(Unicode)
.
ပြီးခဲ့သည့်နှစ်တွေမှ တစ်ယောက်သောသူ တိုက်ရိုက်ထုတ်လွှင့်နေသည့်ညတွင် ဖြစ်သည်။ ကျန်းရုန်က မိန်းကလေးတွဲကစားဖော်၏ အောက်လမ်းတွင်အတူကစားချင်သည့် တောင်းဆိုချက်ကို ခပ်ပြတ်ပြတ်ပင် ငြင်းပစ်လိုက်သည်။ သူ့အသံက အေးစက်ပြီးသူစိမ်းဆန်သည်မှာ တစ်စုံတစ်ယောက်၏ဆံပင်တွေကိုပင် ထောင်လာစေသည်အထိ။ ပျင်းရိပြီး ဘာမှလုပ်စရာမရှိ အားယားနေသည့်WFတွေမှာ ဒီသောက်ပေါလေး တစ်ယောက်ယောက်နှင့်တွဲဖြစ်ခဲ့ရင် ဘယ်လိုပုံစံများဖြစ်နေမလဲဟု လှောင်ပြောင်နေကြရင်း သူ့အနာဂတ်ချစ်သူအကြောင်းကို စတင်ထင်ကြေးပေးကြတော့သည်။
သူတို့ထဲမှတစ်ချို့ပြောကြသည်က နေ့တိုင်းနေ့တိုင်း Livestreamလွှင့်နေရင်း အပြန်အလှန် တစ်ယောက်တစ်ခွန်းဆဲလို့ရအောင် သူနှင့်ပုံစံတူသည့် စိတ်လက်တစ်ဆစ်မိန်းကလေးမျိုးနှင့် တွဲသင့်သည်ဟူ၍။ အချို့ကတော့ သေချာပေါက် သူက အားနွဲ့ပြီးနူးညံ့သည့်ယုန်ဖြူလေးလို မိန်းကလေးမျိုးကို တွဲမည်ဟုဆိုပြန်သည်။ ပြဿနာရှာချင်သည့်Antiတွေကတော့ သူက ညှင်းပန်းနှိပ်စက်တတ်သူ ဖြစ်လာမည်ဟု အခိုင်အမာ ပြောခဲ့ကြသည်။
ထိုအချိန်တုန်းက ကွန်မန့်တစ်ခုတစ်လေကိုပင် ကျန်းရုန် မတုံ့ပြန်ဖြစ်ခဲ့။ ချိန်းတွေ့ခြင်းဆိုသည့်ကိစ္စက သူလက်လှမ်းမမှီသည့်အရာတစ်ခုလို ခံစားခဲ့ရသည်။ သူ့အတွက် တစ်ခန်းထဲအတူနေချင်မိသူ သို့မဟုတ် တစ်ဖက်သား၏အကြောင်းတွေကို ပိုပိုသိချင်လာပြီး စကားပြောချင်မိသူဟူ၍ တစ်ယောက်တစ်လေပင် မရှိချေ။
အခုချိန်မှာတော့ သူက သူ့ထက်ပင် ရင်အုပ်ကျယ်ပြီး အရပ်ပိုရှည်သည့် ယောကျာ်းတစ်ယောက်နှင့် ထီးတစ်လက်၏အနောက်တွင် ပုန်းကွယ်နေသည်။
ဖြတ်သွားဖြစ်လာတစ်ယောက်၏ မိုးဖွဲများကိုအပြစ်တင်သံ ကြားလိုက်ရသည်နှင့် ကျန်းရုန်၏နှလုံးခုန်သံမှာ တိုင်ပင်လွဲကုန်လေသည်။ သူလုပေါ်ယွမ်၏အင်္ကျီစကို ပိုတင်းတင်းဆွဲလိုက်မိပြီး သူ့လက်သည်းခွံတွေမှာ စိတ်လှုပ်ရှားမှုကြောင့် အဖြူရောင်ပင် သန်းနေတော့သည်။
သူတို့အနောက်ဘက်ရှိ မိုးရေစက်တွေကျဆင်းနေသော ၂၄နာရီစတိုး၏ဖန်နံရံနှင့် ကျန်းရုန်၏အဝတ်အစာယတွေ ပွတ်တိုက်မိပြီး ပေကျံကုန်မှာစိုးသည်ကြောင့် လုပေါ်ယွမ်က သူ့တစ်ခြားလက်ကို ကျန်းရုန်၏ခါးပေါ်တွင်တင်ထားပြီး ထိန်းကိုင်ထားသည်။
ပူရှိန်းပီကေနံ့စွဲကျန်နေသည့် ကျန်းရုန်၏နှုတ်ခမ်းတွေက နူးညံ့သည်ထက်ပိုပြီး ၎င်းတို့က လုပေါ်ယွမ်၏နှုတ်ခမ်းတွေနှင့်အတူ စိတ်အားထက်သန်စွာ ဆန္ဒစောစွာ အတွေ့အကြုံမရှိစွာဖြင့် လှုပ်ရှားနေသည်။
ကျန်းရုန်၏အနမ်းတို့ကြောင့် လုပေါ်ယွမ်၏နှလုံးသားမှာ ယားယံလာပြီး ရယ်ချင်လာတော့သည်။ ထို့ကြောင့် သူနောက်ကိုအနည်းငယ်ပြန်ဆုတ်မိသွားသည်။
သူတို့၏နှုတ်ခမ်းတွေ ကွဲကွာသွားသည့်အခိုက်အတန့်၌ လုပေါ်ယွမ် အောက်ဘက်ကိုငုံ့ကြည့်လိုက်တော့ ကျန်းရုန်၏မပွင့်တပွင့်မျက်ဝန်းတို့ကို မြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်အကြာ၌ ကျန်းရုန် လုပေါ်ယွမ်၏အင်္ကျီစကို ဆောင့်ဆွဲလိုက်ပြီး ရှေ့ကိုတိုးလာကာ ထပ်မံနီးကပ်သွားပြန်သည်။
……
တင်းကော၏ဖုန်းက ဝင်လာခဲ့သည်။ သူတို့ကိုလာကြိုရန် သူကိုယ်တိုင်ကားမောင်းလာသည်ဖြစ်ပြီး သုံးမိနစ်အတွင်းရောက်မည်ဖြစ်ရာ သူယာယီကားရပ်လို့ရမည့်နေရာမှာသာ သူ့ကိုစောင့်နေရန် ပြောလာသည်။
လုပေါ်ယွမ်က လက်ကိုမြှောက်ကာ သူ့Maskကိုနေရာမှာပြန်ထားလိုက်ပြီး သူတို့ရပ်နေသည့်နေရာက သူတို့ရှေ့မှာပင် ကားရပ်လို့ရသည်ဖြစ်ကြောင်း တင်းကောအား ပြန်ပြောပြနေသည်။
ကျန်းရုန်ကတော့ သူ့နဂိုပုံစံအတိုင်း တောင့်ခဲနေခဲ့သည်။ သူ့ပုံစံက လုပေါ်ယွမ်ဖုန်းပြောနေသည်ကို နားထောင်နေပုံပေါ်ပေမယ့် တကယ်ကတော့ သူ့ဦးနှောက်မှာ လွန်ခဲ့သည့်မိနစ်အနည်းငယ်က ပုံရိပ်တွေကို ထပ်ခါတလဲလဲ ပြန်လည်ပြသနေရာ သူ့နားရွက်တွေမှာ ရဲရဲတွတ်နေတော့သည်။
ခုဏကတုန်းက လုပေါ်ယွမ်သူ့ကိုထပ်နမ်းအောင် ဘာလို့များဆွဲလိုက်မိတာပါလိမ့်?
…..
ငိုး
သူတို့တွေ ထီးကိုပိတ်လိုက်သည့်အချိန် လမ်း၏အဆုံးတွင် တောက်ပနေသည့် အနက်ရောင် Bentley Mulsanneက ထိုးရပ်သွားပြီး အနီးအနားမှလူတွေ၏ မျက်စိအများအပြားကို ဆွဲဆောင်နေပေသည်။
ကားမှန်ကိုချလိုက်ရင်း နေကာမျက်မှန်တပ်ထားသည့်တင်းကောက သူတို့နှစ်ယောက်ဆီ မေးဆတ်ပြလာသည်။
ကားတံခါးကိုဖွင့်လိုက်သည်နှင့် ဘယ်သူမှမမေးပါဘဲ တင်းကောက စတင်စကားများတော့သည်။
“ဖူကောကကားအသစ်ဝယ်လိုက်ပြီလေ။ ဒီကားကို Baseမှာငါတို့သုံးရအောင်ဆိုပြီး ထားပစ်ခဲ့တာ။ မမိုက်ဘူးလား?”
ကျန်းရုန်က မျက်နှာသေနှင့်ပင် ပြန်ဖြေပေးလိုက်သည်။
“မိုက်တယ်”
တင်းကော : “…..အလိုလိုက်ခံထားရတဲ့ကောင်စုတ်လေးတွေကတော့ ဘာကဘာဆိုတာမသိဘူးပဲ”
ဒီအချိန်က အလုပ်ဆင်းချိန်ကျော်သွားပြီဖြစ်သည့်အတွက် ခရီးတစ်ဝက်လောက် မရပ်မနားမောင်းလာပြီးမှ မီးပွိုင့်မိ၍ ကားရပ်လိုက်ရသည်။
တင်းကောက ပြောစရာရှိ၍နောက်လှည့်လာသော်လည်း ကျန်းရုန်၏ဘောင်းဘီခြေထောက်နားတွင် အကြည့်ရပ်သွားသည်။
“ဘယ်လိုဖြစ်လို့ ဘောင်းဘီခြေထောက်နားက အရမ်းစိုနေတာလဲ? မိုးမိလာတာလား?”
တင်းကောက ကျန်းရုန်အား အထက်အောက်စုံဆန်ကြည့်ပြီးနောက် နားလည်ရခက်စွာနှင့် ထပ်ပြောလာသည်။
“အခြားနေရာတွေကျ ဘာလို့မစိုတာလဲ….”
သေချာပေါက် မိုးမိလာခြင်းမဟုတ်ပေ။ အစောပိုင်းက သူတို့ အကာအနေနှင့်အသုံးပြုခဲ့သည့် ထီး၏မျက်နှာပြင်မှ ကျလာသည့်မိုးရေတွေကြောင့် စိုသွားခြင်းဖြစ်သည်။
သူ့အာရုံတစ်ခုလုံးကလည်း သူလုပ်နေသည့်အခြားအရာအပေါ် လုံးဝအာရုံစိုက်ထားသည်မို့ ခြေထောက်ကို ပြန်မရုတ်ဖြစ်လိုက်ခြင်းပင်။ နမ်းသည့်အမှုပြီးသွားမှ သူ့ဘောင်းဘီခြေထောက်တွေ ရွှဲရွှဲစိုနေမှန်း သိလိုက်ရလေသည်။
ကျန်းရုန် ခပ်တောင့်တောင့်ကြီး ပြန်ပြောလိုက်၏။
“ရေအိုင်တွေမှာကစားလာလို့စိုသွားတာ”
“…….”
တင်းကော လုပေါ်ယွမ်ကိုကြည့်မိသွားတော့ ထပ်ပြီးနားမလည်နိုင်ဖြစ်သွားသည်။
“ဟ မင်းတို့နှစ်ယောက် ဘယ်လိုတွေများပျော်ပါးလာကြတာလဲ? မင်းအင်္ကျီကရော ဘာလို့အဲ့လောက်တွန့်ကြေနေတာလဲ??”
တင်းကော၏စကားများကြောင့် ကျန်းရုန် လှမ်းကြည့်လိုက်မိသည်။
လုပေါ်ယွမ်၏အင်္ကျီညာဘက်ထောင့်နားက အလျဥ်း တွန့်ကြေနေသည်။ အစောပိုင်းတုန်းက ကျန်းရုန် ထိုနေရာနားကို တစ်ချိန်လုံးကိုင်ထားမိကာ လက်တလောမှာတော့ ထိုအင်္ကျီနေရာက အဝတ်လျှော်စက်ထဲထည့်ပြီး လူအယောက်တစ်ရာလောက် တက်နင်းခံထားရပုံ ပေါက်နေလေသည်။
လုပေါ်ယွမ် သူ့ပါးစပ်ထဲတွင်စွဲကျန်နေသည့် အေးမြမြပူရှိန်းအငွေ့အသက်ကို အရသာခံပြီး ပြောလိုက်သည်။
“ကြောင်လေးတစ်ကောင်ဆော့သွားတာ”
ကျန်းရုန် : “……”
မီးရောင်က အစိမ်းရောင်ပြောင်းသွားသည်။ တင်းကောက အလျင်အမြန် ရှေ့ပြန်လှည့်သွားပြီး ဂတ်စ်နေရာကိုနင်းလိုက်၏။
“ဘယ်လိုကြောင်မျိုးက အဲ့လောက်ထိမယုံနိုင်စရာကောင်းပြီး မင်းအင်္ကျီကိုဒီလောက်ထိဖြစ်အောင် လုပ်လွှတ်လိုက်တာလဲ…..ပြီးတော့ ကားထဲတောင်ရောက်နေပြီ ဘာလို့Maskတွေတပ်ထားသေးတာလဲ? ဖူကောရဲ့ကားထဲမှာထားတဲ့ အမွှေးနံ့တစ်ဘူးကိုဘယ်လောက်ကျလဲ မင်းတို့သိရဲ့လား? ငါ့မိန်းမရဲ့ရေမွှေးဘူးထက်တောင် စျေးကြီးသေးတယ်။ မြန်မြန်Maskချွတ်ပြီး အနံ့ခံကြည့်ကြ!”
လုပေါ်ယွမ်က မျက်နှာသေဖြင့် ပြောလာသည်။
“ဒီလိုဆို ကောရဲ့ဂုဏ်သိက္ခါမထိခိုက်ဘူးလား?”
တင်းကောမှာသီးသွားပြီး ဖော်ဖော်ရွေရွေဆဲဆိုပြီးနောက် ကားမောင်းသည့်နေရာတွင်သာ အာရုံစိုက်လိုက်တော့သည်။
Baseဆီပြန်အရောက် တင်းကောက ကျန်းရုန်ဆီ လက်ကိုဝေ့ယမ်းပြလျက် ပြောလာသည်။
“အင်္ကျီသွားလဲလိုက်ပါလား။ ဒီလောက်တောင်စိုနေတာ နေရအဆင်မပြေဘူးမလား?”
ကျန်းရုန်က နောက်ကြည့်နောက်ကြည့်ဖြင့် အပေါ်ထပ်ဆီ တုံ့ဆိုင်းစွာ တက်သွားသည်။
လုပေါ်ယွမ်က Maskကိုချွတ်လိုက်ပြီး
“ပြောစရာရှိလို့လား?”
သူတို့တွေသိလာကြသည်မှာ နှစ်တွေအတော်ကြာပြီဖြစ်သည့်အတွက် တင်းကောက ကွေ့ဝိုက်မနေပေ။ သူ့အနားတိုးလာပြီး ခပ်တိုးတိုး မေးလာသည်။
“အခုတလောရည်းစားထားနေတာလား?”
လုပေါ်ယွမ်မှာ တစ်စက္ကန့်လောက် ငြိမ်သက်သွားပြီး တင်းကောအား တည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်လာသည်။
“ငါသိသားပဲ”
တင်းကော၏အမူအရာက ရှုပ်ထွေးနေလျက်။
“ဘယ်သူနဲ့လဲ? ဒီနယ်ပယ်ထဲကပဲလား?”
လုပေါ်ယွမ်၏မျက်ခုံးတို့က မသိမသာပြေလျော့သွားပြီး အဖြေအစား မေးခွန်းနှင့် ပြန်လည်တုံ့ပြန်လာသည်။
“ဘယ်လိုသိသွားတာလဲ”
“တအားသိသာတယ်လေ”
တင်းကောကပြောပြသည်။
“ဘယ်လိုလူက အကြောင်းရင်းမရှိ ကြောင်မလေးပုံထချိန်းမှာလဲ?”
“…..”
“ပြီးတော့ ပုံမှန်ဆို ပြိုင်ပွဲပြီးလို့စားသောက်ဆိုင်သွားရင်တောင် မသွားချင်တဲ့သူက ဒီနေ့ကျတော့ အင်္ကျီကပျာကယာလဲပြီး ထွက်သွားတာ”
တင်းကောကရပ်သွားပြီး
“အိုး ရှစ် မင်းနှုတ်ခမ်းတွေ…ကွဲနေတယ်”
လုပေါ်ယွမ် သူ့လက်ဖမိုးနှင့် နှုတ်ခမ်းကိုဖိလိုက်တော့ သူ့အောက်နှုတ်ခမ်း၏အရေပြားမှာ ကွဲအက်နေသည်။
“မတော်တဆ ကိုက်မိသွားတာ”
“တော်တော့ ဘယ်သူကများ မတော်တဆ အဲ့နေရာကိုကိုက်မိမှာလဲ”
တင်းကော တစ်ခုကိုတွေးလိုက်မိပြီး မျက်မှောင်ကျုံ့သွားသည်။
“မင်းရည်းစားထားမယ်ဆိုရင် မင်းရဲ့ချစ်သူပရိသတ်တွေထွက်မပြေးအောင် သိုသိုသိပ်သိပ်နေဖို့ ငါပြောထားပေမယ့် မင်းဒီလောက်ကြီးထိတော့ လုပ်စရာမလိုပါဘူးကွာ….”
တင်းကောက လှေကားဘက်ကို လှမ်းကြည့်လိုက်ပြီး ပြီးအောင်ပြောလိုက်သည်။
“Softကိုအကာအကွယ်အနေနဲ့ ခေါ်သွားဖို့အထိလေ”
လုပေါ်ယွမ်မှာ တစ်ခဏလောက်တိတ်ဆိတ်သွားပြီး သံယောင်လိုက်ကာ မေးကြည့်လိုက်သည်။
“အကာအကွယ်အနေနဲ့လား?”
“မဟုတ်ဘူးလား? ဒါဆို ဘာလို့ချိန်းတွေ့တဲ့နေရာကို သူ့ခေါ်သွားတာလဲ?”
တင်းကောမှာပြောလိုက်ပြီးမှ သူကိုယ်တိုင်ပင် နှစ်စက္ကန့်စာလောက် ကြောင်အမ်းသွားသည်။
ရုတ်တရက် ကျန်းရုန်၏လိမ္မော်ရောင်ကြောင်ပုံပရိုဖိုင်ကို သတိရလိုက်ပြီး ခုဏက ကားထဲတွင် သူတို့ပြောခဲ့ကြသည့် ထူးထူးဆန်းဆန်းစကားဝိုင်းကိုပါ အမှတ်ရလိုက်လေသည်။
သူ့အမူအရာကို လုပေါ်ယွမ်မြင်လိုက်သည့်အချိန် သူ့အတွေးယာဥ်ကြောကြီးကို မဖြတ်တောက်ပစ်ရန် ဘာမှမပြောလိုက်တော့ပေ။
အတော်ကြီးကြာသွားမှ တင်းကောက ဖြေးဖြေးချင်း မေးလာသည်။
“…..မင်းတကယ်ကြီးချိန်းတွေ့နေတာလား?”
လုပေါ်ယွမ် : “အင်း”
“ဘယ်သူနဲ့…..” ယောကျာ်းနဲ့လား မိန်းမနဲ့လား?
တင်းကော၏နောက်ပိုင်းစကားတွေမှာ အောက်ထပ်ဆင်းလာသည့် ရှောင်ပိုင်နှင့်Pine၏ခြေသံတွေကြောင့် ပြတ်တောက်သွားသည်။ သူမတတ်သာတော့ဘဲ သူပြောတော့မည့်စကားလုံးတွေကို ဗိုက်ထဲပြန်မြိုချလိုက်ရကာ လေချွန်သံလောက်အသံဖြင့်သာ အလောတကြီး မေးလိုက်နိုင်သည်။
“မင်းအတည်ကြီးလား?”
လုပေါ်ယွမ်က ပျင်းပျင်းရိရိ မေးလာသည်။
“ဘယ်လိုထင်လဲ?”
အဲဒီတော့မှ သူ့မေးခွန်းက အနည်းငယ်ရူးကြောင်ကြောင်နိုင်မှန်း သတိထားလိုက်မိသည်။
လုပေါ်ယွမ် ပရော်ဖက်ရှင်နယ်ကစားသမား ဖြစ်ချင်ခဲ့တုန်းက သူ့မိသားစုဆန့်ကျင်နေခဲ့သည်ဖြစ်စေ ဆာဆာလောင်လောင်ဖြင့် ဟောင်းနွမ်းနေသည့်အဆောင်ခန်းတွေမှာ နေခဲ့ရသည်ဖြစ်စေ သူက ဘယ်တော့မှ နောက်ပြန်မလှည့်ခဲ့ပေ။
သူ့အသင်းကို အောင်မြင်မှုဆီ ဆွဲခေါ်ချင်ခဲ့တုန်းကလည်း သူတတ်နိုင်သမျှ ညလုံးပေါက်လေ့ကျင့်ခဲ့ပြီး သူ့လက်တွေနာကျင်ပြီး မလှုပ်ရှားနိုင်တော့သည့်အချိန်မှာလည်း အပ်စိုက်ကုထုံး၊ သွေးဖောက်ထုတ်သည့်ကုထုံးအပြင် ရောင်ရမ်းမှုတွေပျောက်ဆေး စသဖြင့် ရသမျှနည်းလမ်းနှင့်ကုသခဲ့ပြီး နာကျင်မှုတွေ ပင်ပန်းမှုတွေအကြောင်းကို ဘယ်တုန်းကမှ စောဒကမတက်ခဲ့ဖူးပေ။
သူ့ပရော်ဖက်ရှင်နယ်ဘဝလုပ်သက်အတွင်း သူ့ကိုသဘောကျဖူးသည့် မိန်းကလေးပရိသတ်တွေကို တန်းစီမည်ဆိုလျှင် ရှန်ဟိုင်ကနေပေကျင်းထိ ရောက်လောက်မည်ပင်။ နယ်ပယ်အမျိုးမျိုးမှ ထွက်ပေါ်လာပုံအမျိုးမျိုးပေမယ့် လုပေါ်ယွမ်က တစ်ယောက်ကိုမျှ အခွင့်အရေးမပေးခဲ့ဖူးချေ။
လုပေါ်ယွမ်က လူတွေကိုရော ဆုံးဖြတ်ချက်တွေပါ အတည်အတံ့သာ ဆက်ဆံတတ်သည်။ သူသာ တစ်စုံတစ်ယောက်နှင့်တွဲခဲ့ပါက သူတကယ်သဘောကျသည်ဟု ဆိုလိုခြင်းပင်။
တင်းကော : “ဒါဆိုမင်းတို့နှစ်ယောက်…..”
“ကျွန်တော်တို့အခုမှတွဲရုံရှိသေးတာ။ အခုထိ သိပ်မတည်ငြိမ်သေးဘူး”
လုပေါ်ယွမ်က သူ့ဦးထုပ်ကိုကောက်ယူလိုက်ပြီး စကားသံတွေကို နောက်မှာချန်ရစ်ကာ အပေါ်ထပ်ဆီ ဦးတည်ကာသွားသည်။
“စိတ်မပူပါနဲ့။ လေ့ကျင့်ရေးကိုမထိခိုက်စေရဘူး”
ချီးပဲ
ဘယ်သူ့လေ့ကျင့်ရေးကို မထိခိုက်ဘူးပြောတာလဲ???
တင်းကောမှာ နေရာမှာတင်ရပ်ကာ ငြိမ်သက်နေပြီး ဒီနေ့ပြီးနောက်တစ်နေ့ကစလို့ သူမအိပ်ရတော့မှာစိုးသဖြင့် လိုရမည်ရ ထိုအတွေးကိုဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကျန်းရုန်ကတော့ သူ့အခန်းဆီပြန်လာပြီးနောက် ရေချိုးပစ်လိုက်သည်။ သွားတိုက်နေရင်း စိတ်ငြိမ်သွားအောင် Tiebaမှာငပေါတစ်ကောင်ကောင်နှင့် စကားအနည်းငယ်ပြောရန် ဖုန်းထဲတွင်ဟိုဒီဆွဲကာ ရှာကြည့်လိုက်၏။
သူလူရှာမတွေ့သေးခင် သူတို့၏စကားပြောဂရုမှာ အရင် အသံမြည်လာလေသည်။
[Pပေါင်ရဲ့Supportလေး : [Pပေါင်ရဲ့Supportလေးက အားလုံးကို အတူတူမုန့်မှာစားဖို့ ဖိတ်ခေါ်နေပါတယ်~] ဘာဘီကျူးစားမှာ စားချင်တဲ့သူရှိရင် မြန်မြန်လာမှာနော်!]
[တင်းကော : ?]
[တင်းကော : မင်းကဝက်လား? ဒီနေ့လည်လေးတင် ယွမ်၅၀၀၀ကျော်အကုန်ခံပြီး ဂျပန်အစားအစာတွေ ငါလိုက်ကျွေးထားသေးတယ်မဟုတ်လား??]
[Pပေါင်ရဲ့Supportလေး : ကျွန်တော်တို့ပြိုင်ပွဲက ဒီနေ့အစောကြီးပြီးသွားတာလေ။ ကျွန်တော်နောက်ဆုံးစားထားတာ ၆နာရီတောင်ကျော်ပြီ။ ဗိုက်ဆာတာပုံမှန်ပဲမဟုတ်ဘူးလား?!]
[တင်းကော : …….]
[ယွမ်ချန် : ငါမှာမယ်။ ငါ့အတွက်အရမ်းအရမ်းစပ်တဲ့ဘာဘီကျူး]
[Pပေါင်ရဲ့Supportလေး : ကောင်းပါပြီဗျ! စိတ်မပူနဲ့ ဒီဆိုင်ရဲ့ငရုတ်သီးမှုန့်က အရမ်းထူးခြားတယ်။ @R @R-ong မင်းတို့ရောမမှာတော့ဘူးလား?]
[R-ong : မမှာဘူး]
[R : စားလို့မရဘူး။ မင်းတို့အတွက်ပဲမှာလိုက်ကြ]
ကျန်းရုန်မှာ သွားတိုက်နေရင်း ရပ်တန့်သွားပြီး မသိစိတ်၏စေ့ဆော်မှုအရ မေးကြည့်လိုက်မိသည်။
[R-ong : ဘာလို့စားလို့မရတာလဲ?]
[တင်းကော : ……]
ဆယ်စက္ကန့်ဝန်းကျင်ကြာသွားပြီးနောက်။
[R : နှုတ်ခမ်းကွဲနေလို့]
ကျန်းရုန်မှာ ‘ပါးစပ်ဆေးသည့်ရေတွေကိုမြိုချပြခြင်း’ ဆိုသည့် ရှိုးပွဲတစ်ခုကို သူ့အတွက်သူ ဖျော်ဖြေပြလုနီးပါး ဖြစ်သွားလေသည်။
__
T/N :
သူတို့ဆက်ဆံရေးကို သေချာရှင်း"လင်း"သိတဲ့သူက တင်းကောပထမဆုံးဆိုပေမယ့် အိုက်ခွင်အထင်တော့ ဖွင့်ပြောတဲ့ညကတည်းက Pineကသိပြီးသားနေမယ်။ ဘယ်လိုထင်ကြလဲ?
(Zawgyi)
.
ၿပီးခဲ့သည့္ႏွစ္ေတြမွ တစ္ေယာက္ေသာသူ တိုက္႐ိုက္ထုတ္လႊင့္ေနသည့္ညတြင္ ျဖစ္သည္။ က်န္း႐ုန္က မိန္းကေလးတြဲကစားေဖာ္၏ ေအာက္လမ္းတြင္အတူကစားခ်င္သည့္ ေတာင္းဆိုခ်က္ကို ခပ္ျပတ္ျပတ္ပင္ ျငင္းပစ္လိုက္သည္။ သူ႔အသံက ေအးစက္ၿပီးသူစိမ္းဆန္သည္မွာ တစ္စုံတစ္ေယာက္၏ဆံပင္ေတြကိုပင္ ေထာင္လာေစသည္အထိ။ ပ်င္းရိၿပီး ဘာမွလုပ္စရာမရွိ အားယားေနသည့္WFေတြမွာ ဒီေသာက္ေပါေလး တစ္ေယာက္ေယာက္ႏွင့္တြဲျဖစ္ခဲ့ရင္ ဘယ္လိုပုံစံမ်ားျဖစ္ေနမလဲဟု ေလွာင္ေျပာင္ေနၾကရင္း သူ႔အနာဂတ္ခ်စ္သူအေၾကာင္းကို စတင္ထင္ေၾကးေပးၾကေတာ့သည္။
သူတို႔ထဲမွတစ္ခ်ိဳ႕ေျပာၾကသည္က ေန႔တိုင္းေန႔တိုင္း Livestreamလႊင့္ေနရင္း အျပန္အလွန္ တစ္ေယာက္တစ္ခြန္းဆဲလို႔ရေအာင္ သူႏွင့္ပုံစံတူသည့္ စိတ္လက္တစ္ဆစ္မိန္းကေလးမ်ိဳးႏွင့္ တြဲသင့္သည္ဟူ၍။ အခ်ိဳ႕ကေတာ့ ေသခ်ာေပါက္ သူက အားႏြဲ႕ၿပီးႏူးညံ့သည့္ယုန္ျဖဴေလးလို မိန္းကေလးမ်ိဳးကို တြဲမည္ဟုဆိုျပန္သည္။ ျပႆနာရွာခ်င္သည့္Antiေတြကေတာ့ သူက ညႇင္းပန္းႏွိပ္စက္တတ္သူ ျဖစ္လာမည္ဟု အခိုင္အမာ ေျပာခဲ့ၾကသည္။
ထိုအခ်ိန္တုန္းက ကြန္မန္႔တစ္ခုတစ္ေလကိုပင္ က်န္း႐ုန္ မတုံ႔ျပန္ျဖစ္ခဲ့။ ခ်ိန္းေတြ႕ျခင္းဆိုသည့္ကိစၥက သူလက္လွမ္းမမွီသည့္အရာတစ္ခုလို ခံစားခဲ့ရသည္။ သူ႔အတြက္ တစ္ခန္းထဲအတူေနခ်င္မိသူ သို႔မဟုတ္ တစ္ဖက္သား၏အေၾကာင္းေတြကို ပိုပိုသိခ်င္လာၿပီး စကားေျပာခ်င္မိသူဟူ၍ တစ္ေယာက္တစ္ေလပင္ မရွိေခ်။
အခုခ်ိန္မွာေတာ့ သူက သူ႔ထက္ပင္ ရင္အုပ္က်ယ္ၿပီး အရပ္ပိုရွည္သည့္ ေယာက်ာ္းတစ္ေယာက္ႏွင့္ ထီးတစ္လက္၏အေနာက္တြင္ ပုန္းကြယ္ေနသည္။
ျဖတ္သြားျဖစ္လာတစ္ေယာက္၏ မိုးဖြဲမ်ားကိုအျပစ္တင္သံ ၾကားလိုက္ရသည္ႏွင့္ က်န္း႐ုန္၏ႏွလုံးခုန္သံမွာ တိုင္ပင္လြဲကုန္ေလသည္။ သူလုေပၚယြမ္၏အက်ႌစကို ပိုတင္းတင္းဆြဲလိုက္မိၿပီး သူ႔လက္သည္းခြံေတြမွာ စိတ္လႈပ္ရွားမႈေၾကာင့္ အျဖဴေရာင္ပင္ သန္းေနေတာ့သည္။
က်န္း႐ုန္၏အက်ႌေတြႏွင့္ သူတို႔အေနာက္ဘက္ရွိ မိုးေရစက္ေတြက်ေနသည့္ ၂၄နာရီစတိုး၏ဖန္နံရံ ပြတ္တိုက္သြားၿပီး ေပက်ံကုန္မွာစိုးသည္ေၾကာင့္ လုေပၚယြမ္က သူ႔တစ္ျခားလက္ကို က်န္း႐ုန္၏ခါးေပၚတြင္ထားကာ ထိန္းကိုင္ထားသည္။
ပူရွိန္းပီေကနံ႔စြဲက်န္ေနသည့္ က်န္း႐ုန္၏ႏႈတ္ခမ္းေတြက ႏူးညံ့သည္ထက္ပိုၿပီး ၎တို႔က လုေပၚယြမ္၏ႏႈတ္ခမ္းေတြႏွင့္အတူ စိတ္အားထက္သန္စြာ ဆႏၵေစာစြာ အေတြ႕အႀကဳံမရွိစြာျဖင့္ လႈပ္ရွားေနသည္။
က်န္း႐ုန္၏အနမ္းတို႔ေၾကာင့္ လုေပၚယြမ္၏ႏွလုံးသားမွာ ယားယံလာၿပီး ရယ္ခ်င္လာေတာ့သည္။ ထို႔ေၾကာင့္ သူေနာက္ကိုအနည္းငယ္ျပန္ဆုတ္မိသြားသည္။
သူတို႔၏ႏႈတ္ခမ္းေတြ ကြဲကြာသြားသည့္အခိုက္အတန္႔၌ လုေပၚယြမ္ ေအာက္ဘက္ကိုငုံ႔ၾကည့္လိုက္ေတာ့ က်န္း႐ုန္၏မပြင့္တပြင့္မ်က္ဝန္းတို႔ကို ျမင္လိုက္ရသည္။ စကၠန္႔အနည္းငယ္အၾကာ၌ က်န္း႐ုန္ လုေပၚယြမ္၏အက်ႌစကို ေဆာင့္ဆြဲလိုက္ၿပီး ေရွ႕ကိုတိုးလာကာ ထပ္မံနီးကပ္သြားျပန္သည္။
……
တင္းေကာ၏ဖုန္းက ဝင္လာခဲ့သည္။ သူတို႔ကိုလာႀကိဳရန္ သူကိုယ္တိုင္ကားေမာင္းလာသည္ျဖစ္ၿပီး သုံးမိနစ္အတြင္းေရာက္မည္ျဖစ္ရာ သူယာယီကားရပ္လို႔ရမည့္ေနရာမွာသာ သူ႔ကိုေစာင့္ေနရန္ ေျပာလာသည္။
လုေပၚယြမ္က လက္ကိုေျမႇာက္ကာ သူ႔Maskကိုေနရာမွာျပန္ထားလိုက္ၿပီး သူတို႔ရပ္ေနသည့္ေနရာက သူတို႔ေရွ႕မွာပင္ ကားရပ္လို႔ရသည္ျဖစ္ေၾကာင္း တင္းေကာအား ျပန္ေျပာျပေနသည္။
က်န္း႐ုန္ကေတာ့ သူ႔နဂိုပုံစံအတိုင္း ေတာင့္ခဲေနခဲ့သည္။ သူ႔ပုံစံက လုေပၚယြမ္ဖုန္းေျပာေနသည္ကို နားေထာင္ေနပုံေပၚေပမယ့္ တကယ္ကေတာ့ သူ႔ဦးေႏွာက္မွာ လြန္ခဲ့သည့္မိနစ္အနည္းငယ္က ပုံရိပ္ေတြကို ထပ္ခါတလဲလဲ ျပန္လည္ျပသေနရာ သူ႔နား႐ြက္ေတြမွာ ရဲရဲတြတ္ေနေတာ့သည္။
ခုဏကတုန္းက လုေပၚယြမ္သူ႔ကိုထပ္နမ္းေအာင္ ဘာလို႔မ်ားဆြဲလိုက္မိတာပါလိမ့္?
…..
ငိုး
သူတို႔ေတြ ထီးကိုပိတ္လိုက္သည့္အခ်ိန္ လမ္း၏အဆုံးတြင္ ေတာက္ပေနသည့္ အနက္ေရာင္ Bentley Mulsanneက ထိုးရပ္သြားၿပီး အနီးအနားမွလူေတြ၏ မ်က္စိအမ်ားအျပားကို ဆြဲေဆာင္ေနေပသည္။
ကားမွန္ကိုခ်လိုက္ရင္း ေနကာမ်က္မွန္တပ္ထားသည့္တင္းေကာက သူတို႔ႏွစ္ေယာက္ဆီ ေမးဆတ္ျပလာသည္။
ကားတံခါးကိုဖြင့္လိုက္သည္ႏွင့္ ဘယ္သူမွမေမးပါဘဲ တင္းေကာက စတင္စကားမ်ားေတာ့သည္။
“ဖူေကာကကားအသစ္ဝယ္လိုက္ၿပီေလ။ ဒီကားကို Baseမွာငါတို႔သုံးရေအာင္ဆိုၿပီး ထားပစ္ခဲ့တာ။ မမိုက္ဘူးလား?”
က်န္း႐ုန္က မ်က္ႏွာေသႏွင့္ပင္ ျပန္ေျဖေပးလိုက္သည္။
“မိုက္တယ္”
တင္းေကာ : “…..အလိုလိုက္ခံထားရတဲ့ေကာင္စုတ္ေလးေတြကေတာ့ ဘာကဘာဆိုတာမသိဘူးပဲ”
ဒီအခ်ိန္က အလုပ္ဆင္းခ်ိန္ေက်ာ္သြားၿပီျဖစ္သည့္အတြက္ ခရီးတစ္ဝက္ေလာက္ မရပ္မနားေမာင္းလာၿပီးမွ မီးပြိဳင့္မိ၍ ကားရပ္လိုက္ရသည္။
တင္းေကာက ေျပာစရာရွိ၍ေနာက္လွည့္လာေသာ္လည္း က်န္း႐ုန္၏ေဘာင္းဘီေျခေထာက္နားတြင္ အၾကည့္ရပ္သြားသည္။
“ဘယ္လိုျဖစ္လို႔ ေဘာင္းဘီေျခေထာက္နားက အရမ္းစိုေနတာလဲ? မိုးမိလာတာလား?”
တင္းေကာက က်န္း႐ုန္အား အထက္ေအာက္စုံဆန္ၾကည့္ၿပီးေနာက္ နားလည္ရခက္စြာႏွင့္ ထပ္ေျပာလာသည္။
“အျခားေနရာေတြက် ဘာလို႔မစိုတာလဲ….”
ေသခ်ာေပါက္ မိုးမိလာျခင္းမဟုတ္ေပ။ အေစာပိုင္းက သူတို႔ အကာအေနႏွင့္အသုံးျပဳခဲ့သည့္ ထီး၏မ်က္ႏွာျပင္မွ က်လာသည့္မိုးေရေတြေၾကာင့္ စိုသြားျခင္းျဖစ္သည္။
သူ႔အာ႐ုံတစ္ခုလုံးကလည္း သူလုပ္ေနသည့္အျခားအရာအေပၚ လုံးဝအာ႐ုံစိုက္ထားသည္မို႔ ေျခေထာက္ကို ျပန္မ႐ုတ္ျဖစ္လိုက္ျခင္းပင္။ နမ္းသည့္အမႈၿပီးသြားမွ သူ႔ေဘာင္းဘီေျခေထာက္ေတြ ႐ႊဲ႐ႊဲစိုေနမွန္း သိလိုက္ရေလသည္။
က်န္း႐ုန္ ခပ္ေတာင့္ေတာင့္ႀကီး ျပန္ေျပာလိုက္၏။
“ေရအိုင္ေတြမွာကစားလာလို႔စိုသြားတာ”
“…….”
တင္းေကာ လုေပၚယြမ္ကိုၾကည့္မိသြားေတာ့ ထပ္ၿပီးနားမလည္ႏိုင္ျဖစ္သြားသည္။
“ဟ မင္းတို႔ႏွစ္ေယာက္ ဘယ္လိုေတြမ်ားေပ်ာ္ပါးလာၾကတာလဲ? မင္းအက်ႌကေရာ ဘာလို႔အဲ့ေလာက္တြန္႔ေၾကေနတာလဲ??”
တင္းေကာ၏စကားမ်ားေၾကာင့္ က်န္း႐ုန္ လွမ္းၾကည့္လိုက္မိသည္။
လုေပၚယြမ္၏အက်ႌညာဘက္ေထာင့္နားက အလ်ဥ္း တြန္႔ေၾကေနသည္။ အေစာပိုင္းတုန္းက က်န္း႐ုန္ ထိုေနရာနားကို တစ္ခ်ိန္လုံးကိုင္ထားမိကာ လက္တေလာမွာေတာ့ ထိုအက်ႌေနရာက အဝတ္ေလွ်ာ္စက္ထဲထည့္ၿပီး လူအေယာက္တစ္ရာေလာက္ တက္နင္းခံထားရပုံ ေပါက္ေနေလသည္။
လုေပၚယြမ္ သူ႔ပါးစပ္ထဲတြင္စြဲက်န္ေနသည့္ ေအးျမျမပူရွိန္းအေငြ႕အသက္ကို အရသာခံၿပီး ေျပာလိုက္သည္။
“ေၾကာင္ေလးတစ္ေကာင္ေဆာ့သြားတာ”
က်န္း႐ုန္ : “……”
မီးေရာင္က အစိမ္းေရာင္ေျပာင္းသြားသည္။ တင္းေကာက အလ်င္အျမန္ ေရွ႕ျပန္လွည့္သြားၿပီး ဂတ္စ္ေနရာကိုနင္းလိုက္၏။
“ဘယ္လိုေၾကာင္မ်ိဳးက အဲ့ေလာက္ထိမယုံႏိုင္စရာေကာင္းၿပီး မင္းအက်ႌကိုဒီေလာက္ထိျဖစ္ေအာင္ လုပ္လႊတ္လိုက္တာလဲ…..ၿပီးေတာ့ ကားထဲေတာင္ေရာက္ေနၿပီ ဘာလို႔Maskေတြတပ္ထားေသးတာလဲ? ဖူေကာရဲ႕ကားထဲမွာထားတဲ့ အေမႊးနံ႔တစ္ဘူးကိုဘယ္ေလာက္က်လဲ မင္းတို႔သိရဲ႕လား? ငါ့မိန္းမရဲ႕ေရေမႊးဘူးထက္ေတာင္ ေစ်းႀကီးေသးတယ္။ ျမန္ျမန္Maskခြၽတ္ၿပီး အနံ႔ခံၾကည့္ၾက!”
လုေပၚယြမ္က မ်က္ႏွာေသျဖင့္ ေျပာလာသည္။
“ဒီလိုဆို ေကာရဲ႕ဂုဏ္သိကၡါမထိခိုက္ဘူးလား?”
တင္းေကာမွာသီးသြားၿပီး ေဖာ္ေဖာ္ေ႐ြေ႐ြဆဲဆိုၿပီးေနာက္ ကားေမာင္းသည့္ေနရာတြင္သာ အာ႐ုံစိုက္လိုက္ေတာ့သည္။
Baseဆီျပန္အေရာက္ တင္းေကာက က်န္း႐ုန္ဆီ လက္ကိုေဝ့ယမ္းျပလ်က္ ေျပာလာသည္။
“အက်ႌသြားလဲလိုက္ပါလား။ ဒီေလာက္ေတာင္စိုေနတာ ေနရအဆင္မေျပဘူးမလား?”
က်န္း႐ုန္က ေနာက္ၾကည့္ေနာက္ၾကည့္ျဖင့္ အေပၚထပ္ဆီ တုံ႔ဆိုင္းစြာ တက္သြားသည္။
လုေပၚယြမ္က Maskကိုခြၽတ္လိုက္ၿပီး
“ေျပာစရာရွိလို႔လား?”
သူတို႔ေတြသိလာၾကသည္မွာ ႏွစ္ေတြအေတာ္ၾကာၿပီျဖစ္သည့္အတြက္ တင္းေကာက ေကြ႕ဝိုက္မေနေပ။ သူ႔အနားတိုးလာၿပီး ခပ္တိုးတိုး ေမးလာသည္။
“အခုတေလာရည္းစားထားေနတာလား?”
လုေပၚယြမ္မွာ တစ္စကၠန္႔ေလာက္ ၿငိမ္သက္သြားၿပီး တင္းေကာအား တည္တည္ၿငိမ္ၿငိမ္ပင္ ျပန္ၾကည့္လာသည္။
“ငါသိသားပဲ”
တင္းေကာ၏အမူအရာက ရႈပ္ေထြးေနလ်က္။
“ဘယ္သူနဲ႔လဲ? ဒီနယ္ပယ္ထဲကပဲလား?”
လုေပၚယြမ္၏မ်က္ခုံးတို႔က မသိမသာေျပေလ်ာ့သြားၿပီး အေျဖအစား ေမးခြန္းႏွင့္ ျပန္လည္တုံ႔ျပန္လာသည္။
“ဘယ္လိုသိသြားတာလဲ”
“တအားသိသာတယ္ေလ”
တင္းေကာကေျပာျပသည္။
“ဘယ္လိုလူက အေၾကာင္းရင္းမရွိ ေၾကာင္မေလးပုံထခ်ိန္းမွာလဲ?”
“…..”
“ၿပီးေတာ့ ပုံမွန္ဆို ၿပိဳင္ပြဲၿပီးလို႔စားေသာက္ဆိုင္သြားရင္ေတာင္ မသြားခ်င္တဲ့သူက ဒီေန႔က်ေတာ့ အက်ႌကပ်ာကယာလဲၿပီး ထြက္သြားတာ”
တင္းေကာကရပ္သြားၿပီး
“အိုး ရွစ္ မင္းႏႈတ္ခမ္းေတြ…ကြဲေနတယ္”
လုေပၚယြမ္ သူ႔လက္ဖမိုးႏွင့္ ႏႈတ္ခမ္းကိုဖိလိုက္ေတာ့ သူ႔ေအာက္ႏႈတ္ခမ္း၏အေရျပားမွာ ကြဲအက္ေနသည္။
“မေတာ္တဆ ကိုက္မိသြားတာ”
“ေတာ္ေတာ့ ဘယ္သူကမ်ား မေတာ္တဆ အဲ့ေနရာကိုကိုက္မိမွာလဲ”
တင္းေကာ တစ္ခုကိုေတြးလိုက္မိၿပီး မ်က္ေမွာင္က်ဳံ႕သြားသည္။
“မင္းရည္းစားထားမယ္ဆိုရင္ မင္းရဲ႕ခ်စ္သူပရိသတ္ေတြထြက္မေျပးေအာင္ သိုသိုသိပ္သိပ္ေနဖို႔ ငါေျပာထားေပမယ့္ မင္းဒီေလာက္ႀကီးထိေတာ့ လုပ္စရာမလိုပါဘူးကြာ….”
တင္းေကာက ေလွကားဘက္ကို လွမ္းၾကည့္လိုက္ၿပီး ၿပီးေအာင္ေျပာလိုက္သည္။
“Softကိုအကာအကြယ္အေနနဲ႔ ေခၚသြားဖို႔အထိေလ”
လုေပၚယြမ္မွာ တစ္ခဏေလာက္တိတ္ဆိတ္သြားၿပီး သံေယာင္လိုက္ကာ ေမးၾကည့္လိုက္သည္။
“အကာအကြယ္အေနနဲ႔လား?”
“မဟုတ္ဘူးလား? ဒါဆို ဘာလို႔ခ်ိန္းေတြ႕တဲ့ေနရာကို သူ႔ေခၚသြားတာလဲ?”
တင္းေကာမွာေျပာလိုက္ၿပီးမွ သူကိုယ္တိုင္ပင္ ႏွစ္စကၠန္႔စာေလာက္ ေၾကာင္အမ္းသြားသည္။
႐ုတ္တရက္ က်န္း႐ုန္၏လိေမၼာ္ေရာင္ေၾကာင္ပုံပ႐ိုဖိုင္ကို သတိရလိုက္ၿပီး ခုဏက ကားထဲတြင္ သူတို႔ေျပာခဲ့ၾကသည့္ ထူးထူးဆန္းဆန္းစကားဝိုင္းကိုပါ အမွတ္ရလိုက္ေလသည္။
သူ႔အမူအရာကို လုေပၚယြမ္ျမင္လိုက္သည့္အခ်ိန္ သူ႔အေတြးယာဥ္ေၾကာႀကီးကို မျဖတ္ေတာက္ပစ္ရန္ ဘာမွမေျပာလိုက္ေတာ့ေပ။
အေတာ္ႀကီးၾကာသြားမွ တင္းေကာက ေျဖးေျဖးခ်င္း ေမးလာသည္။
“…..မင္းတကယ္ႀကီးခ်ိန္းေတြ႕ေနတာလား?”
လုေပၚယြမ္ : “အင္း”
“ဘယ္သူနဲ႔…..” ေယာက်ာ္းနဲ႔လား မိန္းမနဲ႔လား?
တင္းေကာ၏ေနာက္ပိုင္းစကားေတြမွာ ေအာက္ထပ္ဆင္းလာသည့္ ေရွာင္ပိုင္ႏွင့္Pine၏ေျခသံေတြေၾကာင့္ ျပတ္ေတာက္သြားသည္။ သူမတတ္သာေတာ့ဘဲ သူေျပာေတာ့မည့္စကားလုံးေတြကို ဗိုက္ထဲျပန္ၿမိဳခ်လိုက္ရကာ ေလခြၽန္သံေလာက္အသံျဖင့္သာ အေလာတႀကီး ေမးလိုက္ႏိုင္သည္။
“မင္းအတည္ႀကီးလား?”
လုေပၚယြမ္က ပ်င္းပ်င္းရိရိ ေမးလာသည္။
“ဘယ္လိုထင္လဲ?”
အဲဒီေတာ့မွ သူ႔ေမးခြန္းက အနည္းငယ္႐ူးေၾကာင္ေၾကာင္ႏိုင္မွန္း သတိထားလိုက္မိသည္။
လုေပၚယြမ္ ပေရာ္ဖက္ရွင္နယ္ကစားသမား ျဖစ္ခ်င္ခဲ့တုန္းက သူ႔မိသားစုဆန္႔က်င္ေနခဲ့သည္ျဖစ္ေစ ဆာဆာေလာင္ေလာင္ျဖင့္ ေဟာင္းႏြမ္းေနသည့္အေဆာင္ခန္းေတြမွာ ေနခဲ့ရသည္ျဖစ္ေစ သူက ဘယ္ေတာ့မွ ေနာက္ျပန္မလွည့္ခဲ့ေပ။
သူ႔အသင္းကို ေအာင္ျမင္မႈဆီ ဆြဲေခၚခ်င္ခဲ့တုန္းကလည္း သူတတ္ႏိုင္သမွ် ညလုံးေပါက္ေလ့က်င့္ခဲ့ၿပီး သူ႔လက္ေတြနာက်င္ၿပီး မလႈပ္ရွားႏိုင္ေတာ့သည့္အခ်ိန္မွာလည္း အပ္စိုက္ကုထုံး၊ ေသြးေဖာက္ထုတ္သည့္ကုထုံးအျပင္ ေရာင္ရမ္းမႈေတြေပ်ာက္ေဆး စသျဖင့္ ရသမွ်နည္းလမ္းႏွင့္ကုသခဲ့ၿပီး နာက်င္မႈေတြ ပင္ပန္းမႈေတြအေၾကာင္းကို ဘယ္တုန္းကမွ ေစာဒကမတက္ခဲ့ဖူးေပ။
သူ႔ပေရာ္ဖက္ရွင္နယ္ဘဝလုပ္သက္အတြင္း သူ႔ကိုသေဘာက်ဖူးသည့္ မိန္းကေလးပရိသတ္ေတြကို တန္းစီမည္ဆိုလွ်င္ ရွန္ဟိုင္ကေနေပက်င္းထိ ေရာက္ေလာက္မည္ပင္။ နယ္ပယ္အမ်ိဳးမ်ိဳးမွ ထြက္ေပၚလာပုံအမ်ိဳးမ်ိဳးေပမယ့္ လုေပၚယြမ္က တစ္ေယာက္ကိုမွ် အခြင့္အေရးမေပးခဲ့ဖူးေခ်။
လုေပၚယြမ္က လူေတြကိုေရာ ဆုံးျဖတ္ခ်က္ေတြပါ အတည္အတံ့သာ ဆက္ဆံတတ္သည္။ သူသာ တစ္စုံတစ္ေယာက္ႏွင့္တြဲခဲ့ပါက သူတကယ္သေဘာက်သည္ဟု ဆိုလိုျခင္းပင္။
တင္းေကာ : “ဒါဆိုမင္းတို႔ႏွစ္ေယာက္…..”
“ကြၽန္ေတာ္တို႔အခုမွတြဲ႐ုံရွိေသးတာ။ အခုထိ သိပ္မတည္ၿငိမ္ေသးဘူး”
လုေပၚယြမ္က သူ႔ဦးထုပ္ကိုေကာက္ယူလိုက္ၿပီး စကားသံေတြကို ေနာက္မွာခ်န္ရစ္ကာ အေပၚထပ္ဆီ ဦးတည္ကာသြားသည္။
“စိတ္မပူပါနဲ႔။ ေလ့က်င့္ေရးကိုမထိခိုက္ေစရဘူး”
ခ်ီးပဲ
ဘယ္သူ႔ေလ့က်င့္ေရးကို မထိခိုက္ဘူးေျပာတာလဲ???
တင္းေကာမွာ ေနရာမွာတင္ရပ္ကာ ၿငိမ္သက္ေနၿပီး ဒီေန႔ၿပီးေနာက္တစ္ေန႔ကစလို႔ သူမအိပ္ရေတာ့မွာစိုးသျဖင့္ လိုရမည္ရ ထိုအေတြးကိုဆက္မေတြးေတာ့ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။
က်န္း႐ုန္ကေတာ့ သူ႔အခန္းဆီျပန္လာၿပီးေနာက္ ေရခ်ိဳးပစ္လိုက္သည္။ သြားတိုက္ေနရင္း စိတ္ၿငိမ္သြားေအာင္ Tiebaမွာငေပါတစ္ေကာင္ေကာင္ႏွင့္ စကားအနည္းငယ္ေျပာရန္ ဖုန္းထဲတြင္ဟိုဒီဆြဲကာ ရွာၾကည့္လိုက္၏။
သူလူရွာမေတြ႕ေသးခင္ သူတို႔၏စကားေျပာဂ႐ုမွာ အရင္ အသံျမည္လာေလသည္။
[Pေပါင္ရဲ႕Supportေလး : [Pေပါင္ရဲ႕Supportေလးက အားလုံးကို အတူတူမုန္႔မွာစားဖို႔ ဖိတ္ေခၚေနပါတယ္~] ဘာဘီက်ဴးစားမွာ စားခ်င္တဲ့သူရွိရင္ ျမန္ျမန္လာမွာေနာ္!]
[တင္းေကာ : ?]
[တင္းေကာ : မင္းကဝက္လား? ဒီေန႔လည္ေလးတင္ ယြမ္၅၀၀၀ေက်ာ္အကုန္ခံၿပီး ဂ်ပန္အစားအစာေတြ ငါလိုက္ေကြၽးထားေသးတယ္မဟုတ္လား??]
[Pေပါင္ရဲ႕Supportေလး : ကြၽန္ေတာ္တို႔ၿပိဳင္ပြဲက ဒီေန႔အေစာႀကီးၿပီးသြားတာေလ။ ကြၽန္ေတာ္ေနာက္ဆုံးစားထားတာ ၆နာရီေတာင္ေက်ာ္ၿပီ။ ဗိုက္ဆာတာပုံမွန္ပဲမဟုတ္ဘူးလား?!]
[တင္းေကာ : …….]
[ယြမ္ခ်န္ : ငါမွာမယ္။ ငါ့အတြက္အရမ္းအရမ္းစပ္တဲ့ဘာဘီက်ဴး]
[Pေပါင္ရဲ႕Supportေလး : ေကာင္းပါၿပီဗ်! စိတ္မပူနဲ႔ ဒီဆိုင္ရဲ႕င႐ုတ္သီးမႈန္႔က အရမ္းထူးျခားတယ္။ @R @R-ong မင္းတို႔ေရာမမွာေတာ့ဘူးလား?]
[R-ong : မမွာဘူး]
[R : စားလို႔မရဘူး။ မင္းတို႔အတြက္ပဲမွာလိုက္ၾက]
က်န္း႐ုန္မွာ သြားတိုက္ေနရင္း ရပ္တန္႔သြားၿပီး မသိစိတ္၏ေစ့ေဆာ္မႈအရ ေမးၾကည့္လိုက္မိသည္။
[R-ong : ဘာလို႔စားလို႔မရတာလဲ?]
[တင္းေကာ : ……]
ဆယ္စကၠန္႔ဝန္းက်င္ၾကာသြားၿပီးေနာက္။
[R : ႏႈတ္ခမ္းကြဲေနလို႔]
က်န္း႐ုန္မွာ ‘ပါးစပ္ေဆးသည့္ေရေတြကိုၿမိဳခ်ျပျခင္း’ ဆိုသည့္ ရႈိးပြဲတစ္ခုကို သူ႔အတြက္သူ ေဖ်ာ္ေျဖျပလုနီးပါး ျဖစ္သြားေလသည္။
__
T/N :
သူတို႔ဆက္ဆံေရးကို ေသခ်ာရွင္း"လင္း"သိတဲ့သူက တင္းေကာပထမဆုံးဆိုေပမယ့္ အိုက္ခြင္အထင္ေတာ့ ဖြင့္ေျပာတဲ့ညကတည္းက Pineကသိၿပီးသားေနမယ္။ ဘယ္လိုထင္ၾကလဲ?