင်ပေါင်းများစွာနှင့် တူညီသည်။

ပိုင်ဖန်းသည် ငိုချင်စိတ်ကို ထိန်းချုပ်ကာ တီးတိုးပြောခဲ့သည်။ "ဆရာထွက်သွားတုန်းက ကျွန်တော့်ကို အရမ်းယုံပြီး ACE အသင်းရဲ့ ခေါင်းဆောင်နေရာကို ပေးခဲ့တယ်လေ။ ကံမကောင်းတာက ကျွန်တော်ဆရာ့ဆီကို ပြီးပြည့်စုံတဲ့ ACE အသင်းတစ်ခုကို ပြန်မယူလာပေးနိုင်ဘူး..."

ကျန်းရှောင်ယွီ၏ အသံမှာ တည်ငြိမ်နေခဲ့သည်။ "ကိစ္စမရှိပါဘူး။ ACE ကို ငါကတည်ထောက်ပြီးတော့ မင်းလက်ထဲပြီးသွားတာကလည်း နောက်တစ်နည်း ဖြည့်စည်းမှုတစ်ခုလို့ ယူဆနိုင်ပါတယ်။ အဖွဲ့ပျက်သွားပြီး ပရိသတ်တွေကိုဖျားယောင်းဖို့ မြို့တော်ကသုံးတာထက် ပိုကောင်းတဲ့ သမိုင်းတွင်သွားခဲ့တယ်။ မင်းအကောင်းဆုံးလုပ်ခဲ့ပြီးတော့ အပြစ်တင်စိတ် ခံစားစရာမလိုပါဘူး။ ငါကသာ အရမ်းအလျင်စလိုထွက်သွားရတဲ့သူပါ။ မင်းဆီ‌ပုံအပ်လိုက်တဲ့ ဝန်ထုပ်ဝန်ပိုးက အရမ်းကြီးတယ်"

သူသည် သူ၏အရှေ့ရှိ လူငယ်အားကြည့်ကာ ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ "ရှောင်းပိုင်၊ အတိတ်ကိုလွတ်ချလိုက်တော့"

ပိုင်ဖန်းသည် စိတ်သက်သာရာရမှုကြောင့် အနည်းငယ် သက်ပြင်းချလိုက်သည်။

နှစ်ပေါင်းများစွာကြာ တည်ရှိနေ‌‌သည့် သူ၏နှလုံးသားထဲမှ အထုံးများမှာ နောက်ဆုံးတွင် ဆရာ့ကြောင့် ပြေသွားခဲ့သည်။

သူအကြောက်ဆုံးအရာမှာ သူ့ဆရာသူ့အား အပြစ်တင်လိမ့်မည်ပင်ဖြစ်သည်။ ထိုအချိန်၌ သူတွင် ကန့်သတ်ထားသည့်စွမ်းရည်ရှိပြီး သူ၏ဆရာ ကြိုးပမ်းမှုများကို ကယ်တင်ရန် ကျရှုံးခဲ့သည်။ သို့သော် ၎င်းသည်ကျန်းရှောင်ယွီ ပြောသကဲ့သို့ပင်ဖြစ်သည်။ သူတို့သည် ထိုအခါက အင်အားမဲ့ကျွမ်းကျင် ကစားသမားများဖြစ်ပြီး ကလပ်နောက်ကွယ်မှ မြို့တော်အား တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သူတို့သည် အစွမ်းကုန် ကြိုးစားခဲ့သည်။

ဆရာသည် သူ့အား အပြစ်မတင်ပါဟု ပြောခဲ့သည်...

နောက်ဆုံး၌ ပိုင်ဖန်းသည် သူ၏စိတ်ထဲမှ လေးလံနေသည့် ဝန်ထုပ်ဝန်ပိုးကို ဖြေချနိုင်ခဲ့သည်။

ပိုင်ဖန်းသည် သူ၏ခံစားချက်များကို ထိန်းချုပ်ကာ အပြုံးနှင့်ပြောလိုက်သည်။ "ဆရာ၊ ဒီတစ်ကြိမ်ပြန်လာဖို့အတွက် အစီအစဉ်ရှိလား"

ကျန်းရှောင်ယွီ မေးလိုက်သည်။ "ငါဘာလို့လက်ရွေးစင်အသင်းကို လာခဲ့တာလဲဆိုတာ မင်းခန့်မှန်းနိုင်လား"

ပိုင်ဖန်းသည် ချက်ချင်း‌ ဖြေလိုက်သည်။ "နည်းပြအသစ်ခန့်တာနဲ့ ဆိုင်တာလား"

ကျန်းရှောင်ယွီ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ငါလက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင်နည်းပြနေရာကို ယူလိုက်ပြီ"

ခေါင်းဆောင်နည်းပြလား။

ပိုင်ဖန်း၏မျက်လုံးများ အနည်းငယ်ပြူးသွားသည်။ သူသည်ဤအရာအား တကယ်ပင်မထင်ထားခဲ့ပေ။ သူ၏ဆရာမှာ အစ်မယွီအား ကူညီရန် လက်ရွေးစင်အသင်းသို့သွားခဲ့သည်ဟူ၍သာ တွေးခဲ့သည်။ မထင်မှတ်ဘဲနှင့် သူ၏ဆရာသည် ခေါင်းဆောင်နည်းပြအဖြစ် တာဝန်ယူသည်လား။ ထိုသူမှာ လက်ရွေးစင်အသင်း၏နည်းပြချုပ်ဖြစ်နေခဲ့သည်။

တုံ့ပြန်မှုပြီးနောက် ပိုင်ဖန်းသည် "ဆရာ၊ ဆရယကအရမ်းအားကြီးတာပဲ" ဟု မပြောဘဲ မနေနိုင်ပေ။

ကျန်းရှောင်ယွီ: "......"

ဤသည်မှာ လွန်ကဲစွာချီးကျူးရန် အချိန်ဖြစ်သလား။

ပိုင်ဖန်းသည် မပြုံးတော့ဘဲ အလေးအနက်မေးခဲ့သည်။ "ဆရာ လိဂ်ကဆရာ့ကို တရားဝင်ကြေငြာခွင့်မပြုတာကြောင့် ကျွန်တော့်ကို ဖုံးကွယ်ထားတာလား"

ကျန်းရှောင်ယွီသည် ခဏတာတိတ်ဆိတ်နေခဲ့သည်။ "တကယ်တော့ ငါမင်းရဲ့လတ်တလော စွမ်းအားနဲ့ ကျွမ်းကျင်ကစားသမားဖြစ်ဖို့ စိတ်ဝင်စားသေးလားဆိုတာ သိချင်လို့ အခြားအကောင့်တစ်ခုဖွင့်ပြီး မင်းကိုရှာဖို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဆီသွားခဲ့တာ" သူရှင်းမပြခင် ရပ်လိုက်သည်။ "ငါမင်းအပေါ် ဘာဖိအားမှမပေးချင်တာကြောင့် တိုက်ရိုက်ကြီး ငါ့သရုပ်မှန်ကိုမ‌ပြောခဲ့ဘူး"

ပိုင်ဖန်းသည် ရှင်းပြချက်ကို ကြားကာ သူ၏စိတ်မှာ ချက်ချင်း နွေးထွေးမှုနှင့် ပြည့်သွားခဲ့သည်။

သူသည်သိပြီးနောက် စိတ်ပိုင်းဆိုင်ရာဖိအားခံစားရမည်ကို သူ၏ဆရာကြောက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ၏ဆရာသည် သူ့အားဆုံးဖြတ်ချက်ချကာ အမိန့်ပေးရန်အတွက် ပိုင်ဖန်း၏ ဆရာဟူသည့် သရုပ်မှန်ကိုသုံးမည့်အစား နောက်အကောင့်တစ်ခုသုံးကာ သူကျွမ်းကျွမ်းကျင်ကျင် ကစားချင်သလား ကြည့်ရန်အတွက် အခြားအကောင့်ကိုသုံးကာ 'ကလပ်ကင်းထောက်'အဖြစ် သူ့ဆီလာခဲ့သည်။

မထူးခြားပုံပေါ်သော နတ်ဘုရား Wing မှာ တကယ်တမ်းနူးညံ့သောလူတစ်ယောက်ဖြစ်သည်။

သူသည် တင်းကျပ်သောလည်း ပိုင်ဖန်းအား ဆရာတစ်ယောက်၏ ဂုဏ်ပုဒ်တပ်ကာ သူ၏တပည့်အား ကိစ္စများခိုင်းမည့်အစား လေးစားမှုနှင့်လွတ်လပ်မှု အပြည့်ပေးခဲ့သည်။

ပိုင်ဖန်းမှာ အံ့ဩနေသည်။ "ဆရာ၊ ဒါကလျှပ်တစ်ပြတ် စာမေးပွဲလား။ ဒါဆို‌စာမေးပွဲဖြေပြီး‌ ဆရာ့တပည့်ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ရဲ့လား"

ကျန်းရှောင်ယွီသူ့အားပြောလိုက်သည်။ "အဆင်ပြေပါတယ်"

ပိုင်ဖန်းသည် "ထပ်ပြီး ဒီသုံးသပ်ချက်ပဲ"ဟု ပြောလိုက်သည်။

ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်သည်။ "ငါ့အမြင်တော့ မင်းရဲ့လက်ရှိအင်အားက တကယ်အောင်နိုင်တယ်။ မင်းကအခုထိတော့ ပြီးပြည့်စုံတာနဲ့ ဝေးကွာနေတုန်းပဲ"

ပိုင်ဖန်းသည် စာကိုဂရုတစိုက်နားထောင်နေသော ကျောင်းသားကောင်းတစ်ယောက်ပုံစံ ချက်ချင်းဖြစ်သွားသည်။ "ကျွန်တော်အနာဂတ်မှာ ဆက်ပြီးကြိုးစားပြီး ပြီးပြည့်စုံမှုရအောင် ဆက်လုပ်မယ်"

ကျန်းရှောင်ယွီသည် ခဏတာတတိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူသည် သူ့ရှေ့တွင်‌ရှိသောလူအား ကြည့်ပြီးအလေးအနက်မေးလိုက်သည်။ "ရှောင်းပိုင် ဘာဖြစ်ဖြစ်သိသွားပြီမို့ ဆရာမင်းကိုဒီနေ့ တရားဝင်မေးမယ်။ မင်းကျွမ်းကျင်ကစားသမား ဖြစ်ချင်တုန်းလား"

ပိုင်ဖန်းတိတ်ဆိတ်သွားသည်။

"ငါက လက်ရွေးစင်အသင်းရဲ့နည်းပြဆိုတာကို မင်းဂရုစိုက်စရာမလိုဘူး။ မင်းဘယ်လိုတွေးလဲဆိုတာကိုပဲ‌ပြော" ကျန်းရှောင်ယွီ၏အသံမှာ ထူးဆန်းစွာ နူးညံ့နေခဲ့သည်။ "မင်းက အောင်မြင်တဲ့ထုတ်လွှင့်သူဖြစ်နေပြီး ဒီနေ့လိုနေရာရောက်လာဖို့ မလွယ်တာငါသိတယ်။ ထုတ်လွှင့်သူဘဝမှာ လွယ်ပြီးလွတ်လပ်သလို လစာကလည်းမြင့်တယ်။ မင်းကျွမ်းကျင်ကစားသမားဖြစ်ဖို့ပြန်လာရင် ဖိအားတွေပိုပြီးခံနိုင်ရမယ်။ ဒါကြောင့် ဆုံးဖြတ်ချက်မချခင် မင်းသေချာစဉ်းစားလိမ့်မယ်လို့ ငါမျှော်လင့်တယ်"

ပိုင်ဖန်းသည် လက်ရွေးအစင်အသင်းကို ဝင်နိုင်သည်ဟု ပိုင်ဖန်းမျှော်လင့်နေခဲ့သည်။ ပိုင်ဖန်းသည် သူ၏စိတ်ထဲတွင် အသန်မာဆုံး အကျဥ်းချုပ်မြင်ကွင်းနှင့် အစူးရှဆုံး နည်းပညာသိရှိမှုရှိနေသည်။ သူသည်ပိုင်ဖန်းအား လက်ရွေးစင်အသင်း၏ အဓိကအမိန့်ပေးသူအဖြစ် လေ့ကျင့်ပေးချင်ခဲ့သည်။

သို့သော် သူသည်လည်း သူ၏တပည့်အပေါ် သနားနေခဲ့သည်။

အတိတ်က ပိုင်ဖန်းသည် ပရိသတ်မရှိသော အောက်ခြေထုတ်လွှင့်သူမှ သန်းပေါင်းရှစ်ဆယ်ကျော်သော ပရိသတ်များနှင့် ထိပ်သို့တက်လာနိုင်ခဲ့သည်။ သူသည် သာမန်လူများ စိတ်မကူးနိုင်သော စွမ်းအားအများကြီးထည့်သွင်းကာ အများကြီးလည်း ခံစားခဲ့ရသည်။ ယနေ့ အောင်မြင်မှုများ ရရှိရန် မလွယ်ကူလှပေ။ သူသည် သူ၏ဆရာပြန်လာသောကြောင့် သူ၏အသက်မွေးဝမ်းကြောင်း ပြောင်းရမည့် အကြောင်းအရင်းမရှိပေ။

ပိုင်ဖန်းသည် မျှတသော ရွေးချယ်မှုမျိုးလုပ်နိုင်မည်ဟု ကျန်းရှောင်ယွီ မျှော်လင့်နေဆဲဖြစ်သည်။ တကယ်တမ်းတွင် ဤသည်မှာ ပိုင်ဖန်း၏ကိုယ်ပိုင်ဘဝဖြစ်ကာ မည်သူမျှ မစွက်ဖက်သင့်ပေ။

ပိုင်ဖန်းသည် တစ်ဖက်လူ၏စကားများကို နားထောင်ပြီး သူ၏စိတ်မှာ နွေးထွေးသွားခဲ့သည်။

နတ်ဘုရား Wing သည် ကမ္ဘာပေါ်တွင် အတော်ဆုံးဆရာတစ်ယောက်ပင်ဖြစ်သည်။ သူသည်ပိုင်ဖန်း၏ဆုံးဖြတ်ချက်များကို အမြဲလေးစားသည်။

ပိုင်ဖန်းသည် နောက်ထပ်တွန့်ဆုတ်မနေဘဲ ချက်ချင်းပြောလိုက်သည်။ "ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဆရာက လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်တာကြောင့် ကျွန်တော်လက်ရွေးစင်အသင်းကို ဝင်ဖို့နည်းလမ်းရှိလာပြီ"

ကျန်းရှောင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ "ငါ့ကြောင့် မလောဘဲ မင်းအနာဂတ်ကို မသက်ရောက်စေနဲ့"

"ဆရာ၊ ကျွန်တော်လူကြီးဖြစ်ပြီး ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို တာဝန်ယူနိုင်တယ်" အယ်လ်ဖာ၏အကြည့်မှာ တည်ငြိမ်ကာ သူသည် ကိစ္စများအား စိတ်မြန်မြန်လုပ်သည့်ပုံ လုံးဝမပေါ်ပေ။ "ထုတ်လွှင့်သူဖြစ်ရတာ ကျွန်တော့်ရဲ့ နောက်ဆုံးပန်းတိုင် ဘယ်သောအခါမှမဖြစ်ခဲ့ဘူး။ ဒါကဖိအားပေးခံရတဲ့ ရွေးချယ်မှုပဲ။ နောက်ပြီး ထုတ်လွှင့်သူတွေအတွက် အသက်သတ်မှတ်ထားတာမျိုးမရှိဘူး။ ကျွန်တော်နောက်ကျ ပြန်သွားချင်တိုင်း သွားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် e-sports အထွတ်အထိပ်က နှစ်အနည်းငယ်အတွင်းပဲ။ ကျွန်တော်အခု ပုံစံကောင်းမှာရှိနေပြီ။ ကျွန်တော်ထပ်ပြီး ကျွမ်းကျွမ်းကျင်ကျင် မကစားရင် တစ်သက်လုံး လက်လွတ်ရမှာ မဟုတ်ဘူးလား"

ကျန်းရှောင်ယွီသည် ဤစကားများကြားကာ မငြင်းဆန်နိုင်ပေ။

ရှောင်ပိုင်းမှာ မှန်နေခဲ့သည်။

သူသည်အနာဂတ်တွင် အနားယူသောအခါ ထပ်မံထုတ်လွှင့်သူ ဆက်လုပ်နိုင်သည်။

ထိုစဉ် ကျွမ်းကျင်ကစားသမားများမှာ ငယ်လွန်းသည်။ ပိုင်ဖန်းသည် ယခုပုံစံကောင်းရှိနေသည်။ တစ်နှစ်သို့မဟုတ်နှစ်နှစ်ပို၍ နှောင့်နှေးမှုရှိပါက... သူသည် ကျွမ်းကျင်ကစားသမားဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

"ဒါဆို မင်းပလက်ဖောင်းနဲ့ စာချုပ်ကရော ဘယ်လိုလဲ။ စာချုပ်အဆုံးသတ်က ပြဿနာမဖြစ်လွန်းဘူးလား" ကျန်းရှောင်ယွီမှာ စိုးရိမ်နေခဲ့သည်။

"ဆရာ စိတ်ချပါ။ ကျွန်တော်နဲ့ ကျင်းကွန်ရက် စာချုပ်က နောက်နှစ်ကုန်ပြီး အသစ်ပြန်မလုပ်ဘူး။ နောက်ပြီး ကျွန်တော်လက်ရွေးစင်အသင်းရွေးချယ်တာ ပြင်ဆင်ဖို့အာရုံစိုက်မယ်။ ဆရာကလက်ရွေးစင်အသင်းရဲ့ နည်းပြမို့ နောက်လက်ရွေးစင်အသင်းရွေးချယ်မှုက မျှတမယ်လို့ ကျွန်တော်ယုံတယ်။ ကျွန်တော်လက်ရွေးစင်အသင်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ကိုယ်ပိုင်စွမ်းရည်ကိုအားကိုးမယ်"

"ဒီနှစ်‌အတွင်းမှာ ကျွန်တော်လေ့ကျင့်တာ ဘယ်တော့မှ မရပ်ခဲ့ဘူး။ တစ်နေ့အခွင့်အရေး ကျွန်တော့်ရှေ့ရောက်လာတဲ့အခါ ဒါကိုချက်ချင်းဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်လို့လေ" ပိုင်ဖန်းသည် ခိုင်မာစွာမပြောခင် အနည်းငယ်ပြုံးလိုက်သည်။ "ဆရာ ကျွန်တော်ဆရာ့ကိုတွေ့ဖို့ လက်ရွေးစင်အသင်းကို သေချာပေါက်ပြန်လာမှာပါ။ ကတိပေးတယ်"

သူ၏‌အရှေ့တွင်ရှိသောအယ်လ်ဖာမှာ ဤသို့ပြောသောအခါ အလွန်ယုံကြည်မှုရှိရှိ ပြုံးနေခဲ့သည်။

၎င်းမှာ တောက်ပလွန်းနေခဲ့သည်။

သူ၏တပည့်မှာ ကြီးလာခဲ့ပြီ။ သူသည် သူ၏အနာဂတ်အတွက် ရှင်းလင်းသည့်အစီအစဉ်ရှိကာ သူ၏နောင်တများကို ပြုပြင်ရန် အမြဲကျွမ်းကျင်ကစားသမား ဖြစ်ရန်အဆင်သင့်ဖြစ်နေခဲ့သည်။ သူသည်သူ၏ဘဝအစီအစဉ်အား သူ၏ဆရာအတွက် ပြောင်းလဲလိုက်သည်မှာ သူ့အားအထင်သေးနေခြင်းဖြစ်သည်။

ကျန်းရှောင်ယွီသည် သူ၏အရှေ့တွင်ရှိသော လူငယ်အား ကြည့်လိုက်သည်။ "ကောင်းပြီ။ ဒါဆို ငါမင်းကိုလက်ရွေးစင်အသင်းမှာ စောင့်နေမယ်"

Zawgyi

Chapter 27: ပိုင္ဖန္း၏ေ႐ြးခ်ယ္မႈ

ပိုင္ဖန္းသည္ က်န္းေရွာင္ယြီေပၚ ေျပးဖက္ရသည္ကို တကယ္ပင္ႏွစ္သက္သည္။ ACE သည္အႏိုင္ျဖင့္ ကစားပြဲကို အဆုံးသတ္သြားသည့္အခ်ိန္တိုင္း ေရွာင္းပိုင္သည္ က်န္းေရွာင္ယြီအား ဖက္ရန္ စိတ္လႈပ္ရွားစြာ ေျပးသြားၿပီး ေျပာလိမ့္မည္။ "ဆရာကအရမ္းမိုက္တဲ့ပုံနဲ႔ ေဆာ့ခဲ့တာပဲ" သူတို႔ရႈံးခဲ့လွ်င္ သူသည္ က်န္းေရွာင္ယြီဆီေျပးကာ ဖက္ရင္း ေျပာလိမ့္မည္။ "ဆရာ ကိစၥမရွိဘူး။ ဆရာတို႔ေနာက္တစ္ခါ ႏိုင္မွာပါ"

က်န္းေရွာင္ယြီသည္ လူမ်ားႏွင့္ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕ျခင္းကို မႀကိဳက္ေသာ္လည္း သူသည္ သူ၏တပည့္ေလးအား ႐ိုင္းပ်၍မရေပ။


သူသည္ သူ႔တပည့္ငယ္၏ ခ်စ္စရာေကာင္းေသာအၾကည့္အား ေတြ႕သည့္အခါတိုင္း သူသည္ ပုံရိပ္တစ္ခုကို မေတြးဘဲမေနႏိုင္ေပ...

၎သည္ သူ၏ပိုင္ရွင္အား အၿမီးလႈပ္ျပေနေသာ ေခြးကေလးတစ္ေကာင္၏ ပုံရိပ္ပင္ျဖစ္သည္။

က်န္းေရွာင္ယြီသည္ ဤကဲ့သို႔ ေတြးလိမ့္မည္။ 'ဘာလို႔ဂ႐ုစိုက္ရမွာလဲ။ ေရွာင္းပိုင္က ကေလးပဲရွိေသးေတာ့ ခြၽဲတာမ်ိဳးက ပုံမွန္ပဲေလ။ သူကသူ႔မိဘေတြဆီကေန ငယ္ငယ္ေလးနဲ႔ ထြက္လာၿပီး အေဝးတစ္ေနရာမွာ လူငယ္ေလ့က်င့္သူျဖစ္ဖို႔ သြားခဲ့တာပဲ။ သူ႔ဆရာအေနနဲ႔ သူ႔ကိုပိုၿပီးေတာါ ဂ႐ုစိုက္ရမွာမွန္တယ္'

ထို႔ေၾကာင့္ က်န္းေရွာင္ယြီ၏ ဖူးဖူးမႈတမထားမႈေအာက္ ေရွာင္းပိုင္၏ သူ၏သခင္ကိုေျပးဖက္သည့္ လႈပ္ရွားမႈမွာ ပို၍ပင္ ကြၽမ္းက်င္လာခဲ့သည္။

သို႔ေသာ္ ထိုအခါက အေျခအေနမွာ အခုႏွင့္ လုံးဝကြာျခားသည္။ ထိုအခ်ိန္၌ က်န္းေရွာင္ယြီသည္ မခြဲျခားေသးကာ ပိုင္ဖန္းသည္လည္း ငယ္႐ြယ္သည့္ဆယ္ေက်ာ္သက္တစ္ေယာက္သာျဖစ္သည္။ သူ၏သခင္ကိုဖက္ထားေသာ တပည့္မွာ အျခားသူမ်ား၏မ်က္လုံးမ်ားတြင္ သာမန္ျဖစ္ေနၿပီး ဆရာႏွင့္တပည့္ၾကား ခံစားခ်က္မ်ားမွာ ပို၍မိသားစုသဖြယ္ရင္းႏွီးမႈမ်ိဳး ျဖစ္ေနခဲ့သည္။

ယခု က်န္းေရွာင္ယြီသည္ အိုမီဂါအျဖစ္ ခြဲျခားခံရကာ ပိုင္ဖန္းသည္ လူႀကီးအယ္လ္ဖာျဖစ္ေနခဲ့သည္...

သူသည္ အယ္လ္ဖာ၏လက္ေမာင္းမ်ားထဲ ေရာက္သြားေသာအခါ က်န္းေရွာင္ယြီ၏ေနာက္ေက်ာမွာ ေတာင့္တင္းသြားကာ သူ၏ခႏၶာကိုယ္ထဲမွ အေပါက္မ်ားအားလုံးမွာ စိတ္မသက္သာသည့္ စာမ်ားပို႔ေဆာင္ေနခဲ့သည္။

သူသည္ အိုမီဂါအျဖစ္ခြဲျခားၿပီးေနာက္ အယ္လ္ဖာႏွင့္ အလြန္နီးကပ္သည္မွာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး သူသည္တစ္ဖက္လူမွ ဖက္ျခင္းကိုခံေနရသည္။

ပိုင္ဖန္းေပၚမွ ဖယ္႐ိုမုန္းမ်ားမွာ ဖုံးလႊမ္းေနေသာေၾကာင့္ သူသည္ ဖယ္႐ိုမုန္းစပေရးကို သုံးခဲ့သင့္သည္။ က်န္းေရွာင္ယြီသည္ မည္သည့္အနံ႔ျဖစ္သည္ကို မေျပာႏိုင္ေသာ္လည္း အယ္လ္ဖာ၏ ျပင္းထန္၍အားေကာင္းေသာလက္ေမာင္းမ်ားမွာ သူ႔အားခ်ဳပ္ထားခဲ့သည္။ ဤသည္မွာ က်န္းေရွာင္ယြီအား မသိမသာေတာင့္ခံေစခဲ့သည္။

က်န္းေရွာင္ယြီသည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူသည္ ပိုင္ဖန္း၏ ဝမ္းနည္းေနေသာအသံကို ၾကားေသာအခါ တစ္ဖက္လူကို တြန္းပစ္ခ်င္ေနခဲ့သည္။ "ဆရာ လြန္ခဲ့တဲ့ႏွစ္အတြင္း ကြၽန္ေတာ့္ကိုမဆက္သြယ္သလို တ႐ုတ္ႏိုင္ငံျပန္လာေတာ့လည္း ကြၽန္ေတာ့္ကိုမရွာဘူး။ ကြၽန္ေတာ့္ကိုစိတ္ဆိုးေနၿပီး ဆရာ့တပည့္အျဖစ္သတိရဖို႔ ျငင္းဆန္ေနတာလား"

က်န္းေရွာင္ယြီ: "......"

သူသည္ သူ႔တပည့္၏ဝမ္းနည္းဖြယ္အသံကို ၾကားေသာအခါ တစ္ဖက္လူအား တြန္းပစ္ခ်င္စိတ္မရွိခဲ့ေပ။

သူသည္ အိုမီဂါအျဖစ္ ခြဲျခားသြားသည္ကို ေရွာင္းပိုင္မသိေပ။ ေရွာင္းပိုင္၏သူ႔အတြက္ ခံစားခ်က္မ်ားမွာ စစ္မွန္သည့္ဆရာႏွင့္တပည့္ ခံစားခ်က္မ်ားသာ ျဖစ္ေနဆဲပင္။

အခ်င္းခ်င္း ငါးႏွစ္ေၾကာ္ မေတြ႕ရသည့္ေနာက္ တပည့္သည္ေျပးသြားကာ သူ၏ဆရာအား စိတ္လႈပ္ရွားမႈေၾကာင့္ ေျပးဖက္လိုက္သည္။ သူသည္ဤလူအား တိုက္႐ိုက္တြန္းထုတ္လိုက္လွ်င္ ေရွာင္းပိုင္အား နာက်င္ေစလိမ့္မည္ မဟုတ္ပါလား။

က်န္းေရွာင္ယြီသည္ လက္ဆန႔္ကာ သူ႔တပည့္ပခုံးအား ညင္သာစြာ မပြတ္သပ္ေပးခင္ စိတ္ထဲ၌ သက္ျပင္းခ်လိုက္သည္။ "ငါမင္းကို သတိမရဘဲေနမလဲ။ ငါကမင္းကိုမရွာတာကလည္း အ‌ေၾကာင္းျပခ်က္ရွိတယ္...အဟြတ္ ငါ့ကိာအရင္လႊတ္ေပးၿပီးရင္ ျဖည္းျဖည္းခ်င္းစကားေျပာဖို႔ ေနရာရွာရေအာင္"

ပိုင္ဖန္းသည္ က်န္းေရွာင္ယြီအား လြတ္လိုက္ကာ သူ႔အားအေလးအနက္ၾကည့္လိုက္သည္။ "ဒါဆိုဆရာက အခုထိကြၽန္ေတာ့္ကို တပည့္အေနနဲ႔ သတိရေသးတာလား"

က်န္းေရွာင္ယြီမွာ ကူကယ္ရာမဲ့ျဖစ္ေနသည္။ "ဒါေပါ့။ ငါတပည့္အေနနဲ႔လက္ခံတဲ့သူက မင္းပထမဆုံးပဲ"

ပိုင္ဖန္းသည္ စိုးရိမ္စိတ္ႏွင့္ေမးလိုက္‌သည့္အတြက္ ၿပဳံးလိုက္သည္။ "ဆရာ ေန႔လယ္စာစားၿပီးၿပီလား"

"စားၿပီးၿပီ"

ပိုင္ဖန္းသည္ ခဏေတြးၾကည့္လိုက္သည္။ "ဒါဆို ကြၽန္ေတာ္တို႔ တစ္ဖက္ကေကာ္ဖီဆိုင္ကို သြားၾကမလား။ အေအးနည္းနည္းမွာၿပီး ျဖည္းျဖည္းခ်င္းစကားေျပာၾကမယ္ေလ"

က်န္းေရွာင္ယြီသည္ ပိုင္ဖန္းေနာက္လိုက္ခဲ့သည္။ သူတို႔ႏွစ္ေယာက္လုံးမွာ ေဘးခ်င္းကပ္ လမ္းကူးကာ ေထာင့္မွေကာ္ဖီဆိုင္သို႔လာခဲ့သည္။ သူတို႔သည္ တိတ္ဆိတ္သည့္ သီးသန႔္အခန္းေလးကို ေတြ႕ကာ ထိုင္ခ်ခဲ့သည္။

စားပြဲထိုးမွာ ေရွ႕သို႔လာကာ ေမးလိုက္သည္။ "ဆရာတို႔ ဘာမ်ားသုံးေဆာင္ခ်င္ပါသလဲ"

ပိုင္ဖန္းက ေျပာလိုက္သည္။ "လက္ေတးႏွစ္ခြက္။ သၾကားထပ္မထည့္ဘူး။ ေက်းဇူးပဲ"

က်န္းေရွာင္ယြီသည္ ပါးစပ္ထဲခါးေနေသာ မူလေကာ္ဖီအရသာကို ေသာက္ရရန္ ႀကိဳက္ႏွစ္သက္ေနခဲ့သည္။ ပိုင္ဖန္းသည္ သူ၏ဆရာ ေသာက္သည့္အက်င့္မွ သင္ယူခဲ့သည္။ ပထမတစ္ေခါက္သူေသာက္ေသာအခါ ခါးသက္မႈေၾကာင့္ အန္ထြက္မလိုပင္ျဖစ္သည္။ ေနာက္ပိုင္းတြင္ သူသည္ ၎အားေသာက္ျခင္းကို အက်င့္ရလာခဲ့သည္။ ACE သည္ ေကာ္ဖီအား သယ္သြားရန္ မွာသည့္အခ်ိန္တိုင္း သူတို႔၏အရသာမ်ားမွာ အတူတူပင္ျဖစ္သည္။

စားပြဲထိုးသည္ ေကာ္ဖီအား အျမန္ယူလာခဲ့သည္။

ပိုင္ဖန္းသည္ သူ၏အေရွ႕တြင္ရွိေသာလူအား ဂ႐ုတစိုက္ၾကည့္လိုက္ကာ စိုးရိမ္စိတ္ႏွင့္ ေျပာလိုက္သည္။ "ဆရာ ဝိတ္နည္းနည္းက်သြားတဲ့ပုံပဲ"

က်န္းေရွာင္ယြီ: "......"

သူတကယ္ပင္ ဝိတ္က်သြားသည္။ အိုမီဂါတားေဆးမ်ား၏ ႏွစ္ရွည္ထိုးသြင္းျခင္းမွာ သူ၏အစာအိမ္အူလမ္းေၾကာင္း အရမ္းမေကာင္းသည္ဟု ဆိုလို‌သည္။ သူသည္ငါးႏွင့္အသားမ်ားစြာ မစားႏိုင္ေပ။ ေန႔တိုင္းထမင္းနည္းနည္းသာစားကာ တစ္ခါတေလ အစာမေၾကျဖစ္ေသးသည္။ သူ၏ခႏၶာကိုယ္မွာ တျဖည္းျဖည္းယိုယြင္းလာသည္။ ထိုစဥ္ ပိုင္ဖန္းသည္ သာမန္ႀတိဂံေဇာက္ထိုးပုံစံႏွင့္ လူႀကီးအယ္လ္ဖာျဖစ္သည္။ သူသည္ ကုတ္အက်ႌကိုခြၽတ္ကာ သူ၏အက်ႌစအား ဆြဲတင္ၿပီးသည္ႏွင့္ သူ၏ေပၚလာေသာလက္ေမာင္း၏ လွပေသာႂကြက္သားလိုင္းမ်ားကိုေဖာ္ျပထားၿပီး အတိတ္ကဆယ္ေက်ာ္သက္ႏွင့္ လုံးဝကြာျခားေနခဲ့သည္။

သူ၏အေရွ႕တြင္ရွိေသာအယ္လ္ဖာႏွင့္ သူ၏မွတ္ဉာဏ္ထဲမွ လူငယ္ေလးႏွင့္ တူညီသည္မွာ က်န္းေရွာင္ယြီအတြက္ ခက္ခဲေနခဲ့သည္။ သူသည္ အသက္ျပင္းျပင္းရႉကာ သူ၏စိတ္ကိုထိန္းခ်ဳပ္ၿပီး ပိုင္ဖန္း၏လူႀကီးပုံစံကို အျမန္လက္ခံလိုက္သည္။ ထို႔ေနာက္သူသည္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။ "ငါကလက္ေ႐ြးစင္အသင္းမွာရွိမွန္း မင္းဘယ္လိုသိလဲ။ ယယ္က်ီမင္းကိုေျပာျပတာလား"

ပိုင္ဖန္း ျပန္ေျဖလိုက္သည္။ "အစ္ကိုယယ္က အခ်က္အလက္ မေဖာ္ထုတ္ပါဘူး။ ကြၽန္ေတာ္မွန္းလိုက္တာပါ"

က်န္းေရွာင္ယြီမွာ အံ့ဩသြားသည္။ "မင္းခန႔္မွန္းခဲ့တာလား"

မင္းဆဌမ‌အာ႐ုံရတာေၾကာင့္ လက္ေ႐ြးစင္အသင္းကို တိုက္႐ိုက္ခန႔္မွန္းႏိုင္တာလား။

ထို႔ေနာက္ပိုင္ဖန္းသည္ ဖုန္းကိုကိုင္ကာ စာတစ္ေစာင္ကို ပို႔လိုက္သည္။

က်န္းေရွာင္ယြီ၏ မိုဘိုင္းဖုန္းမွာ ခ်က္ခ်င္းျမည္လာရာ သူသည္ၾကည့္ရန္ဖြင့္လိုက္ၿပီး Fred မွျဖစ္ေနခဲ့သည္။ ၎သည္ ႐ိုးရွင္းသည့္စာတစ္ေၾကာင္းပင္ျဖစ္သည္။

"သူ‌ေဌး~~"

"......" က်န္းေရွာင္ယြီသည္ ခဏတာေၾကာင္သြားသည္။ သူသည္အနည္းငယ္ရွက္သြားကာ ေခ်ာင္းဟန႔္လိုက္သည္။ "မင္းငါ့ကိုမွတ္မိၿပီးသားလား"

"ဟုတ္တယ္။ ဆရာ့ပုံစံက အရမ္းထင္ရွားတယ္။ကြၽန္ေတာ္ဆရာနဲ႔ အၿပိဳင္ရွာေဖြမႈမွာ ပူးေပါင္းတုန္းက ဆရာ့သ႐ုပ္မွန္ကို စၿပီးသံသယဝင္လာတယ္။ ေနာက္ၿပီး တတိယပြဲမွာ ကြၽန္ေတာ္အမွားလုပ္ၿပီး ဆရာက လမ္းေလွ်ာက္ရင္းအိပ္ေပ်ာ္သြားတာလားလို႔ဆူတာေလ" ပိုင္ဖန္း ရယ္လိုက္သည္။ "အရင္ကလည္း ကြၽန္ေတာ့္ကို ဒီလိုမ်ိဳးဆူတာပဲေလ"

က်န္းေရွာင္ယြီ: "......"

သူသည္ သူ႔တပည့္ေရွ႕တြင္ ေဖာက္ထြင္းျမင္ရေသာ သ႐ုပ္မွန္ျဖစ္ပုံေပၚေနသလား။

က်န္းေရွာင္ယြီသည္ သူ၏တပည့္မွ သူ၏သ႐ုပ္မွန္ကိုေဖာ္ထုတ္ခဲ့သည္ကို ဂ႐ုစိုက္ပုံမေပၚဘဲ တည္ၿငိမ္စြာေမးလိုက္သည္။ "သူေဌးကငါလို႔ မင္းသံသယဝင္တာေၾကာင့္ ACE အဖြဲ႕ဝင္ေတြကို စုံစမ္းဖို႔ သီးသန႔္ေမးလိုက္တာလား။ ေနာက္ၿပီး အတည္ျပဳဖို႔ လက္ေ႐ြးစင္အသင္းကို လာခဲ့တာလား"

"ဟုတ္တယ္။ သူတို႔ကဆရာျပန္လာၿပီလို႔ မေျပာေပမယ့္ သူတို႔ရဲ႕တုံ႔ျပန္မႈကတစ္ဆင့္ ခန႔္မွန္းလိုက္တာ"

က်န္းေရွာင္ယြီသည္ သူ၏နားထင္မ်ားအား ညင္သာစြာ ပြတ္သပ္လိုက္သည္။

သူသည္ သူ႔တပည့္သူ႔အေပၚနားလည္ျခင္းအား တကယ္ပင္ အထင္ေသးခဲ့သည္။

ေရွာင္းပိုင္သည္ သူ႔ေနာက္ တစ္ႏွစ္လုံးလိုက္ခဲ့ကာ သူ၏စကားေျပာသည့္အက်င့္ႏွင့္ ဘဝအက်င့္မ်ားကို သိေနခဲ့သည္။ သူ႔ကိုယ္သူ ေရွာင္းပိုင္၏အေရွ႕တြင္ ႐ုပ္ဖ်က္ရန္ခက္ခဲကာ သူသည္ သ႐ုပ္ေဆာင္စြမ္းရည္ေကာင္းသည့္ လူမ်ိဳးမဟုတ္ေပ။

ဤအခိုက္အတန႔္၌ ပိုင္ဖန္းသည္ မၿပဳံးေတာ့ဘဲ ႏူးညံ့စြာ ေျပာလိုက္သည္။ "ဆရာ၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

က်န္းေရွာင္ယြီ မ်က္ခုံးပင့္လိုက္သည္။ "ဘာလို႔ေတာင္းပန္တာလဲ"

ပိုင္ဖန္းသည္ မ်က္လႊခ်ကာ သူ၏လက္သီးမ်ားအား တင္းက်ပ္စြာ ဆုပ္ကိုင္ထားသည္။ "ကြၽန္ေတာ္ ACE အသင္းကို မကယ္ႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္က အရည္အေသြးျပည့္မီတဲ့ ေခါင္းေဆာင္မဟုတ္ဘူး"

က်န္းေရွာင္ယြီသည္ ေခါင္းငိုက္စိုက္က်ကာ သူ၏အမွားမ်ားကို ဝန္ခံေနေသာ လူငယ္ေလးအား ေတြ႕ေသာအခါ သူ၏စိတ္မ်ား အနည္းငယ္ ႏူးညံ့သြားခဲ့သည္။

သူသည္ သူ၏တပည့္ေခါင္းအား ထိရန္ လက္ကမ္းလိုက္သည္။ ထို႔ေနာက္တစ္ဖက္လူမွာ လူႀကီးအယ္လ္ဖာျဖစ္ေနသည္ကို သတိရသြားကာ သူ၏လက္ကို႐ုတ္လိုက္သည္။ သူသည္ပိုင္ဖန္း၏ပခုံးေပၚတင္လိုက္ကာ ပုတ္ေပးလိုက္ကာ သူ၏အသံမွာ ႏူးညံ့ေနခဲ့သည္။ "အျပစ္မတင္ပါနဲ႔။ ငါမင္းကို အျပစ္မတင္ဘူး"

ပိုင္ဖန္းသည္ သူ၏‌ေခါင္းကိုေမာ့ကာ တည္ၿငိမ္ေသာမ်က္လုံးတစ္စုံထဲသို႔ ၾကည့္လိုက္သည္။

က်န္းေရွာင္ယြီ ေျပာလိုက္သည္။ "ငါအစ္မယြီနဲ႔ေလာင္လင္းတို႔ ACE အဖြဲ႕ပ်က္တဲ့အေၾကာင္းကို ၾကားၿပီးၿပီ။ မင္းအမွားမဟုတ္ဘူး။ မင္းအဲ့တုန္းက အရမ္းငယ္ေနၿပီး ကလပ္ႀကီးေတြနဲ႔ တိုက္ဖို႔က မင္းအတြက္မျဖစ္ႏိုင္ဘူး။ ႏွစ္အေတာ္ၾကာ မင္း ACE အတြက္နဲ႔ ခံစားခဲ့ရမွာပဲ။ ဆရာဒါကိုသိတယ္"

'ဆရာဒါကိုသိတယ္'ဟူသည့္ စာေၾကာင္းမွာ ႏွစ္သိမ့္မႈစကားလုံးမ်ား ေထာင္ေပါင္းမ်ားစြာႏွင့္ တူညီသည္။

ပိုင္ဖန္းသည္ ငိုခ်င္စိတ္ကို ထိန္းခ်ဳပ္ကာ တီးတိုးေျပာခဲ့သည္။ "ဆရာထြက္သြားတုန္းက ကြၽန္ေတာ့္ကို အရမ္းယုံၿပီး ACE အသင္းရဲ႕ ေခါင္းေဆာင္ေနရာကို ေပးခဲ့တယ္ေလ။ ကံမေကာင္းတာက ကြၽန္ေတာ္ဆရာ့ဆီကို ၿပီးျပည့္စုံတဲ့ ACE အသင္းတစ္ခုကို ျပန္မယူလာေပးႏိုင္ဘူး..."

က်န္းေရွာင္ယြီ၏ အသံမွာ တည္ၿငိမ္ေနခဲ့သည္။ "ကိစၥမရွိပါဘူး။ ACE ကို ငါကတည္ေထာက္ၿပီးေတာ့ မင္းလက္ထဲၿပီးသြားတာကလည္း ေနာက္တစ္နည္း ျဖည့္စည္းမႈတစ္ခုလို႔ ယူဆႏိုင္ပါတယ္။ အဖြဲ႕ပ်က္သြားၿပီး ပရိသတ္ေတြကိုဖ်ားေယာင္းဖို႔ ၿမိဳ႕ေတာ္ကသုံးတာထက္ ပိုေကာင္းတဲ့ သမိုင္းတြင္သြားခဲ့တယ္။ မင္းအေကာင္းဆုံးလုပ္ခဲ့ၿပီးေတာ့ အျပစ္တင္စိတ္ ခံစားစရာမလိုပါဘူး။ ငါကသာ အရမ္းအလ်င္စလိုထြက္သြားရတဲ့သူပါ။ မင္းဆီ‌ပုံအပ္လိုက္တဲ့ ဝန္ထုပ္ဝန္ပိုးက အရမ္းႀကီးတယ္"

သူသည္ သူ၏အေရွ႕ရွိ လူငယ္အားၾကည့္ကာ ရွင္းရွင္းလင္းလင္းေျပာလိုက္သည္။ "ေရွာင္းပိုင္၊ အတိတ္ကိုလြတ္ခ်လိုက္ေတာ့"

ပိုင္ဖန္းသည္ စိတ္သက္သာရာရမႈေၾကာင့္ အနည္းငယ္ သက္ျပင္းခ်လိုက္သည္။

ႏွစ္ေပါင္းမ်ားစြာၾကာ တည္ရွိေန‌‌သည့္ သူ၏ႏွလုံးသားထဲမွ အထုံးမ်ားမွာ ေနာက္ဆုံးတြင္ ဆရာ့ေၾကာင့္ ေျပသြားခဲ့သည္။

သူအေၾကာက္ဆုံးအရာမွာ သူ႔ဆရာသူ႔အား အျပစ္တင္လိမ့္မည္ပင္ျဖစ္သည္။ ထိုအခ်ိန္၌ သူတြင္ ကန႔္သတ္ထားသည့္စြမ္းရည္ရွိၿပီး သူ၏ဆရာ ႀကိဳးပမ္းမႈမ်ားကို ကယ္တင္ရန္ က်ရႈံးခဲ့သည္။ သို႔ေသာ္ ၎သည္က်န္းေရွာင္ယြီ ေျပာသကဲ့သို႔ပင္ျဖစ္သည္။ သူတို႔သည္ ထိုအခါက အင္အားမဲ့ကြၽမ္းက်င္ ကစားသမားမ်ားျဖစ္ၿပီး ကလပ္ေနာက္ကြယ္မွ ၿမိဳ႕ေတာ္အား တိုက္ခိုက္ရန္ မျဖစ္ႏိုင္ေပ။ သူတို႔သည္ အစြမ္းကုန္ ႀကိဳးစားခဲ့သည္။

ဆရာသည္ သူ႔အား အျပစ္မတင္ပါဟု ေျပာခဲ့သည္...

ေနာက္ဆုံး၌ ပိုင္ဖန္းသည္ သူ၏စိတ္ထဲမွ ေလးလံေနသည့္ ဝန္ထုပ္ဝန္ပိုးကို ေျဖခ်ႏိုင္ခဲ့သည္။

ပိုင္ဖန္းသည္ သူ၏ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ကာ အၿပဳံးႏွင့္ေျပာလိုက္သည္။ "ဆရာ၊ ဒီတစ္ႀကိမ္ျပန္လာဖို႔အတြက္ အစီအစဥ္ရွိလား"

က်န္းေရွာင္ယြီ ေမးလိုက္သည္။ "ငါဘာလို႔လက္ေ႐ြးစင္အသင္းကို လာခဲ့တာလဲဆိုတာ မင္းခန႔္မွန္းႏိုင္လား"

ပိုင္ဖန္းသည္ ခ်က္ခ်င္း‌ ေျဖလိုက္သည္။ "နည္းျပအသစ္ခန႔္တာနဲ႔ ဆိုင္တာလား"

က်န္းေရွာင္ယြီ ေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္တယ္။ ငါလက္ေ႐ြးစင္အသင္းရဲ႕ ေခါင္းေဆာင္နည္းျပေနရာကို ယူလိုက္ၿပီ"

ေခါင္းေဆာင္နည္းျပလား။

ပိုင္ဖန္း၏မ်က္လုံးမ်ား အနည္းငယ္ျပဴးသြားသည္။ သူသည္ဤအရာအား တကယ္ပင္မထင္ထားခဲ့ေပ။ သူ၏ဆရာမွာ အစ္မယြီအား ကူညီရန္ လက္ေ႐ြးစင္အသင္းသို႔သြားခဲ့သည္ဟူ၍သာ ေတြးခဲ့သည္။ မထင္မွတ္ဘဲႏွင့္ သူ၏ဆရာသည္ ေခါင္းေဆာင္နည္းျပအျဖစ္ တာဝန္ယူသည္လား။ ထိုသူမွာ လက္ေ႐ြးစင္အသင္း၏နည္းျပခ်ဳပ္ျဖစ္ေနခဲ့သည္။

တုံ႔ျပန္မႈၿပီးေနာက္ ပိုင္ဖန္းသည္ "ဆရာ၊ ဆရယကအရမ္းအားႀကီးတာပဲ" ဟု မေျပာဘဲ မေနႏိုင္ေပ။

က်န္းေရွာင္ယြီ: "......"

ဤသည္မွာ လြန္ကဲစြာခ်ီးက်ဴးရန္ အခ်ိန္ျဖစ္သလား။

ပိုင္ဖန္းသည္ မၿပဳံးေတာ့ဘဲ အေလးအနက္ေမးခဲ့သည္။ "ဆရာ လိဂ္ကဆရာ့ကို တရားဝင္ေၾကျငာခြင့္မျပဳတာေၾကာင့္ ကြၽန္ေတာ့္ကို ဖုံးကြယ္ထားတာလား"

က်န္းေရွာင္ယြီသည္ ခဏတာတိတ္ဆိတ္ေနခဲ့သည္။ "တကယ္ေတာ့ ငါမင္းရဲ႕လတ္တေလာ စြမ္းအားနဲ႔ ကြၽမ္းက်င္ကစားသမားျဖစ္ဖို႔ စိတ္ဝင္စားေသးလားဆိုတာ သိခ်င္လို႔ အျခားအေကာင့္တစ္ခုဖြင့္ၿပီး မင္းကိုရွာဖို႔ တိုက္႐ိုက္ထုတ္လႊင့္မႈအခန္းဆီသြားခဲ့တာ" သူရွင္းမျပခင္ ရပ္လိုက္သည္။ "ငါမင္းအေပၚ ဘာဖိအားမွမေပးခ်င္တာေၾကာင့္ တိုက္႐ိုက္ႀကီး ငါ့သ႐ုပ္မွန္ကိုမ‌ေျပာခဲ့ဘူး"

ပိုင္ဖန္းသည္ ရွင္းျပခ်က္ကို ၾကားကာ သူ၏စိတ္မွာ ခ်က္ခ်င္း ေႏြးေထြးမႈႏွင့္ ျပည့္သြားခဲ့သည္။

သူသည္သိၿပီးေနာက္ စိတ္ပိုင္းဆိုင္ရာဖိအားခံစားရမည္ကို သူ၏ဆရာေၾကာက္ေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ဆရာသည္ သူ႔အားဆုံးျဖတ္ခ်က္ခ်ကာ အမိန္႔ေပးရန္အတြက္ ပိုင္ဖန္း၏ ဆရာဟူသည့္ သ႐ုပ္မွန္ကိုသုံးမည့္အစား ေနာက္အေကာင့္တစ္ခုသုံးကာ သူကြၽမ္းကြၽမ္းက်င္က်င္ ကစားခ်င္သလား ၾကည့္ရန္အတြက္ အျခားအေကာင့္ကိုသုံးကာ 'ကလပ္ကင္းေထာက္'အျဖစ္ သူ႔ဆီလာခဲ့သည္။

မထူးျခားပုံေပၚေသာ နတ္ဘုရား Wing မွာ တကယ္တမ္းႏူးညံ့ေသာလူတစ္ေယာက္ျဖစ္သည္။

သူသည္ တင္းက်ပ္ေသာလည္း ပိုင္ဖန္းအား ဆရာတစ္ေယာက္၏ ဂုဏ္ပုဒ္တပ္ကာ သူ၏တပည့္အား ကိစၥမ်ားခိုင္းမည့္အစား ေလးစားမႈႏွင့္လြတ္လပ္မႈ အျပည့္ေပးခဲ့သည္။

ပိုင္ဖန္းမွာ အံ့ဩေနသည္။ "ဆရာ၊ ဒါကလွ်ပ္တစ္ျပတ္ စာေမးပြဲလား။ ဒါဆို‌စာေမးပြဲေျဖၿပီး‌ ဆရာ့တပည့္ရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္ရဲ႕လား"

က်န္းေရွာင္ယြီသူ႔အားေျပာလိုက္သည္။ "အဆင္ေျပပါတယ္"

ပိုင္ဖန္းသည္ "ထပ္ၿပီး ဒီသုံးသပ္ခ်က္ပဲ"ဟု ေျပာလိုက္သည္။

က်န္းေရွာင္ယြီသည္ မ်က္ခုံးပင့္လိုက္သည္။ "ငါ့အျမင္ေတာ့ မင္းရဲ႕လက္ရွိအင္အားက တကယ္ေအာင္ႏိုင္တယ္။ မင္းကအခုထိေတာ့ ၿပီးျပည့္စုံတာနဲ႔ ေဝးကြာေနတုန္းပဲ"

ပိုင္ဖန္းသည္ စာကိုဂ႐ုတစိုက္နားေထာင္ေနေသာ ေက်ာင္းသားေကာင္းတစ္ေယာက္ပုံစံ ခ်က္ခ်င္းျဖစ္သြားသည္။ "ကြၽန္ေတာ္အနာဂတ္မွာ ဆက္ၿပီးႀကိဳးစားၿပီး ၿပီးျပည့္စုံမႈရေအာင္ ဆက္လုပ္မယ္"

က်န္းေရွာင္ယြီသည္ ခဏတာတတိတ္ဆိတ္ေနခဲ့သည္။ ထို႔ေနာက္ သူသည္ သူ႔ေရွ႕တြင္‌ရွိေသာလူအား ၾကည့္ၿပီးအေလးအနက္ေမးလိုက္သည္။ "ေရွာင္းပိုင္ ဘာျဖစ္ျဖစ္သိသြားၿပီမို႔ ဆရာမင္းကိုဒီေန႔ တရားဝင္ေမးမယ္။ မင္းကြၽမ္းက်င္ကစားသမား ျဖစ္ခ်င္တုန္းလား"

ပိုင္ဖန္းတိတ္ဆိတ္သြားသည္။

"ငါက လက္ေ႐ြးစင္အသင္းရဲ႕နည္းျပဆိုတာကို မင္းဂ႐ုစိုက္စရာမလိုဘူး။ မင္းဘယ္လိုေတြးလဲဆိုတာကိုပဲ‌ေျပာ" က်န္းေရွာင္ယြီ၏အသံမွာ ထူးဆန္းစြာ ႏူးညံ့ေနခဲ့သည္။ "မင္းက ေအာင္ျမင္တဲ့ထုတ္လႊင့္သူျဖစ္ေနၿပီး ဒီေန႔လိုေနရာေရာက္လာဖို႔ မလြယ္တာငါသိတယ္။ ထုတ္လႊင့္သူဘဝမွာ လြယ္ၿပီးလြတ္လပ္သလို လစာကလည္းျမင့္တယ္။ မင္းကြၽမ္းက်င္ကစားသမားျဖစ္ဖို႔ျပန္လာရင္ ဖိအားေတြပိုၿပီးခံႏိုင္ရမယ္။ ဒါေၾကာင့္ ဆုံးျဖတ္ခ်က္မခ်ခင္ မင္းေသခ်ာစဥ္းစားလိမ့္မယ္လို႔ ငါေမွ်ာ္လင့္တယ္"

ပိုင္ဖန္းသည္ လက္ေ႐ြးအစင္အသင္းကို ဝင္ႏိုင္သည္ဟု ပိုင္ဖန္းေမွ်ာ္လင့္ေနခဲ့သည္။ ပိုင္ဖန္းသည္ သူ၏စိတ္ထဲတြင္ အသန္မာဆုံး အက်ဥ္းခ်ဳပ္ျမင္ကြင္းႏွင့္ အစူးရွဆုံး နည္းပညာသိရွိမႈရွိေနသည္။ သူသည္ပိုင္ဖန္းအား လက္ေ႐ြးစင္အသင္း၏ အဓိကအမိန႔္ေပးသူအျဖစ္ ေလ့က်င့္ေပးခ်င္ခဲ့သည္။

သို႔ေသာ္ သူသည္လည္း သူ၏တပည့္အေပၚ သနားေနခဲ့သည္။

အတိတ္က ပိုင္ဖန္းသည္ ပရိသတ္မရွိေသာ ေအာက္ေျခထုတ္လႊင့္သူမွ သန္းေပါင္းရွစ္ဆယ္ေက်ာ္ေသာ ပရိသတ္မ်ားႏွင့္ ထိပ္သို႔တက္လာႏိုင္ခဲ့သည္။ သူသည္ သာမန္လူမ်ား စိတ္မကူးႏိုင္ေသာ စြမ္းအားအမ်ားႀကီးထည့္သြင္းကာ အမ်ားႀကီးလည္း ခံစားခဲ့ရသည္။ ယေန႔ ေအာင္ျမင္မႈမ်ား ရရွိရန္ မလြယ္ကူလွေပ။ သူသည္ သူ၏ဆရာျပန္လာေသာေၾကာင့္ သူ၏အသက္ေမြးဝမ္းေၾကာင္း ေျပာင္းရမည့္ အေၾကာင္းအရင္းမရွိေပ။

ပိုင္ဖန္းသည္ မွ်တေသာ ေ႐ြးခ်ယ္မႈမ်ိဳးလုပ္ႏိုင္မည္ဟု က်န္းေရွာင္ယြီ ေမွ်ာ္လင့္ေနဆဲျဖစ္သည္။ တကယ္တမ္းတြင္ ဤသည္မွာ ပိုင္ဖန္း၏ကိုယ္ပိုင္ဘဝျဖစ္ကာ မည္သူမွ် မစြက္ဖက္သင့္ေပ။

ပိုင္ဖန္းသည္ တစ္ဖက္လူ၏စကားမ်ားကို နားေထာင္ၿပီး သူ၏စိတ္မွာ ေႏြးေထြးသြားခဲ့သည္။

နတ္ဘုရား Wing သည္ ကမာၻေပၚတြင္ အေတာ္ဆုံးဆရာတစ္ေယာက္ပင္ျဖစ္သည္။ သူသည္ပိုင္ဖန္း၏ဆုံးျဖတ္ခ်က္မ်ားကို အၿမဲေလးစားသည္။

ပိုင္ဖန္းသည္ ေနာက္ထပ္တြန႔္ဆုတ္မေနဘဲ ခ်က္ခ်င္းေျပာလိုက္သည္။ "ကြၽန္ေတာ္ ဆုံးျဖတ္ၿပီးၿပီ။ ဆရာက လက္ေ႐ြးစင္အသင္းရဲ႕နည္းျပျဖစ္တာေၾကာင့္ ကြၽန္ေတာ္လက္ေ႐ြးစင္အသင္းကို ဝင္ဖို႔နည္းလမ္းရွိလာၿပီ"

က်န္းေရွာင္ယြီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ငါ့ေၾကာင့္ မေလာဘဲ မင္းအနာဂတ္ကို မသက္ေရာက္ေစနဲ႔"

"ဆရာ၊ ကြၽန္ေတာ္လူႀကီးျဖစ္ၿပီး ကြၽန္ေတာ့္ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြကို တာဝန္ယူႏိုင္တယ္" အယ္လ္ဖာ၏အၾကည့္မွာ တည္ၿငိမ္ကာ သူသည္ ကိစၥမ်ားအား စိတ္ျမန္ျမန္လုပ္သည့္ပုံ လုံးဝမေပၚေပ။ "ထုတ္လႊင့္သူျဖစ္ရတာ ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးပန္းတိုင္ ဘယ္ေသာအခါမွမျဖစ္ခဲ့ဘူး။ ဒါကဖိအားေပးခံရတဲ့ ေ႐ြးခ်ယ္မႈပဲ။ ေနာက္ၿပီး ထုတ္လႊင့္သူေတြအတြက္ အသက္သတ္မွတ္ထားတာမ်ိဳးမရွိဘူး။ ကြၽန္ေတာ္ေနာက္က် ျပန္သြားခ်င္တိုင္း သြားလို႔ရတယ္။ ဘာပဲျဖစ္ျဖစ္ e-sports အထြတ္အထိပ္က ႏွစ္အနည္းငယ္အတြင္းပဲ။ ကြၽန္ေတာ္အခု ပုံစံေကာင္းမွာရွိေနၿပီ။ ကြၽန္ေတာ္ထပ္ၿပီး ကြၽမ္းကြၽမ္းက်င္က်င္ မကစားရင္ တစ္သက္လုံး လက္လြတ္ရမွာ မဟုတ္ဘူးလား"

က်န္းေရွာင္ယြီသည္ ဤစကားမ်ားၾကားကာ မျငင္းဆန္ႏိုင္ေပ။

ေရွာင္ပိုင္းမွာ မွန္ေနခဲ့သည္။

သူသည္အနာဂတ္တြင္ အနားယူေသာအခါ ထပ္မံထုတ္လႊင့္သူ ဆက္လုပ္ႏိုင္သည္။

ထိုစဥ္ ကြၽမ္းက်င္ကစားသမားမ်ားမွာ ငယ္လြန္းသည္။ ပိုင္ဖန္းသည္ ယခုပုံစံေကာင္းရွိေနသည္။ တစ္ႏွစ္သို႔မဟုတ္ႏွစ္ႏွစ္ပို၍ ေႏွာင့္ေႏွးမႈရွိပါက... သူသည္ ကြၽမ္းက်င္ကစားသမားျဖစ္ႏိုင္လိမ့္မည္မဟုတ္ေပ။

"ဒါဆို မင္းပလက္ေဖာင္းနဲ႔ စာခ်ဳပ္ကေရာ ဘယ္လိုလဲ။ စာခ်ဳပ္အဆုံးသတ္က ျပႆနာမျဖစ္လြန္းဘူးလား" က်န္းေရွာင္ယြီမွာ စိုးရိမ္ေနခဲ့သည္။

"ဆရာ စိတ္ခ်ပါ။ ကြၽန္ေတာ္နဲ႔ က်င္းကြန္ရက္ စာခ်ဳပ္က ေနာက္ႏွစ္ကုန္ၿပီး အသစ္ျပန္မလုပ္ဘူး။ ေနာက္ၿပီး ကြၽန္ေတာ္လက္ေ႐ြးစင္အသင္းေ႐ြးခ်ယ္တာ ျပင္ဆင္ဖို႔အာ႐ုံစိုက္မယ္။ ဆရာကလက္ေ႐ြးစင္အသင္းရဲ႕ နည္းျပမို႔ ေနာက္လက္ေ႐ြးစင္အသင္းေ႐ြးခ်ယ္မႈက မွ်တမယ္လို႔ ကြၽန္ေတာ္ယုံတယ္။ ကြၽန္ေတာ္လက္ေ႐ြးစင္အသင္းရဲ႕ အဖြဲ႕ဝင္ျဖစ္လာဖို႔ ကိုယ္ပိုင္စြမ္းရည္ကိုအားကိုးမယ္"

"ဒီႏွစ္‌အတြင္းမွာ ကြၽန္ေတာ္ေလ့က်င့္တာ ဘယ္ေတာ့မွ မရပ္ခဲ့ဘူး။ တစ္ေန႔အခြင့္အေရး ကြၽန္ေတာ့္ေရွ႕ေရာက္လာတဲ့အခါ ဒါကိုခ်က္ခ်င္းဆုပ္ကိုင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္လို႔ေလ" ပိုင္ဖန္းသည္ ခိုင္မာစြာမေျပာခင္ အနည္းငယ္ၿပဳံးလိုက္သည္။ "ဆရာ ကြၽန္ေတာ္ဆရာ့ကိုေတြ႕ဖို႔ လက္ေ႐ြးစင္အသင္းကို ေသခ်ာေပါက္ျပန္လာမွာပါ။ ကတိေပးတယ္"

သူ၏‌အေရွ႕တြင္ရွိေသာအယ္လ္ဖာမွာ ဤသို႔ေျပာေသာအခါ အလြန္ယုံၾကည္မႈရွိရွိ ၿပဳံးေနခဲ့သည္။

၎မွာ ေတာက္ပလြန္းေနခဲ့သည္။

သူ၏တပည့္မွာ ႀကီးလာခဲ့ၿပီ။ သူသည္ သူ၏အနာဂတ္အတြက္ ရွင္းလင္းသည့္အစီအစဥ္ရွိကာ သူ၏ေနာင္တမ်ားကို ျပဳျပင္ရန္ အၿမဲကြၽမ္းက်င္ကစားသမား ျဖစ္ရန္အဆင္သင့္ျဖစ္ေနခဲ့သည္။ သူသည္သူ၏ဘဝအစီအစဥ္အား သူ၏ဆရာအတြက္ ေျပာင္းလဲလိုက္သည္မွာ သူ႔အားအထင္ေသးေနျခင္းျဖစ္သည္။

က်န္းေရွာင္ယြီသည္ သူ၏အေရွ႕တြင္ရွိေသာ လူငယ္အား ၾကည့္လိုက္သည္။ "ေကာင္းၿပီ။ ဒါဆို ငါမင္းကိုလက္ေ႐ြးစင္အသင္းမွာ ေစာင့္ေနမယ္" 

Weiterlesen

Das wird dir gefallen

65.3K 8.8K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permissi...
805K 26K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
159K 23.3K 132
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
18.3K 1.3K 5
Author - 即墨遥 Status - 94 Chapters + 7 Extras (Completed) Eng tran - not complete Eng tran link - https://www.novelupdates.com/series/the-villains-all...